← Chapters

အတည်မယူပါနဲ့

Vol. 79 Ch. 1093

အတည်မယူပါနဲ့

Vol. 79 Ch. 1093

မိုးကောင်းကင်ကြီးမှာ ကြည်လင်နေပြီး နေမင်းကြီးမှာ ထိန်ထိန်သာနေ၏။ နေရောင်ခြည်များမှာ တောင်ထိပ်များ၊ တောင်စဉ်တန်းများ၊ မြစ်များနှင့် ပင်လယ်များပေါ်သို့ ကျရောက်နေသည်။ ကမ္ဘာကြီးတစ်ခုလုံးမှာ ကြီးမားကျယ်ပြန့်လွန်းနေသောကြောင့် မည်သည့်အမြင့်မှကြည့်ကြည့် အဆုံးကို မမြင်နိုင်ပေ။

သို့ဖြစ်ရာ ထို ကမ္ဘာကြီး၏ အရွယ်အစားမှာ အဆုံးအစမရှိလောက်အောင် ကြီးမားနေသည့်အလားပင်။

" ဒီနေရာကြီးက တော်တော်ထူးဆန်းတာပဲ " ဝမ်ပေါင်လဲ့မှာ မျက်လုံးများမှေးသွား၏။ သူသည် ကံကြမ္မာဂြိုဟ်ပေါ်ရှိ မီးတောင်ကြီးပေါ်၌ ရှိမနေတော့သလို သူ၏ရှေ့တွင်လည်း ကံကြမ္မာစာအုပ် ရှိမနေတော့သည်ကို သိလိုက်ရသည်။ ယခုတွင် သူသည် ကောင်းကင်ကြီးနှင့် တစ်တန်းတွင် ရှိနေသည့်ပုံပေါ်သော တောင်တစ်လုံး၏ ထိပ်၌ ရပ်နေသည်။

သူ၏ ဘေးပတ်ပတ်လည်တွင် တိမ်ပင်လယ်များ ရစ်ဝဲနေပြီး လေပြင်းများမှာလည်း တဟူးဟူး တိုက်ခတ်နေ၏။ အပူချိန် ကွာခြားချက်ကြောင့် သူ၏ အောက်တွင်ရှိနေသည့် တောင်ထိပ်မှာလည်း နှင်းများ၏ ဖုံးလွှမ်းခြင်းကို ခံထားရသည်။

သို့သော် ထိုနှင်းများမှာ အဖြူရောင်မဟုတ်ဘဲ အပြာရောင်ဖြစ်နေ၏။

ထို အပြာရောင်နှင်းများ၊ တဟူးဟူးတိုက်ခတ်နေသည့် လေပြင်းများ၊ တိမ်ပင်လယ်ကြီးအား ဖြတ်၍ မမြင်နိုင်သည့် မျက်စိတစ်ဆုံး ကျယ်ပြောနေသော မြေပြင်ကြီးတို့မှာ ဝမ်ပေါင်လဲ့ မြင်နေရသည့် မြင်ကွင်း ဖြစ်ပေသည်။

အကယ်၍ သူ၏ အသိစိတ် ကြည်လင်ပြတ်သားနေသေးသည့် အချက်ကြောင့်သာမဟုတ်ပါက ဝမ်ပေါင်လဲ့မှာ သူသည် သူ၏ အတိတ်ဘဝထဲသို့ ပြန်ရောက်သွားခြင်း ဖြစ်မည်ဟု တွေးမိလိုက်မည်သာဖြစ်သည်။ သို့သော် ယခုတွင်မူ သူ၏ အသိစိတ်မှာ ကြည်လင်ပြတ်သားမှုအပြည့် ရှိနေသေးသောကြောင့် သူသည် အနာဂတ်၏ ပုံရိပ်အား အလွန်အင်မတန်မှ စိတ်ဝင်စားသွားရ၏။ အဘယ်ကြောင့်ဆိုသော သူ၏ ပတ်ပတ်လည်ရှိ သူ၏ မျက်လုံးနှင့် မြင်နေရသည့် အရာများဖြစ်စေ၊ သူ၏ ခန္ဓာကိုယ်နှင့် ခံစားနေရသည့် အရာများဖြစ်စေ သို့မဟုတ် သူ၏ နတ်ဘုရားအားရုံဖြင့် အာရုံခံမိနေသည့် အရာများဖြစ်စေ အရာအားလုံးမှာ အချက်တစ်ချက်အား ညွှန်ပြနေသောကြောင့်ပင်။

၎င်းမှာ... ထိုအရာများအားလုံးသည် အမှန်တကယ် ရှိနေသည့် အရာများဖြစ်သည် ဆိုသည့် အချက်ပင်။

လေပြင်းများ၊ နှင်းများ၊ တိမ်တိုက်များနှင့် မြေပြင်ကြီးတို့မှာ အမှန်တကယ် ရှိနေသည့်အရာများ ဖြစ်ကြ၏။ ဝမ်ပေါင်လဲ့မှာ ထို ကမ္ဘာကြီးတစ်ခုလုံးထဲ၌ မည်သည့် သက်ရှိကိုမှ အာရုံမခံမိသဖြင့် ၎င်းမှာ အသက်မဲ့နေသည့် ဂြိုဟ်ကြီးတစ်လုံးကဲ့သို့ပင်။

ထို ဂြိုဟ်ကြီးမှာလည်း အမှန်တကယ် ရှိနေ၏။

ဝမ်ပေါင်လဲ့မှာ မျက်ခုံးအနည်းငယ် ပင့်မိသွားပြီး တိမ်ပင်လယ်ကြီးအား လှမ်းကြည့်လိုက်၏။ အသက်ရှူကြိမ် ခုနစ်ကြိမ် ရှစ်ကြိမ်ခန့် ကုန်ဆုံးပြီးသွားချိန်တွင် သူသည် ရုတ်တရက်ဆိုသလို အမူအရာပြောင်းလဲသွားပြီး သူ၏ ညာဘက်သို့ လှမ်းကြည့်လိုက်သည်။

ထိုအခါ သူသည် သူ၏ ညာဘက် ကောင်းကင်ယံထဲရှိ မျက်စိတစ်ဆုံး ကျယ်ပြောနေသော တိမ်ပင်လယ်ကြီးထဲတွင် လူရိပ်နှစ်ခု ပေါ်ပေါက်လာသည်ကို မြင်လိုက်ရသည်။ ၎င်းတို့ထဲမှာ တစ်ခုမှာ ကောင်းကင်ဘုံဓမ္မသခင်ကြီးဖြစ်ပြီး အခြားတစ်ခုမှာ... ဝမ်ပေါင်လဲ့ ဖြစ်နေ၏။

" ခြောက်ဆယ့်ရှစ်နှစ် ရှိသွားပြီ " ထိုအချိန်တွင် ထို တိမ်ပင်လယ်ကြီးထဲတွင် ရှိနေသည့် ကောင်းကင်ဘုံဓမ္မသခင်ကြီးမှာ ရေရွတ်လိုက်၏။

ဝမ်ပေါင်လဲ့မှာ ထိုရေရွတ်သံအား ကြားလိုက်သည်။ သူ၏ ရှေ့တွင် မြင်နေရသည့် ကောင်းကင်ဘုံဓမ္မသခင်ကြီး၏ ဘေး၌ ရပ်နေသော သူနှင့် ပုံစံတူ လူရိပ်မှာလည်း ၎င်းအား ကြားလိုက်ရသည်။

" အချိန်ကျပြီလား " ထိုအခါ တိမ်ပင်လယ်ထဲမှ ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှ နှုတ်ဆိတ်သွားပြီးနောက် လေသံအောအောကြီးဖြင့် ရေရွတ်လိုက်၏။ အကယ်၍ အခြားတစ်ယောက်ယောက်သာဆိုပါက ထို စကားလုံးများ၏ နောက်မှ အဓိပ္ပါယ်ကို နားလည်နိုင်မည်မဟုတ်ပေ။ သို့သော် ကိုယ့်အကြောင်းကိုယ် အသိဆုံးလူမှာ မိမိကိုယ်တိုင်ပင် မဟုတ်ပါလော။

ထို့ကြောင့်လည်း ဝမ်ပေါင်လဲ့မှာ တိမ်ပင်လယ်ကြီးထဲရှိ သူနှင့် ပုံစံတူ လူရိပ် ပြောလိုက်သည့် စကားလုံးများထဲတွင် အခြားအဓိပ္ပါယ်များ ရှိနေသည်ကို အာရုံခံမိလိုက်သည်။ ၎င်းမှာ နောင်တနှင့်... မသေချာမရေရာမှုများ ဖြစ်၏။

သို့သော် ဝမ်ပေါင်လဲ့ သေသေချာချာ မစဉ်းစားနိုင်ခင်မှာပင် ကောင်းကင်ယံထဲ၌ အလင်တန်းတစ်ခု ပေါ်ပေါက်လာ၏။ ပို၍ တိတိကျကျဆိုရလျှင် ထိုအလင်းတန်းမှာ စကြဝဠာကြီးထဲ၌ ပေါ်ပေါက်လာခြင်းဖြစ်သည်။ ၎င်းမှာ အရာအားလုံးကို အရည်ပျော်ကျသွားအောင် လုပ်နိုင်စွမ်းရှိသည့်ပုံပေါ်သော ရောင်စုံအလင်းတန်းတစ်ခု ဖြစ်သည်။ ထို အလင်းတန်းကြီးမှာ အဆုံးမဲ့တာအိုနယ်မြေတစ်ခုလုံးနှင့် ကံကြမ္မာဂြိုဟ်အား လွှမ်းခြုံသွား၏...

ဝမ်ပေါင်လဲ့မှာ ဘာဆက်ဖြစ်သွားမှန်းပင် မသိလိုက်ပေ။ သူ ထိုအလင်းတန်းကြီးအား မြင်လိုက်ရသည်နှင့် သူရှေ့တွင်ရှိနေသည့် အရာအားလုံးမှာ ပျောက်ကွယ်သွား၏။ ထို့နောက် သူသည် မျက်လုံးများပြန်ပွင့်လာပြီး သူ၏ ပတ်ပတ်လည်ရှိ အသက်ရှူသံများကို ကြားလိုက်ရသလို မျက်ဝန်းများစွာ သူ့အား စိုက်ကြည့်နေကြသည်ကိုလည်း အာရုံခံမိလိုက်သည်။ ထို့အပြင် သူသည် သူ၏ ရှေ့တွင် ရှိနေသည့် ကံကြမ္မာစာအုပ်မှာလည်း တွန်းကန်အားတစ်မျိုး ထုတ်လွှတ်နေသည်ကို မြင်လိုက်ရသေးသည်။ ထို ကံကြမ္မာစာအုပ်၏ နောက်တွင်မူ ကောင်းကင်ဘုံဓမ္မသခင်ကြီးမှာ သူ့အား စိုက်ကြည့်နေ၏။

" အချိန်ဘယ်လောက်ကြာသွားလဲ " ဝမ်ပေါင်လဲ့မှာ မျက်မှောင်ကြုတ်ကာ မေးလိုက်၏။

" အသက်ရှူကြိမ်ကိုးကြိမ် " ကောင်းကင်ဘုံဓမ္မသခင်ကြီးမှာလည်း တည်ကြည်စွာ ပြန်ဖြေလိုက်သည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ပို၍ပင် မျက်မှောင်ကြုတ်သွားရ၏။ သူသည် ခေါင်းမော့လာပြီး သူ၏ ဘေးဘီဝဲယာအား အကဲခတ်ကြည့်လိုက်သောအခါ ကျွန်းအပြင်ဘက်၌ ရပ်နေကြသည့် သားရဲကြီးသုံးဆယ့်ကိုးကောင်ပေါ်ရှိ ကျင့်ကြံသူများကို မြင်လိုက်ရသည်။ သူတို့အားလုံးမှာ သိချင်စိတ် ပြင်းပြနေသည့်ပုံ ပေါက်နေကြ၏။ ထို့အပြင် သူသည် ရှဲ့ဟေးရန်တစ်ယောက် သူမြင်ခဲ့ရသည့် အရာများကို သိချင်နေသည့် အကြည့်ဖြင့် သူ့အား မျက်တောင်မခတ်တမ်း စိုက်ကြည့်နေသည်ကိုလည်း မြင်လိုက်ရသေးသည်။

သို့သော် ဝမ်ပေါင်လဲ့မှာ သူ မြင်ခဲ့ရသည့် အနာဂတ်၏ ပုံရိပ်အား စကားလုံးများနှင့် ဖော်ပြနိုင်စွမ်း မရှိပေ။ ၎င်းမှာ ရိုးရှင်းသော မြင်ကွင်းတစ်ခုသာ ဖြစ်ပါသော်လည်း တစ်ချိန်ထဲမှာပင် သူ ထင်ထားသလောက် ရိုးရှင်းမှုရှိမနေခဲ့ပေ။ ထို့ကြောင့် သူသည် သူ မြင်ခဲ့ရသည့် အရာများမှာ နည်းပါးလွန်းနေသည်ဟု မှတ်ယူလိုက်၏။

ထို့ကြောင့်လည်း သူသည် ခေါင်းငုံ့ကာ သူ၏ ရှေ့တွင်ရှိနေသည့် ကံကြမ္မာစာအုပ်အား ပြန်ကြည့်လိုက်၏။ သူသည် ထိုစာအုပ်မှာ အားကောင်းသော တွန်းကန်အားတစ်မျိုး ထုတ်လွှတ်နေသည်ကို အာရုံခံမိနေသည်။ သို့ဖြစ်ရာ ၎င်းမှာ ဝမ်ပေါင်လဲ့၏ လက်အား ၎င်းပေါ်မှ တွန်းထုတ်နိုင်ရန် အစွမ်းကုန် ကြိုးစားနေသည့်အလားပင်။

နောက်ဆုံးတွင် ၎င်းမှာ အောင်မြင်သွားခဲ့၏။ ထို ကံကြမ္မာစာအုပ် အပြင်းအထန် တုန်ရီသွားသည်နှင့် အားကောင်းသော တွန်းကန်အားတစ်မျိုး ပေါက်ကွဲထွက်ပေါ်လာသည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့၏ လက်မှာလည်း အပေါ်သို့ လက်မအနည်းငယ်ခန့် မြောက်တက်သွားရသည်။

ထိုအချိန်တွင် ဘေးတွင်ရှိနေသည့် ကောင်းကင်ဘုံဓမ္မသခင်ကြီး၏ အစေခံအိုကြီးမှာ စကားပြောရန် ပြင်လိုက်ပါသော်လည်း ဝမ်ပေါင်လဲ့မှာ ရုတ်တရက် ဆိုလိုက်၏။

" စောစောတုန်းက ဘာမှ ရှင်းရှင်းလင်းလင်း မမြင်ခဲ့ရတာမလို့ အတည်မယူပါနဲ့။ နောက်ထပ်တစ်ခေါက် ထပ်ပြီးတော့ ကြိုးစားခွင့်ပြုပါ "

သူသည် ထိုသို့ဆိုလိုက်ပြီးနောက် သူ၏ လက်အား အောက်သို့ ပြန်ချလိုက်၏။ ကံကြမ္မာစာအုပ်မှာလည်း ဝမ်ပေါင်လဲ့ သူ၏ လက်အား ၎င်းပေါ်သို့ နောက်ထပ်တစ်ကြိမ် ထပ်တင်မည်ကို မလိုလားသည့်ပုံဖြင့် အပြင်းအထန် တုန်ရီလာသည်။ ကောင်းကင်ဘုံဓမ္မသခင်ကြီး၏ အစေခံအိုကြီးမှာမူ ချီတုံချတုံဖြစ်နေ၏။ သူသည် ဝမ်ပေါင်လဲ့အား တားဆီးချင်ပါသော်လည်း ကောင်းကင်ဘုံဓမ္မသခင်ကြီး မျက်လုံးများမှိတ်ထားသည်ကို မြင်လိုက်ရသဖြင့် မမြင်ချင်ယောင် ဆောင်လိုက်တော့သည်။

သို့သော် လူအုပ်ကြီးတစ်ခုလုံးမှာမူ ထိုမြင်ကွင်းအား ရှင်းလင်းပြတ်သားစွာ မြင်လိုက်ရဆဲပင်။ သူတို့မှာ ကံကြမ္မာစာအုပ် ရုန်းကန်နေပြီး ဝမ်ပေါင်လဲ့အား ငြင်းဆန်နေသည်ကို မြင်နေရသဖြင့် အံ့ဩမှင်တက်သွားကြ၏။ သို့သော် ခဏအကြာတွင် ပေါ်ပေါက်လာသည့်မြင်ကွင်းကြောင့် သူတို့အားလုံး၏ အမူအရာများမှာ အထူးအဆန်း ဖြစ်သွားကြတော့သည်။

အဘယ်ကြောင့်ဆိုသော ဝမ်ပေါင်လဲ့တစ်ယောက် ထို ကံကြမ္မာစာအုပ် ရုန်းကန်နေသည်ကို အာရုံခံမိလိုက်သည်နှင့် သူ၏ ညာဘက်လက်ထဲ၌ အနက်ရောင်သစ်သားပျဥ်ပြားလေး ပေါ်ပေါက်လာသောကြောင့်ပင်။ ထိုအခါ လမ်းတစ်လျှောက်ရှိ အရာအားလုံးကို ဖျက်ဆီးခြေမွှပစ်နိုင်လောက်အောင် အားကောင်းသည့် စွမ်းအားတစ်မျိုးမှာ ကံကြမ္မာစာအုပ်၏ ခုခံတွန်းလှန်မှု စွမ်းအားများအား အလွယ်တကူ ထိုးဖောက်သွားတော့သည်။

ဖြန်း...

ထို့ကြောင့် ဝမ်ပေါင်လဲ့၏ လက်မှာလည်း ကံကြမ္မာစာအုပ်ပေါ်သို့ ကျသွား၏။

ထိုအခါ ကံကြမ္မာစာအုပ်မှာ လုံးဝ လက်မခံချင်သည့်အလား အကြိမ်အနည်းငယ်ခန့် အပြင်းအထန် တုန်ရီသွားသည်။ သို့သော် ၎င်းမှာ အခြားရွေးချယ်စရာမရှိသဖြင့် ကံကြမ္မာဂြိုဟ် တစ်ခုလုံးထဲ၌ ပျံ့နှံ့သွားသည့် ဝိညာဉ်စွမ်းအင်လှိုင်းများကို ထုတ်လွှတ်လိုက်ရဆဲပင်။

ထိုသို့ဖြင့် ဝမ်ပေါင်လဲ့၏ ရှေ့တွင် ရှိနေသည့် ကမ္ဘာကြီးမှာလည်း ပြောင်းလဲသွားပြန်သည်။ ယခုအကြိမ်တွင်မူ ယခင်ကြိမ်တုန်းကနှင့် မတူပေ။ ဝမ်ပေါင်လဲ့မှာ ပုံရိပ်တစ်ခုတည်းသာမက ပုံရိပ်ပေါင်းမြောက်မြားစွာအား မြင်လိုက်ရ၏။

သို့ဖြစ်ရာ ကံကြမ္မာစာအုပ်မှာ မည်သည့်အရာကိုမှ ဖုံးကွယ်မထားတော့ဘဲ အရာအားလုံးကို တစ်ပြိုင်နက်တည်း ထုတ်ပြလိုက်သည့်အလားပင်။ အကယ်၍ ၎င်းသာ စကားပြောနိုင်စွမ်း ရှိနေမည်ဆိုပါက ဝမ်ပေါင်လဲ့အား သူ ကြည့်ချင်သမျှ အရာအားလုံး ကြည့်ပြီးသွားလျှင် ထွက်ခွာသွားရန် တောင်းဆိုနေမည်သာ ဖြစ်သည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာလည်း သူ့ကိုယ်သူ ပြန်မြင်လိုက်ရ၏...

ထိုပုံရိပ်များထဲတွင် သူသည် ကောင်းကင်ဘုံဓမ္မသခင်ကြီး၏ မွေးနေ့ပွဲ ပြီးဆုံးသွားနောက် ထွက်ခွာသွားခဲ့ခြင်းမရှိဘဲ ကံကြမ္မာဂြိုဟ်ပေါ်တွင်သာ နေရစ်ခဲ့ပြီး နေမင်းနှင့် လမင်းကြီးတို့သာမက ကြယ်တာရာများနှင့် ကမ္ဘာကြီးတစ်ခုလုံး ပြောင်းလဲသွားသည့် မြင်ကွင်းအား လက်ပိုက်ကြည့်နေ၏။

ထို့အပြင် သူသည် မီးတောက်ခေါင်းဆောင်ကြီး၏ သေဆုံးမှု၊ ကမ္ဘာဂြိုဟ်လူမှုအဖွဲ့အစည်း၏ ပျက်သုဉ်းမှု၊ အမှောင်ဂိုဏ်း ပြန်လည်ပေါ်ပေါက်လာမှု၊ သူ၏ ဂိုဏ်းတူအစ်ကိုကြီး ချန်ရှင်း၏ စွန့်စားခန်းနှင့် အဆုံးမဲ့ မျိုးနွယ်စု၏ နတ်ဧကရာဇ်ကြီးတို့ကိုလည်း မြင်ခဲ့ရသေးသည်။

ခြောက်ဆယ့်ရှစ်နှစ်အတွင်းတွင် လူပေါင်းများစွာ သေဆုံးသွားခဲ့သလို လူပေါင်းများစွာ ပြန်လည် မွေးဖွားလာကြ၏။ ဂြိုဟ်များနှင့် လူမှုအဖွဲ့အစည်းများမှာလည်း ထိုနည်းတူပင်။

ထို အတောအတွင်းတွင် လူအမြောက်အမြားမှာ ကောင်းကင်ဘုံဓမ္မသခင်ကြီးနှင့် ဝမ်ပေါင်လဲ့တို့အား အရိုအသေပေးရန် ကံကြမ္မာဂြိုဟ်ဆီသို့ ရောက်လာခဲ့ကြ၏။ မီးတောက်ခေါင်းဆောင်ကြီးမှာ အသက်သေဆုံးမသွားခင် ရောက်လာခဲ့သလို လီဝမ်အာမှာလည်း ဒူးထောက်ကာ ဝမ်ပေါင်လဲ့နှင့် တွေ့ခွင့်တောင်းခဲ့၏။ ကျောက်ယမုန့်နှင့် အခြားသူများမှာလည်း သူနှင့် တွေ့ချင်သောကြောင့် ရောက်လာခဲ့ကြသည်သာ ဖြစ်သည်။ သို့သော်လည်း နတ်ဘုရားအဖြစ်သို့ တက်လှမ်းနေသည့် ဝမ်ပေါင်လဲ့မှာ စိတ်ခံစားချက်များ ပြောင်းလဲသွားခဲ့ခြင်းမရှိပေ။

ထိုသို့ဖြင့် ခြောက်ဆယ့်ရှစ်နှစ်တိတိ ကုန်ဆုံးသွားသောအခါ စကြဝဠာကြီးထဲ၌ ရောင်စုံအလင်းတန်းကြီးတစ်ခု ပေါ်ပေါက်လာပြီး အရာအားလုံးအား အရည်ပျော်ကျအောင်လုပ်ကာ ဝါးမျိုသွား၏။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ ကောင်းကင်ယံထဲရှိ တိမ်ပင်လယ်ကြီး၏ အထက်၌ သူနှင့် ကောင်းကင်ဘုံဓမ္မသခင်ကြီး စကြဝဠာကြီးအား ကြည့်နေသည်ကို မြင်နေရသည်။

" ခြောက်ဆယ့်ရှစ်နှစ် ရှိသွားပြီ "

" အချိန်ကျပြီလား "

" နိဒါန်းဆိုလည်း ဟုတ်သလို နိဂုံးဆိုရင်လည်း ဟုတ်တယ် "

" အဲတာဆို... နောက်ဘဝမှာ ဆုံကြတာပေါ့ "

" နောက်ဘဝမှာ ဆုံကြမယ် "

တိမ်ပင်လယ်ကြီး၏ အထက်ရှိ ကောင်းကင်ဘုံဓမ္မသခင်ကြီးနှင့် ဝမ်ပေါင်လဲ့တို့၏ လူရိပ်များမှာ ညာလက်သီးပေါ် ဘယ်လက်ဝါးတင်၍ အပြန်အလှန် ဦးညွှတ်အရိုအသေပေးလိုက်ကြ၏။ သူတို့၏ ခန္ဓာကိုယ်များမှာလည်း တဖြည်းဖြည်းနှင့် မှေးမှိန်ပျောက်ကွယ်သွားပြီး ရောင်စုံအလင်းတန်းကြီးနှင့်အတူ ရောက်ရှိလာသည့် ဟင်းလင်းပြင်ကြီးနှင့် တစ်သားတည်း ပေါင်းစည်းသွားတော့သည်။

ထို့နောက် ထိုမြင်ကွင်းမှာ ပျောက်ကွယ်သွား၏။

ထိုအခါ ဝမ်ပေါင်လဲ့မှာလည်း တစ်ကိုယ်လုံး တုန်ရီသွားပြီး မျက်လုံးများ ပြန်ပွင့်လာတော့သည်။

သူ ထိုကဲ့သို့ မျက်လုံးများပြန်ပွင့်လာချိန်တွင် အဆုံးမဲ့တာအိုနယ်မြေထဲရှိ မဟာလက်ဝဲတာအိုနယ်မြေ၏ အဆင့်တစ်ဂိုဏ်းဖြစ်ပြီး ကြယ်အဖွဲ့အစည်း တစ်သိန်းကျော်အား သိမ်းပိုက်ထားသော လမ်းကိုးသွယ်တာအိုဂိုဏ်းထဲတွင် ဘီလူးကြီးတစ်ကောင်မှာ တျန်းရွှေဟု အမည်ရသည့် ကြယ်အဖွဲ့အစည်း တစ်ခုထဲ၌ တင်ပျဥ်ခွေထိုင်နေသည်။

ထိုဘီလူးကြီးမှာ ထာဝရကြယ် တစ်လုံးနီးပါး အရွယ်အစားကြီးမား၏။

သေသေချာချာ ကြည့်လိုက်မည်ဆိုလျှင် ထို ဘီလူးကြီးမှာ ထို ကြယ်အဖွဲ့အစည်း၏ ထာဝရကြယ် ဖြစ်နေသည်ကို မြင်လိုက်ရမည် ဖြစ်သည်။

သူ၏ ခန္ဓာကိုယ်တစ်ခုလုံးထဲမှ အလင်းရောင်များနှင့် အပူဓာတ်များ အဆက်မပြတ် ထွက်ပေါ်နေသဖြင့် အလွင်အင်မတန်မှ ကြောက်မက်ဖွယ်ရာကောင်းပေသည်။ စွမ်းအားအပိုင်းတွင်လည်း ထိုဘီလူးကြီးမှာ ဝမ်ပေါင်လဲ့၏ ပတ်ပတ်လည်ရှိ တာအိုအစောင့်အရှောက်များထက် အများကြီးပို၍ သာလွန်၏။ သူတို့အားလုံးမှာ ထာဝရကြယ်အဆင့်တွင် ရှိနေကြခြင်းဖြစ်ပါသော်လည်း ဝမ်ပေါင်လဲ့၏ ဘေးပတ်ပတ်လည်မှ တာအိုအစောင့်အရှောက်များမှာ မီးတုတ်တစ်ချောင်းကဲ့သို့ ဖြစ်နေပြီး ထိုဘီလူးကြီးမှာမူ နေမင်းကြီးတစ်စင်းကဲ့သို့ ဖြစ်နေသည့်အလားပင်။

သူသည် လမ်းကိုးသွယ်တာအိုဂိုဏ်းထဲမှ ဒုတိယအဆင့် တာအိုဂိုဏ်းသားဖြစ်ပြီး တားမြစ်ပညာရပ်တစ်ခုကို အသုံးပြုကာ ထာဝရကြယ်အမြောက်အမြားအား သူ၏ ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းထားခြင်းဖြစ်၏။ သူ၏ ကျင့်ကြံခြင်းအဆင့်မှာ နှောင်းပိုင်း ထာဝရကြယ်အဆင့်တွင် ရှိနေပြီး သူ၏ တိုက်ရည်ခိုက်ရည်စွမ်းအားမှာ ကြောက်ခမန်းလိလိ မြင့်မားပေသည်။

ထို ဒုတိယအဆင့် တာအိုဂိုဏ်းသားမှာ မျက်လုံးများမှိတ်ကာ စကြဝဠာကြီးထဲ၌ တရားထိုင်နေ၏။ ထိုအချိန်တွင် သူ၏ ရှေ့ရှိ ဟင်းလင်းပြင်ကြီးထဲတွင် ခရမ်းရောင် လခြမ်းကွေးတစ်ခု၏ ပုံရိပ်တစ်ခု တိတ်တဆိတ် ပေါ်ပေါက်လာပြီး အမျိုးသမီးတစ်ယောက်၏ မှုန်ဝါးဝါး လူရိပ်တစ်ခုအသွင် ပြောင်းလဲသွားသည်။ ထို လူရိပ်မှာ မှုန်ဝါးဝါး ဖြစ်နေသည့်တိုင်အောင် အလွန်အင်မတန်မှ ချောမောလှပနေသည့်ပုံ ပေါက်နေဆဲပင်။

" ချုံးရိကျစ်။ ငါ နင့်ကို အဲဒီ လျှို့ဝှက်ပညာရပ် သင်ပေးခဲ့တုန်းက နင် ငါ့အတွက် ဘာမဆိုလုပ်ပေးမယ်လို့ ကတိတစ်ခုပေးခဲ့တယ်နော်။ အခု နင် ငါ့အတွက် လူတစ်ယောက်ကို သွားသတ်ပေးဖို့လိုတယ် “

All Chapters