← Chapters

ကျားရှင်းဖျော်ဖြေရေး ရှုံးလို့ မဖြစ်ဘူး

Vol. 22 Ch. 326

ကျားရှင်းဖျော်ဖြေရေး ရှုံးလို့ မဖြစ်ဘူး

Vol. 22 Ch. 326

အောက်တိုဘာလ ၁၂ ရက်နေ့…

ရေပန်းစား ရုပ်သံစီးရီးဖြစ်သည့် တရုတ်သူရဲကောင်းကို စတင်ထုတ်လွှင့်ပါပြီ။

နိုင်ငံတော်ထဲတွင် ရှန်းရှ ဒရမ်မာများက အလွန်နည်းပါးသည်။ ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 1 က ရှေ့ဆောင်လမ်းပြ ဖြစ်ခဲ့ပါသည်။

ရုပ်သံဌာန ၁၀ ခုလောက်က တစ်ချိန်တည်း ထုတ်လွှင့်ပြသသည့်အခါ ကြီးကြီးမားမား ပွက်လောရိုက်မှုများ ဖြစ်သွားခဲ့ပါသည်။

ထိုနေ့က အင်တာနက်တစ်ခွင်လုံးမှာ တရုတ်သူရဲကောင်း အကြောင်းကိုသာ ပြောဆိုနေကြသည်။

တရုတ်သူရဲကောင်း အောင်မြင်မှုရရှိတာ သံသယ ဖြစ်စရာ မလိုပေ။

တရုတ်သူရဲကောင်း၏ ထုတ်လွှင့်ပြသမှု အဆင့်သတ်မှတ်ချက်က ၃.၈၄ ရာခိုင်နှုန်းအထိ ရောက်သွားပါသည်။

ဒါက အလွန်ကြောက်ဖို့ကောင်းသည့် ပမာဏ ဖြစ်သည်။ စတင်ထုတ်လွှင့်သည့်နေ့မှာတင် ဒီလောက် ကြီးမားသည့် ဒေတာကို ရရှိခဲ့ပါသည်။

အကြာကြီး စောင့်မျှော်ခဲ့ရသည့် ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 ကို အောက်တိုဘာလ ၁၂ ရက်နေ့တွင် မထုတ်လွှင့်ခဲ့ပေ။

ကြည့်ရှုသူများစွာက တရုတ်သူရဲကောင်းကိုသာ သွားကြည့်ကြသည်။ တရုတ်သူရဲကောင်း၏ ရေပန်းစားမှုက ကျားရှင်းဖျော်ဖြေရေးရှိ လူတိုင်းကို ဖိအားပေးနေပါသည်။

သူတို့ဒီတစ်ခေါက် တရုတ်သူရဲကောင်းကို တကယ် အနိုင်မယူနိုင်ပါက ဟွာစဲပစ်ချား၏ အဆင့်အတန်းကို ပိုပြီး ခိုင်မာသွားစေလိမ့်မည်။

ဟွာစဲပစ်ချားက အမြဲတမ် ကျားရှင်းဖျော်ဖြေရေးကို ကန့်လန့်တိုက်နေပါလိမ့်မည်။

ရှုယန်က စိုးရိမ်စွာဖြင့် ပြောလိုက်သည်။ “ဟွာစဲပစ်ချားကလူတွေက ရွံဖို့ကောင်းလိုက်တာ။ သူတို့ရုပ်သံစီးရီးက အောက်တိုဘာလ ၁၂ ရက်နေ့မှာ ထုတ်လွှင့်ပြသတယ်။ ငါတို့ထက် တစ်ရက် စောသွားတယ်။ ရှန်းရှဒရမ်မာတွေကို ကြိုက်တဲ့ ပရိတ်သတ်ကလည်း တရုတ်သူရဲကောင်းကိုပဲ စောင့်ကြည့်ကြတော့မှာ။ ငါတို့အတွက် အားနည်းချက်ဖြစ်သွားပြီ”

လင်းကျင်းကျင်းကလည်း ခေါင်းငြိမ့်လိုက်ပါသည်။ “ရှန်းရှဒရမ်မာကို သဘောကျတဲ့ စျေးကွက်က သိပ်မရှိဘူး။ သူတို့ တရုတ်သူရဲကောင်းရဲ့ ပထမ ၃ ပိုင်းကို သဘောကျသွားကြရင် သေချာပေါက် နောက်နေ့လည်း တရုတ်သူရဲကောင်းကိုပဲ ကြည့်ကြမှာပဲ။ သူတို့ ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 ကို စောင့်ကြည့်ကြမှာ မဟုတ်ဘူး။ ကျွန်မတို့ ဒီတိုက်ပွဲမှာ ဟွာစဲပစ်ချားကို မနိုင်လောက်တော့ဘူး”

လင်းခဲ့ရှင်း၏ မျက်လုံးလှလှလေးများက အနည်းငယ် ဝမ်းနည်းနေပါသည်။

“ကျွန်မတို့ လုပ်လို့ရတာ ဘာမှ မရှိတော့ဘူး။ ဟွာစဲပစ်ချားက ကျွန်မတို့ထက် အများကြီး သန်မာတယ်။ ကျွန်မ အဲ့ကုမ္ပဏီအကြောင်း ကောင်းကောင်းသိတယ်။ သူတို့နောက်ကြောင်း ရာဇဝင်က နက်ရှိုင်းပြီး အဆက်အသွယ်လည်း အားကောင်းတယ်။ အနုပညာလောကထဲမှာ ကုမ္ပဏီအကြီးစားတစ်ခုပဲ။ သူတို့လက်အောက်မှာ ဆယ်လီ ရာကျော်နဲ့ အနုပညာရှင် ထောင်ကျော်ပြီး ရှိတယ်။ သူတို့မှာ အရမ်းပြီးပြည့်စုံပြီး ရင့်ကျက်တဲ့ လည်ပတ်ပုံ လည်ပတ်နည်း ရှိကြတယ်။ သူတို့ရဲ့ ထုတ်လွှင့်ပြသခွင့်ကို တစ်ပြိုင်တည်း ရုပ်သံဌာန ၁၀ ခုကိုတောင် ရောင်းနိုင်ခဲ့တာ။ ကျွန်မတို့အတွက် အရမ်း အရေနိမ့်ရာကျနေပြီ”

စုရှောင်းယွီက ငှက်ပျောသီးကိုင်ရင်း ပြောလိုက်ပါသည်။ “ငါတို့ မရှုံးပါဘူး။ ငါတို့ ရှုံးသွားရင်တောင် ဘာမှ မဖြစ်ဘူး။ ငါတို့ရိုက်ားတဲ့ ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3က အရမ်းကောင်းပြီးသားပဲကို။။ ငါတို့ သဘောကျရင် ပြီးတာပဲ။ ကိုယ့်ခေါင်း သွေးထွက်အောင် သူများနဲ့ တိုက်ခိုက်ဖို့ မလိုပါဘူး”

စုရှောင်းယွီတစ်ယောက်တည်းသာ အကောင်းမြင်ပါသည်။

ကုမ္ပဏီဝန်ထမ်းများကပါ ခံပြင်းကြသော်လည်း သူတို့ ဘာမှ မလုပ်နိုင်ပါ။

ဒီလောက် စွမ်းအားကြီးမားသည့် ကုမ္ပဏီ တစ်ခုနဲ့ ရင်ဆိုင်လာရသဖြင့် တည်ထောင်ခါစ ဖြစ်သည့် ကျားရှင်းဖျော်ဖြေရေးအတွက် ရင်ဆိုင်ဖို့ အလွန်ခက်ခဲပါလိမ့်မည်။

Alibaba ကပါ ကူညီတိုက်ခိုက်ပေးမည် ဆိုရင်တောင် အခြေအနေကို ပြောင်းလဲဖို့ အလွန်ခက်ပါလိမ့်မည်။

ဥပမာအားဖြင့် QQ ကဲ့သို့ ကုမ္ပဏီကြီး တစ်ခုက WeChat နဲ့ QQ ကဲ့သို့ ဆက်သွယ်ရေး ဆော့ဖ်ဝဲများနဲ့ တရုတ်စျေးကွက်ကို လွှမ်းမိုးထားပြီးသား ဖြစ်သည်။

Alibaba နဲ့ JD.com တို့လို ကုမ္ပဏီကြီးတွေက ကိုယ်ပိုင် ဆက်သွယ်ရေး ဆော့ဖ်ဝဲမျိုးတွေ ဖန်တီးမယ်ဆိုရင်တောင် အသုံးမဝင်နိုင်ပါ။

ဒါက ငွေကြေးနဲ့ ဖန်တီးလို့ မရနိုင်ပေ။

ဘယ်လို ဗီဒီယိုအတို ကုမ္ပဏီမျိုးကမှ TikTok ကို အစားမထိုးနိုင်သဖြင့် ဗီဒီယိုအတိုလောက်ထဲ ခြေချဖို့ QQ ကြိုးစားခဲ့ချိန်တွင် အလွန်ပြဿနာ တက်ခဲ့ပါသည်။

အနုပညာလောထဲမှာလည်း ထိုနည်းလည်းကောင်း ဖြစ်သည်။

Alibaba, Estee Lauder, LV, Chanel စသည်ဖြင့် ဘယ်ကုမ္ပဏီကမှ အနုပညာလောကနဲ့ မသက်ဆိုင်ပါ။

ဒီအနုပညာလောကအတွင်း သူ့မှာ အဆက်အသွယ် နည်းပါသည်။

လင်းဖန်က အလွန်တော်လွန်းသဖြင့် ဟွာစဲပစ်ချားကို လက်ညှိုးတစ်ချောင်းတည်းနဲ့ အနိုင်ယူနိုင်သည်ဟု တချို့လူတွေကတော့ ပြောလိမ့်မည်။

ဒါက လက်တွေ့မဆန်ပေ။

ဒါက စိတ်ကူးယဉ်ကမ္ဘာတစ်ခု မဟုတ်ပေ။

အားလုံးက တရားဥပဒေနဲ့ ကိုက်ညီရမည်။ ဥပမာ အသက်တစ်ချောင်းအတွက် အသက်တစ်ချောင်းဖြစ်သည်။ အကြွေးတစ်ခုကို ပြန်ဆပ်မှ မှန်ကန်ပါလိမ့်မည်။

ဟွာစဲပစ်ချားက ဖျော်ဖြေရေးလောကထဲမှာ ကုမ္ပဏီကြီးတစ်ခု ဖြစ်သည်။ ဘယ်လို ဖျော်ဖြေရေး ကုမ္ပဏီမျိုးမှာ အားကောင်းတဲ့ နောက်ခံ မရှိဘဲ နေမှာလဲ။

ဟွာစဲပစ်ချားကို လက်ညှိုးတစ်ချောင်း တောက်လိုက်ရုံနဲ့ ဖျက်ဆီးပစ်ဖို့ဆိုတာ မဖြစ်နိုင်ပါ။

အမှန်ပင်။ လင်းဖန်ရဲ့ အားကောင်းတဲ့ နောက်ခံနဲ့သာဆို ဘယ်လို ရုပ်သံဒရမ်မာမျိုးကိုပဲ ရိုက်ကူးချင်ပါစေ ရင်းနှီးမြှုပ်နှံမှုများစွာနဲ့ ထောက်ပံ့မှုများကို ရနိုင်ပါသည်။

အနုပညာလောကထဲက တချို့ တိုက်ပွဲများတွင် ဘာမှ မတတ်နိုင်သည့် အခိုက်အတန့်များ ရှိပါသည်။

စီအီးအိုမာ ကိုယ်တိုင် ရောက်လာရင်တောင် ထို ရုပ်သံဌာနတွေက တရုတ်သူရဲကောင်းကို လူကြည့်အများဆုံးအချိန်တွေမှာ ဆက်လက် ထုတ်လွှင့်သွားဦးမှာ ဖြစ်သည်။

ရှားဝမ်ချွေ့က စုရှောင်းယွီဘေးမှာ ထိုင်လိုက်ပြီး သူမပခုံးပေါ် နူးညံ့စွာ မှီလိုက်ပါသည်။

“အင်း~ ငါတို့ မရှုံးပါဘူး” ရှားဝမ်ချွေ့က ညင်သာသည့် လေသံဖြင့် ပြောလိုက်သည်။

သူမ မျက်လုံးများက အနည်းငယ် နီနေပါသည်။ ဒါက လင်းဖန်နဲ့အတူတူ သူမ အများဆုံး အားစိုက်ထုတ်ကာ ရိုက်ကူးခဲ့သည့် ရုပ်သံဒရမ်မာ ဖြစ်သည်။

သူတို့ ရှုံးနိမ့်သွားပါက သူမ ဘာမှ ပြောမှာ မဟုတ်သော်လည်း အသည်းကွဲသွားနိုင်ပါသည်။

ကျားရှင်းဖျော်ဖြေရေး ရှုံးနိမ့်လို့ မဖြစ်ပါ။

သူတို့ ရှုံးနိမ့်သွားပါက တစ်သက်လုံး သူများ ဖိနှိပ်တာကို ခံသွားရမည်ဖြစ်ပြီး တကျော့ပြန်ဖို့ အခွင့်အရေးရှိမှာ မဟုတ်တော့ပေ။

တိုက်ပွဲက တရားဝင် စတောင်မစရသေးဘဲ ကျားရှင်းဖျော်ဖြေရေး၏ ကြယ်ပွင့်များက အားလျော့နေပါပြီ။

အားလျော့နေသော်လည်း ရှားဝမ်ချွေ့က ပထမဆုံး အကွက်ကို ရွှေ့ခဲ့ပါသည်။

သူမ ဗီဒီယိုအတိုလေး တစ်ပုဒ်ရိုက်ကာ Weibo ပေါ်တွင် တင်လိုက်ပါသည်။

[ အားလုံးပဲ မင်္ဂလာပါ။ ကျွန်မက ရှားဝမ်ချွေ့ပါ~ အောက်တိုဘာလ ၁၃ ရက်နေ့ ည ၈ နာရီ အချိန်မှာ ကျဲကျန့်ရုပ်သံကို သွားကြည့်ကြနော်။ ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 ရုပ်သံဒရမ်မာကို ကျွန်မနဲ့ အတူတူ လာကြည့်ကြဦးနော်~”

ဟွာစဲပစ်ချားကို အနိုင်ရဖို့အတွက် ကျားရှင်းဖျော်ဖြေရေးကို ပရိုမိုးရှင်းဆင်းရန် ပထမဆုံး အကြိမ်အဖြစ် ရှားဝမ်ချွေ့ အွန်လိုင်းပေါ်မှာ ဗီဒီယိုတစ်ပုဒ် တင်လိုက်ပါသည်။

[ ဟယ်လို အားလုံးပဲ။ ကျွန်မက စုရှောင်းယွီပါ။ တွေ့ရတာ ဝမ်းသာပါတယ်။ ကျွန်မကို အားပေးတယ်ဆိုရင် ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 ကို အောက်တိုဘာလ ၁၃ ရက်နေ့ ည ၈ နာရီအချိန်မှာ စောင့်မျှော်ကြည့်ရှုလို့ ရပြီနော်။ လာမကြည့်ရင် ခွေးမလေး စိတ်ဆိုးသွားလိမ့်မယ် ~ ]

[ အားလုံးပဲ မင်္ဂလာပါ။ ကျွန်မက လင်းခဲ့ရှင်းပါ… ]

[ အားလုံး မင်္ဂလာပါ ကျွန်မက လင်းကျင်းကျင်းပါ ]

[ ကျွန်တော်က ရှုယန်ပါ…. ]

[ ကျွန်တော်က ဖန်တုံတုံပါ… ]

[ ကျွန်တော်က လက်ထောက်ဒါရိုက်တာ လုပမ်ခိုင်းပါ… ]

[ ကြည့်ရှုသူတို့ အားလုံး မင်္ဂလာပါခင်ဗျ။ ကျွန်တော်က ကျားရှင်းဖျော်ဖြေရေးရဲ့ ဝန်ထမ်းတစ်ယောက်ပါ… ]

ရှားဝမ်ချွေ့က ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 ကို ပထမဆုံး ပရိုမိုးရှင်း ဆင်းလိုက်သူ ဖြစ်သည်။

ထို့နောက် ကျားရှင်းလက်အောက်ရှီ ဆယ်လီနဲ့ ဝန်ထမ်းတွေအားလုံး Weibo နဲ့ TikTok တို့ပေါ် ဆက်တိုက်တက်ကာ ဒရမ်မာအတွက် ပရိုမိုးရှင်း စတင်ဆင်းပေးကြပါသည်။

ဒီတစ်ခေါက် သူတို့ အခြေအနေ မကောင်းကြမှန်း ဝန်ထမ်းတွေလည်း သိကြသည်။

သို့သော်လည်း… Weibo ပေါ်တွင် အားလုံး ပို့စ်တင်ခဲ့ပါသည်။

ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 ၏ အရံသရုပ်ဆောင်တွေကတောင် Weibo မှာ ပို့စ်တင်ပြီး ပရိုမိုးရှင်း ဆင်းပေးနေကြပါသည်။

သူတို့ ရှုံးနိမ့်မည့် စစ်ပွဲဆိုတာ သိနေရင်တောင် ဘယ်သူမှ အရှုံးမပေးပါ။

ဘယ်သူမှ အရှုံးမပေးခဲ့ပါ။

ရှားဝမ်ချွေ့က ပထမ ဗီဒီယိုကိုတင်ပြီး ဒုတိယ ဗီဒီယိုပါ ထပ်တင်သည်။

ကျားရှင်းဖျော်ဖြေရေး၏ ဆယ်လီနဲ့ ဝန်ထမ်းတွေအပြင် လင်းဖန်နဲ့ ရင်းနှီးကြသည့် တခြား သရုပ်ဆောင်တွေကပါ Weibo မှာ ပို့စ်တင်လိုက်ကြပါသည်။

လင်းဖန်ရဲ့ ညီမအရင်း လင်းယွီရှစ်လည်း Weibo မှာ ပို့စ်တင်ကာ တိုက်ရိုက်ထုတ်လွှင့်ရင်း ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 ကို ပရိုမိုးရှင်း ဆင်းပေးလိုက်ပါသည်။

ကျင်းဟွာတက္ကသိုလ်က ကျောင်းသား အားလုံးလည်း ဆက်တိုက် ပရိုမိုးရှင်း ဆင်းပေးနေကြသည်။

အိပ်မပျော်သည့် ညတစ်ည ဖြစ်ခဲ့ပါသည်.

အွန်လိုင်းပေါ်က ပရိတ်သတ် သန်းဆယ်ချီပြီး တရုတ်သူရဲကောင်း အကြောင်း ပြောနေကြသည်။

ကျားရှင်းဖျော်ဖြေရေးက လူတွေကလည်း ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 ကို တိတ်တဆိတ် ပရိုမိုးရှင်း ဆင်းပေးနေဆဲ ဖြစ်သည်။

ကျားရှင်းဖျော်ဖြေရေးနဲ့ ဟွာစဲပစ်ချားတို့ အကြားက တိုက်ပွဲတစ်ခု ဖြစ်ပါသည်။

ပြည်တွင်း ရှန်းရှ ဒရမ်မာ နှစ်ခုအကြားက တိုက်ပွဲတစ်ခုလည်း ဖြစ်သည်။

ရုပ်သံဒရမ်မာနှစ်ခုကို ၁ ခုပြီးမှ ၁ ခု ထုတ်လွှင့်ပြသခြင်းဖြစ်သဖြင့် ကွာဟချက်က အလွန်ကြီးမားသွားပါသည်။

တရုတ်စစ်သူကြီးမှာ ပရိတ်သတ်အရေအတွက် အခိုင်အမာ ရရှိသွားပြီ ဖြစ်ပြီး ထိုပရိတ်သတ်များက ဆက်လက် တိုးမြင့်နေဦးမှာ ဖြစ်သည်။

ရုပ်သံဌာန ၁၀ ခုတွင် တစ်ပြိုင်တည်း ထုတ်လွှင့်ပြသခြင်းဖြင့် ရလာသည့် နာမည်ကြီးမှုက တခြားရုပ်သံဒရမ်မာတွေ ယှဉ်လို့ရတာမျိုး မဟုတ်ပေ။

ဒီလို ကျယ်ပြန့်ပြီး ခမ်းနားသည့် ကြော်ငြာပုံမျိုးကြောင့် အားလုံးက တရုတ်သူရဲကောင်းကို အာရုံစိုက်ထားကြပါသည်။

ဒီရုပ်သံဒရမ်မာက သေချာပေါက် ရေပန်းစားလာလိမ့်မည်ဟု အားလုံးခံစားမိကြသည်။

ထိုအခြေအနေများအောက်တွင် အောက်တိုဘာလ ၁၃ ရက်နေ့သို့ ရောက်ရှိလာခဲ့၏။

ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 ထုတ်လွှင့်ပြသချိန် ရောက်ပါပြီ။

All Chapters