တိုက်ခိုက်ချင်တယ်ဆိုမှတော့ တိုက်ခိုက်ကြတာပေါ့
Vol. 22 Ch. 320
စီအီးအိုချမ့်ကို နှုတ်ဆက်ပြီးနောက် ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 အတွက် သူ့ရဲ့ ပထမဆုံး ရင်းနှီးမြှုပ်နှံမှုကို လင်းဖန် ရလိုက်ပါသည်။
ကုမ္ပဏီ အကောင့်ထဲကို ယွမ် ၄၃ သန်း ဝင်လာခဲ့သည်။
ထို့အပြင် နောက်ထပ် ရင်းနှီးမြှုပ်နှံသူ တချို့ကလည်း လင်းဖန်ဆီရောက်လာကြပါသည်။
“ဘော့စ်လင်း L’Oreal ရဲ့ စီအီးအိုလီက ကျွန်မတို့ ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3မှာ ရင်းနှီးမြှုပ်နှံချင်လို့ပါတဲ့။ ပြီးတော့ L’Oreal ရဲ့ စီအီးအိုလီက ကျွန်မတို့ ကုမ္ပဏီမှာ ကြော်ငြာပုဂ္ဂိုလ်တစ်ယောက် လိုချင်နေပါတယ်” စုမူချင်းက ပြောလိုက်ပါသည်။
“အခု သူ အောက်ထပ်မှာ ရောက်နေပါပြီ” စုမူချင်းက လင်းဖန်ကို ကြည့်ကာ ပြောလိုက်ပါသည်။
“ရပါတယ်။ သူ့ကို ကြိုဆိုဖို့ ငါနဲ့ လိုက်ခဲ့ဦး” လင်းဖန် ပြုံးလိုက်သည်။
သူအံ့အားသင့်ရလောက်အောင် ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 က စစချင်းမှာပင် ရင်းနှီးမြှုပ်နှံသူများစွာကို ဆွဲဆောင်နိုင်ခဲ့ပါသည်။
L’Oreal ကလည်း ကမ္ဘာပေါ်က ထိပ်သီး မိတ်ကပ် ဘရန်း ၁၀ ခုထဲက တစ်ခုဖြစ်သည်။
“ဟယ်လို ဘော့စ်လင်း ကျွန်တော်က လီချမ့်ပါ။ ခင်ဗျားနဲ့ ဆွေးနွေးစရာရှိလို့ လာခဲ့တာပါ”
“ခင်ဗျားရဲ့ ရုပ်သံစီးရီး ဖန်တီးနိုင်စွမ်းကို ကျွန်တော်တို့ သတိထားမိပြီးသားပါ။ အကုန်လုံးက ရေပန်းစားမယ့် စီးရီးတွေပဲ။ အဲ့တာကြောင့် L’Oreal က ခင်ဗျားရဲ့ တီဗီ စီးရီးမှာ သန်း ၅၀ ရင်းနှီးမြှုပ်နှံဖို့ ရောက်လာခဲ့တာပါ”
“L’Oreal အတွက် သီးသန့်ကြော်ငြာပုဂ္ဂိုလ် လုပ်ပေးဖို့အတွက် ခင်ဗျားကုမ္ပဏီက ကြယ်ပွင့် တစ်ယောက်လည်း လိုချင်သေးတယ်။ ကမ်းလှမ်းချက်က ၂၆ သန်းပါ။ ခင်ဗျားမှာ သင့်တော်မယ့် မိန်းကလေး ကြယ်ပွင့်ရှိလား” L’Oreal ၏ စီအီးအိုက ပြောလိုက်ပါသည်။
“လင်းကျင်းကျင်းဆို အဆင်ပြေမလား” လင်းဖန်က ပြောလိုက်၏။
ယခု ရှုယန်နဲ့ လင်းကျင်းကျင်းတို့လည်း သူ့ကုမ္ပဏီကို ရောက်လာကြပါပြီ။
ရှုယန်နဲ့ လင်းကျင်းကျင်းတို့ကို ဘာအန်ဒိုစာမှ မပေးရသေးပါ။ ကုမ္ပဏီက ဖွင့်ထားတာ မကြာသေးသောကြောင့် ဖြစ်သည်။ ကုမ္ပဏီတစ်ခုကသာ လင်းဖန်ဆီကို ကြော်ငြာပုဂ္ဂိုလ်ရှာဖို့ ရောက်လာပါက လင်းဖန် ငြင်းဆန်မှာ မဟုတ်ပါ။
ကျားရှင်းဖျော်ဖြေရေးက ဘယ်ဝန်ထမ်းမဆို အန်ဒိုစာလုပ်နိုင်ပါသည်။
သူတို့ အန်ဒိုစာ ရိုက်ကူးပါက ကုမ္ပဏီကလည်း ငွေရနိုင်မည်။ လင်းဖန်လည်း ငွေတွေအများကြီး ရနိုင်ပါလိမ့်မည်။
“ဒါပေါ့ ကျေးဇူးတင်ပါတယ် ဘော့စ်လင်း” လီချမ့်က ပြုံးကာ ခေါင်းခါလိုက်ပါသည်။
နောက်ထပ် စာချုပ်တစ်ခုကို လက်မှတ်ထိုးလိုက်သည်။
L’Oreal က အလွန်ကောင်းမွန်သည့် ဘရန်းတစ်ခု ဖြစ်၏။ ဒီလို အန်ဒိုစာမျိုးမှာ ပါဝင်နိုင်ပါက ကြယ်ပွင့်အတွက်လည်း အကျိုးကျေးဇူး ရှိစေပါလိမ့်မည်။
ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့မှာ အလှကုန် အန်ဒိုစာများ ရှိပြီးသား ဖြစ်သဖြင့် လင်းဖန်က ဒီအခွင့်အရေးကို လင်းကျင်းကျင်းအား ပေးလိုက်ပါသည်။
စုမူချင်းကတော့ လင်းဖန်၏ လက်ထောက် ဖြစ်နေဆဲဖြစ်ပြီး ကြယ်ပွင့် ဖြစ်မလာသေးပါ။
သူမသာ ကြယ်ပွင့်ဖြစ်လာပါက သူမ လိုအပ်သလောက် အန်ဒိုစာတွေကော အလုပ်တွေကော ရနိုင်ပါလိမ့်မည်။
ဒီတစ်ခေါက် ကုမ္ပဏီမှ ၇၆ သန်း ရရှိသွား၏။
ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 အတွက် ရင်းနှီးမြှုပ်နှံမှုလကည်း သန်း ၉၀ ရောက်ရှိသွားပါပြီ။
နေ့တစ်ဝက်အတွင်းမှာပင် ဒီလောက် ရင်းနှီးမြှုပ်နှံမှု အများကြီး ရလိုက်သဖြင့် တာထွက်ကောင်းပါသည်။
သို့သော်လည်း လင်းဖန် အံ့အားသင့်သွားရသည်က ကျန်နေ့တစ်ဝက်ထဲ ရင်းနှီးမြှုပ်နှံသူတွေ ဘယ်သူမှ ထပ်မလာကြတော့ပါ။
“ဘော့စ်လင်း။ ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 မှာ အစက ရင်းနှီးမြှုပ်နှံချင်တဲ့ ရင်းနှီးမြှုပ်နှံသူတွေအားလုံး ဒီနေ့လည်ခင်း ပြန်သွားကြတယ်။ သူတို့ စိတ်ပြောင်းသွားကြပြီ” စုမူချင်းက ပြောလိုက်သည်။
“ဘာလို့လဲ” လင်းဖန် မျက်မှောင်ကြုတ်သွား၏။
ရုပ်သံစီးရီးတစ်ခုရိုက်ကူးဖို့က ဒီလောက် မခက်လောက်ဘူးဟု သူထင်ခဲ့သည်။
အနုပညာလောကထဲက လက်ရှိ သူ့အဆင့်အတန်းနဲ့ဆို ရင်းနှီးမြှုပ်နှံသူများစွာကို ဆွဲဆောင်ဖို့ အလွန်လွယ်ကူသင့်ပါသည်။
ရင်းနှီးမြှုပ်နှံသူ ၂ ယောက်က ယွမ် သန်း ၉၀ ထုတ်ပေးပြီးသား ဖြစ်သော်လည်း နေ့တစ်ဝက်အတွင်း ရင်းနှီးမြှုပ်နှံသူအားလုံး ပြန်ထွက်သွားကြလေသည်။
ရင်းနှီးမြှုပ်နှံသူမရှိပါက ရုပ်သံစီးရီးတစ်ခုအတွက် စဦးအရင်းအနှီး ရှိမှာ မဟုတ်ပါ။
ဒီလိုသာဆို ရိုက်ကူးရေး မစရသေးခင်မှာပင် တီဗီရှိုး သေဆုံးသွားလိမ့်မည်။
စုမူချင်းက လင်းဖန်ကို ကြည့်ကာ ပြောလိုက်သည်။ “ဘော့စ်လင်း။ ဟွာစဲပစ်ချားရဲ့ နောက်ဆုံးထွက် ရုပ်သံဒရမ်မာ ‘ပါရမီရှင် ရှေ့နေ’ရဲ့ အောင်မြင်မှုကြောင့်ပါ။ သူ့ရလဒ်တွေက ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 1 ကိုတောင် ကျော်သွားပြီ”
“ဒီနေ့ ဟွာစဲပစ်ချားက ရင်းနှီးမြှုပ်နှံမှု စလက်ခံနေပြီ။ သူတို့ ထပ်ရိုက်ကူးမယ့် ရုပ်သံ စီးရီးနာမည်က ‘တရုတ်သူရဲကောင်း’တဲ့။ သူလည်း ရှန်းရှဒရမ်မာတစ်ခုပဲ။ နောက်ဆုံးပေါ် ရိုက်ကူးရေးနည်းပညာတွေ သုံးသွားမယ်လို့လည် ပြောကြတယ်။ တကယ့် ဂန္တဝင် ရှန်းရှရုပ်ရှင် ဖြစ်လာမယ်တဲ့။ ရင်းနှီးမြှုပ်နှံသူတွေက ဟွာစဲပစ်ချားကို ပိုပြီး သဘောကျသွားကြလို့ပါ။”
“ဟွာစဲပစ်ချားက တည်ထောင်ထားတာ ကြာပြီဖြစ်တဲ့ ဖျော်ဖြေရေးကုမ္ပဏီတစ်ခု ဖြစ်တာကြောင့်လည်း ပါတယ်။ ခွန်အားနဲ့ ဖောင်ဒေးရှင်းအရလည်း ကျွန်မတို့ ကုမ္ပဏီထက် အများကြီး ပိုအားကောင်းတယ်။ အရင်ရုပ်ရှင်ရဲ့ ရင်းနှီးမြှုပ်နှံသူတွေက ဒီရလဒ်ကို မြင်ပြီးသား”
“အဲ့ဒီရင်းနှီးမြှုပ်နှံသူတွေက ကျွန်မတို့ ကျားရှင်းဖျော်ဖြေရေးထက် ဟွာစဲပစ်ချားကို ပိုပြီး အသားပေးကြတယ်” စုမူချင်းက ပြောလိုက်၏။
“ဟုတ်ပြီ နားလည်ပါပြီ” လင်းဖန်က ခေါင်းငြိမ့်လိုက်သည်။
သေချာပါသည်။ ဟွာစဲပစ်ချား၏ တိုက်ခိုက်မှု ရောက်လာခဲ့ပါပြီ။
ဒီလို တိုက်ခိုက်မှုမျိုးက ဘယ်လို ဖျော်ဖြေရေး ကုမ္ပဏီမျိုးကိုမဆို အောက်ဆုံးထိရောက်အောင် ဆွဲချသွားနိုင်သည်။
ကျားရှင်းဖျော်ဖြေရေးကသာ အရင်းအနှီး လုံလုံလောက်လောက် မရှိသည့် ကုမ္ပဏီတစ်ခု ဖြစ်နေပါက ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 ကို ရိုက်ကူးဖို့ အတော်လေး ခက်ခဲသွားနိုင်ပါသည်။
ယခင်တုန်းက ယွဲ့ဟွာဖျော်ဖြေရေးမှာ သူရှိခဲ့စဉ်တုန်းက ယွဲ့ဟွာဖျော်ဖြေရေးက ဟွာစဲပစ်ချားကို မယှဉ်နိုင်ခဲ့သော်လည်း အလွန်ကြီးမားသည့် ဖျော်ဖြေရေးကုမ္ပဏီတစ်ခုတော့ ဖြစ်ခဲ့ပါသည်။
ယခု ကျားရှင်းဖျော်ဖြေရေးက တည်ထောင်ထားတာ မကြာသေးသည့် ကုမ္ပဏီတစ်ခုဖြစ်သည်။ လင်းဖန် အကောင့်ထဲမှာလည်း ငွေအများကြီး မကျန်တော့ပါ။
သူတို့ ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 ကို ရိုက်ကူးချင်ပါက တကယ်မရိုက်ကူးခင် ရင်းနှီးမြှုပ်နှံသူများစွာ၏ ထောက်ပံ့မှုကို လိုအပ်ပါသည်။
လင်းဖန်က ကိုယ်ပိုင်ကုမ္ပဏီတည်ထောင်ထားခြင်း ဖြစ်သဖြင့် သရုပ်ဆောင်တွေနဲ့ ဝန်ထမ်းတွေကိုလည်း လစာရှင်းပေးရသေးသည်။
သရုပ်ဆောင်တွေကို သေသေချာချာ ရှင်းပေးမှ ရပါမည်။
ရှန်းရှ ဒရမ်မာတစ်ခုကို ရိုက်ကူးဖို့ အရေးအကြီးဆုံးအရာက အထူးပြုလုပ်ချက်များ ဖြစ်သည်။
ကွန်ပျူတာ အထူးပြုလုပ်ချက်များက စက္ကန့်တိုင်း ငွေအလွန်ကုန်၏။ ငွေမရှိပါက ရှန်းရှ ဒရမ်မာတစ်ကား ရိုက်ကူးဖို့ဆိုတာ မဖြစ်နိုင်ပါ။
ဟွာစဲပစ်ချား၏ ဒီရွှေ့ကွက်ကြောင့် ကျားရှင်းဖျော်ဖြေရေး ချောင်ပိတ်လုနီးပါး ဖြစ်သွားပါသည်။
ကျားရှင်းဖျော်ဖြေရေးသာ ခံနိုင်ရည်မရှိပါက ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 ကို ရိုက်ကူးဖို့ မဖြစ်နိုင်လောက်တော့ပါ။
ရိုက်ကူးရေး မစတင်ရသေးခင်မှာပင် လင်းဖန်၏ ကုမ္ပဏီကို ဟွာစဲပစ်ချားက Checkmate လုပ်သွားပါပြီ။
သန်း ၉၀ တည်းနဲ့ ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 ကို ရိုက်ကူးဖို့ မဖြစ်နိုင်ပါ။
ရုပ်သံစီးရီးတစ်ခုကို ရိုက်ကူးဖို့၊ ဝန်ထမ်းအားလုံး၊ သရုပ်ဆောင်အားလုံးကို ငှားရမ်းဖို့၊ ရိုက်ကွင်းတည်ဆောက်ဖို့၊ သရုပ်ဆောင်တွေကို သိုင်းသင်ကြာပေးဖို့ သိုင်းစရာများစွာကို ငှားရမ်းဖို့၊ နောက်ဆက်တွဲ ထုတ်လုပ်ရေး၊ နောက်ခံအသံသွင်း စသဖြင့် အားလုံးက ငွေအများကြီး လိုအပ်သည်။
သန်း ၉၀ တည်းနဲ့ သရုပ်ဆောင်တွေကိုတောင် အနုပညာကြေးပေးလို့မလောက်နိုင်ပါ။
ဟွာစဲပစ်ချားက ထုတ်လုပ်သည့် တီဗီစီးရီးက တရုတ်သူရဲကောင်းဟု ခေါ်သည်။
ကျားရှင်းဖျော်ဖြေရေးကို လုံးဝ ဖိနှိပ်သွားပါတော့မည်။
ဟွာစဲပစ်ချား ဘယ်လောက်မောက်မာပြီး စွမ်းအားကြီးသလဲဆိုတာကို လင်းဖန် မြင်လိုက်ရ၏။
“ဘော့စ်လင်း ဟွာစဲပစ်ချား စီအီးအို လျို့ရှမ့်က ဖုန်းဆက်လာပါတယ်။ ဘော့စ်လင်းနဲ့ စကားပြောချင်လို့ပါတဲ့” စုမူချင်းက ပြောလိုက်၏။
လင်းဖန်က ဖုန်းကို ယူလိုက်သောအခါ ဟွာစဲပစ်ချား စီအီးအို လျို့ရှမ့်၏ အသံကို ကြားလိုက်ရသည်။ “ဘော့စ်လင်း မတွေ့တာ ကြာပြီ။ ဘယ်လိုနေလဲ”
လင်းဖန်က ပြန်ပြောလိုက်သည်။ “ပြဿနာ တက်နေတယ် ထင်တာပဲ”
လျို့ရှမ့်က ပြုံးကာ ပြောလိုက်၏။ “ခင်ဗျားရဲ့ ကုမ္ပဏီကို တမင်သက်သက် ပစ်မှတ်ထားတာ မဟုတ်ပါဘူးဗျာ။ ရင်းနှီးမြှုပ်နှံသူတွေက ကျွန်တော်တို့ကို ရွေးသွားတာကိုး။ ကျွန်တော်တို့ ကုမ္ပဏီနဲ့ ဘာမှ မဆိုင်ဘူးနော်။ ဘော့စ်လင်း ဒီတစ်ခေါက် စစ်ကြေညာဖို့ မဟုတ်ပါဘူး။ ခင်ဗျားနဲ့ လုပ်ငန်းပူးတွဲလုပ်ဆောင်ဖို့ ဆွေးနွေးချင်လို့ပါ”
“ခင်ဗျား ရေးထားတဲ့ ဇာတ်ညွှန်း ကျွန်တော်တို့ကိုပေးလိုက်။ ကျွန်တော်တို့ ကုမ္ပဏီ ၂ ခု ရုပ်သံစီးရီး တစ်ခုကို အတူတူ ဖန်တီးကြမယ်။ ကျွန်တော်တို့ အမြတ်အစွန်းကို ၃၀ - ၇၀ ခွဲယူကြမယ်။ ကျွန်တော်တို့က ရင်းနှီးမြှုပ်နှံသူနဲ့ လူအင်အား ကုန်ကျစရိတ်တို့ကို တာဝန်ယူတယ်။ ဒါဆို နှစ်ဦးနှစ်ဖက် အဆင်ပြေတာပဲ မဟုတ်ဘူးလား။ ဘယ်လို သဘောရလဲ”
လင်းဖန် မျက်မှောင်ကြုတ်သွား၏။ “ဒါပဲလား။ ကျွန်တော်က သရုပ်ဆောင်နဲ့ ဇာတ်ညွှန်းတွေ ပေးရုံနဲ့ ၃၀ ရာခိုင်နှုန်းတောင် အကျိုးအမြတ် ရမယ်ပေါ့။ ဘော့စ်လျို့ ဘယ်တုန်းက ဒီလောက် ရက်ရောသွားတာလဲ”
လျို့ရှမ့်က ရယ်မောလိုက်သည်။ “ဟုတ်တာပေါ့။ အခြေအနေရပ်လေး တစ်ခုတော့ ရှိတယ်။ လင်းခဲ့ရှင်းက ခင်ဗျားရဲ့ အနုပညာရှင် ဖြစ်နေပြီနော်။ ခင်ဗျား သူနဲ့ ၅ နှစ်စာချုပ်ချုပ်ထားတယ်ကြားတယ်။ ခင်ဗျားက သေဆိုသေ ရှင်ဆိုရှင်ပဲပေါ့”
“သူနဲ့ ကျွန်တော့်ကို တစ်ညနေခွင့်ပေးလိုက်။ သူလည်း သူ့ရဲ့ အနာဂတ်အတွင် လိုက်လျောမှာ သေချာပါတယ်။ ခင်ဗျား သဘောတူမယ်ဆိုရင် ဟွာစဲပစ်ချားက ကျားရှင်းဖျော်ဖြေရေးနဲ့ ထာဝရ မိတ်ဖက် ဖြစ်သွားပြီး ဘယ်တော့မှ ပစ်မှတ်ထပ်မထားတော့ဘူး”
“ဒါပေမယ့် ငြင်းဆန်လိုက်မယ်ဆိုရင်တော့ ခင်ဗျားရဲ့ ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 အောင်မြင်လာမလား၊ ရင်းနှီးမြှုပ်နှံသူတွေတောင် ရှိပါ့မလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်သွားမယ်” လျို့ရှမ့်က ပြောလိုက်၏။
လျို့ရှမ့်၏ တောင်းဆိုချက်ကြောင့် လင်းဖန် ရွံရှာသွားခဲ့သည်။
ဒီခေတ်ဒီလိုအချိန်မှာ ဒီလိုလူမျိုးတွေ ရှိနေတုန်းလား။
လင်းဖန်က သူ့ကိုယ်သူ သူတောင်စင်ဟု မသတ်မှတ်ပါ။ မိန်းကလေးလှလှလေးတွေ မြင်လျှင် သူလည်း ခံစားချက်မမဲ့ပေ။
သို့သော် လင်းဖန်က ခံယူချက်တစ်ခုကို စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထား၏။
ကောင်မလေးတွေ ဘယ်လောက်ပဲ လှနေပါစေ သူတို့ကို အနိုင်ကျင့်လို့မရပါ။
သူသာ ဒီလိုလူမျိုးမဟုတ်ပါက လင်းခဲ့ရှင်းကို အကြိမ် ၁၀၀ လောက် အနိုင်ကျင့်ခဲ့ပြီးပါပြီ။
လင်းခဲ့ရှင်းနဲ့ စာချုပ်ချုပ်လိုက်ပြီး ကုမ္ပဏီက သူမကို စောင့်ရှောက်ပေးလိမ့်မည်။ လင်းခဲ့ရှင်းကလည်း ကုမ္ပဏီအတွက် ငွေရှာပေးလိမ့်မည်။
ထိုအချိန်တွင် ဟွာစဲပစ်ချားက လျို့ရှမ့်ကတော့ လင်းခဲ့ရှင်းနဲ့ သူမ၏ ခန္ဓာကိုယ်ကို လိုချင်နေဆဲ ဖြစ်၏။
သူက လင်းခဲ့ရှင်းနဲ့ စာချုပ်ချုပ်ထားခြင်း ဖြစ်သဖြင့် လင်ခဲ့ရှင်းကို လင်းဖန် ပိုင်ပါသည်။
လင်းဖန်က ခွင့်ပြုပြီး လျို့ရှမ့်ဆီ လင်းခဲ့ရှင်းကို လွှတ်လိုက်ပါ့မလား။
လင်းဖန်ကို အကျိုးခံစားခွင့်အများကြီး မဆိုဦးနဲ့ ငွေသားအများကြီး ပေးရင်တောင် ဒီလိုကိစ္စမျိုးကို လင်းဖန် သဘောတူမှာ မဟုတ်ပါ။
“ဘော့စ်လျို့ ကျွန်တော်ပြောဖို့ မေ့နေတာ”
“ကျားရှင်းဖျော်ဖြေရေးက ရင်းနှီးမြှုပ်နှံသူကော ငွေကော မရှားဘူး။ ခင်ဗျား စစ်ဖြစ်ချင်တာဆိုရင် စမ်းကြည့်လို့ ရတယ်”
“ကျွန်တော့်ကုမ္ပဏီက လူတွေကိုတော့ ဘော့စ်လျို့ ထပ်ပြီး မကြံစည်ဖို့ မျှော်လင့်ပါတယ်။ ကျွန်တော့်ကုမ္ပဏီက လူတွေက ကျွန်တော့်လူတွေပဲ။ ခင်ဗျား လင်းခဲ့ရှင်းကို ပစ်မှတ်ထားတာက ကျွန်တော့်ကို ပစ်မှတ်ထားတာနဲ့ အတူတူပဲ” လင်းဖန်က တည်တည်ငြိမ်ငြိမ် ပြောလိုက်ပါသည်။
လျို့ရှမ့် ခေတ္တ တိတ်ဆိတ်သွား၏။ လင်းဖန် ငြင်းလိမ့်မည်ဟု သူမ ထင်ထားခဲ့ပေ။ “မင်းက မင်းအတွက် ဘာကကောင်းလဲ နားမလည်တော့ တိုက်ခိုက်ကြတာပေါ့”
လင်းဖန် ပြောလို့ မပြီးသေးခင်မှာပဲ သူ ဖုန်းချလိုက်၏။
ဒီတစ်ချိန်လုံး လင်းဖန် နောက်မှာ လင်းခဲ့ရှင်း ရှိနေပါသည်။ လင်းဖန်နဲ့ လျို့ရှမ့်တို့ရဲ့ ဖုန်းထဲက စကားသံများကို အားလုံးကြားခဲ့သည်။
စုမူချင်းကတော့ ရုံးခန်းထဲက ထွက်သွားပါပြီ။
လင်းခဲ့ရှင်း၏ မျက်လုံးများ နီရဲသွားပြီး လင်းဖန်ကို မျက်ရည်များဖြင့် ကြည့်လိုက်၏။
“အစ်ကိုလင်းဖန် ကျေးဇူးတင်ပါတယ်…”
“ယုံကြည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကာကွယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
“ကျွန်မ သေချာပေါက် အလုပ်ကြိုးစားပါ့မယ်။ သေချာပေါက် အစ်ကိုလင်းဖန် စိတ်မပျက်စေရပါဘူး။” လင်းခဲ့ရှင်းက ပြောလိုက်သည်။ သူမ၏ မျက်လုံးလှလှလေးများက ကျေးဇူးတင်သည့် အရိပ်အယောင်များဖြင့် ပြည့်နှက်နေပြီး လင်းဖန်ကို ကြည့်လိုက်ပါသည်။
လင်းဖန်သာ အနားမှာ ရှိပါက ဘာကြောင့်မှန်း မသိဘဲ လင်းခဲ့ရှင်း ဘေးကင်းသလို ခံစားရ၏။
လင်းဖန်က သူမကို အနိုင်ကျင့်ဖို့နေနေသာသာ ဘယ်တော့မှာ နာကျင်အောင် မလုပ်မှာကို သိပါသည်။
“အင်းပါ။ အလုပ်ကြိုးစား။ နင်က ကျားရှင်းအတွက် အလုပ်လုပ်ပေးနေတာ။ နင့်ကို အနိုင်ကျင့်တဲ့လူရှိရင် ငါ့ကိုလာပြော”
“တခြားသူတွေက သူများတွေကို မတိုက်ခိုက်ရဲပေမယ့် ငါကတော့ တိုက်ခိုက်ရဲတယ်” လင်းဖန်က တည်ငြိမ်စွာ ပြုံးလိုက်ပြီး လင်းခဲ့ရှင်းကို နူးညံ့သည့် အပြုံးဖြင့် ကြည့်လိုက်ပါသည်။
ဘာပဲဖြစ်ဖြစ် လင်းခဲ့ရှင်းက သူကိုယ်တိုင် စာချုပ်ချုပ်ပေးခဲ့သည့် ဆယ်လီတစ်ယောက် ဖြစ်သည်။ သူမက ပေကျင်းရုပ်ရှင်တက္ကသိုလ်၏ Queen တစ်ယောက်လည်း ဖြစ်၏။ ပြောစရာမလိုအောင် သူမက လမ်းပေါ်မှာ လူပေါင်းများစွာကို လှည့်ကြည့်စေနိုင်သည့် မိန်းကလးမျိုး ဖြစ်သည်။
သူမက သန့်ရှင်းစင်ကြယ်ပြီး အပြစ်ကင်းစင်သည့် မိန်းကလေးဖြစ်သည်။ ထို့ကြောင့်လည်း လျို့ရှမ့်က သူမကို အခုထိ ကြံစည်နေသေးတာ ဖြစ်၏။
“ဟုတ်ကဲ့ ဟုတ်ကဲ့~” လင်းခဲ့ရှင်းက စကားနားထောင်စွာဖြင့် ခေါင်းငြိမ့်လိုက်သည်။
“ဒါပေမယ့် ဟွာစဲပစ်ချားက ကျွန်မတို့ ကုမ္ပဏီနဲ့ ကုမ္ပဏီရင်းနှီးမြှုပ်နှံမှုတွေကို ဆက်ပြီး ပစ်မှတ်ထားနေဦးမှာပဲ” လင်းခဲ့ရှင်း ပြောလိုက်ပါသည်။
“ငါမကြောက်ပါဘူး။ နင့်ဘော့စ်က Estee Lauder ရဲ့ စီအီးအိုလေ။ ရင်းနှီးမြှုပ်နှံသူ မရှိဘဲ နေမလား” လင်းဖန်က တည်တည်ငြိမ်ငြိမ်ပဲ ပြုံးလိုက်၏။
“သြော် ဟုတ်သားပဲ”
“Estee Lauder ရဲ့ စျေးကွက်တန်ဖိုးက ၅၀၀ ဘီလီယံတောင် ရှိတာနော်” လင်းခဲ့ရှင်းက ပြောလိုက်သည်။
လင်းဖန်က တောက်ပစွာ ပြုံးလိုက်ပြီး လင်းခဲ့ရှင်းကို ကြည့်ကာ အနည်းငယ် နွေးထွေးသွားပါသည်။
သူသာ ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့ကို နေ့တိုင်း မတွေ့ရဘူးဆို လင်းခဲ့ရှင်းလို သန့်ရှင်း စင်ကြယ်ပြီး လှပသည့် ကောင်မလေးမျိုးကို စိတ်ထိန်းနိုင်မှာ မဟုတ်လောက်ပါ။
လင်းဖန် Estee Lauder ကို ဖုန်းဆက်လိုက်၏။
ဟွာစဲပစ်ချားက သူနဲ့ စစ်ဖြစ်ချင်နေသဖြင့် ဖြစ်ပါစေတော့။