ထာဝရဧကရာဇ်များ၏ တိုက်ပွဲ အပိုင်း(၃)
Vol. 68 Ch. 943
“ကာကွယ်ရေး တာအိုအဆောင်လား” ခေါင်းဆောင်ဟယ်က ထိုအရာများကို သုံးဖို့ ဝန်လေးစွာဖြင့် ရေရွတ်လိုက်သည်။
စိတ်ဝိညာဉ်ဇစ်မြစ်ဂိုဏ်းတွင် ဂိုဏ်း၏ အခြေခံအုတ်မြစ်ဟု ဆိုနိုင်သည့် ပစ္စည်းတချို့ရှိပြီး ပထမတစ်ခုက သင်္ကေတလေးသွယ် ကြေးမုံ ဖြစ်သည်။
ထိုကြေးမုံ ရှိနေသရွေ့ ဂိုဏ်းက စမ်းသပ်ချက် သို့မဟုတ် ကပ်ဘေးတွင် ကျော်လွှားနိုင်လိမ့်မည်။ နောက်ထပ် အုတ်မြစ်တစ်ခုက သင်္ကေတလေးသွယ် ကြေးမုံမှ ဆင်းသက်လာသည့် ကာကွယ်ရေးတာအိုအဆောင်များ ဖြစ်၏။
သူတို့၏ ဘိုးဘေးက ထိုအသုံးအဆောင်ပစ္စည်းမှ ကောင်းကင်ဘုံအဆင့် စွမ်းအားကို အဆောင်အဖြစ် ဖွဲ့စည်းနိုင်မည့် နည်းလမ်းကို ရှာတွေ့ခဲ့သည်။ ထိုအဆောင်၏ စွမ်းအားက အသက်သွင်းဖို့ အချိန်မကြာသည့်အတွက် ကြေးမုံထက် ပို၍ အဆင်ပြေလေသည်။ ထိုအဆောင်များ၏ တစ်ခုတည်းသော ဆိုးကျိုးက သူတို့၏ စွမ်းအားကို ထိန်းချုပ်ဖို့ ခက်ခဲပြီး လိုအပ်ချက်တစ်ခုမှာ အဆောင် ဖွဲ့စည်းဖို့ရာအတွက် အချိန်အတော်ကြာမြင့်ခြင်း ဖြစ်သည်။
မဟာဧကရာဇ် တစ်ယောက်က ဖြစ်စဉ်တစ်လျှောက်လုံးတွင် သူတို့၏ တာအိုကို အသုံးပြု၍ ဖြစ်စဉ်ကို အရှိန်မြှင့်တင်နိုင်သည်။ ထာဝရဧကရာဇ်များက ဒိုင်မေးရှင်းအနိမ့်တွင် နေစဉ်အတွင်း အဆောင်နှစ်ခုကိုသာ ဖွဲ့စည်းနိုင်၏။
“ကောင်းပြီ။ သုံးလို့ ရတယ်။” ခေါင်းဆောင်ဟယ်က ခေတ္တမျှ တုံ့ဆိုင်းနေပြီးသည့်နောက်တွင် ပြောလိုက်သည်။
“အဲဒါဆိုရင် ကျုပ်ကို လုပ်ပိုင်ခွင့်ပေးပါ” ဘိုးဘေးဟယ်က ပြောလိုက်သည်။
ခေါင်းဆောင်ဟယ်က ဂိုဏ်း၏ စည်းမျဉ်းများကို အမှတ်ရသွားပြီးသည့်နောက်တွင် ခေတ္တမျှ စိတ်ရှုပ်ထွေးသွားလေ၏။ ဂိုဏ်းချုပ်ကသာ ဂိုဏ်း၏ အခြေခံအုတ်မြစ်များကို အသက်သွင်းနိုင်သည်။ ယခုအခါ သူ့သားက အဝေးရောက်နေပြီး အရေးပေါ်ကြုံနေပြီဖြစ်ကာ ယခင် ဂိုဏ်းချုပ်ဟောင်းအနေဖြင့် ထိုအဆောင်ကို အသုံးပြုဖို့ ခွင့်ပြုချက် ပေးနိုင်သည်။
ခေါင်းဆောင်ဟယ်က ဘိုးဘေးအား သူ့အမှတ်အသားပြားကို တုံ့ဆိုင်းမနေဘဲ ပေးလိုက်သည်။ ထို့နောက် ထိုသူက ပျောက်ကွယ်သွားလေ၏။ မိနစ်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် ဂိုဏ်းထဲရှိ လူအားလုံးက အားကောင်းသည့် အင်မော်တယ်စွမ်းအားနှင့်အတူ ကြောက်မက်ဖွယ် စွမ်းအားတစ်ခု ထွက်လာသည်ကို ခံစားမိလိုက်ကြသည်။
ဂိုဏ်းအထက်ရှိ စည်းတံဆိပ်က တုန်ခါလာပြီး အက်ကွဲသွားသည့်အတွက် အားလုံးက ဝမ်းသာသွားကြသည်။ သို့သော် ထိုသူများ၏ အပြုံးက သိပ်ကြာရှည်မခံဘဲ အက်ရာများက အလိုလိုပြန်ကောင်းသွားလေ၏။
“ကျစ် ဒီစည်းတံဆိပ်က ဘာလို့ အဲ့လောက် အားကောင်းနေရတာလဲ” ဘိုးဘေးဟယ်က အင်မော်တယ်ချီများစွာကို လှုံ့ဆော်ပြီး အဆောင်ကို ဆက်လက် အားမြှင့်လိုက်သည်။ ကံဆိုးစွာဖြင့် သူ့ကြိုးစားမှုက အသုံးမဝင်ခဲ့ပေ။
စည်းတံဆိပ်က ရှုရှစ်ဆီမှ ဆင်းသက်လာခြင်း မဟုတ်ဘဲ ဝမ်ဝေ့ ကိုယ်တိုင် ဖွဲ့စည်းထားခြင်းဖြစ်သည့်အတွက် သူ့မဟာတာအိုအရင်းအမြစ် ၆၉ ရာခိုင်နှုန်း စွမ်းအားပါဝင်နေသည်။ ကာကွယ်ရေးတာအိုအဆောင်က အားကောင်းသော်လည်း ထိုအရာ၏ စွမ်းအားက ကြေးမုံနှင့် မနီးကပ်သည့်အတွက် မဟာတာအိုအရင်းအမြစ် ၆၀ ရာခိုင်နှုန်းပင် မရောက်ပေ။
သာမန်အခြေအနေအောက်တွင် ထိုသို့သော စွမ်းအားမျိုးက ဒိုင်မေးရှင်းအနိမ့်တွင် လုံလောက်သည်ထက် ပိုပေသည်။ ကံဆိုးစွာဖြင့် စိတ်ဝိညာဉ်ဇစ်မြစ်ဂိုဏ်းက ဝမ်ဝေ့လိုလူမျိုးနှင့် ထိပ်တိုက်တွေ့နေရ၏။
သူက အတိုင်းအတာမဲ့ ဧကရာဇ်ဟူသော ဂုဏ်ပုဒ်ကို အလကားရထားခြင်းမ ဟုတ်ပေ။
“ခေါင်းဆောင် ကျုပ်တို့တွေ နောက်ထပ်အဆောင် သုံးဖို့လိုတယ်”
“တကယ်ကြီးလား” ခေါင်းဆောင်ဟယ်က နှလုံးသားထဲ နာကျင်လာကာ သူတို့ဂိုဏ်း၏ ဆုံးရှုံးမှုကို တွေးမိသွားသည်။
“အခု တုံ့ဆိုင်းနေရမဲ့ အချိန် မဟုတ်ဘူး။ တကယ်လို့ ဂိုဏ်းချုပ်သာ တစ်ခုခုဖြစ်သွားရင် ကျုပ်တို့ ဆုံးရှုံးမှုက ပိုပြီးကြီးသွားလိမ့်မယ်”
ခေါင်းဆောင်ဟယ်က သူ့သားသည် အန္တရာယ်ကျရောက်နေကြောင်း အမှတ်ရသွားကာ အံကြိတ်လျက် ပြောလိုက်သည်။
“တုံ့ဆိုင်းမနေနဲ့။ ဘာမှမမှားအောင် နှစ်ခုသာ သုံးပစ်လိုက်”
အဝေးတစ်နေရာရှိ ထာဝရဦးသျှောင်က သဘောတူစွာ ခေါင်းညိတ်လိုက်သည်။ သူက နောက်ထပ် အဆောင်နှစ်ခုဖြင့် စည်းတံဆိပ်ကို ဖျက်ဆီးပစ်နိုင်သည်။ ထို့ကြောင့် သူက တုံ့ဆိုင်းမနေဘဲ နောက်ထပ်ကာကွယ်ရေး တာအိုအဆောင်နှစ်ခုကို အသုံးပြုလိုက်သည်။
ထိုအားဖြည့်မှုက သူက စည်းတံဆိပ်ကို အလွယ်တကူ ထိုးဖောက်သွားလေသည်။ သို့သော် သူ့ပျော်ရွှင်မှုက တိုတောင်းလှ၏။ အမည်မသိစွမ်းအားတစ်ခုက အက်ကြောင်းကို အားဖြည့်ပေးလာသည်။ ကံကောင်းစွာဖြင့် သူက အလျင်အမြန် တုံ့ပြန်ပြီး စည်းတံဆိပ်က အပြည့်အဝပြန်မကောင်းခင် ဂိုဏ်းမှ ထွက်လာနိုင်လိုက်သည်။
ဘိုးဘေးဟယ်က စည်းတံဆိပ်မှ ထွက်လာပြီးသည့်နောက်တွင် …
သူက နောက်ခံတွင် မန္တန်များ ရွတ်ဖတ်လျက် ရွှေရောင်ကမ္ဘာအတွင်း ကျရောက်သွားသည်ကို တွေ့လိုက်ရသည်။
“ဗုဒ္ဓဘာသာလား”
“ဒကာကြီး ကံဆိုးတာက ထွက်သွားလို့ မရဘူး”
ညင်သာကာ အေးချမ်းသည့် အသံတစ်သံက ထွက်ပေါ်လာသည်။ ထို့နောက် ဘိုးဘေးဟယ်ရှေ့တွင် ထူးဆန်းသည့် ဘုန်းကြီးတစ်ပါး ပေါ်ထွက်လာလေ၏။ သူက ထူးဆန်းသည်ဟု ပြောရသည့် အကြောင်းအရင်းမှာ ထိုသူက ဒိုင်မေးရှင်းအနိမ့်တွင် ပျက်သုဉ်းသွားသင့်ပြီ ဖြစ်သော်လည်း ဘာသာရေးမှ ဘုန်းကြီးတစ်ပါး ဖြစ်နေ၍ မဟုတ်ဘဲ ထိုဘုန်းကြီး၏ ခန္ဓာကိုယ်မှ တာအိုဘာသာ သဘောတရားများကို ခံစားမိ၍ ဖြစ်သည်။
“မင်းက ဒီတိုက်ခိုက်တဲ့သူနဲ့ တစ်ဖက်တည်းလား”
“ဒီကိုယ်တော်က ဒကာကြီး သွားလို့ မရအောင် တားဆီးဖို့ ရောက်နေတာပါ။ ကျုပ်တို့ကြားမှာ ဘာမှတိုက်ခိုက်ဖို့ မလိုပါဘူး” ဖုန်းဟွမ်က ပြောလိုက်သည်။
“အဲဒါ ဖြစ်နိုင်မယ်များ ထင်နေလား”
ဖုန်းဟွမ်က သက်ပြင်းချလိုက်၏။ သူ့တာဝန်က ထိုသူအား ဝင်ရောက်စွက်ဖက်ခြင်းမှ တားဆီးဖို့ရာမျှသာ ဖြစ်၏။
ကောင်းကင်ဧကရာဇ်၏ စကားအရ အစစ်အမှန် ကောင်းကင်တာအိုသည် စိတ်ဝိညာဉ်ဇစ်မြစ်ဂိုဏ်းထံ စည်းမျဉ်းများ ချိုးဖောက်ရာနှင့် ပတ်သက်လာသည့်အခါ အလွန်သက်ညှာဟန်ပေါ်သည်။ ထို့ကြောင့် သူတို့၏ ထာဝရဦးသျှောင်က ကန့်သတ်ချက်ကို ချိုးဖောက်ခဲ့လျှင် သူတို့အတွက် ဒိုင်မေးရှင်းအနိမ့်တွင် အဆင့် ၁၁ စွမ်းအားကို ထုတ်သုံးဖို့အထိ ဖြစ်နိုင်လေသည်။ အနည်းဆုံးတော့ ထိုအဆင့်နီးပါးအထိ ရောက်ရှိသွားလိမ့်မည်။
ဒီတိုက်ပွဲအတွက် အကောင်းဆုံးအစီအစဉ်က သူ့ကို နှောင့်နှေးထားရင်းနဲ့ တိတ်တဆိတ် ဒဏ်ရာပေးဖို့ပဲ…
ထာဝရဦးသျှောင်များက တာအိုဘိုးဘေး၊ ထာဝရအရှင်နှင့် ယွမ်ထီများထက် ကုသနိုင်စွမ်း မြင့်မားသော်လည်း မဟာဧကရာဇ်နှင့် ထာဝရမဟာဧကရာဇ်များနှင့် မယှဉ်နိုင်သေးပေ။ ထို့ကြောင့် သူသာ ဒဏ်ရာရရှိသွားသည်နှင့် အထွတ်အထိပ်သို့ ပြန်လည်ရောက်ရှိဖို့ရာ မျိုးဆက်များစွာ အချိန်ယူရလိမ့်မယ်။
“ဒီလိုဆိုရင်လည်း စကြတာပေါ့” ဖုန်းဟွမ်က ရွှေရောင်အလင်းတန်း လွှမ်းခြုံသွားကာ ပြောလိုက်သည်။ ဤတိုက်ပွဲအတွက် သူက ဗုဒ္ဓဘာသာ၏ အထွတ်အထိပ် ရတနာတစ်ခုဖြစ်သည့် ဟွင်သွမ်းရတနာအဆင့် ဗုဒ္ဓကမ္ဘာကို ယူဆောင်လာခဲ့သည်။ ထို့ကြောင့် သူက အိမ်ကွင်းအရေးသာချက် ရှိထား၏။
…………………………………………………..
တိုက်ပွဲစိတ်ဝိညာဉ်ကမ္ဘာ၊ အရှေ့ပိုင်းနယ်မြေ
တိုက်ပွဲစိတ်ဝိညာဉ်ကမ္ဘာက ရှည်လျားကာ မြောက်ပိုင်း၊ တောင်ပိုင်း၊ အနောက်ပိုင်းနှင့် အရှေ့ပိုင်းဟူသော ပင်လယ်လေးခုနှင့် ဆက်တိုက် ရှိနေသည့် ကုန်းမြေတစ်ခု ဖြစ်သည်။ ကုန်းမြေများကြားတွင် အသင်္ချေအင်ပါယာကမ္ဘာကဲ့သို့ ခြားနားထားခြင်း မရှိသော်လည်း ကုန်းမြေကို ၅ပိုင်း ခွဲထားပြီး အလယ်ပိုင်း၊ အရှေ့ပိုင်း၊ အနောက်ပိုင်း၊ မြောက်ပိုင်းနှင့် တောင်ပိုင်းနယ်မြေဟူ၍ တည်ရှိသည်။
စိတ်ဝိညာဉ်ဇစ်မြစ်ဂိုဏ်း၏ လွှမ်းမိုးတတ်သည့် သဘာဝကြောင့် ကမ္ဘာရှိ ထိပ်သီးအင်အားစုများက အလယ်ပိုင်းနယ်မြေမှ ပြောင်းရွှေ့ကာ အားနည်းသည့် ဧကရာဇ်မျိုးနွယ်များကိုသာ ချန်ထားခဲ့သည်။
ထို့ကြောင့် ရှုရှစ် တိုက်ခိုက်သည့်အခါ အားလုံးက အလယ်ပိုင်းနယ်မြေကို အာရုံစိုက်လိုက်ကြ၏။ သူမက ဟွင်သွမ်းနေလုံး သန်းထောင်ချီကို ထိုနေရာသို့ ယူဆောင်လာစဉ် ထိုအင်အားစုများက တခြားနယ်မြေများဆီ မရောက်ဖို့ရာ အကာအရံကို ဖန်တီးလိုက်ကြသည်။
သူတို့၏ အပြုအမူက တစ်နည်းအားဖြင့် အောင်မြင်ခဲ့၏။ ကံဆိုးစွာဖြင့် သူတို့သည် ထိုနေမင်းက ဟွင်သွမ်းစွမ်းအား ပါဝင်နေလိမ့်မည်ဟု သိမထားခဲ့မိဘဲ ဖြစ်ပျက်လာမည့် အပျက်အစီးပမာဏကို လျှော့တွက်ခဲ့မိသည်။
နောက်ဆုံးရလဒ်က မည်သို့ပင်ဖြစ်စေကာမူ အကြီးမားဆုံး ဆုံးရှုံးရသည့်သူက စိတ်ဝိညာဉ်ဇစ်မြစ်ဂိုဏ်းသာ ဖြစ်သည့်အတွက် သူတို့က ရလဒ်နှင့် ပတ်သက်ပြီး ပျော်ရွှင်နေမိသည်။
ခရမ်းရောင်ချီဂိုဏ်းက အရှေ့ပိုင်းနယ်မြေ၏ အရှင်သခင်ဖြစ်ပြီး ကမ္ဘာပေါ်တွင် မဟာဧကရာဇ်ဆယ်ယောက် ရှိထားကာ တစ်ယောက်က ထာဝရဧကရာဇ် ဖြစ်သည့်အတွက် ဒုတိယမြောက် အားအကောင်းဆုံး အင်အားစုအဖြစ်လည်း လူသိများကြသည်။
အခန်းအတွင်း ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ရွှေရောင်သရဖူကို ဆောင်းထားသည့် လူငယ်လေးတစ်ဦးက ထိုင်နေသည်။ ထိုလူငယ်လေးက မျက်လုံးပွင့်လာကာ သူ့မျက်လုံးတစ်ဖက်က အပြာရောင်ဖြစ်ပြီး တစ်ဖက်က အနီရောင် ဖြစ်နေသည်။
ခရမ်းရောင်စိတ်ဝိညာဉ်မျက်လုံးက ခရမ်းရောင်ချီ ဂိုဏ်းအတွက် ထူးကဲမှုတစ်ခု ဖြစ်ပြီး ဤမျိုးဆက်၏ ခေါင်းဆောင်က ထိုအရာဖြင့် မွေးဖွားလာခဲ့သည်။ ဂိုဏ်းက သူတို့သည် နောက်ထပ် ထာဝရဧကရာဇ်တစ်ယောက် ပြုစုပျိုးထောင်နိုင်လိမ့်မည်ဟု တွေးကာ ပျော်ရွှင်ကြပြီး စိတ်ဝိညာဉ်ဇစ်မြစ်ဂိုဏ်းနှင့် အမှီလိုက်နိုင်တော့မည်ဟု ထင်ခဲ့ကြသည်။
သို့သော် ကိစ္စများက အဆင်မပြေခဲ့ပေ။ ခရမ်းရောင်စိတ်ဝိညာဉ်ဘုရင်က နောက်ဆုံးတွင် ဟယ်ရှစ်ယီထံ ရှုံးနိမ့်ခဲ့ပြီး ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့၏။ သူသာ နည်းလမ်းအကုန်သုံး၍ ထွက်မပြေးခဲ့ပါက အခြေအနေက ပို၍ ဆိုးရွားသွားနိုင်သည်။
ဟယ်ရှစ်ယီက လေဟာနယ်တိုက်ပွဲကွင်းပြင်ကို ဖွင့်လှစ်ဖို့ အမိန့်ကို ကြားပြီးသည့်နောက်တွင် ခရမ်းရောင်စိတ်ဝိညာဉ်ဘုရင်က မျက်မှောင်ကြုတ်ပြီး ကမ္ဘာ့အစည်းအဝေးကို ခေါ်ကာ အင်အားစုအားလုံးနှင့် ဆက်သွယ်ခဲ့သည်။
ထိုသို့ခေါ်ဆောင်ပြီးသည့်နောက်တွင် သူက အစည်းအဝေးအခန်းအတွင်း ပုံရိပ်ယောင်ကို စေလွှတ်ဖို့ အစီအရင်ကို အသက်သွင်းလိုက်သည်။ သူက အစီအရင်ကို ခေါ်သူဖြစ်သည့်အတွက် ပထမဦးဆုံး ရောက်ရှိလာသူဖြစ်ကာ ထိုစားပွဲဝိုင်းတွင် နေရာဝင်ယူလိုက်သည်။
နောက်ထပ် ရောက်ရှိလာသည့်သူက ရှေးဟောင်းစိတ်ဝိညာဉ်တောင်မှ ဂိုဏ်းသခင် ဖြစ်၏။ ထိုဂိုဏ်းက မဟာဧကရာဇ် ၁၁ ယောက် ရှိထားပြီး စိတ်ဝိညာဉ်ကို ကိုးကွယ်ကြသည့် ဂိုဏ်းတစ်ခု ဖြစ်သည်။ ထိုမျိုးနွယ်က စိတ်ဝိညာဉ်ဇစ်မြစ်ဂိုဏ်းနှင့် မဟာဧကရာဇ်အရေအတွက် တူညီနေသော်လည်း သူတို့တွင် ထာဝရဧကရာဇ် ရှိမထားဘဲ သူတို့၏ ဧကရာဇ်နှစ်ယောက်က ဒုတိယတန်းစားများသာ ဖြစ်၏။ သို့သော်လည်း သူတို့ကို ရှေးအကျဆုံးဂိုဏ်းအဖြစ် မှတ်ယူနိုင်ပြီး သူတို့၏ တည်ထောင်သူ အတုအယောင် ထာဝရဧကရာဇ်က ကမ္ဘာ၏ ကျင့်ကြံရေးနည်းစနစ်ကို လမ်းပြခဲ့သူလည်း ဖြစ်သည်။
ထို့ကြောင့် သူတို့သည် ကမ္ဘာပေါ်တွင် အကောင်းဆုံးထဲ မပါဝင်သော်လည်း ထိပ်တန်း၅ ခုအတွင်းတော့ ပါရှိလေသည်။
တတိယမြောက် ရောက်ရှိလာသည့်သူက စစ်ပွဲစိတ်ဝိညာဉ်ဗိမာန်မှ စစ်ပွဲသူတော်စင် ဖြစ်၏။ သူက ခပ်လျော့လျော့ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် အသက်ကြီးကြီး အမျိုးသားတစ်ဦး ဖြစ်ပေသည်။ သို့သော်လည်း ထိုအမျိုးသားဆီမှ ဖိနှိပ်လိုသည့် အရှိန်အဝါကို ထုတ်လွှတ်လိုပြီး သူ့ကြွက်သားများကိုလည်း ပြသထားသည်။
စစ်ပွဲစိတ်ဝိညာဉ် ဗိမာန်က တတိယမြောက် အားအကောင်းဆုံး အင်အားစုနေရာကို ကိုင်ဆောင်ထားပြီး မဟာဧကရာဇ် ၉ယောက်နှင့် ထာဝရဧကရာဇ် ၁ယောက် ရှိလေသည်။
သိပ်မကြာခင် အစည်းအဝေးအတွင်း အင်အားစုအသီးသီး ရောက်ရှိလာကြ၏။
“တိုက်ပွဲနတ်ဘုရားဧကရာဇ်ရဲ့ အမိန့်ကို ကြားတယ်မလား။ မင်းတို့တွေ ဘယ်လိုထင်လဲ” ခရမ်းရောင်စိတ်ဝိညာဉ်ဘုရင်က အမုန်းတရားကို ဖုံးကွယ်ထားခြင်းမရှိဘဲ မေးလိုက်သည်။
“သွားသေလိုက်” စစ်ပွဲသူတော်စင်က အော်လုမတတ် ပြောလိုက်သည်။ သူ့နဖူးအထက် သွေးကြောများ ပေါ်ထွက်နေပြီး ကြောက်မက်ဖွယ် အရှိန်အဝါကို ထုတ်လွှတ်နေလေ၏။ ထိုရလဒ်နှင့် ပတ်သက်ပြီး မည်သူကမှ မအံ့ဩကြပေ။
ဤမျိုးဆက်အတွင်း ဟယ်ရှစ်ယီက တိုက်ပွဲ၊ စစ်ပွဲတို့နှင့် သက်ဆိုင်သည့် စိတ်ဝိညာဉ်ကို နိုးထနိုင်ခဲ့သည်။ ထို့ကြောင့် စိတ်ဝိညာဉ်ဇစ်မြစ်ဂိုဏ်းက သူတို့၏ ကောင်းကင်ရွေးချယ်ခံကို ပိုမိုကောင်းမွန်စွာ လေ့ကျင့်ပေးဖို့အတွက် စစ်ပွဲစိတ်ဝိညာဉ်ဗိမာန်ကို အရှက်ခွဲကာ အနိုင်ကျင့်လေ့ရှိသည်။
“ငါတို့တွေ ဘယ်လိုပဲ ခံစားရခံစားရ သူ့အမိန့်ကို လျစ်လျူရှုထားလို့ မရဘူး” ဂိုဏ်းသခင် ဟောက်ယင်က ပြောလိုက်သည်။
“အပြင်လူက ငါတို့ကမ္ဘာမှာ လာပြီးတော့ ဖရိုဖရဲတွေ ဖန်တီးနေတာဆိုတော့ သူတို့ကို လွှတ်ထားလို့ မဖြစ်ဘူး”
“ကျွန်မဆီမှာ ပိုပြီးကောင်းတဲ့ အကြံပြုချက် ရှိတယ်” ပန်းပွင့်စိတ်ဝိညာဉ်တောင်ကြားမှ သူတော်စင်မက ပြောလိုက်သည်။ ထိုတောင်ကြားက မဟာဧကရာဇ် ၅ယောက်နှင့် ထာဝရဧကရာဇ် တစ်ယောက် ရှိထားပြီး အားလုံးက အမျိုးသမီးများ ဖြစ်ကြ၏။
“နယ်ခြားတွေကို စိတ်ဝိညာဉ်ဇစ်မြစ်ဂိုဏ်းဆီ အားနည်းအောင် ဖရိုဖရဲဖြစ်အောင် ဆက်လုပ်ခွင့်ပြုထားဖို့ပဲ။ အဲ့နည်းနဲ့ဆိုရင် ကျွန်မတို့ဆီမှာ အခွင့်အရေး ရလာနိုင်တယ်။”
အခန်းက တိတ်ဆိတ်သွားကာ အားလုံးက အတွေးကိုယ်စီ ရှိနေကြသည်။