← Chapters

ထာဝရဧကရာဇ်များ၏ တိုက်ပွဲ အပိုင်း(၂)

Vol. 68 Ch. 942

ထာဝရဧကရာဇ်များ၏ တိုက်ပွဲ အပိုင်း(၂)

Vol. 68 Ch. 942

ရှုရှစ်၏ ဓားချက်က ဟယ်ရှစ်ယီအား မူလဘူတအခြေအနေသို့ ပြန်လည်ပြောင်းလဲခဲ့သင့်ပေသည်။ သို့သော်လည်း ထိုအတိုင်း ဖြစ်မလာခဲ့ပေ။

သူက တိုက်ကွက်ကို ပြန်လည်တွန်းကန်နိုင်သည့် နည်းစနစ်တစ်ခုကို အသုံးပြုခဲ့၍ ရှုရှစ်ကို သူမ၏ ကိုယ်ပိုင်တိုက်ကွက်ဖြင့် ဒဏ်ရာရစေလုနီးပါး ဖြစ်စေခဲ့၏။ ကံကောင်းစွာဖြင့် သူမက တာအိုအပေါ် ထိန်းချုပ်မှုများစွာ ရှိနေသည်။

သူတို့က နီးကပ်နေရင်း သူမက အာရုံများနေသည့်အချက်ကို အခွင့်ကောင်းယူလိုက်သည်။

ဟယ်ရှစ်ယီက သူမနှင့် ခေါင်းချင်း ဝင်တိုက်လိုက်၏။

သူ့ခေါင်းက အဆုံးမဲ့ဒြပ်ထု ပေါင်းစပ်ထားသလိုမျိုး ထာဝရဧကရာဇ်များကဲ့သို့ အယူအဆသဘောတရားကိုပင် ဖျက်ဆီးပစ်နိုင်စွမ်း ရှိ၏။

ဝုန်း

ရှုရှစ်က အပိုင်းပိုင်းအစအစ အဖြစ် ပေါက်ကွဲထွက်သွားသည်။

သို့သော်လည်း ဟယ်ရှစ်ယီက မပျော်ပေ။ ထိုအစား သူက မျက်မှောင်ကြုတ်လိုက်၏။ သူက အချိန်စွမ်းအားကို ခံစားမိလိုက်သည်။

အချိန်အကြွင်းအကျန်လား…

သူက သုံးသပ်လိုက်၏။ သူ သတ်လိုက်သည့်သူက သူမ၏ (အတိတ် သို့မဟုတ် အနာဂတ်ပုံစံ) သို့မဟုတ် တခြားလက်တွေ့အခွဲမှ ပုံရိပ်ယောင်တစ်ခုမျှသာ ဖြစ်၏။

ရှုရှစ်က သူနှင့် မီတာ ရာချီအကွာတွင် ပြန်လည်ပေါ်ထွက်လာပြီး ဟယ်ရှစ်ယီနှင့် ဆက်နွယ်နေသည့် အနီရောင်ကြိုးမျှင်တစ်ခုကို ကိုင်ဆောင်ထားသည်။ ထို့နောက် သူမက လက်ကိုမြှောက်ကာ ချွန်ထက်သည့် လက်နက်ဖြင့် ထိုကြိုးမျှင်ကို ဖြတ်တောက်ပစ်လိုက်သည်။

ငါ့ရဲ့ ကံကြိုးမျှင်လား…

ဟယ်ရှစ်ယီ၏ မျက်နှာထားက ပြောင်းလဲသွား၏။

အကယ်၍ သူသာ သူမကို ကြိုးမျှင်ကို ဖြတ်ခွင့်ပေးလိုက်ပါက သူထက် ကိစ္စများစွာ ဖြစ်ပျက်လာနိုင်သည်။ နမူနာအားဖြင့် သူ့မှတ်ဉာဏ် ပျောက်ဆုံးသွားနိုင်ခြင်း၊ သူ၏ အရေးပါသည့် တစ်စုံတစ်ခု ဆုံးရှုံးသွားနိုင်ခြင်း သို့မဟုတ် သူ့စွမ်းအား တစ်စိတ်တစ်ပိုင်း ဆုံးရှုံးသွားနိုင်ခြင်းတို့ ဖြစ်လာနိုင်သည်။

အဆုံးမဲ့ခြေလှမ်း လျှောက်လှမ်းခြင်း

ဟယ်ရှစ်ယီက သူ့အားအကောင်းဆုံး တိုက်ကွက်ကို အသုံးပြုလိုက်ပြီး နားမလည်နိုင်သည့် အမြန်နှုန်းထားတစ်ခုသို့ ရောက်ရှိသွားစေသည်။ သူက မြန်ဆန်လွန်း၍ အဆုံးမဲ့ အရှိန်သဘောတရားကို နင်းလျှောက်နေသလိုမျိုး ဖြစ်နေသည်။

သူမက မတုံ့ပြန်နိုင်ခင် ဟယ်ရှစ်ယီက သူမ ဘေးနားရောက်လာကာ ကမ္ဘာကြီးကို ထက်ပိုင်းပိုင်းသွားစေနိုင်သည့် ထိုးချက်မျိုး ပေးလာသည်။ ရှုရှစ်က ကောင်းကင်အထက် လွင့်မြောသွားသည့် အလင်းပျောက်များအဖြစ် ပြောင်းလဲသွားကာ နေမင်းနှင့် ဝင်တိုက်သွားပြီး သူမ၏ လှပသည့် မေးရိုးက ပုံပျက်သွားသည်။

သူ့ရဲ့ တိုက်ပွဲ မဟာတာအိုအရင်းအမြစ်က စွယ်စုံ သုံးလို့ရတာပဲ…

သူမက တွေးလိုက်မိသည်။ တိုက်ပွဲတာအိုက တိုက်ခိုက်ရေးတာအိုတစ်ခုဖြစ်ကာ အရင်းအမြစ် သဟဇာတဖြစ်မှုကို အသုံးပြုပြီး တာအိုများစွာကို ထိန်းချုပ်နိုင်သည်။ အနှစ်ချုပ်အားဖြင့် မှန်ကန်သည့် လူလက်ထဲတွင် ရှိပါက ကြောက်ဖို့ကောင်းသည့် တာအို ဖြစ်ပေသည်။

ပြီးတော့ ငါက ထိပ်တိုက်မှုအတွင်းမှာ အရမ်းကို ချုပ်တည်းထားမိတယ်…

ဤထိပ်တိုက်တွေ့ဆုံမှုအတွင်း သူက ဟယ်ရှစ်ယီသည် စိတ်ဝိညာဉ်ဇစ်မြစ်ဂိုဏ်းပေါ်မှ စည်းတံဆိပ်ကို ဖယ်ရှားပြီး ကောင်းကင်ဘုံအဆင့် လက်နက်အပျက်ကို ရယူနိုင်မလားဟု အမြဲတမ်း စိုးရိမ်နေကြောင်း တွေ့ရှိလိုက်ရသည်။ ထိုအတွေးများက သူမ စိတ်ထဲ နာနိုစက္ကန့်ပိုင်းမျှသာ ကြာမြင့်ခဲ့ပြီး အခြေအနေကို ပြန်လည်ထိန်းညှိလိုက်သည်။ သူမက သူ့ဆီ ပြေးဝင်သွားသော်လည်း သူမ တစ်ယောက်တည်း မဟုတ်ပေ။

ရှုရှစ်က နေမင်းတစ်ခုလုံးကိုပါ သူမနှင့်အတူ ဆွဲခေါ်လာပြီး ဟယ်ရှစ်ယီနှင့် ကုန်းမြေတစ်ခုလုံးကို ထိပ်တိုက်တွေ့ဆုံခဲ့သည်။

“ဒီကောင်မက ရူးနေတာလား” ဟယ်ရှစ်ယီက ဤရူးသွပ်မှု၏ အကျိုးဆက်ကို သဘောပေါက်လိုက်သည်။ သူက သူမကို ရပ်တန့်ရန် ကောင်းကင်အထက် ပြေးသွားလိုက်သည်။

ကံဆိုးစွာဖြင့် အခြေအနေက ပိုမိုဆိုးရွားသွားခဲ့သည်။

ရှုရှစ်၏ အနောက်တွင် နေမင်းသန်းထောင်ချီ ထွက်ပေါ်လာပြီး သူတို့အားလုံးက အစစ်အမှန်များ ဖြစ်ကြသည်။ သူမက နေမင်းကို အခြေခံအနေဖြင့် ထားကာ ပုံတူပွားခဲ့ခြင်း ဖြစ်၏။

ကောင်းကင်ခွဲရေး ဓားချက်

ဟယ်ရှစ်ယီက ပုဆိန်လှံရှည်ဖြင့် ပိုင်းခြားကာ ကမ္ဘာက မူလဘူတအခြေအနေတွင် ရှိနေစဉ်အခါကလိုမျိုး အရှိန်အဝါနှင့် စွမ်းအားကို ပြန်လည်ဖန်တီးခဲ့သည်။ ထိုတိုက်ကွက်၏ စွမ်းအားဖြင့် ထိုနေမင်းသန်းထောင်ချီကို အလွယ်တကူ ဖျောက်ဖျက်ပစ်နိုင်သင့်ပေသည်။

ဟွင်သွမ်းစွမ်းအားနဲ့ ငါ့ကို ရင်ဆိုင်ချင်တာလား…

သူမက နှာခေါင်းရှုံ့ကာ တွေးလိုက်သည်။

မဟုတ်သေးဘူး။ သူက ဒီထက်တော့ ဉာဏ်ကောင်းပါတယ်။ ဒီလိုဆိုရင် ဒီတိုက်ကွက်က အယောင်ပြပဲ ဖြစ်ရမယ်…

သူမ၏ မျက်ဝန်းအထက် အချိန်စွမ်းအားတစ်ခု ဖြတ်ပြေးသွားကာ အနာဂတ်ကို မြင်လိုက်ရပြီး သူမ၏ ခန့်မှန်းချက်က မှန်ကန်နေခဲ့သည်။ ဟယ်ရှစ်ယီ၏ တကယ့်တိုက်ကွက်က သူ့တိုက်ပွဲစိတ်ဝိညာဉ် ဖြစ်သည့် စစ်ပွဲနတ်ဘုရားစိတ်ဝိညာဉ် ဖြစ်၏။

ရှုရှစ်က သူမ၏ အသင်္ချေတာအို အိုးကို ထိန်းချုပ်ကာ တစ်ဖက်လူ၏ ဓားချက်မှ ထွက်ပေါ်လာသည့် ဟွင်သွမ်းစွမ်းအားကို စုပ်ယူပစ်ခဲ့သည်။ ထို့နောက် ချက်ချင်းဆိုသလို မဟူရာချပ်ဝတ်ကို ဝတ်ဆင်ထားပြီး အပြာရောင်အရေပြားနှင့် အနီရောင်ဦးချိုနှစ်ခုရှိသည့် သက်ရှိက ဟယ်ရှစ်ယင်၏ ခေါင်းအထက် ပေါ်ထွက်လာခဲ့သည်။ ထိုအရာက စိတ်လွတ်နေသည့် စက်ယန္တရားလိုမျိုး အော်ဟစ်ကာ တစ်ကမ္ဘာလုံးကို သိမ့်သိမ့်တုန်သွားစေသည်။

ထိုအရာက ရှုရှစ်နှင့် နေမင်းသန်းထောင်ချီကို သူ့ရွှေရောင်မျက်လုံးများဖြင့် ကြည့်ပြီးသည့်နောက်တွင် လက်သီးဖြင့် ထိုးချလိုက်သည်။

ထိုလက်သီးချက်က သူ့စွမ်းအားအားလုံးကို အပြည့်အဝ ထိန်းချုပ်ထားဟန်ပေါ်ပြီး ထိုသက်ရှိအား သာမန်စွမ်းအားထက် အဆရာချီ ထုတ်လွှတ်ခွင့်ပြုထားသည်။

ထိုလက်သီးချက်ကို မြင်လိုက်သည့်သူတိုင်းက ထိုသက်ရှိသည် တိုက်ပွဲသန်းချီကို တွေ့ကြုံပြီးသည့်နောက်တွင် လေ့ကျင့်ကာ ဖန်တီးထားခြင်း ဖြစ်ကြောင်း ပြောနိုင်လိမ့်မည်။ ထိုသက်ရှိက တိုက်ပွဲနှင့် စစ်ပွဲအတွက် မွေးဖွားလာသည့် အငွေ့အသက်မျိုးကို ပေးစွမ်းနေသည်။

ကံဆိုးစွာဖြင့် ရှုရှစ်က ထိုတိုက်ကွက်ကို ခန့်မှန်းထားပြီးသား ဖြစ်၏။ သူမက လက်မြှောက်ကာ အနီရောင်ကြိုးမျှင်များစွာကို စုစည်းလိုက်သည်။

ကမ္ဘာ့ ကံ စည်းတံဆိပ်

သူမက တစ်ကမ္ဘာလုံး၏ ကံကို စုစည်းကာ အားကောင်းသည့် စည်းတံဆိပ်အဖြစ် အသုံးပြုပြီး ထိုလက်သီးချက်၏ စွမ်းအားကို လျှော့ချခဲ့သည်။ ရိုးရှင်းသည့် လက်သီးချက်က မည်မျှအားကောင်းကြောင်း စမ်းသပ်မှုမျှသာ ဖြစ်၏။

ဝုန်း

ထိုလက်သီးချက်မှ ထွက်ပေါ်နေသည့် စွမ်းအားက နေမင်းသန်းရာချီကို ဖျက်ဆီးပစ်နိုင်ခဲ့သည်။

ကံဆိုးစွာဖြင့် ကျန်ရှိနေသည့်အရာက ဟယ်ရှစ်ယီနှင့် ကမ္ဘာထံ ကျရောက်လာလေ၏။ ပုံမှန်အားဖြင့် နေမင်းက ဟယ်ရှစ်ယီ၏ အဆင့်အတွက် ဘာမှမပြောပလောက်ပေ။ သို့သော် ရှုရှစ်က သူတို့၏ ဗဟိုချက်ထဲတွင် ဟွင်သွမ်းစွမ်းအားကို ထည့်ပေါင်းထားပြီး မယုံကြည်နိုင်လောက်ဖွယ် စွမ်းအားရှိသည့် ဟွင်သွမ်းနေမင်းအဖြစ် ပြောင်းလဲပစ်ခဲ့သည်။

သို့သော်လည်း သူမက ဟယ်ရှစ်ယီအား မျှားခေါ်ဖို့အတွက် သူတို့၏ အငွေ့အသက်ကို ဖုံးကွယ်ထားခဲ့သည်။ ကမ္ဘာကြီးက ဖရိုဖရဲဖြစ်ကာ ဟွင်သွမ်း နေလုံးများစွာက ကျဆင်းလာသည်။ ကာလံဒေသံက မတည်ငြိမ်နိုင်တော့ဘဲ မိုးမြေ၏ စည်းမျဉ်းများက ဖရိုဖရဲဖြစ်လာကာ အသက်ပေါင်း ထရီလီယံ သေဆုံးသွားကြသည်။

တခြားသော အင်အားစုများကသာ သူတို့အင်အားစု၏ ဧကရာဇ်အစီအရင်ကို အသက်မသွင်းခဲ့ပါက အခြေအနေသည် ပို၍ ဆိုးရွားသွားနိုင်သည်။

ပေါက်ကွဲမှုအလယ်တွင် ဟယ်ရှစ်ယီက လေဟာနယ်ထဲ ရပ်နေဆဲ ဖြစ်၏။ သူ့ချပ်ဝတ်က အကောင်းအတိုင်းရှိနေသော်လည်း သူ့မျက်နှာက အရည်ပျော်သွားကာ ဦးခေါင်းခွံမျှသာ ကျန်ရှိတော့သည်။ သို့သော်လည်း သူက ချက်ချင်းဆိုသလို ပြန်လည်ကောင်းမွန်လာ၏။

သူက သူ့တာအိုဆန္ဒကို ရှုရှစ်၏ ခန္ဓာကိုယ်အတွင်း ထည့်သွင်းဖို့ ကျဆုံးခဲ့သလိုမျိုး သူမကလည်း မအောင်မြင်ခဲ့ပေ။ ထို့ကြောင့် ထိုသို့သော ဒဏ်ရာမျိုးက ထာဝရဧကရာဇ် တစ်ယောက်အတွက် မပြောပလောက်ပေ။

ဟယ်ရှစ်ယီက ဘေးပတ်လည်မှ အပျက်အစီးများကို ကြည့်ကာ ဒေါသထွက်လာမိသည်။ ကမ္ဘာရှိ အားအကောင်းဆုံးဂိုဏ်းအနေဖြင့် စိတ်ဝိညာဉ်ဇစ်မြစ်ဂိုဏ်းက တိုက်ပွဲစိတ်ဝိညာဉ်ကမ္ဘာကို သူတို့၏ ပိုင်နက်အဖြစ် သတ်မှတ်ထားခဲ့၏။ သို့သော် ယခုတွင် သူစိမ်းတစ်ယောက်က ဝင်လာကာ သူတို့၏ ပိုင်ဆိုင်မှုထံ အပျက်အစီးများစွာ ဖြစ်စေခဲ့သည်။

စိတ်ငြိမ်ငြိမ်ထား စိတ်ငြိမ်ငြိမ်ထား။ အကောင်းဘက်ကနေဘဲ စဉ်းစား…

ဟယ်ရှစ်ယီက အသက်ပြင်းပြင်းရှူကာ တွေးလိုက်သည်။

သူမ လုပ်ထားတဲ့ အရှုပ်တွေကို ဖြေရှင်းပြီးရင် ငါ ကောင်းကင်တာအိုဆီကနေ ကုသိုလ်ရလိမ့်မယ်…

သူက သူ့ကိုယ်သူ ဖျောင်းဖျပြီးသည့်နောက်တွင် ဂိုဏ်းထံ ဆုံးရှုံးမှုက မြင်ရသလောက် မရိုးရှင်းကြောင်း သိလိုက်သည်။ ထိုတိုက်ကွက်မှ သူတို့သည် မျိုးဆက်များစွာတိုင် စုဆောင်းလာရသည့် ဂုဏ်သိက္ခာကို ဆုံးရှုံးသွားပြီး သူတို့၏ ချီကံကောင်းမှုနှင့် ကြမ္မာအပေါ် သက်ရောက်မှု ဖြစ်လာစေခဲ့သည်။ အားအကောင်းဆုံးဂိုဏ်းအနေဖြင့် သူတို့က ဤသို့ကြီးမားသော ဆုံးရှုံးမှုမျိုးကို မည်သို့ခံစားမည်နည်း။

သူတို့က သူတို့ကမ္ဘာကို မကာကွယ်နိုင်လျှင် မည်သို့ဖြစ်မည်နည်း။

လူများစွာက ထိုအတွေးရှိလာမည် ဖြစ်ကာ စိတ်ဝိညာဉ်ဇစ်မြစ်ဂိုဏ်းကို စတင် စမ်းသပ်လာကြလိမ့်မည်။ အကယ်၍ ကိစ္စများကသာ ပို၍ဆိုးရွားလာခဲ့ပါက သူတို့၏ ရန်သူတချို့သည် သတ္တိကောင်းလာကာ တိုက်ရိုက်တိုက်ခိုက်လာလိမ့်မည်။

နောက်ဆုံးတွင် ဟယ်ရှစ်ယီက တည်တည်ငြိမ်ငြိမ်သွားကာ အံ့ဖွယ်အသိစိတ်များဖြင့် တချို့အင်အားစုများထံ လျှို့ဝှက်သတင်းစကား ပို့ဆောင်လိုက်သည်။

လေဟာနယ် တိုက်ပွဲကွင်းပြင်ကို ဖွင့်ဖို့ ပြင်ဆင်ထား…

သူ့အသံက အေးစက်ကာ သတ်ဖြတ်ငွေ့ ပြည့်နှက်နေပြီး သူ့အမိန့်ကိုလည်း မလိုက်နာသည့်သူများက မည်သည့် ကံကြမ္မာကျရောက်မည့်အကြောင်း သတိပေးနေဟန်ပေါ်သည်။

သူက ရှုရှစ်ကို အမုန်းတရားအပြည့်ဖြင့် ကြည့်လိုက်သည်။ သို့သော်လည်း သူ ရရှိသည့်တုံ့ပြန်မှုက မထူးမခြားနားမှုနှင့် အထင်မြင်သေးမှုသာ ဖြစ်၏။

ရှုရှစ်က သူမ၏ အပြုအမူများနှင့် ပတ်သက်ပြီး စိတ်မကောင်းမဖြစ်မိပေ။ သူတို့၏ အဆင့်အနေအထားတွင် ကွဲပြားသည့် ကျင့်ဝတ်အနေအထား ရှိကြ၏။

ထို့အပြင် သူမသာ တိုက်ပွဲစိတ်ဝိညာဉ်ကမ္ဘာအတွင်း မလုပ်ဆောင်ပါက ထိုအရာသည် အသင်္ချေအင်ပါယာကမ္ဘာတွင် ဖြစ်လာနိုင်ကြောင်း နားလည်ထားသည်။ သူမက သိုင်းပညာအုပ်စိုးသူ၏ သမိုင်းကြောင်းကို ဖတ်ရှုခဲ့ပြီး သူတို့က နယ်ခြား တာအိုဘာသာအင်အားစုကို ဖိတ်ကြားခံခဲ့ရပြီး သူတို့၏ ကမ္ဘာပျက်သုန်းလုနီးပါးဖြစ်သွားသည်ကို သိထားခဲ့သည်။ ထို့ကြောင့် သူမသည် အလွှာခြား သို့မဟုတ် ကမ္ဘာကြားမှ တိုက်ပွဲသည် မည်မျှရက်စက်ကြောင်း သိထားလေ၏။

ရှုရှစ်က ကောင်းကင်ဧကရာဇ်ကို သတ်ဖို့ရာ စေလွှတ်လိုက်သည့် လုပ်ကြံသတ်ဖြတ်သူသည် တတ်နိုင်သမျှ ဖရိုဖရဲဖြစ်အောင် လုပ်ဖို့ အမိန့်ရရှိခဲ့လောက်မှန်း ယုံကြည်ထားသည်။

ထို့ကြောင့် သူမသည် ထိုကိစ္စနှင့် ပတ်သက်လာသည့်အခါ ကြင်နာမှုကို ပြမည် မဟုတ်ပေ။

……………

တိုက်ပွဲစိတ်ဝိညာဉ်ကမ္ဘာ၊ လွန်ခဲ့သည့် မိနစ်ပိုင်းခန့်က

“အခြေအနေက ဘယ်လိုလဲ” ခေါင်းဆောင်ဟယ်က မေးလိုက်သည်။

“ဒီအားကောင်းတဲ့ စည်းတံဆိပ်ကြောင့် ဘယ်သူကမှ ဝင်လို့မရသလို ထွက်လို့လည်း မရဘူး”

“အဲဒါဆို သိတယ်။ ငါတို့တွေ ဒီအခြေအနေကို ဘယ်လိုလုပ်မလဲလို့ မေးနေတာ” သူ့မျက်နှာက နီရဲနေပြီး ခံစားနေရသည့် ဒေါသကို ဖုံးကွယ်ဖို့ ကြိုးစားနေသည်။

သူ့အိပ်မက်ထဲတွင်ပင် တစ်စုံတစ်ယောက်က သူ့ဂိုဏ်းကို တိုက်ခိုက်လာလိမ့်မည်ဟု မတွေးခဲ့ဖူးပေ။

“ငါတို့ရဲ့ အင်မော်တယ်တွေနဲ့ ဆန့်ကျင်ကျင့်ကြံသူတွေက တိုက်ရိုက်တိုက်ခိုက်နေပေမဲ့ စည်းတံဆိပ်က နည်းနည်းလေးမှ မလျော့သေးဘူး” အကြီးအကဲကျားက ပြောလိုက်သည်။

“ဘိုးဘေးတွေက ဘာမှမလုပ်နိုင်ဘူးလား”

“မလုပ်နိုင်ဘူး” ခေါင်းဆောင်ဟယ်က ပြောလိုက်ပြီး နဖူးကို နှိပ်ကာ ဖြေရှင်းနည်းကို စဉ်းစားဖို့ ကြိုးစားနေသည်။ ထို့နောက် ရုတ်ချည်းဆိုသလို သူက လေဟုန်ကို ခံစားမိကာ မော့ကြည့်လိုက်သည်။

“ဘိုးဘေး”

“ငါတို့တွေ အစီအရင်ကနေ ထွက်သွားဖို့ လိုလိမ့်မယ်”

“ကျွန်တော်သား တစ်ခုခုများဖြစ်လို့လား” သူက အလျင်အမြန် မေးလိုက်၏။

“မဖြစ်သေးဘူး။ စည်းတံဆိပ်ကြောင့် ငါ့ရဲ့အာရုံခံမှုက ဝေဝါးနေတယ်။ ဒါပေမဲ့ ရန်သူရဲ့ အစီအစဉ်က ဒီလောက် မရိုးရှင်းဘူးဆိုတာကိုတော့ ခံစားချက် ရနေတယ်”

ခေါင်းဆောင်ဟယ်က သက်ပြင်းချလိုက်ပြီး “ဒီအခြေအနေမှာ ဘယ်လိုဖြေရှင်းကြမှာလဲ။ သင်္ကေတလေးသွယ် ကြေးမုံကို အသက်မသွင်းပဲနဲ့ အခု စဉ်းစားလို့ရတာဆိုလို့ လက်နက်ကျွန်တွေကို အသုံးပြုဖို့ပဲ။ ဒါပေမဲ့ အခု အဲဒါက သုံးဖို့ ထိုက်တန်ရဲ့လား”

“လက်နက်က အသက်သွင်းဖို့ ကြာလိမ့်မယ်။ လက်နက်ကျွန်တွေက နောက်ဆုံးဖြေရှင်းနည်းပဲ။ ငါတို့ရဲ့ အကောင်းဆုံး ရွေးချယ်စရာက ကာကွယ်ရေးတာအို အဆောင်တစ်ခုကို သုံးပြီး ဒီစည်းတံဆိပ်ထဲ အပေါက်တစ်ခု ဖွင့်ပြီးတော့ ခေါင်းဆောင်ကို တတ်နိုင်သမျှ မြန်မြန်သွားပြီးတော့ ကူညီဖို့ပဲ”

All Chapters