← Chapters

Tomson Riviera ဗီလာကို ရရှိခြင်း

Vol. 22 Ch. 323

Tomson Riviera ဗီလာကို ရရှိခြင်း

Vol. 22 Ch. 323

တစ်လကြာပြီးနောက် ဓားနှင့်နတ်သမီး ဒဏ္ဍာရီ Season 3 ရိုက်ကူးရေး တရားဝင် ပြီးဆုံးပါတော့မည်။ ဒီနေ့က လင်းဖန်ရဲ့ တစ်နေ့တာ မစ်ရှင် နောက်ဆုံးနေ့လည်း ဖြစ်သည်။

လင်းဖန် အရင်တစ်ခေါက်က မစ်ရှင် ကျရှုံးထားပြီးသား ဖြစ်သဖြင့် ဒီတစ်ခေါက် ကျရှုံးလို့ မဖြစ်ပါ။

သို့သော်လည်း သူ့မိန်းမက သေချာပေါက် လက်ခံမည် မဟုတ်ပေ။ ထို့ကြောင့် လင်းဖန် လှည့်ကွက်သုံးရမည်။

ထိုလှည့်ကွက်မှာ… သူမရင်ဘတ်ကို ထိရမည့် တစ်နေ့တာ မစ်ရှင်အား ရုပ်သံစီးရီး၏ ဇာတ်လမ်းထဲ ထည့်သွင်းဖို့ ဖြစ်ပါသည်။

အမှန်ပင် လင်းဖန်က သူမကို အနည်းငယ်သာ ထိခဲ့ပါသည်။ သူ့လက်ဖဝါးက ရှားဝမ်ချွေ့၏ ခါးနားမှာပဲ ရှိနေမည်ဖြစ်သည်။

လင်းဖန် ဒီလို တွေးခဲ့မိခြင်းဖြစ်၏။ ဒရမ်မာ ရိုက်ကူးရေးစတင်ပါက သူ့လက်ကို သူမ ရင်ဘတ်ပေါ် တင်ဖို့က ပြဿနာ မရှိလောက်ပါ။

ရှားဝမ်ချွေ့က သူ့ကို လူတွေအများကြီး ရှေ့မှာတော့ မဆူငေါက်လောက်ပေ။

အဓိက ပြဿနာက သူ့မစ်ရှင်ကို အောင်မြင်အောင် မလုပ်နိုင်လျှင် လင်းဖန် တစ်သက်လုံး ပျော်စရာ ရှိမှာ မဟုတ်တော့ပါ။

ဒီလို တစ်သက်တာ ပန်းသေမှု အပြစ်ဒဏ်မျိုးကို ဘယ်သူက ခံနိုင်ရည်ရှိမှဦလဲ။

ဒီနေ့က ရိုက်ကူးရေး နောက်ဆုံးနေ့ ဖြစ်၏။ ဘယ်လိုပဲဖြစ်ဖြစ် ဒီမစ်ရှင်ကို သူအောင်မြင်အောင် လုပ်ရပါမည်။

သူလေးလေးနက်နက် တွေးနေစဉ် အနောက်ဘက်မှ ကြောင်အော်သံလို အသံလေးကို ကြားလိုက်ရ၏။

လှည့်ကြည့်လိုက်သောအခါ ရှားဝမ်ချွေ့ ဖြစ်နေပါသည်။

ရှားဝမ်ချွေ့က ရှေးခေတ်အဝတ်အစားများ ဝတ်ဆင်ထားပြီး တက်တက်ကြွကြွရှိသည့် မိန်းကလေး တစ်ယောက်အဖြစ် သရုပ်ဆောင်ရသည်။ သူမ အလွန်လည်း လှပနေပါသေးသည်။

“မြောင် မြောင် မြောင်” ရှားဝမ်ချွေ့က လင်းဖန်ကို သူမ၏ မျက်လုံးလှလှလေးများဖြင့် ကြည့်ကာ မျက်တောင်ခတ်လိုက်ပါသည်။

“ဝမ်ချွေ့ ငါတို့ ခဏနေ ရိုက်ကူးရေး လုပ်တဲ့အခါကျရင် ဒီလိုလုပ်လို့ရမလား” လင်းဖန်က မေးလိုက်ပြီး သူ့လက်ကို ရှားဝမ်ချွေ့၏ အဝတ်အစားပေါ်ရှိ နေရာ တစ်ခုပေါ် တင်လိုက်ပါသသည်။

ရှားဝမ်ချွေ့ ရှက်သွေးဖြာသွားပြီး နောက်တစ်လှမ်း ဆုတ်လိုက်၏။ သူမ လင်းဖန်ကို ကြည့်လိုက်သည်။ “မရဘူး လူဆိုးကောင်။ ရိုက်ကူးရေး လုပ်နေတာ ဆိုရင်တောင် ငါ့ကို အနိုင်ကျင့်လို့ မရဘူးနော်”

လင်းဖန် ထိလိုက်သည့်နေရာက သေချာပေါက် သူမ ရင်ဘတ် ဖြစ်ပါသည်။

သူမနဲ့ လင်းဖန်တို့က လက်မထပ်ရသေးပါ။

လင်းဖန်က ပြုံးကာ ရှားဝမ်ချွေ့၏ ခေါင်းကို ညင်သာစွာ ခပ်ဖွဖွ ပုတ်လိုက်သည်။

“ငါနင့်ကို အနိုင်မကျင့်ပါဘူး။ နင့်ကို ဘယ်တော့ လက်ထပ်ခွင့် ရမှာလဲ”

ရှားဝမ်ချွေ့က မော့ကြည့်ကာ ချိုမြိန်စွာ ပြုံးလိုက်ပါသည်။ “သြော် ၂ လပဲ ကျန်တော့တာကို”

“ရိုက်ကူးရေး စကြစို့” လင်းဖန်က ရှားဝမ်ချွေ့၏ ခါးကို ဖက်လိုက်ပြီး ရိုက်ကွင်းထံသို့ သွားခဲ့ကြပါသည်။

“အွန်း~” ရှားဝမ်ချွေ့ ခေါင်းငြိမ့်လိုက်ပြီး လင်းဖန်ကို ဖက်ခွင့်ပေးလိုက်ပါသည်။

ယခင်တုန်းက လူမြင်ကွင်းရှေ့မှာ လက်ကိုင်ဖို့လောက်သာ ခွင့်ပြုပေးခဲ့သည်။

အခုတော့ ခြားနားသွားပါပြီ။ ရှားဝမ်ချွေ့က လင်းဖန်ကို ခါးဖက်ခွင့်ပေးလိုက်သည့်အထိ တိုးတက်လာပါပြီ။

အရေးအကြီးဆုံးက ရှားဝမ်ချွေ့တွင် ခါးသွယ်သွယ်၊ ပြီးပြည့်စုံသည့် ကိုယ်လုံး ကိုယ်ပေါက်လည်း ရှိသည်။ ဘယ်သူမဆို ဒီလို ချစ်စရာကောင်းသည့် ကြောင်မလေးကို ပွေ့ဖက်ချင်ပါလိမ့်မည်။

လင်းဖန်က သူ့အချစ်ကို ဝံ့ကြွားနေခြင်းသာ မကဘဲ အလွန်ပွင့်လင်းစွာ ဝံ့ကြွားနေခြင်းလည်း ဖြစ်သည်။

သရုပ်ဆောင်များစွာက ရှားဝမ်ချွေ့ကို သဘောကျကြသည်။ အထူးသဖြင့် ယောက်ျားလေး သရုပ်ဆောင်များ အားလုံး ရှားဝမ်ချွေ့ကို နှစ်သက်ကြပါသည်။

ယောက်ျားလေးတိုင်း စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းချက် မရှိပါက လှပတဲ့ မိန်းကလေးတိုင်းကို သဘောကျတာ ပုံမှန်ပဲ ဖြစ်သည်။

အထူးသဖြင့် ရှားဝမ်ချွေ့ကို ကောင်မလေးမျိုး ဖြစ်၏။ သူမက ချစ်ဖို့ကောင်း၊ လှပ၊ နူးညံ့ကာ သန့်စင်သည်။

ထို့အပြင် ရှားဝမ်ချွေ့က လင်းဖန်ကို မငြင်းခဲ့ပေ။။

လင်းဖန်ရှေ့မှာပဲ ကြောင်လေးလို အော်တတ်သည်။

ဒါက ကောင်မလေးတစ်ယောက် ချွဲနွဲ့သည့် ထူးထူးခြားခြား ပုံစံတစ်မျိုးဖြစ်သည်။ သူမ လင်းဖန်ကို ဒီလို ဆက်ဆံပြသောအခါ တခြားသူတွေ ဘယ်လောက်တောင် မနာလို ဖြစ်နေမလဲ မသိကြပါ။

လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ အတူတူထွက်လာကြတော့ သရုပ်ဆောင်များစွာ မှင်သက်သွားကြသည်။

“ဘာလို့လဲမသိဘူး ငါမနာလိုဖြစ်လာပြီ”

“အား လူရှေ့သူရှေ့မှာ ဘယ်သူက ဒီလို ကြည်နူးပြကြလို့လဲ”

“ငါ့နတ်သမီးလေးကို လင်းဖန် ဖက်ထားတယ်ကွာ။ ဘာမှ မဟုတ်သလိုမျိုး ဖက်ထားတာ…”

“သူတို့ ဒီလောက်တောင် နီးစပ်နေကြပြီလား။ လက်ကိုင်ရုံတင် မဟုတ်တော့ဘူး။ လင်းဖန်က ရှားဝမ်ချွေ့ ခါးကို ပွေ့ဖက်ထားတာ…”

ထို့နောက် ရိုက်ကူးရေးလုပ်ဖို့အချိန် ရောက်လာပါပြီ။ ရိုက်ကူးရေးလုပ်နေစဉ် လူပေါင်းများစွာ စောင့်ကြည့်နေကြသည်။

လင်းဖန်က ရှားဝမ်ချွေ့၏ ခါးပေါ်သို့ လက်ကို ညင်သာစွာ တင်လိုက်ပါသည်။ ထို့နောက် သူ့လက်က ဖြည်းဖြည်းချင်း အပေါ် တက်လာပြီး သူမ ရင်ဘတ်ကို ထိသွားသည်။

ဒီနေရာကို စက္ကန့် ၃၀ လောက် ထိထားနိုင်လျှင် စာအိတ်နီကို ရနိုင်ပါပြီ။

စာအိတ်နီကို ထိလိုက်တော့ ရှားဝမ်ချွေ့က လင်းဖန်ကို မျက်လုံးလှလှလေးများဖြင့် ပြန်ကြည့်လိုက်သည်။ ရှားဝမ်ချွေ့က ဘာမှ မပြောသော်လည်း သူမ ပါးပြင်ပေါ်က ရှက်သွေးဖြာမှုက သိသာထင်ရှားနေပါသည်။

၁ စက္ကန့်… ၂ စက္ကန့်…

အချိန်တွေ ရွေ့လျားနေသည်။

လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ အတူတူ သရုပ်ဆောင်နေတာကို မြင်သောအခါ ဘေးပတ်လည်က သရုပ်ဆောင်တွေ လုံးဝ မှင်သက်သွားကြပါသည်။

လင်းဖန် လက်ကို မြင်လိုက်တော့ အားလုံး အနည်းငယ် ရူးသွပ်ကုန်ကြသည်။

“ဟာ လင်းဖန် လက်ကို ကြည့်စမ်း။ တမင်သက်သက် လုပ်တာ မဟုတ်လောက်ပေမယ့် ရှားဝမ်ချွေ့ကို ထိထားတယ်…”

“မနာလိုလိုက်တာကွာ… ရှားဝမ်ချွေ့က ဘာလို့ မခုခံတာလဲ”

“ရှားဝမ်ချွေ့က လင်းဖန်ရဲ့ ကောင်မလေးပဲ ဥစ္စာ။ သူတို့ ဆက်ဆံရေးက အရမ်းကောင်းတယ်”

“ငါခံနိုင်ရည်မရှိတော့ဘူး။ သန့်စင်ခန်း သွားလိုက်ဦးမယ်”

“ငါ့ကို စောင့်ဦး။ ငါလည်း လိုက်မယ်”

“လင်းဖန်က ဘာလို့ ငါတို့အများကြီးရှေ့မှာ လုပ်ရတာလဲ။ ငါတို့နောက်ကို ဘယ်လို နေရတော့မှာလဲ”

ဇာတ်လမ်းအားလုံးကို ရိုက်ကူးပြီးနောက် ဓားနှင့်နတ်သမီး ဒဏ္ဍာရီ Season 3 ၏ ရိုက်ကူးရေး တရားဝင် ပြီးဆုံးသွားပါပြီ။

စနစ်၏ အသံထွက်ပေါ်လာခဲ့၏။ လင်းဖန် တစ်နေ့တာ မစ်ရှင်ကို အောင်မြင်သွားပြီဖြစ်ကာ သန်း ၃၀၀ တန် Tomson Riviera ဗီလာကြီးကို ရရှိသွားခဲ့ပါသည်။

ယွမ် သန်း ၃၀၀ တန် ဗီလာကြီးကို ရရှိပြီးနောက် လင်းဖန် နောက်ဆုံးတော့ ပြုံးလိုက်ပါသည်။

အနည်းဆုံးတော့ တစ်သက်လုံး သူလူညွန့် မတုန်းတော့ပါ။ အများကြီး မထိတွေ့ခဲ့ရသော်လည်း လင်းဖန် ခံစားချက် ကောင်းခဲ့ပါသည်။

သို့သော်လည်း အနည်းဆုံးတော့ သူ့တစ်နေ့တာ မစ်ရှင်ကို အောင်မြင်နိုင်ခဲ့ပြီး အသစ်စက်စက် ဗီလာကြီးတစ်လုံးကို ရရှိခဲ့ပါသည်။

ထို့အပြင် ဒီဗီလာကြီးက ရှန်ဟိုင်းမြို့မှာ နာမည်အကြီးဆုံး ဗီလာကြီး Tomson Riviera ဖြစ်ပါသည်။

ထိုစကားလုံးတွေနဲ့တင် လူပေါင်းများစွာကို မှင်သက်သွားစေလိမ့်မည်။

Tomson Riviera ဗီလာကြီးက အဆင့်အတန်းနဲ့ ဂုဏ်ဒြပ်တို့၏ သင်္ကေတ တစ်ခုဖြစ်သည်။

အဘယ့်ကြောင့်ဆိုသော် Tomson Riviera ဗီလာတစ်လုံးကို ဝယ်ဖို့က မလွယ်ကူပါ။

သူဌေးတွေတောင် Tomson Riviera ဗီလာတစ်လုံး မဝယ်နိုင်လောက်ပါ။

အဘယ့်ကြောင့်ဆိုသော် ထိုဗီလာတွေက ရောင်းချရန် မဟုတ်တာကြောင့်ပင်။

ချမ်းသာရမည့်အပြင် Tomson Riviera ဗီလာကို ဝယ်ယူချင်ပါက အဆင့်အတန်း မြင့်မြင့်လည်း ရှိရမည်။

ထို့ကြောင့် သူဌေးတွေက Tomson Riviera ကို လာပြီး အိမ်ငှားခ မြင့်မြင့်နဲ့ ငှားရမ်းလို့သာ ရသည်။

ထို့အပြင် တကယ့် အိမ်ရှင်အစစ်တွေကလည်း ဘယ်တော့မှ ငွေရှားတော့မှာ မဟုတ်ပါ။

ဓားနှင့်နတ်သမီး ဒဏ္ဍာရီ Season 3 ရိုက်ကူးရေး ပြီးဆုံးသွားပြီးနောက်တွင် ထုတ်လုပ်ရေးအဖွဲ့က အဆုံးသတ်ပြီဖြစ်ကြောင်း ကြေညာလိုက်သည်။

နှုတ်ဆက်ပွဲတွင် လင်းဖန်က စားတော်ပွဲတစ်ခု ချက်ပြုတ်ကျွေးမွေးသည်။

ရှားဝမ်ချွေ့၊ စုရှောင်းယွီ၊ လင်းကျင်းကျင်း၊ လင်းခဲ့ရှင်း၊ ရှုယန်နဲ့ တခြားသူတွေအားလုံး ဒီညစာစားပွဲကို တက်ရောက်ကြပါသည်။

အဓိက သရုပ်ဆောင်တစ်ယောက်ဖြစ်သူ ဖန်တုံတုံတောင် ရှုယန်နဲ့ အတူတူ ထိုင်ရလောက်သည့်အထိ ကံကောင်းခဲ့ပါသည်။

သူက ယခင်တုန်းက သာမန် အသေးစား သရုပ်ဆောင်လေး တစ်ယောက်သာ ဖြစ်သည်။ သို့သော်လည်း သူ့ကိုယ်လုံးကိုယ်ပေါက်နဲ့ သရုပ်ဆောင်စွမ်းရည်တို့ကြောင့် လင်းဖန်က အရေးကြီးသည့်နေရာတစ်ခုမှ ပါဝင်ခွင့် ပေးခဲ့ပြီး သူတို့နဲ့ အတူတူ ညစာ ထိုင်စားခွင့်ပါ ပေးလိုပါသည်။

ထို့အပြင် စုရှောင်းယွီ၊ လင်းခဲ့ရှင်း နဲ့ ရှားဝမ်ချွေ့တို့ကဲ့သို့ အလှအပလေးများကိုလည်း တွေ့နိုင်ပါသည်။

လုပမ်ခိုင်း၊ လျို့မောင်နဲ့ ဒါရိုက်တာ အဖွဲ့က တခြားသူတွေလည်း လင်းဖန်၏ စားတော်ပွဲကို စောင့်မျှော်နေကြသည်။

“ဘာလို့ အားလုံး ဒီလောက် စိတ်လှုပ်ရှားနေကြတာလဲ။ ကျွန်တော်လည်း စားသောက်ပွဲ အကြီးစားကြီး သုံးဆောင်ချင်ပေမယ့် ဒီရက်ပိုင်းတွေထဲ စားသောက်ပွဲကြီးတွေနဲ့ အသားကျနေပါပြီ” ဖန်တုံတုံက ပြောလိုက်သည်။

တစ်လလောက် စားတော်ပွဲကြီးများကို သုံးဆောင်ပြီးနောက် ဘယ်လောက်ပဲ အရသာ ရှိရှိ ဖန်တုံတုံက အရသာကို ရိုးအီသွားပြီး အများကြီး မျှော်လင့်ချက် မထားတော့ပါ။

“မဟုတ်ဘူး။ ဒီနေ့ စားတော်ပွဲက ထူးခြားတယ်” ရှုယန်က ပြောလိုက်သည်။

“ဘယ်လိုထူးခြားတာလဲ ညီကိုယန်” ဖန်တုံတုံက ကြောင်စီစီဖြင့် မေးလိုက်သည်။

“ဘယ်လိုထူးခြားတာလဲဆိုတော့… ဒီနေ့ စားတော်ပွဲကို လင်းဖန် ချက်တာလေ” ရှုယန်က ပြုံးလိုက်၏။

ရှုယန် ပြောပြီးတာနဲ့ ယခု ရှိနေကြသည့် ဆယ်လီများစွာ မစောင့်နိုင်ဖြစ်လာကြသည်။

လင်းဖန်ရဲ့ စားတော်ပွဲလို့ ပြောလိုက်တာနဲ့ လူပေါင်းများစွာ စိတ်လှုပ်ရှား ပျော်ရွှင် သွားကြသည်။

လင်းဖန်ရဲ့ စားတော်ပွဲကို စားသောက်ခွင့် ရခြင်းက ကောင်းကင်ဘုံဆီ တက်လှမ်းရတာထက် အများကြီး ပိုခက်ခဲသည်။

အဘယ့်ကြောင့်ဆိုသော်… စားတော်ပွဲကို ချက်ပြုတ်ထားသည့် လူက လင်းဖန် ဖြစ်နေတာကြောင့်ပင်။

လင်းဖန်၏ အချက်အပြုတ်စွမ်းရည်က ကြယ်ငါးပွင့် ဟိုတယ်က စားဖိုမှူးထက်တောင် ပိုကောင်းမွန်ပါသေးသည်။

All Chapters