← Chapters

တန်ပြန်တိုက်ခိုက်ခြင်း

Vol. 68 Ch. 940

တန်ပြန်တိုက်ခိုက်ခြင်း

Vol. 68 Ch. 940

“အရှင်” ရှုရှစ်နှင့် ဖုန်းဟွမ်တို့က ရောက်ရှိလာကာ ဝမ်ဝေ့ထံ ဦးညွှတ်လိုက်ကြသည်။

ဝမ်ဝေ့က သူတို့ကို ခေါင်းညိတ်ပြလိုက်၏။ နှစ်ဦးသားက အချင်းချင်းကြည့်ကာ တစ်စုံတစ်ခု ဆုံးရှုံးသွားသလို ခံစားလိုက်ရသည်။ ကျူးကျော်လာသူ၏ စွမ်းအားက သူတို့နှင့် ယှဉ်နိုင်သော်လည်း ကောင်းကင်ဧကရာဇ်က သူ့အရှိန်အဝါ တစ်ခုတည်းကို အသုံးပြု၍ အနိုင်ပိုင်းခဲ့သည်။ တခြားနည်းဖြင့် ပြောရလျှင် သူတို့သာ ထိပ်တိုက်တွေ့ဆုံပါက သူတို့၏ ကံကြမ္မာသည် ကွဲပြားမည် မဟုတ်ပေ။

ထိုနှစ်ဦးက ကောင်းကင်ဧကရာဇ်၏ စွမ်းအားကို သိလိုက်ကြ၏။ သူတို့က သူနှင့် ထိပ်တိုက်တွေ့ဆုံမည်ကို တွေးကြည့်လိုက်တိုင်း ခံစားရသည့် အကြောက်တရားအပေါ် မူတည်၍ သူ့စွမ်းအားကို ခန့်မှန်းခဲ့ကြသည်။ သို့သော်လည်း သူတို့က ယခုအချိန်အထိ သူ ဘယ်လောက်အားကောင်းမှန်း အတိအကျ မသိရပေ။ ပြောရလျှင် ယခုအထိပင် သူတို့က သူ့စွမ်းအား ကန့်သတ်ချက်ကို မသိရသေးပေ။

“မင်းတို့ကို အပေးအယူ လုပ်ဖို့ ခေါ်လိုက်တာ” ဝမ်ဝေ့က တဲ့တိုးသာ ပြောလိုက်သည်။

“မင်းတို့တွေကို တစ်စုံတစ်ယောက်နဲ့ သူ့အင်အားစုအထိ တိုက်ခိုက်စေချင်တယ်။ အပြန်အလှန်အနေနဲ့ မင်းတို့ကို မဟာတာအိုအရင်းအမြစ်ရဲ့ တစ်ရာခိုင်နှုန်း တိုးမြှင့်ဖို့ ကုသိုလ် ပေးနိုင်တယ်”

နှစ်ဦးသားက ချက်ချင်းဆိုသလို မျက်မှောင်ကြုတ်လိုက်ကြသည်။ ထိုကမ်းလှမ်းမှုက စွဲမက်ဖို့ ကောင်းလှ၏။ သူတို့အဆင့်တွင် ကျင့်ကြံခြင်းက အင်မတန် ခက်ခဲလှပြီး တစ်ရာခိုင်နှုန်း တိုးမြှင့်ဖို့ရာက သေမျိုးဘဝမှ ဧကရာဇ်တစ်ပိုင်းအဆင့်အထိ ကျင့်ကြံခြင်းထက်ပင် ပိုမိုခက်ခဲလှသည်။

လက်ရှိ ရှုရှစ်နှင့် ဖုန်းဟွမ်တို့၏ အခြေခံကျင့်ကြံဆင့်က မဟာတာအိုအရင်းအမြစ် ၂၁ ရာခိုင်နှုန်း ဖြစ်၏။

ပထမခုံရုံး အစည်းအဝေးအပြီးတွင် တစ်ဦးချင်းစီက သူတို့၏ ကျင့်ကြံရေး တစ်ရာခိုင်နှုန်းဆီ တိုးမြှင့်လာသည့်အတွက် ထိုအရာက စံနှုန်းအရ အလွန်မြန်ဆန်သည်ဟု သတ်မှတ်နိုင်သည်။

သူတို့က ထိုရလဒ်သည် ခုံရုံးမှ ကုသိုလ်၊ နတ်ဘုရားများအနေနှင့် မိုးမြေဆီမှ ကောင်းချီးများ၊ ဒုတိယခုံရုံး အစည်းအဝေးအပြီး သူတို့၏ တာအိုဆွေးနွေးမှု၊ ဧကရာဇ်နှင့် အလဲအလှယ်အပြီး ဝိညာဉ်စွမ်းအား တိုးမြှင့်မှုနှင့် အချိန်အစီအရင် အသုံးပြုမှုတို့ကြောင့် ဤရလဒ်ကို ရရှိခဲ့ခြင်း ဖြစ်၏။

ရှုရှစ်၏ ပင်မတာအိုက အချိန်ဖြစ်သည့်အတွက် သူမက ကျောင်းတော်မှ တာအိုဘိုးဘေးများဖြင့် အလုပ်တွဲလုပ်ကာ အစီအရင်တာအိုကို ကျင့်ကြံနိုင်သည်။ ထိုစဉ် ဖုန်းဟွမ်ကမူ အကူအနေဖြင့် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ဗုဒ္ဓကျမ်းကို ပိုင်ဆိုင်ထားလေသည်။ ထိုအားဖြည့်မှုများဖြင့် နှစ်ထောင်ချီအတွင်း သူတို့၏ ကျင့်ကြံရေးသည် တစ်ရာခိုင်နှုန်း တိုးမြင့်လာကြ၏။

ထိုသို့အကျိုးအမြတ်များ ရှိနေသော်လည်း တစ်စုံတစ်ခု မှားယွင်းနေသလို ခံစားမိသောကြောင့် ချက်ချင်း သဘောမတူခဲ့ပေ။

“ အရှင်နဲ့ အရှင့်အင်အားစုက လူတွေကိုယ်တိုင် ဘာလို့ မတိုက်ခိုက်တာပါလဲ။”

“မင်းတို့တွေကို သတင်းအချက်အလက် စုဆောင်းဖို့ လွှတ်လိုက်တာ” ဝမ်ဝေ့က အမှန်အတိုင်း ပြောဖို့ ဆုံးဖြတ်လိုက်သည်။

“ငါ့ရဲ့ အလိုလိုသိစိတ်က ငါ့အတွက် အဲဒီကမ္ဘာက ငါ့အတွက် ခြိမ်းခြောက်မှု ဖြစ်နိုင်တယ်ဆိုတာကို ပြောပြနေတယ်။ အဲဒါကြောင့် မင်းတိုနှစ်ယောက်ကို အရင်ဆုံး သတင်းအချက်အလက် စုဆောင်းစေချင်တာ”

“အရှင်…”

“မင်းတို့ ပြောချင်တာကို သိတယ်” ဝမ်ဝေ့က ပြောလိုက်သည်။

“မင်းတို့ကို သွားသေခိုင်းနေတာ မဟုတ်ဘူး။ ငါ့ရဲ့ စွမ်းအားရှိတဲ့ အဆောင်ကို ပေးလိုက်မယ်။ မင်းတို့တွေက အန္တရာယ် ရှိလာတယ်ဆိုရင် အဲဒါကို သုံးပြီးတော့ အခြေအနေ ဖြေရှင်းနိုင်သလို ထွက်ပြေးလို့လည်း ရတယ်။ ပြီးတော့ မင်းတို့ကို ကယ်ဖို့ ငါကိုယ်တိုင်လည်း ပါမယ်”

နှစ်ဦးသားက တိတ်ဆိတ်သွားကာ စွန့်စားမှုများကို တွက်ချက်ကြည့်နေသည်။

“အရှင် ဒီကိုယ်တော်က အဲဒီကမ္ဘာမှာ ဘာက ထိခိုက်စေနိုင်တာလဲဆိုတာကို သိချင်ပါတယ်”

ဝမ်ဝေ့က သူ့ကို ကြည့်ကာ “အဲဒီမှာ ကောင်းကင်ဘုံအဆင့် ပစ္စည်းအပျက်တစ်ခု ရှိတယ်”

ဤသတင်းက အမည်မသိအတိုင်း ကျန်ရှိနေသည်က အကောင်းဆုံး ဖြစ်ပေသည်။ သို့သော်လည်း သူက ထိုသတင်းအချက်အလက်ကို ဖုံးကွယ်ထားလိုပါက လူများ၏ စိတ်မှ ထိုအကြောင်းအရာကို တိုက်ရိုက်ဖျက်ပစ်နိုင်သလို သမိုင်းကြောင်းမှတဆင့်လည်း ဖျောက်ဖျက်နိုင်သည့်အတွက် ဂရုမစိုက်ပေ။

သူက ထိုသတင်းအချက်အလက်ကို တိုက်ရိုက်ထုတ်ဖော်လိုက်ခြင်းမှာ ထိုအရာက သူ၏ အဓိကစိုးရိမ်မှု မဟုတ်၍ ဖြစ်သည်။ စိတ်ဝိညာဉ်ဇစ်မြစ်ဂိုဏ်းနှင့် ပတ်သက်ပြီး တစ်စုံတစ်ခု ထူးဆန်းနေသလို ခံစားမိ၏။ အထူးသဖြင့် ဟယ်ရှစ်ယီနှင့် ပတ်သက်၍ ဖြစ်သည်။ ထို့ကြောင့် သူက သူတို့ကို သွားရောက် မဖျက်ဆီးသေးဘဲ အရင်စမ်းသပ်ကြည့်ဖို့ ရွေးချယ်ခဲ့သည်။

ရှုရှစ်နှင့် ဖုန်းဟွမ်တို့က တဖန် တိတ်ဆိတ်သွားကြပြန်သည်။

သူတို့၏ ကျင့်ကြံရေးအဆင့်တွင် မိုးမြေ၏ လျှို့ဝှက်ချက်များစွာကို သိထားသည့်အတွက် ကောင်းကင်ဘုံအဆင့်က မည်မျှအားကောင်းကြောင်း သိထားသည်။ ထိုအသုံးအဆောင်ပစ္စည်းက ပစ္စည်းအပျက်ဆိုလျှင်ပင် မည်မျှကြောက်ဖို့ကောင်းကြောင်း မှန်းဆမိ၏။

“အဲဒီအကြောင်း ဘာမှစိုးရိမ်နေစရာ မလိုဘူး။ အစစ်အမှန် ကောင်းကင်တာအိုက မျှခြေညီစက်ယန္တရားကြောင့် စွမ်းအားကို ကန့်သတ်ထားတယ်”

ဝမ်ဝေ့က ချက်ချင်းဆိုသလို ရပ်တန့်သွားပြီး “ကောင်းပြီလေ။ မင်းတို့တွေက ဒါကို စိုးရိမ်တော့ စိုးရိမ်သင့်တယ်။ ငါ့ရဲ့တည်ရှိမှုကို မျှခြေညီအောင် အစစ်အမှန် ကောင်းကင်တာအိုက အဲဒီအသုံးပြုမှုရဲ့ အတားအဆီးကို လျှော့ချလိုက်တာလည်း ဖြစ်နိုင်တယ်”

“အရှင်က ဘယ်ဂိုဏ်းကို တိုက်ခိုက်ချင်တာလဲ။ သူတို့က ဘယ်လောက်အားကောင်းလဲ။ ပစ်မှတ်ကရော ဘယ်လောက်အားကောင်းလဲ” ရှုရှစ်က ပြောလိုက်သည်။

“တိုက်ပွဲစိတ်ဝိညာဉ်ကမ္ဘာက စိတ်ဝိညာဉ်ဇစ်မြစ်ဂိုဏ်းပဲ။ သူတို့ဂိုဏ်းက အရမ်းအားကောင်းပြီးတော့ ထာဝရဦးသျှောင် နှစ်ယောက်ရှိတယ်။ ဒါပေမဲ့ တစ်ယောက်က ဒဏ်ရာရထားတယ်ဆိုတော့ ကျန်တစ်ယောက်ကိုပဲ စိုးရိမ်ဖို့ လိုတယ်။ ဟယ်ရှစ်ယီအတွက်ကတော့ ဘယ်လောက်အားကောင်းမယ်ဆိုတာ မသိရသေးဘူး”

ဝမ်ဝေ့က သူ့သတင်းအကြောင်း ကောက်ချက်ချဖို့ ကြိုးစားသည့်အခါတိုင်း ကြောက်မက်ဖွယ် အငွေ့အသက်တစ်ခုက သူ့စွမ်းအားကို ဖုံးလွှမ်းသွားသည့်အတွက် ဟယ်ရှစ်ယီ၏ ခန္ဓာကိုယ်သည် ကောင်းကင်ဘုံအဆင့် အသုံးအဆောင်ပစ္စည်း၏ အငွေ့အသက် သက်ရောက်မှု ခံထားရကြောင်း မှန်းဆမိလိုက်သည်။

“သူက မင်းတို့နှစ်ယောက်နဲ့ သိပ်တော့ ဘာမှကွာခြားမှာ မဟုတ်ဘူး။ တကယ်လို့ သူကသာ အရမ်းအားကောင်းနေမယ်ဆိုရင် ငါ့ရဲ့အဆောင်ကို တိုက်ရိုက်သုံးပြီးတော့ သူ့ကို ရင်ဆိုင်လို့ရတယ်”

နှစ်ဦးသားက ခေတ္တမျှ စဉ်းစားပြီးသည့်နောက်တွင် ဖုန်းဟွမ်က ပြောလာသည်။

“ဒီတာဝန်က ဒီကိုယ်တော်အတွက်တော့ နည်းနည်းတော့ ပိုပြီး အန္တရာယ်များတဲ့ပုံပဲ”

ဝမ်ဝေ့က ထိုအရှက်မရှိသည့် ဘုန်းကြီးအား ကြည့်ကာ “နောက်ဆုံးအပေးအယူ မဟာတာအိုအရင်းအမြစ် ၂ရာခိုင်နှုန်း တိုးမြှင့်ဖို့အတွက် ကုသိုလ်၊ ဧကရာဇ်ဝိညာဉ်ဆေးလုံး ၃လုံးနဲ့ မဟာတာအိုဉာဏ်အလင်းပွင့် ဆေးလုံးတစ်လုံးစီ ရမယ်”

“ဧကရာဇ်ဝိညာဉ်ဆေးလုံး ၅ လုံးနဲ့ မဟာတာအိုဉာဏ်အလင်းပွင့်ဆေးလုံး ၃လုံး လုပ်လိုက်ပါ။ အဲဒါဆိုရင် အပေးအယူ ဖြစ်ပြီ။ ဒါနဲ့ တာအိုသင်္ချိုင်းမြေကို ဖြေရှင်းပြီးတဲ့နောက်မှာ ဒီဆေးလုံးအတွက် ပါဝင်ပစ္စည်းတွေက လိုအပ်နေမှာ မဟုတ်ပါဘူး” ရှုရှစ်က ပြောလိုက်သည်။

“ကောင်းပြီလေ။ ဒါပေမဲ့ မင်းတို့တွေ အကောင်းဆုံးကြိုးစားပြီးတော့ သူ့ရဲ့ ဝှက်ဖဲကို ထုတ်ဖော်အောင် တွန်းအားပေးရမယ်။ ပြီးတော့ မင်းတို့တွေ ဒီတိုက်ပွဲကို သူတို့ရဲ့ ပိုင်နက်အတွင်းမှာ ဖြစ်ဖို့လည်း အကောင်းဆုံးကြိုးစားရမယ်။ တတ်နိုင်သမျှ ထိခိုက်အောင် လုပ်ခဲ့”

သူ့မျက်ဝန်းအထက် ရက်စက်သည့် အကြည့်တစ်ချက် ဖြတ်ပြေးသွားသည်။ သူက ထိုအစီအစဉ်သည် စိတ်ဝိညာဉ်ဇစ်မြစ်ဂိုဏ်းတွင် နေထိုင်ခဲ့သည့် သေမျိုးများကြားတွင် သေဆုံးမှုအမြောက်အများ ဖြစ်နိုင်မှန်း သိထားသော်လည်း သူက ဂရုမစိုက်ပေ။ ထိုသေမျိုးများက စိတ်ဝိညာဉ်ဇစ်မြစ်ဂိုဏ်းထံ ကံကောင်းမှုနှင့် ကြမ္မာကို ပေးထားသည့်အတွက် သူတို့၏ ပျက်သုဉ်းမှုက သူတို့ဂိုဏ်းအပေါ် အားနည်းသွားစေလိမ့်မည်။

ငါ့လက်က သွေးစွန်းထင်းပြီးသားဖြစ်နေပြီဆိုတော့ နောက်ထပ် ထပ်ပြီး စွန်းထင်းတာ ကိစ္စမရှိတော့ဘူး…

ဝမ်ဝေ့က တွေးလိုက်သည်။

ဖုန်းဟွမ်က ထိုအခြေအနေကို ကြားပြီးသည့်နောက်တွင် စိတ်ရှုပ်ထွေးသွားဟန်ဖြင့် သက်ပြင်းအသာချကာ ရေရွတ်လိုက်သည်။

“အော်မိတောဖော” သူက ကျမ်းစာတချို့ကို ရွတ်ဖတ်နေပြီး ဘာမှမပြောတော့ပေ။

“စာချုပ် ချုပ်ချင်သေးလား” ဝမ်ဝေ့က မေးလိုက်သည်။

“မလိုပါဘူး။ ကျွန်မတို့က အရှင့်ရဲ့စကားကို ယုံပါတယ်” ရှုရှစ်က ပြောလိုက်သည်။

“ဒီလိုဆိုရင် အစီအစဉ်ကို သေချာချမှတ်ကြတာပေါ့” ဝမ်ဝေ့က နောက်ထပ် နာရီဝက်အကြာ ထိုသူနှစ်ဦးနှင့် ဆက်လက်ပြောဆိုခဲ့သည်။ ထို့နောက် ရှုရှစ်နှင့် ဖုန်းဟွမ်တို့က ဝမ်ဝေ့ဆီမှ အဆောင်ကို ရယူပြီးသည့်နောက်တွင် သူတို့၏ အင်အားစုဆီ ပြန်ရောက်သွားကြသည်။

ထိုစဉ် စွမ်းအားကြီး ကောင်းကင်ဧကရာဇ်က ကာလံသဘောတရားကို လျစ်လျူရှုထားကာ အဝေးတစ်နေရာကို ကြည့်လိုက်သည်။ သူက အံ့ဖွယ်အသိစိတ်ဖြင့် ကမ္ဘာ့အသိုက်အဝန်းများစွာ ကွာဝေးနေသည့် လူတစ်ယောက်ဆီ သတင်းစကား ပို့ဆောင်လိုက်သည်။ နောက်ဆုံးတွင် သူ့ပုံရိပ်ယောင်က ပျောက်ကွယ်သွားပြီး အစီအစဉ် စဖို့ စောင့်ဆိုင်းနေလိုက်၏။

ကမ္ဘာကြီးက ချက်ချင်းဆိုသလို တိတ်ဆိတ်သွားလေသည်။ ထိုစွမ်းအားကြီးပုဂ္ဂိုလ် ၃ယောက်က ဘယ်အရာကို ဆွေးနွေးခဲ့မှန်း မည်သူကမှ မသိကြပေ။ သို့သော် သူတို့က တစ်စုံတစ်ခု ကြီးကြီးမားမား ဖြစ်ပျက်လာတော့မည်ဟု ခံစားချက်ရနေမိ၏။

…………………………………………………………….

ပင်လယ်မျိုးနွယ်၊ ပိုင်ရှယ်မျိုးနွယ်စု

အောင်းရှန်က ထိုသုံးယောက် ဆွေးနွေးနေသည်ကို ကြည့်နေမိသည်။ သူက လက်သီးကျစ်ကျစ်ဆုပ်ကာ သူ့လက်သည်းက အရေပြားထဲ ထိုးစိုက်လုနီးပါး ဖြစ်နေလေသည်။

“ငါက ဧကရာဇ် မဟုတ်လို့လား…”

သူ့မျက်ဝန်းအထက် မလိုလားမှုတချို့ ဖြတ်ပြေးသွားပြီးသည့်နောက်တွင် ပြန်လည် အာရုံစုစည်းလိုက်သည်။

ငါ မြန်မြန်လုပ်ဖို့ လိုတယ်…

သူ့ယခင် အစီအစဉ်က သူ လိုချင်သည့်အရာကိုရဖို့ သံတမန်ရေးရာကို အသုံးပြုဖို့ ဖြစ်သည်။ ယခု သူက ဆက်လက် မစောင့်ဆိုင်းလိုတော့ပေ။

ပင်လယ်မျိုးနွယ်၊ ရှေးဟောင်းမျိုးနွယ်နှင့် ဓားရေးစံအိမ်တို့က ဘာဖြစ်သွားတာလဲဟု စဉ်းစားနေပြီး အကျိုးအမြတ် ရမလားဟု တွက်ချက်နေကြသည်။

ယခု ရောက်ရှိလာမည့်အရာအတွက် ထာဝရဧကရာဇ်အဆင့် စွမ်းအားရှိဖို့ရာ လိုအပ်မှန်း သိသာလှသည်။ သို့သော် သူတို့က ကောင်းကင်ဧကရာဇ်သည် သူတို့ကို အဘယ်ကြောင့် မရွေးချယ်ခဲ့မှန်း စဉ်းစားနေကြ၏။

သူက ဧကရာဇ်တွေကိုပဲ လိုချင်တာလား ဒါမှမဟုတ်ဘူးဆိုရင် သူတို့အပေါ် အထင်သေးနေတာလား…

ကောင်းကင်ဧကရာဇ်လိုလူမျိုးက လွှမ်းမိုးမှုများစွာ ရှိလေသည်။ သူ့အတွေးအခေါ်၊ သဘောတရားနှင့် ယုံကြည်မှုအားလုံးက ကမ္ဘာကို ကြီးကြီးမားမား လွှမ်းမိုးနိုင်ပြီး သူ ပြုမူလိုက်သည့် ဟာသပြက်လုံးတစ်ခုကပင် ကမ္ဘာကြီးကို ပိုမိုကောင်းမွန်အောင် ပြောင်းလဲသွားနိုင်လို ပိုမိုဆိုးရွားအောင်လည်း ပြောင်းလဲသွားစေနိုင်သည်။

ထို့ကြောင့် လူများစွာက အတွေးလွန်လာကြသည်။ သို့သော်လည်း ဝမ်ဝေ့က ထိုအဖြစ်အပျက်ကို မသိလည်းမသိသလို ဂရုလည်းမစိုက်ပေ။ သူက တိုက်ပွဲစိတ်ဝိညာဉ်ကမ္ဘာတွင် ဖြစ်ပျက်တော့မည့် အရာကိုသာ အာရုံစိုက်ထားလေ၏။

ရှုရှစ်နှင့် ဖုန်းဟွမ်တို့က သူတို့ဂိုဏ်းအတွင်း ပြန်ရောက်လာပြီးသည့်နောက်တွင် တိုက်ပွဲစိတ်ဝိညာဉ်ကမ္ဘာဆီ ထွက်ခွာသွားကြ၏။ သူတို့၏ အင်အားနှင့် ကမ္ဘာ့အသိုက်အဝန်းများကြား အကွာအဝေး ဝေးကွာမှုကြောင့် သူတို့၏ ဦးတည်ချက်ကို ရောက်ရှိဖို့ရာ နာရီအနည်းငယ်ခန့် ကြာမြင့်လိမ့်မည်။

သို့သော်လည်း ဝမ်ဝေ့က သူတို့အား သူတို့၏ သဲလွန်စကို ဖုံးကွယ်ရင်း တိုက်ပွဲစိတ်ဝိညာဉ်ကမ္ဘာထဲ တိုက်ရိုက် ပို့ဆောင်ခဲ့သည်။ သူက တိုက်ပွဲစိတ်ဝိညာဉ်ဂိုဏ်း၏ ချီကံကောင်းမှု နဂါးသည် အင်အားစုက ကပ်ဘေးကို ကြုံတွေ့ရတော့မည်ကို အာရုံခံစားမိသွားမည်ကို မဖြစ်စေလိုပေ။ သူ့အနေဖြင့် ယယ်ရှစ်ယီ၏ အာရုံ ၆ပါးကလည်း ရောက်ရှိလာမည့် တိုက်ခိုက်မှုအကြောင်း သတိပေးလာသည်ကို မဖြစ်စေလိုပေ။ ထို့ကြောင့် ဝမ်ဝေ့က တိုက်ရိုက် ပြုမူလိုက်သည်။

ကံကောင်းစွာဖြင့် ကိစ္စများက ချောမွေ့နေခဲ့သည်။ ထို့နောက် အစီအစဉ်အတိုင်း ဖုန်းဟွမ်က ပုန်းအောင်းနေစဉ် ရှုရှစ်က တိုက်ရိုက်တိုက်ခိုက်လာခဲ့သည်။ အချိန်စွမ်းအင် ပါဝင်နေသည့် ဧရာမလက်ဝါးကြီးက အလွှာတစ်ခုလုံး၏ အလယ်တွင် ရှိသည့် လှပသော နန်းဆောင်အထက် ကျရောက်လာခဲ့သည်။

“ဘယ်သူ လုပ်ရဲတာလဲ” အသံတစ်သံ ထွက်ပေါ်လာပြီးသည့်နောက်တွင် လူငယ်တစ်ဦးက ဂိုဏ်းအထက် ပေါ်ထွက်လာခဲ့သည်။ ထိုသူက ဟယ်ရှစ်ယီ ဖြစ်၏။ သူက အနက်ရောင်နှင့်ရွှေရောင် စပ်ထားသည့် ဝတ်ရုံကို ဝတ်ဆင်ထားပြီး မြင့်မြတ်သည့် အနေအထားကို ပြသနေသည်။

ကျစ် ငါ နောက်ကျလွန်းသွားပြီ…

သူက ဂိုဏ်း၏ အစီအရင်ကို အသက်သွင်းကာ တွေးလိုက်သည်။ သူ့အပြုအမူက ဂိုဏ်း၏ အများစုကို ကာကွယ်ပေးနိုင်လိုက်သော်လည်း စွမ်းအားတချို့က ဝင်ရောက်လာဆဲ ဖြစ်၏။ ထို့အပြင် သူက ပတ်ဝန်းကျင်ကို ကာကွယ်ဖို့ အချိန်မရှိသည့်အတွက် အစီအရင်အတွင်း ရှိမနေသည့် အရာတိုင်း သို့မဟုတ် လူတိုင်းက ပျက်သုဉ်းသွားလိမ့်မည်ဟု ဆိုလိုနေသည်။

All Chapters