ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 အကြီးအကျယ် ပေါက်သွားပြီ
Vol. 22 Ch. 327
အောက်တိုဘာလ ၁၃ ရက်နေ့၊ ည ၈ နာရီ။
ကျားရှင်းဖျော်ဖြေရေးမှာ ဘယ်သူမှ အလုပ် မဆင်းကြသေးပေ။
အားလုံးက ကျဲကျန့်ရုပ်သံကို စောင့်ကြည့်နေကြပြီး ရုပ်သံစီးရီးထုတ်လွှင့် ပြသချိန်ကို စောင့်မျှော်နေကြပါသည်။
၈ နာရီအချိန် ပြသရမှာ ဖြစ်သော်လည်း ကြော်ငြာများကြောင့် အမြဲတမ်း အနည်းငယ် နောက်ကျလေ့ရှိပါသည်။
ဟွာစဲပစ်ချားရဲ့ လျို့ရှမ့်လည်း ဓားနှင့်နတ်သမီး ဒဏ္ဍာရီ Season 3 နဲ့ တရုတ်သူရဲကောင်းတို့၏ ရင်ဆိုင်တိုက်ပွဲကို အာရုံစိုက်စောင့်ကြည့်နေပါသည်။
အမှန်ပင်။ တရုတ်သူရဲကောင်းက အားသာချက် အများကြီး ရထားပါသည်။
ရုပ်သံဌာန ၁၀ ခုမှ ထုတ်လွှင့်ပြသခြင်းဖြင့် ရရှိလာသည့် ဝင်ရောက်ကြည့်ရှုသူနဲ့ ရေပန်းစားမှု အရေအတွက်က ကျားရှင်းဖျော်ဖြေရေးရဲ့ ဓားနှင့်နတ်သမီး ဒဏ္ဍာရီ Season 3 ယှဉ်နိုင်မည့် အရာမျိုး မဟုတ်ပါ။
“စီအီးအိုလျို့။ ဓားနှင့်နတ်သမီး ဒဏ္ဍာရီ Season 3 က အခု တရုတ်သူရဲကောင်းနဲ့ အတူတူ ထုတ်လွှင့်ပြသနေတာကို ဘယ်လို သဘောရလဲ” လက်ထောက်က မေးလိုက်သည်။
လျို့ရှမ့်က ပြုံးလိုက်၏။ “လင်းဖန်ရဲ့ ဒါရိုက်တာ စွမ်းရည်ကိုတော့ ငါအသိအမှတ် ပြုပါတယ်။ သူက ဒါရိုက်တာ လုပ်တဲ့နေရာမှာ အတော်လေး တော်ပါပေတယ်။ အဲ့တာကြောင့် ရုပ်သံဒရမ်မာ ၂ ခုကို ဆက်တိုက် အောင်မြင်မှု ရအောင် လုပ်နိုင်ခဲ့တာပေါ့”
“ဒါပေမယ့် ရှန်းရှ ဒရမ်မာတွေက သာမန် ဒရမ်မာတွေနဲ့ ကွဲပြားတယ်။ လင်းဖန်ရဲ့ ဓားနှင့်နတ်သမီး ဒဏ္ဍာရီ Season 1 က ရေပန်းစားထားပြီးသား။ ကံမကောင်းစွာနဲ့ နောက်ဆုံးဇာတ်သိမ်းပိုင်က ဇာတ်နာတဲ့ ဇာတ်သိမ်းတစ်ခု ဖြစ်နေတယ်။ ဓားနှင့်နတ်သမီး ဒဏ္ဍာရီ Season 3 လည်း အဲ့လိုပဲ လာမှာပဲ။ ဇာတ်နာတဲ့ဇာတ်သိမ်းတွေကို စျေးကွက်ထဲမှာ သိပ်ပြီးအကောင်းမမြင်ကြဘူး”
“ပရိတ်သတ်က တစ်ခေါက် လှည့်စားခံခဲ့ရပြီးပြီ။ သူတို့ နောက်တစ်ခေါက် လှည့်စားခံရပါဦးမလား။ အဲ့ဒီမေးခွန်းကို ခဏထားလိုက်ဦး။ ဓားနှင့်နတ်သမီး ဒဏ္ဍာရီ Season 3 ကို ဓားနှင့်နတ်သမီး ဒဏ္ဍာရီ Season 1 ထုတ်ပြီးတဲ့နောက် တန်းပြီး ရိုက်ကူးလိုက်တော့ ပရိတ်သတ်ရဲ့ အကြိုက်လည်း ရိုးအီသွားမှာပေါ့။ လင်းဖန် ဒီတစ်ခေါက် ဘယ်လိုလုပ်မလဲ ကြည့်ကြရအောင်”
“လင်းဖန်ရဲ့ ရုပ်သံဒရမ်မာ အရည်အသွေးက အရမ်းကောင်းတယ်ဆိုရင် တရုတ်သူရဲကောင်းကိုတောင် အနိုင်ယူသွားနိုင်တယ်။ လင်းဖန်ရဲ့ ရုပ်သံဒရမ်မာ အာနိသင်က ထင်သလောက် မကောင်းဘူး ဆိုရင်တော့ လင်းဖန် ဒီတစ်ခေါက် ငါတို့ကို အနိုင်ယူဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး” လျို့ရှမ့် ပြုံးလိုက်သည်။
“တစ်နည်းအားဖြင့် ဓားနှင့်နတ်သမီး ဒဏ္ဍာရီ Season 3 ဒီတစ်ခေါက် နာမည်ကြီးလာဦးမယ် ဆိုရင် ငါချီးစားနေတာကို တိုက်ရိုက်လွှင့်ပြမယ်” လျို့ရှမ့်က ပြုံးလိုက်၏။
လင်းဖန်အပေါ် သူ့သုံးသပ်မှုက ဆက်စပ်မှု ရှိပါသည်။
သို့သော်လည်း အနုပညာလောကက ရှုပ်ထွေး၏။
ဟွာစဲပစ်ချားမှ အစွမ်းကုန်ကြိုးစားပြီး ဖန်တီးထားသည့် ရုပ်သံစီးရီးကို ကျော်လွန်ဖို့ ဆိုတာ မလွယ်ကူတော့ပါ။
ဓားနှင့်နတ်သမီး ဒဏ္ဍာရီ Season 3 ကို ထုတ်လွှင့်ပြသပြီး ကြည့်ရှုသူ အဆင့်သတ်မှတ်ချက် ပေးဖို့က ရုပ်သံဌာန တစ်ခုသာ ရှိပါသည်။ တရုတ်သူရဲကောင်း၏ ထုတ်လွှင့်ပြသမှု အဆင့်သတ်မှတ်ချက် ၃.၈၄ ကို ကျော်လွန်နိုင်မလားဆိုတာလည်း မသေချာသေးပေ။
ထိုသို့ပြောပြီးနောက် လျို့ရှမ့် ခေါင်းခါလိုက်ပါသည်။
“လင်းခဲ့ရှင်း။ အရင်တုန်းက ငါ့ရကောင်မလေး လုပ်ဖို့ သဘောတူခဲ့မယ်ဆိုရင် အခုလောက်ဆို သေချာပေါက် စူပါစတား ဖြစ်နေလောက်ပြီ။ ဒါပေမယ့် နင်က အခွင့်အရေးကို လက်လွှတ်ခဲ့တာကိုး”
“လင်းဖန်ရဲ့ ကျားရှင်းဖျော်ဖြေရေးကို ရောက်သွားတော့ အနာဂတ်မှာ နင်ထင်ပေါ်ဖို့ ခက်ခဲတော့မယ်ထင်တယ်…”
“ဖျော်ဖြေရေးကုမ္ပဏီအသစ်ဆိုတော့ ငါပစ်မှတ်မထားရင်တောင် တခြားသူတွေက ပစ်မှတ်ထားကြမှာပဲ”
“ဒါက အနုပညာလောကပဲ။ ဒါ လက်တွေ့ဘဝပဲ”
လင်းဖန်မှာလည်း ပရိတ်သတ်များစွာ ရှိပါသည်။ ပရိတ်သတ်များစွာက ဓားနှင့်နတ်သမီး ဒဏ္ဍာရီ Season 1 ကို သဘောကျခဲ့ကြသည်။
ထိုပရိတ်သတ်တွေလည်း ရုပ်သံစီးရီး ထုတ်လွှင့်မည့်အချိန်ကု စောင့်မျှော်နေကြပါသည်။
ည ၈ နာရီ ၃ မိနစ်တွင် ဓားနှင့်နတ်သမီး ဒဏ္ဍာရီ Season 3 နောက်ဆုံးတော့ ထုတ်လွှင့် ပြသခဲ့ပါပြီ။
နေရာပေါင်းစုံရှိ ပရိတ်သတ်များက ကျဲကျန့် ရုပ်သံကို ဖွင့်လိုက်ပြီး ဓားနှင့်နတ်သမီး ဒဏ္ဍာရီ Season 3 ကို မျှော်လင့်တကြီး ကြည့်လိုက်ကြသည်။
ကျဲကျန့် ရုပ်သံ တိုက်ရိုက်ထုတ်လွှင့်မှုကို အွန်လိုင်းပေါ်ကကြည့်ပြီး ဓားနှင့်နတ်သမီး ဒဏ္ဍာရီ Season 3 ကို အားပေးနေကြသူတွေလည်း ရှိပါသည်။
“ဟာ ဓားနှင့်နတ်သမီး ဒဏ္ဍာရီ Season 3 ထုတ်လွှင့်မယ့် အချိန်ရောက်သွားပြီ”
“ဓားနှင့်နတ်သမီး ဒဏ္ဍာရီ Season 1 ဝမ်းနည်းစရာ ကောင်းလွန်းလို့ ငိုတောင် ငိုမိသွားတယ်။ ဓားနှင့်နတ်သမီး ဒဏ္ဍာရီ Season 3 လည်း ငါ့ကို ငိုအောင် မလုပ်ဖို့ မျှော်လင့်ရတာပဲ။ လင်းဖန် ဇာတ်နာတာတွေ ထပ်မလုပ်တော့ဖို့ မျှော်လင့်မိတယ်”
“ငါမျှော်လင့်နေပြီ…”
“လခွမ်း ဇာတ်ဝင်တေးကလည်း အရမ်း ကောင်းတယ်။ လင်းဖန် ရိုက်ကူးပြီး ပါဝင် သရုပ်ဆောင်ထားတဲ့ ရုပ်သံစီးရီးတိုင်းရဲ့ ဇာတ်ဝင်တေးတွေက အကုန်ကောင်းကြတယ်”
“ရှားဝမ်ချွေ့ကို မြင်လိုက်ပြီ။ ရှားဝမ်ချွေ့က အရမ်းလှတာပဲ။ သူ့ပုံစံက အရမ်းနူးညံ့ပြီး အပြစ်ကင်းစင်တယ်။ တကယ့်အလှလေးဆိုတာ ရှင်းနေတာပဲ။ ရှားဝမ်ချွေ့ရဲ့ ရှေးခေတ် အဝတ်အစားကလည်း အရမ်းလှတယ်”
“စုရှောင်းယွီကို မြင်လိုက်တယ်။ ငါတို့ ရှောင်းယွီလေး ဘာလို့ ဒီလောက်ကြည့်ကောင်းရတာလဲ”
“လင်းဖန်ကလည်း အရမ်းချောတာပဲ။ ရှုယန်ကောပဲ”
“ဒါ… ဒါဘယ်လို ကွန်ပျူတာ အထူး ပြုလုပ်ချက်တွေလဲ။ ဓားနှင့်နတ်သမီး ဒဏ္ဍာရီ Season 1 ထက်တောင် ပိုကောင်းသေးတယ်။ ဘုရားရေ ဒီလို ဇာတ်ဝင်ခန်းမျိုးတွေ၊ ကွန်ပျူတာ အထူးပြုလုပ်ချက်တွေကို မြင်ရမယ် ထင်မထားဘူး။ အံ့သြလိုက်တာ”
“တခြား ရုပ်သံဒရမ်မာတွေရဲ့ အပေါစား ကွန်ပျူတာအထူးပြုလုပ်ချက်တွေနဲ့ယှဉ်ရင် ဓားနှင့်နတ်သမီး ဒဏ္ဍာရီ Season 3 ရဲ့ ကွန်ပျူတာ အထူးပြုလုပ်ချက်တွေက ငွေတွေ အများကြီး သုံးထားမှန်း သိသာတယ်”
“ဓားနှင့်နတ်သမီး ဒဏ္ဍာရီ Season 3 မှာ ရင်းနှီးမြှုပ်နှံငွေ သန်း ၆၀၀ ရှိတယ်လို့ ကြားမိတယ်နော်။ လင်းဖန်က ဒီရုပ်သံဒရမ်မာ ထုတ်လုပ်ဖို့ သန်း ၆၀၀ လောက်သုံးစွဲပြီး အကောင်းဆုံး ကွန်ပျူတာ အထူးပြုလုပ်ချက်တွေကိုပဲ သုံးထားတယ်။”
ပရိတ်သတ်များ အံ့အားသင့်လွန်းနေသဖြင့် အချိန် ၃ နာရီမှာ ဘာမှန်း မသိလိုက်ဘဲ ကုန်လွန်သွားခဲ့သည်။
ဓားနှင့်နတ်သမီး ဒဏ္ဍာရီ Season 3 လည်း ပထမ ၃ ပိုင်းကို ထုတ်လွှင့်ပြသမှု ပြီးဆုံးသွားပါပြီ။
ပထမပိုင်းတွင် ခေါင်းဆောင်မင်းသား လင်းဖန်၊ ခေါင်းဆောင်မင်းသမီး ရှားဝမ်ချွေ့တို့ ပါလာပြီဖြစ်သည်။
ရှားဝမ်ချွေ့၏ တက်ကြွမှုနဲ့ ချစ်ဖို့ကောင်းမှုများကို ထင်ထင်ရှားရှား ပုံဖော်ထားသည်။
ပရိတ်သတ်က ရှားဝမ်ချွေ့၏ သရုပ်ဆောင် စွမ်းရည်ကို ထပ်မြင်လိုက်ရပြန်ပါပြီ။
လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ကို ဇာတ်ဝင်ခန်း တစ်ခုအတွင်း ထပ်မြင်ကြရပြီ။
ဒုတိယအပိုင်းတွင် ချောမောသည့် ရှုယန ပါလာသည်။
ရုပ်သံဒရမ်မာတစ်ခုလုံး၏ ဇာတ်လမ်း ဇာတ်ကွက် စတင်ခဲ့ပါသည်။
အပိုင်း ၃ ပိုင်းစလုံးကို ထုတ်လွှင့်ပြသပြီးနောက် အင်တာနက်ပေါ်က ၎င်းရဲ့ ရေပန်းစားမျုက Weibo ၏ ရေပန်းစား ရှာဖွေမှုများ၏ ထိပ်ဆုံးကို တန်းရောက်သွားလိမ့်မည်ဟု မထင်ထားပါ။
အင်တာနက်ပေါ်မှာလည်း Review ကောင်းများ ဖြင့်ပြည့်နှက်နေပြီး Review တစ်ခုမှ အဆိုး မပါပေ။
ဓားနှင့်နတ်သမီး ဒဏ္ဍာရီ Season 3 ၏ Weibo မှာ ရေပန်းစားမှုက ၅ သန်းကျော်သွားပါပြီ။
ဒုတိယအဆင့်ရှိ တရုတ်သူရဲကောင်း၏ ရေပန်းစားမှုက ၂ သန်းသာ ရှိသည်။
ဓားနှင့်နတ်သမီး ဒဏ္ဍာရီ Season 3 ကို ဒီနေ့မှ ထုတ်လွှင့်ပြသတာ ဖြစ်သော်လည်း ဒီလို စံချိန်ကို ရရှိခဲ့ပါသည်။
တရုတ်သူရဲကောင်းကို ဒီနေ့မှာလည်း ထုတ်လွှင့်ပြသနေသည်။ ၎င်း၏ ရေပန်းစားမှုက ဓားနှင့်နတ်သမီး ဒဏ္ဍာရီ Season 3 လောက် မမြင့်ပါ။
အွန်လိုင်းပေါ်က ပရိတ်သတ်များ မှင်သက်သွားရ၏။
ထပ်တင်ပေးဖို့ တောင်းဆိုနေသည့် ကြည့်ရှုသူ များစွာ ရှိပါသည်။
“လင်းဖန်ရိုက်ထားတဲ့ ဓားနှင့်နတ်သမီး ဒဏ္ဍာရီ Season 3 က ငါမျှော်လင့်ထားတာထက် အများကြီး သာလွန်နေတယ်။ အသေးစိတ်တွေ၊ ဇာတ်လမ်းဇာတ်ကွက်၊ ကွန်ပျူတာ အထူးပြုလုပ်ချက်နဲ့ ဇာတ်ကောင်တွေ အကုန်လုံး ပြီးပြည့်စုံတယ်”
“ဓားနှင့်နတ်သမီး ဒဏ္ဍာရီ Season 3 လောက် အသေးစိတ်တိုင်းကို ပုံဖော်ကောင်းတဲ့ ရုပ်သံဒရမ်မာ တခြား မရှိနိုင်တော့ဘူး။ သန်း ၆၀၀ ရင်းနှီးမြှုပ်နှံထားတဲ့ ရုပ်သံစီးရီး ဆိုတဲ့အတိုင်းပဲ။ ကျေးဇူးပြုပြီး ထပ်တင်ပေးပါဦး”
“လင်းဖန်က တကယ်ချောတာပဲ။ ရှားဝမ်ချွေ့ကလည်း အရမ်းချိုမြိန်တယ်။ သူတို့နှစ်ယောက်က ချစ်သူတွေမှန်း သိသာတယ်။ သူတို့ သရုပ်ဆောင်စွမ်းရည်တွေလည်း ဒီရုပ်သံဒရမ်မာထဲမှာ အရမ်းကောင်းမွန်ကြတယ်”
“ငါအပိုပြောတာ မဟုတ်ဘူး။ ဓားနှင့်နတ်သမီး ဒဏ္ဍာရီ Season 3 ရဲ့ ကွန်ပျူတာ အထူး ပြုလုပ်ချက်တွေနဲ့ ရုပ်ထွက်နည်းပညာတွေက တရုတ်သူရဲကောင်းထက် အများကြီး ပိုသာတယ်။ ဇာတ်လမ်းဇာတ်ကွက်ကတောင် တရုတ်သူရဲကောင်းကို လုံးဝ အနိုင်ယူသွားပြီ”
“ဒါကမှ ငါတို့နိုင်ငံရဲ့ တကယ့် ရှန်းရှ ဒရမ်မာ အစစ်ကွ။ ဒါကမှ ရှန်းရှ ဒရမ်မာတွေရဲ့ အထွတ်အထိပ်ပဲ”
“လင်းဖန်ရဲ့ ဓားနှင့်နတ်သမီး ဒဏ္ဍာရီ Season 1 က ရှန်းရှ ဒရမ်မာတွေအတွက် ရှေ့ဆောင် လမ်းပြ လုပ်ပေးခဲ့တာ။ ဓားနှင့်နတ်သမီး ဒဏ္ဍာရီ Season 3 က ရှမ်းရှ ဒရမ်မာတွေကို အထွတ်အထိပ်ရောက်အောင် ခေါ်ဆောင် ပေးသွားမှာ”
“ဒီတီဗီရှိုးကိုလည်း စောင့်ကြည့်နေမယ်ကွာ။ တခြား အကြောင်းအရင်းတော့ မရှိပါဘူး။ ကောင်းလွန်းတာကိုး”
တစ်ချိန်တည်းမှာပင် ရုပ်သံစီးရီး ထုတ်လွှင့်ပြသမှုအတွက် ကြည့်ရှုသူ အဆင့်သတ်မှတ်ချက်များ ထွက်လာပါပြီ။
ဓားနှင့်နတ်သမီး ဒဏ္ဍာရီ Season 3 အတွက် ကြည့်ရှုသူအဆင့်သတ်မှတ်ချက်များက ၄.၈၄ ရာခိုင်နှုန်းလောက်အထိ မြင့်မားသည်။
တရုတ်သူရဲကောင်း၏ ၃.၈၄ ရာခိုင်နှုန်းထက် ၁ ရာခိုင်နှုန်းတောင် ပိုများပါသည်။
ကျားရှင်းဖျော်ဖြေရေးက သတင်းကိုကြားတော့ မတ်တပ်ပင် ထရပ်လိုက်မိကြသည်။
ရှားဝမ်ချွေ့ မျက်လုံးတွေ နီသွားပါသည်။
ဒီလောက် အတိုက်အခံများပြားသည့် အခြေအနေများအောက်တွင် ဓားနှင့်နတ်သမီး ဒဏ္ဍာရီ Season 3 ရေပန်းစားလာနိုင်ဦးမည်ဟု ဘယ်သူက ထင်မည်နည်း။
ဒီတစ်ခေါက်… တကယ်ကြီး ရေပန်းစားလာခြင်း ဖြစ်သည်။
ဒီတစ်ခေါက် ဒေတာများက ဓားနှင့်နတ်သမီး ဒဏ္ဍာရီ Season 1 ထက်တောင် ပိုကောင်းနေပါသည်။
ယခင် သမိုင်းဝင်စံချိန်အားလုံးကို ထပ်မံ ချိုးဖောက်လိုက်သည်။
ထို့အပြင် ဓားနှင့်နတ်သမီး ဒဏ္ဍာရီ Season 3 က အင်မာတယ် ဓားရာဇဝင်ကိုတောင် လုံးဝ အနိုင်ယူသွားခဲ့ပါပြီ။