အကောင့်ထဲ ၁ ဘီလီယံ ရောက်ရှိလာခြင်း
Vol. 22 Ch. 330
အမှန်ပင်။ ရုပ်သံဌာနများစွာက ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 ၏ ပြန်လည်ထုတ်လွှင့်ပြသခွင့်ကို လာရောက်ဝယ်ယူခြင်းအား လင်းဖန် ငြင်းလွှတ်မှာ မဟုတ်ပေ။
ရုပ်သံစီးရီး၏ ရေပန်းစားမှုကို တိုးမြှင့်နိုင်ရုံသာ မကဘဲ ရုပ်သံဌာနတွေထံကလည်း အကျိုးအမြတ်ရနိုင်ပါသည်။ လင်းဖန် ငွေတွေ ပိုရနိုင်လိမ့်မည်။
ခဲတစ်လုံးတည်းနဲ့ ငှက်သုံးကောင် ပစ်လိုက်သလိုပင်။
“ဘော့စ်လင်း ကျွန်တော်က MangoTV ရဲ့ မန်နေဂျာပါ။ ကျွန်တော် ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 ရဲ့ ပြန်လည်ထုတ်လွှင့်ပြသခွင့်ကို ဝယ်ယူချင်လို့ပါ။ ဘယ်စျေးလောက်ဆို သင့်တော်မယ်ထင်လဲ” MangoTV ၏ မန်နေဂျာက တောင်းတောင်းပန်ပန်လေသံဖြင့် ပြောလိုက်ပါသည်။
“၁ နှစ်ကို သန်း ၅၀ ပါ” လင်းဖန် ပြောလိုက်သည်။ သူ ညှိနှိုင်းဖို့ စိတ်ကူး မရှိပါ။
ကျဲကျန့်ဌာနနဲ့ ညှိနှိုင်းရမယ်ဆို သူနည်းနည်း စျေးလျှော့ပေးနိုင်သည်။ ဘာပဲဖြစ်ဖြစ် ကျဲကျန့်ဌာနက ၁၀ နှစ်စာ ဝယ်ယူသွားတာ မဟုတ်ပါလား။
ဒီလို ရုပ်သံဌာနတွေနဲ့ ညှိနှိုင်းတဲ့အခါမှာတော့ လင်းဖန် ကိုယ့်စံနှုန်းကိုကိုယ် လျှော့ချမှာ မဟုတ်ပေ။
ယခု ပြန်လည်ထုတ်လွှင့်ပြသခွင့်ကို ဝယ်ယူချင်နေသည့် ရုပ်သံဌာနတွေ မရှားတော့ပါ။
ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 ၏ ရေပန်းစားမှုက သေချာပေါက် ရုပ်သံဌာနများစွာကို ပြန်လည်ထုတ်လွှင့်ပြသခွင့် ဝယ်ယူအောင် ဆွဲဆောင်နိုင်လိမ့်မည်။
“ဘော့စ်လင်း… စျေးကနည်းနည်း များတယ် ထင်တယ်” MangoTV ၏ မန်နေဂျာက ပြောလိုက်ပါသည်။
“ရှောင်းယွီ သူ့ကို လိုက်ပို့ပေးလိုက်ပါဦး” လင်းဖန်က စုရှောင်းယွီကို ကြည့်ကာ ပြောလိုက်ပါသည်။
စုမူချင်းနဲ့ လင်းချမ့်ဝေတို့ နှစ်ယောက်စလုံး အလုပ်များနေသဖြင့် နောက်ဆုံးအချိန်မှာ စုရှောင်းယွီကို ခဏခေါ်ထားခြင်းဖြစ်သည်။
“ကျေးဇူးပြုပြီး ဒီဘက် ကြွပါ~” စုရှောင်းယွီက လက်ပြလိုက်ပြီး MangoTV ၏ မန်နေဂျာကို ကြည့်လိုက်ပါသည်။
“ဘော့စ်လင်း ရပါတယ်။ စျေးက သင့်တော်ပါတယ်”
“ကျွန်တော်တို့ ၃ နှစ်စာအတွက် သန်း ၁၅၀ နဲ့ ဝယ်ယူပါ့မယ်။ အဲ့တာဆို အဆင်ပြေမလား မသိဘူး” MangoTV မန်နေဂျာက ပြောလိုက်ပါသည်။
“သေချာတာပေါ့” လင်းဖန်က ခေါင်းငြိမ့်ကာ စာချုပ်ကို ထုတ်လိုက်ပါသည်။
MangoTV မန်နေဂျာက စာချုပ်ကို ခပ်မြန်မြန်ပဲ လက်မှတ်ထိုးလိုက်ပါသည်။ သူ လက်မှတ်မထိုးဘဲ မနေရဲပါ။
ဒီတစ်ခေါက် ကုမ္ပဏီက အသေရရ အရှင်ရရ အမိန့်မျိုး ပေးခဲ့သည်။ လင်းဖန်ခေါ်တဲ့စျေးက အရမ်းကြီး အဓိပ္ပာယ်မရှိတာမျိုး မဟုတ်သရွေ့ သူတို့ ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 ပြန်လည်ထုတ်လွှင့်ပြသခွင့်ကို ရအောင် ဝယ်ယူရမည်။
ရုပ်သံဌာနများအကြားက ပြိုင်ဆိုင်မှုက အလွန် ပြင်းထန်ပါသည်။ ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 ၏ ပြန်လည် ထုတ်လွှင့်ပြသခွင့်ကို ဝယ်ယူလိုက်ခြင်းအားဖြင့် ပရိတ်သတ်၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ပါသည်။
ယွမ် သန်း ၁၅၀ က စျေးကြီးသော်လည်း လက်ခံနိုင်ပါသေးသည်။
MangoTV ၏ မန်နေဂျာ ထွက်သွားပြီးနောက် စုရှောင်းယွီက မျက်တောင်ခတ်ကာ လင်းဖန်ကို ကြည့်လိုက်သည်။ သူမ လေသံတိုးတိုးဖြင့် ပြောလိုက်၏။ “ဆရာက ငွေရှာတဲ့နေရာမှာ တကယ်တော်ပါလားနော်~ တစ်ချက်တည်းနဲ့ သန်း ၁၅၀ ရသွားပြီ”
စုရှောင်းယွီ၏ စကားကို ကြားသောအခါ လင်းဖန် ပြုံးပြီး ပြန်ပြောလိုက်၏။ “ဒါက တစ်ချက်တည်းနဲ့ သန်း ၁၅၀ ရတာ ဟုတ်မလား။ ငါတို့ရဲ့ အချိန်အကြာကြီး ကြိုးစားအားထုတ်ခဲ့မှုတွေကြောင့် ရတာပေါ့”
“ငါတို့ ငွေရှာတဲ့အကြောင်းပြောရမယ်ဆိုရင် ရှောင်းယွီ နင်က ဉာဏ်ကောင်းပြီး စီးပွားရေး ပါရမီရှင်တစ်ဘောက် မဟုတ်ဘူးလား။ မိနစ်ပိုင်းအတွင်း နင်ငွေဘယ်လောက်တောင် ရှာနိုင်မလဲမသိဘူး။ လင်းဖန်က သက်ပြင်း ချလိုက်ပါသည်။
ငွေရှာသည့်နေရာတွင် ဘယ်သူက စုရှောင်းယွီကို ယှဉ်နိုင်မှာလဲ။
စုရှောင်းယွီကို ငွေတွေ အများကြီး ပေးလိုက်ပါက ရွှေတွင်းကြီးတစ်ခု ဖန်တီးပေးပါလိမ့်မည်။
စုရှောင်းယွီ စီးပွားရေးလောကထဲမှာ မရှိတော့ဘူး ဆိုရင်တောင် သူမ၏ အစွမ်းအစကို လင်းဖန် သိပါသေးသည်။
စနစ်က လင်းဖန်ကို စီးပွားရေးစွမ်းရည် ၄၀ မှတ်သာ ပေးခဲ့ပြီး စုရှောင်းယွီ စီးပွားရေး စွမ်းရည်၏ ၁ ရာခိုင်နှုန်းသာရှိသည်ဟု ဆိုသည်။ စုရှောင်းယွီရဲ့ စီးပွားရေးစွမ်းရည်မှာ အမှတ် ၄,၀၀၀ လောက်ရှိပါသည်။ သာမန်လူတွေ ယှဉ်နိုင်တဲ့ အရာမျိုး မဟုတ်ပေ။
“ဆရာက အကုန်သိတာပဲနော်။” စုရှောင်းယွီက လင်းဖန်ကို ကြည့်လိုက်၏။
“ဟုတ်တယ် ငါအားလုံး သိတယ်” လင်းဖန် ခေါင်းငြိမ့်လိုက်သည်။
“တောင်းပန်ပါတယ်။ နင့်ကို လျှို့ဝှက်မထားခဲ့သင့်ဘူး” စုရှောင်းယွီ အပြစ်ရှိသလို ခံစားလိုက်ရပါသည်။
“ဘာတွေ တောင်းပန်နေတာလဲ။ ရှောင်းယွီ နင်က အရမ်း စွမ်းအားကြီးတာပဲလေ။ ငါ နောက်ပိုင်း ဒေဝါလီခံသွားရရင် နင့်ကိုပဲ အားကိုးရမှာ” လင်းဖန် ရယ်မောလိုက်ပါသည်။
“တကယ်တော့ အခုလည်း အားကိုးလို့ ရပါတယ်” စုရှောင်းယွီက ရှက်သွေးဖြာစွာ ပြောလိုက်ပါသည်။
“အဲ့တာမျိုးတွေပြောရင် ငါ စိတ်မထိန်းနိုင်ဘဲ မဟုတ်တာ လုပ်မိမှာနော်” လင်းဖန်က စနောက်လိုက်သည်။
“အာဝူး မလုပ်လို့ မရတာလည်း မဟုတ်ဘဲနဲ့~” စုရှောင်းယွီ မျက်နှာ ပိုပြီး နီရဲသွားပါသည်။
ထိုစကားပြောပြီးနောက် သူမ စကားပြော မှားသွားမှန်း နားလည်သွားသည်။
ဒီလိုသာဆို အစ်မဝမ်ချွေ့ ရိုက်သတ်တာ ခံရနိုင်သည်။
“ကလေးမ။ မဟုတ်တဲ့စိတ်တွေ မဝင်နဲ့” လင်းဖန်က မတ်တပ်ရပ်လိုက်ပြီး သူမခေါင်းကို ခေါက်လိုက်ပါသည်။
“ဆရာ နာတယ်” စုရှောင်းယွီ ပိုဝမ်းနည်းသွားပါသည်။
“နာမှန်းတော့ သိတယ်ပေါ့။ အိမ်ပြန်ပြီး ကိုယ့်ကိုကိုယ် ပြန်သုံးသပ်။ အဲ့လို ဘောင်းဘီတိုတွေ ထပ်မဝတ်နဲ့တော့” လင်းဖန်က ပြောလိုက်၏။
ဘာကြောင့်မှန်းမသိဘဲ စုရှောင်းယွီနဲ့ အချိန်အကြာကြီး ပတ်သတ်ခဲ့ရပြီးနောက် စုရှောင်းယွီ ဘောင်းဘီတို ဝတ်ထားတာကိုပင် လင်းဖန် သတိမထားမိတော့ပါ။ သူ သိပ်မကြိုက်ပေ။
ယောက်ျားတွေသာ ယောက်ျားတွေအကြောင်း နားအလည်ဆုံး ဖြစ်ပါသည်။ အထူးသဖြင့် စုရှောင်းယွီလို လှပသည့် မိန်းကလေး တစ်ယောက်ကို ဘယ်သူက စိတ်ထိန်းနိုင်မှာလဲ။
“ဆရာက သဝန်တိုနေတာလား” စုရှောင်းယွီ လင်းဖန်ရှေ့တွင် မတ်တပ်ရပ်လိုက်ပြီး ချိုမြိန်စွာ ပြုံးလိုက်ပါသည်။
“ဒါဆို နောက်ကို အိမ်မှာပဲ ဝတ်တော့မယ်~”
“အိမ်စောစောပြန်တော့” လင်းဖန်က ပြောလိုက်၏။
“မပြန်ဘူး~ နောက်မှ အစ်မဝမ်ချွေ့နဲ့ တူတူပြန်မှာ” စုရှောင်းယွီက တခစ်ခစ် ရယ်မောပြီး ပြန်ထိုင်လိုက်ပါသည်။ သူမ စောင်တစ်ထည် ယူပြီး သူမ ခြေတံသွယ်သွယ်များကို ဖုံးထားလိုက်သည်။
လင်းဖန် ဒီလို စကားမျိုး ပြောသဖြင့် စုရှောင်းယွီ အနည်းငယ် ပျော်ရွှင်သွားပါသည်။
သူမအပေါ်မှာ သူမဆရာက ခံစားချက်တချို့ ရှိပါသေးသည်။
ဆရာကလည်း သာမန် ယောက်ျားလေး တစ်ယောက် ဖြစ်၏။
သူနဲ့ ဘယ်တော့မှ မနီးစပ်နိုင်မှာ သိသော်လည်း သူနဲ့ အတူတူ အလုပ်လုပ်ပြီး တစ်အိမ််တည်း နေနိုင်ရင်ပဲ လုံလောက်ပါပြီ။
ထိုနေ့ညက လင်းဖန် ညသန်းခေါင်အချိန်ထိ အလုပ်လုပ်ခဲ့ပါသည်။ ရုပ်သံဌာန ၁၈ ခုနဲ့ စာချုပ်ချုပ်ဆိုခဲ့၏။
ရုပ်သံဌာနက အများစုက ပြန်လည်ထုတ်လွှင့် ပြသခွင့် ၁ နှစ်စာသာ ဝယ်ယူသွားကြသည်။
သို့သော်လည်း လင်းဖန် စုစုပေါင်း ၁.၃ ဘီလီယံယွမ်လောက် ရရှိသွားခဲ့ပါသည်။
တစ်ညတည်းနဲ့ ၁.၃ ဘီလီယံယွမ်ကို ရရှိသွားခဲ့သည်။
ရေပန်းစား ရုပ်သံဒရမ်မာ တစ်ခုတည်းနဲ့ ဒီလောက်ငွေတွေ အများကြီး ရနိုင်ပါသည်။
ထုတ်လွှင့်ပြသခွင့် သန်း ၃၀၀ နဲ့ဆို စုစုပေါင်း ၁.၆ ဘီလီယံ ရရှိသွားပါသည်။
ရုပ်သံဒရမ်မာ ရိုက်ကူးရေး ကုန်ကျစရိတ်ကို ဖယ်လိုက်ပါက အသားတင်အမြတ် ၁ ဘီလီယံ ယွမ် ရခဲ့ပါသည်။
တစ်ဖက်တွင် ရုပ်သံစီးရီးကို ရိုက်ကူးခဲ့ရတာ ၁ လ သာကြာခဲ့သည်။ အလွန် ခက်ခဲခဲ့ပြီး နေ့တွေ ညတွေ ပြောင်းပြန်ဖြစ်ခဲ့ကြသော်လည်း ကောင်းတာ တစ်ခုက သူတို့ နောက်ဆုံး ငွေတွေ အများကြီး ပြန်ရခဲ့ကြပါသည်။
ရှားဝမ်ချွေ့ရဲ့ အဖေကို တွေ့ရဖို့ကလည်း ၂ လတောင် မလိုတော့ပါ။ လင်းဖန်က သူ့ရလဒ်များနဲ့ အစွမ်းအစကို သက်သေပြနိုင်ခဲ့ပါသည်။
အလုပ်ဆင်းချိန်ရောက်တော့ စုရှောင်းယွီက လင်းဖန် ဘေးမှာ အိပ်ပျော်နေပါသည်။
ကုမ္ပဏီထဲမှာ လင်းဖန်၊ စုရှောင်းယွီ၊ ရှားဝမ်ချွေ့တို့သာ ကုမ္ပဏီထဲမှာ ကျန်ခဲ့တော့သည်။
“အိမ်ပြန်ဖို့ အချိန်ကျပြီ ရှောင်းယွီ” လင်းဖန်က သူမ ပခုံးကို ပုတ်ရင်း ပြောလိုက်ပါသည်။
“သြော် သိပါပြီ။ ဆရာ ငွေတွေ ဘယ်လောက် ရလိုက်လဲ” စုရှောင်းယွီက စိတ်ဝင်စားစွာ မေးလိုက်ပါသည်။
ရှောင်းယွီလည်း အထဲဝင်လာပြီး ကြောင်လေးလို အော်ကာ ခြေတံသွယ်သွယ်များဖြင့် လှမ်းလာရင်း သူ့ကို ကြည့်လိုက်ပါသည်။
လင်းဖန် လှည့်ကြည့်လိုက်၏။
ဘုရားရေ၊ ရှားဝမ်ချွေ့က အိမ်တောင်ပြန်မရောက်သေးဘဲ ဘောင်းဘီတို လဲလိုက်ပြီလား။
သူ့ကို နှိပ်စက်ပါတော့မည်။
မြင်သာမြင် မကြင်ရသည့်ဘဝက နာကျင်လွန်းလှသည်။
ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့မှာ ခြေတံဖြူဖြူ သွယ်သွယ်လေးများ ရှိကြပြီး အလွန် ကြည့်ကောင်းပါသည်။ ညသန်းခေါင်လို အချိန်မျိုးမှာ စိတ်ထိန်းနိုင်ဖို့က အလွန် ခက်ခဲသည်။
“ပြန်လည်ထုတ်လွှင့်ပြသခွင့်တွေကို စုစုပေါင်း ၁.၃ ဘီလိယံနဲ့ ရောင်းထွက်ခဲ့တယ်။ နဂို ထုတ်လွှင့် ပြသခွင့် သန်း ၃၀၀ အပါအဝင် ကုန်ကျစရိတ်တွေကို နုတ်လိုက်ရင် အသားတင်အမြတ် ၁ ဘီလီယံယွမ် ရခဲ့ပါတယ်။” လင်းဖန် ပြုံးလိုက်ပါသည်။
“၁ ဘီလီယံ” ရှားဝမ်ချွေ့ လင်းဖန်ကို မယုံကြည်နိုင်စွာ ကြည့်လို်ပါသည်။
၁ ဘီလီယံဆိုတာ လူပေါင်းများစွာ အိပ်မက်သာ မက်နိုင်ကြသည့် ပမာဏမျိုး ဖြစ်ပါသည်။
လူပေါင်းများစွာ တစ်သက်လုံး မရနိုင်မည့် စည်းစိမ်မျိုး ဖြစ်သည်။
လင်းဖန်ကတော့ ဒီလောက်လျှင်မြန်စွာ ၁ ဘီလီယံကို ပိုင်ဆိုင်သွားခဲ့ပါသည်။
မယုံနိုင်စရာ ကောင်းလွန်းလှသည်။
နောက်ဆက်တွဲ မူပိုင်ခွင့် ဝင်ငွေများ၊ ကြော်ငြာ ဝင်ငွေများနဲ့ ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 ၏ အစုပေါ်အမြတ်များကို မတွက်ချက်ရသေးပေ။
ထုတ်လွှင့်ပြသခွင့်တစ်ခုတည်းနဲ့ ဒီလောက် ငွေတွေ အများကြီး ရှာနိုင်ခဲ့ပါသည်။
ရှားဝမ်ချွေ့က လင်းဖန်အတွက် အလွန်ဝမ်းသာနေပါသည်။
လင်းဖန်က ကုမ္ပဏီတစ်ခုကို တည်ထောင်လိုက်ပြီ ဖြစ်သဖြင့် သူမရဲ့ စုငွေများက လင်းဖန်ကို မယှဉ်နိုင်တော့ပါ။
“ဝမ်ချွေ့” လင်းဖန်က ပြုံးကာ ရှေ့တိုးလာပြီး ရှားဝမ်ချွေ့၏ လက်ကို ကိုင်လိုက်ပါသည်။
“အား… အရှက်မရှိတဲ့ကောင်”
“အရူးကောင်လင်းဖန်ရဲ့” ရှားဝမ်ချွေ့ ရှက်သွေးဖြာသွားပြီး လင်းဖန်ဆိုလိုတာကို ချက်ချင်း နားလည်သွားပါသည်။
“ဟုတ်ပါ့ ဟုတ်ပါ့။ ဆရာက သူများတွေကို အနိုင်ကျင့်ဖို့ပဲ သိတယ်။ ဟွန်း နင့်ကို အရေး မလုပ်တော့ဘူး” စုရှောင်းယွီက ရှားဝမ်ချွေ့ကို ဆွဲခေါ်လိုက်ပြီး ခပ်သုတ်သုတ် ပြေးသွားကြပါသည်။
လင်းဖန်က ညဘက်ကျရင် အလွန် ဆွဲဆောင်မှု ရှိပါသည်။
သူမတို့ကို ပရောပရည်လုပ်ရုံသာ မကဘဲ အနိုင်ကျင့်နေခြင်းလည်း ဖြစ်သည်။
ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့ အတိုင်အဖောက်ညီနေပုံကို ကြည့်ပြီး လင်းဖန် ခေါင်းသာ ခါလိုက်မိပါသည်။
ကိုယ့်ကောင်မလေးကိုကိုယ် အနိုင်ကျင့်တာ ဘာဖြစ်လဲ။
လင်းဖန် သူ့ဘဏ်အကောင့်ထဲက စုငွေကို ကြည့်ကာ ပြုံးလိုက်ပါသည်။
၁.၃ ဘီလီယံ… သူ့အကောင့်ထဲဝင်လာခဲ့ပါပြီ။
သူတကယ် ချမ်းသာသွားလေပြီ။
ရုပ်သံဒရမ်မာ တစ်ခုတည်းနဲ့ သူ့ကို ၁ ဘီလီယံ ယွမ် ပိုင်ဆိုင်သွားစေသည်။ တခြား ဘယ်သူများ ဒီလိုလုပ်နိုင်ဦးမှာလဲ။