ရက်စက်ခြင်း
Vol. 68 Ch. 949
ဟယ်ရှစ်ယီက ပလ္လင်ပေါ်တွင် ထိုင်ကာ သူ့ဒေါသနှင့် သတ်ဖြတ်ငွေ့ကြောင့် အခန်းတစ်ခုလုံးက အနီရောင် ပြောင်းနေသည်။ အခြေအနေတစ်ခုလုံးက လွန်ကဲနေပြီး သူက အပေါ်ဝတ်မရှိသလို ခန္ဓာကိုယ်အပေါ်ပိုင်းအထက် ဒဏ်ရာများလည်း ရှိနေပြီး မျက်လုံးတစ်လုံးကလည်း လစ်ဟာနေ၏။ အကြီးအကဲများ၊ တပည့်များနှင့် သူ့အဖေပင် သူ့ကြောက်မက်ဖွယ် အရှိန်အဝါကြောင့် တုန်လှုပ်နေကြသည်။
ဘိုးဘေးဟယ်၏ ဝိညာဉ်က အခြေအနေဆိုးရွားနေလျက်ဖြင့် ထိုသူ၏ အရှိန်အဝါ၏ ဖိအားကို ခုခံနေရ၍ ပိုမိုအားပျော့လာသည်။ ထိုလေထုအောက်တွင် မည်သူကမှ ဘာမှမပြောရဲကြပေ။ သူတို့က သူတို့၏ အမှားကို သိထားကြ၏။
ဂိုဏ်းချုပ်က ဂိုဏ်း၏ ချီကံကောင်းမှုကို တည်ငြိမ်နိုင်မည့် နည်းလမ်းကို ရှာဖွေတွေ့ရှိခဲ့သော်လည်း သူ ပြန်ရောက်လာပြီးသည့်နောက်တွင် သူတို့၏ အကြီးမားဆုံး အုတ်မြစ် နှစ်ခု ဆုံးရှုံးလိုက်ရကြောင်း သိလိုက်ရသည်။
ဟယ်ရှစ်ယီက အမှန်တကယ် ဒေါသထွက်နေသည်။ သူက အခြေအနေသည် အားအကောင်းဆုံးဂိုဏ်း ဟူသော ဂုဏ်ပုဒ်ကို ဆုံးရှုံးရခြင်းထက် မဆိုးရွားနိုင်တော့ကြောင်း တွေးခဲ့မိသော်လည်း မှားယွင်းသွားခဲ့၏။ သူတို့က ထာဝရဦးသျှောင် တစ်ယောက်ကို ဆုံးရှုံးလိုက်ရပြီး ကျန်တစ်ယောက်က မသန်မစွမ်း ဖြစ်သွားလေသည်။ နောက်ဆုံးတွင် သူတို့က အဖိုးတန်ဆုံး ဆေးစိုက်ခင်းကိုပင် ဆုံးရှုံးလိုက်ရသည်။
ဆေးဥယျာဉ်က ဂိုဏ်းအတွက် နှစ်သန်းထောင်ချီကြာ ရှိနေပြီး ပြုစုပျိုးထောင်ဖို့အတွက် အင်မတန် ခက်ခဲခဲ့သည်။ သင်္ကေတလေးသွယ် ကြေးမုံမှ စွမ်းအားကို လှုံ့ဆော်ဖို့ရာ ရိုးရှင်းသည့် ကိစ္စ မဟုတ်ပေ။ သူတို့အောင်မြင်သွားသည်နှင့် အမြဲတမ်း အနည်းငယ်မျှသာ ရခဲ့သည်။
သို့သော်လည်း ကြေးမုံဆီမှ အသန့်စင်ဆုံးသော စွမ်းအားပါဝင်နေသော ထိုဥယျာဉ်အတွင်း ဆေးပင်များက ကြီးထွားနေကြသည်။ ဂိုဏ်းက ထာဝရဦးသျှောင် နှစ်ယောက်သာ ရှိထားသော်လည်း ထိုအရာက အစစ်အမှန်ကောင်းကင်တာအို၏ မျှခြေညီစက်ယန္တရားကြောင့်သာ ဖြစ်၏။ သူတို့သာ အလိုရှိပါက ထိုဆေးဥယျာဉ်အတွင်းမှ အရင်းအမြစ်များကို သုံးကာ ထာဝရဦးသျှောင်များစွာကို လေ့ကျင့်ပေးနိုင်သည်။
ယခုအခါ ထိုအရာအားလုံး ဆုံးရှုံးသွားပြီ ဖြစ်၏။ နှစ်များစွာ အားထုတ်မှု၊ စီစဉ်ထားမှုနှင့် သူတို့၏ အချိန်များက အလဟသ ဖြစ်သွားခဲ့ရသည်။
ဟယ်ရှစ်ယီက ထိုသူအားလုံးကို ကြည့်လိုက်ပြီး သူတို့က မည်မျှပင် အသုံးမကျကြောင်း စဉ်းစားနေမိသည်။ အကယ်၍ သူတို့ကသာ သူ့ဂိုဏ်းသားများနှင့် မိသားစုဝင်များသာ မဟုတ်လျှင် အားလုံးကို သတ်ဖြတ်ပစ်ပြီးလောက်လေပြီ။
သူက စိတ်ငြိမ်အောင် အသက်ပြင်းပြင်း ရှူလိုက်ရ၏။ ယခု ထိုသူများအတွက် အငြိုးတရားကို ကိုင်ထားဖို့ရာ အချိန် မဟုတ်ကြောင်း သိလေသည်။ သူက အခြေအနေကို တတ်နိုင်သမျှ မြန်မြန်ဖြေရှင်းဖို့ လိုအပ်၏။ မဟုတ်ပါက ဂိုဏ်းသည် ပိုမိုအခက်တွေ့လာလိမ့်မည်။
ဟယ်ရှစ်ယီက တည်ငြိမ်စွာဖြင့် အလေးအနက် အာရုံစိုက်ကာ အခြေအနေကို သုံးသပ်ပြီးနောက် အစီအစဉ်ကို ကြံစည်လိုက်သည်။
အဲဒီခွေးကောင် ဝမ်ဝေ့က တကယ်ကို ရက်စက်တာပဲ…
သူက ထိုအရာအားလုံးကို ဂိုဏ်းကို အားနည်းစေပြီး ငါတို့ ဂုဏ်ပုဒ်ကို လုယူသွားအောင် လုပ်ခဲ့တာပဲ…
ဟယ်ရှစ်ယီက ထိုဂုဏ်ပုဒ်ကို တစ်စုံတစ်ယောက် အလိုရှိရုံဖြင့် အလွယ်တကူ မယူဆောင်နိုင်ကြောင်း သိထားလေသည်။ သူတို့က သေချာသည့် လိုအပ်ချက်တို့ကို ပြည့်မှီရမည်။
သူက အလွယ်တကူ ယူဆောင်သွားတယ်ဆိုတော့ ငါတို့ဂိုဏ်းက အားနည်းသွားရုံတင် မကဘဲနဲ့ တာအိုအခွင့်အလမ်းဂိုဏ်းကလည်း သိသိသာသာ တိုးတက်လာတယ်ဆိုတဲ့ သဘောပဲ။ ဒါပေမဲ့ သူတို့က ဘယ်လောက်တောင် အားကောင်းလာတာလဲ…
တာအိုအခွင့်အလမ်းဂိုဏ်းအပေါ် သူတို့၏ နားလည်နိုင်စွမ်းအရ ဒိုင်မေးရှင်းအနိမ့်ရှိ ထိပ်သီးအင်အားစုတစ်ခုမျှသာ ဖြစ်၏။ သို့သော်လည်း ထိုအရာက ဧကရာဇ် ၉ပါး ကျိန်စာနှင့် တခြားကမ္ဘာ့အသိုက်အဝန်းများမှ သူတို့ကိုယ်သူတို့ တံခါးပိတ် ကျင့်သုံးမှုကြောင့် အားနည်းသွားခဲ့သည့် အချက်ကို ပြောင်းလဲမပစ်နိုင်ပေ။
အကောင်းဆုံးအနေဖြင့် သူတို့သည် ဒိုင်မေးရှင်းအနိမ့်၏ ထိပ်သီးအင်အားစုတစ်ရာထဲတွင် ပါဝင်နိုင်သည်။ သို့သော် အားအကောင်းဆုံးဂိုဏ်းဟူသော ဂုဏ်ပုဒ်ကို အလွယ်တကူ မည်သို့ရယူသွားနိုင်သနည်း။
ထာဝရဧကရာဇ်တစ်ယောက်က ဒီလောက်ကွာဟချက် ရှိတယ်လား။ သူ့စွမ်းအားက အရမ်းကို အားကောင်းနေတယ်ဆိုရင်တောင် ဂိုဏ်းတစ်ခုရဲ့ အခြေခံအုတ်မြစ်ကို ချမှတ်ဖို့ အချိန်တော့ လိုလိမ့်မယ်…
အားကောင်းသည့် ဧကရာဇ်တစ်ယောက်က တာအိုအခွင့်အလမ်းဂိုဏ်း၏ အဆင့်ကို ခုန်ပျံကျော်လွှားလုပ်ဆောင်ဖို့ရာ မလုံလောက်ပေ။ ဝမ်ဝေ့က သိပ်မကြာသေးခင်က တာအိုကို သက်သေပြခဲ့ပြီး မကြာခင် ထွက်ခွာသွားရမည် ဖြစ်သည်။
အဲဒါဆိုတော့ ဂိုဏ်းရဲ့အခြေခံအုတ်မြစ်ကို ဒီအချိန်တိုအတွင်းမှာ ဒီလောက်ထိ အနေအထားထိ ရောက်အောင် သူက ဘာတွေကို လုပ်ခဲ့တာလဲ…
ဟယ်ရှစ်ယီက ထိုပြဿနာ၏ အရင်းအမြစ်သည် ထိုအဖြေ ဖြစ်ကြောင်း သိလေ၏။ သူက ထိုသတင်းအချက်အလက်ကို ရှာဖို့ လိုအပ်နေသည်။ သို့သော်လည်း လုပ်ကြံသတ်ဖြတ်မှု ကျရှုံးပြီးသည့်နောက်တွင် ပိုမိုသတိထားဖို့ လိုအပ်မှန်း သိထား၏။
ဟယ်ရှစ်ယီက သူ့အရှိန်အဝါကို ပြန်ရုတ်သိမ်းလိုက်ပြီး ပြောလိုက်သည်။
“ငါတို့တွေ လုပ်ဖို့ လိုတဲ့အရာတွေ ရှိတယ်။ ပထမဦးဆုံး သေမျိုးလူဦးရေတွေကို အားဖြည့်ဖို့ အလွှာနိမ့်ဆီ တစ်စုံတစ်ယောက်ကို စေလွှတ်ဖို့ လိုမယ်။ ငါတို့တွေ မဟာကမ္ဘာကနေ ထိပ်သီးအင်အားစုတွေကို ဒီနေရာ ရွှေ့ရမယ်။ သူတို့က ငါတို့ရဲ့ မဟာမိတ်အသစ် ဖြစ်လာလိမ့်မယ်။
ဒုတိယအနေနဲ့ ဂိုဏ်းက ထာဝရဦးသျှောင် မရှိလို့ မဖြစ်ဘူး။ အဲဒါဆိုတော့ တစ်ယောက်ကို အမြန်ဆုံး ပြုစုပျိုးထောင်ပေးရမယ်”
အခန်းက တိတ်ဆိတ်သွားပြီး အားလုံးက အချင်းချင်း ကြည့်လိုက်ကြသော်လည်း မည်သူကမှ မပြောရဲကြပေ။
“ပြောစရာရှိရင် ပြောလိုက်။ အချိန်ဖြုန်းမနေနဲ့”
လူများစွာက ခေတ္တမျှ တုံ့ဆိုင်းသွားကြ၏။ ခေါင်းဆောင်ကျားက ခေါင်းဆောင်ဟယ်ကို ကြည့်လိုက်ပြီး သူ့သားကို သူ့ဘာသာ ထုတ်ပြောဖို့ မျှော်လင့်နေမိသည်။
သို့သော်လည်း ထိုသူက ဘာမှမမြင်တွေ့သလိုမျိုးသာ ဟန်ဆောင်နေသည်။ အဆုံးသတ်တွင် ခေါင်းဆောင်ကျားက တိတ်တဆိတ် အံကြိတ်ကာ ပြောလိုက်ရ၏။
“ဂိုဏ်းချုပ် ဒုတိယရည်ရွယ်ချက်က သိသာတယ်ဆိုပေမဲ့ ဘယ်လိုပြီးမြောက်အောင် လုပ်မှာပါလဲ။ ကျုပ်တို့တွေက အထွတ်အထိပ် ဆေးဥယျာဉ်ကိုလည်း ဆုံးရှုံးသွားရပြီဆိုတော့ ထာဝရဦးသျှောင်ကို ပြုစုပျိုးထောင်ဖို့ လွယ်မှာ မဟုတ်ဘူး”
“ငါလည်း အဲ့အချက်ကို သိတယ်” ဟယ်ရှစ်ယီက တည်ငြိမ်စွာ ပြောလိုက်သည်။
“ဒီလိုအခြေအနေမှာ အစွန်းရောက်နည်းလမ်းတွေ သုံးဖို့ လိုလာပြီ။ လက်နက်ကျွန်တစ်ယောက်ကို စေလွှတ်ပြီးတော့ ထာဝရဦးသျှောင်တချို့ကို ဖမ်းခိုင်းလိုက်။ ငါတို့တွေ သူတို့ဝိညာဉ်ကို ထိန်းချုပ်မယ်”
အားလုံးက ထိုနည်းလမ်း၏ ဖြစ်နိုင်ချေကို တွေးရင်း မျက်မှောင်ကြုတ်လိုက်ကြသည်။ ထာဝရဦးသျှောင်များက အဆင့် (၁၁) ဖြစ်သည့်အတွက် သူတို့၏ ဝိညာဉ် သို့မဟုတ် ခန္ဓာကိုယ်ကိုပင် ထိန်းချုပ်ဖို့ မဖြစ်နိုင်ပေ။
သို့သော်လည်း သူတို့သာ သင်္ကေတလေးသွယ် ကြေးမုံကို အသုံးပြုပါက သူတို့၏ ဝိညာဉ်ကို ကျွန်ပြုဖို့ရာ ဖြစ်နိုင်ချေ ရှိသည်။
“ဒါက အဲ့လိုဖြစ်နိုင်တယ်” စည်းကမ်းထိန်းက ပြောလိုက်သည်။
“ဒါပေမဲ့ လက်နက်ကျွန်တွေက မြန်မြန်ဆန်ဆန် လှုပ်ရှားဖို့တော့ လိုတယ်။”
သူတို့ဂိုဏ်းက ကြေးမုံကို အမြင့်ဆုံးအနေအထားအထိ အသက်သွင်းခဲ့သည့်အတွက် အစစ်အမှန် ကောင်းကင်တာအိုက သူတို့ကို သေချာစောင့်ကြည့်နေလိမ့်မည် ဖြစ်ကာ လက်နက်ကျွန်များကို အသုံးပြုခြင်းက စွန့်စားရာကျသည်။
“ငါတို့တွေ လုပ်ဖို့လိုတာက သူတို့ရဲ့ တည်နေရာနဲ့ မှန်ကန်တဲ့ ပစ်မှတ်ကို ရှာဖွေပြီးတော့ အမြန်အဆန် လှုပ်ရှားဖို့ပဲ” ဟယ်ရှစ်ယီက ပြောလိုက်သည်။ သူတို့ဂိုဏ်း၏ သတင်းစုဆောင်းရေးဌာနက ဒိုင်မေးရှင်းအနိမ့်ဆီ ဖြန့်ကျက်ထားသည် ဖြစ်ကာ လေလွင့်ထာဝရဦးသျှောင် တချို့ကို ရှာတွေ့ဖို့ရာအတွက် လွယ်ကူသင့်သည်။ ထိုသူများက ရှားပါးသော်လည်း မတည်ရှိခြင်း မဟုတ်ပေ။ အဆိုးဆုံးအခြေအနေအရ အင်အားစုတချို့မှ လူများကို ပြန်ပေးဆွဲလိုက်ရုံသာ ဖြစ်၏။
“တခြားအင်အားစုက လူတွေကို သုံးရင် ဘယ်လိုလဲ” အကြီးအကဲတစ်ဦးက အကြံပြုကြသည်။
“ဟုတ်တယ်။ အဲဒီလူတွေက ကပ်ဘေးအတွင်းမှာ ကျုပ်တို့ကို တမင် လျစ်လျူရှုထားတာ။ ဒီအကြောင်းပြချက်ကို သုံးပြီး သူတို့ကို အားနည်းအောင် လုပ်လို့ ရတယ်”
“ကျုပ်လည်း သဘောတူတယ်။ သူတို့ရဲ့ ထာဝရဦးသျှောင်တွေကို မသုံးရင်တောင် ကျုပ်တို့ရဲ့ ဆုံးရှုံးမှုကို ကာမိအောင် သူတို့ရဲ့ အရင်းအမြစ်တွေကို လုယူရမယ်”
လူများစွာက ထိုအစီအစဉ်ကို သဘောတူကြသည်။ သို့သော်လည်း ဟယ်ရှစ်ယီက ခေါင်းခါလိုက်၏။ ထိုအင်အားစုများသည်လည်း တိုက်ခိုက်ခံနေရ၍ သူတို့ကို သွားရောက်တိုက်ခိုက်ဖို့ရာ ခိုင်မာသည့် အကြောင်းအရင်း မရှိပေ။
သူက ထိုအရာမှ လျှို့ဝှက်ချက်တချို့ ရှိနေကြောင်း မှန်းဆမိသော်လည်း သက်သေအခိုင်အမာ မရှိပေ။
ပုံမှန်အားဖြင့် သူတို့ဂိုဏ်းတွင် တခြားသူများကို တိုက်ခိုက်ဖို့ အကြောင်းအရင်း ရှိမနေပေ။ သို့သော်လည်း အခြေအနေက မရေမရာ ဖြစ်နေသည့်အတွက် ဤသို့ လွှမ်းမိုးတတ်သည့် အပြုအမူမျိုးဖြင့် လှုပ်ရှားဖို့ရာ ဉာဏ်မရှိရာကျသည်။ မဟုတ်ပါက ထိုအင်အားစုများသည် အတူတကွ ပူးပေါင်းကာ စိတ်ဝိညာဉ်ဇစ်မြစ်ဂိုဏ်းကို တိုက်ခိုက်လာနိုင်သည်။
ထိုအရာက သူ ဒီနည်းလမ်းနှင့် ပတ်သက်ပြီး သဘောမတူရသည့် အဓိကအကြောင်းအရင်း မဟုတ်ပေ။ အဓိကအကြောင်းအရင်းက အဝေးတစ်နေရာတွင် အတူတကွ ရပ်နေသည့် ထာဝရဦးသျှောင် ၁၅ ယောက်ကို အာရုံခံမိ၍ ဖြစ်သည်။ ထိုအရာသည် တခြားသော အင်အားစုများမှ ဤတစ်ကြိမ် ဝင်ရောက်မစွက်ဖက်ဖို့ရာ သတိပေးချက်တစ်ခု ဖြစ်ကြောင်း သိလိုက်၏။
ဂိုဏ်းချုပ်က ဆုံးဖြတ်ချက်ချလိုက်ပြီဖြစ်၍ သူတို့က လက်ခံရုံသာ တိုက်ခိုက်နိုင်သည်။
“သေဆုံးသွားတဲ့ တပည့်တွေကို ဂရုစိုက်လိုက်ပါ။ သူတို့ကို ကောင်းကောင်းမြှုပ်နှံပေးပြီးတော့ မိသားစုတွေကိုလည်း လျော်ကြေးပေးလိုက်။ ဂိုဏ်းကိုလည်း ပြန်လည် တည်ဆောက်ကြမယ်။ အဲဒီကိစ္စတွေအတွက်တော့ ငါ့အကူအညီ လိုမယ် မထင်ဘူး” ဟယ်ရှစ်ယီက ပြောလိုက်သည်။
“ကိစ္စ မရှိပါဘူး”
“ဒီလိုဆိုရင် သွားလို့ရပြီ”
“ဂိုဏ်းချုပ် ခဏနေပါဦး။ တာအိုအခွင့်အလမ်းဂိုဏ်းကရော ဘယ်လိုလဲ။ ဒီကိစ္စကို ဒီအတိုင်းပဲ ထားလိုက်မှာလား” ခေါင်းဆောင်ကျားက ပြောလိုက်သည်။
“ဘယ်ဟုတ်ပါ့မလဲ” ဟယ်ရှစ်ယီက သတ်ဖြတ်ငွေ့ဖြင့် ပြောလိုက်သည်။
“ဒါပေမဲ့ အခု သူတို့နဲ့ တိုက်ခိုက်ဖို့ အချိန် မဟုတ်သေးဘူး”
သူက ဝမ်ဝေ့သည် မည်သို့သော လူစားမျိုးဖြစ်ကြောင်း နားလည်ထား၏။ သူ့အကျင့်စရိုက်က ဆုံးရှုံးမှုကို လက်ခံဖို့ ငြင်းဆန်သည်။ သူတို့က သူနှင့် အသင်္ချေအင်ပါယာကမ္ဘာကို ပထမဦးဆုံးအကြိမ် တိုက်ခိုက်သည်က ရှင်းလင်းရေးအတွင်း ဖြစ်၏။ သို့သော်လည်း ဝမ်ဝေ့က ကောင်းကင်ရွေးချယ်ခံ အမြောက်အများကို သတ်ဖြတ်ခဲ့ပြီး စိတ်ဝိညာဉ်ဇစ်မြစ်ဂိုဏ်းအတွက် အမုန်းတရားများစွာကို ဖန်တီးပေးခဲ့သည်။
လူတချို့က ဖြစ်ရပ်တစ်ခုလုံး နောက်ကွယ်တွင် သူတို့ ရှိကြောင်း သိထားကြသော်လည်း သူတို့၏ ပါရမီရှိသည့် တပည့်များကို ဆုံးရှုံးလိုက်ရသည့်အပေါ် မကျေနပ်ကြပေ။ ရလဒ်အနေဖြင့် သူတို့သည် ကုန်သွယ်ရေးဗဟိုချက်အတွင်းရှိ စီးပွားရေးတွဲဖက်များစွာ ဆုံးရှုံးသွားရ၏။
ဒုတိယအကြိမ် တိုက်ခိုက်မှုက ကုန်သွယ်ရေးဗဟိုချက်ရှိ သူ့လူများထံ တိုက်ခိုက်မှု ဖြစ်သည်။ ထိုသူက အပြင်းအထန် ပြန်တုံ့ပြန်ခဲ့၏။ နောက်ဆုံးအနေဖြင့် သူက အတုအယောင် ထာဝရဧကရာဇ်ကို လုပ်ကြံသတ်ဖြတ်ဖို့ စေလွှတ်ခဲ့သော်လည်း ဝမ်ဝေ့က ထာဝရဧကရာဇ်နှစ်ယောက်ကို ပို့လိုက်ခြင်းဖြင့် ပြန်လည်တုံ့ပြန်လာခဲ့သည်။
ထိုအရာကို စဉ်းစားကြည့်ပြီးသည့်နောက်တွင် ဟယ်ရှစ်ယီက ပြန်လည်ဒေါသထွက်လာသည်။
“ဘိုးဘေးကလွဲရင် ကျန်တဲ့သူအားလုံး ထွက်သွားလို့ ရပြီ” သူက ကြေညာလိုက်သည့်အတွက် အခန်းထဲတွင် လူနှစ်ယောက်သာ ကျန်ရှိတော့သည်။
“ဂိုဏ်းချုပ် ကျုပ်ရဲ့ လိုအပ်ချက်အတွက် တောင်းပန်ပါတယ်”
“ကျုပ် အပြစ်မတင်ပါဘူး။ သူတို့ကမ္ဘာမှာ ထာဝရဧကရာဇ် တစ်ယောက်ထက် ပိုပြီး ရှိလိမ့်မယ်လို့ ဘယ်သူကများ သိမှာလဲ။ သူတို့က ဘယ်လိုလုပ်ခဲ့တာလဲ”
“သူတို့အောင်မြင်နိုင်မဲ့ နည်းလမ်းနှစ်ခု ရှိတယ်” ဘိုးဘေးဟယ်က ပြောလိုက်သည်။
“ပထမတစ်ခုက မိစ္ဆာနတ်ဘုရား ၉ပါးကမ္ဘာကို သုံးပြီးတော့ သူတို့ရဲ့ ကမ္ဘာကို ကောင်းကင်အလိုဆန္ဒတစ်ခုထက် ပိုပြီး ဖွဲ့စည်းဖို့။ ဒုတိယတစ်ခုကတော့ ကုသိုလ်ပဲ”
“ကုသိုလ်လား”
“ဟုတ်တယ်။ ဗုဒ္ဓဘာသာ ပျက်သုဉ်းမှုက အမှားအယွင်းတစ်ခုဆိုတော့ အစစ်အမှန်ကောင်းကင်တာအိုက သူတို့အပေါ် ကံကြွေးတင်နေတာ။ တကယ်လို့ တစ်စုံတစ်ယောက်က ဗုဒ္ဓဘာသာရဲ့ ကြမ္မာကို စုဆောင်းပြီး အကြွင်းမဲ့စတင်ခြင်း မှော်စွမ်းအားကို ဖျောက်ဖျက်ခဲ့ပြီးတော့ ဗုဒ္ဓဘာသာကို ပြန်လည်အသက်သွင်းခဲ့မယ်ဆိုရင် ကုသိုလ်နဲ့ ကောင်းကင်အလိုဆန္ဒကို ရယူနိုင်တာက မဖြစ်နိုင်တာတော့ မဟုတ်ဘူး”
“ကျုပ် သိပြီ” ဟယ်ရှစ်ယီက ပြောလိုက်သည်။ ကံဆိုးစွာဖြင့် ထိုနည်းလမ်းနှစ်ခုလုံးက အလွယ်တကူ ပုံတူပွား၍ မရပေ။ သူ့အနေဖြင့် ကမ္ဘာကို ကာကွယ်ဖို့ရာအတွက် ထိုအင်အားစုအားလုံးသည် ကောင်းကင်အလိုဆန္ဒကို ဖွဲ့စည်းဖို့ရာ ရိုးရှင်းလှသည်ဟု မထင်ပေ။
ကုသိုလ်အတွက်မူ
ထိုအရာက ကမ္ဘာ့အသိုက်အဝန်းအသီးသီးမှ အင်အားစုအမြောက်အများဆီမှ သိမ်းပိုက်ဖို့ ကြိုးစားလျှင်ပင် ရယူဖို့ ခက်ခဲလှသည်။
“ကောင်းပြီ။ ထွက်သွားလို့ ရပြီ။ ခင်ဗျားတို့ ဒဏ်ရာတွေနဲ့တော့ မစိုးရိမ်ပါနဲ့။ ကျုပ် နည်းလမ်းရှာပေး …”
သူ့စကားများ မပြီးခင် အခန်းအတွင်း သင်္ကေတအမြောက်အများ ပေါ်ထွက်လာသည့်အတွက် ဘိုးဘေးဟယ်၏ မျက်နှာထားက ပြောင်းလဲသွားခဲ့သည်။