တရုတ်နိုင်ငံမှာ သမိုင်းတွင်ခဲ့ပြီ
Vol. 22 Ch. 328
ကျားရှင်းဖျော်ဖြေရေးတွင်…
ကျဲကျန့်ရုပ်သံဌာနမှ ပို့ပေးလိုက်သည့် မက်ဆေ့နဲ့အတူ လင်းဖန် ထွက်လာခဲ့ပြီး ဝန်ထမ်းများကို ကြည့်လိုက်ပါသည်။
“အားလုံးပဲ။ ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 ရဲ့ ထုတ်လွှင့်ပြသမှု ကြည့်ရှုသူအဆင့်သတ်မှတ်ချက်တွေ ထွက်ပေါ်လာပါပြီ”
“ကြည့်ရှုသူ အဆင့်သတ်မှတ်ချက်က ၄.၈၄ ရာခိုင်နှုန်းပါ”
“ကျားရှင်းဖျော်ဖြေရေးကနေ ပထမဆုံး ရိုက်ကူးလိုက်တဲ့ ရုပ်သံဒရမ်မာ၊ ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 က သမိုင်းဝင်စံချိန်ကို ချိုးသွားပါပြီ”
“အာနည်းချက်တွေအများကြီး ရှိနေတာတောင် ကျွန်တော်တို့ရဲ့ ရုပ်သံစီးရီး ကြည့်ရှုသူ အဆင့်သတ်မှတ်ခက်က ၄.၈၄ ရာခိုင်နှုန်းလောက် ရခဲ့တယ်။ ဟွာစဲပစ်ချားရဲ့ ကြည့်ရှုသူအဆင့်သတ်မှတ်ချက်ထက်တောင် ပိုများပါသေးတယ်”
“ကျွန်တော်တို့ သမိုင်းဝင်စံချိန်သစ် တစ်ခုကို ရေးထိုးနိုင်ခဲ့ပြီ”
“ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 အောင်မြင်သွားပါပြီ”
လင်းဖန် ပြောပြီးနောက် ကျားရှင်းဖျော်ဖြေရေးမှ ဆယ်လီများစွာ မတ်တပ်ရပ်လိုက်ကြသည်။
ပထမဆုံး မတ်တပ်ရပ်သူက ရှုယန် ဖြစ်သည်။
ရှုယန်က သူ့ခုံပေါ်တက်ကာ မတ်တပ်ရပ်လိုက်ပြီး လက်သီးဆုပ်လျက် ဝံ့ကြွားနေသည့်ပုံစံပင်။
“နာမည်ကြီးပြီ… တကယ် နာမည်ကြီးသွားပြီကွ” အချိန်အကြာကြီး သိပ်သည်းထားရပြီးမှ ပေါက်ထွက်သွားသလိုမျိုး ရှုယန်၏ ပါးများ နီရဲသွားသည်။
“ငါတို့ ရိုက်ထားတဲ့ ရုပ်သံဒရမ်မာ အောင်မြင်သွားပြီကွ”
“အား အစ်ကိုဖန် ငါတို့လုပ်နိုင်ခဲ့ပြီ ငါတို့လုပ်နိုင်ခဲ့ပြီကွ” ဖန်တုံတုံလည်း တက်ကြွစွာ အားပေးလိုက်ပါသည်။
“ဆရာ… ကောင်းလိုက်တာ ငါတို့ ရုပ်သံဒရမ်မာ နောက်တစ်ခေါက် နာမည်ကြီးသွားပြန်ပြီ” စုရှောင်းယွီလည်း အားပေးသလိုက်ပါသည်။
“လခွမ်း။ ရက်တွေတောင် တော်တော် ကြာခဲ့ပြီ။ ငါတို့ကို ဟွာစဲပစ်ချားက ကောင်တွေက အနိုင်ကျင့်ပြီး ဒုက္ခပေးပေါင်းများပြီ။ ဒီနေ့ ထုတ်လွှင့်ပြသမှုက အောင်မြင်သွားပြီ။ ငါတို့ကို အားပေးနေတဲ့ ပရီတ်သတ်တွေလည်း အများကြီး ရသွားပြီ။ ငါတို့အောင်ပြီ။ ငါတို့တကယ်အောင်ပြီကွ” ရှုယန် အော်လိုက်ပါသည်။
ရိုက်ကူးရေးလုပ်ရသည့် လက ဝန်ထမ်း အားလုံးအတွက် ပင်ပန်းရဆုံး လ ဖြစ်သည်။
နေ့တိုင်း ၁၄ နာရီဝန်းကျင်လောက် အလုပ်လုပ်ရပြီး ဒရမ်မာကို ကောင်းမွန်အောင် ရိုက်ကူးရသည်။ တစ်ခါတစ်လေ ဒရမ်မာ ရိုက်ကူးဖို့အတွက် တစ်ညလုံး မအိပ်ရသည့် ညများလည်း ရှိပါသည်။
ဆယ်လီများစွာက ကောင်းကောင်း မအိပ်ကြရပေ။ ဒီရုပ်သံဒရမ်မာ၏ အသေးစိတ်တိုင်းကို လင်းဖန်က ပြီးပြည့်စုံအောင် အချောသပ်ပေးခဲ့ပါသည်။
အားလုံးက ဒီရုပ်သံဒရမ်မာအတွက် အများကြီး အားစိုက်ထုတ်ခဲ့ကြ၏။
တစ်ခါတစ်လေ ရိုက်ကွင်းနေရာ ခဏခဏ ပြောင်းရပြီး ရိုက်ကူးရေးလုပ်ဖို့ အဝေးကြီး ခရီးသွားရလေ့ ရှိသည်။
ကြယ်ပွင့်တွေအားလုံးက အခက်အခဲကို ခံနိုင်ရည်ရှိပါသည်။
လှလှပပ စုရှောင်းယွီလေးတောင် ရိုက်ကူးရေး လုပ်နေစဉ် မျက်နှာပေါ် ရွှံ့တွေစင်၊ အဝတ်အစားတွေ ညစ်ပေခဲ့သည်။
သို့သော်လည်း ဘယ်သူမှ ဂရုမစိုက်ကြပေ။ ရိုက်ကူးရေးက ဘယ်လောက်ပဲ ခက်ခဲနေပါစေ ဒရမ်မာကောင်းတစ်ခုကို ထုတ်လုပ်နိုင်စေဖို့ အတွက်သာ ဖြစ်သည်။
သူတို့ရဲ့ မျိုသိပ်ထားရသည့် ဒေါသအားလုံး ယခု ပေါက်ထွက်သွားကြပါသည်။
ဒီရုပ်သံစီးအီး အောင်မြင်သွားသည်။ ထိုစကားလုံးများက သရုပ်ဆောင်အားလုံးရဲ့ ရင်ထဲသို့ ဝင်ရောက်သွားခဲ့ပါသည်။
“ဘောစ်လင်း ကျွန်တော်တို့ ရိုက်ကူးထားတဲ့ ရုပ်သံဒရမ်မာက ရေပန်းစားလာတယ်။ ဘော့စ်ဖေးရဲ့ အချိန် အကြာကြီး အားထုတ်ကြိုးပမ်းခဲ့မှုတွေကြောင့်ပေါ့”
“ဘော့စ်လင်းရဲ့ သရုပ်ဆောင်စွမ်းရည်တွေ ကောင်းလို့လည်း အဓိက ပါတယ်။ နောက်ဆက်တွဲ ထုတ်လုပ်ရေးတွေမှာပါ သူ ကူညီခဲ့သေးတယ်”
“ဘော့စ်လင်းကြောင့်သာ မဟုတ်ရင် ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 ရေပန်းစားလာနိုင်မှာ မဟုတ်ဘူး။ ငါတို့ ဒီနေ့ ဒီနေရာ ရောက်လာနိုင်တာ ဘော့စ်ဖေးရဲ့ အခန်းကဏ္ဍက အများကြီး ပါခဲ့တယ်”
ကုမ္ပဏီရဲ့ ဆယ်လီများစွာ လင်းဖန်ကို ချီးကျူးလိုက်ကြသည်။ သူတို့ ပြောတာ မှန်ပါသည်။
လင်းဖန်မပါဘဲ ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 ဒီအမြင့်ထိကို ရောက်လာနိုင်မှာ မဟုတ်ပါ။
ထို့အပြင် ဒါတောင် အစပဲ ရှိပါသေးသည်။
ထုတ်လွှင့်ပြသသည့် ပထမနေ့မှာတင် ဒီလို ရလဒ်မျိုးတွေ ထွက်လာခဲ့၏။
နောက်ပိုင်း ကြည့်ရှုသူအဆင့်သတ်မှတ်ချက် ဘယ်လောက်တောင် ထပ်မြင့်သွားဦးမလဲ မသိကြပါ။
ဒီရုပ်သံစီးရီး ပေါက်သွားတာကို သံသယ ဖြစ်စရာ မရှိတော့ပေ။
ကျားရှင်းဖျော်ဖြေရေးက ဟွာစဲပစ်ချားကို အနိုင်ယူသွားခဲ့ပါပြီ။
ဆယ်လီများစွာ အားပေးပျော်ရွှင်နေကြသည့်အခါ လင်းဖန်လည်း အနည်းငယ် ပျော်ရွှင်သွားပါသည်။
ဟွာစဲပစ်ချားကို ဒီတစ်ခေါက် အနိုင်မယူနိုင်လောက်တော့ဘူးဟု သူကိုယ်တိုင်လည်း ထင်ခဲ့ပါသည်။ နောက်ဆုံးတော့ သူအောင်မြင်ခဲ့သည်။
“ဝမ်ချွေ့ ငါတို့အောင်မြင်ပြီ။ တကယ် အောင်မြင်သွားပြီ” လင်းဖန်က ရှားဝမ်ချွေ့ကို ကြည့်ကာ ပြုံးလိုက်ပါသည်။
“ဟုတ်တယ် ငါတို့ အောင်မြင်သွားပြီ” ရှားဝမ်ချွေ့က ညင်သာစွာ ခေါင်းငြိမ့်လိုက်ပါသည်။
“ဒီတစ်ခေါက် လူကြီးတွေ လုပ်တဲ့ဟာမျိုး လုပ်ချင်တယ်။ နင်မငြင်းရဘူးနော်” လင်းဖန် ပြုံးလိုက်၏။
“နင်…” ရှားဝမ်ချွေ့က လင်းဖန်ကို မျက်လုံး လှလှလေးများဖြင့် ကြည့်ကာ ရှက်သွေးဖြာသွားခဲ့ပါသည်။
ထို့နောက် လင်းဖန် သူမကို နမ်းရှိုက်လိုက်၏။
ကုမ္ပဏီထဲကပ ဆယ်လီများစွာ၏ ရှေ့မှောက်တွင် လင်းဖန် ရှားဝမ်ချွေ့ကို နမ်းလိုက်ပါသည်။
ထိုမြင်ကွင်းကို ရိုက်ယူထားသည့် ကင်မရာ တစ်လုံးလည်း ရှိနေခဲ့သည်။
လင်းဖန် ရှားဝမ်ချွေ့ကို နမ်းရှိုက်နေသည့် ပုံရိပ်က လှပသည့် ဓာတ်ပုံတစ်ပုံထဲတွင် ရပ်တန့်သွားသည်။
“ငိုတောင်ငိုချင်လာပြီး။ ငါတို့ရှေ့မှာ ထပ်ပြီး လုပ်ကြပြန်ပြီ”
“သူများတွေကို အနိုင်ကျင့်ပြန်ပြီလား။ ဘော့စ်လင်းကတော့ သူ့အချစ်ကို လာကြွားနေပြန်ပြီ”
“သူများရှေ့မှာ လာကြည်နူးပြတဲ့အတွဲတွေကို ပြေးရိုက်ချင်ပေမယ့် ဘော့စ်လင်းဆိုတော့ မရိုက်ရဲပါဘူး။ ဘာလုပ်ရမလဲ”
ခေတ္တကြာမှ လင်းဖန် ရှားဝမ်ချွေ့ကို လွှတ်လိုက်ပါသည်။
ရှားဝမ်ချွေ့ အသက်ရှူတောင် အနည်းငယ် ကြပ်သွားသည်။ သူမ ရှက်သွေးဖြာနေပြီး လင်းဖန်ကို စိုက်ကြည့်နေပါသည်။
လင်းဖန်က အခုဆို သူမကို လူမြင်းကွင်းမှာတောင် အနိုင်ကျင့်ရဲနေပါပြီ။
သူမ စိတ်ဆိုး၊ အားနည်းကာ အကူအညီ မဲ့သွားသည်။
ရှားဝမ်ချွေ့ကို ဒီလိုပုံစံမျိုးဖြင့် မြင်လိုက်ရသည့်အခါ လင်းဖန် ရင်ခွင်ထဲတွင် တင်းကြပ်စွာ ဖကထားလိုက်၏။ သူမကို လေထဲ ပွေ့ချီမြောက်လိုက်ပြီး ပြုံးပျော်စွာဖြင့် လှည့်လိုက်ပါသည်။
ရှားဝမ်ချွေ့လည်း အနည်းငယ် ရှက်သွားပြီး သူမလက်ကို လင်းဖန်၏ ပခုံးပေါ်တင်လိုက်သည်။
ဘယ်လောက်လှပလိုက်တဲ့ မြင်ကွင်းလေးလဲ။
စုရှောင်းယွီလည်း လက်ခုပ်တီးကာ အားပေးလိုက်သည်။ သူမ ချိုမြိန်စွာပဲ ပြုံးလိုက်ပါသည်။
ကျဲကျန့်ရုပ်သံရှိ ဝန်ထမ်းများလည်း အောင်ပွဲခံနေကြပါသည်။
“လခွမ်း လင်းဖန်ရဲ့ ရုပ်သံဒရမ်မာက တကယ်ကြီး သမိုင်းဝင် စံချိန်ကို ချိုးသွားတာပဲ။ မိုက်လိုက်တာကွာ။ စတင် ထုတ်လွှင့်ပြသတဲ့ နေ့မှာတင် ကြည့်ရှုသူ အဆင့်သတ်မှတ်ချက်က ၄.၈၄ ရာခိုင်နှုန်းတဲ့ လင်းဖန် ဘယ်လိုများလုပ်လိုက်တာလဲ…”
“လင်းဖန် ညစ်ပတ်ထားတာလို့ ငါတော့ ထင်မိတယ်။ ယုတ္တိရှိရှိပြောရရင် ကြည့်ရှုသူ အဆင့်သတ်မှတ်ချက် ၂ ရာခိုင်နှုန်း ကျော်ရင်တောင် တော်တော်များပြားတဲ့ ပမာဏ ဖြစ်နေပြီ။ ၂.၃ ရာခိုင်နှုန်းထက် ပိုရင် ဒီရုပ်သံဒရမ်မာ တကယ် နာမည်ကြီးသွားပြီ ဆိုတဲ့ သဘောပဲ။ ၄.၈၄ ရာခိုင်နှုန်းထက် ပိုရင်တော့… ဒါညစ်ပတ်တာလို့ပဲ ခေါ်လို့ ရလိမ့်မယ်”
“ဒါ ပရိတ်သတ်တွေအများကြီးက ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 ကို သဘောကျတယ်ဆိုတဲ့ သဘောပဲပေါ့ကွ။ ကွန်ပျူတာ အထူးပြုလုပ်ချက်တွေ၊ ဇာတ်လမ်းဇာတ်ကွက်နဲ ရုပ်သံစီးရီး ထုတ်လုပ်မှုတွေ အားလုံးက အကုန် ကောင်းကြတယ်။ ဒီလောက် ရလဒ်ကောင်းတွေ ရလာနိုင်တာ အားလုံး လင်းဖန်ကြောင့်ပဲ”
“လင်းဖန်က တရုတ်ရုပ်သံဒရမ်မာလောကကို ကိုယ်တိုင် ပြောင်းလဲပေးခဲ့ပြီ။ သူ သမိုင်းသစ် ရေးထိုးလိုက်နိုင်ပြီ”
“ရုပ်သံဌာနတွေအားလုံး တရုတ်သူရဲကောင်းကို အထင်ကြီးနေကြချိန်မှာ လီချင်းချင်းက လင်းဖန်နဲ့ ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 ကို ယုံကြည်ခဲ့တယ်။ အခု ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 ရေပန်းစားလာတော့ ငါတို့ ရုပ်သံဌာနလည်း နာမည်ကြီးပြီပဲ။ လီချင်းချင်းလည်း တော်ပါပေတယ်”
“ဘုရားဘုရား။ ဒါ လင်းဖန်ရဲ့ စတုတ္ထမြောက် ရုပ်သံဒရမ်မာ မဟုတ်လား။ သူ့ဒရမ်မာ ၄ ကားစလုံးက နာမည်ကြီးခဲ့တာ။ ဒီလူက နတ်ဘုရားများလား။ သူရိုက်လိုက်တဲ့ ရုပ်သံဒရမ်မာတိုင်းက ဘာလို့ ဒီလို ရလဒ်တွေ ရနေတာလဲ”
“ကံကောင်းလို့ ငါတို့ လင်းဖန်ကို ယုံကြည်ခဲ့လို့ သာပဲပေါ့။ အခု ငါတို့ ကုမ္ပဏီ ရှယ်အောင်မြင်နေပြီး တခြား ရုပ်သံဌာနတွေ အရှုံးပေါ်နေပြီ”
“မြန်မြန် မြန်မြန်။ ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 ကိုထုတ်လွှင့်ပြသခွင့် နောက်ထပ် ၁၀ နှစ်စာ ဝယ်လိုက်။ ဒီလို ရုပ်သံဒရမ်မာမျိုးက သေချာပေါက် ဂန္တဝင် လက်ရာဖြစ်လာမှာ။ သမိုင်းဝင်တစ်ခု ဖြစ်လာပြီး ပရိတ်သတ်တွေရဲ့ ရင်ထဲမှာ ထာဝရ အမှတ်တရ တစ်ခု ဖြစ်လာလိမ့်မယ်”
ထိုသတင်းကြောင့် ကျဲကျန့်ရုပ်သံဌာန၏ စီအီးအိုတောင် သတိထားမိသွားပါသည်။
ထိုသတင်းကို ကြားသောအခါ ကျဲကျန့်ရုပ်သံစီအီးအို၏ လက်တွေတောင် တုန်လာပါသည်။
ကျဲကျန့်ရုပ်သံကနေ ဒီလို ရေပန်းစားတဲ့ ဒရမ်မာမျိုးကို ထုတ်လွှင့်ပြသနိုင်ခဲ့တာ ဘယ်လောက်ကြာခဲ့ပြီလဲ။
“ဒါ… မဖြစ်နိုင်ဘူး။ ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 ရဲ့ ကြည့်ရှုသူ အဆင့်သတ်မှတ်ချက်က ၄.၈၄ ရာခိုင်နှုန်းတဲ့။ ဒီလိုရလဒ်တွေနဲ့… လင်းဖန်က တော်လွန်းတယ်လို့ပဲ ပြောနိုင်တော့တယ်” ကျဲကျန့် ရုပ်သံရှိ စီအီးအိုလည်း သုံးသပ်ချက် ပေးလိုက်ပါသည်။
သူ့မျက်လုံးများက အံ့အားသင့်မှုများဖြင့် ပြည့်နှက်သွား၏။
ဘယ်လို ဒါရိုက်တာနဲ့ ဇာတ်ညွှန်းဆရာမျိုးက ဂန္တဝင်လက်ရာတွေ တစ်ခုပြီး တစ်ခု ထုတ်လုပ်နိုင်မှာလဲ။
သူ့အကြောင်း စကားတစ်ခွန်တည်းနဲ့ ဖော်ပြရမယ်ဆို… လက်ရှိခေတ်ရဲ့ ပါရမီရှင် ဖြစ်သည်။
အနုပညာလောကထဲက ဒါရိုက်တာနတ်ဘုရား လင်းဖန် ဖြစ်ပါသည်။