← Chapters

လျှို့ဝှက်ကြံစည်မှု

Vol. 68 Ch. 944

လျှို့ဝှက်ကြံစည်မှု

Vol. 68 Ch. 944

“မင်းရဲ့ အကြံအစည်က ကောင်းသားပဲ။ ဒါပေမဲ့ နောက်ဆက်တွဲကို ဘယ်လို လုပ်မှာလဲ”

“ဟုတ်တယ်။ စိတ်ဝိညာဉ်ဇစ်မြစ်ဂိုဏ်းက ငါတို့ကို စာရင်းရှင်းဖို့ လုပ်လာရင် ငါတို့ဘာလုပ်ကြမှာလဲ”

“မင်းတို့တွေက အဲ့လောက်ကြီး ကြောက်နေတာလား” စစ်ပွဲသူတော်စင်က မေးလိုက်သည်။

“ဒီတိုက်ပွဲပြီးသွားရင် သူတို့တွေက ပြန်လည်အားဖြည့်ဖို့ အာရုံစိုက်ထားမှာပဲ။ ငါတို့ကို ဘာလို့များ ဂရုစိုက်နေဦးမှာလဲ။ ပြီးတော့ ဟယ်ရှစ်ယီက သေသွားဖို့က မဖြစ်နိုင်သလောက်ပဲ ”

ထိုကြွက်သားပြိုင်းပြိုင်းနှင့် လူက စကားဆက်မပြောသောကြောင့် လူတချို့ကို သူတို့အတွေးနှင့်သူသာ လွှတ်ထားလိုက်သည်။ ကံဆိုးစွာဖြင့် လူတချို့က ထာဝရဧကရာဇ်တစ်ယောက်ကို သတ်ဖို့ရာ ရိုးရှင်းသည့် ကိစ္စ မဟုတ်ကြောင်း သိထားကြ၏။

“ဒီအစီအစဉ်က ကောင်းပေမဲ့ စိတ်ဝိညာဉ်ဇစ်မြစ်ဂိုဏ်းက သူတို့ဆီမှာ အဲ့လက်နက်ရှိနေသရွေ့ လွှမ်းမိုးနိုင်ဦးမယ်ဆိုတာ သိကြတာပဲ” ခရမ်းရောင်စိတ်ဝိညာဉ်ဘုရင်က အသက်ပြင်းပြင်းရှူကာ ပြောလိုက်သည်။

“အကြောင်းအရင်းတချို့ကြောင့် မိုးမြေက လတ်တလောလေးမှ စတင်ပြောင်းလဲလာခဲ့တယ်။ အဲဒီလက်နက်ပေါ်မှာ ထားရှိတဲ့ အတားအဆီးက စတင် လျော့ရဲလာပြီ” မျက်ဆံမရှိဘဲ မျက်သားအိမ်အဖြူသာရှိသည့် အသက်ကြီးကြီး အမျိုးသားဖြစ်သူ ရှေ့ဖြစ်ဟောသူက ပြောလာသည်။ သူက ကံကြမ္မာစိတ်ဝိညာဉ်ဂိုဏ်း၏ ခေါင်းဆောင် ဖြစ်၏။

သူတို့ဂိုဏ်းက မဟာဧကရာဇ်သုံးယောက်သာ ရှိသော်လည်း သူတို့၏ တည်ထောင်သူက ဂမ္ဘီရတာအိုဖြင့် တာအိုကို သက်သေပြခဲ့သည့် ထာဝရဧကရာဇ်တစ်ယောက် ဖြစ်ပေသည်။ ကျန်ဧကရာဇ်အားလုံးကလည်း ကံကြမ္မာနှင့် သက်ဆိုင်သည့် စိတ်ဝိညာဉ်ကို နိုးထခဲ့သည့်အတွက် သတင်းအချက်အလက် စုဆောင်းရေး၏ အဓိကအရင်းအမြစ်အဖြစ် ကမ္ဘာတွင် အလေးထားကြသည်။

“အရှင်ရှေးဖြစ်ဟောသူ အကြောင်းအရင်းကိုများ သိထားလား” အားလုံးက ရိုရိုကျိုးကျိုး မေးလိုက်ကြသည်။ ထိုလူအိုကြီးက ဤအုပ်စုအတွင်း အားအကောင်းဆုံး မဟုတ်သော်လည်း လူအားလုံးက သူ သိထားသည့် လျှို့ဝှက်ချက်နှင့် အသိပညာများကြောင့် သူ့ကို ကြောက်ရွံ့ကာ လေးစားကြ၏။

“ကောင်းကင်ဘုံရဲ့ လျှို့ဝှက်ချက်တွေက အလွယ်တကူ တွက်ချက်လို့ မရဘူး။ ငါက မိုးမြေကြားက လုပ်ထုံးတချို့ကိုပဲ သိထားတယ်”

“ဒိုင်မေးရှင်းအမြင့်မှာ လတ်တလော အပြောင်းအလဲတွေများ ရှိနေလား”

“အဲ့လိုဖြစ်နိုင်တယ်” ရှေးဖြစ်ဟောသူက ပြောလိုက်၍ အားလုံးက တိတ်ဆိတ်သွားကြသည်။ ထိုအရာကသာ အမှန်ဖြစ်ပါက သူတို့၏ အခြေအနေသည် ထင်ထားသည်ထက် ပိုမိုဆိုးရွားသွားနိုင်၏။ စိတ်ဝိညာဉ်ဇစ်မြစ်ဂိုဏ်းက အတိတ်တွင် သူတို့၏ လက်နက်ကို အသက်သွင်းဖို့ ခက်ခဲခဲ့သည်။ သို့သော် ယခုတွင် သူတို့အတွက် ထိုသို့လုပ်ဆောင်ဖို့ရာ ပိုမိုလွယ်ကူလာလိမ့်မည်။

“ဒီလိုဆိုရင် ထားလိုက်ပါတော့” ခရမ်းရောင်စိတ်ဝိညာဉ်ဘုရင်က ပြောလိုက်သည်။

“ကျုပ်တို့ရဲ့ ပိုင်နက်ကိုပဲ ကာကွယ်ပြီးတော့ သူ့ကို လေဟာနယ် တိုက်ပွဲကွင်းပြင် အသက်သွင်းဖို့ ကူညီပေးကြတာပေါ့”

“မင်းတို့ရဲ့ အခြေအနေကို ငါ ဖြေရှင်းပေးနိုင်တယ်”

အားလုံးက ပြောလိုက်သူကို ကြည့်ကာ အမူအရာ ပြောင်းလဲသွားကြသည်။ အမည်မသိ သူစိမ်းတစ်ယောက်က သူတို့၏ အစည်းအဝေးတွင် ရောက်ရှိနေကာ သူတို့က သတိမထားခဲ့ပေ။

“ခင်ဗျားက ဘယ်သူလဲ” စစ်ပွဲသူတော်စင်က ပြောလိုက်၏။

“ခင်ဗျားက အတော်လေး တက်ကြွတဲ့သူပဲ” ကျူးကျော်သူက ပြောလိုက်သည်။ ထိုသူက စစ်ပွဲသူတော်စင်ကို ကြည့်လိုက်သည့်အခါ ထိုအမျိုးသားသည် ပထမဦးဆုံးအကြိမ်အနေဖြင့် အကြောက်တရားကို ခံစားလိုက်မိ၏။ သတ္တိကောင်းမှု၏ ပြယုဂ်ဖြစ်သော သူ့တိုက်ပွဲစိတ်ဝိညာဉ်က ဘယ်သောအခါမှ နောက်မဆုတ်ဖူးသော်လည်း ယခုအခါ တုန်ယင်နေပြီး သူ့တာအိုနှလုံးသားပင် ကြေကွဲလုနီးပါး ဖြစ်သွားရသည်။ ကံကောင်းစွာဖြင့် ကျူးကျော်သူက အကြည့်လွှဲလာသည်။

“ငါက ဒီတိုက်ခိုက်မှုအတွက် တာဝန်ရှိတဲ့သူပဲ။ မင်းတို့အခြေအနေကို ဖြေရှင်းပေးနိုင်တယ်”

“အရှင်က ဘယ်သူပဲဖြစ်ဖြစ် အပြင်လူ ဆိုတဲ့အချက်က မပြောင်းလဲပါဘူး” ခရမ်းရောင်စိတ်ဝိညာဉ်ဘုရင်က သူ့ကိုယ်သူ တည်ငြိမ်ဖို့ တိတ်တဆိတ် တံတွေးမျိုချကာ စိတ်ငြိမ်အောင် ထိန်းလိုက်သည်။ သူက စစ်ပွဲသူတော်စင်လောက် တူညီသည့် အကြည့်မျိုးကို မခံစားရသော်လည်း ထိုသူ၏ တည်ရှိမှုကို ခံစားကတည်းက အလိုလိုအကြောက်တရားမျိုးကို ခံစားမိလိုက်သည်။

“အခုအချိန်မှာ အဲ့လိုကြောင်သူတော်ဆန်တဲ့ စကားတွေ ပြောနေဖို့ အကျိုးမရှိဘူး။ မင်းတို့ဆီမှာ ရန်သူ ရှိတယ်။ အဲဒီရန်သူက ငါ့ရန်သူနဲ့ အတူတူ ဖြစ်နေတာပဲ။ အဲဒါဆိုတော့ ငါတို့က ဘာလို့ မိတ်ဆွေ မဖွဲ့ရမှာလဲ” ဝမ်ဝေ့၏ ပုံရိပ်ယောင်က ပြောလာသည်။

မည်သူကမှ မပြောနိုင်ကြစဉ် ပန်းပွင့်စိတ်ဝိညာဉ် သူတော်စင်မက မေးလာခဲ့၏။

“အရှင်က ကျွန်မတို့ကို ဘယ်လိုကူညီပေးမှာပါလဲ”

“ရိုးရိုးလေးပါ။ မင်းတို့တွေက ဟယ်ရှစ်ယီကို ဘာကြောင့် အကူအညီ မပေးနိုင်တာလဲဆိုတာကို အကြောင်းပြချက် ပေးလိုက်ရုံပဲ” ဝမ်ဝေ့က ပြန်ဖြေလိုက်သည်။

“ငါ လူတွေကို ပို့ပြီးတော့ မင်းတို့အင်အားစုတွေကို တိုက်ခိုက်ခိုင်းလိုက်မယ်။ အဲဒါဆိုရင် တိုက်ပွဲ အဆုံးသတ်သွားတဲ့အခါမှာ စိတ်ဝိညာဉ်ဇစ်မြစ်ဂိုဏ်းကို ဖြေရှင်းဖို့ လုံလောက်မှာပါ”

“အဲဒါက အလုပ်ဖြစ်နိုင်တယ်”

သို့သော်လည်း မည်သူကမှ ဘာမှမပြောကြပေ။

ဝမ်ဝေ့က ခေါင်းခါကာ “မင်းတို့တွေက ကြောက်နေကြတာပဲ။ နှစ်များစွာ ဖိနှိပ်ခံလာပြီးတဲ့နောက်မှာ မင်းတို့ရဲ့ စိတ်အခြေအနေက ဒီလိုအားနည်းပြီးတော့ အရှုံးသမားစိတ်ဓာတ်မျိုး ဖြစ်လာကြတာပဲ”

ထိုသူများ၏ မျက်နှာထားက ချက်ချင်းဆိုသလို ပြောင်းလဲသွားကာ အမူအရာ ပျက်ယွင်းလာကြသည်။ သူတို့က ပြန်လည်ချေပလိုသော်လည်း မလုပ်ဆောင်ရဲကြပေ။ ပထမတစ်ချက်အနေဖြင့် သူတို့က ကျူးကျော်သူ၏ စွမ်းအားကို ကြောက်ရွံ့နေကြပြီး ဒုတိယအချက်က သူ့စကားက မှန်ကန်နေကြောင်း သိထားကြသည်။

“လုပ်လိုက်ကြရအောင်” စစ်ပွဲသူတော်စင်က ပြောလိုက်သည်။

“အင်း မင်းက ဒီလောက် မြန်မြန်ဆန်ဆန် နိုးထလာတယ်လား။ ငါ မင်းကို လျှော့တွက်မိတဲ့ပုံပဲ” ထိုသူက သူ ထည့်သွင်းပေးခဲ့သည့် အကြောက်တရားမှ လွတ်မြောက်ဖို့ရာ နှစ်များစွာ ကုန်လိမ့်မည်ဟု ထင်ထားခဲ့မိသည်။ သို့သော် အချိန်တိုအတွင်း သူက နိုးထလာကာ တာအိုနှလုံးသားကို သိမ်မွေ့စေခဲ့၏။

စစ်ပွဲသူတော်စင်က ပြောလိုက်သည်။

“ကျုပ်တို့စစ်ပွဲစိတ်ဝိညာဉ် ဗိမာန်က ပြိုင်ဘက်ကင်း လမ်းစဉ်ကို မလျှောက်လှမ်းတော့ ရှုံးနိမ့်ခြင်းဆိုတာ လက်ခံလို့ ရတယ်။ ဒါပေမဲ့ အကြောက်တရားဆိုတာက ငကြောက်နဲ့ အားပျော့တဲ့သူတွေအတွက်ပဲ”

သူက ထိုအမျိုးသားကို သူ့တစ်ဘဝလုံး၌ အနိုင်မယူနိုင်မှန်း သိထားသော်လည်း သူ့ကိုယ်သူ ကြောက်ခွင့်ပြုမည် မဟုတ်ပေ။

“စိတ်ဝင်စားစရာပဲ။ မင်းရဲ့လက်ရှိအခြေအနေနဲ့ဆိုရင် မင်းတို့ရဲ့ ဗိမာန်ရဲ့ စစ်နတ်ဘုရားမှတ်တမ်းနဲ့ မြင့်မားတဲ့အဆင့်ကို ရောက်ဖို့ အချိန်တစ်ခုပဲ လိုလိမ့်မယ်။ မင်းသာ ကံကြွေးကို ဆေးကြောနိုင်ရင် တာအိုကို သက်သေပြပြီး မသေနိုင်စွမ်းကို ရဖို့ အခွင့်အရေးတောင် ရှိတယ်” ဝမ်ဝေ့က ထိုအမျိုးသားကို ကြည့်ကာ ပြောလိုက်၏။

“ခင်ဗျားက ဘယ်လိုလုပ် အဲ့လောက်အများကြီး သိနေတာလဲ” စစ်ပွဲသူတော်စင်က မေးလိုက်သည်။

“သူက ကံကြမ္မာရဲ့ ပြယုဂ်မလို့ပဲ” ရှေ့ပြေးဟောသူက တုန်တုန်ယင်ယင်ဖြင့် ရေရွတ်လိုက်သည်။

အားလုံးက စိတ်ရှုပ်ထွေးမှုကို ဖုံးကွယ်ထားခြင်း မရှိဘဲ သူ့ကို ကြည့်လိုက်ကြ၏။

“အဲဒါဆိုတော့ အပေးအယူကို သဘောတူလား” ဝမ်ဝေ့က မေးလိုက်သည်။

“ဘာလို့မလုပ်ရမှာလဲ” ခရမ်းရောင်စိတ်ဝိညာဉ်ဘုရင်က ရုတ်ချည်းဆိုသလို စစ်ပွဲသူတော်စင်ကို အားကျမိသွားသည်။ သူ့တစ်စိတ်တစ်ပိုင်းက ထိုကျူးကျော်သူဆီမှ ချီးကျူးမှုကို လက်ခံရရှိသည်က ဂုဏ်ယူစရာ ဖြစ်ကြောင်း ခံစားမိလေသည်။ သူက ထိုအမှန်တရားကို ဘယ်သောအခါမှ ဝန်ခံမည် မဟုတ်ပေ။

“ဉာဏ်ရှိတဲ့ ရွေးချယ်မှုပဲ” ဝမ်ဝေ့က သူတို့ကို ရွေးချယ်မှု လုပ်ဖို့ အချိန်မပေးတော့ဘဲ လက်ကိုမြှောက်ကာ ပုံရိပ်ယောင်အာကာပြင်တစ်ခု အသွင်ပြောင်းလဲလိုက်သည်။ အားလုံးက တစ်စုံတစ်ခုဖြစ်ပျက်သွားသည်ကို ခံစားမိသော်လည်း အကြောင်းအရင်းကို မသိရပေ။

“အရှင်” သူတော်စင်မက မေးလိုက်၏။

“မစိုးရိမ်နဲ့။ ငါက စိတ်ဝိညာဉ်ဇစ်မြစ်ဂိုဏ်းရဲ့ ခြိမ်းခြောက်မှု ဒါမှမဟုတ် ဆွဲဆောင်မှုအောက်မှာ အမှန်တရားကို ထုတ်ဖော်မပြနိုင်အောင် တားဆီးလိုက်တာ”

ဤသည်က အမှန်တကယ် ပြဿနာတစ်ခု ဖြစ်သော်လည်း ထိုသူများက ထိုအပြင်သူသည် သူတို့၏ ကမ္ဘာအကြောင်း အဘယ်ကြောင့် စိတ်ဝင်စားနေတာလဲဟု စဉ်းစားနေမိကြသည်။ သူတို့က တစ်ယောက်နှင့်တစ်ယောက်ဆန့်ကျင်ပြီး ကမ္ဘာကြီးကို ဖရိုဖရဲ ဖြစ်သွားစေလျှင် ပို၍ ပျော်ရွှင်မည် မဟုတ်ပါလော။

ဝမ်ဝေ့က သူတို့ထံ ဘာမှမရှင်းပြဘဲ ထွက်သွားဖို့ ပြင်လိုက်သည်။

“အရှင် ခဏနေပါဦး” ရှေးဖြစ်ဟောသူက ပြောလိုက်သည်။

သူ့ပုံရိပ်ယောင်က ထိုင်ခုံမှထကာ မြေပြင်ပေါ်တွင် ဝပ်တွားလိုက်ပြီး “ကျုပ်ကို တပည့်အဖြစ် လက်ခံပေးပါ”

“အရှင် ရှေးဖြစ်ဟောသူ” လူများစွာက ထိုင်ခုံမှထကာ ရပ်လိုက်ကြသည်။ အပြင်လူဖြင့် အလုပ်တွဲလုပ်သည်မှာ ကိစ္စတစ်ခုဖြစ်သော်လည်း သူတို့ထံ တပည့် ဖြစ်လာခြင်းက ကွဲပြားသည့်အရာတစ်ခု ဖြစ်ပေသည်။

“မင်းတို့ နားမလည်ပါဘူး” ရှေးဖြစ်ဟောသူက သက်ပြင်းချကာ ပြောလိုက်၏။

“ငါတို့ရဲ့ တည်ထောင်သူရဲ့ အကြီးမားဆုံး နောင်တက သူက ကံကြမ္မာလို့ ခေါ်တဲ့ လျှို့ဝှက်ဆန်းကြယ်မှုရဲ့ တစ်ထောင့်တစ်နေရာကို စောင့်ကြည့်နိုင်ခဲ့ရုံပဲ။ အဲဒီမှာ ငါတို့ရဲ့ မျိုးဆက်တွေအားလုံးက တားမြစ်ခံစစ်ဆေးမှုထဲမှ ကျရောက်သွားတာမျိုး ဒါမှမဟုတ် ပါဝင်ဆင်နွှဲဖို့တောင် ကြောက်ရွံ့ခဲ့ကြတယ်။ ငါတို့က အောင်မြင်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ တွေးထင်ခဲ့ကြတာ။ ဒါပေမဲ့ သက်ရှိနမူနာက ငါ့ရှေ့မှာ ရှိနေပြီ။ ငါသာ ဒီအခွင့်အရေးကို မယူရင် ငါ ကျန်တဲ့ ဘဝတစ်သက်တာလုံး နောင်တရနေရလိမ့်မယ်”

လူများစွာက ရှေးဖြစ်ဟောသူကို အကြည့်အမျိုးမျိုးဖြင့် ကြည့်လိုက်ကြသည်။ တချို့က နားလည်ကြစဉ် တချို့က စိတ်ရှုပ်ထွေးနေကြ၏။ ဝမ်ဝေ့က သူ့ရှေ့ရှိ အသက်ကြီးကြီး အမျိုးသားကို ကြည့်ကာ ပြောလိုက်သည်။

“ငါက အခု တပည့် လက်ခံဖို့ စိတ်ကူးမရှိဘူး။ မင်းရဲ့ ကြမ္မာနဲ့ ကံကောင်းမှုက ငါ့တပည့်ဖြစ်ဖို့ ကံကြွေးကို သယ်ပိုးဖို့ မလုံလောက်သေးဘူး။ ဒါပေမဲ့ မင်းက တာအိုကို လိုက်ချင်တဲ့ ဆန္ဒကိုတော့ လေးစားတယ်။ အဲဒါကြောင့် မင်းကို လက်ဆောင်တစ်ခု ပေးခဲ့မယ်”

သူက လက်မြှောက်ကာ ကံကြမ္မာ၏ နားလည်နိုင်စွမ်း တချို့ကို အဆောင်အဖြစ် ဖွဲ့စည်းပေးခဲ့သည်။ ထိုအဆောင်က အဝေးတစ်နေရာတွင် ပျောက်ကွယ်သွားပြီး ကံကြမ္မာစိတ်ဝိညာဉ်ဂိုဏ်းရှိ ရှေးဖြစ်ဟောသူ၏ ရှေ့တွင် ပေါ်ထွက်လာခဲ့သည်။

“အရှင့်ရဲ့ လက်ဆောင်အတွက် ကျေးဇူးပါ” ရှေးဖြစ်ဟောသူက ဝပ်တွားလျက်ရှိနေဆဲ ဖြစ်၏။

သူက ထိုသူ၏ တပည့် ဖြစ်မလာနိုင်ခြင်းကို စိတ်ပျက်မိသော်လည်း ထိုလက်ဆောင်က သူတို့ဂိုဏ်း၏ အခြေခံအုတ်မြစ်အတွက် လေ့လာဖို့ရာ လုံလောက်နေပြီဖြစ်ကာ ကံကြမ္မာ၏ လျှို့ဝှက်ချက်ကို ရှာဖွေနိုင်ပြီး သူတို့ပေးဆပ်ဖို့ လိုအပ်သည့် တန်ကြေးကို လျှော့ချနိုင်လိမ့်မည်။

ဝမ်ဝေ့က ခေါင်းညိတ်လိုက်၏။ သူက တိုက်ပွဲစိတ်ဝိညာဉ်ကမ္ဘာအကြောင်း များစွာဂရုစိုက်ပြီး ဤသူအား လက်ဆောင်ပေးခဲ့သည့် အကြောင်းအရင်းများစွာ ရှိပေသည်။

ကောင်းကင်ခုံရုံးက ဒိုင်မေးရှင်း အနိမ့်အတွင်း ချဲ့ထွင်တော့မည်ဖြစ်ကာ ကောင်းကင်အလိုဆန္ဒကမ္ဘာတိုင်းနှင့် ဆက်သွယ်မှု သို့မဟုတ် ဆက်ဆံရေးတစ်ခု ရှိထားလိမ့်မည်။

ထို့ကြောင့် သူက ရှုရှစ်၏ အပြုအမူများဖြင့် ထိုသူများကို အဆိုးမြင်ခံစားချက်မျိုး မရှိစေလိုပေ။ မဟုတ်ပါက သူတို့၏ နောင်အနာဂတ် ဆက်ဆံရေးအတွင်း ပြဿနာ ဖြစ်လာနိုင်လိမ့်မည်။ သူက အကောင်းဆုံးကြိုးစား၍ ဆက်ဆံရေးအဖုအထစ်ကို ဖြေဖျောက်ဖို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်၏။

ထိုသူများက သူ့အလုပ်ကို ကူညီလိမ့်မည်ဟု မျှော်လင့်မထားပေ။ သူတို့ ဝင်ရောက်မစွက်ဖက်လျှင် ကျေနပ်နေပြီ ဖြစ်၏။ အကယ်၍ သူသာ မှန်မှန်ကန်ကန် ကစားနိုင်ပါက ထိုလူအိုကြီးသည် ဤကမ္ဘာရှိ ကိစ္စများကို ဝင်ရောက်စွက်ဖက်သည့်အခါ သူ့အကူအညီ ဖြစ်လာနိုင်သည်။ အနည်းဆုံးတော့ သူက ကမ္ဘာနှစ်ခု ဆက်သွယ်ရာ၌ သံတမန် ဖြစ်လာနိုင်၏။

သူ့အလုပ်ပြီးဆုံးသွားသည့်အခါ ဝမ်ဝေ့၏ ပုံရိပ်ယောင်က ပျောက်ကွယ်သွား၏။

………………………………………………………………….

အသင်္ချေအင်ပါယာကမ္ဘာ၊ ကောင်းကင်ခုံရုံး

ဝမ်ဝေ့က တိုက်ပွဲစိတ်ဝိညာဉ်ကမ္ဘာတွင် ဖြစ်ပျက်နေသမျှ အရာအားလုံးကို တိတ်တဆိတ် ဆက်လက်စောင့်ကြည့်နေသည်။

“ငါတို့ကမ္ဘာက အပြင်ဘက်လောကနဲ့ ပိုင်းခြားထားလိုက်တာက အမှားတစ်ခုပဲ” သူက မှတ်ချက်ပေးလိုက်သည်။ သူက ထိုအင်အားစုများကို လှုံ့ဆော်ဖို့ ပေါ်ထွက်လာခြင်းသာမက သူတို့၏ လေဟာနယ်တိုက်ပွဲကွင်းပြင်ကို သုံးသပ်ပြီး ကူးယူခြင်း ဖြစ်သည်။ သူက လူအိုကြီးငရဲနှင့် တိုက်ပွဲအတွက် အစီအစဉ်တချို့ရှိထား၏။

ထာဝရဧကရာဇ်၏ အဖျက်စွမ်းအားက အလွန်အားကောင်းလှသည့်အတွက် ကောင်းကင်အလိုဆန္ဒကမ္ဘာများက ထိုနတ်ဘုရားများကဲ့သို့ သက်ရှိများ ကမ္ဘာအပေါ်သက်ရောက်မှု မရှိဘဲ သူတို့၏ အားအပြည့် ထုတ်သုံးနိုင်သည့် လေဟာနယ်တိုက်ပွဲကွင်းပြင်ဟု အမည်ရသော ဒိုင်မေးရှင်းတစ်ခုကို ဖန်တီးခွင့်ပြုထားသည်။

ကောင်းကင်တာအို၏ ကန့်သတ်ချက်က ဒုတိယတန်းစားမျှသာ ဖြစ်သည့်အတွက် ပထမတန်းစားနှင့်အထက် ဧကရာဇ်များက သောင်းကျန်းလိုက်ပါက ကမ္ဘာကို ဖျက်ဆီးပစ်နိုင်သည်။

ဝမ်ဝေ့က အဝေးတစ်နေရာကို ကြည့်လိုက်၏။ သူက လေဟာနယ်တိုက်ပွဲကွင်းပြင် ရှိထားသည့် ကမ္ဘာများစွာကို မြင်လိုက်ရသည်။ ထိုအရာက ဖွံ့ဖြိုးတိုးတက်ပြီးသား လူမှုအဖွဲ့အစည်း၏ ထုတ်ကုန်တစ်ခုသာ ဖြစ်သည်။

အင်မော်တယ်လမ်းစဉ်စာချုပ်က လက်ရှိအခြေအနေကို ဖြစ်စေခဲ့တာပဲ။ ဒါပေမဲ့ ကမ္ဘာမှာသာ လေဟာနယ်တိုက်ပွဲကွင်းပြင် ရှိလာမယ်ဆိုရင် ကမ္ဘာ့အရင်းအမြစ်နဲ့ သက်ရှိပေါင်းများစွာကို ကယ်တင်နိုင်လိမ့်မယ်…

ကောင်းကင်ဝါးမျိုခြင်းဧကရာဇ်က သောင်းကျန်းခဲ့စဉ်အခါက လူများစွာသည် ထိုကပ်ဘေးအတွင်း သေဆုံးခဲ့သည်ကို မှန်းကြည့်၍ ရပေသည်။ အကယ်၍ ကမ္ဘာကသာ ပြင်ပလောကနှင့် ဆက်နွယ်ပြီး လေဟာနယ်တိုက်ပွဲကွင်းပြင်ကို ဆောက်လုပ်ထားခဲ့ပါက သူတို့က သူ့အား ထိုအတွင်း တွန်းပို့ကာ အားစိုက်ထုတ်မှုများစွာကို ချွေတာနိုင်လိမ့်မည်။

ထားလိုက်ပါတော့။ အခုမှ တွေးနေလို့ အကျိုးမရှိတော့ဘူး…

ဝမ်ဝေ့က သုံးသပ်လိုက်သည်။ လေဟာနယ်တိုက်ပွဲကွင်းပြင်ကို တည်ဆောက်ခြင်းက ရိုးရှင်းသည့်အရာ မဟုတ်ဘဲ ရှားပါးကာ အဖိုးတန်သည့် ပစ္စည်းများစွာ လိုအပ်ပေသည်။

ထို့အပြင် သူက ကောင်းကင်ဘုံအဆင့် စွမ်းအားများကို တောင့်ခံနိုင်စွမ်း ရှိသည့်အရာကို ဆောက်လုပ်လိုသည့်အတွက် ပိုမိုခက်ခဲလေသည်။

ငါက ဒီအရာအတွက် ကုသိုလ် ရနိုင်တယ်…

ဝမ်ဝေ့က တိတ်တဆိတ် တွေးလိုက်မိသည်။

တကယ်လို့ ငါသာ ဒိုင်မေးရှင်းအနိမ့် တစ်ခုလုံးရဲ့ အစီအစဉ်ကျမှု အမိန့်မှာတမ်းကို ပြောင်းလဲပြီး ကျင့်ကြံသူတစ်ယောက်က ပထမတန်းစားနဲ့ အထက် စွမ်းအားကို ထုတ်သုံးလိုက်တာနဲ့ အဲဒီလေဟာနယ် တိုက်ပွဲကွင်းပြင်ဆီ တိုက်ရိုက် ပို့ဆောင်ပေးနိုင်လိုက်ရင် ဘယ်လိုဖြစ်မလဲ…

သူက ထိုအစီအစဉ်သည် အသုံးဝင်လောက်၍ အကြည့်များ တောက်ပလာမိသည်။

ထိုအရာအောင်မြင်သွားပါက သူသည် အသက်ပေါင်းများစွာကို ကယ်တင်ပြီး ကမ္ဘာများစွာ၏ ကမ္ဘာ့အရင်းအမြစ်များစွာကိုပင် ချွေတာနိုင်လိမ့်မည်။

တကယ်လို့ ငါ အောင်မြင်ချင်တယ်ဆိုရင် ထူးခြားတဲ့ လေဟာနယ်တိုက်ပွဲကွင်းပြင်ကို လိုအပ်ပြီးတော့ တားမြစ်တိုက်ခိုက်ရေး နယ်ပယ်အဆင့်ကိုလည်း ဝင်ရောက်ရမယ်…

ထိုအစီအစဉ်ကို ပြီးမြောက်ဖို့ အကောင်းဆုံး နည်းလမ်းက ကမ္ဘာ့အသိုက်အဝန်းတစ်ခုချင်းစီကို သွားကာ ကိစ္စများကို ပြောင်းလဲပစ်ဖို့ ဖြစ်၏။ သို့သော်လည်း ဝမ်ဝေ့က သူ့စွမ်းအားသည် တားမြစ်တိုက်ခိုက်ရေးအဆင့်သို့ ဝင်ရောက်သွားပြီး တစ်ခါတည်းဖြင့် လုပ်ဆောင်ပါက ပို၍ ကောင်းမည်ဖြစ်ကြောင်း ခံစားမိသည်။

ထိုသို့သော နည်းလမ်းက အောင်မြင်နိုင်ချေ ပိုမိုမြင့်မားစေကာ သူ့ကို အကြောင်းအရင်းတစ်ခုမဟုတ် တစ်ခု တားဆီးဖို့ ကြိုးစားလာမည့် လူများနှင့် ဖြေရှင်းနေစရာ လိုမည် မဟုတ်ပေ။

All Chapters