← Chapters

သူတို့၏ အလှည့်

Vol. 68 Ch. 951

သူတို့၏ အလှည့်

Vol. 68 Ch. 951

ယခု အခြေအနေက တည်ငြိမ်သွားပြီဖြစ်သည့်အတွက် ဝမ်ဝူချန်က ခေါင်းစဉ် ပြောင်းပြောဖို့ ဆုံးဖြတ်လိုက်သည်။

“ဧကရာဇ်၁၂ပါး ကျိန်စာကို ချိုးဖျက်ဖို့ လူကိုတော့ စဉ်းစားပြီးသွားပြီလား”

သူက ဝမ်ထျန်းသည် နောက်ကောင်းကင်အလိုဆန္ဒတိုက်ပွဲကို အနိုင်ရလိမ့်မည်ဟု အကြွင်းမဲ့ယုံကြည်ချက် ရှိသည်။ သူ့ ကြာရှည်လှသည့် ဘဝ၌ ဝမ်ဝူချန်သည် ဂိုဏ်း၏ ပါရမီရှင်များစွာကို ကြုံတွေ့ခဲ့ရပြီး ဝမ်ထျန်း၏ ပါရမီက တည်ထောင်သူဘိုးဘေး၏ အနေအထားအထိ ရောက်နိုင်သည့်သူတချို့ထဲမှ တစ်ယောက် ဖြစ်ခဲ့၏။

နှမြောစရာကောင်းလှသည်က သူသည် တခြားသူများနှင့် ကံကြမ္မာ တူညီခဲ့ပြီး သူ့ကံကောင်းမှုနှင့် ကြမ္မာတို့က အားနည်းနေခဲ့သည်။

ကံကောင်းစွာဖြင့် ဝမ်ထျန်းက ဝမ်ဝေ့လိုမျိုး မကောင်းဆိုးဝါးမျိုးကို မွေးထုတ်လာသည့်အတွက် သူ့ကြမ္မာနှင့် ကံကောင်းမှုကို ပြောင်းလဲပစ်နိုင်ခဲ့သည်။ သူ့အောင်မြင်မှုများက တည်ထောင်သူဘိုးဘေးများထက် လျော့ကျမည် မဟုတ်ပေ။

“ချိုက်စုန့် ဒါမှမဟုတ် ကျင်းမုန့်ယောင်ကို ၁၂မြောက်နဲ့ ၁၃ယောက်မြောက် ဧကရာဇ် ဖြစ်စေချင်လား။ ဒါမှမဟုတ်ဘူးဆိုရင် ဂိုဏ်းက အိပ်စက်နေတဲ့ ပါရမီရှင်တစ်ယောက်ကို အသုံးပြုချင်လား။ ဒီသွေးမျိုးဆက်အသစ်နဲ့ဆိုရင် သူတို့က ဒီရာထူးကို ယှဉ်ပြိုင်ဖို့ ပါရမီနဲ့ ကြမ္မာ ရှိလာပြီ”

“ဘိုးဘေးရော ဘယ်လိုထင်လဲ” ဝမ်ဝေ့က သေရည်တစ်ငုံ သောက်ကာ မေးလိုက်သည်။

“၁၂ယောက်မြောက် ဧကရာဇ်ကတော့ ကိစ္စမရှိပေမဲ့ ၁၃ယောက်မြောက်ကတော့ တကယ့်ပြိုင်ဘက်ကင်း ဖြစ်ဖို့ လိုတယ်။ သူတို့က ကျိန်စာကို ချိုးဖောက်ရမှာလေ။ အရိုးသားဆုံးပြောရရင် အကောင်းဆုံးအနေအထားက မင်းရဲ့အဖေကို ၁၃ယောက်မြောက် ဖြစ်ခိုင်းဖို့ပဲ”

ဝမ်ဝေ့ကလည်း ထိုအတွေးကို သဘောတူလေသည်။

ကံဆိုးစွာဖြင့် သူ့အမေ၏ အခြေအနေနှင့် တခြားအင်အားစုများကြောင့် သူ့အဖေသည် ထိုမျှကြာကြာစောင့်ဆိုင်း၍ မရပေ။

“တကယ်လို့ အဲဒီနှစ်ယောက်ထဲက ရွေးရမယ်ဆိုရင်တော့ ချိုက်စုန့်က ၁၃ယောက်မြောက် ဖြစ်ဖို့ ပိုပြီးသင့်တော်တယ်လို့ ထင်တယ်” ဝမ်ဝူချန်က ပြောလိုက်သည်။

“ဒါပေမဲ့ ငါ့ရဲ့ ကိုယ်ပိုင်အမြင်အရဆိုရင်တော့ လီဝမ်လင်းကို အကြံပြုချင်တယ်”

“အဲဒါက ဘယ်သူလဲ”

“သူက အလယ်ပိုင်းဧကရာဇ်ခေတ်ကာလက ကောင်းကင်ရွေးချယ်ခံ တစ်ယောက်လေ။ သူက အချိန်တာအိုကို လေ့ကျင့်ပြီးတော့ ကိုယ်ပိုင်ရုပ်ခန္ဓာကိုတောင် ဖန်တီးခဲ့တယ်” ဝမ်ဝူချန်က ရှင်းပြလိုက်သည်။

“သူက တားမြစ်ခံစစ်ဆေးမှုကို အောင်မြင်သွားတယ်လား”

“ဟုတ်တယ်” ဝမ်ဝူချန်က သက်ပြင်းချကာ ပြောလိုက်၏။

“တစ်ခုခုဖြစ်ခဲ့လို့လား”

“သူ့ရဲ့ စစ်ဆေးမှုက ဖရိုဖရဲအချိန်နယ်မြေဆီ ရောက်သွားတာလေ။ သူ့ကို ထုတ်ဖို့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘူး။ သူ့ဝိညာဉ်ကျောက်ပြားက သူ အသက်ရှင်နေသေးတယ်ဆိုတာကို ညွှန်ပြနေပေမဲ့ ဂိုဏ်းက သူ့ကို သေခြင်းရှင်ခြင်းအခြေအနေကြားမှာ ကျရောက်နေတယ်လို့ပဲ ထင်ခဲ့ကြတာ။ ဒါပေမဲ့ သူက အဲဒီတားမြစ်နယ်မြေကနေ ထွက်လာခဲ့တယ်လေ”

“ဒါပေမဲ့…” ဝမ်ဝေ့က နောက်ထပ် ရှိသေးသည်ကို သိ၍ မေးလိုက်သည်။

“သူ ပြန်ရောက်လာတဲ့အချိန်ကျတော့ နောက်ကျလွန်းသွားခဲ့ပြီ။ ကောင်းကင်အလိုဆန္ဒတိုက်ပွဲက ပြီးဆုံးသွားတော့ သူက လွတ်သွားတယ်လေ”

“ကံဆိုးလိုက်တာ”

“အဟုတ်ပဲ။ လီဝမ်လင်းရဲ့ ပါရမီက တကယ့်ကို ထူးချွန်ပြောင်မြောက်တယ်။ သူက စမ်းသပ်ချက်ကို အောင်မြင်ခဲ့တဲ့အချက်ကို တွေးလိုက်ရင် သူ့ရဲ့ စွမ်းဆောင်ရည်ကို ပြနေတာပဲ။ ဒါပေမဲ့လည်း…”

ဝမ်ဝူချန်က သက်ပြင်းချလိုက်၏။

“သူက အဲဒီနေရာမှာ ဘာရှိတယ်လို့ ပြောလဲ”

“သူက ပြန်ရောက်လာကတည်းက အဲဒီအကြောင်းကို ပြောဖို့ ငြင်းဆန်နေခဲ့တာ။ ငါတို့တွေလည်း သူ့ကို ဖိအားမပေးခဲ့ဘူး။ သိပ်မကြာခင် သူက သူ့ဘာသာသူ စည်းပိတ်သွားခဲ့တာပဲ”

ဝမ်ဝေ့က ခေါင်းညိတ်လိုက်ပြီး ဂိုဏ်းက ထိုသို့သော ပါရမီရှင်မျိုး စည်းပိတ်လျက်ရှိနေလိမ့်မည်ဟု ထင်မထားခဲ့မိပေ။

“အဲဒါဆိုတော့ ဘယ်လိုထင်လဲ”

“၁၃ယောက်မြောက် ဧကရာဇ်အတွက်တော့ စိတ်ထဲမှာ တွေးထားတဲ့ တစ်ယောက် ရှိတယ်။ ဒါပေမဲ့ ဆုံးဖြတ်ချက်မချခင် အရင်ဆုံး ကိစ္စတချို့ကို ပြင်ဆင်ဖို့ လိုသေးတယ်။ တကယ်လို့ အဲဒါ အလုပ် မဖြစ်ဘူးဆိုရင်တော့ လီဝမ်လင်းကို အဲဒီတာဝန်ယူနိုင်မလားဆိုတာကို သွားပြီး တွေ့ကြည့်ရမယ်”

ဝမ်ဝူချန်က ခေါင်းညိတ်လိုက်၏။ သူတို့က ဆက်လက် သောက်သုံးကာ စကားစမြည်ပြောခဲ့ကြသည်။

နာရီအနည်းငယ်ကြာမြင့်ပြီးသည့်နောက်တွင် ဝမ်ဝေ့က အိမ်သို့ ပြန်လာခဲ့သည်။ သူ့မိဘများက အိပ်စက်ခြင်း သို့မဟုတ် ကျင့်ကြံခြင်း ပြုလုပ်နေသည့်အတွက် ဝမ်ဝေ့က ကြယ်များကို မော့ကြည့်ရင်း အတွေးနက်နေမိသည်။

ခုံရုံးရဲ့ နောက်ထပ်အစည်းအဝေးက နှစ်ရာချီလောက်ပဲ လိုတော့တယ်။ အဲဒီမတိုင်ခင် ငါ လှုပ်ရှားဖို့ လိုတယ်။ အဲဒါဆိုတော့ ငါ့ရဲ့ နောက်ထပ်တာဝန်က ဘာဖြစ်မလဲ…

သူက နက်နက်နဲနဲ စဉ်းစားနေမိ၏။

သူမကို တွေ့ဖို့ အချိန်ကျလာပြီဆိုပေမဲ့ အဲဒီမတိုင်ခင် တားမြစ်နယ်မြေတွေကို အရင်ဖြေရှင်းသင့်တယ်။ မဟုတ်သေးဘူး။ ငါ့ရဲ့ အရင်ဆုံး ဦးစားပေးက ပတ်ဝန်းကျင်ပဲ…

ဝမ်ဝေ့က ရှင်းလင်းသည့် အစီအစဉ်တစ်ခု ချမှတ်ပြီးသည်နှင့် မနက်ဖြန်မှ စတင်၍ လှုပ်ရှားဖို့ ဆုံးဖြတ်လိုက်သည်။ ယနေ့ သူက သေမျိုးတစ်ယောက်လိုမျိုး အိပ်စက်ချင်မိ၏။ သူက သူ့ကုတင်ဆီ သွားလိုက်သော်လည်း ရုတ်တရက် ရပ်တန့်လိုက်မိသည်။ သူက သူ့သွေးထဲမှ လှုံ့ဆော်မှုတစ်ခုကို ခံစားလိုက်မိ၏။

“သူမက အောင်မြင်သွားပြီလား။ မြန်လိုက်တာ”

သူက မျက်လုံးမှိတ်ကာ ခန္ဓာကိုယ်ကို ခံစားကြည့်လိုက်သည်။ ထင်ထားသည့်အတိုင်း သူ့သွေးမျိုးဆက်၌ အပြောင်းအလဲတချို့ ရှိလာ၏။ ဝမ်ဝေ့က အဝေးတစ်နေရာကို ကြည့်ကာ လီနှင့် ယန်းမျိုးနွယ်ဝင်များသည်လည်း အပြောင်းအလဲကြီး ဖြစ်လာကြောင်း တွေ့ရှိလိုက်ရသည်။ ထိုစဉ် ဝမ်မျိုးနွယ်ကမူ အပြောင်းအလဲ အနည်းငယ်မျှသာ ဖြစ်ခဲ့၏။

ဝမ်ဝေ့နှင့် ဂိုဏ်းက ထိုဖြစ်ရပ်အတွက် ပြင်ဆင်ထားပြီးသားဖြစ်သည့်အတွက် စီစဉ်တကျ ဖြစ်နေသည့်အလား မည်သူကမှ ထိတ်လန့်တကြား မဖြစ်ကြပေ။

ထိုစဉ် ဝမ်ဝေ့က ကိစ္စများကို သေချာဆောင်ရွက်ဖို့သာ လိုအပ်၏။

ရုတ်ချည်းဆိုသလို သူ့သွေးမျိုးဆက်မှ ခေါ်သံကို ခံစားမိလိုက်၍ သွေးမျိုးဆက် အရင်းအမြစ်အတွင်း ဝင်ရောက်လာလိုက်သည်။

“ဘိုးဘေး” သူက ဦးညွှတ်လိုက်၏။

“အပြောင်းအလဲတွေ စနေပြီလား” ဓားဧကရီက တဲ့တိုးသာ မေးလိုက်သည်။

“ဟုတ်ကဲ့”

“ပြဿနာ မရှိတာ တော်သေးတာပေါ့” သူမက ပြုံးကာ ပြောလိုက်၏။

“ကောင်းပြီ။ ငါ သွားတော့မယ်။ ပြဿနာရှိလာလို့ လာပြီးတော့ စစ်ဆေးကြည့်တာ”

သူမက သူ့ကို ကြင်ကြင်နာနာ ကြည့်ကာ ပြောလိုက်သည်။

“ကောင်လေး မင်းက ငါတို့ဂိုဏ်းရဲ့ ကံကောင်းမှုကို စည်ပင်ကြွယ်ဝအောင် ဘာတွေလုပ်ခဲ့တယ်ဆိုတာကိုတော့ မသိဘူး။ ဒါပေမဲ့ ဆက်လုပ်ထား”

“ကျွန်တော်ရဲ့ အပြုအမူတွေက အကူအညီဖြစ်ရဲ့လား။ ဘိုးဘေးတွေကရော ကျွန်တော် ဂိုဏ်းဆီ ယူဆောင်လာတဲ့ ကံကောင်းမှုတွေနဲ့ အသက်ပြန်သွင်းနိုင်မလား” ဝမ်ဝေ့က သုံးသပ်လိုက်သည်။

သူမက သူ့ကို ကြည့်ကာ ထိုတာအိုနယ်ရှင်များနှင့် စကားပြောဆိုရသည်က ခက်ခဲကြောင်း တွေးလိုက်မိသည်။

“ဟုတ်တယ်။ ငါက ကံကောင်းမှုတွေကို စုစည်းပြီးတော့ ချီယွမ်ကို အသက်သွင်းပေးတော့မှာ။ သိပ်မကြာခင် တိုက်ပွဲရူးကိုလည်း အသက်သွင်းနိုင်လိမ့်မယ်။ တကယ်လို့ မင်းဒီလိုသာ ဆက်လုပ်နေမယ်ဆိုရင် အားလုံးကို အသက်ပြန်သွင်းနိုင်လောက်တယ်”

“သူတို့ကို အသက်ပြန်သွင်းဖို့ အထက်မှာလည်း ရှိတယ်မလား”

“ဒါပေါ့။ ဒါပေမဲ့ ငါ ဂိုဏ်းဆီ ပြန်မသွားရဲသေးဘူး” ဓားဧကရီက သက်ပြင်းချကာ ပြောလိုက်၏။

“ဂိုဏ်းရဲ့ ကံကောင်းမှုကို အသုံးပြုဖို့က အတတ်နိုင်ဆုံး ချင့်ချိန်ဖို့ လိုအပ်တယ်”

သူမက ထိုအားနည်းသည့် ကြွက်များဆီမှ ထွက်ပြေးဖို့ ဖိအားပေးခံရသည်ကို တွေးမိသည့် အကြိမ်တိုင်း ဒေါသကြောင့် သွေးအန်လုနီးပါး ဖြစ်ခဲ့ရသည်။ ကံဆိုးစွာဖြင့် လက်ရှိအခြေအနေက ဤသို့သာ ဖြစ်နေသည်။

ဝမ်ဝေ့က ဘိုးဘေး၏ အကျပ်အတည်းကို နားလည်၏။

မေတ္တယျက သူမဘက်တွင် ရှိသော်လည်း ထိုသူက အန္တိသဟဇာတကို မျှခြေညီဖို့ ဆောင်ရွက်ရဦးမည် ဖြစ်၏။ ဘိုးဘေး၏ လက်ရှိအားနည်းသည့် အခြေအနေအတွင်း ထိုကပ်ပါးများက သူမကို ထိခိုက်စေဖို့ လုံလောက်သည်ထက် ပိုသည်။

“ကျွန်တော် နားလည်ပါပြီ” ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။

“ကောင်းပြီ။ ငါ သွားတော့မယ်”

“ခဏနေပါဦး။ ကျွန်တော် မေးခွန်းတချို့ မေးစရာရှိလို့”

“ကောင်းပြီ။ ငါတို့မှာ အချိန်တော့ သိပ်မရဘူး”

ဝမ်ဝေ့က သူမအား အန္တိမသဟဇာတသည် ဒိုင်မေးရှင်းအနိမ့်တွင် ဝင်ရောက်စွက်ဖက်သည့် အကြောင်းကို ပြောပြလိုက်၏။

“မေတ္တယျက ငါ့ကို အဲဒီအကြောင်း ပြောဖူးတယ်။ သူမက သူ့ကို သေချာစောင့်ကြည့်မယ်လို့ ပြောထားတယ်”

“အဲဒါဆို ကောင်းပါပြီ” ဝမ်ဝေ့က ထိုအကောင်ကြီးများသည် သူ့နယ်မြေအတွင်းလာကာ အစီအစဉ်များကို ဝင်ရောက်မစွက်ဖက်စေလိုပေ။

“ဒုတိယတစ်ခုက အရင်တစ်ခေါက်ပြောဖူးတဲ့ တားမြစ်တိုက်ခိုက်ရေး နယ်ပယ်အဆင့်နဲ့ပတ်သက်ပြီးတော့ပါ။ အဲဒါကို ထပ်ပြီးပြောပြပေးလို့ရမလား။ အဲဒါက တားမြစ်ချက် ၁၃ခု ထဲမှာ ပါဝင်နေတာလား”

“မဟုတ်ဘူး။ နာမည်က တားမြစ်ချက် ၁၃ခုနဲ့ ပတ်သက်မှု မရှိဘူး။ နာမည်သပ်သပ်ပဲ” ဓားဧကရီက ပြောလိုက်၏။

“တချို့ဟွင်သွမ်းကမ္ဘာတွေမှာ အကြွင်းမဲ့တိုက်ခိုက်ရေးနယ်ပယ်အဆင့်၊ ကန့်သတ်ချက် တိုက်ခိုက်ရေးနယ်ပယ်အဆင့်နဲ့ တချို့က ၁၁ဆ တိုက်ခိုက်ရေး နယ်ပယ်အဆင့်လို့တောင် ခေါ်တယ်။ ဒီထက်ပိုပြီး သိချင်ရင်တော့ ရိုးရိုးလေးပါ။

မင်းက ကောင်းကင်ဘုံအဆင့်ကို ကျင့်ကြံဆင့် မဟာတာအိုအရင်းအမြစ် ၂၀ ရာခိုင်နှုန်းနဲ့ တိုက်ခိုက်နိုင်သရွေ့ မင်းက တားမြစ်တိုက်ခိုက်ရေး နယ်ပယ်အဆင့်ကို ရောက်ပြီ။ ဒါပေမဲ့ အဲဒီလိုအောင်မြင်မှုက တွေးထားတာထက်ပိုပြီးတော့ ခက်ခဲတယ်။ အထူးသဖြင့် မဟာဧကရာဇ်တွေနဲ့ ကောင်းကင်ဘုံအဆင့်ကြားက အတားအဆီး ရှိနေတဲ့အခါမျိုးပေါ့”

“အတားအဆီးလား”

“ဟုတ်တယ်။ အဲဒါက ငါလိုလူမျိုးတောင် မဟာတာအိုအရင်းအမြစ် ၇၀ ရာခိုင်နှုန်းကိုရောက်ဖို့ နှစ်အများကြီး ကြာမြင့်ခဲ့တယ်” သူမက ရှင်းပြလိုက်သည်။

“အဲဒီတုန်းက ငါတို့တုန်းက အခုလိုမျိုး အုတ်မြစ်တော့ မရှိသေးဘူး။ အဲဒါဆိုတော့ အဲဒီအတားအဆီးကို ကူညီပေးနိုင်တဲ့ ရှားပါးကျင့်ကြံရေး အရင်းအမြစ်တွေကို မသုံးနိုင်ဘူးလေ”

“ကျွန်တော် သိပြီ”

“တားမြစ်တိုက်ခိုက်ရေး နယ်ပယ်အဆင့်အကြောင်းကို များများမသိတော့ အများကြီးတော့ ကူညီမပေးနိုင်ဘူး။ မင်းကို လမ်းညွှန်ချက်တစ်ခုတော့ ပေးလိုက်မယ်။ အဲဒါက အလုပ်ဖြစ်ပါ့မလားတော့ မသိဘူး”

“အဲဒါက ဘာကိုပြောချင်တာလဲ”

“အဲဒီတုန်းက ငါ လေ့လာထားသလောက် အောင်မြင်တာ လူနှစ်ယောက်ပဲ တွေ့ဖူးတယ်။ သူတို့က တူညီတဲ့ အရာတစ်ခု ရှိတယ်။ သူတို့မှာ ထူးကဲတဲ့ တာအိုခန္ဓာနဲ့ နိုးထခြင်းမျိုး ရှိကြတယ်”

“အဲဒါကရော ဘာကိုပြောတာလဲ”

“ငါလည်း သေချာမသိဘူး။ ဒါပေမဲ့ ဒါက ငါ စုဆောင်းထားတဲ့ သတင်းအချက်အလက်တွေပဲ။ အဲဒါဆိုတော့ ငါ့ရဲ့တာအိုခန္ဓာကို အဆင့်မြှင့်ဖို့ ကြိုးစားခဲ့ပေမဲ့ ကျရှုံးသွားခဲ့တယ်”

“ကျွန်တော် သိပြီ။ လမ်းညွှန်ချက်အတွက် ကျေးဇူးပါ”

ဓားဧကရီက ခေါင်းညိတ်ကာ မေးလိုက်သည်။

“နောက်ထပ် ရှိသေးလား”

“ဟုတ်။ ဧကရာဇ်အဆင့်ကို ကောင်းကင်ဘုံအဆင့် စွမ်းအား ယာယီရစေနိုင်တဲ့ ဆေးနည်းများ ရှိလား”

“အင်း ရှိတယ်။ ဒါပေမဲ့ ဒိုင်မေးရှင်းအနိမ့်မှာ အဲဒီပါဝင်ပစ္စည်းတွေကို ရှာတွေ့နိုင်မှာ မဟုတ်ဘူး။ မင်းအတွက် အသုံးမဝင်လောက်ဘူး”

“ကျွန်တော်က တခြားတစ်ခုအတွက် လိုတာဆိုတော့ ကိစ္စမရှိပါဘူး”

“ကောင်းပြီလေ။” သူမက လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် သူ့စိတ်ထဲ သူ့သွေးမျိုးဆက် ဆက်နွယ်မှုမှတဆင့် သတင်းစကားပို့ဆောင်လိုက်သည်။

“တခြားအရာ ရှိသေးလား”

“မရှိတော့ပါဘူး။ ကျွန်တော့်အတွက် သူမကို နှုတ်ဆက်ပေးပါဦး။ ပြီးတော့ ကတိပေးထားတာကိုလည်း မမေ့နဲ့ဦးနော်”

“သတ္တိကောင်းတဲ့ ကောင်လေးပဲ” ဓားဧကရီက ပြုံးကာ ပြောလိုက်သည်။ သူမက ထိုကောင်လေးကို ပိုမိုသိလေလေ သူ့ကို ပိုပြီး သဘောကျမိလာလေလေ ဖြစ်၏။

“မစိုးရိမ်ပါနဲ့။ ငါ မမေ့ပါဘူး” သူမက ပြောပြီးသည့်နောက်တွင် ပျောက်ကွယ်သွား၏။

ဝမ်ဝေ့က မျက်လုံးဖွင့်လိုက်ပြီး သူ့စိတ်ထဲမှ သတင်းအချက်အလက်ကို ကြည့်လိုက်သည်။ ထို့နောက် သူက သီးသန့်ကျင့်ကြံနေဆဲဖြစ်သည့် လီကျွင်းနှင့် ယန်းလီလင်းကို အာရုံစိုက်လိုက်၏။

လီကျွင်း၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ် တိုက်ခိုက်ငွေ့တို့ ထွက်ပေါ်လာစဉ် ယန်းလီလင်းက အရာအားလုံး၏ အရင်းအမြစ်ဖြစ်ဟန်ပေါ်သည့် အရာအားလုံး ပါဝင်နေသော စွမ်းအားတစ်ခု ထုတ်လွှတ်လာသည်။

သို့သော်လည်း သူမ၏ အရှိန်အဝါက သိပ်မကြာခင် မီးတောက်၊ သစ်သားနှင့် ပြင်းထန်သည့် စိတ်ဝိညာဉ်စွမ်းအားအဖြစ် ပြောင်းလဲသွားခဲ့သည်။

မူလသွေးမျိုးဆက်က ငါ့ရဲ့ ဗလာသွေးမျိုးဆက်ထက် ပိုပြီးတော့ နေသားကျတာ မြန်သားပဲ…

ဝမ်ဝေ့က သုံးသပ်လိုက်သည်။ သူက သူ့ခန္ဓာကိုယ်လည်း သူတို့မျိုးနွယ်စု သုံးခုကြားမှ ဆက်နွယ်မှုကြောင့် အပြောင်းအလဲတချို့ ကြုံတွေ့ခဲ့ရသည်။

သူ့အင်အားက မွေးကင်းစ မကောင်းဆိုးဝါးနတ်ဘုရား (၁)ခွန်အား တိုးမြှင့်လာကာ ၇၅ သို့ ရောက်ရှိသွားခဲ့သည်။

All Chapters