← Chapters

ပြိုင်ပွဲစတင်ပြီ

Vol. 22 Ch. 325

ပြိုင်ပွဲစတင်ပြီ

Vol. 22 Ch. 325

ရှားဝမ်ချွေ့က သခင်မလင်းဖြစ်နေတာ ဘယ်သူ့ အပြစ်မှ မဟုတ်ပါ။

အားလုံး စိတ်ဆိုးလို့သာ ရပြီး ဘာမှ မပြောရဲကြပေ။

ဘယ်သူမှ စိတ်တောင် မဆိုးရဲလောက်ပါ။

ရှားဝမ်ချွေ့ စားသောက်နေသည့် ပုံစံက ချစ်ဖို့ကောင်းလွန်းပါသည်။ လူအများစုက ဘယ်လိုလုပ် ခံနိုင်ရည်ရှိမည်နည်း။

ဓားနှင့်နတ်သမီး ဒဏ္ဍာရီ Season 3 ရိုက်ကူးရေး ပြီးဆုံးသွားပြီးနောက် နောက်ဆက်တွဲ ထုတ်လုပ်ရေး၊ နောက်ခံ အသံ သွင်းခြင်းနဲ့ ထုတ်လွှင့်ခွင့် လုပ်ငန်းစဉ် အားလုံးလည်း ပြီးဆုံးသွားပါပြီ။

ကျားရှင်းဖျော်ဖြေရေး တစ်ခုလုံးအတွက် အရေးအကြီးဆုံးအရာက ဓားနှင့်နတ်သမီး ဒဏ္ဍာရီ Season 3 ထုတ်လွှင့်မည့် အချိန် ဖြစ်သည်။

ထုတ်လွှင့်ပြသမည့် ရုပ်သံဌာနနဲ့ ထုတ်လွှင့်ချိန်တို့ကလည်း ဒရမ်မာ၏ ကြည့်ရှုသူ အရေအတွက်ပေါ် အရေးပါသည့် သက်ရောက်မှု ရှိနိုင်သည်။

လင်းဖန်ရှေ့သို့ စုမူချင်း ရောက်လာပြီး ပြောလိုက်ပါသည်။ “ဘော့စ်လင်း။ ကျွန်မတို့ ရုပ်သံဌာန ၅ ခုကို ဆက်သွယ်ပြီးပါပြီ။ ဒါပေမယ့် ဘာမှ အကြောင်းမပြန်ပါဘူး။ ကျွန်မတို့ရဲ့ ထုတ်လွှင့်ပြသခွင့်ကို ဝယ်ယူဖို့ ဆုံးဖြတ်တဲ့ ရုပ်သံဌာန အရမ်းနည်းနေပါတယ်။ ရုပ်သံဌာန ၅ ခုစလုံးက တရုတ်သူရဲကောင်း ထုတ်လွှင့်ပြသခွင့်ကိုပဲ ဝယ်လိုက်ကြပါတယ်”

“တစ်ဖက်မှာတော့ ကျွန်မတို့ ထုတ်လွှင့်ပြသခွင့်ကို ဝယ်ယူဖို့ MangoTV နဲ့ ဆွေးနွေးကြည့်လို့ရပါတယ်။ ဒါပေမယ့် အဲ့ဒီ ရုပ်သံကုမ္ပဏီတွေကလည်း ကျွန်မတို့ မျှော်လင့်ထားသလောက် ဓားနှင့်နတ်သမီး ဒဏ္ဍာရီ Season 3 ကို စိတ်ဝင်စားမှုရှိတဲ့ပုံမပေါ်ပါဘူး”

လင်းဖန်က ခေါင်းငြိမ့်လိုက်သည်။ “ရပါတယ်။ ပြဿနာ ကြီးကြီးမားမား မဟုတ်ပါဘူး။ ငါနဲ့ MangoTV ဆီ လိုက်ခဲ့ဦး”

နေ့လည်ခင်းတွင် လင်းဖန် Bugatti La Voiture Noire ကားကြီးဖြင့် MangoTV သို့ မောင်းသွားခဲ့ပါသည်။

လမ်းတစ်လျှောက်မှာလည်း ဖြတ်သွားဖြတ်လာများစွာ၏ အာရုံစိုက်မှုကို ခံခဲ့ရပါသည်။

နေ့လည် ၃ နာရီ။

MangoTV ရုံးခန်းထဲတွင်…

“ဘော့စ်လင်း။ ခင်ဗျားရဲ့ ဓားနှင့်နတ်သမီး ဒဏ္ဍာရီ Season 3 ကိုကျွန်တော်တို့ တော်တော်လေး စိတ်ဝင်စားပါတယ်။ ခင်ဗျားရဲ့ ရုပ်သံစီးရီးက အရမ်းကောင်းပါတယ်”

“ဒါပေမယ့် ကျွန်တော်တို့ ဓားနှင့်နတ်သမီး ဒဏ္ဍာရီ Season 3 အတွက် ထုတ်လွှင့်ပြသခွင့်ကို သန်း ၉၀ လောက်နဲ့ပဲ ဝယ်လို့ရမယ်။ ပြီးတော့ ထုတ်လွှင့်ပြသချိန်ကလည်း ည ၁၁ နာရီမှ မနက် ၂ နာရီ၊ ညနေ ၃ နာရီမှ ၆ နာရီ အချိန် နှစ်ခုပဲရပါတယ်။ အဲ့ဒီအချိန်နှစ်ခုထဲကပဲ ရွေးလို့ ရပါလိမ့်မယ်” MangoTV ခေါင်းဆောင်က ပြောလိုက်သည်။

လင်းဖန် အနည်းငယ် မျက်မှောင်ကြုတ်သွား၏။

ရုပ်သံစီးရီးတစ်ခုကို ထုတ်လွှင့်ပြသမည့် အချိန်က အလွန်အရေးကြီးပါသည်။

ဘာပဲဖြစ်ဖြစ် လူတွေက အားလပ်ချိန်မှာသာ ရုပ်မြင်သံကြား ကြည့်တတ်ကြခြင်း မဟုတ်ပါလား။ မနက်အစောကြီး ရုပ်မြင်သံကြား ထကြည့်တတ်သည့် လူတွေက လူနည်းစုသာဖြစ်သည်။ လူအများစုက အလုပ်လည်း သွားရသေးသဖြင့် နေ့လည်ခင်း ရုပ်မြင်သံကြား ကြည့်ဖို့လည်း မအားနိုင်ပါ။ လက်တွေ့မဆန်ရာကျပါသည်။

MangoTV က ကမ်းလှမ်းထားသည့် စျေးကလည်း အလွန်နိမ့်လွန်းသည်။

ထုတ်လွှင့်ပြသခွင့်ကို သန်း ၉၀ တည်း ကမ်းလှမ်း၏။ စျေးပေါပေါ ရောင်းလိုက်တာနဲ့ တူညီနေပါသည်။

ဓားနှင့်နတ်သမီး ဒဏ္ဍာရီ Season 3 အတွက် ရင်းနှီးမြှုပ်နှံမှုက သန်း ၆၀၀ နီးပါးလောက် ရှိသည်။

ထုတ်လုပ်မှု ကုန်ကျစရိတ်က သန်း ၅၀၀ နီးပါးလောက် များပါသည်။

ဓားနှင့်နတ်သမီး ဒဏ္ဍာရီ Season 3 လို ရုပ်သံဒရမ်မာတစ်ခုကို ရိုက်ကူးခြင်းက ငွေတွေ အများကြီး ပြန်မရနိုင်သော်လည်း နာမည်ကောင်းအများကြီး ရနိုင်သည်။

ထုတ်လွှင့်ပြသခွင့် စျေးနှုန်းက အများကြီး မဟုတ်ရင်တောင် လင်းဖန် လက်ခံနိုင်သေးသည်။

သို့သော်လည်း အရမ်းကြီးတော့ နည်းလို့ မဖြစ်ပါ။ ထုတ်လွှင့်ပြသခွင့် သန်း ၉၀ဆိုတာ ထုတ်လုပ်မှု ကုန်ကျစရိတ်ကိုတောင် ပြန်ကာ မမိပေ။

MangoTV ၏ လင်းဖန်အတွက် ကန့်သတ်ချက်တွေကလည်း ဓားနှင့်နတ်သမီး ဒဏ္ဍာရီ Season 3 ကို ညည့်နက်ပိုင်း သို့မဟုတ် နေ့လည်ခင်းပိုင်းမှာ ထုတ်လွှင့်ပြသခွင့်သာ ရှိသည်ဟု ဆို၏။ ထိုအချိန်တွေက ကြည့်ရှုသူ အလွန်နည်းပါးလေ့ ရှိသည့် အချိန်များသာ ဖြစ်သည်။

ကြည့်ရှုသူ အများဆုံးအချိန်က ည ၈နာရီမှ ၁၁ နာရီအချိန်တွင်း ဖြစ်ပါသည်။

“ကျွန်တော်တို့ ထုတ်လွှင့်ပြသချိန်ကို ပြောင်းလို့ မရနိုင်ဘူးလား” လင်းဖန် မေးလိုက်သည်။

“ဘော့စ်လင်း ကျွန်တော် စိတ်မကောင်းပါဘူး…”

“လူကြည့်အများဆုံး အချိန်မှာ ထုတ်လွှင့်ပြသဖို့ ဒရမ်မာတစ်ခုကို အချိန် သတ်မှတ်ထားပြီးသားဖြစ်နေလို့ပါ။ တရုတ်သူရဲကောင်းကို လူကြည့်အများဆုံး အချိန်မှာ ထုတ်လွှင့်ပြသသွားမှာပါ။ ဘော့စ်လင်း ကျွန်တော်တို့ အလုပ်တွဲလုပ်လို့ရမယ်ထင်လား။ အလုပ်တွဲလုပ်ချင်တယ်ဆိုရင် အခုပဲ စာချုပ်ချုပ်လို့ရပါတယ်”

“မနက်ခင်း အစောကြီး ပြသမယ်ဆိုရင်တောင် ခင်ဗျားရဲ့ ဒရမ်မာက ပြောင်မြောက်မှုရှိမယ်ဆို ပရိတ်သတ်က အသိအမှတ်ပြုကြမှာပါ” MangoTV ဝန်ထမ်းက ပြောလိုက်၏။

“မလိုတော့ပါဘူး” လင်းဖန် လှည့်ပြန်လာခဲ့၏။

ဒီတစ်ခေါက်လည်း… ဟွာစဲပစ်ချား၏ လက်ချက် ဖြစ်သည်။

ဟွာစဲပစ်ချားနဲ့ ကျားရှင်းဖျော်ဖြေရေးက တစ်ချိန်တည်းမှာပဲ ရုပ်သံစီးရီးများကို ထုတ်လုပ်လိုက်သည်။

ဟွာစဲပစ်ချားက တရုတ်သူရဲကောင်းဖြစ်ပြီး ကျားရှင်းဖျော်ဖြေရေးက ဓားနှင့်နတ်သမီး ဒဏ္ဍာရီ Season 3 ဖြစ်သည်။

လင်းဖန်က ဓားနှင့်နတ်သမီး ဒဏ္ဍာရီ Season 3 ကို ရိုက်ကူးပြီးစီးခဲ့သော်လည်း သူ့လမ်းကို ဟွာစဲပစ်ချားက လာပိတ်ပြန်ပါပြီ။

ရုပ်သံဌာန ၅ ခုအပြင် MangoTV တို့ကိုပါ ဟွာစဲပစ်ချား၏ တရုတ်သူရဲကောင်းက သိမ်းပိုက်သွားသည်။

ဆိုလိုရင်းက ထိုရုပ်သံဌာနတွေက ဟွာစဲပစ်ချားကို ပိုမျှော်လင့်ထားသည့် သဘော ဖြစ်၏။

ရုပ်သံစီးရီး ၂ ခုတွင် တရုတ်သူရဲကောင်းကိုသာ သူတို့ ရွေးချယ်ခဲ့ပါသည်။

ဒါတွေအားလုံးက ဟွာစဲပစ်ချား၏ နောက်ဆုံး ထုတ်လုပ်ခဲ့သည့် ရုပ်သံစီးရီး ရေပန်းစားမှု အကျိုးကျေးဇူးကြောင့် ဖြစ်သည်။ ၎င်း၏ ရလဒ်များက ဓားနှင့်နတ်သမီး ဒဏ္ဍာရီ Season 1 ကိုတောင် ကျော်လွန်ခဲ့ပါသည်။

ဒီရုပ်သံဌာနတွေက ဓားနှင့်နတ်သမီး ဒဏ္ဍာရီ Season 3 ကိုလက်မခံချင်တာ မဟုတ်သော်လည်း လင်းဖန်က ဓားနှင့်နတ်သမီး ဒဏ္ဍာရီ Season 3 ထုတ်လွှင့်ပြသချိန်ကို ညနေ ၃ နာရီနဲ့ ည၁၁ နာရီအချိန်တို့အကြား ရွေးချယ်ရမည်။

ဒီလိုသာဆို ကြည့်ရှုသူအများဆုံး အချိန်ကို လက်လွှတ်ရတော့မည်။

ရုပ်သံဒရမ်မာတစ်ခုကို ကြည့်ရှုသူ အများဆုံး အချိန်မှာ ထုတ်လွှင့်မပြသနိုင်ပါက ထိုရုပ်သံစီးရီးကို ဘယ်လောက်ကောင်းကောင်း ရိုက်ကူးထားပါစေ ကြည့်ရှုသူ အဆင့်သတ်မှတ်ချက်ကို တိုးမြှင့်ဖို့ ခက်ခဲလွန်းပါလိမ့်မည်။

စုမူချင်း လင်းဖန်ကို ကြည့်ပြီး နူးညံ့စွာ သက်ပြင်းချလိုက်မိပါသည်။

လင်းဖန်က စုစုပေါင်း ရုပ်သံဌာန ၁၀ ခုတိတိကို သွားရောက် ဆွေးနွေးပြီးပါပြီ။

ထိုရုပ်သံဌာန ၁၀ ခုစလုံး၏ ကြည့်ရှုသူ အများဆုံးအချိန် အားလုံးကိုလည်း တရုတ်သူရဲကောင်းက သိမ်းပိုက်ထားသည်။

ဒါက ဟွာစဲပစ်ချား၏ စွမ်းအားပဲ ဖြစ်သည်။ တရုတ်သူရဲကောင်းကို တီဗီဌာန ၁၀ ခုမှာ ထုတ်လွှင့်ပြသဖို့ ပြင်ဆင်ထားပါသည်။

ဒီနည်းဖြင့် ပိုများသည့် ပရိတ်သတ်များကို ဆွဲဆောင်နိုင်သည်။

ဟွာစဲပစ်ချား ဘယ်လောက်စွမ်းအား ကြီးသလဲဆိုတာ သိသာပါသည်။

ဒါက ထိပ်တန်း ဖျော်ဖြေရေးကုမ္ပဏီကြီး တစ်ခု၏ ဖောင်ဒေးရှင်းပဲ ဖြစ်သည်။

လင်းဖန် ရုပ်သံဒရမ်မာကို ရိုက်ကူးပြီးသား ဆိုရင်တောင် ထုတ်လွှင့်ပြသချင်ပါက ညှိနှိုင်းရပါမည်။

ပထမတော့ ရင်းနှီးမြှုပ်နှံသူ ပြဿနာ ဖြစ်ခဲ့သည်။ အခုလည်း ထုတ်လွှင့်ပြသမှု ပြဿနာ ဖြစ်လာပြန်ပါပြီ။

အောက်တိုဘာလ ၁၃ ရက်နေ့၊ နေ့လည်ခင်း။

လင်းဖန် ကျဲကျန့်ရုပ်သံဌာနသို့ လင်းဖန် ရောက်လာခဲ့သည်။

ဒါက ကြည့်ရှုသူများပြားသည့် နောက်ဆုံး ရုပ်သံဌာနလည်း ဖြစ်သည်။

ထို့အပြင် ကျဲကျန့်ရုပ်သံဌာနက “Keep Running” လို Variety Show တွေကိုလည်း ထုတ်လွှင့်ပြသလျက်ရှိသည်။ ရှားဝမ်ချွေ့လည်း Keep Running ၏ နောက်ဆုံးထွက် Season တွင် ပါဝင်ခဲ့ပါသေးသည်။

“ဘော့စ်လင်း” ကျဲကျန့်ရုပ်သံဌာနတွင် တာဝန်ရှိသူတစ်ယောက်က လီချင်းချင်းဟု ခေါ်သည့် မိန်းကလေးတစ်ယောက် ဖြစ်သည်။

“ရှင့်ရဲ့ ရုပ်သံဒရမ်မာတွေကို ကျွန်မ ကြည့်ပြီးသွားပါပြီ။ ဓားနှင့်နတ်သမီး ဒဏ္ဍာရီ Season 3 ရဲ့ ရုပ်ထွက်နဲ့ အထူးပြုလုပ်ချက်တွေက အရမ်းလှတယ်~~”

“ကျွန်မက ရှင့်ပရိတ်သတ်ပါ။ ကျွန်မက ရှင့်ရဲ့ ဓားနှင့်နတ်သမီး ဒဏ္ဍာရီ Season 1 ကိုလည်း အရမ်းကြိုက်ခဲ့တာ။ ကျဲကျန့်ရုပ်သံဌာနကလည်း ရှင့်ဒရမ်မာထုတ်လွှင့်ပြသခွင့်ကို ဝယ်ယူချင်ပါတယ်”

“ဒါပေမယ့် ဓားနှင့်နတ်သမီး ဒဏ္ဍာရီ Season 3 ရဲ့ ထုတ်လွှင့်ပြသရက်ကိုတော့ အောက်တိုဘာလ ၁၃ ရက်နေ့အထိ ရွှေ့ဆိုင်းရလိမ့်မယ်။ ကျွန်မတို့ သောကြာနေ့နဲ့ စနေနေ့ ကြည့်ရှုသူအများဆုံး အချိန်တွေမှာ တစ်ပတ်ကို ၆ ပိုင်း ထုတ်လွှင့်ပြသပါမယ်။ အဆင်ပြေရဲ့လား” လီချင်းချင်းက ပြောလိုက်သည်။

“ဟုတ်ကဲ့ ရပါတယ်” လင်းဖန် ပြောလိုက်သည်။

“ကျဲကျန့်ရုပ်သံဌာနက ဓားနှင့်နတ်သမီး ဒဏ္ဍာရီ Season 3 အတွက် ထုတ်လွှင့်ပြသခွင့်ကို သန်း ၂၀၀ ကမ်းလှမ်းချင်ပါတယ်။ ၃ နှစ်အတွင်း ပြန်ထုတ်လွှင့်ပြသလို့ မရပါဘူ” လီချင်းချင်းက ပြောလိုက်၏။

“သန်း ၂၃၀။ ကျွန်တော့်ဝန်ထမ်းတွေကို ဘောနပ်စ်ပေးလို့ရအောင် အပို ၃၀ ထည့်လိုက်ပါ” လင်းဖန်က ပြုံးလိုက်သည်။ သူညှိနှိုင်းရတာ မကြိုက်သော်လည်း တစ်ခါတစ်လေတော့ ညှိနှိုင်းရပါသည်။

“ကောင်းပါပြီ~”

“မစ္စတာလင်း အလုပ်တွဲလုပ်ရတာ ဝမ်းသာပါတယ်~” လီချင်းချင်းက ပျော်ရွှင်စွာ သဘောတူလိုက်ပြီး လင်းဖန်ကို လက်ကမ်းပေးလိုက်ပါသည်။

လင်းဖန်လည်း လီချင်းချင်းနဲ့ လက်ဆွဲနှုတ်ဆက်ကာ ထုတ်လွှင့်ပြသကြေးထဲ သန်း ၃၀ အပိုထည့်ပြီးနောက် စာချုပ်ကို အောင်မြင်စွာ လက်မှတ်ထိုးနိုင်ခဲ့ပါသည်။

ဓားနှင့်နတ်သမီး ဒဏ္ဍာရီ Season 3 ကို နောက်ဆုံးတော့ ထုတ်လွှင့်ပြသဖို့ အချိန် သတ်မှတ်နိုင်ခဲ့ပါပြီ။

တရုတ်သူရဲကောင်းက အောက်တိုဘာလ ၁၂ ရက်နေ့မှာ ပြသမှာ ဖြစ်သည်။

ဓားနှင့်နတ်သမီး ဒဏ္ဍာရီ Season 3 ကတော့ တရုတ်သူရဲကောင်းထက် နောက်ကျပါသည်။

သို့သော်လည်း အနည်းဆုံးတော့ ထုတ်လွှင့်ပြသခွင့်ကို ရောင်းနိုင်ခဲ့ပါသည်။

ကျန်တာက ရုပ်သံစီးရီး ၂ ခု၏ အရည်အသွေးပေါ် မူတည်ပါလိမ့်မည်။

လင်းဖန်တွင် အားကောင်းသည့် နောက်ခံများ ရှိသော်လည်း သူ့နောက်ကွယ်က ကုမ္ပဏီများက အနုပညာလောကနဲ့ မသက်ဆိုင်ပါ။

အနုပညာလောကထဲတွင် လင်းဖန်၏ ကျားရှင်းဖျော်ဖြေရေးက တကယ့်ကို ကုမ္ပဏီ အသစ်စက်စက်တစ်ခု ဖြစ်သည်။

ဟွာစဲပစ်ချား၏ ပစ်မှတ်ထားမှုကို ခံနေရပြီး ကျားရှင်းဖျော်ဖြေရေး အသက်ရှူဖို့နေရာတောင် မရှိတော့ပါ။

ကျားရှင်းဖျော်ဖြေရေးနဲ့ ဟွာစဲပစ်ချားတို့၏ တိုက်ပွဲတွင် ဟွာစဲပစ်ချားက အများကြီး အားသာချက် ရထားပါသည်။

တရုတ် သူရဲကောင်းကို အောက်တိုဘာလ ၁၂ ရက်နေ့တွင် ရုပ်သံဌာန ၁၀ ခုမှ တစ်ချိန်တည်း ထုတ်လွှင့်ပြသမည်ဖြစ်သည်။ ဓားနှင့်နတ်သမီး ဒဏ္ဍာရီ Season 3 ကိုတော့ ရုပ်သံဌာန ၁ ခုတည်းမှာပဲ ထုတ်လွှင့်ပြသနိုင်ပါသည်။

ရုပ်သံဒရမ်မာ ၂ ခု အခြေအနေက ကမ္ဘာခြားလျက် ရှိသည်။

လင်းဖန်သာ ဒီတစ်ခေါက် ရှုံးနိမ့်သွားပါက ဟွာစဲပစ်ချားက လူတွေရဲ့ လှောင်ရယ်မှုကို ခံရနိုင်ပါသည်။

ဘာပဲဖြစ်ဖြစ် လင်းဖန်ရဲ့ ရုပ်သံဒရမ်မာ ရှုံးနိမ့်သွားလို့ မဖြစ်ပါ။

သူ့ဘဝမှာ ဒီရုပ်သံဒရမ်မာက အများဆုံး အားစိုက်ထုတ်ကာ ရိုက်ကူးခဲ့ရသည့် ဒရမ်မာ ဖြစ်သည်။

မကြာမီ အောက်တိုဘာလ ၁၂ ရက်နေ့ ရောက်ရှိလာခဲ့၏။

ရုပ်သံဒရမ်မာ ၂ ခု၏ ပြိုင်ပွဲ မကြာခင် စတင်ပါတော့မည်။

All Chapters