← Chapters

သိကြားကျမ်းစာ

Vol. 46 Ch. 625

သိကြားကျမ်းစာ

Vol. 46 Ch. 625

ချင်မူ သိကြားဗုဒ္ဓနှင့်အတူ သိကြားဘုံရှိ သိကြားဗုဒ္ဓကျောင်းဆောင်ဆီသို့ ရောက်လာသည်။ သိကြားဘုံတွင်လည်း သိကြားဗုဒ္ဓကို ကိုးကွယ်ဆည်းကပ်ကြသော ဗုဒ္ဓဘာသာတိုင်းပြည်များစွာ ရှိ၏။ ဤကျောင်းဆောင်ထဲ၌ ရဟန်းသံဃာများစွာ စင်္ကြံလျှောက်နေကြပြီး သူတို့ ဝင်လာသည်ကို မြင်လျှင် နှုတ်ဆက်ကြသည်။

သိကြားဗုဒ္ဓက လက်ကာပြ၍ အားလုံကို နောက်ဆုတ်ခိုင်းပြီး မျှော်လင့်နေသော မျက်ဝန်းများဖြင့် ချင်မူ့အား ကြည့်နေသည်။

သိကြားဗုဒ္ဓသည် တစ်ကိုယ်တည်းလမ်းစဉ်ကို လျှောက်လှမ်းသူ ဖြစ်ဟန်တူ၏။ တပည့်သာဝကများ လက်ခံထားသူမဟုတ်၍ ကျောင်းဆောင်၌ သီတင်းသုံးနေသော ရဟန်းများက ဓမ္မဆည်းပူးရန် လာရောက်ကြသော ဗုဒ္ဓတိုင်းပြည်များမှ အိမ်ရှေ့မင်းသား၊ မင်းသမီးများ ဖြစ်လိမ့်မည်။

သိကြားဗုဒ္ဓက သူတို့ကို ဓမ္မတရားဟောကြားပေးသော်လည်း စိတ်ကူးပေါက်မှသာ ဟောကြားပေးတတ်၏။

ဤမင်းသား၊ မင်းသမီးများသည် သူ၏တပည့်များ မဟုတ်သော်လည်း ကျင့်စဉ်စွမ်းအင်က အားမနည်းသလို၊ ချင်မူ သတ်ခဲ့သော ဗုဒ္ဓသားတော်များအောက် မနိမ့်ကျပေ။ ထို့ကြောင့် သိကြားဗုဒ္ဓ၏ သင်ကြားပို့ချမှုများက အဆင့်မြင့်လိမ့်မည်။ စိတ်ကူးပေါက်မှသာ ဟောပြောသင်ကြားတတ်သော်လည်း အတိုင်းထက်အလွန် နက်နဲသော ကျင့်စဉ်များ ဖြစ်နေသေးဟန်တူသည်။

ချင်မူ တခဏ စဉ်းစားကြည့်ပြီး ပြောလိုက်သည်။ “တပည့်တော် ကောင်းကင်အလိုတော်မုခ်ဝ ဖွင့်ပြီး အရှင်ဘုရားကို ယိုတုထဲ ပို့လိုက်လို့ရတယ်..... ဗုဒ္ဓဘုရှားရှင်ရဲ့ အစွမ်းအစတွေနဲ့ဆို ရုပ်ခန္ဓာကိုယ်နဲ့ ကောင်းကင်အလိုတော်မုခ်ဝကို ဖြတ်ကျော်နိုင်မှာပါ... မူလဝိညာဉ် အစားမခံလောက်ရဘူး... ဒါပေမဲ့...”

သူက တွန့်ဆုတ်နေပြီးနောက် ဆက်ပြော၏။ “ဗုဒ္ဓသားတော်တွေကို သတ်ခဲ့တုန်းက တပည့်တော်မဟုတ်တဲ့ ‘တပည့်တော်’ လွတ်လာတယ်... သူက တံခါးနောက်မှာ ပုန်းပြီး စားဖို့ ချောင်းနေတယ်လို့ ခံစားနေရတယ်... ဗုဒ္ဓဘုရားရှင်အနေနဲ့ တပည့်တော်အခြားတစ်ယောက်ကို နှိမ်နင်းနိုင်မယ်ထင်လား”

သိကြားဗုဒ္ဓမှာ မျက်တောင်ပုတ်ခတ်လျက် အမှောင်တစ်ဝက်ဖုံးနေသော ဗြဟ္မဘုံအား ပြန်တွေးလိုက်သည်။ သူက အသေအချာ စဉ်းစားပြီးနောက် လက်ဝါးနှစ်ဖက်ကို စိတ်လှုပ်တရှား ပွတ်လိုက်၏။ “ကိုယ်တော် နားလည်သွားပြီ... မြေအောက်ဘုံအရှင်သခင်က ဒကာအခြားတစ်ယောက်ကို ချုပ်နှောင်ဖို့ ယိုတုကနေ ဧရိယာတစ်ခု ဖဲ့ပြီး သူ့ကို ပိတ်လှောင်ထားတယ်... ဒကာအခြားတစ်ယောက်က မှော်စွမ်းအင်ကြီးမားလွန်းတော့ ကောင်းကင်အလိုတော်မုခ်ဝနဲ့ ဆက်သွယ်နေတဲ့နေရာက ယိုတုမဟုတ်ဘဲ သူ့ကို ချုပ်ထားတဲ့နေရာ ဖြစ်သွားအောင် နေရာလဲလိုက်တယ်... အဲဒါကြောင့် ဒကာ သတ်လိုက်တဲ့ မူလဝိညာဉ်တွေကို ကြားဖြတ်ပြီး စားနိုင်သွားတယ်... ဒီတော့ ကိုယ်တော် ကောင်းကင်အလိုတော်မုခ်ဝကနေ ယိုတုကို ဝင်လိုက်ရင် ယိုတုမဟုတ်ဘဲ သူ့ကို ဖမ်းထားတဲ့ နေရာဆီ ရောက်သွားမှာပေါ့”

ချင်မူ၏ တတိယမျက်လုံးထဲတွင် မြေပြင်တစ်ခု မျောလွင့်နေသည်။ ထိုမြေပြင်သည် မြေအောက်ဘုံအရှင်သခင် သူ၏အချိုးအကွေ့ကိုးသွယ်ချိုများဆီမှ ဖဲ့ယူထားသော မြေပြင် ဖြစ်၏။ အပေါ်မှ အောက်သို့ ငုံ့ကြည့်လိုက်လျှင် မြေပြင်က ကျောက်စိမ်းလည်ဆွဲသဏ္ဍာန် ရှိပြီး ချုပ်နှောင်ထားသော သံကြိုးများက ‘ချင်’ဆိုသည့် စာလုံးကို ဖွဲ့တည်ထားကြောင်း မြင်ရလိမ့်မည်။

‘ချင်’ စာလုံး၏အလယ်တွင် ကလေးအကြီးကြီးတစ်ယောက် ပိတ်မိနေပြီး ရုန်းမထွက်နိုင်ပေ။ ကောင်းကင်ထက်၌လည်း ဗုဒ္ဓရှင်တော်မြတ်တစ်ပါးက ထိုမြေပြင်အား ဖိနှိပ်ထား၏။

မြေပြင်ပေါ်၌ ထိုင်နေသော ကလေးကြီးတွင် ပုပုတိုတို ခြေထောက်များနှင့် လက်များ ရှိသည်။ သိကြားဗုဒ္ဓ၏အသံကို ကြားလျှင် ထိုကလေးကြီးက အမျက်တစ်ချောင်းချောင်း ထွက်လာ၏။ “ကတုံး၊ ကတုံးကြီး ... ငါ မင်းကတုံးကို ဆွဲဖြုတ်ပြီး စားပစ်မယ်"

“အဲဒီလိုကိုး”

ချင်မူ သဘောပေါက်သွား၍ အော်လိုက်မိသည်။ “အဲဒါကြောင့် ဗုဒ္ဓသားတော်တစ်ပါး သတ်လိုက်တိုင်း ချီစွမ်းအင်တွေ သိပ်သည်းလာသလို ခံစားခဲ့ရတာပဲ... ဒါဆို ဗုဒ္ဓသားတော်တွေရဲ့ မူလဝိညာဉ်တွေနဲ့ အတားအဆီးအစီအရင်ကို ချိုးဖျက်ပေးနေသလို ဖြစ်ခဲ့တာပေါ့... တပည့်တော်ကို အားဖြည့်ပေးခဲ့တဲ့ ချီစွမ်းအင်က သူ့ဆီက စိမ့်ထွက်လာခဲ့တဲ့ ချီစွမ်းအင်တွေ ဖြစ်မယ်”

သူ ဗုဒ္ဓသားတော်များအား ဓားဖြင့် တိုက်ခိုက်ခဲ့သည့်အချိန်ကတည်းက တစ်ခုခု လွဲနေသလို ခံစားခဲ့ရသည်။ ထိုအချိန်တုန်းက သူ၏ချီစွမ်းအင်သည် အမြဲ ပြည့်လျှံနေခဲ့၏။ အနည်းငယ်မျှ လျော့ကျမသွားခဲ့သည့်အပြင် တိုးပွားခဲ့သေးသည်။

ယခုမှ တွေးကြည့်သည့်အခါ ချီဖုန်းကျင့်၏ အသိစိတ်အလျဉ်သည် ကောင်းကင်အလိုတော်မုခ်ဝနောက်၌ ပုန်းကွယ်နေခဲ့ပြီး ဗုဒ္ဓသားတော်များ၏ မူလဝိညာဉ်များအား စားနေခဲ့ခြင်း ဖြစ်၏။

ထိုစဉ်အခါက ချင်မူကလည်း ကောင်းကင်အလိုတော်မုခ်ဝကို ဖွင့်ကာ ဗုဒ္ဓသားတော်များကို တိုက်ခိုက်ခဲ့သောကြောင့် ချင်ဖုန်းကျင့်၏ ပါးစပ်ထဲသို့ ခွံ့ကျွေးနေသကဲ့သို့ ဖြစ်ခဲ့လေသည်။

‘ငါ ကောင်းကင်အလိုတော်မုခ်ဝကို မဆင်မခြင် ဖွင့်လို့မရတော့တဲ့ ပုံပဲ... မဟုတ်ရင် ငါ့ကိုယ်ငါ မထိန်းနိုင်တော့ဘဲ ငါနောက်တစ်ယောက်ကို လွှတ်လိုက်မိလိမ့်မယ်’ ချင်မူ သူ့ဘာသာသူ တွေးလိုက်မိသည်။

သိကြားဗုဒ္ဓက ပြောသည်။ “ကိုယ်တော် ကောင်းကင်အလိုတော်မုခ်ဝကနေ ဝင်လိုက်ရင် သေချာပေါက် သူ့မြေပေါ် ရောက်သွားမှာ ... မြေအောက်ဘုံအရှင်သခင်ရဲ့ အစီအရင်နဲ့ နောင်တော်ရဲ့ အစီအရင်က ကိုယ်တော့်ကိုလည်း ဖိနှိပ်ကြလိမ့်မယ်... အဲဒါဆို သူ့ကို နှိမ်နင်းနိုင်တော့မှာ မဟုတ်ဘူး... ဒီနည်းလမ်းက အလုပ်မဖြစ်ဘူး.. ဒကာ့မှာ တခြားနည်းလမ်း မရှိတော့ဘူးလား”

ချင်မူ အတန်ငယ် စဉ်းစားပြီး ပြောလေသည်။ “စွမ်းအင်အကူးအပြောင်းတံတားတစ်စင်း တည်ဆောက်ပြီး ထိုက်ဧကရာဇ်ကောင်းကင်ဘုံက တံတားနဲ့ ဆက်သွယ်လိုက်လို့ရတယ်.... ဒါဆို ဗုဒ္ဓဘုံနဲ့ ထိုက်ဧကရာဇ်ကောင်းကင်ဘုံအကြား သွားလာနိုင်ပြီ.... တပည့်တော်တို့ ဗုဒ္ဓဘုံကနေ ထိုက်ဧကရာဇ်ကောင်းကင်ဘုံထဲ ဝင်လိုက်ရင် တံတားက ကမ္ဘာစွမ်းအင်ကို အလိုအလျောက် ထိန်းညှိပေးလိမ့်မယ်... ဒါပေမဲ့ ကောင်းကင်နတ်ဘုံ ထိုက်ဧကရာဇ်ကောင်းကင်ဘုံအထိ ခြေရာခံမမိအောင် နေရာရွှေ့ပြောင်းပြီးတာနဲ့ သိကြားဘုံထဲက စွမ်းအင်အကူးအပြောင်းတံတားကို ဖျက်စီးဖို့ လိုတယ်”

သိကြားဗုဒ္ဓ၏မျက်လုံးများ အရောင်တောက်သွားသည်။ “ဒါက ရိုးရိုးလေးပါ.... ကိုယ်တော်တို့ သိကြားဘုံကနေ ထွက်သွားတာနဲ့ တံတားကို အလိုလို ဖောက်ခွဲပေးမယ့် ကောင်းကင်နတ်သိုင်းတစ်ခု ချန်ခဲ့လို့ရတယ်”

“နောက်တစ်ချက် ရှိသေးတယ်”

ချင်မူက တွက်ချက်ရင်း ပြောလိုက်၏။ “ညီမျှခြင်းတွေ၊ သင်္ကေတအစီအစဉ်တွေနဲ့ ဖွဲ့စည်းတည်ဆောက်ပုံအတွက် တပည့်တော်မှာ ပုံကြမ်းရှိတယ်... ဒါပေမဲ့ စွမ်းအင်အကူးအပြောင်းတံတားက လုပ်ငန်းစဉ်ကြီးတစ်ခုပဲ... တပည့်တော်မှာ အဲဒီလောက်ပစ္စည်းများများစားစား မရှိဘူး ... ရတနာသွန်းလုပ်ဖို့ လူအင်အားလည်း လိုသေးတယ်”

သိကြားဗုဒ္ဓက အပြုံးတစ်ခုဖြင့် ပြောလေသည်။ “ကိုယ်တော့်ကို ပုံကြမ်းသာ ပေးလိုက်... တည်ဆောက်ဖို့က ကိုယ်တော့်အတွက် မခက်ပါဘူး”

ချင်မူ စာရွက်များနှင့် စုတ်တံ ထုတ်လိုက်သည်။ “အရင်ဆုံး လိုအပ်တဲ့ ပစ္စည်းစာရင်း ချရေးပေးလိုက်မယ်... ဗုဒ္ဓဘုရားရှင် ပြင်ဆင်ပေးလို့ရမလား”

သူက စုတ်တံကို မြှောက်၍ ပစ္စည်းစာရင်း ဆယ်မျက်နှာခန့် ချရေးလိုက်သည်။ သိကြားဗုဒ္ဓက တစ်ချက်ကြည့်လိုက်၏။ ပစ္စည်းအမျိုးအစားက သိပ်မများသော်လည်း အရေအတွက်က များပြားလေသည်။

“သိကြားဘုံမှာ ပစ္စည်းတချို့ လှောင်ထားတာ ရှိတယ်... ဒါပေမဲ့ မလုံလောက်ဘူး... တခြား ဗုဒ္ဓတိုင်းပြည်တွေရဲ့ ဘဏ္ဍာတိုက်တွေကနေ သွားထုတ်ဖို့ လိုတယ်"

သိကြားဗုဒ္ဓ အလျင်စလို ထွက်သွားသည်။ “ပုံကြမ်းတွေ ပြင်ထားလိုက်.... ကိုယ်တော် လိုအပ်တဲ့ပစ္စည်းတွေ လာပို့ဖို့ သိကြားဘုံထဲက တိုင်းပြည်တွေဆီ အကြောင်းကြားလိုက်မယ်"

ချင်မူ ထောင်ကျယ်အိတ်ထဲမှ ပုံကြမ်းများ ထုတ်ကာ ထပ်လိုက်သည်။

ယခုလို အမြဲတမ်း အပိုဆောင်ထားခြင်းမှာ သူ အလေ့အကျင့်လုပ်ထားခဲ့သော အကျင့်ကောင်းတစ်ခု ဖြစ်၏။ သူနှင့် ကျားနတ်မင်း အတူတွက်ချက်ခဲ့သော ပုံကြမ်းမှာ အလွန်အရေးပါသည့်အတွက် ချင်မူ ထောင်ကျယ်အိတ်ထဲတွင် တစ်စုံ အမြဲထည့်ထားခဲ့လေသည်။

ဧကရာဇ်အတိုင်ပင်ခံတွင်လည်း ထိုကဲ့သို့ အပိုတစ်စုံ သိမ်းထားတတ်သော အကျင့်ရှိသည်။

များစွာမကြာလိုက်ဘဲ သိကြားဗုဒ္ဓ ပြန်ရောက်လာပြီး ပုံကြမ်းအပုံများကို ကြည့်ကာ တအံ့တဩ ထခုန်လိုက်မိ၏။ “များလိုက်တာ”

ချင်မူက အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ “ဗုဒ္ဓ၊ တပည့်တော်ကို နတ်ကောင်းကင်ခန်းမကျမ်းစာ ပေးပြီး ဖတ်ခွင့်ပြုပါ... အရှင်ဘုရားလည်း ဒီပုံကြမ်းတွေကို လေ့လာလိုက်ဦး... ပစ္စည်းတွေရောက်တာနဲ့ စွမ်းအင်အကူးအပြောင်းတံတား စဆောက်လို့ရပြီ”

သိကြားဗုဒ္ဓသည် ပုံကြမ်းများကို ကြည့်၍ ထိတ်လန့်လာ၏။ သူက စာအုပ်အပါးလေးတစ်အုပ် ထုတ်ကာ ချင်မူ့ဆီသို့ ပစ်ပေးလိုက်သည်။

ချင်မူ စာအုပ်ကို လှန်ကြည့်သည့်အခါ ဆယ်ရွယ်ကျော်ကျော်သာ ရှိ၏။ “နည်းလိုက်တာ”

“ကိုယ်တော့်ကျင့်စဉ်က နှလုံးသားထဲက လာတာ ... သဘောတရားများများစားစား မရှိဘူး... ကိုယ်တော်က စာလုံးတစ်လုံးတိုင်းကို ပုလဲတစ်လုံးသဖွယ် သဘောထားတယ်”

သိကြားဗုဒ္ဓက ပြောပြောဆိုဆိုဖြင့် ‌ဗုဒ္ဓကျမ်းစာများ ထုတ်လိုက်သည်။ ကျမ်းစာများသည် ချင်မူ့အရှေ့တွင် တောင်လိုပုံသွား၏။ “ဒါက ကိုယ်တော့်ကျင့်စဉ်ထဲက စာလုံးတစ်လုံးချင်းစီအတွက် အဓိပ္ပါယ်တွေပဲ”

ချင်မူမှာ တောင်လိုပုံနေသော စာအုပ်များကို ကြည့်၍ မူးဝေသွားသည်။ သူ သိကြားဗုဒ္ဓဆီသို့ လှမ်းကြည့်လိုက်သည့်အခါ သိကြားဗုဒ္ဓကလည်း သူ့အရှေ့၌ တံတိုင်းကြီးလို အထပ်လိုက်ပုံနေသော ပုံကြမ်းများအား ကြည့်နေသည်။ သူကလည်း သူ့ကို လှည့်ကြည့်၏။

ချင်မူ သွေးတိုးစမ်းကြည့်လိုက်သည်။ “ဗုဒ္ဓ၊ တပည့်တော်တို့ အခုလို တစ်ယောက်ကိုတစ်ယောက် ဒုက္ခပေးနေရင် ဗုဒ္ဓဘုံကနေ အသက်ရှင်ရက် ထွက်သွားနိုင်မှာ မဟုတ်ဘူးနော်”

သူက စာရွက်ပုံထဲမှ အရွက်တစ်ဒါဇင်ကျော် ဆွဲထုတ်ကာ ပြောလိုက်၏။ “ဒါက စွမ်းအင်အကူးအပြောင်းတံတားရဲ့ ပင်မကိုယ်ထည်ပဲ... အရှင်ဘုရား ပင်မကိုယ်ထည်ကို တည်ဆောက်ပြီးသွားရင် ဒီသင်္ကေတအမှတ်အသားတွေကို အရှင်ဘုရားနဲ့အတူ တပည့်တော် ရေးဆွဲပေးမယ်.... အဲဒါဆို အများကြီး လွယ်ပါလိမ့်မယ်”

သိကြားဗုဒ္ဓက တဟားဟား ရယ်၍ အင်္ကျီလက်အိုး ခါလိုက်သည်။ စာအုပ်ပုံကြီး ပျောက်ကွယ်သွားပြီး သူက ပုတီးတစ်ကုံး ထုတ်ကာ ချင်မူ၏လည်ပင်း၌ ဆွဲပေးလိုက်၏။ “ဒကာ ဒီဗုဒ္ဓကျမ်းစာအားလုံး ဖတ်နေရင် အကုန်လုံး နားလည်ဖို့ နှစ်ပေါင်းများစွာ ကြာလိမ့်မယ်... ဒါပေမဲ့ ကိုယ်တော်က နိစ္စဒူဝကျင့်ကြံရင်း ကိုယ်တော့်ဉာဏ်ပညာတွေနဲ့ ဒီပုတီးကုံးအဖြစ် ဖန်တီးထားခဲ့တယ်... ဒီပုတီးကုံးကို ဆွဲထားသရွေ့ ဒီကျမ်းစာတွေ ကြည့်စရာမလိုဘဲ သိကြားကျမ်းစာကို နားလည်သွားလိမ့်မယ်”

ချင်မူ စိတ်သက်သာရာရသွားပြီး တဟားဟား ရယ်မောကာ တစ်ယောက်ကိုတစ်‌ယောက် ကြည့်လိုက်ကြ၏။

ချင်မူ စာအုပ်အပါးလေးအား ကြည့်လိုက်သည့်အခါ သက္ကတစာလုံးတစ်လုံးစီတိုင်းသည် တုနှိုင်းမဲ့ပြိုင်ဘက်ကင်းလောက်အောင် ရှုပ်ထွေးသော ဝင်္ကပါတစ်ခုအသွင်ဖြင့် သူ၏ဦးနှောက်ထဲ ဝင်ရောက်လာ၏။

သိကြားကျမ်းစာသည် ရှေးဟောင်းနဂါးကျင့်စဉ်နှင့် ယှဉ်လျှင် အတန်ငယ် နိမ့်ကျပါ‌သော်လည်း ထူးခြားပြောင်မြောက်သည့် ကျင့်စဉ်တစ်ခု ဖြစ်နေသေး၏။

ဤကျမ်းစာသည် မူလဝိညာဉ်ကို သန်မာလာစေပြီး ဉာဏ်ပညာမြှင့်တင်ပေးနိုင်သော အားသာချက်များ ရှိ၏။

ထို့အပြင် ဤကျမ်းစာတွင် ပါဝင်သော ရုပ်ခန္ဓာအသားပေးသိုင်းကွက်ကျင့်စဉ်များက ပို၍ပင်ထူးခြားသေးသည်။

ရှေးဟောင်းနဂါးကျင့်စဉ်သည် ဧက္ကရာဇ်ပလ္လင်အဆင့် ကျင့်စဉ်တစ်ခုဖြစ်ပြီး သိကြားကျမ်းစာမှာ နတ်ကောင်းကင်ခန်းမကျင့်စဉ်သာ ဖြစ်၏။ သို့သော်လည်း ရှေးဟောင်းနဂါးကျင့်စဉ်သည် နဂါးမျိုးနွယ်၏ ကျင့်စဉ်ဖြစ်ရာ ချင်မူ့အတွက် များစွာအသုံးမတည့်ပေ။ သို့သော် သိကြားကျမ်းစာ၏ အကျိုးသက်ရောက်မှုများကတော့ အံ့အားသင့်ဖွယ်ကောင်းပေသည်။

အရေးအကြီးဆုံးအချက်မှာ ဤကျင့်စဉ်သည် သိကြားဗုဒ္ဓပြောခဲ့သကဲ့သို့ သင်ယူရန် လွယ်ကူသည်၊ ရဲရင့်သည်၊ အင်အားကြီးမားသည်။ တစ်ဝက်ကြိုးစားအားထုတ်ရုံနှင့် အကျိုးနှစ်ဆပြန်သက်ရောက်မည့်ကျင့်စဉ် ဖြစ်၏။ သူ၏ကျင့်စဉ်စွမ်းအင်တိုးတက်နှုန်း အလွန်မြန်လာသည်။

ချင်မူ ဆင်ခြင်သုံးသပ်နေသည်နှင့်အမျှ ဉာဏ်ပညာပုတီးစေ့များက အဆက်မပြတ် လည်ပတ်နေသည်။ မကြာမီ သူသည် ကျင့်စဉ်ကို နားလည်သွား၍ တမုဟုတ်ချင်း ထုတ်လွှတ်ကြည့်လိုက်၏။ တဖြည်းဖြည်း အလင်းဘီးလုံးကြီးတစ်လုံး သူ့ခေါင်းနောက်၌ ဖွဲ့တည်လာပြီး ဖြည်းညင်းစွာ လည်နေလေသည်။

သူ၏ရုပ်ခန္ဓာ၊ အရိုးများ၊ ကောင်းကင်ရတနာ၊ မူလဝိညာဉ်နှင့် ကျန်အစိတ်အပိုင်းတို့ထဲ၌ ဓမ္မသင်္ကေတမျိုးစုံ ခတ်နှိပ်ခံနေရသည်ကို တမုဟုတ်ချင်း ခံစားလိုက်ရ၏။ သူ၏မူလဝိညာဉ်နှင့် ရုပ်ခန္ဓာ၏ ကျန်အစိတ်အပိုင်းအားလုံး အဆက်မပြတ် တိုးတက်လာသည်။

ပို၍ပင် ဆန်းကြယ်သောအချက်က သူ့အတွေးတစ်ခုစီတိုင်းကို ရှင်းလင်းပြတ်သားစွာ ခံစားနေရပြီး နှောင့်ယှက်နေသော အတွေးများက ပုတီးစေ့လေးများသဖွယ် သူ့စိတ်ထဲ၌ အဆက်မပြတ် စီးဆင်းနေသည်။ ဤသို့ဖြင့် အကောင်းနှင့်အဆိုးအား သဲသဲကွဲကွဲ ပိုင်းခြားနိုင်သွား၏။

‘ဒီအတိုင်း ကျင့်ကြံနေရင် ငါ နှစ်ပိုင်းအတွင်း ဗုဒ္ဓတစ်ပါး ဖြစ်လာလောက်တယ်... ဒါပေမဲ့ ငါ ဘုန်းကြီးမဝတ်ချင်ဘူး... သိကြားကျမ်းစာရဲ့ အသုံးဝင်တဲ့ အချက်တွေလောက်ပဲ ယူပြီး ငါ့လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်နဲ့ ပေါင်းစည်းရမယ်’ ချင်မူ သူ့ဘာသာ တွေးလိုက်မိသည်။

နေ့ဝက်ရောက်သည့်အခါ သိကြားဘုံရှိ ဗုဒ္ဓတိုင်းပြည်များက စွမ်းအင်အကူးအပြောင်းတံတားအတွက် လိုအပ်သော ပစ္စည်းများ လာပို့ကြသည်။ သိကြားဗုဒ္ဓ လက်ချောင်းများ ဖြန့်ကားလိုက်လျှင် မရေမတွက်နိုင်သော ကျောက်စိမ်းတုံးများ ကောင်းကင်ယံသို့ မြောက်တက်လာ၏။ ကျောက်စိမ်းတုံးများက တစ်တုံးပေါ်တစ်တုံး ထပ်ကာ ပလ္လင်တစ်ဆူ တည်ဆောက်နေသည်။

သိကြားဗုဒ္ဓသည် ကျန်အစိတ်အပိုင်းများကိုလည်း လျင်မြန်စွာ သွန်းလုပ်၍ စွမ်းအင်အကူးအပြောင်းတံတား၏ ပင်မကိုယ်ထည်အား ချိတ်ဆက်လိုက်၏။

ချင်မူက လောလောဆယ်တွင် သိကြားကျမ်းစာကို လောကသခင်ခန္ဓာ အမြုတေကျင့်စဉ်နှင့် မည်သို့ပေါင်းစည်းရမည်လဲ တွေးတောနေစဉ် ဤမြင်ကွင်းကို အမှတ်တမဲ့ မြင်လိုက်ရသည်။ သူ့ခန္ဓာကိုယ် အနည်းငယ် တုန်ရီသွားပြီး ပန်းပဲထုနေသော သိကြားဗုဒ္ဓဆီသို့ ငေးကြည့်နေမိ၏။

‘သူ့ရဲ့ ပန်းပဲထုနည်းတွေက ဘိုးဘိုးရွှေအရဲ့ ပန်းပဲထုနည်းနဲ့ တော်တော်ဆင်တာပဲ... ဒါမဲ့ သူ ဘိုးဘိုးရွှေအနဲ့ မသိလောက်ပါဘူး ဟုတ်တယ်မလား... သိကြားဗုဒ္ဓရဲ့ နောက်ကြောင်းက ဘာပါလိမ့်.... သူက ခိုင်ဧကရာဇ်ခေတ်တုန်းက လူတစ်ယောက်များလား’

ချင်မူ ငေးကြည့်နေမိသည်။ သိကြားဗုဒ္ဓက ပင်မကိုယ်ထည်ကို လျင်မြန်စွာ သွန်းလုပ်ပြီး လက်ဆန့်ထုတ်လိုက်၏။ ယဇ်ပလ္လင်ကို ဖွဲ့စည်းထားသော ကျောက်စိမ်းတုံးများ အပြင်သို့ ကားထွက်လာကာ တစ်ခုဆီမှ တစ်ခု ကွဲထွက်သွားသည်။ ထိုအခါ စွမ်းအင်အကူးအပြောင်းတံတား၏ ပင်မကိုယ်ထည်က ယဇ်ပလ္လင်၏ အလယ်၊ ကျောက်တုံးများ၏အတွင်းထဲသို့ ရွေ့လျားလာသည်။ ထို့နောက် ကျောက်တုံးများ ပြန်စုသွားသည့်အခါ တံတား၏ ပင်မကိုယ်ထည်ကို အပြင်မှ မမြင်ရတော့ပေ။

သိကြားဗုဒ္ဓက ပင်မကိုယ်ထည်ကို တည်ဆောက်ပြီး၍ ခေါင်းလှည့်ကြည့်သည့်အခါ ချင်မူ သူ့အား ကြည့်နေသည်ကို မြင်လိုက်ရ၏။ သူက ပြုံးလိုက်လေသည်။ “ဘာတွေ ကြည့်နေတာလဲ ဒကာလေး”

“ဘာမှမဟုတ်ပါဘူး”

ချင်မူ ခေါင်းယမ်းပြပြီး သင်္ကေတအမှတ်အသားများ ကူညီရေးဆွဲပေးရန် ရှေ့သွားလိုက်သည်။ သူ့နှုတ်မှ မေးခွန်းတစ်ခု အလိုလို ထွက်သွား၏။ “အရင်တုန်းက ဗုဒ္ဓရဲ့ လူနာမည်က ဘာလဲ”

သိကြားဗုဒ္ဓက လုပ်လက်စကို ရပ်၍ တခဏ တိတ်ဆိတ်သွားသည်။ တအောင့်ကြာသော် သူက ပြုံးလိုက်၏။ “ကိုယ်တော် မေ့သွားပြီ”

All Chapters