← Chapters

မင်း ကြိုက်တဲ့သိုင်းကွက်ထုတ်စမ်း... ငါ သိုင်းကွက်ပြောင်းလိုက်မိရင် အရှုံးပေးမယ်

Vol. 77 Ch. 1076

မင်း ကြိုက်တဲ့သိုင်းကွက်ထုတ်စမ်း... ငါ သိုင်းကွက်ပြောင်းလိုက်မိရင် အရှုံးပေးမယ်

Vol. 77 Ch. 1076

အခန်း (၁၀၇၆) မင်း ကြိုက်တဲ့သိုင်းကွက်ထုတ်စမ်း... ငါ သိုင်းကွက်ပြောင်းလိုက်မိရင် အရှုံးပေးမယ်

ရန်ကျောက်ကဲ၏လက်ဝါးရိုက်ချက်က ကောင်းကင်တစ်ခွင်ဖုံးအုပ်ပြည့်လျှံသွားသည်။

သူ၏လက်ဝါးရိုက်ချက်မှ ‘စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်’ အရှိန်အဟုန်က မိုးပြိုသည့်ပမာ ပြင်းထန်စွာဖြင့် အောက်ဘက်သို့ ကျရောက်သွားသည်။

သူ၏ကျင့်ကြံခြင်းက သိုင်းသူတော်စင် တတိယအဆင့်ထိ ဖိနှိပ်ခံထားရသော်လည်း ယခင်တစ်ချိန်က သိုင်းသူတော်စင်အဆင့်ထက် သာလွန်သည် အမှန်ပင်။

ထို့ကြောင့် အစွန်းရောက်ရှစ်ပါးကမ္ဘာကဲ့သို့ အောက်ဘုံကမ္ဘာတစ်ခုက ရန်ကျောက်ကဲ၏ လက်ဝါးရိုက်ချက်စွမ်းအားကို ခံနိုင်ရည် မရှိခဲ့ပေ။

သူက စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်ထုတ်ဖော်လိုက်သည်နှင့် ငရဲကိုးထပ်သိမ်းပိုက်ထားသည့်နယ်မြေနှင့် ပိုးသားဧကရာဇ်ရှိနေသည့် ရေကန်နယ်မြေမှလွဲပြီး ကျန်ရှိသော အစွန်းရောက်ရှစ်ပါးကမ္ဘာမှ နယ်မြေများမှာ မှောက်ပြန်လန်သွားသည့်ပမာ ဖြစ်သွားသည်။

မြေကမ္ဘာနယ်မြေနှင့် ရေကန်နယ်မြေကတော့ ပုံမှန်အတိုင်း မလှုပ်မယှက်တည်ရှိနေပြီး ပုံပျက်နေသည့် ကြောက်မက်ဖွယ်ရာမြင်ကွင်းများနှင့် ကွဲပြားခြားနားနေသည်။

ချန်ချန်းဟွာ မျက်ဝန်းများ တောက်ပသွားပြီး...

“ဝိုး... ဒါက အတော်လေးကို ပျော်စရာကောင်းသလို အံ့သြစရာလည်းကောင်းတယ်”

သူက ဆက်ပြောသည်။

“ဒီကမ္ဘာကြီး ပျက်ဆီးသွားမှာကြောက်လို့ မင်းထိန်းထားမယ်လို့ ငါက ထင်နေတာ”

ချန်ချန်းဟွာပုံစံက စောစောကလို အသက်မဲ့နေဟန် ၊ အရောင်မဲ့နေဟန် မရှိတော့ဘဲ သူကကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။

“အဟက်... မင်းက တကယ့်ကို စိတ်ဝင်စားစရာကောင်းတဲ့ကောင်ပဲ...”

ရယ်မောသံနှင့်အတူ ချန်ချန်းဟွာက သူ၏လက်ဖဝါးနှစ်ဖက်ကို ဆတ်ခနဲလှန်လိုက်ပြီး အပေါ်ဘက်သို့ တွန်းထုတ်လိုက်သည်။

“မင်း အသုံးပြုလိုက်တာက စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်ဆိုပေမယ့် ငါ့အတွက်တော့ သိပ်ပြီး အံ့သြစရာ မရှိပါဘူး”

မြေကမ္ဘာနယ်မြေအထက် လေထုထဲတွင် ရန်ကျောက်ကဲနှင့် ချန်ချန်းဟွာ၏ လက်ဝါးရိုက်ချက်က တူညီစွာ ထွက်ပေါ်လာသည်။

ချန်ချန်းဟွာသည်လည်း စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်ကိုပင် အသုံးပြုလိုက်သည်ဖြစ်ရာ လက်ဝါးရိုက်ချက်တစ်ခုက အောက်သို့ကျဆင်းလာပြီး ကျန်တစ်ခုက အထက်သို့ မြင့်တက်လာသည်။

စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်နှင့် စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်။

နှစ်ယောက်သား လက်ဝါးချင်း ရိုက်ခတ်မိသည်နှင့် အစွန်းရောက်ရှစ်ပါးကမ္ဘာ၏ မိုးမြေတစ်ခွင်ကို ကျော်လွန်ကာ ကြောက်မက်ဖွယ်ရာ ပုံပျက်နေသော တန်ခိုးစွမ်းအားများ ထွက်ပေါ်လာသည်။

သူတို့၏လက်ဖဝါးနှစ်ဖက် ရိုက်မိခြင်းမှ ဖြစ်ပေါ်လာသော တွန်းအားများကြောင့် ပတ်တန်းကျင်တစ်ခုလုံး ချက်ချင်းပင် ပြိုကျပျက်ဆီးကုန်သည်။

ရန်ကျောက်ကဲက...

“ဒီနေရာက ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာ မဟုတ်ဘူး”

သူက ညင်သာစွာဖြင့် ဆက်ပြောသည်။

“ငါလည်း အမတကူးပြောင်းခြင်းကနဦးအဆင့်မဟုတ်သလို မင်းလည်း လူသားအထွတ်ထိပ်အဆင့် မဟုတ်ဘူး”

ပြောရင်း သူ၏လက်ဝါးရိုက်ချက်က အောက်ဘက်သို့ ဆက်တိုက်ဆိုသလို ဖိနှိပ်ကျလာသည်။

ထိုခဏတွင် ချန်ချန်းဟွာမှာ သူ့ပတ်ဝန်းကျင် ကမ္ဘာလောကတစ်ခုလုံး ပြောင်းလဲသွားသည့်အလား ခံစားလိုက်ရသည်။

သူ၏ပတ်ဝန်းကျင်မှ အရာအားလုံးက အလွန်တရာကြီးမားလာပြီး သူတို့ကြားမှ အကွာအဝေးက မရပ်မနား မြင့်တက်လာသည်။

ပတ်ဝန်းကျင်ဗလာနယ်က မည်သည့်အရာမှမရှိဘဲ ရှင်းလင်းနေပြီး သူတစ်ယောက်တည်းသာလျှင် ကျန်ရှိခဲ့သည်။

ပြင်ပကမ္ဘာမှအရာဝတ္ထုများက ကြီးမားသောအရာဝတ္ထုကြီးများအဖြစ်ပြောင်းလဲကာ သူနှင့်ဝေးရာသို့ ရွေ့လျားသွားကြခြင်း မဟုတ်ပေ။

သူကိုယ်တိုင်က ကျုံ့ဝင်သွားခြင်း ဖြစ်၏။

ချန်ချန်းဟွာ ဖုန်မှုန့် အမှုန်အမွှားမျှ အရွယ်အစားထိ ဖိနှိပ်ခံလိုက်ရခြင်း ဖြစ်သည်။

ထိုခဏတွင် ပတ်ဝန်းကျင်မိုးမြေတစ်ခွင် ဝိညာဉ်စွမ်းအားများအားလုံး ပေါက်ကွဲထွက်သွားပြီး ဆူနာမီငလျင်လှိုင်းလုံးများနှင့် မြေပြိုကျမှုများက နေရာပေါင်းစုံမှ သူ့ထံသို့ ရိုက်ခတ်ဝင်ရောက်လာသည်။

မိုးမြေတစ်ခွင်လွှမ်းခြုံသွားသည့် ကြောက်မက်ဖွယ်ရာ အရှိန်အဟုန်က ချန်ချန်းဟွာအား ပင်လယ်ထဲလွင့်မျောသွားသည့် သဲတစ်ပွင့်ပမာ ခံစားရစေပြီး မည်မျှပင် ရှောင်တိမ်းရန်ကြိုးစားပါစေ လွတ်မြောက်နိုင်ခြင်း မရှိခဲ့ပေ။

သူတို့နှစ်ယောက်လုံး ‘စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်’ အား ကျင့်ကြံခဲ့ကြသော်လည်း ရန်ကျောက်ကဲက ချန်ချန်းဟွာထက်ပိုပြီး စက်ဝန်းသံသရာကောင်းကင်ကျမ်းစာကို ကျွမ်းကျင်ခဲ့သည်။

စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်နှင့် စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်တိုက်ပွဲတွင် ချန်ချန်းဟွာ လုံးဝ ရှုံးနိမ့်သွားခဲ့သည်။

ချန်ချန်းဟွာ၏ မျက်ဝန်းများတောက်ပသွားပြီး...

“စက်ဝန်းသံသရာကောင်းကင်ကျမ်းစာကို နှစ်နည်းနည်းလောက်ကျင့်ကြံလိုက်တာနဲ့ သူ့မှာ ဒီလိုတန်ခိုးစွမ်းအားတေါ ရလာတာလား...”

“အံ့သြစရာပဲ...”

ထို့နောက် သူက အခြားလက်တစ်ဖက်ကိုလှုပ်ရှားလိုက်ပြီး လက်သီးသိုင်းထုတ်ဖော်ကာ စည်းတံဆိပ်တစ်ခု ပြုလုပ်လိုက်သည်။

ထိုစည်းတံဆိပ်ထွက်ပေါ်လာသည်နှင့်တပြိုင်နက် အနှိုင်းမဲ့ပြင်းထန်သော အင်အားတစ်ခု ထွက်ပေါ်လာသည်။

တိတ်ဆိတ်ခြင်း ၊ ခိုင်ခံ့ခြင်း ၊ သိပ်သည်းခြင်း ၊ သန့်စွမ်းခြင်း ၊ မပျက်ဆီးနိုင်ခြင်း အစရှိသော ကမ္ဘမြေကြီး၏ တန်ခိုးစွမ်းအားများပါဝင်သော စည်းတံဆိပ်တစ်ခု ဖြစ်၏။

ရန်ကျောက်ကဲ မျက်ခုံးတစ်ချက်ပင့်ရင်း...

“ကမ္ဘာမြေမှောက်လှန်စည်းတံဆိပ်ပဲ...”

“ကမ္ဘာမြေမှောက်လှန်စည်းတံဆိပ်” ဆိုသည်က တာအိုဝါဒ၏ ဧကရာဇ် (၄)ပါးတွင်တစ်ပါးအပါအဝင်ဖြစ်သော ‘မြေကမ္ဘာဘုရင်မ’ ၏ သိုင်းပညာ ဖြစ်သည်။

မဟာကပ်ဘေးကြီးပြီးဆုံးသည့်နောက် ထိုသိုင်းပညာပျောက်ဆုံးသွားသည်မှာ နှစ်ပေါင်းများစွာပင် ကြာမြင့်နေချေပြီ။

တူညီသောအခြေအနေတွင် ‘မြေကမ္ဘာမှောက်လှန်စည်းတံဆိပ်’ က ‘စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်’ လောက် အစွမ်းထက်ခြင်းမရှိသည်က အမှန်ပင်။

သို့သော် ဤစည်းတံဆိပ်အား မြေကမ္ဘာဘုရင်မက စက်ဝန်းသံသရာကောင်းကင်ကျမ်းစာနှင့် စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်ကို ခွဲခြမ်းစိတ်ဖြာပြီး သူမ၏ ထိုးထွင်းသိမြင်မှုဖြင့် ပေါင်းစပ်ဖန်တီးထားခြင်း ဖြစ်သည်။

ရန်ကျောက်ကဲ၏ စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်ဖြင့် ပိတ်ဆို့ခံရသည့်အခါ ချန်ချန်းဟွာက မိုးနှင့်မြေပမာ လေးလံသော လက်သီးချက်ကို ထုတ်ဖော်ကာ ‘မြေကမ္ဘာမှောက်လှန်စည်းတံဆိပ်’ နှင့် ‘စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်’ ကို တစ်ခုတည်းအဖြစ် ပေါင်းစည်းလိုက်သည်။

ထိုအခါ ရန်ကျောက်ကဲ၏ လက်ဝါးရိုက်ချက်က သူ့ကို ဖိနှိပ်ထိန်းချုပ်နိုင်ခြင်း မရှိတော့ဘဲ သူ့ရှေ့မှအရာအားလုံးက ပုံမှန်အတိုင်း မူလအခြေအနေသို့ ပြန်ရောက်သွားသည်။

ချန်ချန်းဟွာက အပြံးမပျက်ဘဲ...

“အစက မင်းကို ငရဲကိုးထပ်တံခါးနဲ့ ထိန်းချုပ်ထားပြီး ငါက ပိုးသားဧကရာဇ်နဲ့ သွားကစားမလို့ …”

သူက ဆက်ပြောသည်။

“ဒါပေမဲ့ မင်း အခု ငါ့ကိုထိန်းချုပ်ထားတယ်ဆိုလည်း ဘာမှဖြစ်ဘူး ၊ အဆင်ပြေပါတယ်... ၊ ငါ့ကိုထိန်းချုပ်ထားတော့ မင်း အောက်ဘက်က ငရဲကိုးထပ်တံခါးကို အာရုံမစိုက်နိုင်တော့မှာ စိုးရိမ်မိတယ်”

ထိုအချက်က သိပ်ပြီးမသေချာသော်လည်း ရန်ကျောက်ကဲနှင့် ချန်ချန်းဟွာတို့နှစ်ယောက်လုံး ငရဲကိုးထပ်တံခါးနှင့်ပတ်သက်ပြီး ကြိုတင်သတိပေးချက်များ ခံစားနေရသည်။

ပိုးသားဧကရာဇ်သာသ ပုံမှန်စိတ်အတိုင်းရှိနေမည်ဆိုလျှင် သူက အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ ငရဲကိုးထပ် ကျူးကျော်ဝင်ရောက်လာမည်ကို ဒီအတိုင်း ထိုင်ကြည့်နေမည် မဟုတ်ပေ။

သို့သော် လက်ရှိမှာတော့ ပိုးသားဧကရာဇ်၏ အတွေးများကို မှန်းဆ၍မရနိုင်သောကြောင့် သူ ဘာလုပ်မည်ကို အတိအကျသိရန် အလွန်ခဲယဉ်းသည်။

ရန်ကျောက်ကဲက...

“ကိုယ့်အတွက်ကိုယ် အရင်စိတ်ပူစမ်းပါ...”

စကားသံဆုံးသွားသည်နှင့် ချန်ချန်းဟွာဦးခေါင်းထက်သို့ နောက်ထပ်လက်ဝါးရိုက်ချက်တစ်ချက် ကျဆင်းလာသည်။

ထိုလက်ဝါးရိုက်ချက်က စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်ပင်ဖြစ်သော်ငြား အဆင့်သစ်တစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်၏။

ရန်ကျောက်ကဲက လက်ဝါးရိုက်ချက်တွင် ပိုပြီးအားထည့်လိုက်သောအခါ ပတ်ဝန်းကျင်တစ်ခုလုံးမှ တည်ရှိမှုများအားလုံး ပုံပျက်သွားသည်။

ချန်ချန်းဟွာမှာ ဗလာနယ်အာကာသအတွင်း ဘက်ပေါင်းစုံမှ အဆုံးမရှိ ကြောက်မက်ဖွယ်ရာ ဖိအားကြီးကို ရင်ဆိုင်လိုက်ရပြီး တဖန်ပြန်လည်ကာ အမှုံအမွှားပမာသေးငယ်သွားသလို ခံစားလိုက်ရ၏။

ရန်ကျောက်ကဲ၏ လက်ဝါးရိုက်ချက်အောက်တွင် ကမ္ဘာပေါ်မှအရာအားလုံး ပျောက်ကွယ်သွားသည့်ပမာ ထင်မှတ်ရသည်။

အချိန်ပြောင်းပြန်စီးဆင်းသွားသည့်အလား ကျယ်ပြောလှသော ပင်လယ်သမုဒ္ဒရာများ ၊ လယ်ကွင်းများ ၊ အရာအားလုံး ပြောင်းပြန် လှည့်ပတ်သွားသည်။

မိုးမြေတစ်ခွင် နယ်နိမိတ်အရံအတားများ မှုံဝါးသွားပြီး အရာအားလုံးက ကမ္ဘာလောကမဖြစ်တည်မီ မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်။

ကြည်လင်သောချီစွမ်းအားများနစ်မြုပ်သွားပြီး ရှုတ်ထွေးနက်မှောင်သောချီစွမ်းအားများ မြင့်တက်လာသည်။

ကွဲကွာသွား‌သောမိုးနှင့်မြေက ပြန်လည်ပေါင်းစည်းသွားပြီး ကောင်းကင်နှင့်မြေကြီး သီးခြားမဖြစ်တည်မီ အချိန်ကာလဆီသို့ ပြောင်းပြန်လည်ပတ်သွားသည်။

‘နှောင်းပိုင်းကောင်းကင်’ ကမ္ဘာလောကကြီးမှသည် ‘ကနဦးကောင်းကင်’ မူလကမ္ဘာသို့ ပြန်လည် ပြောင်းလဲသွားသည်။

အာကာသ အမှောင်ထုကြားတွင် ရှေးဦး ယင်နှင့်ယန် အမွှာချီစွမ်းအားသာလျှင် ရောယှက်နေပြီး မည်သည့်အရာကိုမှ တွေ့မြင်ရခြင်း မရှိပေ။

ထို့နောက် မူလ ပရမ်းပတာအခြေအနေများကြားတွင် ယင်နှင့်ယန်သည်လည်း တဖြည်းဖြည်း လုံးဝ ပျောက်ကွယ်သွားသည်။

အရာအားလုံး ပုံသဏ္ဌန်မရှိ ၊ အရောင်အသွေးမရှိ ၊ အလင်းမရှိ ၊ အမှောင်မရှိ ၊ ပကတိတိတ်ဆိတ်ငြိမ်သက်နေပြီး ကနဦးကောင်းကင်ဆီသို့ ပြန်လည်ရောက်ရှိသွားသည်။

နှောင်းပိုင်းကောင်းကင်၏ ကြီးကျယ်ခမ်းနားသော မိုးနှင့်မြေသည်ပင် လုံးဝပျောက်ကွယ်သွားပြီ ဖြစ်သည်။

“ကနဦးကောင်းကင်ကို ပြန်ရောက်သွားတာလား... အစစ်အမှန်နတ်ဘုရားတွေ စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ် အသုံးပြုရင်တောင် ဒီလိုမျိုး ထူးခြားမှုတွေ ဖြစ်လာနိုင်မှာ မဟုတ်ဘူး”

ချန်ချန်းဟွာမျက်ဝန်းမှ ထူးဆန်းသောအလင်းတန်းတစ်ခု တောက်ပသွားသည်။

“မင်းက စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်ထဲမှာ ထိုက်ယိလက်သီးသိုင်းနဲ့ ထိုက်ကျိယင်ယန် လက်ဝါးသိုင်းကို ပေါင်းစပ်ထည့်သွင်းထားတာလား”

စကားဆုံးသွားသည်နှင့် ချန်ချန်းဟွာ၏ခန္ဓာကိုယ် ဆတ်ခနဲ လှုပ်ရှားသွားပြီး သလင်းသားပမာ ကြည်လင်သွားကာ သဏ္ဌန်ကင်းမဲ့သွားသည်။

ရန်ကျောက်ကဲ၏ စိတ်အာရုံထဲတွင် ချန်ချန်းဟွာ ဤကမ္ဘာပေါ်တွင် လုံးဝမရှိတော့ဘဲ ပျောက်ကွယ်သွားသည်ဟု ထင်မှတ်လိုက်မိသည်။

ထိုက်ချင်အဆက်အနွယ် ၊ ကနဦးကောင်းကင်သိုင်းပညာ ‘ရှန်းထျန်းဝူထိုက်’ မှ ‘ထိုက်ရှီခုန်းမင်မရှိမှုခန္ဓာ’။

အထက်ရပ်ထိပ်တန်းအရှင်သခင် ‘ချန်ချန်းဟွာ’က မရေမတွက်နိုင်သော ထိပ်တန်းသိုင်းပညာများကို ကျွမ်းကျင်သည်ဟု အထက်ဘုံကမ္ဘာတွင် ကောလဟလများ ထွက်နေသည်မှာ ကြာမြင့်ပေပြီ။

မဟုတ်ပါက သူ၏ငယ်စဉ်ဘဝတွင် သိုင်းဂိုဏ်း (၈)ဂိုဏ်းကိုအလင်းပေးခဲ့သည်ဆိုသော အဖြစ်အပျက်မျိုး ရှိလာမည် မဟုတ်ပေ။

ချန်ချန်းဟွာက ယွိချင်အဆက်အနွယ်မှ စက်ဝန်းသံသရာကောင်းကင်ကျမ်းစာကို ကျင့်ကြံထားသည်ဟု အထက်ဘုံကမ္ဘာမှ လူအများ သိရှိထားကြသည်။

သို့သော် မြေကမ္ဘာဘုရင်မ၏ တိုက်ရိုကမျိုးဆက် သိုင်းပညာဖြစ်သော “ကမ္ဘာမြေမှောက်လှန်စည်းတံဆိပ်” ကို ကျင့်ကြံထားမည်ဟု ထင်မထားခဲ့ပေ။

ပိုပြီးထင်မထားသည်မှာ ထိုက်ချင်အဆက်အနွယ် ထိပ်တန်းသိုင်းပညာများကိုလည်း ကျင့်ကြံထားသည်ဆိုသော အချက်ပင်။

သို့ပေသိ ‘ထိုက်ရှီခုန်းမင်မရှိမှုခန္ဓာ’ တွင် ခံစစ် တိုက်စစ် နှစ်ခုလုံးပါဝင်ပြီး အလွန်တရာ လျှို့ဝှက်ဆန်းကျယ်သည် ဆိုသော်ငြား ၊ ရန်ကျောက်ကဲ၏ ထိုက်ယိလက်သီးသိုင်းပေါင်းစပ်ထားသော ရန်ကျောက်ကဲ၏ ‘စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်’ ကို တွန်းလှန်နိုင်ခြင်းမရှိဘဲ ကနဦး‌ကောင်းကင်မှ ပြန်လည်လွတ်မြောက်နိုင်ခြင်း မရှိသေးပေ။

ပြင်းထန်လှသော တန်ခိုးစွမ်းအားက တိုက်ခိုက်ရန်ပင်မလိုအပ်ဘဲ ချန်ချန်းဟွာ၏ ‘ထိုက်ရှီခုန်မင်မရှိမှုခန္ဓာ’ ၏ သိုင်းပညာအယူအဆ ပျောက်ကွယ်သွားစေရန် တွန်းအားပေးနေပြီ ဖြစ်သည်။

ထိုက်ရှီဖြစ်စေ ထိုက်ချူးဖြစ်စေ ဤလက်ဝါးရိုက်ချက်အောက်တွင် အားလုံးက ထိုက်ယိဆီသို့ ပြန်လည်ရောက်ရှိသွားမည် ဖြစ်၏။

သို့သော် ရန်ကျောက်ကဲ၏သိုင်းပညာကို ‘ထိုက်ရှီခုန်မင်မရှိမှုခန္ဓာ’ တစ်ခုတည်းဖြင့် ခုခံနိုင်မည်ဟု ချန်ချန်းဟွာကလည်း ခပ်ပေါ့ပေါ့ တွေးမထားခဲ့ပါချေ။

သူ၏ပုံရိပ်က ဗလာနယ်ထဲတွင် ပုံရိပ်ယောင်ပမာ ရှိနေပြီး ရန်ကျောက်ကဲ၏ ‘စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်’ လက်ဝါးရိုက်ချက်ကို လက်သီးဖြင့် ထိုးနှက်လိုက်သည်။

ချန်ချန်းဟွာတွင် လက်နက်ကိုင်ဆောင်ထားခြင်း မရှိသော်လည်း ထိုလက်သီးချက်က ကျိုင်းတံလှံရှည်ပမာ ထင်ရှားစွာ ပြောင်းလဲသွားသည်။

ထို ကျိုင်းတံလှံရှည်ကို တွေ့မြင်လိုက်သည်နှင့် ထိုက်ချင်အဆက်အနွယ်တည်ထောင်သူ ‘တောက်တယ်ထျန်းကျွင်း’ (ထိုက်စန့်လောင်ကျွင်း) ကောင်းကင်ဘုံများစွာကို အောင်နိုင်စဉ်က အသုံးပြုခဲ့သော ကျိုင်းတံလှံရှည်ကို ရန်ကျောက်ကဲစိတ်ထဲ ပြေးမြင်လိုက်သည်။

ထိုက်ချင်အဆက်အနွယ် သိုင်းသိုင်းပညာရပ်များတွင် ကနဦးကောင်းကင်သိုင်းပညာနှင့် နှောင်းပိုင်းကောင်းကင်သိုင်းပညာများအားလုံးက အကန့်အသတ်မရှိ လျှို့ဝှက်ဆန်းကြယ်သည်။

ကနဦးကောင်းကင် ရှန်းထျန်းဝူထိုက်အပြင် နှောင်းပိုင်းကောင်းကင် အခြေခံတန်ခိုးစွမ်းအား (၅)ရပ် ရှိသေးသည်။

ဤ ကျိုင်းတံလှံရှည်သိုင်းပညာက နှောင်းပိုင်းကောင်းကင် အခြေခံတန်ခိုးစွမ်းအား (၅)ရပ်မှ တစ်ခု ဖြစ်သည်။

ထိုခဏတွင် ချန်ချန်းဟွာက ကနဦးကောင်းကင်သိုင်းပညာနှင့် နှောင်းပိုင်းကောင်းကင်သိုင်းပညာပေါင်းစပ်ပြီး ရန်ကျောက်ကဲ၏ စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်ကို တားဆီးထားသည်။

“ဟား ဟား...”

ရန်ကျောက်ကဲ ရယ်မောလိုက်၏။

“မင်း ကြိုက်တဲ့သိုင်းကွက်ထုတ်စမ်း... ငါ သိုင်းကွက်ပြောင်းလိုက်မိရင် မင်းကို အရှုံးပေးမယ်...”

ထို့နောက် ရန်ကျောက်ကဲက သူ၏လက်ဝါးရိုက်ချက်တွင် အားပိုထည့်လိုက်ပြီး စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်ဖြင့်ပင် ချန်ချန်းဟွာအား ဆက်လက်ဖိနှိပ်ထားလိုက်လေ၏။

All Chapters