လင်းဖန်က Estee Lauder ရဲ့ စီအီးအိုစစ်စစ်
Vol. 22 Ch. 321
လင်းဖန်ရဲ့ ကုမ္ပဏီ Estee Lauder က ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 အတွက် ယွမ် သန်း ၆၀၀ ရင်းနှီးမြှုပ်နှံလိုက်ပါသည်။
လင်းဖ် ယခင် ရရှိထားသည့် ရင်းနှီးမြှုပ်နှံငွေများနဲ့ ပေါင်းလိုက်ပါက သန်း ၇၀၀ နီးပါး ဖြစ်သည်။
တခြား ရင်းနှီးမြှုပ်နှံသူများစွာက ဟွာစဲပစ်ချားကို ရွေးချယ်ခဲ့သော်လည်း လင်းဖန်၏ ကုမ္ပဏီကို ရွေးချယ်သည့် ကုမ္ပဏီက အလွန်နည်းသည်။
ဒါက ဟွာစဲပစ်ချားမှ ကျားရှင်းဖျော်ဖြေရေးကို ပထမဆုံးအကြိမ်အဖြစ် ပစ်မှတ်ထားခြင်းဖြစ်ပြီး ချောင်ပိတ်ရိုက်နိုင်လုနီးပါး ဖြစ်သွားခဲ့သည်။
သို့သော်လည်း ကျားရှင်းဖျော်ဖြေရေး၏ ဘော့စ် လင်းဖန်က Estee Lauder ရဲ့ စီအီးအို ဖြစ်နေလိမ့်မည်ဟု လျို့ရှမ့် မထင်ထားပါ။
Estee Lauder က ငှားရမ်းထားသည့် ကြော်ငြာပုဂ္ဂိလ်ကလည်း ကျားရှင်းဖျော်ဖြေရေး လက်အောက်က အနုပညာရှင်ဖြစ်သည်။
သူတို့ ယခု ရင်းနှီးမြှုပ်နှံထားသည့် ရုပ်သံဒရမ်မာကလည်း လင်းဖန်ကိုယ်တိုင် ရိုက်ကူးမည့် ရုပ်သံဒရမ်မာဖြစ်ပါသည်။
ရင်းနှီးမြှုပ်နှံမှု အမြောက်အများ ရရှိပြီးနောက် ကျားရှင်းဖျော်ဖြေရေးမှာ ဆူညံပွက်လောက် ရိုက်သွားခဲ့ပါသည်။
လက်တွေ့တွင် ရင်းနှီးမြှုပ်နှံသူများစွာက ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 ကို မရွေးချယ်ခဲ့ကြသဖြင့် သရုပ်ဆောင်အများစု စိတ်ပူနေခဲ့ကြသည်။
ရင်းနှီးမြှုပ်နှံမှု ပြဿနာကြောင့် ဒီလောက် ကောင်းမွန်သည့် ဇာတ်ညွှန်းကို သရုပ်မဆောင်နိုင်ကြတော့မှာကို စိုးရိမ်နေခဲ့ကြ၏။
သို့သော်လည်း… နေ့တစ်ဝက်အတွင်းမှာပင် ငွေပမာဏ အမြောက်အများက ကျားရှင်းဖျော်ဖြေရေး၏ အကောင့်ထဲသို့ ဝင်လာခဲ့ပါသည်။
“မင်းတို့ ကြားပြီးကြပြီလား။ ဟွာစဲပစ်ချားက ငါတို့ကို ပစ်မှတ်ထားနေတယ်တဲ့။ ရင်းနှီးမြှုပ်နှံသူ တော်တော်များများက ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 အတွက် စိတ်မဝင်စားကြတော့ဘဲ ‘တရုတ်သူရဲကောင်း’ အတွက်ပဲ ရင်းနှီးမြှုပ်နှံလိုက်ကြတယ်တဲ့”
“ဟုတ်တယ်။ ရင်းနှီးမြှုပ်နှံသူမရှိရင် ငါတို့ ကုမ္ပဏီက ဘယ်လိုလုပ်ပြီး ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 ကို ရိုက်ကူးနိုင်တော့မှာလဲ။ ဟွာစဲပစ်ချားက တော်တော် ရွံဖို့ကောင်းတာပဲကွာ။ သူတို့က ခုမှ အသစ်တည်ထောင်ထားတဲ့ ကုမ္ပဏီတစ်ခုကို အနိုင်ကျင့်နေတာပဲ”
“မဟုတ်ဘူး နေဦး။ ကုမ္ပဏီတစ်ခုက ငါတို့ ကုမ္ပဏီအတွက် ရင်းနှီးမြှုပ်နှံပေးလိုက်တယ်တဲ့”
“သန်း ၆၀၀ တောင် ရင်းနှီးမြှုပ်နှံလိုက်တာ”
“လခွမ်း ကုမ္ပဏီတစ်ခုက ငါတို့အတွက် သန်း ၆၀၀ တောင် ရင်းနှီးမြှုပ်နှံပေးလိုက်တယ် ဟုတ်လား။ အဓိပ္ပာယ်မရှိတာ”
“မဖြစ်နိုင်ဘူးနော်။ ဘယ်လို ကုမ္ပဏီမျိုးက ဒီလောက်ရက်ရောပြီး ငါတို့ကို သန်း ၆၀၀ ရင်းနှီးမြှုပ်နှံပေးမှာလဲ”
ထိုသတင်းကိုကြားသောအခါ ကုမ္ပဏီ၏ သရုပ်ဆောင်များစွာ မှင်သက်သွားကြလေသည်။
ရင်းနှီးမြှုပ်နှံငွေ သန်း ၆၀၀ ဆိုတာ ကစားစရာ မဟုတ်ပါ။
ကုမ္ပဏီတစ်ခုက ငွေသား သန်း ၆၀၀ ကို လိုလိုလားလားနဲ့ ထုတ်ပေးလိုက်သည်။ ဆိုလိုရင်းက ထိုကုမ္ပဏီမှာ ကျားရှင်းဖျော်ဖြေရေးကို အသိအမှတ်ပြုသည့် သဘော ဖြစ်၏။
ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 ရိုက်ကူးရေးလည်း ငွေမလုံလောက်မှုကြောင့် နှောင့်နှေးစရာ မလိုတော့ပါ။
ဖန်တုံတုံက အံ့အားသင့်သွား၏။ “ဘာပြောတယ်။ သန်း ၆၀၀ ရင်းနှီးမြှုပ်နှံမှု ဟုတ်လား… အဲ့တာ… နည်းနည်း တရား မလွန်လွန်းဘူးလား”
တခြားသူတွေလည်း တုန်လှုပ်သွားကြသည်။
“ဘယ်လိုလုပ်ပြီး တရားလွန်တာ ဖြစ်မလဲ။ အံ့သြဖို့ကောင်းတာကို။ ဘယ်ကုမ္ပဏီက ငါတို့ အတွက် ရင်းနှီးမြှုပ်နှံပေးလိုက်တာလဲ သိကြလား”
“ဟာ… Estee Lauder တဲ့”
“Estee Lauder က စျေးကွက်တန်ဖိုး ဘီလီယံချီပြီး တန်ဖိုးရှိတဲ့ ကုမ္ပဏီတစ်ခု မဟုတ်ဘူးလား။ ဘာလို့ ကျားရှင်းဖျော်ဖြေရေးအတွက် ရင်းနှီးမြှုပ်နှံပေးနေကြတာလဲ”
“ဘော့စ်လင်းက ကျားရှင်းဖျော်ဖြေရေးရဲ့ ဘော့စ်ဖြစ်သလို Estee Lauder ရဲ့ စီအီးအိုလည်း ဖြစ်နေလို့ပေါ့။ နားလည်လား”
“Estee Lauder ရဲ့ စီအီးအို ဟုတ်လား”
“ဘော့စ်လင်းကတော့ တကယ့် ငါ့အိုင်ဒေါပဲ။ အဲ့တာကြောင့် သန်း ၆၀၀ ရင်းနှီးမြှုပ်နှံငွေကို ညှိနှိုင်းနိုင်ခဲ့တာကိုး။ ဘော့စ်လင်းကတော့… ထာဝရ နတ်ဘုရားပဲ”
ရင်းနှီးမြှုပ်နှံမှုကို ဒီလောက် မြန်မြန်ဆန်ဆန် အတည်ပြုလိုက်သဖြင့် ကုမ္ပဏီထဲကလူတိုင်း အနည်းငယ် အံ့အားသင့်ကုန်ကြသည်။
Estee Lauder ထဲက လင်းဖန်ရဲ့ အဆင့်အတန်းမှာ တကယ်ပဲ သာမန်ထက် ထူးကဲပါသည်။
ထို့နောက် ရင်းနှီးမြှုပ်နှံမှု အများကြီး ရှိပြီးသည့်အခါ လင်းဖန် ချက်ချင်းပဲ ကုမ္ပဏီ အစည်းအဝေးခေါ်ယူလိုက်ပါသည်။
“ဘော့စ်လင်း။ ငွေကြေးပြဿနာ ပြေလည်သွားပြီ။ ကုမ္ပဏီထဲက ရိုက်ကူးရေး ပစ္စည်းတွေလည်း ပြင်ဆင်ပြီးပါပြီ။ သက်ဆိုင်ရာ ဝန်ထမ်းတွေလည်း အသင့်ဖြစ်နေပြီ။ အခု ကျွန်တော်တို့ ရိုက်ကူးရေးစဖို့ ပြင်လို့ရပါပြီ” လုပမ်ခိုင်းက လင်းဖန်ကို ကြည့်လိုက်ပါသည်။
“ကောင်းပြီ။ ကျွန်တော် နောက်ဆုံးပေါ်နဲ့ အကောင်းဆုံးဆိုတဲ့ အဝတ်အစားတွေကိုပဲ လိုချင်တယ်နော်”
“အထူးသဖြင့် ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 မှာ သရုပ်ဆောင်မယ့် မိန်းကလေး ဇာတ်ကောင်တွေအတွက်ပေါ့။ အဝတ်အစား တစ်စုံတိုင်းက အရမ်းလှနေရမယ်။ ဝတ်ပြီးတာနဲ့ အင်မော်တယ်တစ်ယောက်လို ခံစားသွားရမယ်” လင်းဖန်က ပြုံးကာ ပြောလိုက်သည်။
ရုပ်သံဒရမ်မာတစ်ခု ရေပန်းစားလာရခြင်းက ဇာတ်လမ်းဇာတ်ကွက်က လူတွေကိုဖမ်းစားနိုင်ခြင်း တစ်ခုတည်းကြောင့် မဟုတ်ဘဲ အသေးစိတ်များကြောင့်လည်း ပါဝင်ပါသည်။
အဖွင့်ဇာတ်ဝင်တေးပဲ ဖြစ်ဖြစ်၊ ဇာတ်သိမ်း ဇာတ်ဝင်တေးပဲဖြစ်ဖြစ်၊ နောက်ခံအသံသွင်းခြင်းပဲဖြစ်ဖြစ်၊ ဇာတ်ဝင်ခန်း ထုတ်လုပ်မှုပဲဖြစ်ဖြစ် အားလုံးက အရေးကြီးသည်။
အရေးကြီးဆုံး အသေးစိတ်အချက်က သရုပ်ဆောင်များသာ ဖြစ်သည်။
ဇာတ်လမ်းဇာတ်ကွက်များအားလုံးကို သရုပ်ဆောင်များကသာ ဖန်တီးရသည်။
ပရိတ်သတ်တွေ ရုပ်သံဒရမ်မာကို ကြည့်ရှုသည့်အခါ သရုပ်ဆောင်များ၏ သရုပ်ဆောင်စွမ်းရည်နဲ့ ဇာတ်လမ်းတို့ကြောင့် စိတ်လှုပ်ရှားကြရ၏။
ယခုခေတ် ကြည့်ရှုသူအများစုက ရုပ်သံဒရမ်မာထဲက ဇာတ်ကောင်များ၏ ပုံစံကို ပိုပြီး သဘောကျကြသည်။
မိန်းကလေးနဲ့ ယောက်ျားလေးဇာတ်ကောင် အကုန်လုံးက တန်းတူ အရေးပါကြသည်။
ရှန်းရှ ဒရမ်မာ ပရိတ်သတ်များထဲတွင် ယောက်ျားလေးများစွာ ပါဝင်သည်။
ထို့ကြောင့် မိန်းကလေးဇာတ်ကောင်များက အဝတ်အစား လှလှပပ ဝတ်ဆင်ထားမှ ဖြစ်ပါမည်။
“ပြီးတော့ မိတ်ကပ်ပညာရှင်အကုန်လုံးကို ကျွန်တော်တို့ အုပ်စုထဲ ခေါ်လိုက်။ သိုင်းပညာ ဒါရိုက်တာနဲ့ အက်ရှင်ဒါရိုက်တာ အကောင်းဆုံးတွေကိုပဲ ခေါ်ရမယ်။ ကျွန်တော်တို့ သရုပ်ဆောင်တွေအတွက် ဝါယာ သေချာချည်နှောင်ပြီး နောက်ဆုံးပေါ် ကင်မရာ ပစ္စည်းတွေလည်း ရှိနေရမယ်”
“ဒီလောကထဲမှာ အကောင်းဆုံးဆိုတဲ့ ကွန်ပျူတာ အအထူးပြုလုပ်ချက် ပညာရှင်တွေကို ငှားရမယ်။ ဒါရိုက်တာ အဖွဲ့က အရေးအကြီးဆုံးပဲ။ အားလုံး ကိုယ့်ရဲ့ အချိန်စာရင်းကို ချက်ချင်း ပြင်ဆင်ကြပါ။ ကျွန်တော်တို့ ခုချက်ချင်း ရိုက်ကူးရေး စလို့ ရပြီ” လင်းဖန်က ကုမ္ပဏီထဲက လူတိုင်းကို ညွှန်ကြားလိုက်ပါသည်။
သူ ဟွာစဲပစ်ချားကို တိုက်ခိုက်ချင်သည်။
အမှန်ပင်။ လင်းဖန်က ဟွာစဲပစ်ချားထံမှ အသေးစား တိုက်ခိုက်မှုများကို မကြောက်ပါ။
သူ့မှာ နက်ရှိုင်းသည့် နောက်ခံများ ရှိသော်လည်း ဟွာစဲပစ်ချာားကို ဖျက်ဆီးချင်ပါက မျှတသည့် နည်းလမ်းများကိုသာ အသုံးပြုရမည်။
သူ့နောက်ကွယ်မှာ စီအီးအိုမာလို လူမျိုး ရှိနေရင်တောင် ဟွာစဲပစ်ချားက လျို့ရှမ့်ကို ကမ္ဘာကြီးထဲက ဖျက်ဆီးပစ်လိုက်ဖို့ မဖြစ်နိုင်ပါ။
စီးပွားရေးနည်းလမ်းတွေကို အသုံးပြုရုံကလွဲပြီး ကျင့်ကြံခြင်းဝတ္ထုတွေထဲကလို လူတိုင်းကို လင်းဖန် လိုက်သတ်နေလို့ မရပါ။ ဒါမျိုးက မဖြစ်နိုင်ပါ။
သူ့နောက်ခံက ဘယ်လောက်ပဲ သန်မာပါစေ ဟွာစဲပစ်ချား၏ ပျော့ကွက်ကို တစ်ဆင့်ချင်း ဖိနှိပ်လို့သာ ရပါသည်။
အမှန်ပင်။ လင်းဖန်က ဟွာစဲပစ်ချားကို ပစ်မှတ်ထားလို့ ရပါသည်။ သို့သော် အခုတော့ မဟုတ်သေးပါ။
ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 ကို အစွမ်းကုန်သုံးပြီး ရိုက်ကူးချင်သေး၏။
ရုပ်သံဒရမ်မာတိုင်းက လင်းဖန်၏ ကြိုးစား အားထုတ်မှု ဖြစ်သည်။
ဒီရုပ်သံဒရမ်မာရဲ့ ကြိုးစားအားထုတ်မှုကို ပရိတ်သံထံသို့ လုံးဝ ချပြမည်ဖြစ်သည်။
ဟွာစဲပစ်ချားက လင်းဖန်ရဲ့ ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 ကိုတိုက်ခိုက်ဖို့အတွက် ‘တရုတ်သူရဲကောင်း’ကို တမင်သက်သက် ဖန်တီးခဲ့ခြင်း ဖြစ်သည်။
လင်းဖန်က နောက်ဆုတ်မှာ မဟုတ်သလို ကြောက်နေမှာလည်း မဟုတ်ပါ။
တစ်ပတ်ခန့် ကြာပြီးနောက်…
အားလုံး အသင့်ဖြစ်နေပါပြီ။
ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 တွင် သရုပ်ဆောင်များ၊ ရိုက်ကူးရေးအဖွဲ့သားများ၊ ဒါရိုက်တာများ အားလုံး အသင့်ဖြစ်နေပါပြီ။ အားလုံး ဟန်းထျန်သို့ ရောက်ရှိလာကြပြီး ရိုက်ကွင်းနေရာရွေးချယ်ကာ ရိုက်ကူးရေး စတင်လိုက်ကြပါသည်။
အဓိက ဒါရိုက်တာ တစ်ယောက်အနေဖြင့် လင်းဖန်က ယေဘုယျ အကြံပြုချက်များကိုသာ ပေးပါသည်။ အသေးစိတ်အားလုံးကို လက်ထောက်ဒါရိုက်တာ လုပမ်ခိုင်းနဲ့ လျို့မောင်တို့ကသာ အချောသပ်၏။
ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 ရိုက်ကူးရေးတွင် သေချာပေါက် လူပိုများစွာ လိုအပ်လိမ့်မည်။
အစကတည်းက ရိုက်ကူးရေးအဖွဲ့သားများက ဟန်းထျန်တွင် လူတွေကို ဖိတ်ခေါ်ထားပြီးသား ဖြစ်ပါသည်။
“လခွမ်း ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 ရိုက်ကူးရေး တကယ်စနေပြီဟ”
“ငါလည်း လူပိုလုပ်ချင်တယ်။ ငါ လူပိုလုပ်ရမှဖြစ်မယ်”
“ဒီရုပ်သံဒရမ်မာအတွက် လူပိုလုပ်ရတာ ငါ့အတွက် ဂုဏ်ယူစရာပဲ”
“လင်းဖန်ကိုတောင် တွေ့ရလောက်တယ်။ လင်းဖန်က တကယ်ချောတာ။ လင်းဖန်ကို လူကိုယ်တိုင်တွေ့ရရင် ဘယ်လိုနေမလဲ မသိဘူး။ ကြယ်ပွင့်ကြီးတစ်ပွင့်ကို မြင်ရဖို့ အခွင့်အရေးရပြီကွ”
“ငါ့နတ်သမီးလေးတွေဖြစ်တဲ့ ရှားဝမ်ချွေ့၊ စုရှောင်းယွီ၊ လင်းကျင်းကျင်း၊ လင်းခဲ့ရှင်းတို့လည်း ရှိကြတယ်။ အားလုံးက ခြေတံသွယ်သွယ်လေးတွေနဲ့။ သူတို့ကို လက်ထပ်လို့ရရင် ကောင်းမှာပဲ”
“ဟုတ်တယ်။ ကလေးတွေပဲ တစ်ယောက်စီ ရွေးကြမှာ။ ငါကတော့ အကုန်လုံးကို လိုချင်တယ်”
ဟန်းးထျန်တွင် လူတွေကို ခေါ်ယူနေတုန်း လင်းဖန်က လူပိုဖြတ်လျှောက်များစွာရှေ့တွင် အဖြူရောင်ဝတ်ရုံဖြင့် ပေါ်လာ၏။
လင်းဖန်က ခေါင်းဆောင်မင်းသားတစ်ယောက်အဖြစ် ဝတ်ဆင်ထားပြီးသား ဖြစ်သည်။ ထိုနေရာတွင် မတ်တပ်ရပ်နေပြီး သူ့ရဲ့ ပုံပန်းသဏ္ဌာန်နဲ့ အင်မော်တယ်တစ်ယောက်လို အရှိန်အဝါမျိုးကို ပေးစွမ်းနေပါသည်။