အဓိက ရုပ်သံဌာနကြီးများ သတိထားမိခြင်း
Vol. 22 Ch. 329
ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 ၏ ရလဒ်များက အနုပညာလောကထဲက လူတိုင်းကို တုန်လှုပ်သွားစေခဲ့ပါသည်။
အဓိက အနုပညာ ကုမ္ပဏီကြီးများ အားလုံးကိုလည်း တုန်လှုပ်သွားစေခဲ့၏။
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ကြည့်ရှုသူ အဆင့်သတ်မှတ်ချက် ၄.၈၄ ရာခိုင်နှုန်း ဘယ်သူက ရနိုင်မှာလဲ”
“ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 က တကယ်ကောင်းတယဆိုတာ ဝန်ခံရမယ်။ ကွန်ပျူတာ အထူးပြုလုပ်ချက်တွေကော၊ သရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်စွမ်းရည်ကော၊ တီဗီစီးရီးထဲက အသေးစိတ်တွေကော အားလုံးက ပြီးပြည့်စုံကြတယ်”
“ဒီလို ရုပ်သံစီးရီး ရေပန်းစားလာတာ ဖြစ်သင့်ပါတယ်”
“ဒီရုပ်သံဒရမ်မာထဲမှာ အကျော်အမော်တွေ အများကြီးလည်း ပါတယ်လေ။ ရှားဝမ်ချွေ့၊ စုရှောင်းယွီ၊ လင်းဖန်၊ လင်းကျင်းကျင်း၊ ရှုယန်၊ လင်းခဲ့ရှင်းတို့ပေါ့။ ဘယ်လောက်တောင် ကောင်းလိုက်တဲ့ သရုပ်ဆောင်စာရင်းလဲ”
“လင်းဖန်က တကယ့် ရတနာတစ်ပါးပဲ။ သူ ယွဲ့ဟွာမှာ ရှိနေတုန်းက မှင်သက်စရာ အစွမ်းအစတွေကို ထုတ်ပြပြီးပြီ။ အခု သူ့ကိုယ်ပိုင် ကုမ္ပဏီကို တည်ထောင်လိုက်ပြန်တော့လည်း ဘာမှ ပြောစရာ မလိုဘူး။ ငါတို့ ကျားရှင်းဖျော်ဖြေရေးနဲ့ ဆက်ဆံရေးကောင်းအောင် လုပ်မှ ဖြစ်မယ်”
“တစ်နေ့နေ့ကျ ငါတို့ ကုမ္ပဏီ လက်အောက်က အနုပညာရှင်တစ်ယောက် ကျားရှင်းဖျော်ဖြေရေးကနေ ရိုက်ကူးတဲ့ ရုပ်သံဒရမ်မာထဲမှာ ပါဝင် သရုပ်ဆောင်နိုင်မယ်ဆိုရင် အဲ့ဒီ အနုပညာရှင် နာမည်ကြီးသွားနိုင်တယ်။ လင်းဖန် မကြာသေးခင်တုန်းက ခေါ်ယူထားတဲ့ တက်သစ်စ သရုပ်ဆောင် ဖန်တုံတုံတောင် အခု နာမည်ကြီးလာပြီလေ”
အကြီးစား ဖျော်ဖြေရေး ကုမ္ပဏီကြီးတွေအားလုံး တုန်လှုပ်သွားခဲ့ရပါသည်။
လင်းဖန်ရဲ့ ရုပ်သံဒရမ်မာ ၄ ခုစလုံး ဆက်တိုက် ပေါက်သွားခဲ့သည်ဟူသည့် အချက်ကြောင့် ဖျော်ဖြေရေးကုမ္ပဏီများစွာက သူ့အစွမ်းအစကို အသိအမှတ်ပြုလာကြပါသည်။
စျေးကွက်ကလည်း လင်းဖန်ကို အသိအမှတ်ပြုသည်။
လင်းဖန်၏ ရုပ်သံစီးရီး မှန်သမျှက ရေပန်း စားလာနိုင်သည်။ ဒီလောက် ရိုးရှင်းပါသည်။
ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 ၏ ရေပန်းစားမှုက လုံးဝ ပေါက်ထွက်သွားခဲ့ပါသည်။
ရုပ်သံစီးရီးတစ်ခုလုံးမှာ ပါဝင်ကြသော သရုပ်ဆောင်အားလုံး နာမည်ကြီးလာခဲ့သည်။
ဖန်တုံတုံက တက်သစ်စဖြစ်သော်လည်း ကြယ်ပွင့်ကြီးတစ်ပွင့် ဖြစ်လာပါပြီ။၊
အင်တာနက်ပေါ်မှာ ဖန်တုံတုံအကြောင်း ပြောနေကြတာတွေနဲ့ ပြည့်နှက်နေပါသည်။ ကြည့်ရှုသူအားလုံးနီးပါးက ဖန်တုံတုံကို သဘောကျကြသည်။
လင်းဖန်ရဲ့ ရုပ်သံဒရမ်မာက ဖန်တုံတုံကို တက်သစ်စတစ်ယောက်မှ ကြယ်ပွင့်ကြီး တစ်ယောက်ဖြစ်သွားအောင် ပြုလုပ်ပေးနိုင်ခဲ့သည်။
တစ်ချိန်တည်းမှာပင် MangoTV ရှိ ဝန်ထမ်းများက နောင်တများပြည့်နှက်သွားကြသည်။
“လင်းဖန်ရဲ့ ရုပ်သံဒရမ်မာ ဘာလို့ ဒီလောက် ရေပန်းစားလာပြန်တာလဲ…”
“ပထမနေ့ရဲ့ ဒေတာတွေနဲ့တင် တရုတ်သူရဲကောင်းကို ကျော်တက်သွားပြီ။ ငါတို့ အရင်တစ်ခေါက်က လင်းဖန်ကိုသာ လက်ခံခဲ့ရင်… MangoTV ရေပန်းထပ်စားလာနိုင်တယ်”
“ဟူး… ငါ လင်းဖန်ကို ယုံကြည်ခဲ့သင့်တာ။ ပြဿနာက လင်းဖန် ဒီလောက်တော်မယ်လို့ ဘယ်သူက ထင်မှာလဲ… သူ ရိုက်ကူးတဲ့ ရုပ်သံဒရမ်မာတိုင်းက ဘယ်လိုပဲ ရိုက်ကူး ရိုက်ကူး အောင်မြင်လာကြတာချည်းပဲ။ လင်းဖန် ဒီလောက်ထူးချွန်မယ်လို့ ဘယ်သူမှ ထင်ထားမှာ မဟုတ်ဘူးလေ” MangoTV မန်နေဂျာက ပြောလိုက်၏။
“ဒါဆို ကျွန်မတို့ ဘာလုပ်ကြမလဲ ဂျာကြီး” လက်ထောက်က မေးလိုက်ပါသည်။
“တခြား နည်းလမ်းမရှိတော့ဘူး။ အကွက်ရွှေ့ပြီး ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 တဖန် ထုတ်လွှင့်ပြသခွင့်ကို ဝယ်ဖို့ ကြိုးစားကြည့်ရအောင်။ ဒီရုပ်သံစီးရီး ဇာတ်သိမ်းသွားပြီဆုရင် ငါတို့ ထပ်ပြီး ထုတ်လွှင့်ပြသလို့ရလောက်တယ်”
“ဂန္တဝင်လက်ရာ ရုပ်သံရှိုးတစ်ခုက ပြန်လည်ထုတ်လွှင့်ပြသမှုတိုင်းမှာ အောင်မြင်နိုင်တယ်။ အနောက်ဘက်သို့ ခရီးနှင်ခြင်းကိုပဲ ကြည့်လိုက်။ ဘယ်နှကြိမ်ပဲ ပြန်ပြပြ ပရိတ်သတ်က ကြိုက်နှစ်သက်ကြတုန်းပဲလေ” MangoTV မန်နေဂျာက ပြောလိုက်သည်။
အကြီးစား ရုပ်သံဌာနများ၏ မန်နေဂျာများလည်း ထိုနည်းလည်းကောင်း ဆုံးဖြတ်ချက် ချခဲ့ကြပါသည်။
သူတို့ ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 ရဲ့ ပြန်လည် ထုတ်လွှင့်ပြသခွင့်ကို ဝယ်ယူကြတော့မည်။
သူတို့ ယခင်တုန်းက ဆုံးဖြတ်ချက် အမှားများ ချခဲ့မိသဖြင့် အခုမှ ပြန်ပြင်ဖို့ အလွန်ခက်ခဲသွားပါပြီ။
သူတို့လင်းဖန်ဆီသွားပြီး ပြန်လည် ထုတ်လွှင့် ပြသခွင့်ကိုသာ ဝယ်ယူနိုင်တော့သည်။ သူတို့ ဝယ်နိုင်ပါက တန်ပါလိမ့်မည်။
လင်းဖန် ရုပ်သံဒရမ်မာသစ် ရိုက်ကူးလျှင် ဘာပဲဖြစ်ဖြစ် ထုတ်လွှင့်ပြသခွင့်ကို ဝယ်ယူတော့မည်ဟု ပြောစရာမလိုဘဲ သဘောတူလိုက်ကြပြီလည်း ဖြစ်ပါသည်။
တခြား အကြောင်းအရင်း မရှိပါ။
လင်းဖန်က ပေးရတဲ့စျေးနဲ့ တန်သောကြောင့် ဖြစ်ပါသည်။
ဒုတိယနေ့…
ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 ၏ ဒေတာများ ထွက်လာပြန်ပါပြီ။
ကြည့်ရှုသူ သန်းဆယ်ချီပြီး ကျဲကျန့်ရုပ်သံထဲ တစ်ပြိုင်တည်း အလုံးအရင်း ဝင်ကြည့်ကာ ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 ထုတ်လွှင့်ပြသချိန်ကို စောင့်မျှော်နေခဲ့ကြ၏။
ကြည့်ရှုသူ အဆင့်သတ်မှတ်ချက် ၄.၈၄ ရာခိုင်နှုန်းကလည်း ၅.၂၈ ရာခိုင်နှုန်းအထိ တိုးမြင့်သွားခဲ့ပါပြီ။
ဒီလိုတိုးမြှင့်မှုကြောင့် ကျဲကျန့်ရုပ်သံ၏ ဝန်ထမ်းတွေကိုပါ တုန်လှုပ်သွားစေခဲ့သည်။
ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 ထုတ်လွှင့်ပြသမှု ဒုတိယနေ့တွင် ဒီရုပ်သံဒရမ်မာ သေချာပေါက် အောင်မြင်လာတော့မယ် ဆိုတာကို အတည်ပြုနိုင်ခဲ့ပါပြီ။
ထို ဒေတာများကို ရရှိပြီးနောက် ရုပ်သံဌာန များစွာက ကျားရှင်းဖျော်ဖြေရေးထံသို့ ညဘက်ကြီး ရောက်လာကြပါသည်။
“ဟိုလေ… ကျွန်တော်တို့ ဘော့စ်လင်းနဲ့ တွေ့လို့ ရမလား။ သူနဲ့ အရမ်း အရေးတကြီး ဆွေးနွေးစရာ ရှိလို့ပါ။”
“ဟုတ်ပါတယ်။ ဘော့စ်လင်းရဲ့ ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 က အရမ်းနာမည်ကြီးနေပြီလေ။ ကျွန်တော်တို့ ဘော့စ်လင်းနဲ့ ဆွေးနွေးပြီး ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 ရဲ့ ပြန်လည် ထုတ်လွှင့်ပြသခွင့်ကို ဝယ်ယူလို့ ရမလား မေးချင်လို့ပါ”
“ကျွန်တော်တို့ ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 1 အတွက် ပြန်လည်ထုတ်လွှင့် ပြသခွင့်ကိုပါ ဝယ်ချင်တယ်။ အဓိက အချက်က ကျွန်တော်တို့ ဘော့စ်လင်း ရိုက်ကူးထားတဲ့ ရုပ်သံစီးရီးတိုင်းကို သဘောကျမိလို့ပါ”
“ဘယ်လို။ ဘော့စ်လင်း မရှိဘူး ဟုတ်လား။ ဒါဆို ဘော့စ်လင်း ပြန်လာတဲ့အထိ ဒီမှာပဲ စောင့်ကြရအောင်”
ရုပ်သံဌာန ၁၈ ခုက ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 ၏ ပြန်လည်ထုတ်လွှင့်ပြသခွင့်ကို ပြိုင်ဆိုင်ဝယ်ယူဖို့ ကျားရှင်းဖျော်ဖြေရေးကို ရောက်ရှိလာကြပါသည်။
ယခုထုတ်လွှင့်ပြနေပြီဖြစ်ကာ ပြန်လည် ထုတ်လွှင့်ပြသမယ်ဆိုရင်တောင် ကြည့်ရှုသူ အများကြီး ရှိပါလိမ့်မည်။
အစောပိုင်းကတည်းက ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 ရေပန်းစားလာလိမ့်မည်ဟု ထိုရုပ်သံဌာနများက ခန့်မှန်းထားပြီးသား ဖြစ်သည်။
သူတို့ ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 ၏ ဒေတာများ တကယ်ကြီး သမိုင်းဝင်သွားမည့် အချိန်အထိ စောင့်နေပါက ရုပ်သံစီးရီးရဲ့ ထွက်လွှင့်ပြသခွင့်ကို ဝယ်ယူဖို့ စျေးတွေ အများကြီး ပိုမြင့်တက်သွားနိုင်သည်။
ဒီလောက်ခမ်းနားသည့် အခိုက်အတန့်နဲ့ ကြုံတွေ့ရသဖြင့် ကျားရှင်းဖျော်ဖြေရေးရှိ ဝန်ထမ်းနဲ့ ဆယ်လီများ မှင်သက်သွားကြသည်။
“လခွမ်း ရုပ်သံဌာနက လူတွေ အများကြီး ဘော့စ်လင်းကို လာတွေ့ကြပါလား…”
“အရင်တုန်းက ဘော့စ်ဖေး ဒီရုပ်သံဌာနတွေနဲ့ ထုတ်လွှင့်ပြသခွင့်အကြောင်း ညှိနှိုင်းခဲ့တုန်းက ငါတို့ရဲ့ ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 ကို အထင်ကြီးခဲ့ကြတာ မဟုတ်ဘူး။ အခုတော့ နောင်တရကြပြီပေါ့”
“ဘော့စ်လင်းက တော်တာကိုး။ ဘော့စ်လင်းရဲ့ ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 ဒီလောက် ရေပန်းစားလာမယ်လို့ ငါတောင် မထင်ခဲ့ဘူး…”
တံခါးရှေ့ရှိ လုံခြုံရေးအစောင့်က စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်ပါသည်။
တံခါးရှေ့က ရှေ့မတိုးနောက်မဆုတ်သာ အခြေအနေများထံသို့ စုမူချင်းရောက်လာပြီး ယဉ်ကျေးစွာ ဦးညွှတ်လိုက်ပါသည်။
“အားလုံး မင်္ဂလာပါရှင်။ ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 ရဲ့ ပြန်လည်ထုတ်လွှင့်ပြသခွင့်အတွက် အားလုံး လာညှိနှိုင်းကြမယ် ဆိုတာကို ဘော့စ်လင်းက သိိထားပြီးသားပါ”
“ဒီကိစ္စကို ပွင့်ပွင့်လင်လင်း ညှိနှိုင်းလို့ရတယ်လို့ ဘော့စ်လင်းက ပြောလိုက်ပါတယ်။ ဒါပေမယ့် ဘော့စ်လင်းကို တစ်ကြိမ်ကို တစ်ယောက်ချင်းစီပဲ သွားတွေ့လို့ ရပါတယ်။ ကျန်တဲ့လူတွေက ကုမ္ပဏီနားနေခန်းမှာ သွားစောင့်နေလို့ ရပါတယ်ရှင့်” စုမူချင်းက ပြုံးကာ ရှင်းရှင်းလင်းလင်း ပြောလိုက်ပါသည်။
“ကျွန်မတို့ ပထမဆုံး ဖိတ်ကြားမယ့် ရုပ်သံဌာနက ကျဲကျန့်ရုပ်သံဌာန ဖြစ်ပါတယ်” စုမူချင်းက ပြုံးလိုက်၏။
“ဟုတ်ကဲ့ လာပါပြီ” လီချင်းချင်း စုမူချင်း နောက်ကို လိုက်သွားသည်။ တခြား ရုပ်သံဌာနများ၏ ဝန်ထမ်းများကို တခြား လမ်းကြောင်းမှ ကုမ္ပဏီထဲ ခေါ်လာခဲ့သည်။
အမှန်ပင်။ ကျဲကျန့်ရုပ်သံဌာနမှာ ပြန်လည်ထုတ်လွှင့်ပြသခွင့်အကြောင်း ဦးစားပေးညှိနှိုင်းခွင့် ရခဲ့ပါသည်။ လီချင်းချင်းက ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 အတွက် ထုတ်လွှင့်ပြသခွင့်ကို ပထမဆုံး ဝယ်ယူခဲ့သူပဲ မဟုတ်ပါလား။
လီချင်းချင်းက လင်းဖန်ကို ကြည့်ကာ ယဉ်ကျေးစွာ ပြောလိုက်ပါသည်။ “ဘော့စ်လင်း ကျွန်မတို့ ကျဲကျန့်ရုပ်သံကနေ ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 ပြန်လည် ထုတ်လွှင့်ပြသခွင့် နောက်ထပ် ၁၀ နှစ်စာလောက် ဝယ်ယူချင်ပါတယ်။ ကျွန်မတို့ ကမ်းလှမ်းတဲ့စျေးက ယွမ် သန်း ၂၀၀ ပါ။ ဘယ်လိုသဘောရလဲမသိဘူး”
“၁၀ နှစ်စာအတွက် သန်း ၂၀၀ ဟုတ်လား” လင်းဖန်က လီချင်းချင်းကို ကြည့်လိုက်၏။
“ကျွန်တော်က စျေးမစစ်တတ်ပေမယ့် ဒီစျေးကတော့ တကယ် နည်းလွန်းပါတယ်။ ကျွန်တော့်ကို သန်း ၃၀၀ ပေးမယ်ဆို ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 ရဲ့ ၁၀ နှစ်စာ ပြန်လည်ပြသခွင့်ကို ခင်ဗျားတို့ ကုမ္ပဏီဆီ ရောင်းပေးပါမယ်” လင်းဖန်က ပြောလိုက်ပါသည်။
“ကောင်းပါပြီ~ ကျေးဇူးတင်ပါတယ် ဘော့စ်လင်း” လီချင်းချင်း ခေါင်းငြိမ့်လိုက်ပါသည်။
တကယ်တော့ ကုမ္ပဏီက သူမကို ဘက်ဂျက် သန်း ၃၃၀ လောက် ပေးလိုက်ပါသည်။ သူမသာ ကုမ္ပဏီကို သန်း ၃၀ သက်သာအောင် လုပ်ပေးနိုင်ပါက ပြန်လာလျှင် ဆုချခံရပါလိမ့်မည်။
ထို့အပြင် လင်းဖန်နဲ့ စကားပြောဆိုရာတွင်လည်း သူမ အလွန် သက်တောင့်သက်သာရှိပါသည်။ သူ့မှာ စျေးနှုန်းတိုးသည့် ရိုးရိုးရှင်းရှင်း နည်းလမ်း ရှိသည်။ သူ ဘယ်လို လူမျိုးမှန်း သူမ သိနိုင်ပါသည်။
သူမသာ လက်မခံပါက လင်းဖန် သူမကို ပြန်လည်ထုတ်လွှင့်ပြသခွင့် မရောင်းလောက်ပါ။
ယခု သူတို့ သန်း ၃၀၀ ဖြင့် သဘောတူလိုက်ကြတာ အကောင်းဆုံးလည်း ဖြစ်ပါသည်။
“မူချင်း ငါ့ကို စာချုပ်ယူပေးပါ” လင်းဖန် ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ~” စုမူချင်းက စာချုပ်ကို လင်းဖန်ရှေ့ ချပေးလိုက်ပါသည်။
လင်းဖန် စာချုပ် လက်မှတ်ထိုးပြီးနောက် လီချင်းချင်းကို ပေးလိုက်ပါသည်။
လီချင်းချင်းက တာဝန်ရှိသူ မန်နေဂျာ တစ်ယောက်ဖြစ်ပြီး ကုမ္ပဏီထဲတွင် ပြောရေးဆိုခွင့်ရှိသူတစ်ယောက်လည်း ဖြစ်သဖြင့် သူမ နာမည်ကို ရေးထိုးလိုက်သည်။
“ဘော့စ်လင်း အလုပ်တွဲလုပ်ရတာ ဝမ်းသာပါတယ်~” လီချင်းချင်း ပြုံးလိုက်၏။
“ဝမ်းသာပါတယ်” လင်းဖန် လီချင်းချင်းနဲ့ လက်ဆွဲနှုတ်ဆက်လိုက်ပါသည်။
လီချင်းချင်းကို စုမူချင်း ပြန်လိုက်ပို့ပြီးနောက် လင်းဖန် ပြုံးမိသွာပါသည်။
ရုပ်သံဌာနတစ်ခုကို ပြန်လည်ထုတ်လွှင့်ပြသခွင့် စာချုပ်ချုပ်ပေးလိုက်တာနဲ့ သန်း ၃၀၀ ရခဲ့သည်။
ထုတ်လွှင့်ပြသခွင့် ရောင်းခဲ့တုန်းက ရရှိခဲ့သည့် သန်း ၂၀၀ နဲ့ဆို သူ သန်း ၅၀၀ ကျော် ရရှိသွားပါပြီ။
ဒီတစ်ခေါက်တော့ သူ တကယ် ချမ်းသာသွားလေပြီ။