လင်းဖန်ရဲ့ ဆုံးဖြတ်ချက် ပြတ်သားမှု
Vol. 22 Ch. 322
လင်းဖန်ပေါ်လာတော့ ဟန်းထျန်က အရံသရုပ်ဆောင်များစွာ အားပေးလိုက်ကြသည်။
လူပိုအများစုက လင်းဖန်ရဲ့ ပရိတ်သတ်များ ဖြစ်ကြပါသည်။
အထူးသဖြင့် လင်းဖန်၏ ယခင် ရုပ်သံဒရမ်မာမှာ ပရိတ်သတ်များ၏ ရင်ထဲတွင် စွဲမြဲနေဆဲ ဖြစ်သည်။
ဘဝရဲ့ပျော်ရွှင်မှု Season 1 နဲ့ 2 တို့က အံ့သြမှင်သက်ဖို့ ကောင်းလွန်းပါသည်။
ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 1 ကလည်း ကြေကွဲဖို့ ကောင်းလွန်းသည်။
ယနေ့ သူတို့ ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 ကို ရိုက်ကူးရေး စတော့မည်။
သရုပ်ဆောင်များစွာက လင်းဖန်ရဲ့ ပရိတ်သတ်များ ဖြစ်ပါသည်။
လင်းဖန် သူတို့ ရှေ့မှာ ပေါ်လာလိမ့်မည်ဟု တစ်ခါမှ မတွေးခဲ့ဖူးပါ။
လင်းဖန်က စူပါစတားတစ်ယောက်ဖြစ်သော်လည်း မာနကြီးပြီး မောက်မာသလိုမျိုး မခံစားရပါ။
“ဝါး… ငါမြင်ယောင်နေတာလား။ တကယ်ကြီး လင်းဖန်ပဲ”
“လင်းဖန်က ဇာတ်လိုက်မင်းသား အဝတ်အစားတွေ ဝတ်ထားတာလား။ လင်းဖန် ဘာလို့ ဒီလောက် ချောရတာလဲ”
“သူက နူးညံ့ပြီး ယောက်ျားလည်း ပီသတယ်။ သူက ငါ့စိတ်ထဲက မင်းသားလေးပုံရိပ်နဲ့ လုံးဝ အံဝင်ခွင်ကျပဲ”
“လင်းဖန်က အေးတိအေးစက်ပုံစံလည်း လုံးဝ မပေါက်ဘူး။ အား ဒီနေ့ ငါ့အိုင်ဒေါကို လူကိုယ်တိုင် မြင်လိုက်ရပြီ”
အားလုံး အားပေးနေကြစဉ် လင်းဖန် ပြောလိုက်ပါသည်။
“အားလုံးပဲ မင်္ဂလာပါ။ ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 ရိုက်ကူးရေး မကြာခင် စတင်တော့မှာ မို့လို့ ကျွန်တော်တို့ အရံသရုပ်ဆောင်တွေ အများကြီး လိုနေပါတယ်”
“ကျွန်တော်တို့ ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 က တခြား ရိုက်ကူးရေးအဖွဲ့တွေနဲ့ ခြားနားတယ်။ ရိုက်ကူးရေးအဖွဲ့သားတိုင်းရဲ့ နေ့လည်စာစံနှုန်းက တစ်ဗူးကို ယွမ် ၃၀ တန်တယ်။ အထဲမှာ အသားဟင်း ၂ မယ်နဲ့ အသီးအရွက်ဟင်း ၂ မယ် ပါမယ်။ ကြက်ပေါင် တစ်ချောင်းစီလည်း ပါဦးမယ်။ အကန့်အသတ် မရှိပါဘူး”
“ရေသန့်၊ Coke၊ Sprite နဲ့ တခြား သောက်စရာတွေကလည်း အခမဲ့ပါပဲ။ ခင်ဗျားတို့ ရိုက်ကူးရေးအဖွဲ့မှာ အရံသရုပ်ဆောင်လုပ်ကြမယ်ဆိုရင် ကြိုက်သလောက် ယူသောက်လို့ရပါတယ်”
“ဒါပေမယ့် ရိုက်ကူးရေးအဖွဲ့မှာ လူအင်အား မလုံလောက်နိုင်ဘူး။ ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 ရဲ့ အရံသရုပ်ဆောင်တွေအဖြစ် အားလုံး ရေသန့်တွေနဲ့ သောက်စရာတွေ ကူညီ သယ်ယူပေးရပါမယ်” လင်းဖန်က ပြောလိုက်သည်။
သူ ပြောပြီးသွားသောအခါ အရံသရုပ်ဆောင်များစွာ မျက်လုံးများ ဝိုင်းစက်သွားကြသည်။
လင်းဖန်၊ လာနောက်နေတာလား။
ရိုက်ကူးရေးအဖွဲ့သားများ၏ နေ့လည်စာ စံနှုန်းများကို သူတို့ ကိုယ်တိုင် မြင်ဖူးပါသည်။
ဟန်းထျန်ရှိ နေ့လည်စာဗူးများ၏ စံနှုန်းက အများအားဖြင့် စျေးပေါကြသည်။
တစ်ဗူးကို ၁၀ ယွမ်က အတွေ့အများဆုံး စျေးနှုန်း ဖြစ်သည်။
ဒီရိုက်ကူးရေးအဖွဲ့သားတွေ နေ့လည်စာအတွက် စီစဉ်ပေးမလား ဆိုသည့် အပေါ်မှာလည်း မူတည်ပါသေးသည်။ သူတို့ မစီစဉ်ပေးပါက အရံသရုပ်ဆောင်များစွာက ကိုယ့်နေ့လည်စာအတွက်ကိုယ် ရှင်းရပါမည်။
သို့သော်လည်း… ယွမ် ၃၀ တန် နေ့လည်စာ ဗူးများကို ကြားဖူးတာ ပထမဆုံးအကြိမ် ဖြစ်ပါသည်။
သရုပ်ဆောင်တစ်ယောက်က တစ်နေ့ကို သုံးနပ် စားရသည်။ သရုပ်ဆောင် တစ်ယောက်၏ တစ်နေ့တာ စားသောက်စရိတ်က ယွမ် ၉၀ ရှိသည်။
သူတို့ တစ်လလောက် ရိုက်ကူးရမည် ဆိုပါက ၂,၇၀၀ ယွမ် ဖြစ်သည်။
အရံသရုပ်ဆောင် ၁၀၀ ရှိပါက ၂၇၀,၀၀၀ ဖြစ်လိမ့်မည်။
ဒါတောင် အရံသရုပ်ဆောင်တွေအတွက်ပဲ ဖြစ်သည်။ ရိုက်ကူးရေးအဖွဲ့မှာ တခြား ဝန်ထမ်းများစွာ ရှိသေးသည်။ အားလုံးပေါင်း အယောက် ၃၀၀ - ၄၀၀ လောက် ရှိပါသည်။ သို့မဟုတ် ၁,၀၀၀ လောက်တောင် ရှိနိုင်သည်။
ရိုက်ကူးရေးအဖွဲ့တစ်ခုတွင် ရိုက်ကူးရေး လုပ်နေစဉ် ကိုယ်တိုင်အတွက် ရေသန့်များစွာလည်း ဝယ်ယူရသည်။
နောက်ဆုံး ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 ၏ ရိုက်ကူးရေးအဖွဲ့သားများအတွက် ရေသန့်များ အခမဲ့ ထောက်ပံ့ပေးထားသည်။
ရေသန့်များအပြင် Coke၊ sprite စသည့် အအေးများလည်း ရှိသေးသည်။ ထိုအအေးများက လူပေါင်းများစွာအတွက် ကောင်းချီးတစ်ခုလို ဖြစ်သည်။
အခမဲ့ဖြစ်ပါက သူတို့အတွက်လည်း အလွယ်ကူဆုံး ဖြစ်သွားပါလိမ့်မည်။
ကြယ်ပွင်ကြီးတွေကို နေ့တိုင်းမြင်နေရပြီး ရိုက်ကူးရေးတွင် ပါဝင်ရကာ ကောင်းကောင်း စားသောက်နိုင်မည့် အခွင့်အရေးကို ဘယ်သူက မလိုချင်ဘဲ နေမှာလဲ။
ဒီလို အကျိုးခံစားခွင့်များက တခြား ရိုက်ကူးရေးအဖွဲ့များထက် အများကြီး ပိုကောင်းပါသည်။
အနည်းဆုံးတော့ ဒီအရံသရုပ်ဆောင်တွေက ဒီလို အကျိုးခံစားခွင့်တွေကို မခံစားဖူးကြပေ။
ပူပြင်းသည့် နေ့တစ်နေ့ဖြစ်ကာ သူတို့ ရိုက်ကူးရေးအတွက် အဝတ်အစားများစွာကို ဝတ်ဆင်ကြရသည်။ အဲကွန်း၊ ပန်ကာ စသည့် ကိရိယာများလည်း မရှိသဖြင့် အလွန် ပူပြင်းပါသည်။
ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 ၏ ရိုက်ကူးရေးအဖွဲ့ကြောင့် ထိုအရံသရုပ်ဆောင်များ အနည်းငယ် နွေးထွေးသွားသလို ခံစားလိုက်ရ၏။
လင်းဖန် ဟန်းထျန်မှာ လူများခေါ်ယူနေစဉ် စုမူချင်းက သူ့ဘေးမှာ ရပ်နေပါသည်။
စုမူချင်း ဘယ်လောက်လှပမှန်း ဒီလူပိုတွေ မြင်လိုက်တော့ သူတို့ ထွက်မသွားနိုင်တော့ပေ။
ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 အတွက် မိန်းကလေး ဇာတ်ကောင်တွေ အားလုံးကလည်း အလွန်လှပသည့် မိန်းကလေးများ ဖြစ်ကြသည်။
သူတို့က တွေ့ရခဲသည့် မိန်းမလှလေးမျိုးတွေ ဖြစ်သည်။
“အကျိုးခံစားခွင့်တွေက ဒီလောက်တောင် ကောင်းတာလား။ ဒါဆို ငါသွားမှဖြစ်မယ်”
“လင်းဖန် ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 အတွက် အရံသရုပ်ဆောင်တွေအတွက် အကျိုးခံစားခွင့်က ဘယ်လိုရှိလဲ မေးလို့ ရမလား”
“ဒီလောက်ကောင်းတဲ့ အကျိုးခံစားခွင့်တွေ ပေးထားတော့ ငါတို့ကို အရမ်းခိုင်းမှာလား။ ငါတို့ကို လုပ်ခိုင်းမယ့် အလုပ်တွေက အရမ်း ပင်ပန်းရမှာလား”
ဟန်းထျန်၏ အရံသရုပ်ဆောင်တချို့က မေးလိုက်သည်။ ဘာပဲဖြစ်ဖြစ် သူတို့က ဒီမှာ အလုပ်လုပ်ဖူးသဖြင့် ဆင်ခြင်သုံးသပ်နိုင်ကြပါသည်။
အစားအသောက်က ဘယ်လောက်ပဲ ကောင်းပါစေ လုပ်ငန်းခက်ခဲမှုကို ဖုံးဖိဖို့သာ ဖြစ်သည်။
သူတို့ ပိုဂရုစိုက်တာက သူတို့ ရရှိနိုင်မည့် အနုပညာကြေးကိုပဲ ဖြစ်သည်။
လင်းဖန်က ပြောလိုက်၏။ “အားလုံးပဲ ငွေရေးကြေးရေးတော့ စိတ်မပူပါနဲ့။ ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 မှာ ပါဝင်မယ့် အရံသရုပ်ဆောင်တွေအတွက် အနုပညာကြေးက တခြား ရိုက်ကူးရေးအဖွဲ့တွေထက် ၅ ဆ ပိုများတယ်။ ဥပမာ အရံသရုပ်ဆောင်တစ်ယောက်ရဲ့ တစ်နေ့တာ အနုပညာကြေးက ၁၂၀ ယွမ် ဆိုရင် ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 ရိုက်ကူးရေးအဖွဲ့မှာ ယွမ် ၆၀၀ ရမယ်”
“ဒါပေါ့ သေချာပေါက် ပင်ပန်းရမှာပဲ။ ဒီလောက် ကောင်းတဲ့ အကျိုးခံစားခွင့်တွေ ပေးထားတော့ အားလုံးဆီက ကျွန်တော် မျှော်လင့်ထားတာလေးတွေလည်း ရှိတာပေါ့”
“ပထမဆုံး လိုအပ်ချက်က ရိုက်ကူးရေး လုပ်နေစဉ် စည်းမျဉ်းစည်းကမ်းကို တင်းတင်းကြပ်ကြပ် လိုက်နာကြဖို့ပဲ။ ဖုန်းယူဆောင်လာလို့ မရသလို ရိုက်ကူးရေးလုပ်နေတုန်း ဖုန်းကို ယူထားလို့ မရဘူး။ မဟုတ်ရင် ရိုက်ကူးရေးကို နှောင့်နှေးစေလိမ့်မယ်”
“ပြီးတော့ အရံသရုပ်ဆောင်ဆိုပေမယ့် သရုပ်ဆောင်စွမ်းရည်တော့ ကောင်းရမယ်။ အရံသရုပ်ဆောင်ဆိုပြီး ရေသာခိုလို့တော့ မရဘူး။ ကျွန်တော်က ဒါရိုက်တာလည်း ဖြစ်တာ အားလုံး သိကြမှာပါ။ အရံသရုပ်ဆောင်ဆိုပေမယ့် ထူးချွန်တဲ့ သရုပ်ဆောင်စွမ်းရည်ရှိရင် ကျွန်တော်ကိုယ်တိုင် ခင်ဗျားတို့ကို ကျားရှင်းဖျော်ဖြေရေးဆီ ဖိတ်ကြားပြီး မြေတောင် မြောက်ပေးဖို့အတွက် စာချုပ်ချုပ်ပေးမယ်။ စာချုပ်ကြေးက တစ်နှစ်ကို အနည်းဆုံး ၁ သန်းပဲ”
“ခင်ဗျားတို့ အလုပ်လုပ်မယ်ဆို ပင်ပန်းနိုင်တယ်နော်။ ညဘက်တွေ ရိုက်ကူးရေး လုပ်ရနိုင်သလို မိုးရေထဲလည်း ရွှဲရွှဲစိုနိုင်တယ။ ကြိုက်တာ ရွေးလို့ ရပါတယ်။ တစ်ခုခုယူထားရင် တစ်ခုခုတော့ ပြန်ပေးရတယ် မဟုတ်လား”
“ပြီးတော့ အားလုံးမှာ အနည်းဆုံး အရံသရုပ်ဆောင်အဖြစ် အဝတ်အစား ၃ စုံစီ ရှိတယ်လို့ ပြောပါရစေ။ ခင်ဗျားတို့ ရိုက်ကူးရေးမှာ ပါတိုင်း အဝတ်အစား တူနေအောင် မဝတ်ရဘူး။ ဖြတ်လျှောက် ဖြစ်နေရင်တောင်ပေါ့”
လင်းဖန် ပြောပြီးသွားသောအခါ အရံသရုပ်ဆောင်များ၏ အသက်ရှူသံများ မြန်ဆန်လာတာကို သူမြင်လိုက်ရပါသည်။
သူတို့ ပိုစိတ်ဝင်စားတာက အနုပညာကြေး ၄ ဆလောက် ပိုရမည်ဆိုတာကိုပင်။
ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 အတွက် အနုပညာကြေးက တခြား နေရာတွေထက် ၅ ဆနီးပါးလောက် ပိုများပါသည်။
နည်းနည်းလောက် ပင်ပန်းရတာကို ဘယ်သူမှ ဂရုမစိုက်ပါ။
ဘခု သူတို့က ဟန်းထျန်မှာ အလုပ်လုပ်နေကြသူများဖြစ်သဖြင့် ပုံမှန် နေ့စဉ်ဘဝမှာတောင် မပင်ပန်းရဘဲ နေမလား။
ဆောက်လုပ်ရေးနေရာတွေမှာ အုတ်သယ်ရတာ မပင်ပန်းဘူးလား။
အရံသရုပ်ဆောင်တစ်ယောက်အတွက် အဆိုးရွားဆုံး အနုပညာကြေးက ယွမ် ၁၀၀ ဖြစ်သည်။ ပိုရက်ရောသည့် ရိုက်ကူးရေး အဖွဲ့များက တစ်နေ့ကို ယွမ် ၄၀၀ - ၅၀၀ ပေးကြသည်။
တစ်နည်းအားဖြင့် ဒီအရံသရုပ်ဆောင်တွေက အနည်းဆုံး တစ်ရက် ယွမ် ၅၀၀ အများဆုံး တစ်ရက် ယွမ် ၁,၀၀၀ - ၂,၀၀၀ ရနိုင်ပါသည်။
ဘယ်လို ရိုက်ကူးရေးအဖွဲ့ကမှ ဒီလို အကျိုးခံစားခွင့်မျိုးကို မယှဉ်နိုင်ပါ။
အရံသရုပ်ဆောင်များအတွက် အဝတ်အစား ၃ စုံလည်း ရှိသေးသည်။
ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 ၏ ထုတ်လုပ်ရေးအဖွဲ့က ဘယ်လောက်တောင် ခမ်းနားသလဲ စိတ်ကူးယဉ်ကြည့်လို့ ရပါသည်။
ဘယ်လောက်ပဲ ပင်ပန်းရပါစေ ဒီလောက် လစာနဲ့ တန်ပါသည်။
သူတို့က အရံသရုပ်ဆောင်လုပ်ဖို့ ဟန်းထျန်ကို လာခဲ့ခြင်းဖြစ်သဖြင့် ပင်ပန်းရမှာ မကြောက်ကြပါ။
သူတို့ ဒီလောက်လစာတွေ အများကြီး ရနိုင်သဖြင့် သူတို့ ထိုက်တန်အောင် လုပ်ပေးရပါမည်။
အလုပ်ကြိုးစားရမည့်အပြင် သူတို့ရဲ့ သရုပ်ဆောင်စွမ်းရည်တွေကိုလည်း အကောင်းဆုံး ဖြစ်အောင် ထုတ်ပြရပါမည်။
လင်းဖန်သာ သူတို့ကို ရွေးချယ်သွားရင် ဘယ်လိုလုပ်မလဲ။
ထိုအချိန်တွင် လက်ရှိ အရံသရုပ်ဆောင် အားလုံး စာရင်းသွင်းဖို့ ရွေးချယ်လိုက်ကြပါသည်။
အကျိုးခံစားခွင့်များက မက်မောဖို့ ကောင်းလွန်းပါသည်။
“အရံသရုပ်ဆောင် ခေါ်ယူခြင်းကို ဒီနေ့ပဲ အဆုံးသတ်မယ်။ ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 ရိုက်ကူးရေးလုပ်ငန်းစဉ်တွေက တစ်လကျော်လောက် ကြာလိမ့်မယ်လို့ ခန့်မှန်းထားတယ်။ ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 မှာ ပါဝင်မယ့် အရံသရုပ်ဆောင်တိုင်းက အခြေခံလစာအဖြစ် တစ်လကို ယွမ် ၄,၀၀၀ ရမယ်။ တခြား လစာတွေကိုလည်း သီးခြား တွက်ချက် ပေးသွားပါမယ်”
“အားလုံး အတူတူ လေးလေးနက်နက် သရုပ်ဆောင်နိုင်ကြပြီး Role တိုင်းကို ကောင်းမွန်အောင် သရုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်ပါတယ်’
“ကျွန်တော် ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 ကိုရိုက်ကူးဖို့အတွက် အစွမ်းကုန်ကြိုးစားပြီး တရုတ်ရာဇဝင်မှာ အကောင်းဆုံး ရှန်းရှလက်ရာ ဖြစ်လာဖို့ ကြိုးစားပါ့မယ်”
ဒါက ဒီရုပ်သံဒရမ်မာကို ရိုက်ကူးဖို့အတွက် လင်းဖန်၏ ယုံကြည်ချက်ဖြစ်သည်။
သူ့မှာ ငွေမရှားပါ။
ထို့ကြောင့် ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 ၏ အသေးစိတ်တိုင်းကို အချောသပ်နိုင်ဖို့ ငွေအများကြီး သုံးနိုင်ပါသည်။
လင်းဖန် စကားကို ကြားပြီးနောက် အရံသရုပ်ဆောင်များစွာ စိတ်လှုပ်ရှားသွားကြသည်။
သူတို့ကိုယ်သူတို့ တောက်ပစေဖို့အတွက် အရံသရုပ်ဆောင်များ ဖြစ်လာကြခြင်း ဖြစ်သည်။
သူတို့လည်း စတိတ်စင်လယ်မှာ ရပ်တည်ကာ သူများတွေ မြင်စေဖို့ မျှော်လင့်မိခဲ့ကြသည်။
ယနေ့ လင်းဖန်က သူတို့ကို အခွင့်အရေး တစ်ခု ပေးလိုက်ပါပြီ။
အလွန်ကောင်းမွန်သည့် အကျိုးခံစားခွင့်များလည်း ပေးထားသည်။
နောက်ပိုင်း လင်းဖန်ကို ကျေးဇူးဆပ်ကာ ပိုပြီး လေးနက်စွာ ကြိုစားကြပါမည်။
ရိုက်ကူးရေးအဖွဲ့သားများ အားလုံးတွင် ပန်းတိုင်က တစ်ခုတည်းသာရှိသည်။ ဒီရုပ်သံဒရမ်မာကို အကောင်းဆုံးဖြစ်အောင် ရိုက်ကူးဖို့ ဖြစ်သည်။
ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 အတွက် အရံသရုပ်ဆောင်ဖြစ်ရတာ သူတို့အတွက် ဂုဏ်ယူစရာပင်။