ပင်ကိုပတ်ဝန်းကျင်
Vol. 68 Ch. 952
လီနှင့် ယန်းမျိုးနွယ်တို့က ပျော်ရွှင်နေကြသည်။ ဝမ်ဝေ့က သူတို့၏ အတွေးကို နားလည်၏။ သူက သူတို့၏ သွေးမျိုးဆက်ကို ပြောင်းလဲပေးမည်ဟု ကတိပေးထားခဲ့သော်လည်း အချိန်တချို့ ကြာမြင့်ပြီးသည့်နောက်တွင်ပင် ဘာမှဖြစ်ပျက်မလာခဲ့ပေ။ သူတို့အနေဖြင့် ဂိုဏ်းချုပ်သည် ထိုကိစ္စကို လိမ်ညာမည် မဟုတ်ကြောင်း သိထားကြသော်လည်း လူတချို့က သူတို့၏ စိတ်ထဲ လျှောက်တွေးနေခြင်းကို မတားဆီးနိုင်ကြပေ။
ကံကောင်းစွာဖြင့် နောက်ဆုံးတွင် သူတို့က အသီးအပွင့်ကို မြင်လိုက်ရပြီ ဖြစ်၏။ ယခု သူတို့က ဝမ်မျိုးနွယ်၏ ကြွားဝါမှုကို နားထောင်နေစရာ မလိုတော့ပေ။
ဝမ်ဝေ့က ထိုအရာကို ကြည့်ရင်း တိတ်တဆိတ် ခေါင်းခါလိုက်သည်။ သူက ထိုသူများ၏ သွေးမျိုးဆက်ထဲ တူညီသည့် စည်းတံဆိပ်ကို ချထားပေးခဲ့ပြီး ဝမ်မျိုးနွယ်နှင့် တူညီသည့် လမ်းစဉ်ကို လျှောက်လှမ်းစေခဲ့သည်။ နိုးထခြင်းအခမ်းအနားအတွက်မူ သူတို့က လီကျွင်းနှင့် ယန်းလီလင်းတို့ တာအိုကို သက်သေပြပြီးသည်အထိ စောင့်ဆိုင်းရမည်။
ဝမ်ဝေ့က စီစဉ်ထားသည့်အတိုင်း အိပ်ရာဝင်ကာ အနားယူလိုက်သည်။ သူက နောက်တစ်ရက်မနက်ခင်းတွင် အင်အားအပြည့်ဖြင့် နိုးထလာ၏။
“အလုပ်ပြန်လုပ်ရတော့မယ်” ဝမ်ဝေ့က ညစာကို စားရင်း ရေရွတ်လိုက်သည်။ သူက ပါးစပ်ကို သုတ်ကာ သူ့အမေကို နှုတ်ဆက်ပြီး ဂိုဏ်းမှ ထွက်ခွာလာလိုက်၏။
ဝမ်ဝေ့က အလယ်ပိုင်းကုန်းမြေအထက် ဝေဟင်ထဲ ပေါ်ထွက်လာခဲ့သည်။ သူက လူများစွာသည် သူ့ကို အာရုံစိုက်နေကြောင်း ချက်ချင်းသတိထားမိခဲ့၏။ သူ့စကားတိုင်းနှင့် အပြုအမူတိုင်းက တစ်ကမ္ဘာလုံးကို သက်ရောက်မှုရှိစေသည့်အတွက် လူများစွာက သူ၏ လှုပ်ရှားမှုတိုင်းကို အာရုံစိုက်ထားကြသည်။
ထို့ကြောင့် သူ ပေါ်ထွက်လာသည်နှင့် သူသာ တမင်ဖုံးကွယ်မထားသရွေ့ ထိုမျိုးနွယ်များက သိကာ အာရုံစိုက်လာကြလိမ့်မည်။
ဝမ်ဝေ့က ထိုသူများကို လျစ်လျူရှုကာ အလုပ်ကို စလုပ်လိုက်၏။ သူက ကာလံမဟာတာအိုအရင်းအမြစ်ကို အသက်သွင်းပြီး ထူးကဲသည့် ဒိုင်မေးရှင်းငါးခုအဖြစ် ဖန်တီးခဲ့သည်။ တစ်ခုချင်းစီက ကုန်းမြေငါးခုအနက် ကျောက်ချထား၏။ ထိုဒိုင်မေးရှင်းငယ်များက အသင်္ချေအင်ပါယာကမ္ဘာနှင့် အနီးကပ် ဆက်နွယ်ထားပြီး ဝမ်ဝေ့က သူတို့ကို ကာကွယ်ပေးထားသည်။
သူက သူ့စွမ်းရည်နှင့် အကောင်းဆုံး အားဖြည့်ပေးထားသည့်အတွက် တခြားသူများ ဝင်ရောက်ဖို့ မဖြစ်နိုင်ပေ။ ဆိုလိုသည်မှာ ထာဝရဧကရာဇ် အမြောက်အများက ထိုနေရာလွတ်များကို တိုက်ခိုက်လျှင်ပင် သူတို့က ကျရှုံးလိမ့်မည်သာ ဖြစ်၏။
နောက်တစ်ဆင့်က သူ၏ စိတ်ဝိညာဉ်ပန်းပွင့် စွမ်းရည်ကို အသက်သွင်းဖို့ ဖြစ်၏။ သူ့ထိန်းချုပ်မှုအောက်တွင် ဂြိုလ်တစ်ခုစီ အရွယ်အစားရှိသည့် ကြာပန်းငါးပွင့်က ထိုဒိုင်မေးရှင်းတစ်ခုချင်းစီတွင် ပေါ်ထွက်လာခဲ့သည်။ ထိုပန်းပွင့်များက ထူးကဲသည့် အလင်းရောင်ထုတ်လွှတ်နေပြီး ကမ္ဘာကြီးက အနည်းငယ် တုန်ခါသွားသည်။ ထို့နောက် ချက်ချင်းဆိုသလို ထိုဒိုင်မေးရှင်းများထဲ ဝိညာဉ်ချီ ပေါ်ထွက်လာ၏။
ကမ္ဘာရှိ ထိပ်သီးအင်အားစုများက ထိုပန်းပွင့်များသည် အရင်းအမြစ်ချီ နေရာလွတ်နှင့် ဆက်နွယ်နေပြီး ကမ္ဘာအတွက် ဝိညာဉ်ချီကို ဆွဲယူပေးနေကြောင်း သဘောပေါက်ခဲ့ကြသည်။
ဤသို့သော အပြုအမူက ရိုးရှင်းဟန်ထင်ရသော်လည်း ထိုအင်အားကြီးပုဂ္ဂိုလ်များကသာ ပြဿနာမတက်စေဘဲ အရင်းအမြစ်ချီနေရာလွတ်မှ စွမ်းအင်ကို ရယူဖို့ရာ မည်မျှခက်ခဲကြောင်း သိထားကြသည်။ တာအိုဘိုးဘေး ဆန့်ကျင်ကျင့်ကြံသူများက အရင်းအမြစ်ချီ နေရာလွတ်ကို ဝင်ရောက်နိုင်လေသည်။ သို့သော်လည်း အရင်းအမြစ်ချီနေရာလွတ်ဆီ ဦးတည်နေသည့် အာကာပြင်အက်ကြောင်းကို ဖွင့်လှစ်ဖို့က အင်မတန် အန္တရာယ်များလှ၏။ အကြောင်းအရင်းမှာ ထိုအရာက ကျင့်ကြံသူများခေါ်ဆိုသည့် ချီကပ်ဘေးဟုခေါ်ဆိုသည့်အရာကို ဖန်တီးနိုင်၍ ဖြစ်သည်။
ထိုအရင်းအမြစ်ချီ နေရာလွတ်မှ စွမ်းအင်အမြောက်အများ ထွက်ပေါ်လာပြီး ကမ္ဘာနှင့်လူများကို ပျက်စီးသွားစေလိမ့်မည်။ ဧကရာဇ်များက ထုတ်လွှတ်လာသည့် စွမ်းအားပမာဏ အနည်းငယ်ရှိသည့် နေရာကို မျှခြေညီအောင် ကြိုးစားကြသည်။
တချို့က အောင်မြင်ခဲ့ကြပြီး သူတို့အင်အားစုအတွက် ဝိညာဉ်ချီ ပြည့်နှက်နေသည့် လျှို့ဝှက်နယ်မြေတချို့ကို ဖန်တီးပေးနိုင်ခဲ့သည်။ တစ်ခါတစ်ရံ ပင်ကိုချီနှင့် အင်မော်တယ်ချီ လျှို့ဝှက်နယ်မြေများပင် ပါဝင်၏။ သို့သော်လည်း ကောင်းကင်ဧကရာဇ်လောက် ကြီးမားသည့် အနေအထားမျိုးကို မည်သူကမှ မအောင်မြင်ခဲ့ဖူးကြပေ။
ဝမ်ဝေ့က ထိုလူများ တွေးနေသည့်အရာကို မသိပေ။ သို့သော်လည်း သူက သူ့အလုပ်ကိုသာ အာရုံစိုက်ထားသည့်အတွက် အရေးမကြီးပေ။
ထိုသူများက သူ့အပြုအမူသည် အရင်းအမြစ်ချီ နေရာလွတ်မှ ဝိညာဉ်ချီကို ရယူပြီးသည့်နောက် ပြီးဆုံးသွားလိမ့်မည်ဟု ထင်ထားခဲ့ကြသော်လည်း ထိုအရာက အဆမျှသာ ရှိသေး၏။ ပန်းငါးပွင့်၏ ရည်ရွယ်ချက်က စွမ်းအားကို ယူဆောင်ရုံသာမက ထိုအရာကို ဖိသိပ်ပြီး ပင်ကိုချီအဖြစ် ပြောင်းလဲပစ်ဖို့ ဖြစ်သည်။ ထို့ကြောင့် တစ်ကမ္ဘာလုံး ကြည့်ရှုနေသည့်အောက်တွင် ကုန်းမြေငါးခု၌ မိုးမြေကြားရှိ ဝိညာဉ်ချီက သိသိသာသာ တိုးပွားလာသည်။ အနိမ့်ဆုံးအဆင့် ကျင့်ကြံသူများပင် သတိထားမိလောက်၏။
တစ်နာရီကြာမြင့်ပြီးသည့်နောက်တွင် ကမ္ဘာ၏ စွမ်းအားက အရေးကြီးသည့် အနေအထားတစ်ခုသို့ ရောက်ရှိသွားခဲ့သည်။
“ဟော်သဲ့ချီ” ဝမ်ဝေ့က အားလုံးကို လေ့လာရင်း ရေရွတ်လိုက်သည်။ ဟော်သဲ့ချီက ဝိညာဉ်ချီ ဖြစ်နေသေးသော်လည်း စုစည်းမှု အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ကာ ဝိညာဉ်ချီနှင့် ပင်ကိုချီကြား မျဉ်းကြောင်းတစ်ခု ရှိနေသည်။
ရှေးခေတ်အချိန်အခါကတည်းက စွမ်းအား သန့်စင်မှုနှင့် စုစည်းမှုသည် ပထမဦးဆုံး ဟော်သဲ့ချီ မပေါ်ထွက်လာခင်အထိ လျော့ကျနေခဲ့သည်။ ကမ္ဘာပေါ်တွင် ပထမဦးဆုံး လူသားများ ပေါ်ထွက်လာခဲ့သည်။ တခြားနည်းဖြင့် ဤကမ္ဘာ၏ လူသား ပထမ မျိုးဆက်သည် ပင်ကိုသက်ရှိများ ဖြစ်၏။ ပြောရလျှင် သူတို့က မိုးမြေမှ မွေးဖွားလာကြသည်။
သို့သော်လည်း ထိုလူသားများက ပင်ကိုချီ သို့မဟုတ် မိုးမြေကြားရှိ စည်းမျဉ်းများဖြင့် အားဖြည့်ခြင်း မခံခဲ့ရပေ။ ထို့ကြောင့် သူတို့က ပင်ကိုနတ်ဆိုး နတ်ဘုရားများ၏ စံနှုန်းအရ အားနည်းစွာ မွေးဖွားလာရသည်။
သို့သော်လည်း ဝမ်ဝေ့နှင့် ယခုလက်ရှိ ကျင့်ကြံသူများက ထိုပင်ကိုလူသားများ၏ ပါရမီသည် မည်မျှကြောက်ဖို့ကောင်းကြောင်း စိတ်ကူးကြည့်လို့ရပေသည်။ အကယ်၍ သူတို့သာ ကျင့်စဉ်ကို ကျင့်ကြံဖို့ အခွင့်အရေးပေးခဲ့ပါက သူတို့၏ အောင်မြင်မှုသည် ပြိုင်ဘက်ကင်း ဖြစ်လာလိမ့်မည်။
ဒီလိုပတ်ဝန်းကျင်အနေအထားမျိုးမှာ သေမျိုးတွေက သိုင်းပညာ ဒါမှမဟုတ် ထူးကဲသေမျိုး ဖြစ်မလာပဲနဲ့ နှစ်နှစ်ရာကနေ သုံးရာအထိ နေနိုင်လိမ့်မယ်…
ဝမ်ဝေ့က တွေးလိုက်သည်။
ပတ်ဝန်းကျင်က ပင်ကိုချီ ပါဝင်လာတာနဲ့ သူတို့အနေနဲ့ သိုင်းပညာနဲ့ စိတ်ဝိညာဉ်စွမ်းအားကို လေ့ကျင့်ပြီးတဲ့နောက်မှာ နှစ်ထောင်ချီနေနိုင်ဖို့က မဖြစ်နိုင်တာတော့ မဟုတ်ဘူးပဲ…
ဝမ်ဝေ့က ထိုအတွေးများကို တွေးမိသည်နှင့် မျက်မှောင်ကြုတ်လိုက်သည်။ သူ့အကြည့်က ပြောင်းလဲသွားပြီး တစ်စုံတစ်ခုကို မြင်လိုက်ရ၏။
ငါ သိပြီ။ ဒီခေတ်ကာလက ဧကရာဇ်လမ်းစဉ် မဖွင့်လှစ်ခင် ရှေးခေတ်ကာလနဲ့ ကွဲပြားနေတာပဲ…
ဤခေတ်ကာလတွင် အသက်ရှည်ခြင်း လမ်းစဉ်က အတင်းအကြပ် ထိန်းချုပ်ထားသည့်အတွက် သေမျိုးများ၏ သက်တမ်းက နှစ် ၅၀၀ မျှသာ ဖြစ်၏။
ဝမ်ဝေ့၏ စိတ်ထဲ ကမ္ဘာ၏ အနှစ်သာရကို မြင်လိုက်ကာ အမှန်တရားများစွာ သိသွားသည်။
အဲဒါဆိုတော့ အဆင့်(၁၀) အောက်က ပင်ကိုနတ်ဆိုး နတ်ဘုရားတွေကလည်း ဒီလိုပတ်ဝန်းကျင်မျိုးမှာ အကန့်အသတ်မဲ့ သက်တမ်းရှိမှာ မဟုတ်ဘူးပေါ့။ ပင်ကိုစည်းမျဉ်းကို နိုးထလာတဲ့ လူသားတွေကတောင် ထင်ထားတာထက် အသက်ပိုရှည်နိုင်ပေမဲ့ သူတို့က ယွမ်ထီ ဖြစ်မလာသရွေ့တော့ အင်မော်တယ် ဖြစ်မလာနိုင်ဘူး…
ဝမ်ဝေ့က ထိုရှေးဟောင်းသက်ရှိများကို အားကျမိသွားသည်။ သူတို့က ခြွင်းချက်ဖြစ်သော်လည်း အင်မော်တယ်ဘဝကို အလွယ်တကူ ရယူနိုင်လေသည်။ သို့သော်လည်း သူက အစစ်အမှန် အင်မော်တယ်တစ်ယောက် ဖြစ်သည့်အတွက် အားကျနေ၍ အဓိပ္ပာယ် မရှိကြောင်း သဘောပေါက်သွားခဲ့သည်။
ထို့ကြောင့် သူက လုပ်လက်စကိုသာ အာရုံစိုက်ထားလိုက်၏။ ကမ္ဘာတွင် ပထမဦးဆုံး ပင်ကိုချီမြစ် ပေါ်ထွက်လာသည်နှင့် ဝမ်ဝေ့က တာအိုအခွင့်အလမ်းဂိုဏ်းတွင် ပေါ်ထွက်လာဖို့ လုပ်ဆောင်လိုက်သည်။ ထိုအရာက သူ့ဂိုဏ်းနှင့် အလယ်ပိုင်းကုန်းမြေဆီ အောင်မြင်မှုမျိုး ပေးအပ်လိုက်ခြင်း ဖြစ်၏။
ပထမချီမျှင်အပြီးတွင် နောက်ထပ် ပင်ကိုချီများက ပေါ်ထွက်လာလေသည်။ ဝမ်ဝေ့၏ ထိန်းချုပ်မှုအောက်တွင် ကမ္ဘာ၏ ၅၀ ရာခိုင်နှုန်းက ပင်ကိုချီဖြင့် ပြည့်နှက်လာလေ၏။
ကမ္ဘာကြီးက ပင်ကိုချီနဲ့ ဖြည်းဖြည်းချင်းတော့ ပြည့်နှက်လာလိမ့်မယ်။ ဒါပေမဲ့ တစ်ညတည်းမှာတော့ ပြီးမြောက်သွားမှာ မဟုတ်ဘူး…
၅၀ရာခိုင်နှုန်းအထိ အလျင်အမြန် ရောက်ရှိလာသည့်အချက်က သူ့အားစိုက်ထုတ်မှုကြောင့်သာ ဖြစ်၏။
နောက်ဆုံးအဆင့်ကို အဆုံးသတ်လိုက်ရအောင်…
ဝမ်ဝေ့က တွေးလိုက်သည်။ သူက ကောင်းကင်အထက် လက်ညှိုးညွှန်ပြကာ မှော်စက်ဝန်းနှင့်တူသည့် အစီအရင်တစ်ခုက တစ်ကမ္ဘာလုံးကို လွှမ်းခြုံသွားလေသည်။
ဝမ်ဝေ့က လက်ဝှေ့လိုက်သည့်အခါ အစီအရင်အတွင်း အရင်းအမြစ်မြောက်များစွာကို ပေါင်းစည်းလိုက်မိ၏။ ထိုအရာအများစုက ဧကရာဇ်အဆင့်များ ဖြစ်ကြသည်။
သူ ပြီးမြောက်သွားသည်နှင့် ကမ္ဘာက ဒုတိယအကြိမ် အနည်းငယ် တုန်ယင်သွားပြီး ဝိညာဉ်ချီများစွာ ဝင်လာကာ ပင်ကိုချီ ပြောင်းလဲဖို့ရာအတွက် ပန်း ၅ပွင့်ကို လှုံ့ဆော်ပေးနေသည်။
ဝမ်ဝေ့၏ ပတ်ဝန်းကျင် ပြောင်းလဲမည့် အစီအစဉ်က စိတ်ဝိညာည်ခရီးလမ်းအပြီးတွင် ကောင်းကင်သစ်ပင်ရွာဆီ သွားပြီးသည့်နောက် တွေးမိခဲ့ခြင်း ဖြစ်၏။ ထိုစဉ်အခါက သူ့တွင် စိတ်ဝိညာဉ်ပန်းပွင့် မရှိသေးသလို ထိုအရာကို ရရှိလိမ့်မည်ဟုလည်း သိမထားခဲ့ပေ။
ထို့ကြောင့် သူ့နဂိုအစီအစဉ်က ပြင်ပမှ စွမ်းရည်များကို ယူဆောင်ပြီး ဝိညာဉ်ချီအဖြစ် ပြောင်းလဲပစ်ဖို့ ဖြစ်သည်။ ထို့ကြောင့် သူက သူ့ဂိုဏ်းအား ထိုအစီအရင်ကို ဖန်တီးဖို့ တောင်းဆိုခဲ့သည်။
အပြင်ဘက်ရှိ စွမ်းအားအရင်းအမြစ်အတွက်မူ…
ဝမ်ဝေ့၏ ရွေးချယ်မှုက သိသာလှ၏။ အဆုံးမဲ့လေဟာနယ်အတွင်းရှိ အသင်္ချေအင်ပါယာကမ္ဘာအပြင်ဘက် လေဟာနယ် သို့မဟုတ် ဖရိုဖရဲအာကာပြင် စွမ်းအားများ ဖြစ်သည်။
ထိုသို့သော စွမ်းအားမျိုးကို အဆုံးမဲ့လေဟာနယ်ထဲတွင် အကန့်အသတ်မဲ့ ရှိ၏။ အားနည်းသည့် ကျင့်ကြံသူများက သူတို့၏ ကမ္ဘာ၏ အပြင်ဘက်သို့ မသွားလာနိုင်ရသည့် အကြောင်းအရင်း တစ်ချက်လည်း ဖြစ်ပေသည်။ ဝမ်ဝေ့က ထိုအရာများကို အသုံးမပြုဘဲ နေသည်က အလကားဖြစ်သည်ဟု ခံစားမိသည့်အတွက် အစီအစဉ်ရှိလာခြင်း ဖြစ်သည်။
အစီအရင်က လေဟာနယ် စွမ်းအားကို ဝိညာဉ်ချီအဖြစ် ပြောင်းလဲပြီး ဝိညာဉ်ချီကို ပင်ကိုချီအဖြစ် ဖိသိပ်ထားခဲ့သည်။ သို့သော်လည်း စိတ်ဝိညာဉ်ပန်းပွင့်နှင့် ယှဉ်လိုက်ပါက ဖိသိပ်နှုန်းသည့် နိမ့်ကျလှ၏။ မည်သို့ပင်ဆိုစေကာမူ ဝမ်ဝေ့၏ ထိန်းချုပ်မှုအောက်တွင် ပတ်ဝန်းကျင်ရှိ ပင်ကိုချီများက မကြာခင် ၈၀ ရာခိုင်နှုန်းအထိ ရောက်ရှိလာခဲ့သည်။ ထို့အပြင် သူက ၁၀၀ ရာခိုင်နှုန်း ရောက်လာပြီးသည့်နောက်တွင် ပထမဦးဆုံး ပင်ကိုနတ်ဆိုးနတ်ဘုရားများက ကမ္ဘာမြေတွင် ပြန်လည်ပေါ်ထွက်လာမည်မှန်း သိလိုက်၏။
ဝမ်ဝေ့၏ အလုပ်က ပြီးမြောက်သွားခဲ့သည်။ သူက ဒိုင်မေးရှင်းငါးခုကို အားလုံး မမြင်ရအောင်နှင့် မဝင်ရောက်နိုင်အောင် တားဆီးခဲ့သည်။ ကမ္ဘာ၏ အခြေခံအုတ်မြစ်အနေဖြင့် ရန်သူများက သူတို့ကို တိုက်ခိုက်ပြီး အားနည်းအောင် မပြုလုပ်စေလိုပေ။
သူက လေဟာနယ် ချီအစီအရင်ကို ကမ္ဘာ၏ ဗဟိုချက်အတွင်း ပေါင်းစည်းကာ ကောင်းကင်တာအိုကို ထိန်းချုပ်ခွင့်ပြုလိုက်သည်။
ဝှစ်
ကောင်းကင်က ရုတ်ချည်းဆိုသလို ပြောင်းလဲသွားပြီး အမြင်ရုပ်လွှာများစွာ ပေါ်ထွက်လာသည်။ ဝေဟင်အထက် ခရမ်းရောင်ကုသိုလ် ပေါ်ထွက်လာပြီး အပိုင်းပိုင်း ကွဲသွားလေသည်။ ၈၀ ရာခိုင်နှုန်းက ဝမ်ဝေ့၏ လက်အတွင်း ကျဆင်းလာ၏။ ကျန်ရှိနေသည့် ၂၀ ရာခိုင်နှုန်းအတွက်မူ ၁၅ရာခိုင်နှုန်းက အထွေထွေသောင်းပြောင်းအရှင်ဆီ ကျရောက်သွားပြီး ကျန်ရှိနေသည့် ၅ရာခိုင်နှုန်းက ထိုဖြစ်စဉ်အတွင်း ကူညီပေးခဲ့သည့်လူများထံ ဖြစ်သည်။
ဝမ်ဝေ့က ကျေနပ်စွာ ပြုံးလိုက်၏။ ထိုအရာက ကုသိုလ်အတွက် အဆုံးသတ် မဟုတ်သေးကြောင်း သိလိုက်သည်။ ကမ္ဘာကြီးက ဆင့်ကဲပြောင်းလဲကာ ပိုမိုစည်ပင်ကြွယ်ဝလာသည့်အတွက် ကောင်းကင်တာအိုက သူတို့ကို ထပ်မံ ဆုချီးမြှင့်လိမ့်မည်။
သူက တုံ့ဆိုင်းခြင်း မရှိဘဲ ကုသိုလ်ကို ပြန်ခွဲကာ ဧကရာဇ်ဉာဏ်အလင်းပွင့် ကျောင်းတော်နှင့် အနောက်ပိုင်းကောင်းချီးဂိုဏ်းတို့ဆီ အကြွေးကို ပြန်လည်ဆပ်လိုက်သည်။
“ပတ်ဝန်းကျင်က ပင်ကိုအနေအထားကို ပြန်လည်ပြောင်းသွားပြီ။ အသွင်ပြောင်းမှုအတွင်းမှာ ခုံရုံးရဲ့ နတ်ဘုရားတွေက သက်ဆိုင်ရာ ပိုင်နက်ထဲမှာ ဘာမှမဖြစ်အောင် ဂရုစိုက်ကြရမယ်”
ဝမ်ဝေ့၏ အသံက တစ်ကမ္ဘာလုံးကို ဖုံးလွှမ်းသွားပြီး နတ်ဘုရားများနှင့် ဧကရာဇ်မျိုးနွယ်များက ဆိုလိုရင်းကို ချက်ချင်း သိလိုက်ကြသည်။ တစ်ကမ္ဘာလုံးက ပင်ကိုချီ ရောက်ရှိလာမှုကြောင့် သိသိသာသာ အပြောင်းအလဲကြီး ကြုံတွေ့ရတော့မည် ဖြစ်၏။
တောင်တန်းများ၊ တောအုပ်များ၊ ရေကန်များ၊ မြစ်ကြောင်းနှင့် စိတ်ဝိညာဉ်သွေးကြောများက တစ်နေရာမှ ပေါ်ထွက်လာလိမ့်မည်။ နဂိုတည်ရှိပြီးသား တောင်တန်းများက ပိုမိုမြင့်မားလာမည်ဖြစ်ကာ မြေငလျင်များ၊ မီးတောင်ပေါက်ကွဲမှုများ၊ လေဆင်နှာမောင်းနှင့် ဆူနာမီများလည်း ဖြစ်လာနိုင်ပြီး ရာသီဥတုအပေါ် သက်ရောက်မှု ရှိစေသည့် ဝိညာဉ်ပစ္စည်းများစွာကလည်း အလျင်အမြန် ကြီးထွားလာကြလိမ့်မည်။
လျှို့ဝှက်ဒိုင်မေးရှင်းအသစ်များလည်း မွေးဖွားကာ ပေါ်ထွက်လာမည်ဖြစ်ကာ အာကာပြင် အတက်အကျ ဖြစ်ပေါ်လာသည့်အတွက် အင်မတန် အန္တရာယ်များလှသည်။ လူသားများထက် အာရုံခံစားနိုင်စွမ်း ပိုကောင်းသည့် တိရစ္ဆာန်များက နတ်ဆိုးသားရဲများ ဖြစ်လာကြလိမ့်မည်။ အကယ်၍ သူတို့ကို သေချာမထိန်းချုပ်ထားပါက သူတို့သည် ဖရိုဖရဲ ဖြစ်စေလိမ့်မည်။
ထို့အပြင် တိရစ္ဆာန်များက သူတို့ခန္ဓာကိုယ်ထဲမှ လျှို့ဝှက်သွေးမျိုးဆက်များ နိုးထလာကြမည် ဖြစ်သည့်အတွက် နတ်ဆိုးမျိုးနွယ်နှင့် ပင်လယ်မျိုးနွယ်အတွက် သတင်းကောင်း ဖြစ်၏။ သို့သော်လည်း လူသားများကလည်း အကျိုးကျေးဇူး ရရှိလိမ့်မည်။
လူများစွာက တိမ်မြုပ်နေသည့် သွေးမျိုးဆက် နိုးထလာနိုင်သည်။ ပါရမီထူးကဲသည့် လူသားများက ပင်ကိုချီ အားဖြည့်မှုအောက်တွင် မွေးဖွားလာကြမည်ဖြစ်ကာ ယခင် အလုံခန္ဓာကိုယ် မရှိဘဲ သေမျိုးသာဖြစ်ခဲ့ရသည့် လူတချို့က ကျင့်ကြံရေးပါရမီ ရှိလာနိုင်သည်။
နောက်ဆုံးမှာ ကမ္ဘာ၏ ဇာတ်လိုက်အနေဖြင့် ဤကမ္ဘာတွင် ယခုပေါ်ထွက်လာသည့် ကံကောင်းမှုအပြောင်းအလဲများ၏ ကံကောင်းမှုအများစုက လူသားများထံ ရောက်ရှိလာလိမ့်မည်။
ဝမ်ဝေ့၏ အမိန့်အပြီးတွင် နတ်ဘုရားအားလုံးက သူတို့ပိုင်နက်အတွင်းရှိ သေမျိုးအဖွဲ့အစည်းများကို ဤအပြောင်းအလဲအား ပြဿနာမရှိဘဲ ရှင်ကျန်နိုင်အောင် အတူတကွ အလုပ်တွဲလုပ်ခဲ့ကြသည်။