ငါ ရှိတဲ့နေရာက ယိုတုပဲ
Vol. 46 Ch. 623
“မင်း ဘယ်သူလဲ” ချင်မူ အထိတ်တလန့် အော်လိုက်မိသည်။
သူ့ပါးစပ်မှ ကျယ်လောင်ပြတ်သားသော အသံတစ်သံ ထွက်လာသည်။ အသံသည် အပြစ်ကင်းဖြူစင်သည့် ကလေးအသံ ပေါက်နေသော်လည်း မိစ္ဆာလည်း ဆန်၏။ “ငါက ....”
ဗုဒ္ဓ၏လက်ဝါးကြီး သူ့ကို အပေါ်မှ ဖိချလိုက်သည့်အချိန် သူ့ကိုယ်ထဲ၌ ‘သူ’ နောက်တစ်ယောက် နိုးထလာသည်ကို ချင်မူ ခံစားလိုက်ရသည်။ ခံစားချက်က အလွန်ထူးဆန်း၏။ သူ့စိတ်နှင့်ခန္ဓာမှာ နှစ်ယောက်ကွဲသွားသကဲ့သို့ ထင်ရပေသည်။
“.... ချင်ဖုန်းကျင့်”
အသံ စကားပြောနေစဉ် ချင်မူ၏မူလအသိစိတ်အလျဉ်မှာ ရုတ်တရက် နေရာချင်းလဲခံလိုက်ရသည်။ သူက... စောင့်ကြည့်နေရသူ ဖြစ်သွားချေပြီ။
ပို၍ပင် ကြောက်စရာကောင်းသည်က ‘သူ’ နောက်တစ်ယောက် နိုးထလာသည့်အခါ ပြင်းထန်အားကောင်းလှသော စွမ်းအားလှိုင်းတစ်လှိုင်းသည် သူ၏ခန္ဓာကိုယ်ထဲ၌ ရုတ်တရက် ပြည့်နှက်လာ၏။ စွမ်းအားလှိုင်းက ဗြုန်းခနဲ ထွက်ပေါ်လာခြင်းဖြစ်၍ မည်သည့်နေရာမှ လာမှန်း ချင်မူ မသိပေ။ အားလှိုင်းက မကုန်မခမ်းနိုင်သကဲ့သို့ ကြောက်မက်ဖွယ်ရာကောင်းလှသဖြင့် ချင်မူ၏ မူလအသိစိတ်အလျဉ်မှာ မိစ္ဆာစွမ်းအားများ ရုပ်ခန္ဓာတစ်ကိုယ်လုံး ပြည့်သျှံလာသည်ကို ကြည့်ရင်း ချောင်တစ်ချောင်တွင် ကပ်နေရ၏။
“ဒီမူလဝိညာဉ်တွေက နည်းသေးတယ်... မြေအောက်ဘုံအရှင်သခင်ရဲ့ ချိတ်တံဆိပ်ကို ချိုးဖျက်ဖို့ မလုံလောက်ဘူး... မြေအောက်ဘုံအရှင်သခင် အဲဒီဘိုးတော်ကြီးကတော့ကွာ.... ဒါပေမဲ့ ဒီဗုဒ္ဓကို သတ်လိုက်ရင် ငါ အတားအဆီးအစီအရင်များများ ချိုးဖျက်နိုင်လိမ့်မယ်”
ကလေးတစ်ယောက်၏ မောက်မာဝင့်ကြွားနေသော အသံကို ချင်မူ ကြားနေရသည်။ အသံတွင် ယုတ်မာကောက်ကျစ်မှု၊ ဆိုးသွမ်းမှုတို့ ပြည့်နှက်နေ၏။ ဆိုးသွမ်းယုတ်မာလွန်း၍ အသံကြားလိုက်ရုံနှင့် မည်သူ့ကိုမဆို တခိုက်ခိုက် တုန်သွားစေနိုင်သည်။ ‘သူ’၏ ပါးစပ်မှ ယိုတုစကားကို ပြောနေပြီး အကြောက်အလန့်မရှိသည့် ထူးဆန်းသော မှော်စွမ်းအင်တစ်မျိုးလည်း ရှိနေ၏။ မကောင်းသည့် ခံစားချက်အားလုံး ပေါင်းစုနေသကဲ့သို့ လိုချင်တပ်မက်မှု လောဘသည်လည်း ကိန်းဝပ်နေသည်။
“ငါ ရှိနေတဲ့ နေရာက ယိုတုပဲ...”
‘သူ’၏ ခန္ဓာကိုယ်မှ အမှောင်ထု ဖြာထွက်လာပြီး ဗြဟ္မဘုံအား လွှမ်းခြုံနေသည်ကို ချင်မူ မြင်နေရသည်။ နေ့သဖွယ် အမြဲ တောက်ပလင်းထိန်နေသည့်အပြင် ရွှေပင်လယ်တစ်စင်းလည်း တည်ရှိနေသော ဗြဟ္မဘုံတွင် ရုတ်တရက် အမှောင်ဖုံးနေသည့် ဧရိယာတစ်ခု ရှိလာခဲ့ချေပြီ။
ရွှေပင်လယ်မှာလည်း မင်တစ်စက် ရေခွက်တစ်ခွက်ထဲသို့ ကျသွားသကဲ့သို့ ဖြစ်လာသည်။ အမှောင်ထုက ရွှေပင်လယ်အပေါ် အရိပ်ထင်ဟပ်လိုက်၍ ရွှေပင်လယ်မှာ မည်းနက်သွားသည်။ အမှောင်ထု လွှမ်းခြုံနေသော ဧရိယာက တစတစ ကျယ်ဝန်းလာ၏။
ဗုဒ္ဓဘုံ၏ အထွတ်အမြတ်ဗြဟ္မမြေမှာ ဖြည်းဖြည်းချင်း ယိုတု ဖြစ်လာလေသည်။
ချင်မူ့ကို ရိုက်ချလိုက်သော ဗုဒ္ဓ၏လက်က ဗုဒ္ဓရောင်ခြည်တန်းများဖြင့် ကွန့်မြူးလျက် ကျရောက်လာသည်။ အမှောင်ထုက လက်ကြီးကို ဝါးမြိုလိုက်၏။
ဗုဒ္ဓမှာ တအံ့တဩ အော်ရင်း အမှောင်ထုထဲမှ သူ၏လက်ဝါးကို ပြန်ရုတ်လိုက်သည်။ ဗုဒ္ဓ၏ ပြည့်ဖြိုးတင့်တယ်ခဲ့သော လက်ဝါးတော်မြတ်မှာ ယခုတွင် အရိုးဖြူဖြူများ ဖြစ်သွား၏။ အသားစတစ်စလေးပင် မကျန်ခဲ့။
ဤကောင်းကင်နတ်သိုင်းသည် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၊ ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၊ ဗြဟ္မဘုံနှင့် ကောင်းကင်နတ်ဘုံမှ ကောင်းကင်နတ်သိုင်းများနှင့်ပင် မတူပေ။ ‘ချင်မူ’က မရဏအာဏာကို ထိန်းချုပ်လျက် အသက်ဓာတ်များ စုပ်ယူစားသုံးနေခြင်း ဖြစ်သည်။
‘ချင်မူ’က ခုန်လိုက်ပြီး တဟီးဟီး ရယ်နေသည်။ ထို့နောက် လက်ချောင်းများ ဖြန့်ကားကာ ဗုဒ္ဓ၏ ဦးခေါင်းအပေါ် ဖိချလိုက်သည်။
ဘုန်း
မြေငလျင် လှုပ်ခတ်သွားသကဲ့သို့ ဗြဟ္မဘုံတစ်ဘုံလုံး ပြင်းပြင်းထန်ထန် တုန်ခါသွားသည်။ အားအဟုန်ကြောင့် ဗုဒ္ဓမှာ ရွှေရောင်ကျွန်းတစ်ကျွန်းအပေါ် ပြုတ်ကျသွား၏။ ကျွန်းမှာ တမုဟုတ်ချင်း ပေါက်ကွဲသွားပြီး စိစိညက်ညက် ကြေသွားသည်။
ချင်မူလည်း သူ၏ခန္ဓာကိုယ် ထူးဆန်းစွာ ပြောင်းလဲနေကြောင်း မြင်နေရသည်။ သူ၏ခန္ဓာကိုယ်သည် ကြောက်ခမန်းလိလိ ကြီးထွားလာပြီး အရပ်လည်း ထွက်လာသည်။ သို့သော် အသက်ပြန်ငယ်သွားသကဲ့သို့ ငယ်ရွယ်သွားပြီး သူ၏ရုပ်သွင်မှာ ကလေးတစ်ယောက်နှင့် ပိုမိုတူလာ၏။
ကံကောင်းထောက်မစွာနှင့် ကောင်းကင်ငှက်မွှေးမျိုးနွယ်စုခေါင်းဆောင် ယွီကျောက်ချင်း ချုပ်လုပ်ပေးခဲ့သော အဝတ်အစားများက ထူးခြားကောင်းမွန်လေသည်။ ကောင်းကင်ငှက်မွှေးမျိုးနွယ်စု၏ အရည်အသွေးအကောင်းဆုံး အသားများဖြင့် ချုပ်လုပ်ထားသဖြင့် သူ၏ခန္ဓာကိုယ်အရွယ်အစားအလိုက် ပြောင်းလဲနိုင်သည်။
ဤအခိုက်အတန့်တွင် သူကား ကိုက်သုံးဆယ်ကျော် မြင့်မားနေချေပြီ။ သို့သော် အသက်ကတော့ လေးနှစ်၊ ငါးနှစ်အရွယ် ပြန်ရောက်သွားသယောင် ထင်ရ၏။ သူ၏ပုံစံမှာ ချစ်စရာကောင်းသော ကလေးကြီးပမာ ဖြစ်နေသည်။
ဤကလေးကြီးသည် ချစ်စရာကောင်းပါသော်လည်း အလွန်ဆိုးသွမ်း၏။ သူ၏ ပြင်းထန်လှသော ရိုက်ချက်ကြောင့် ဗုဒ္ဓ၏ခေါင်းမှာ စိစိညက်ညက် ကြေလုနီးပါး ဖြစ်သွားသည်။
‘ကလေးကြီး’က လက်တစ်ဖက်တည်းဖြင့် ဗုဒ္ဓကို လေပေါ် မြှောက်တင်လိုက်သည်။ ထို့နောက် ပါးစပ်ကြီးဟကာ လေကို စုပ်သွင်းလိုက်၏။
ဗုဒ္ဓမှာ ဗုဒ္ဓရောင်ခြည်တန်းများ ထုတ်လွှတ်ရင်း အသည်းအသန် ခုခံသည်။ သို့သော် သူ၏မူလဝိညာဉ်မှာ တစ်ချက်တစ်ချက် ရုပ်ခန္ဓာဆီမှ ကွဲထွက်သွားနေသည်။
ဗုဒ္ဓက အကြောက်အကန် ရုန်းနေ၍ သူ၏ကောင်းကင်ရတနာအားလုံး ပေါ်လာသည်။ ဗုဒ္ဓ၏ မူလဝိညာဉ်သည် ကောင်းကင်နန်းဆောင်များ၏ အရှေ့၌ ရပ်နေ၏။ သူ့မှာ ဒယိမ်းဒယိုင်ဖြင့် ကောင်းကင်နတ်ဘုံ၏အပြင်သို့ စုပ်ယူခံရလုဆဲဆဲ ဖြစ်နေသည်။
ချင်မူမှာ အသက်ပြန်ငယ်နေသေးကြောင်း ခံစားရသည်။ စောစောကတင် လေးနှစ်၊ ငါးနှစ် အရွယ်ဖြစ်ခဲ့သော်လည်း ယခုတွင် သုံးနှစ်အရွယ်ပင် မရှိတော့ပေ။
ဤအခိုက်အတန့်တွင် ဓမ္မကထိကမိုလွင် ရောက်လာပြီး ချင်မူ၏နှလုံးသားအနောက်သို့ လက်ဝါးဖြင့် ရိုက်ထည့်လိုက်သည်။
‘ချင်မူ’သည် သူ ကိုင်မြှောက်ထားသော ဗုဒ္ဓနှင့်အတူ လိမ့်ထွက်သွား၏။ သူက ရွှေပင်လယ်တစ်လျှောက် ရှပ်တိုက်လွင့်ထွက်သွားပြီး တောင်တန်းများကို ဝင်တိုက်ပြီးနောက်မှ ရပ်လိုက်နိုင်သည်။ သို့သော် ဗုဒ္ဓ၏မူလဝိညာဉ်မှာ အပြင်သို့ စုပ်ယူခံလိုက်ရလေပြီ။
မူလဝိညာဉ်က ‘ချင်မူ’၏ ပါးစပ်ထဲ ရောက်မသွားဘဲ လိမ်ဖယ်ကာ တတိယမျက်လုံးထဲသို့ ဝင်ရောက်သွား၏။
ချင်မူမှာ တုန်လှုပ်သွားပြီး သဘောပေါက်သွားသည်။ ဖုန်းတုတွင် ယမမင်း သူ၏ချိတ်တံဆိပ်ကို ဖိနှိပ်ခဲ့တုန်းက အဘယ့်ကြောင့် ယမမင်းခန်းမ ပြိုကျခဲ့ကြောင်း၊ အဘယ်သို့ပြု၍ ယမမင်း တိုင်လုံးကြီးထဲ စိုက်ဝင်နေခဲ့ကြောင်း သူ နားလည်သွား၏။ ကျောက်စိမ်းလည်ဆွဲနှင့် ထိတွေ့ပြီးနောက် ဖုရွေ့လော်လို အဆင့်မြင့်သိုင်းပညာရှင်တစ်ယောက်ပင် ရင်ဘတ်ဒဏ်ရာကြီးဖြင့် ယဇ်ပလ္လင်ထဲတွင် အဘယ်ကြောင့် နစ်မြုပ်နေခဲ့မှန်းကိုလည်း သဘောပေါက်သွားသည်။
ဝူဝမ်မြို့တစ်မြို့လုံး အဘယ်သို့ပြု၍ ချိုင့်ဝင်သွားခဲ့သည်ကိုလည်း သိသွားသလို၊ မြေအောက်ဘုံအရှင်သခင် သူ့ကို ဆင့်ခေါ်ပြီး ကျောက်စိမ်းလည်ဆွဲထဲရှိ အတားအဆီးအစီအရင်ကို ပြုပြင်ပေးခဲ့သည့် အကြောင်းရင်းကိုလည်း နားလည်သွားသည်။
အတိတ်တုန်းက ကျောက်စိမ်းလည်ဆွဲအတွင်း၌ ကျိန်စာတစ်ခု ရှိနေသည်ဟုသာ သူ ထင်ခဲ့မိ၍ ထွေထွေထူးထူး မတွေးခဲ့ပေ။ ထိုအချိန်များအတွင်း သူ့မှာ အိပ်ပျော်သွားတတ်သဖြင့် မည်သည့်အရာများ ဖြစ်ပျက်သွားခဲ့ကြောင်း မသိပေ။
နောက်ဆုံးတော့ သူ နားလည်သွားချေပြီ။ ကျိန်စာက ‘သူ’ ပင် ဖြစ်သည်။ တိတိကျကျဆိုရလျှင် သူ၏ခန္ဓာကိုယ်ထဲ၌ ‘သူ’ နောက်တစ်ယောက် ရှိနေချေသည်။
သူ ယခင်အခေါက်များအတွင်း အိပ်ပျော်သွားခဲ့သည့် အကြောင်းရင်းမှာ ‘သူ’ နောက်တစ်ယောက်က အလွန်သန်မာအားကောင်းလွန်း၍ သူ၏ရုပ်ခန္ဓာအား သိမ်းပိုက်ထားနိုင်သောကြောင့် ဖြစ်သည်။ ယခု သူ အိပ်မပျော်သွားသည့် အကြောင်းရင်းမှာတော့ မြေအောက်ဘုံအရှင်သခင်၏ အတားအဆီးအစီအရင်က အားကောင်းလွန်း၍ ဖြစ်သည်။ ‘သူ’ နောက်တစ်ယောက်မှာ အတားအဆီးအစီအရင်ထဲမှ အပြည့်အဝ ရုန်းမထွက်နိုင်သောကြောင့် ရုပ်ခန္ဓာတစ်ခုတည်းထဲတွင် ‘အသိစိတ်အလျဉ်နှစ်ခု’ တစ်ပြိုင်တည်း တည်ရှိနေသလို ဖြစ်သွား၏။
ဓမ္မကထိကမိုလွင်နှင့် ဗုဒ္ဓသုံးပါးက ရွှေပင်လယ်ကို နင်းလျက် တရှိန်ထိုး ပြေးလာနေကြသည်။ ဗုဒ္ဓလေးပါးသည် သိုင်းကွက်မျိုးစုံ ထုတ်လွှတ်ကာ သူ့ဆီသို့ တိုက်ခိုက်နေကြ၏။ သူတို့၏အနောက်တွင် ဗုဒ္ဓရုပ်ပွားတော်ကြီးများ ဖွဲ့တည်နေပြီး တိမ်တိုက်များကို ထိလုအောင် မြင့်မားနေကြသည်။
ရုတ်တရက် ချင်မူ၏ အသိစိတ်အလျဉ်က ရုပ်ခန္ဓာအား ပြန်ထိန်းချုပ်နိုင်သွားသည်။ သူ အချိန်မဖြုန်းဘဲ အသည်းအသန် ပြေးတော့သည်။ သူသည် ထော့ကျိုး သင်ပေးထားသော ကောင်းကင်ခိုးယူခြေထောက်များ ထုတ်လွှတ်၍ ဓမ္မကထိကမိုလွင်နှင့် ကျန်ရှိသူများ၏ တိုက်ကွက်များအား လျင်မြန်စွာ ရှောင်တိမ်းလိုက်၏။
ထော့ကျိုး၏ ကောင်းကင်ခိုးယူခြေသိုင်းက သူ့ခြေထောက်များတွင် မယုံနိုင်စရာကောင်းလောက်အောင် မြန်လာသည်။ အာကာသကိုပင် ဖြတ်ပြေးနိုင်သည့်အလား ထင်ရ၏။ ထော့ကျိုးသာ ဤအခြင်းအရာကို မြင်လျှင် မျက်လုံးများ ဇကောလောက် ပြူးကျယ်သွားပြီး သူ၏ခြေသိုင်း ထိုအတိုင်းအတာသို့ ရောက်နိုင်သည်ဟု ယုံရဲမည်မဟုတ်ပေ။
ချင်မူ့အနေဖြင့် ကောင်းကင်ခိုးယူခြေသိုင်းကို အဆုံးစွန်အထိ ထုတ်လွှတ်နိုင်ခြင်းမှာ အတောမသပ်နိုင်သော မှော်စွမ်းအင်ကြောင့် ဖြစ်သည်။ သူက ပန်းများ၊ ချုံများကို ဖြတ်သွားသော်လည်း မည်သည့်အရာမှ သူ့အပေါ်၌ မကပ်ငြိပေ။ မည်သူမှလည်း သူ့ကို မဖမ်းနိုင်။ ဓမ္မကထိကမိုလွင်၏ ကောင်းကင်နတ်သိုင်းပင် သူ့အား မထိနိုင်ဖြစ်နေသည်။
‘ငါ ဘာလို့ ရုတ်တရက်ကြီး ငါ့ကိုယ်ငါ ထိန်းချုပ်နိုင်သွားတာလဲ’
ချင်မူ့ခေါင်းထဲ၌ ဤအတွေးပေါ်လာသည်။ တခဏကြာသော် ချင်ဖုန်းကျင့်၏ အသိစိတ်အလျဉ် ပြန်ရောက်လာကာ သူ၏ကလေးသံ ထွက်လာသည်။ “မြေအောက်ဘုံအရှင်သခင်၊ မင်း ငါ့ကို ချောက်ချပြန်ပြီပဲ”
ချင်မူ၏ အသိစိတ်အလျဉ်မှာ နေရာလဲခံလိုက်ရသည်။ သူ၏ခန္ဓာကိုယ်က ကလေးကြီး ပြန်ဖြစ်သွားပြီဖြစ်၏။ သူက ကလေးပီပီ ရွှေရောင်ပင်လယ်ထက်၌ စိတ်လှုပ်ရှားစွာ ပြေးလွှားနေသည်။ သူ၏အားကောင်းလှသည့် ခြေထောက်များမှ ရေပြင်မှ ဗွမ်းခနဲ ဗွမ်းခနဲ ပြိုကွဲနေ၏။ ကောင်းကင်ထက်တွင်မူ ဗုဒ္ဓရောင်ခြည်လှိုင်းဂယက်များ ဖြာဆင်းနေသည်။
သူ ဖြတ်လာသည့်နေရာတိုင်းတွင် ရွှေပင်လယ်မှာ အရောင်စွန်းသွားသကဲ့သို့ မည်းနက်လာသည်။ အစတုန်းက ပင်လယ်ထဲ မင်တစ်စက် ကျသွားခြင်းဟုသာ ပြောနိုင်သေးသော်လည်း ယခုတွင် မင်စက်ကား နေရာအနှံ့အပြားသို့ ကျရောက်နေချေပြီ။
သူက ဗုဒ္ဓတစ်ပါးကို လှမ်းဆွဲပြီး ကစားစရာအရုပ်ကို ဆွဲဖြဲချင်နေသည့် ကလေးဆိုးလေးသဖွယ် ဗုဒ္ဓအား အရုပ်သဖွယ် သဘောထား၍ ဆုပ်ကိုင်သွားသည်။
ဓမ္မကထိကမိုလွင်နှင့် ကျန်ဗုဒ္ဓနှစ်ပါးက သူ့နောက် လိုက်လာကြသည်။ ချင်ဖုန်းကျင့်သည် ကောင်းကင်နတ်သိုင်းများစွာ လေ့လာခဲ့ရပုံမပေါ်ပေ။ သူ ထုတ်လွှတ်ခဲ့သည့် ကောင်းကင်နတ်သိုင်းအားလုံး ရိုးရှင်း၏။ သို့သော် ယိုတုကောင်းကင်နတ်သိုင်းများမှာ ထူးဆန်းပြီး ခန့်မှန်းမရသောကြောင့် ဓမ္မကထိကမိုလွင်တို့မှာ သူ၏တိုက်ကွက်များအား ရင်ဆိုင်ရန် ခက်နေသည်။
ပို၍ပင် ကြောက်စရာကောင်းသည်မှာ သူ့ရုပ်ခန္ဓာခွန်အားက ပြိုင်ဘက်ကင်းချေသည်။ သူက လက်ထဲတွင် ဆုပ်ကိုင်ထားသော ဗုဒ္ဓအား ခြေနှစ်ချောင်းမှ ကိုင်ပြီး ဆွဲဖြဲပစ်လိုက်သည်။ ရွှေပင်လယ်ထက်တွင် ဗုဒ္ဓသွေးစက်များ လွင့်စင်ပြန့်ကြဲသွား၏။
ထိုဗုဒ္ဓ၏ မူလဝိညာဉ်လည်း ချင်မူ့မျက်ခုံးနှစ်ဖက်ကြားရှိ မျက်လုံးမှ စုပ်ယူလိုက်သည်။ မူလဝိညာဉ်သည် မျက်လုံးထဲ ဝင်ရောက်ပျောက်ကွယ်သွား၏။
ချင်မူ့တတိယမျက်လုံးဆီမှ ဖြာထွက်နေသော လိပ်ပြာသဏ္ဍာန်သင်္ကေတမှာ ကြီးသထက် ကြီးလာသည်။ ၎င်း ကြီးမားလာသည်နှင့်အမျှ သူ၏အစွမ်းအစများလည်း ပိုမိုအားကောင်းလာလိမ့်မည်။ သူ ချာခနဲ လှည့်ကာ ဓမ္မကထိကမိုလွင်နှင့် ကျန်ဗုဒ္ဓနှစ်ပါးအား ထိပ်တိုက်တိုက်ခိုက်သည်။
ထိုစဉ် ကျောင်းဆောင်အို၏ အရှေ့တွင် မင်ရှင်း လေလယ်သို့ ပျံတက်လိုက်သည်။ သူ့မှာ အဝေးရှိ ရွှေပင်လယ်ဆီသို့ လှမ်းကြည့်ပြီး ရွှေရောင်ပေါက်စီပုံစံ ကျွန်းတစ်ကျွန်းပြီး တစ်ကျွန်း ကြေမွနေသည်ကို မြင်လျှင် အံ့အားသင့်သွားသည်။ အထွတ်အမြတ်တောင်များလည်း ပဲ့ရွဲ့စုတ်ပြတ်နေရုံသာမက အမှောင်ထုက ဤဗုဒ္ဓသာသနာ့မြေကို လွှမ်းမိုးနေလေသည်။
မင်ရှင်းကိုယ်တော်၏မျက်နှာ သွေးဆုပ်ဖြူလျော်သွားသည်။ သူ့မှာ မည်သည်ကိုမှ မစဉ်းစားနိုင်တော့ဘဲ တဆတ်ဆတ် တုန်နေတော့၏။
“ကိုယ်တော် ဆင်းလာခဲ့”
အောက်မှ အသံတစ်သံ ကြားလိုက်ရ၍ မင်ရှင်း အလျင်အမြန် ငုံ့ကြည့်လိုက်သည်။ ကျောင်းဆောင်၏အရှေ့တွင် ရိုးသားတည်ကြည်သော ရုပ်သွင်နှင့် ရဟန်းက သူ့ကို လက်ဝှေ့ယမ်းပြနေသည်။ သူ မင်ရှင်းကို ခဏခဏ ခေါ်နေခဲ့သော်လည်း မင်ရှင်းမှာ တုန်လှုပ်နေသောကြောင့် သူ့အသံကို မကြားခဲ့ပေ။
ရဟန်းက ပြုံးလျက် ပြောလေသည်။ “မြန်မြန် ဆင်းလာခဲ့.... မိစ္ဆာနတ်ဆိုးဘုရင်က မကြာခင် ဒီနေရာကို ရောက်လာတော့မှာ... ကျောင်းဆောင်ထဲ ဝင်ပုန်းကြစို့”
မင်ရှင်းက အလျင်အမြန် ပြောလိုက်သည်။ “တပည့်တော်ကို နောင်တော်ချင် မသတ်ပါဘူး”
“သူက နောင်တော်ချင် ဟုတ်သေးလို့လား”
မင်ရှင်း ရွှေပင်လယ်ဆီသို့ လှမ်းကြည့်လိုက်သည့်အခါ ရွှေပင်လယ်မှာ အမည်းရောင် မင်ပင်လယ်သဖွယ် ဖြစ်လာခဲ့၏။ ကလေးကြီး’ချင်မူ’က ဗုဒ္ဓတစ်ပါးကို ဖမ်းဆွဲရင်း ဖြစ်ညစ်လိုက်သဖြင့် ထိုဗုဒ္ဓမှာ ငါးဖယ်လုံးပမာ ဖြစ်သွားသည်။
ရုတ်တရက် ဘုန်းခနဲ မြည်ဟည်းသံကြီးနှင့်အတူ ဓမ္မကထိကမိုလွင်၏ ခန္ဓာကိုယ်ကြီးသည် ရွှေပင်လယ်အပြင် လွင့်ထွက်သွား၏။ သူက သူတို့ရှိနေသော တောအုပ်ထဲသို့ ပြုတ်ကျလာပြီး သစ်ပင်များကို တွန်းတိုက်ကာ လဲကျသွားလေသည်။
‘ကလေးကြီးချင်မူ’က ဗုဒ္ဓတစ်ပါး၏ မူလဝိညာဉ်ကို စားနေသည်။ သူက စားရင်း လှစ်ခနဲ ခုန်ကာ သူတို့ဆီ ပြေးလာ၏။
မင်ရှင်း တုန်လှုပ်သွားပြီး ကမန်းကတန်း ဆင်းလိုက်သည်။
ရိုးသားတည်ကြည်သော ရုပ်သွင်နှင့် ရဟန်းက ကျောင်းတံခါးကို ဖွင့်ပေးပြီး သူ့ကို အထဲခေါ်သည်။ မင်ရှင်း အလျင်အမြန် လျှောက်သွားလိုက်စဉ် တစ်စုံတစ်ခုအား သတိရလိုက်၏။ ‘ဗြဟ္မဗုဒ္ဓက သုံးယောက်ပဲ ဝင်ခွင့်ပြုပြီး ဧကရာဇ်ပလ္လင်ကျမ်းစာ သင်ပေးမယ် ပြောခဲ့တယ်... နောင်တော်ကျန်းခုံးနဲ့ သိကြားဗုဒ္ဓက ဝင်သွားပြီဆိုတော့ ငါ ဝင်လိုက်ရင် သုံးနေရာ ပြည့်မသွားဘူးလား’
သူ ဤသို့တွေးနေစဉ် ‘ကလေးကြီးချင်မူ’ ဓမ္မကထိကမိုလွင်ကို ခြေထောက်မှ ကိုင်မြှောက်ကာ ဟိုဟိုသည်သည် ဆွဲရိုက်နေသည်။ တောင်တန်းများ ကွဲထွက်ပြီး မြေပြင်များ ပြိုကျကုန်သည်။ ဓမ္မကထိကမိုလွင်မှာလည်း အသက်မျော့မျော့သာ ကျန်တော့၏။
ရဟန်းက ကပျာကယာ တံခါးပိတ်၍ မင်ရှင်း ထပ်မမြင်ရတော့ပေ။ သူက မင်ရှင်းကို ကျောင်းဝင်းထဲ တွန်းပို့ပြီး အပြုံးတစ်ခုဖြင့် ပြောသည်။ “နောင်တော် ကံကောင်းတယ်... ရှေ့ဆက်သွားရင် ဗြဟ္မဗုဒ္ဓကို ဖူးပြီး ဧကရာဇ်ပလ္လင်ကျမ်းစာ နာရလိမ့်မယ် သွား သွား”
မင်ရှင်းမှာ ငေးငေးကြောင်ကြောင်ဖြင့် ရှေ့ဆက်လျှောက်နေမိသည်။ ကျောင်းဆောင်သည် သိပ်မကြီးသော်လည်း အတန်ကြာ လမ်းလျှောက်ပြီးနောက်တွင်ပင် အဆုံးမရှိသယောင် ထင်ရ၏။
ဓမ္မကထိကမိုလွင်၏ စိတ်နှလုံးချောက်ချားဖွယ်အော်သံကြီး အပြင်မှ ပျံ့လွင့်လာသည်။ အသံကြားသည်နှင့် မင်ရှင်း ကြက်သီးဖြန်းဖြန်း ထသွားတော့သည်။ ‘မကောင်းတော့ဘူး... နောင်တော်ချင် ဒုက္ခရောက်ပြီ... သူ့ကြောင့် ဗုဒ္ဓသားတော်တွေအများကြီး သေခဲ့ရတယ်... အခု ဓမ္မကထိကမိုလွင်အပါအဝင် ဗုဒ္ဓငါးပါးကိုလည်း သတ်လိုက်ပြီ... ဗြဟ္မဗုဒ္ဓ သူ့ကို သည်းခံမှာမဟုတ်ဘူး’
သူက ကျောင်းဆောင်အပြင်သို့ ပြေးရန် ချာခနဲ လှည့်လိုက်သည်။ ‘ဗြဟ္မဗုဒ္ဓ နောင်တော်ချင်ကို သတ်ဖို့မဖြစ်ဘူး’
ထိုစဉ် ဗုဒ္ဓတစ်ပါး၏အသံ ကြားလိုက်ရသည်။ “သိပ်ကောင်းတယ်၊ သိပ်ကောင်းတယ်...မေတ္တာကြီးမားပါပေတယ်”
မင်ရှင်း မှင်သက်သွား၏။ သူ့အရှေ့တွင် ခံ့ညားသပ္ပါယ်သော ဗုဒ္ဓဘုရားရှင်တစ်ပါးအား မြင်လိုက်ရသည်။ ဗုဒ္ဓဘုရားရှင်က သူ့အား ပြုံးပြနေလေသည်။
“မင်ရှင်း၊ ငါ့ရှင်သာ ရှေ့ဆက်လျှောက်ပြီး ပြန်လှည့်မလာရင် ကိုယ်တော့်ကို မြင်ရမှာမဟုတ်ဘူး... အခု ပြန်လှည့်လာပြီဆိုတော့ ငါ့ရှင် ကိုယ်တော့်လမ်းစဉ်ကို လျှောက်နိုင်ပြီ”
ခံ့ညားသပ္ပါယ်သော မြတ်ဗုဒ္ဓဘုရားရှင်က အပြုံးတစ်ခုဖြင့် ဆက်လက်မိန့်တော်မူသည်။ “လာခဲ့၊ ကိုယ်တော် ငါ့ရှင်ကို ဧကရာဇ်ပလ္လင်ကျမ်းစာအစစ် ဟောကြားပေးမယ်”
မင်ရှင်းကိုယ်တော်မှာ ချင်မူ့အတွက် စိတ်ပူနေသော်လည်း ရှေ့ဆက်လျှောက်သွားသည်။ သူ ဤဗုဒ္ဓဘုရားရှင်ထံ ချင်မူ့အသက်အား ချမ်းသာပေးရန် တောင်းပန်တော့မည့်အချိန် ဗုဒ္ဓဘုရားရှင်က ပြုံးလျက် မိန့်လေ၏။ “ငါ့ရှင်ရဲ့ ရိုးသားဖြူစင်တဲ့ နှလုံးသားဟာ ကျန်းခုံးနဲ့ မတူဘူး... ကျန်းခုံးက မွေးရာပါ ဉာဏ်ပညာကြီးတဲ့သူပဲ... ငါ့ရှင်ရဲ့ စိတ်သဘာဝက သူ့အောက် နိမ့်ကျနေပေမယ့် သူ့မှာ မရှိတဲ့အရာတွေကို ပိုင်ဆိုင်ထားတယ်... ဒါကြောင့် ကိုယ်တော် ကျန်းခုံးကို တုဏှီဘာဝတထတ္တကျမ်းစာ ပေးခဲ့ပေမယ့် ငါ့ရှင်ကိုတော့ ဝစီသစ္စာကျမ်း ပေးမယ်”
ကျမ်းစာအုပ်တစ်အုပ် ဗုဒ္ဓဘုရားရှင်၏ လက်ဝါးထက်၌ ပေါ်လာပြီး သူ့ဆီ ကမ်းပေးလေသည်။
မင်ရှင်းမှာ ဧကရာဇ်ပလ္လင်အဆင့် ကျမ်းစာကို ကိုင်ထားရသော်လည်း ချင်မူ၏လုံခြုံရေးအတွက် စိတ်ပူနေသေးသည်။ ကျမ်းစာ ဖတ်လိုစိတ်မရှိပေ။
မြတ်ဗုဒ္ဓက ပြုံးလျက် မိန့်သည်။ “မိတ်ဆွေလေးချင်က သူ့ကံတရားနဲ့သူ သွားမှာပါ... ငါ့ရှင် သူ့အတွက် စိတ်ပူစရာမလိုပါဘူး... ဒီကျမ်းစာကိုသာ သေချာအာရုံစိုက်ပါ”
မင်ရှင်းကိုယ်တော်မှာ စိတ်ဒုန်းဒုန်းချ၍ စာအုပ်ကို ဖွင့်လိုက်သည်။ ကျမ်းစာထက်ရှိ စာလုံးများက အဆက်မပြတ် ခုန်ကူးသွားလာရင် စာကြောင်းများအား အလိုအလျောက် တည်ဆောက်ပေးနေသည်။ အတိုင်းထက်အလွန် ဆန်းပြားလှပြီး ဗုဒ္ဓဝါဒ၏ ဆန်းကြယ်သော သဘောတရားများအား ရှင်းပြနေသည်။
ကျောင်းဆောင်၏အပြင်တွင် ကလေးကြီးချင်ဖုန်းကျင့်က ဓမ္မကထိကမိုလွင်ကို ဝါးမြိုပြီး နှုတ်ခမ်းသပ်လိုက်သည်။ သူက စိတ်လှုပ်ရှားလွန်း၍ ခုန်ဆွခုန်ဆွ လုပ်နေရာ မြေပြင်မှာ တသိမ့်သိမ့် တုန်ခါနေတော့သည်။ “မြေအောက်ဘုံအရှင်သခင်ရဲ့ အတားအဆီးအစီအရင် အားနည်းသွားပြန်ပြီ ဟီးဟီး ငါ ဒီဗုဒ္ဓဘုံတစ်ဘုံလုံး စားလိုက်ရင် သေချာပေါက် လွတ်နိုင်လိမ့်မယ်... ဒီဗုဒ္ဓဘုံကို ယိုတုအဖြစ် ပြောင်းပြီး ငါကိုယ်တိုင် မြေအောက်ဘုံအရှင်သခင် လုပ်မယ်... ငါကိုယ်တိုင် ဘုရင်လုပ်မယ်... ဒါမဲ့ ယိုတုကို ပြန်ပြီး အမေ့ကို သွားခေါ်ရဦးမယ်... ဒါမှ ငါတို့တွေ မြေအောက်ဘုံအရှင်သခင်ရဲ့ မျက်နှာကို ကြည့်နေစရာမလိုဘဲ ပျော်ပျော်ရွှင်ရွှင် နေနိုင်မှာ... အယ် ကျောင်းဆောင်လေးပါလား.... ဒါကို ဖျက်စီးပြီး အထဲကလူတွေကို စားပစ်မယ်... ပြီးမှ ကျန်တဲ့ကောင်းကင်ဘုံတွေဆီ သွားရမယ်”
ဘုန်း
ကျောင်းဆောင်တံခါးမှ အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားပြီး ကလေးကြီးက အချိုးအစားမညီသော ခြေထောက်များဖြင့် ပြေးဝင်လာသည်။ လမ်းကား အလွန်ရှည်နေ၏။
ကလေးကြီးက ရှေ့ဆက်လျှောက်နေသည်။ သူ ဆက်လျှောက်နေစဉ် ခြေထောက်နှစ်ချောင်းဖြင့် မတ်တပ်ရပ်လျှောက်နေသည်မှာ မသက်မသာ ဖြစ်လာ၍ လေးဖက်ထောက်သွား၏။
ထိုစဉ် တံမြက်စည်းလှဲသံ တရှပ်ရှပ် ထွက်လာပြီး သူ့အရှေ့တွင် တံမြက်စည်းလှဲနေသော ရဟန်းတစ်ပါး ပေါ်လာသည်။ ရဟန်းက သူ့ကို မြင်လျှင် တံမြက်စည်းပစ်ချကာ ထွက်ပြေးရန် ပြင်၏။ ကလေးကြီးက ဝမ်းမြောက်သွားပြီး ရဟန်းအား လှမ်းဆွဲကာ ပြုံးလျက် ပြောလေသည်။ “မင်းက နည်းနည်းတော့ အိုနေပေမယ့် ဘယ်သူမှ မရှိတာထက်စာရင် မဆိုးဘူး”
ထိုသို့ပြောပြီးနောက် ကလေးကြီးက ဤရဟန်း၏ ခေါင်းကို ဖြုတ်လိုက်ပြီး မူလဝိညာဉ်ကို တတိယမျက်လုံးထဲ စုပ်ယူလိုက်သည်။
“ငါသာဆို သူ့ကို စားမှာမဟုတ်ဘူး...” ကလေးကြီး၏ကိုယ်ထဲမှ ချင်မူ၏ အသိစိတ်အလျဉ်က စိတ်လက်မချမ်းသာစွာ ပြော၏။
တံမြက်စည်းလှဲနေသော ရဟန်း၏ မူလဝိညာဉ်ကို စားပြီးနောက် ကလေးကြီးက ရုတ်တရက် ထအော်သည်။ “သေစမ်း ငါ လှည့်စားခံလိုက်ရပြီ... ဘယ်ခွေးသားက ငါ့ကို လှည့်စားရဲတာလဲ”
ချင်မူ၏အသိစိတ်အလျဉ်မှာ သူ၏ခန္ဓာကိုယ်ကို ပြန်ထိန်းချုပ်နိုင်သွားသလို ခံစားလိုက်ရသည်။ သူ မဝမ်းသာမိဘဲ မနေတော့ပေ။ သူ၏ခန္ဓာကိုယ်သည်လည်း မူလအရွယ်အစားသို့ တဖြည်းဖြည်း ပြန်ကျုံ့သွားသည်။
သူ လှမ်းကြည့်လိုက်သည့်အခါ တံမြက်စည်းလှဲနေသော ရဟန်း၏ ခေါင်းပြတ်က ပြန်ဆက်သွားလေသည်။ ရဟန်းသည် တံမြက်စည်းကို ကိုင်လျက် ရပ်နေပြီး သူ့အား ပြုံးပြနေ၏။
ချင်မူ လက်အုပ်ချီကာ နှုတ်ဆက်လိုက်သည်။ “လူဆိုးချင်မူ ဗြဟ္မဗုဒ္ဓကို အရိုအသေပြုပါတယ်”
၎
င
၎
၎