အသက်ဖမ်းဗျပ်စောင်းသံစဉ်
Vol. 46 Ch. 626
ချင်မူ သူ့အပြုံးက မူမမှန်ကြောင်း မြင်လိုက်ရသည်။ အပြုံးတွင် ခါးသီးသောခံစားချက်ကို ပုန်းကွယ်နေဟန်ရ၍ သူ ဆက်မမေးမိတော့ပေ။ လူတိုင်းတွင် လျှို့ဝှက်ချက်ကိုယ်စီ ရှိကြပြီး သူတို့အကြောင်းအား အကုန်မပြောဘဲ မြိုသိပ်ထားလိုကြသည်မဟုတ်ပါ၏လော။
လူ့ပြည်မှာတုန်းက သိကြားဗုဒ္ဓ၏ နာမည်က မည်သို့ပင် ဖြစ်ခဲ့စေကာမူ သိကြားဗုဒ္ဓသည် လူဆိုးတစ်ယောက်မဟုတ်ပေ။ နွေးထွေးကြင်နာတတ်၏။ ဗုဒ္ဓဘုံကို ကယ်တင်ရန် သူက အပြစ်အားလုံး လိုလိုလားလား ခံယူပြီး အရှုပ်ထုပ်အားလုံး လက်ခံပေးထားလေသည်။
သူ၏အတိတ်အကြောင်း ဖွင့်မပြောသော်လည်း အားကိုး၍ရသော ခံစားချက်မျိုးကို ပေးစွမ်းနိုင်၏။
နှစ်ယောက်သား အလုပ်များနေကြပြီး နေ့တစ်ဝက်လုံး အချိန်ပေးပြီးနောက် စွမ်းအင်အကူးအပြောင်းတံတား တည်ဆောက်ပြီးသွားသည်။ ချင်မူ အသေးစိတ် စစ်ဆေးကြည့်သည့်အခါ တံတားတွင် အမှားတစ်ခုမှ မတွေ့ပေ။
“မသုံးရသေးတဲ့ ကောင်းကင်သတ္ထုတွေ အများကြီး ကျန်သေးတယ် ဒကာလေးချင်... ဒကာပေးတဲ့ စာရင်းက မှားနေသလိုပဲ”
သိကြားဗုဒ္ဓက ယဇ်ပလ္လင်ဘေးတွင် တောင်လိုပုံနေသော သတ္ထုများကို ကြည့်လိုက်သည်။ ဤကောင်းကင်သတ္ထုများအား ဗုဒ္ဓစွမ်းအင်အနီရောင်သတ္ထုဟု ခေါ်ပြီး ဗုဒ္ဓမိခင်သစ်ပင်ဆီမှ သစ်သားတချို့လည်း ရှိကြသည်။ သိကြားဘုံ၏ တိုင်းပြည်အားလုံးကို စာရင်းအတိုင်း ပစ္စည်းများ ပို့ခိုင်းခဲ့သော်လည်း ယဇ်ပလ္လင်ပြီးမြောက်သွားသည့်အချိန်တွင်ပင် များစွာကျန်ခဲ့သေး၏။
ချင်မူ ပေးခဲ့သော စာရင်းအနက် ဤပစ္စည်းနှစ်မျိုးဆိုလျှင် တစ်ချက်မျှ မထိရသေးပေ။
သိကြားဗုဒ္ဓ ချင်မူ့ဆီသို့ မယုံသင်္ကာ လှမ်းကြည့်ကာ သွေးတိုးစမ်းကြည့်လိုက်သည်။ “ဒီပစ္စည်းတွေနဲ့ ကိုယ်တော်တို့ ဘာလုပ်မှာလဲ”
ချင်မူက ထောင်ကျယ်အိတ်ကို အလျင်အမြန် ဖွင့်၍ ပြောလိုက်၏။ “တပည့်တော်တို့က အသက်လုပြေးနေကြတာလေ.... နောင်တစ်ချိန် ဒါတွေ သုံးလို့ရရင် ရမှာပေါ့ ... အရင်ဆုံး တပည့်တော်ရဲ့ ထောင်ကျယ်အိတ်ထဲ ထည့်လိုက်ပါ”
သိကြားဗုဒ္ဓက သူ့ကို စိုက်ကြည့်သည်။ ချင်မူ ခပ်တည်တည်ဖြင့် ဗုဒ္ဓစွမ်းအင်အနီရောင်သတ္ထုများနှင့် ဗုဒ္ဓမိခင်သစ်ပင်အသားတို့ကို ထောင်ကျယ်အိတ်ထဲ ထည့်နေသည်။ ထို့နောက် ထောင်ကျယ်အိတ်နောက်တစ်လုံး ထုတ်၍ ကျန်ပစ္စည်းများကို သိမ်းပြီးနောက် သူ့ခါး၌ သေသေချာချာ ချည်လိုက်သည်။
ထောင်ကျယ်အိတ်နှစ်လုံးမှာ ဖောင်းကားနေလေသည်။
သိကြားဗုဒ္ဓက သရော်တော်တော် ပြောလိုက်သည်။ “ဒကာလေးချင်၊ ကျန်တဲ့ပစ္စည်းတွေက ဒီအိတ်နှစ်လုံးနဲ့ အတိအကျကို ဆန့်နေတယ်နော်... ကြိုတွက်ထားတဲ့အတိုင်းပဲ”
“အဲဒီလိုဖြစ်နေတယ်လား”
ချင်မူက တအံ့တဩဖြင့် အော်လိုက်လေသည်။ “သိကြားဗုဒ္ဓ မပြောရင် တပည့်တော် သတိထားမိမှာမဟုတ်ဘူး... အဟုတ်ကို အိတ်နှစ်လုံးနဲ့ အတိအကျ ပြည့်နေတာပဲ... ထူးဆန်းတယ် ထူးဆန်းတယ်.... ဗုဒ္ဓဘုံရဲ့ ကောင်းကင်ဘုံအဆင့်နှစ်ဆယ်က သိပ်အံ့ဩစရာကောင်းတယ်နော်... ဗုဒ္ဓဘုံစောင့်နတ်က တပည့်တော် ဗုဒ္ဓဘုံအစား ဒုက္ခခံနေရတာ သိလို့ ကျေးဇူးပြန်ဆပ်တာ ဖြစ်မယ်... သိပ်ကောင်းတယ်၊ သိပ်ကောင်းတယ်... တပည့်တော် ဗုဒ္ဓဘာသာကိုတောင် ယုံချင်ချင် ဖြစ်လာပြီ...”
သိကြားဗုဒ္ဓမှာ ချင်မူ ပြောစရာဆင်ခြေ ကုန်သည့်တိုင်အောင် စိုက်ကြည့်နေသည်။ ချင်မူ ရပ်သွားသည့်အခါ သူက ဟက်ခနဲ ရယ်ကာ ပြော၏။ “မြွေမြွေချင်း ခြေမြင်ပါတယ်... ဒကာလေးချင် ဆက်ရှင်းပြစရာမလိုပါဘူး... ကိုယ်တော် စွမ်းအင်အကူးအပြောင်းတံတားမှာ ကောင်းကင်နတ်သိုင်း ထည့်လိုက်ဦးမယ်... ဒကာက ယဇ်ပလ္လင်ပေါ် တက်ပြီး ထိုက်ဧကရာဇ်ကောင်းကင်ဘုံနဲ့ ဆက်သွယ်လိုက်ပါ”
ချင်မူက မျက်နှာရဲတဲတဲဖြင့် ခေါင်းညိတ်လိုက်သည်။ သူက ယဇ်ပလ္လင်အပေါ် တက်၍ အလယ်ရှိ မျက်နှာပြင်အချပ်အပေါ်သို့ လက်နှစ်ဖက်လုံးဖြင့် ဖိချလိုက်သည်။ ဝှမ်ခနဲ မြည်သံနှင့်အတူ မျက်နှာပြင်အချပ်သည် သေးငယ်သော ကုဗတုံးလေးများ ဖြစ်လာ၏။ ကုဗတုံးလေးများက အချင်းချင်း ချိတ်ဆက်ကာ စက်လုံးတစ်လုံး ဖြစ်လာသည်။ စက်လုံးအပေါ်တွင် သင်္ကေတအမှတ်အသားများ အဆက်မပြတ် စီးဆင်းခုန်ကူးနေ၏။
ချင်မူ လက်နှစ်ဖက် ဖြန့်ကားလိုက်သည့်အခါ ကုဗတုံးလေးများက ကွဲထွက်သွားသည်။ သင်္ကေတအလင်းတန်းတစ်တန်းက ကုဗတုံးလေးများအကြား စီးမျောနေပြီး ကုဗတုံးများအား ချိတ်ဆက်လိုက်သည်။
ချင်မူ တွက်ချက်ရေးကိရိယာထုတ်ကာ ထိုင်ဧကရာဇ်ကောင်းကင်ဘုံ၏ တည်နေရာအား တွက်ချက်လိုက်၏။ အလင်းရောင်က စက်လုံး၏အလယ်ဗဟိုတွင် တဖြည်းဖြည်း စုစည်းသွားပြီး အလွန်သေးငယ်သော အစက်အပြောက်လေးတစ်ခု ဖြစ်လာသည်။
ချင်မူက ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ တည်နေရာကို အတည်ပြုပြီးသည်နှင့် လက်ပြန်စုလိုက်သည်။ စက်လုံးသည် ကျုံ့သွားပြီး မျက်နှာပြင်အချပ်တစ်ချပ် ပြန်ဖြစ်သွားကာ ယဇ်ပလ္လင်ထဲသို့ ပြန်ဖိသွင်းခံလိုက်ရ၏။
သိကြားဗုဒ္ဓက ကောင်းကင်နတ်သိုင်း ထည့်သွင်းပြီး၍ ယဇ်ပလ္လင်အပေါ် တက်လာသည်။ လူငယ်ရုပ်သွင်နှင့် ဗုဒ္ဓသည် သိကြားဘုံအား ကြည့်ရင်း မခွဲချင်ဖြစ်နေပုံရ၏။
“ဗုဒ္ဓ အချိန်ဆွဲလေလေ အန္တရာယ်များလေလေပဲ” ချင်မူက သူ့ကို သတိပေးလိုက်သည်။
သိကြားဗုဒ္ဓက အသာအယာ ခေါင်းညိတ်ပြီး မှိုင်းညို့နေသော အမူအရာ ပျောက်ကွယ်သွားသည်။ သူက တောက်ပစွာ ပြုံး၍ ပြောလေသည်။ “အညစ်အကြေးတွေ ဆေးကြောပြီးသွားရင် ဒီနေရာကို ပြန်လာနိုင်မှာပါ.... ကိုယ်တော် ဗုဒ္ဓ ပြန်ဖြစ်နိုင်မှာပဲ ဘာကြောင့် စိတ်ညစ်နေရမှာလဲ... ဒကာလေးချင်၊ သွားကြစို့”
ချင်မူ၏ချီစွမ်းအင် ထွက်လာပြီး ယဇ်ပလ္လင်၏ သင်္ကေတအမှတ်အသားအထဲသို့ ဝင်ရောက်ကာ အသက်သွင်းလိုက်သည်။ အလင်းရောင်သည် တမုဟုတ်ချင်း ဖြာထွက်သွားကာ အမှတ်အသားများ တစ်ခုပြီးတစ်ခု လင်းလက်လာသည်။ ယဇ်ပလ္လင်တစ်ခုလုံးမှာ နိုးထလာသော သားရဲကြီးတစ်ကောင်အလားပင်။ ကြယ်တာရာများ တဝဲဝဲလည်ရင်း အဆက်မပြတ် ပြောင်းလဲနေသည်။ နောက်ဆုံးတွင် စွမ်းအင်အကူးအပြောင်းတံတား အသက်ဝင်လာပြီး အလင်းတန်းတစ်တန်းက ကောင်းကင်သို့ ထိုးတက်သွား၏။
“တပည့်တော်တို့ အချိန်စီးကြောင်းကို မခံစားရပေမယ့် အရင်တုန်းက တွက်ချက်ကြည့်ရသလောက်ဆို ထိုက်ဧကရာဇ်ကောင်းကင်ဘုံကနေ မဟာမြို့ပျက်ဆီ တစ်နာရီရဲ့ လေးစိတ် တစ်စိတ် (၁၅ မိနစ်) လောက်ကြာတယ်”
ချင်မူနှင့် သိကြားဗုဒ္ဓ အလင်းတန်းထဲသို့ ဘေးချင်းယှဉ်လျက် ဝင်လိုက်သည်။ ချင်မူက အသံမြှင့်၍ ပြောလိုက်၏။ “ဗုဒ္ဓဘုံကနေ ထိုက်ဧကရာဇ်ကောင်းကင်ဘုံဆိုရင်တော့ ပိုကြာလိမ့်မယ်... တစ်နေ့တစ်ညမှာ တစ်နာရီရဲ့ လေးစိတ်တစ်စိတ်ပေါင်း ၉၆ ခု (၂၄ နာရီ) ရှိတော့ စွမ်းအင်အကူးအပြောင်းတံတား ဖျက်စီးခံရသင့်တဲ့ အချိန်က တပည့်တော်တို့ ထိုက်ဧကရာဇ်ကောင်းကင်ဘုံဆီ ရောက်သွားတဲ့အချိန် ဖြစ်ဖို့ လိုတယ်... ဗုဒ္ဓ မဟာမြို့ပျက်ရဲ့ အချိန်တွက်တဲ့ပုံစံမျိုးနဲ့ ရင်းနှီးလား”
“ရင်းနှီးတယ်”
သိကြားဗုဒ္ဓက ကျယ်လောင်စွာ ပြောသည်။ “ကိုယ်တော့် ကောင်းကင်နတ်သိုင်းက တစ်နာရီရဲ့ လေးစိတ် သုံးစိတ် (၄၅ မိနစ်) ကြာရင် စွမ်းအင်အကူးအပြောင်းတံတားကို ဖောက်ခွဲပေးလိမ့်မယ်”
သူတို့နှစ်ယောက် အလင်းတန်းထဲ၌ ပျောက်ကွယ်သွားသည်။
ဗြဟ္မဘုံတွင် ယိုတုမိစ္ဆာနတ်ဆိုးချီများ လွင့်မျောနေပြီး မိစ္ဆာနတ်ဆိုးပင်လယ်တစ်စင်းပမာ ဖြစ်လာခဲ့ချေပြီ။ မိစ္ဆာသဘာဝနှင့် ယိုတု၏ချီများ ကျူးကျော်ဝင်ရောက်လာသည်နှင့်အမျှ ယိုတု၏သတ္တဝါများလည်း တစတစ ကူးခတ်သွားလာနေသည်ကို မြင်လာရသည်။ ပိတ်ပိန်းမည်းမှောင်နေသည့် ပင်လယ်ထဲတွင် ယိုတုသတ္တဝါများသည် တစ်ချက်တစ်ချက် ရှည်လျားသော ခန္ဓာကိုယ်များနှင့် အနက်ရောင်ကြေးခွံများ ပြတတ်၏။
ရုတ်တရက် ပင်လယ်က တပွက်ပွက် ဆူလျက် လည်လာသည်။ ပင်လယ်ထဲ၌ ဝဲကြီးတစ်ဝဲ ပေါ်လာကာ မည်းနက်နေသော ချိုကြီးများ တဖြည်းဖြည်း မြောက်တက်လာ၏။
လှိုင်းပုတ်သံများက ကျယ်သထက် ကျယ်လာသည်။ ဤအခိုက်အတန့်တွင် ဗြဟ္မဘုံ၏အလယ်ကျွန်းပေါ်ရှိ ကျောင်းဆောင်အိုထဲမှ လဲလျောင်းနေသော ဗုဒ္ဓတစ်ပါး ထွက်လာပြီး ရောင်ခြည်တော်များ ကွန့်မြူးတောက်ပလာသည်။
လဲလျောင်းနေသော ဗုဒ္ဓက နိုးလာပြီး မိစ္ဆာပင်လယ်ထဲမှ ထွက်လာသော အနက်ရောင်နတ်ဘုရားအား မော့ကြည့်လိုက်၏။ ထိုနတ်ဘုရားတွင် ကျွဲချို၊ ကျားမျက်လုံး၊ ကျွဲခန္ဓာ ရှိပြီး မျက်ခုံးနှစ်ဖက်ကြားအလယ်၌ တတိယမျက်လုံးအား တွေ့မြင်ရသည်။
“တာအိုနောင်တော်”
ဗြဟ္မဗုဒ္ဓသည် သူ့အား အလျင်အမြန် နှုတ်ဆက်လိုက်၏။ “ကိုယ်တော့်ဗြဟ္မဘုံမှာ ဖြစ်ခဲ့တဲ့ ကိစ္စတွေက တာအိုနောင်တော်ကို ထိတ်လန့်သွားစေခဲ့တာပဲ.... တာအိုနောင်တော်ရဲ့ ကိုယ်ပွားကိုတောင် လွှတ်လိုက်ရတယ်... ကိုယ်တော် အမှန်တကယ် စိုးရွံ့မိပါတယ်”
ကျွဲချို၊ ကျားခေါင်းနှင့် နတ်ဘုရားက မြေအောက်ဘုံအရှင်သခင်မှတစ်ပါး အခြားမဟုတ်ပေ။ သူက ဘေးဘီဝဲယာသို့ ကြည့်လိုက်ပြီး သူ့အသံကြီး ဟိန်းထွက်လာသည်။ “ဗြဟ္မဗုဒ္ဓ၊ သင့်ရဲ့ဘုံက ယိုတု ဖြစ်လာခဲ့ပြီ.... ယိုတုမိစ္ဆာချီတွေကို ဖယ်ရှားဖို့က မခက်ပါဘူး... ဘာကြောင့် မဖယ်ရှားတာလဲ... ကျုပ်အကူအညီ လိုလို့လား”
ဗြဟ္မဗုဒ္ဓက ပြုံးလျက် မိန့်တော်မူလိုက်၏။ “တာအိုနောင်တော်ကို ဒုက္ခမပေးဝံ့ပါဘူး... ကိုယ်တော့်ဘုံရဲ့ ယိုတုအခြေအနေက ကောင်းကင်နတ်ဘုံ ကိုယ်တော့်ကို အပြစ်မတင်နိုင်ဖို့ သက်သေပါ.. ဒါ့အပြင် ဗြဟ္မဘုံမှာ အလင်းပဲ ရှိပြီး အမှောင်မရှိရင် နောက်တစ်လှမ်းတက်ဖို့ ခက်ပါတယ်... အမှောင်ထုကသာ ဓမ္မကို ဆက်လက်တိုးတက်စေနိုင်ပါတယ်... ဒီယိုတုအစိတ်အပိုင်းကို ဒီမှာ ရှိခွင့်ပေးလိုက်ပါ”
“အဲဒီလိုလား”
မြေအောက်ဘုံအရှင်သခင်က သူ့စကားကြားသည်နှင့် တမုဟုတ်ချင်း အကြောင်းအကျိုး နားလည်သွားသည်။ “ကျုပ်က စည်းကမ်းမတင်းကြပ်ထားမိတော့ ယိုတုသားတော်ကို ဒီမှာ ပြဿနာလာရှာခွင့်ပေးမိသလို ဖြစ်သွားတယ်.... ခွင့်လွှတ်ပါ”
“မခံယူဝံ့ပါဘူး”
သူတို့နှစ်ယောက် စကားပြောနေကြစဉ် ကောင်းကင်က ရုတ်တရက် လင်းထိန်လာပြီး ရှေးဟောင်းလေသင်္ဘောတစ်စင်း ပျံသန်းလာသည်။ သင်္ဘောသည် ရောင်စုံအလင်းတန်းများဖြင့် ကွန့်မြူးလျက်ရှိပြီး တောင်ပံတစ်စုံ ပိုင်ဆိုင်ထား၏။ သင်္ဘောဦးမှာမူ ပုံမှန်မြင်တွေ့ရလေ့ရှိသော နဂါးခေါင်း၊ ပါ့ရှားခေါင်းများ မဟုတ်ပေ။ ဇာမဏီမီးငှက်တစ်ကောင်၏ ခေါင်းဖြစ်လေသည်။
လေသင်္ဘောက ငှက်တစ်ကောင် ပျံသန်းနေသကဲ့သို့ တင့်တယ်လှပစွာဖြင့် ဗြဟ္မဘုံ၏ ကောင်းကင်ယံတွင် ပျံသန်းနေသည်။ ထို့နောက် တဖြည်းဖြည်း ရပ်တန့်သွား၏။ ချပ်ဝတ်များ ဆင်မြန်းထားကြသည့် ရွှေရောင်နတ်ဘုရားများက သင်္ဘောဦးတွင် ရပ်နေကြသည်။ သူတို့က မြေအောက်ဘုံအရှင်သခင်နှင့် ဗြဟ္မဗုဒ္ဓကို မြင်သည့်တိုင် စကားတစ်ခွန်းမဆိုသလို၊ မနှုတ်ဆက်ပေ။
“ယိုတုနတ်ဘုရားနဲ့ ဗြဟ္မဗုဒ္ဓပါလား”
အသံတစ်သံက သင်္ဘောမှ ထွက်လာသည်။ ကျောနောက်တွင် အလင်းဘီးလုံးလေးလုံးရှိသည့် မျက်နှာသဲသဲကွဲကွဲမမြင်ရသော အမျိုးသမီးတစ်ယောက်က လေသင်္ဘောထဲမှ ထွက်လာ၏။ သူမက အလွန်တောက်ပြောင်လှပသော အဝတ်အစားများကို ဝတ်ထားပြီး ဗြဟ္မဗုဒ္ဓနှင့် မြေအောက်ဘုံအရှင်သခင်ကို တန်းတူညီတူပမာ ကြည့်၍ နှုတ်ဆက်သည်။ “ရှားယွီ တာအိုအစ်ကိုတော် ဗုဒ္ဓနဲ့ တာအိုအစ်ကိုတော်မြေအောက်ဘုံအရှင်သခင်ကို နှုတ်ဆက်ပါတယ်”
ဗြဟ္မဗုဒ္ဓနှင့် မြေအောက်ဘုံအရှင်သခင်ကလည်း အနည်းငယ် ဦးညွှတ်လိုက်ကြသည်။
“ဇာမဏီနတ်မင်း ချီရှားယွီ ၊ အစ်မတော်ချီ”
ဗြဟ္မဗုဒ္ဓက အလျင်အမြန် ပြောလိုက်သည်။ “ကိုယ်တော့်ရဲ့ ဗုဒ္ဓဘုံလေးက အစ်မတော်ချီကို ထိတ်လန့်သွားစေမယ် မထင်ခဲ့မိဘူး.... ဒီမောင်လေးဗုဒ္ဓ အမှန်တကယ် စိုးရွံ့မိပါတယ်”
“ဗုဒ္ဓက ယဉ်ကျေးလွန်းနေပါပြီ”
ဇာမဏီနတ်မင်း ချီရှားယွီဆိုသည့် အမျိုးသမီးက ပြောသည်။ “တောင်ပိုင်းကောင်းကင်ဘုံတွေက ကျွန်မရဲ့ အာဏာစက်အောက် ရောက်နေတော့ ဟိုဟိုသည်သည် သွားခဲပါတယ်... ဒီနေ့ လာတဲ့ အကြောင်းရင်းက ဗုဒ္ဓဘုံ ဒုက္ခရောက်နေတယ်လို့ သတင်းကြားလို့ပါ.... သတင်းအရ ဗုဒ္ဓဘုံမှာ ဖရိုဖရဲဖြစ်နေတယ်တဲ့... ဗုဒ္ဓ အသေးစိတ်သိပါသလား”
ဗြဟ္မဗုဒ္ဓက ပြောလိုက်၏။ “ကိုယ်တော်လည်း အခုပဲ မြေအောက်ဘုံအရှင်သခင်နဲ့ အဲဒီအကြောင်း ပြောနေတာပါ... ကိုယ်တော် စည်းကမ်းတွေ ပေါ့လျော့ထားမိလို့ ညီတော်သိကြားဗုဒ္ဓရဲ့ နှလုံးသားထဲမှာ ဒုစရိုက်အတွေးတွေ ပေါက်ဖွားလာခွင့် ပေးခဲ့မိတယ်... သူက ယိုတုသားတော်ကို လွှတ်ပေးလိုက်ပြီး ယိုတုသားတော်က ဗုဒ္ဓတွေနဲ့ ဗုဒ္ဓသားတော်တွေကို သတ်ခဲ့ပါတယ်... ကိုယ်တော့်ဗြဟ္မဘုံကိုလည်း ယိုတုဖြစ်အောင် လုပ်ခဲ့တယ်... တာအိုနောင်တော် မြေအောက်ဘုံအရှင်သခင် ဒီမှာ ရှိပါတယ်... အစ်မတော်ချီ သူ့ကို မေးကြည့်ပါ”
ချီရှားယွီက မြေအောက်ဘုံအရှင်သခင်ဆီသို့ ကြည့်၏။ မြေအောက်ဘုံအရှင်သခင်က ခေါင်းညိတ်ပြသည်။ “ဟုတ်တယ်... လူသတ်ခဲ့တဲ့ တစ်ယောက်က ကျုပ်ယိုတုရဲ့ သားတော်ပါ.... ကျုပ်က ယိုတုသားတော်ကို ချိတ်ပိတ်ပေးတာ... သူ့အနေနဲ့ မှော်စွမ်းအင်အများကြီးမရှိဘဲ မလွတ်မြောက်နိုင်ဘူး... မှော်စွမ်းအင်အားကောင်းတဲ့ တစ်ယောက်က သူ့ကို လွှတ်ပေးလိုက်တာပဲ ဖြစ်မယ်”
ဇာမဏီနတ်မင်းချီရှားယွီက ပြုံးကာ ပြော၏။ “အဲဒီလိုလား ... သိကြားက အစကတည်းက သူ့နေရာသူ သိတဲ့သူ မဟုတ်ဘူး... ဗုဒ္ဓဖြစ်လာတော့ ဗြဟ္မဗုဒ္ဓနဲ့အတူ လိမ်လိမ်မာမာနေပြီး လောကီကိစ္စတွေမှာ ဝင်မပါလောက်တော့ဘူး ထင်ခဲ့တာ... ပုန်ကန်နေဦးမယ် ထင်ထားခဲ့ဘူး... ဗြဟ္မဗုဒ္ဓလည်း ဒုက္ခခံခဲ့ရတာဆိုတော့ ကျွန်မ ကိုယ်တော်နဲ့ ယိုတုကို အပြစ်မတင်ပါဘူး... သိကြားကိုပဲ အပြစ်တင်ရမယ်... ဒီကိစ္စရှင်းလင်းသွားပြီဆိုတော့ ကျွန်မ သိကြားဘုံမှာ သူ့ကို သွားဖမ်းပြီး နတ်ဘုရားစီရင်ရာစင်မြင့်ပေါ် တင်တော့မယ်.... ခွင့်ပြုပါဦး နှုတ်ဆက်ပါတယ်”
ဗြဟ္မဗုဒ္ဓက ပြန်ပြောလိုက်သည်။ “အစ်မတော် သဘောပါ”
သင်္ဘောက တောင်ပံများ ခတ်၍ ဗြဟ္မဘုံမှ ပျောက်ကွယ်သွားသည်။
ဗြဟ္မဗုဒ္ဓက မျက်ခုံးပင့်လျက် စကားတစ်ခွန်းမှ မပြောတော့ပေ။ မြေအောက်ဘုံအရှင်သခင်၏ ခန္ဓာကိုယ်ကြီးလည်း မိစ္ဆာပင်လယ်ထဲ ပြန်လည်နစ်မြုပ်ကာ ပျောက်ကွယ်သွား၏။
ထိုစဉ် သိကြားဘုံတွင် လေသင်္ဘောတစ်စင်း ဖျတ်ခနဲ ပေါ်လာသည်။ ချီရှားယွီ ကောင်းကင်သို့ ကြည့်လိုက်သည့်အခါ မျက်နှာအမူအရာပြောင်းလဲသွား၏။ သူမက သင်္ဘောထဲမှ ထွက်၍ စွမ်းအင်အကူးအပြောင်းတံတားဆီ ပြေးသွားလိုက်သည်။ “ထွက်ပြေးသွားပြီ.... ဒါမဲ့ နင် မပြေးနိုင်ပါဘူး”
သူမ စွမ်းအင်အကူးအပြောင်းတံတားထဲ ဝင်ရန် ပြင်လိုက်စဉ် တံတားက ပြင်းပြင်းထန်ထန် တုန်ခါလာသည်။ သိကြားဗုဒ္ဓ ချန်ခဲ့သည့် ကောင်းကင်နတ်သိုင်း ပေါက်ကွဲသွား၏။ ပလ္လင်မှာ တမုဟုတ်ချင်း လိမ်ဖယ်ကာ အလယ်သို့ ဗဟိုပြု၍ ပြိုကျသွားသည်။
“ထွက်သွားချင်တယ်လား”
ဇာမဏီနတ်မင်းချီရှားယွီက ခေါင်းကိုးလုံး သက်တံ့မီးငှက်အသွင် ပြောင်း၍ ကောင်းကင်ယံတွင် ပျောက်ကွယ်တော့မည့် အလင်းရောင်နောက် လိုက်သွားသည်။ သူမက တံတားအလင်းရောင်ကို လိုက်မှီရန် ကြိုးစားနေ၏။
ဝှစ်
သူ၏ပုံရိပ်က အလင်းတန်းထဲ ဝင်သွားသော်လည်း နောက်တခဏတွင် ဟင်းလင်းပြင်အကာအရံကို ဝင်တိုက်ကာ နောက်ပြန်ထွက်သွားသည်။ အလင်းတန်းက အလုံးစုံ ပျောက်ကွယ်သွားချေပြီ။
“သင်္ဘော လာလော့”
သူမ အော်လိုက်သည့်အခါ တောင်ပံများဖြင့် လေသင်္ဘောက ပျံသန်းလာသည်။ ချီရှားယွီက သင်္ဘောပေါ် တက်၍ ထိုင်လိုက်သည်။ ထို့နောက် ဇာမဏီဗျပ်စောင်း ထုတ်ကာ ဒူးပေါ်တွင် အလျားလိုက်တင်လိုက်၏။ “ခိုင်ဧကရာဇ်ခေတ်တုန်းက လွတ်မြောက်သွားတဲ့ သူခိုးလေး... ငါ နင့်ကို ဒီနေ့ အလွှတ်မပေးဘူး”
သူမက ဗျပ်စောင်းတီးလိုက်ပြီး သံစဉ်တစ်ခု ထွက်လာသည်။ ဗျပ်စောင်းသံစဉ်က ရုပ်သွင်ဖွဲ့ကာ ပျောက်ကွယ်သွား၏။
ချီရှားယွီက ပြန်ထပြီး ပြောလိုက်သည်။ “သူ ငါ့ရဲ့ အသက်ဖမ်းဗျပ်စောင်းသံစဉ်ကနေ မလွတ်ဘူး... လွတ်ရင်တော့ ငါအနေနဲ့ သူ့ကို လေးစားသင့်သွားပြီ”
၎
င
၎
၎