အရသာအရမ်းရှိတဲ့ အစ်ကိုဖန်ရဲ့ စားသောက်ပွဲ
Vol. 22 Ch. 324
“အစ်ကိုဖန်ရဲ့ အချက်အပြုတ်က ဘာတွေ ဒီလောက်ထူးခြားလို့လဲ။ အစ်ကိုဖန်က အချက်အပြုတ်လည်း တတ်တယ်ပေါ့” ဖန်တုံတုံက မေးလိုက်ပါသည်။ တစ်လလောက် ရိုက်ကူးရေး အတူတူ လုပ်ပြီးနောက် သူနဲ့ လင်းဖန်တို့လည်း ရင်းနှီးသွားကြပါပြီ။
“ဆရာ့ရဲ့ အချက်အပြုတ်က အရမ်းထူးခြားလို့လေ။ မကြာခင် သိပါလိမ့်မယ်” စုရှောင်းယွီက ချိုမြိန်စွာ ပြုံးလိုက်ပါသည်။
“အစ်မ ရှောင်းယွီ…” ဖန်တုံတုံက စုရှောင်းယွီကို စိုက်ကြည့်လိုက်ပါသည်။
“ကျွန်မက ရှင့်ထက် ပိုငယ်တယ်နော်~” စုရှောင်းယွီက ပြောလိုက်သည်။
“ဟွန်း ကျွန်မက အသက် ၁၈ နှစ်ပဲ ရှိသေးတာ ရှင်က အသက် ၂၀ ကျော်တောင် ဖြစ်နေပြီ”
“ဟင် ၁၈ နှစ်ဟုတ်လား” ဖန်တုံတုံက စုရှောင်းယွီကို ထပ်ကြည့်လိုက်ပါသည်။
“ဟုတ်မယ့်ပုံပါပဲ။ အစ်မရှောင်းယွီက အရမ်းငယ်ရွယ်ပြီး လှတာကိုး”
“အစ်မရှောင်းယွီ။ ကျွန်တော်တို့ WeChat မှာ အချင်းချင်း Add ထားလို့ ရမလား” ဖန်တုံတုံက ထပ်မေးလိုက်ပါသည်။
ဖန်တုံတုံက စုရှောင်းယွီကို အလွန် သဘောကျခြင်းကြောင့် ဖြစ်ပါသည်။
စုရှောင်းယွီက ချစ်ဖို့ကောင်းပြီး လှပလွန်း၏။ အထူးသဖြင့် သူမ အဖြူရောင်ဂါဝန်လေး ဝတ်ထားစဉ်တွင် ဖြစ်သည်။ သူမက ကျောင်းသူလေး တစ်ယောက်ပုံစံဖြစ်ပြီး ချိုမြိန်၊ ချစ်ဖို့ကောင်းကာ အပြစ်ကင်းစင်ပါသည်။
သူမရဲ့ နက်မှောင်သည့် ဆံနွယ်ရှည်များက သူမရဲ့ အရှိန်အဝါကို ပိုပြီး လေးနက်စေသည်။
စုရှောင်းယွီက အမြဲတမ်း အလွန်လှပနေလေ့ရှိသည်။ ဖန်တုံတုံ သူမကို သဘောကျသွားပါပြီ။
ထို့ကြောင့် စုရှောင်းယွီ၏ WeChat အကောင့်ကို လိုချင်ခြင်း ဖြစ်သည်။
ဒီလို သဘောကျခြင်းက ရိုမတ်တစ်ဆန်ဆန် မဟုတ်ဘဲ လေးစားအားကျခြင်းသက်သက် ဖြစ်သည်။
“မရဘူး မရဘူး~” စုရှောင်းယွီက ပြောလိုက်၏။ “ကျွန်မတို့ WeChat အကောင့် ထပ်မတောင်းနဲ့။ အင်း… ဆရာက လက်ခံမှ ကျွန်မ ပေးမှာ”
လင်းဖန် သဘောတူမှ သူမရဲ့ WeChat အကောင့်ကို ပေးနိုင်ပါသည်။
ဖန်တုံတုံ တစ်ခုခုကို နားလည်သွားပုံရသည်။
ဘာကြောင့်မှန်းမသိဘဲ သူ စားနေသည့် ဖရုံစေ့များ အနည်းငယ် ခါးသက်သွားသလိုပင်။
လင်းဖန်နဲ့ စုရှောင်းယွီတို့ရဲ့ ဆက်ဆံရေးက ဘယ်လိုမျိုးလဲ။
စုရှောင်းယွီနဲ့ လင်းဖန်တို့ ဆက်ဆံရေး အလွန်ကောင်းမွန်တာကိုသာ ဖန်တုံတုံ မြင်ခဲ့သော်လည်း ဒီအတိုင်းအတာလောက် အထိတော့ ထင်မထားခဲ့ပါ။
“ဒါပေမယ့် အစ်ကိုဖန်က ခင်ဗျားရဲ့ သဘောအတိုင်းပဲလုပ်ဖို့ ပြောလိုက်တယ်လေ” ဖန်တုံတုံက ပြောလိုက်သည်။
“ကျွန်မသဘောက ရှင့်ကို မပေးဖို့ပဲ~ ဘာပဲဖြစ်ဖြစ် နောက်ကို ကိစ္စတစ်ခုခုရှိလာရင် ဆရာ့ကို ဆက်သွယ်ပြီး ကုမ္ပဏီမှာ ကျွန်မတို့ တွေ့လို့ရတယ်လေ” စုရှောင်းယွီက တခစ်ခစ် ရယ်မောလိုက်သည်။
လင်းဖန်နဲ့ စကားပြောတာကလွဲပြီး သူမ WeChat သုံးလေ့ မရှိပါ။
“အစ်မရှင်းကော” ဖန်တုံတုံက လင်းခဲ့ရှင်းကို ကြည့်လိုက်သည်။
“ရပါတယ်။ WeChat မှာ Add ရုံပဲမလား။ ဒီမှာပါ” လင်းခဲ့ရှင်းက ဖုန်းထုတ်လိုက်ပြီး ဖန်တုံတုံကို ကြည့်လိုက်သည်။ သူ့ပုံစံက အနည်းငယ် ချစ်ဖို့ကောင်းသည်ဟု ထင်မိပါသည်။
“အစ်မရှင်းက အကောင်းဆုံးပဲ” ဖန်တုံတုံ ရယ်မောလိုက်သည်။ “အစ်ကိုဖန်ချက်တဲ့ စားတော်ပွဲက အဲ့လောက်ကောင်းတာလား”
“စားပြီးရင် သိပါလိမ့်မယ်။ အရသာရှိရုံတင် မဟုတ်ဘူး အရမ်းအရသာရှိတာ” လင်းခဲ့ရှင်းက ပြောလိုက်၏။
“အစ်မ ဝမ်ချွေ့။ အစ်မကိုကော WeChat မှာ Add ထားလို့ရမလား” ဖန်တုံတုံက ရှားဝမ်ချွေ့ကို ကြည့်လိုက်သည်။
ရှုယန်လည်း ရှားဝမ်ချွေ့ကို ကြည့်လိုက်၏။
အချိန်တွေအလွန်ကြာခဲ့ပြီ ဖြစ်သော်လည်း ရှားဝမ်ချွေ့ကိုသူ WeChat မှာ မ Add ရသေးပါ။
Add ဖို့ အခွင့်အရေးလည်း မရခဲ့ပါ။
ရှားဝမ်ချွေ့က WeChat မသုံးဘူးဟူသည့် အကြောင်းပြချက်ဖြင့် သူ့ကို ငြင်းခဲ့ပါသည်။
ရှားဝမ်ချွေ့က နူးညံ့စွာ ပြုံးလိုက်ပါသည်။ “ရပါတယ်”
ဒီတိုင်း WeChat ပေါ်မှာ Add ရုံပဲဖြစ်သည်။ သာမန် အလုပ်ကိစ္စ ပြောဖို့အတွက်သာ ဖြစ်၏။ အလုပ်ကိစ္စနဲ့ မသက်ဆိုင်ပါက သူမ စာပြန်မှာ မဟုတ်ပါ။
ယခု ရှိနေသည့် ယောက်ျားလေး၊ မိန်းကလေးတိုင်းက ဖန်တုံတုံ၏ အိုင်ဒေါများ ဖြစ်ကြသည်။
ဒီလူတွေ အကုန်လုံးကို WeChat မှာ Add နိုင်ရင် သိပ်ကောင်းမှာပဲဟု ဖန်တုံတုံတွေးမိ၏။
“ဟားဟားဟား ဟုတ်ပြီကွ နောက်ဆုံးတော့ ငါ့နတ်သမီးလေးရဲ့ WeChat အကောင့်ကို ရပြီ” ဖန်တုံတုံ ပျော်ရွှင်စွာ ပြောလိုက်ပါသည်။
ထို့နောက် ရှားဝမ်ချွေ့၏ Moments စာမျက်နှာကို ဖွင့်လိုက်သည်။
ဖန်တုံတုံ ကြောင်စီစီဖြစ်သွား၏။
ဘာလို့… အကုန်လုံးက ရှားဝမ်ချွေ့နဲ့ လင်းဖန်တို့ အတူတူရိုက်ထားတဲ့ ဓာတ်ပုံတွေချည်းပဲ ရှိနေတာလဲ။
ပြီးတော့ ကြောင်ပုံတွေကောပဲ။
တခြား ဓာတ်ပုံဆိုတာ ဘာမှ မရှိပါ။
ရှားဝမ်ချွေ့၏ WeChat ကို ကြည့်ရင်း ဖန်တုံတုံ မျက်နှာပူသွားပါသည်။
လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့က စံပြစုံတွဲတစ်တွဲပင်။
ဘယ်သူက ဒီလို ဆက်ဆံရေးမျိုးကို အားမကျဘဲ နေနိုင်မှာလဲ။
ရှုယန်လည်း ကြက်သေသေသွား၏။
ရှုယန် ဆွံ့အသွား၏။
သူနာကျင်သွားသလို ခံစားလိုက်ရသည်။
ရှုယန်တောင် ရှားဝမ်ချွေ့ကို WeChat မှာ မ Add ရသေးပါ။ နောက်ဆုံးမှာတော့ ဖန်တုံတုံက သူမကို အရင် Add နိုင်ခဲ့သည်။
သူက အတော်လေး ချောမောသူဖြစ်ပါလျက်နဲ့ ဘာလို့ ဒီလောက် သနားစရာ ကောင်းနေတာလဲ။
ယခင်တုန်းက လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ကြောင့် သူမျက်နှာပူခဲ့ရသည်။ အခုလည်း နာကျင်နေရဆဲ ဖြစ်၏။
ထိုအချိန်တွင် လင်းဖန် ထွက်လာသည်။
ရှားဝမ်ချွေ့က လင်းဖန်ကိုကြည့်ကာ ပြောလိုက်သည်။ “ငါခုနက ဖန်တုံတုံကို WeChat မှာ Add လိုက်တယ်~”
“အင်းပါ။ ငါ့ကို ပြောပြစရာ မလိုပါဘူး။ နင် Add ချင်တဲ့လူတိုင်းကို Add လို့ရတယ်။ နင့်ဆုံးဖြတ်ချက်ပဲလေ” လင်းဖန်က ပြုံးကာ ရှားဝမ်ချွေ့၏ လက်ကို ကိုင်လိုက်သည်။
“ရော့ ငါ့ဖုန်းကို စစ်ခွင့်ပေးမယ်~” ရှားဝမ်ချွေ့က ပြောပြောဆိုဆိုဖြင့် လင်းဖန်ရှေ့တွင် ဖုန်းကိုချပေးလိုက်ပါသည်။
“ဘာမှ စစ်စရာ မလိုပါဘူးး။ ငါ့မိန်းမကို ယုံပြီးသား” လင်းဖန်က ပြုံးလိုက်၏။
ဖန်တုံတုံက ချစ်ဖို့ကေင်းပြီး ရိုးရိုးအေးအေး လူတစ်ယောက် ဖြစ်သည်။ လူချောလေးတစ်ယောက်ဖြစ်နေရင်တောင် လင်းဖန် ဂရုမစိုက်ပါ။
ရှားဝမ်ချွေ့က သူ့ကောင်မလေးဖြစ်သည်။ လင်းဖန် ရှားဝမ်ချွေ့ကို အကြွင်းမဲ့ ယုံကြည် ထားပါသည်။
“ဖန်တုံတုံ။ ငါ Group တစ်ခု ဖွဲ့ထားတယ်။ အားလုံးက ဆယ်လီကြီးတွေချည်းပဲ။ မင်း ဝင်ချင်ရင် ဝင်လို့ရတယ်။ အဲ့မှာ WeChat မှာ Add ချင်တဲ့လူတိုင်း Add လို့ ရတယ်” လင်းဖန်က ပြုံးကာ ဖန်တုံတုံကို ပခုံး ပုတ်ပေးလိုက်ပါသည်။
အဓိက အကြောင်းအရင်းက ဖန်တုံတုံတွင် အလားအလာရှိသောကြောင့် ဖြစ်သည်။ သူက ကျားရှင်းဖျော်ဖြေရေး လက်အောက်က အနုပညာရှင်တစ်ယောက် ဖြစ်သွားပါပြီ။ ဘာမှ အမှားအယွင်း မရှိပါက ဓားနှင့်နတ်သမီး ဒဏ္ဍာရီ Season 3 ထွက်လာသည့်အခါ ဖန်တုံတုံလည်း အလွန်ရေပန်းစားသွားပါလိမ့်မည်။
“အစ်ကိုဖန်က အရမ်းသဘောကောင်းတာပဲ။ ကျွန်တော်တို့ ဘယ်တော့ စားရမှာလဲ” ဖန်တုံတုံက သွားရည်ကျလုနီးပါးဖြစ်ကာ မေးလိုက်ပါသည်။
လင်းဖန်ရဲ့ စားတော်ပွဲက အရသာရှိသည်ဟု အားလုံးပြောကြသည်။ သို့သော်လည်း ဖန်တုံတုံကတော့ ဘယ်လောက်ကောင်းမှန်း မသိသေးပါ။
“အခုစားလို့ရပါပြီ။ ဟင်းလျာတွေ ချပေးလိုက်တော့” လင်းဖန်က ပြောလိုက်၏။
ထိုအချိန်တွင် စားဖိုမှူးအားလုံး ထွက်လာခဲ့ကြပါသည်။
လင်းဖန် ချက်ပြုတ်ထားသည့် ဟင်းလျာများနဲ့ ပြည့်နှက်နေသည်။
အမှန်ပင်။ အားလုံးက အိမ်ချက်ဟင်းလျာများ ဖြစ်ကြသည်။
မှိုနဲ့ အာလူးချက်၊ ငါးကြင်းပေါင်း၊ ငါးစွပ်ပြုတ်၊ အာလူးနဲ့ခရမ်းချဉ်သီးထောင်း၊ ဖက်ထုတ်များ၊ ကြက်တောင်ပံကြော်၊ ငါးကင်၊ အာလူးကြော်၊ အာလူးမွှေကြော်၊ ငါးအရသာ ဝက်သားကြော်နဲ့ ဟင်းသီးဟင်းရွက်များ ပါဝင်သည်။
အဓိက ဟင်းလျာက ကျောက်ပုစွန်ကြီးများ ဖြစ်ပြီး ထမင်းကိုတောင် လင်းဖန်ကိုယ်တိုင် ချက်ပြုတ်ထားခြင်း ဖြစ်၏။
ဒီလို ဟင်းလျာအကြီးစားများကို ချက်ပြုတ်ရတာ အချိန်အများကြီး ကုန်သဖြင့် လင်းဖန် သာမန် အိမ်ချက်ဟင်းလျာများကိုသာ ချက်ပြုတ်ခဲ့ခြင်း ဖြစ်၏။
ထိုအိမ်ချက်ဟင်းလျာများအနံံ့ကို ရသောအခါ အားလုံးရဲ့ မျက်လုံးတွေ ပြောင်းလဲသွားခဲ့ပါသည်။
စားတော်ပွဲ၏ ရနံ့တစ်ခုတည်းနဲ့ သူတို့ကို ထပ်စားချင်စိတ်ပေါက်သွားစေသည်။
“မဖြစ်နိုင်တာ… ဘယ်လောက်ကောင်းလိုက်တဲ့ အနံ့လေးလဲ။ ကြက်ကင်၊ ငါးကင်၊ ဝက်သား၊ ကျောက်ပုစွန်ချက်နံ့လေးတွေ မွှေးနေတာပဲ” ဖန်တုံတုံက အံ့သြမှင်သက်စွာ ပြောလိုက်ပါသည်။ သူ့အကြည့်တွေလည်း ပြောင်းလဲသွားလေပြီ။
“အနံ့လေးနဲ့တင်… ဘာလို့ ဒီလောက် ကောင်းမယ့်ပုံ ပေါက်နေတာလဲ” ဖန်တုံတုံ စိတ်မရှည်နိုင်တော့ပေ။
ဟင်းကို သူ့ပန်းကန်ထဲ ထည့်ပြီးနောက် ဖန်တုံတုံ တစ်ကိုက်စားကြည့်လိုက်သည်။ သူ့လည်ချောင်းထဲ ဆန်းသစ်သည့် အထိအတွေ့ တစ်ခုက ကျဆင်းသွားသည်။
“အရသာရှိလိုက်တာ။ အရမ်းအရသာရှိတာပဲ… အစ်ကိုဖန် ဘယ်လိုလုပ်ပြီး ဒီလောက် အရသာ ရှိတာမျိုးကို ချက်နိုင်တာလဲ။ အခွံခွာလိုက်တော့ ကျောက်ပုစွန်ထဲက အသားက နူးညံ့ပြီး အရသာရှိနေတာပဲ။ အနှစ်ကလည်း အရသာမှန်ကန်တယ်” ဖန်တုံတုံက ပျော်ရွှင်စွာ စားသောက်ရင်း ပြောလိုက်ပါသည်။
ထမင်းကို စားကြည့်လိုက်သောအခါ ဖန်တုံတုံ မတ်တပ်တောင် ထရပ်လိုက်မိပါသည်။
“အစ်ကိုဖန် ကျွန်တော် ငိုတောင် ငိုချင်လာပြီ။ ဘာလို့… ဘာလို့ ထမင်းကို ဒီလောက်ထိ ကောင်းအောင် ချက်နိုင်တာလဲ။ အရမ်း နူးညံ့ပြီး အရသာရှိနေတာပဲ။ ကျွန်တော် စားနေကျ ထမင်းနဲ့ တခြားစီပဲ” ဖန်တုံတုံက ပြောလိုက်၏။
“ဆရာက စားဖိုမှူးကြီး ဖြစ်နေလို့ပေါ့။ သူက အရမ်းတော်တာ” စုရှောင်းယွီက ဘယ်ဘက် လက်ထဲတွင် ကျောက်ပုစွန် တစ်ကောင်ကို ကိုင်ပြီး ညာဘက်တွင် ကြက်ပေါင်တစ်ချောင်း ကိုင်ထားပါသည်။ သူမကလည်း အစားပုပ်လေး တစ်ယောက် ဖြစ်သည်။
“အစ်ကိုဖန် ကျေးဇူးပြုပြီး ကျွန်တော့်ကိုလည်း တပည့်ခံခွင့်ပေးပါ။ ကျွန်တော့်ဘဝမှာ ဒီလောက် ကောင်းတဲ့ ဟင်းလျာမျိုး တစ်ခါမှ မစားခဲ့ဖူးဘူး။” ဖန်တုံတုံက စားသောက်ရင်း ပြောလိုက်သည်။ ကျားရှင်းဖျော်ဖြေရေးထဲ ဝင်ရောက်ပြီးနောက် သူ့တစ်ဘဝလုံး တောက်ပသွားသလို ခံစားလိုက်ရပါသည်။
မာစတာ Chef ဆိုတာ ဘယ်ပုံဘယ်ဝါမှန်း ဒီစားတော်ပွဲကြောင်း ဖန်တုံတုံ သိလိုက်ရသည်။
လင်းဖန်က အိမ်ချက်ဟင်းလျာတွေကိုတောင် ဒီလောက် အရသာရှိအောင် ချက်နိုင်ပါသည်။
ထမင်းလို အရိုးရှင်းဆုံး အရာတောင် ပြီးပြည့်စုံနေပြီး ထူးခြားသည့် အနေအထား ရှိနေသည်။
“ဟုတ်တယ် ဟုတ်တယ်။ ဆရာ့ရဲ့ စားတော်ပွဲက အခုထိ အရသာအရမ်းရှိတုန်းပဲ” စုရှောင်းယွီက ပြောလိုက်သည်။
“ဟုတ်ပါ့။ သူ့ရုပ်ရည်ကို အားကိုးပြီး သက်တောင့်သက်သာ ဘဝမျိုးနေလို့ ရပေမယ့် သရုပ်ဆောင်တစ်ယောက်နဲ့ ဒါရိုက်တာ တစ်ယောက်ဖြစ်လာပြီး ကိုယ်ပိုင် ကုမ္ပဏီ တစ်ခုကိုတောင် ထောင်ခဲ့သေးတယ်။အဲ့တာ ဘာမှ မဖြစ်ပေမယ့် ဒီလောက်အချက်အပြုတ် ကောင်းတဲ့လူမျိုး ငါ ပထမဆုံး တွေ့ဖူးတာပဲ” ရှုယန်ကလည်း ချီးကျူးလိုက်ပါသည်။
“ဒါပေါ့။ ဘော့စ်လင်းရဲ့ စားတော်ပွဲကို ပိုက်ဆံနဲ့တောင် ဝယ်လို့မှ မရတာ” လုပမ်ခိုင်းက ပြောလိုက်သည်။
“ဟုတ်တယ် ဟုတ်တယ်။ လင်းဖန်ရဲ့ ဟင်းလျာတွေက အကောင်းဆုံးပဲ~~” လင်းကျင်းကျင်းလည်း ခေါင်းငြိမ့်လိုက်ပါသည်။
“ကျွန်တော် ဒီငါးပေါင်း စားချင်တယ်” ဖန်တုံတုံ ကျောက်ပုစွန် အပြောင်စားပြီးနောက် ငါးပေါင်းကို ကြည့်လိုက်ပြန်ပါသည်။
လင်းဖန်ရဲ့ ဟင်းလျာတွေ အလွန်အရသာ ရှိနေခြင်းကြောင့် တချို့က မှင်သက်နေကြသည်။
တချို့က ဓာတ်ပုံများရိုက်ယူနေပြီး Moments စာမျက်နှာတွင် တင်နေကြပါသည်။
တချို့ကတော့ ကိုယ့်ကောင်မလေးတွေကို ကျောက်ပုစွန် အခွံခွာပေးနေသည်။
ဉာဏ်ကောင်းသည့် ရှားဝမ်ချွေ့ကတော့ ငါးပေါင်း တစ်ဝက်လောက်ကို စားပြီးပါပြီ။
နောက်တစ်ဝက်ကလည်း သူမ ပန်းကန်ထဲ ရောက်နေလေပြီ။
သူ့ကောင်လေး လင်းဖန် ဒီလောက်အရသာရှိတဲ့ ငါးပေါင်း ချက်တတ်တာ ဘယ်သူ့အပြစ်လဲ။
သူမ အကြိုက်ဆုံး အစားအစာကလည်း ငါးပေါင်း ဖြစ်ပါသည်။
ဖန်တုံတုံ၊ ရှုယန်နဲ့ တခြားသူတွေလည်း ရှားဝမ်ချွေ့ ငါးပေါင်းကို တစ်ယောက်တည်း စားနေပုံကို တိတ်ဆိတ်စွာ ကြည့်နေကြသည်။
အားလုံး စိတ်ဆိုးသော်လည်း ဘာမှ မပြောရဲကြပေ။
သူတို့ ငါးပေါင်း နည်းနည်းလေးတောင် စားမကြည့်ရေသးသော်လည်း ရှားဝမ်ချွေ့က အကုန်စားနေပါပြီ။
ဘယ်သူမှ စိတ်မဆိုးရဲပါ။
စူပါစတားဖြစ်သည့်အပြင် ရှားဝမ်ချွေ့က လင်းဖန်၏ ကောင်မလေးလည်း ဖြစ်နေသောကြောင့်ပင်။