← Chapters

ကမ္ဘာများကို ဖြတ်၍ လိုက်ဖမ်းခြင်း

Vol. 46 Ch. 627

ကမ္ဘာများကို ဖြတ်၍ လိုက်ဖမ်းခြင်း

Vol. 46 Ch. 627

ဗုဒ္ဓဘုံမှ ထိုက်ဧကရာဇ်ကောင်းကင်ဘုံသို့ ခရီးက ချင်မူ တွက်ထားသည်ထက် ကြာမြင့်နေသည်။ စွမ်းအင်အကူးအပြောင်းတံတားမှ အချိန်စီးကြောင်းကို သူတို့ မသိနိုင်သော်လည်း စွမ်းအင်အကူးအပြောင်းတံတား၏ အလင်းလှိုင်းများဆီမှ တုန်ခါမှုများကို ခံစားလိုက်ရ၏။ နှစ်ယောက်သား ခံစားချက်မကောင်းတော့ပေ။

ဤအခြေအနေအရ တစ်နာရီ၏လေးစိတ် သုံးစိတ် (၄၅မိနစ်) ပြည့်သွား၍ သိကြားဗုဒ္ဓ ထည့်သွင်းထားခဲ့သော ကောင်းကင်နတ်သိုင်းက တံတားကို ဖောက်ခွဲလိုက်ပြီဟု ဆိုလိုသည်။

သို့ဖြစ်၍ သူတို့နှစ်ယောက် ထိုက်ဧကရာဇ်ကောင်းကင်ဘုံသို့ မရောက်ခင်မှာပင် စွမ်းအင်အကူးအပြောင်းတံတား ပျက်စီးသွားလိမ့်မည်။ ချင်မူမှာ ဤဖြစ်ရပ်မျိုး မကြုံတွေ့ဖူးသဖြင့် အကြံမထွက်တော့ပေ။

“စွမ်းအင်အကူးအပြောင်းတံတား အချိန်မတိုင်ခင်ျ ပေါက်ကွဲသွားရင် ဘာဖြစ်မှာလဲ” စီးမျောနေသော အလင်းတန်းထဲ၌ သိကြားဗုဒ္ဓက ချင်မူ့ကို ကျယ်လောင်စွာ မေးလိုက်သည်။

ချင်မူလည်း အသံမြှင့်ပြောလိုက်၏။ “မကြာခင် သိရလိမ့်မယ်”

သိကြားဗုဒ္ဓ နားလည်သွား၍ အမူအရာပြောင်းလဲသွားတော့သည်။

ကမ္ဘာစွမ်းအင်အချင်းချင်း ဝင်တိုက်မှုကြောင့် စွမ်းအင်အကူးအပြောင်းတံတား၏ အလင်းတန်းမှာ ပြင်းပြင်းထန်ထန် တုန်ခါလာသည်။

စွမ်းအင်အကူးအပြောင်းတံတားက ဗုဒ္ဓဘုံနှင့် ထိုက်ဧကရာဇ်ကောင်းကင်ဘုံအကြား၌ စွမ်းအင်ကူးပြောင်း၍ ဆယ်သွယ်ပေးထားသော တံတားဖြစ်သည်။

ချင်မူနှင့် သိကြားဗုဒ္ဓ ထိုက်ဧကရာဇ်ကောင်းကင်ဘုံသို့ သွားသည့်အချိန်တွင် စွမ်းအင်ဟန်ချက်ညီရန်အတွက် ထိုက်ဧကရာဇ်ကောင်းကင်ဘုံမှ စွမ်းအင်တစ်စိတ်တစ်ပိုင်းသည် ဗုဒ္ဓဘုံသို့ ကူးပြောင်းရောက်ရှိလာရလိမ့်မည်။ ကူးပြောင်းလာမည့် စွမ်းအင်က ချင်မူနှင့် သိကြားဗုဒ္ဓတွင် ပါရှိ‌သော စွမ်းအင်နှင့် အချိုးညီမျှရမည်။

သို့သော် ဗုဒ္ဓဘုံရှိ စွမ်းအင်အကူးအပြောင်းတံတားမှာ ဆောလျင်စွာ ပေါက်ကွဲသွားခဲ့၏။ ရလဒ်အနေဖြင့် တံတား၏ အလင်းရောင်က ကူးပြောင်းနေသော စွမ်းအင်နှင့် ဝင်တိုက်မိသွား၍ တုန်ခါလှိုင်းများ ပေါ်ထွက်လာခြင်း ဖြစ်သည်။

သူတို့၏မျက်စိရှေ့တွင် ကမ္ဘာစွမ်းအင်တို့သည် ရောင်စုံပန်းပွင့်များသဖွယ် အရောင်မျိုးစုံ တောက်ပလင်းလက်နေ၏။ စွမ်းအင်ဝင်တိုက်မှုကြောင့် ချင်မူ၏ ရုပ်ခန္ဓာတွင် တဖျဉ်းဖျဉ်း နာကျင်လာသည်။

အရောင်များက အလင်းတန်းများသဖွယ် ရှည်ထွက်လာသည်။ ထို့နောက် အရောင်တစ်သောင်း ဖွဲ့စည်းနေသော ရေလှိုင်းလုံးကြီးပမာ ဖြစ်လာ၏။

“စွမ်းအင်တွေ အချင်းချင်း ချေဖျက်တော့မှာလား” သိကြားဗုဒ္ဓ ရင်တဒိန်းဒိန်း ခုန်လာသည်။

ရောင်စုံအလင်းထဲတွင် ချင်မူက တွက်ချက်ရေးကိရိယာများ ထုတ်ကာ စတွက်တော့သည်။ သူက ခေါင်းယမ်းကာ ပြောလိုက်၏။ “မချေဖျက်ကြဘူး... ထိုက်ဧကရာဇ်ကောင်းကင်ဘုံနဲ့ ဗုဒ္ဓဘုံမှာ စွမ်းအင်တွေ ထွက်သွားပြီဆိုတော့ တပည့်တော်တို့ကို ထိုက်ဧကရာဇ်ကောင်းကင်ဘုံဆီ ပို့ပေးလိမ့်မယ်... အဲဒါမှ ကမ္ဘာနှစ်ခုရဲ့ စွမ်းအင်ဟန်ချက်ကို ထိန်းညှိပေးနိုင်မှာ... မဟုတ်ရင် ကမ္ဘာနှစ်ခုလုံး တုန်ခါလာလိမ့်တယ်.... ထိုက်ဧကရာဇ်ကောင်ကင်ဘုံရဲ့ စွမ်းအင်က လမ်းကြောင်းအတိုင်း ထွက်လာပြီး တပည့်တော်တို့နဲ့ ဝင်တိုက်ပြီးပြီ... ဒီလိုစွမ်းအင်ဝင်တိုက်မှုမျိုးကို ကောင်းကင်နတ်သိုင်းနဲ့ ခုခံလို့မရဘူး... ကောင်းကင်နတ်သိုင်းနဲ့ ခုခံလိုက်ရင် တပည့်တော်တို့ရဲ့အရှိန်နဲ့ ဗုဒ္ဓဘုံဆီ သွားနေတဲ့ စွမ်းအင်အရှိန်လည်း သေသွားလိမ့်မယ်”

“အရှိန်သေသွားရင် ဘာဖြစ်မှာလဲ” သိကြားဗုဒ္ဓက မေးလေသည်။

“ကမ္ဘာနှစ်ခုအကြားမှာ ဒီစွမ်းအင်တွေနဲ့အတူ ထာဝရပိတ်မိသွားလိမ့်မယ်”

ချင်မူ ဆက်ပြောလိုက်၏။ “ရှေ့ဆက်တိုးလို့ မရသလို၊ နောက်လည်း ဆုတ်လို့မရဘူး”

သိကြားဗုဒ္ဓက နားလည်မသဖြင့် မေးသည်။ “ဘယ်သူက ဒကာ့ကို သင်္ချာသင်ပေးထားတာလဲ.... ဒကာ့အစွမ်းအစတွေက မသေးဘူးပဲ”

စွမ်းအင်လှိုင်းတစ်လှိုင်းက ချင်မူ့ဆီသို့ လာရောက်ထိမှန်သည်။ သူ၏ရုပ်ခန္ဓာမှာ နာကျင်သထက် နာကျင်လာ၏။ သူက နာကျင်မှုကို တောင့်ခံကာ ပြောလိုက်သည်။ “ထိုက်ရွှမ်သင်္ချာကျမ်းနဲ့ ရွှမ်းနွီသင်္ချာကျမ်းကို သင်ထားဖူးပါတယ်”

“အဲဒါကြောင့်ကိုး... တာအိုဂိုဏ်းရဲ့ သံမဏိခေါင်းတွေက ထူးချွန်ကြပေမယ့် အမြဲဘဝင်မြင့်လွန်းတယ်.... သူတို့က ဗုဒ္ဓဝါဒကို ဘောင်သွင်းလေ့မရှိဘူး.... ကိုယ်တော်တို့က နှလုံးသားကို လေ့လာပြီး နှလုံးသားရဲ့အလိုအတိုင်း ကျင့်သုံးတယ်လို့လည်း ထင်ကြတယ်... သူတို့တာအိုဂိုဏ်းကမှ စကြဝဠာကြီးရဲ့ တာအိုအစစ်ကို ထိန်းချုပ်နိုင်တယ်လို့ ထင်နေကြတာလေ”

သိကြားဗုဒ္ဓက အပြုံးတစ်ခုဖြင့် ပြောလေသည်။ “ဒါပေမဲ့ သူတို့ရဲ့ သင်္ချာက အမှန်တကယ် နက်နဲတယ်.... ကိုယ်တော် ရဟန်းငယ်ဘဝတုန်းက တာအိုဂိုဏ်းရဲ့ ပညာရှင်တွေနဲ့ တွေ့ခဲ့ဖူးတယ်... ကိုယ်တော့်အောက် မနိမ့်ကျကြဘူး”

သူတို့ စကားပြောနေကြစဉ် စွမ်းအင်ဝင်တိုက်မှုက ပြင်းထန်သထက် ပြင်းထန်လာသည်။ ချင်မူ ဆက်လက်မတောင့်ခံနိုင်တော့ပေ။ သူ၏ရုပ်ခန္ဓာသည် အချိန်မရွေး ပြိုကွဲသွားနိုင်၏။

ထိုစဉ် နူးညံ့သိမ်မွေ့သော ဗုဒ္ဓရောင်ခြည်တန်းများက သိကြားဗုဒ္ဓ၏ ပတ်ပတ်လည်တွင် တောက်ပလာပြီး စွမ်းအင်ဝင်တိုက်မှုဒဏ်မှ ကာကွယ်ပေးလိုက်သည်။ “အခုအချိန်က ကိုယ်တော့်ကျင့်စဉ်ကို ကျင့်ကြံဖို့ အကောင်းဆုံးအချိန်ပဲ”

ချင်မူ သူ့စကားကို ကြည့်သည့်အခါ စိတ်နှလုံးလှုပ်ခတ်သွားသည်။ သူ သိကြားကျမ်းစာကို တမုဟုတ်ချင်း ထုတ်လွှတ်ကြည့်လိုက်၏။

သူက လည်ပင်းတွင် ဉာဏပုတီးစေ့များ ဝတ်ထားပြီး ကျင့်စဉ်ကို ထုတ်ဖော်လိုက်သည်။ မှိန်ပျပျ ဗုဒ္ဓရောင်ခြည်တန်းများ သူ၏ဦးခေါင်းနောက်၌ ပေါ်ထွက်လာကာ တရိပ်ရိပ် ကွန့်မြူးနေသည်။ ဗုဒ္ဓသံများက ထူးဆန်းသော သင်္ကေတများအဖြစ် ဖွဲ့တည်၍ သူ၏ရုပ်ခန္ဓာနှင့် မူလဝိညာဉ်ကို ပေါင်းစည်းလိုက်၏။ ဗုဒ္ဓသင်္ကေတများက သူ၏ကောင်းကင်ရတနာများကိုပင် ခိုင်မာပြီး တည်ငြိမ်လာစေ၏။

သိကြားဗုဒ္ဓက ချင်မူ့ကို ကြည့်ကာ ကျေနပ်နေသည်။ ‘ဒီကောင်လေးရဲ့ အကြံအစည်တွေက မကောင်းပေမယ့် တွေးခေါ်နိုင်စွမ်းကတော့ မဆိုးဘူး... ငါ့ကျင့်စဉ်ကို ခဏအတွင်း ကျင့်ကြံနိုင်တယ်’

ချင်မူ၏ရုပ်ခန္ဓာ သိသိသာသာ တိုးတက်လာနေသည်ကို သူ မြင်နေရသည်။ ချင်မူ၏ မူလဝိညာဉ်နှင့် ကောင်းကင်ရတနာများကလည်း သန်မာသထက် သန်မာလာသည်။ ဤအခြင်းအရာအရ ချင်မူ့တွင် အတော်လေး ကောင်းမွန်သော ဗုဒ္ဓစိတ် ရှိသည်ဟု ဆိုလို၏။

‘ငါ့ဆီမှာ တပည့်ခံခိုင်းလိုက်ရင် ကောင်းမလား” ယခင်က တပည့်လက်ခံရန် သူ မတွေးခဲ့ဖူးပေ။ ချင်မူ၏ တွေးခေါ်နိုင်စွမ်းနှင့် အထုံပါရမီကို မြင်သည့်အခါ တပည့်အဖြစ် လက်ခံလိုစိတ်များ တဖွားဖွား ပေါ်လာတော့သည်။

ထို့နောက် သိကြားဗုဒ္ဓ၏ အမူအရာ မည်းမှောင်သွားပြီး ထိုအတွေးကို ခေါင်းထဲမှ ကပျာကယာ ထုတ်လိုက်သည်။

လောလောဆယ်တွင် ချင်မူက သိကြားကျမ်းစာကို ပြောင်းလဲ၍ သူ၏ကျင့်စဉ်နှင့် ‌ပေါင်းစည်းနေသည်။

ဆရာတစ်ယောက်သည် သူ၏ကျင့်စဉ်ကို တပည့်ဖြစ်သူမှ သင်ယူပြီးသည်နှင့် ပြောင်းလဲ၍ ဖျက်လိုဖျက်စီးလုပ်နေသည်ကို မည်သို့သည်းခံနိုင်ပါမည်နည်း။

ချင်မူ့ခေါင်းနောက်ရှိ ဗုဒ္ဓရောင်ခြည်တော်များက တစတစ ပြောင်းလဲလာသည်။ တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းလောက်အောင် သေးငယ်‌သော ဗုဒ္ဓများ အလင်းဘီးလုံးထဲ၌ သီတင်းသုံးပျံဝဲနေသကဲ့သို့ ထင်ရ၏။ ဗုဒ္ဓသံများတွင်လည်း နဂါးတွန်သံများ ကိန်းဝပ်လာ၏။

များစွာမကြာလိုက်ဘဲ သိကြားကျမ်းစာမှာ ချင်မူ့ကြောင့် ဖရိုဖရဲ ပြောင်းလဲသွားတော့သည်။ ဗုဒ္ဓကျင့်စဉ်ဟုပင် ထင်ရက်စရာ မရှိတော့ပေ။

သိကြားဗုဒ္ဓကို ပို၍ပင် ဒေါသထွက်သွားစေသည်မှာ ကျင့်စဉ်သည် သူ၏ကျင့်စဉ်နှင့် မတူတော့ခြင်းပင် ဖြစ်၏။ အချိန်ကြာလာသည်နှင့်အမျှ သူ၏ကျင့်စဉ်က ချင်မူ၏ကျင့်စဉ်နှင့် ပေါင်းစည်းသွားပြီး ချင်မူ့ကျင့်စဉ်၏ အစိတ်အပိုင်းအသေးလေးတစ်ခုသာ ဖြစ်သွားသည်။

‘ကံကောင်းလို့ ငါ့တပည့်အဖြစ် မလက်ခံခဲ့လို့သာပေါ့... လက်ခံမိခဲ့ရင် သူ့ကို သေအောင် ရိုက်သတ်မိလိမ့်မယ်’ သိကြားဗုဒ္ဓ ယိုင်ယိုင်ယွဲ့ယွဲ့ သက်ပြင်းချကာ သူ့ဘာသာသူ တွေးလိုက်မိသည်။

စွမ်းအင်များက လှိုင်းပုတ်နေသကဲ့သို့ တစ်လှိုင်းပြီးတစ်လှိုင်း ဝင်တိုက်နေသည်။ စွမ်းအင်သည် အလွန်ကြီးမားလာသဖြင့် သိကြားဗုဒ္ဓပင် တောင့်ခံရခက်လာ၏။

စွမ်းအင်ဝင်တိုက်မှုအား ကောင်းကင်နတ်သိုင်းဖြင့် ခုခံမရပေ။ စွမ်းအင်အကူးအပြောင်တံတား၏ စွမ်းအင်စီးဆင်းမှု ရပ်တန့်သွားလျှင် သူတို့ ထိုက်ဧကရာဇ်ကောင်းကင်ဘုံသို့ ဝင်နိုင်တော့မည်မဟုတ်ပေ။ သူ့မှာ ရုပ်ခန္ဓာဖြင့်သာ ခုခံနေရသောကြောင့် အတော်လေး ဒဏ်ခံနေရသည်။

နောက်ဆုံး ဝင်တိုက်မှုက သိကြားဗုဒ္ဓ၏ ရုပ်ခန္ဓာကိုပင် ကွဲထွက်သွားစေသည်။ သူ၏အရေပြားမှာ အဆက်မပြတ် အက်ကွဲလာပြီး မီးကျွမ်းလောင်သွားသကဲ့သို့ ပြာကျသွားသည်။ ပျက်စီးသွားသည့် အရေပြားနေရာတွင် အရေပြားအသစ်များ လျင်မြန်စွာ ပြန်ထွက်လာတတ်သည်။ ဤအဖြစ်အပျက်အရ သူ၏ရုပ်ခန္ဓာကား ပြိုင်ဘက်ကင်းသော အဆင့်အထိ ကျင့်ကြံထားပြီးကြောင်း ထင်ရှား၏။

သို့တိုင်အောင် သူက ချင်မူ့ကို အတတ်နိုင်ဆုံး ကာကွယ်၍ ပြင်းထန်သော စွမ်းအင်လှိုင်းလုံးများအကြား ထိခိုက်ဒဏ်ရာမရအောင် စောင့်ရှောက်ပေးထားသည်။ တစ်ချိန်တည်းမှာပင် စွမ်းအင်တချို့တစ်ဝက်အား ချင်မူ့ခန္ဓာကိုယ်သို့ ဝင်တိုက်ခွင့်ပေးလိုက်ကာ ချင်မူ့အား ဖိအားအောက်တွင် တိုးတက်လာအောင် တွန်းပေးနေသည်။

နောက်ဆုံးလှိုင်း ‌ကျော်ဖြတ်သွားသည့်အခါ သိကြားဗုဒ္ဓ စိတ်သက်သာရာရသွား၏။ သူက ချင်မူ့ကို ဆက်လက်မကာကွယ်ပေးတော့ပေ။

ဤအခိုက်အတန့်တွင် ဗျပ်စောင်းသံသဲ့သဲ့ ထွက်လာ၍ သိကြား‌ဗုဒ္ဓ၏အမူအရာ ပြောင်းလဲသွားသည်။ သူ အလျင်အမြန် နောက်လှည့်ကြည့်လိုက်ရာတွင် ယခုလေးတင် ကျော်ဖြတ်သွားသည့် စွမ်းအင်လှိုင်းမှာ ရုတ်တရက် သေးမျှင်ပါးလျသော အမျှင်တန်းများအဖြစ် ကွဲထွက်သွားသည်။

ဗျပ်စောာင်းသံသည် တစတစ ကျယ်လောင်ပြတ်သားလာပြီး ဟင်းလင်းပြင်သည်လည်း အဆက်မပြတ် တုန်ခါလာ၏။ ကူးပြောင်းနေသော စွမ်းအင်ဆီမှ အရောင်မျိုးစုံ ဖြာထွက်လာကာ  ဖရိုဖရဲဖြစ်လာသည်။ စွမ်းအင်က တဆတ်ဆတ် တုန်ခါ၍ ကခုန်နေသော သံစဉ်သင်္ကေတများသဖွယ် ဖွဲ့တည်လာသယောင် ထင်ရ၏။

ကခုန်နေသော သံစဉ်သင်္ကေတများက ခေါင်းကိုးလုံးမီးငှက်တစ်ကောင်အသွင် ပြောင်းလိုက်သည်။

ထို့နောက် ခေါင်းကိုးလုံးမီးငှက်က မီးလောင်ကျွမ်းသွားပြီး ဟင်းလင်းပြင်ထဲရှိ အကူးအပြောင်းစွမ်းအင်ကို ချေဖျက်ပစ်လိုက်၏။

“တောင်ကောင်းကင်ဘုံက ဇာမဏီနတ်မင်း ချီရှားယွီ”

သိကြားဗုဒ္ဓ အမူအရာ အကြီးအကျယ် ပြောင်းလဲသွားသည်။ “ငါတို့ကို လိုက်ဖမ်းနေတဲ့ တစ်ယောက်က အသည်းနှလုံးသားမရှိတဲ့ မိန်းမပဲ... ငါတို့တော့ သေပြီ”

သူက ချင်မူ့ကို မပြောမဆိုဖြင့် ကောက်မပြီး ရှေ့သို့ အလျင်အမြန် ပြေးတော့သည်။ ချင်မူက ကျင့်ကြံနေရာမှ နိုးလာကာ ကမန်းကတန်း ပြောလိုက်၏။ “ဗုဒ္ဓ၊ ကိုယ့်ဘာသာကိုယ် မပြေးနဲ့... ထိုက်ဧကရာဇ်ကောင်းကင်ဘုံရဲ့ လမ်းကြောင်းနဲ့ သွေဖီသွားလိမ့်မယ်”

သိကြားဗုဒ္ဓက အော်လိုက်သည်။ “ဧကရာဇ်ပလ္လင်အဆင့် သိုင်းပညာရှင်တစ်ယောက်ရဲ့ ကောင်းကင်နတ်သိုင်းက ငါတို့နောက်တည့်တည့်မှာပဲ... မကြာခင် ငါတို့ကို လိုက်မှီလာတော့မယ်... မပြေးရင် အသေဆိုးနဲ့ သေရမှာ”

“ဧကရာဇ်ပလ္လင်အဆင့် သိုင်းပညာရှင်တဲ့လား”

ချင်မူ တအံ့တဩ ထခုန်မိပြီး ခေါင်းလှည့်ကြည့်လိုက်၏။ “တပည့်တော်နောက် လိုက်လာတဲ့ တစ်ယောက်က အဲဒီလောက် သန်မာအားကောင်းတယ်လား... တပည့်တော်က ခုနစ်စဉ်ကြယ်အဆင့်ပဲ ရှိ‌သေးတာလေ... အဲဒီလောက်သန်မာအားကောင်းတဲ့သူ လိုက်ဖမ်းစရာလို...”

“သူက မင်းကို လိုက်ဖမ်းနေတာမဟုတ်ဘူး... ငါ့ကို လိုက်ဖမ်းနေတာ”

သိကြား‌ဗုဒ္ဓက အံတင်းတင်းကြိတ်၍ သူ၏ဗုဒ္ဓရောင်ခြည်တော်တန်းများဖြင့် ချင်မူက စွေ့သယ်ကာ အားကုန်ပြေးသည်။ သူ၏ခန္ဓာကိုယ်က အလင်းတန်းတစ်တန်းပမာ လျင်မြန်စွာ ပျံသန်းသွား၏။ “ခိုင်ဧကရာဇ်ခေတ်တုန်းက ငါ ဒီမိန်းမနဲ့ ရန်ကြွေးရှိခဲ့တယ်.... ငါ ပြဿနာရှာလိုက်တာ ကြားလို့ သူကိုယ်တိုင် လာရှာပြီး ကလဲ့စားလာချေတာပဲ”

ဗျပ်စောင်းသံက နောက်မှ ထွက်လာသည်။

ဤနေရာမှာ ထိုက်ဧကရာဇ်ကောင်းကင်ဘုံနှင့် ဗုဒ္ဓဘုံအကြားရှိ လေဟာနယ်ဖြစ်သည်။ အသံသည်ျ လေဟာနယ်ကို ဖြတ်မသွားနိုင်သော်လည်း ဇာမဏီနတ်မင်း ချီရှားယွီ၏ ကောင်းကင်နတ်သိုင်းက ဟင်းလင်းပြင်ကို ခွဲကာ ဝင်လာခဲ့၏။ အမြန်နှုန်းက မည်သည့်အရာနှင့်မျှ မယှဉ်နိုင်လောက်အောင် မြန်လွန်းသည်။

ချင်မူလည်း နောက်ပြန်လှည့်ကြည့်သည့်အခါ သူတို့အနောက်ရှိ ဟင်းလင်းပြင်မှာ အပေါ်အောက် ရွေ့လျားရင်း ပြောင်းလဲနေသည်ကို မြင်လိုက်ရသည်။ ဟင်းလင်းပြင်သည် တစ်ချက်တစ်ချက် ကွဲထွက်သွားပြီး တစ်ချက်တစ်ချက် အလွှာတစ်လွှာနှင့် တစ်လွှာအပေါ် ထပ်သွား၏။ တစ်ချက်တစ်ချက် တိုင်လုံးများသဏ္ဍာန် ဖြစ်လာတတ်သည်။ တစ်ချက်တစ်ချက် ဗဟိုတူစက်ဝန်းများသဖွယ် ထပ်သွားတတ်သည်။ သေးငယ်သော စက်ဝန်းများက ကားထွက်လာပြီး ကြီးမားသော စက်ဝန်းများကို ကျော်သွားတတ်၏။ ဤသို့ဖြင့် ဟင်းလင်းပြင်လှိုင်းဂယက်များမှာ အဆက်မပြတ် ပြောင်းလဲရင်း သံသရာလည်နေတော့သည်။

ဤကဲ့သို့ အသံကောင်းကင်နတ်သိုင်းက ချင်မူ၏ဗဟုသုတနယ်ပယ်ထက် ကျော်လွန်နေသောကြောင့် ချင်မူ မှင်သက်နေသည်။ ချီရှားယွီ၏ အသံကောင်းကင်နတ်သိုင်းကို သူ နားမလည်ပေ။ ဧက္ကရာဇ်ပလ္လင်အဆင့် သိုင်းသမားတစ်ယောက်၏ ကောင်းကင်နတ်သိုင်းက မည်မျှစွမ်းအားကြီးမားကြောင်း အမှန်တကယ် တွက်ကြည့်ရခက်၏။

သို့သော် သိကြားဗုဒ္ဓ ထွက်ပြေးနေသည်ကို ကြည့်ခြင်းအားဖြင့် ဤကောင်းကင်နတ်သိုင်းမျိုးမှာ သူ ခုခံနိုင်သော ကောင်းကင်နတ်သိုင်း ဟုတ်ပုံမရပေ။ ဤကောင်းကင်နတ်သိုင်းသာ ထိမှန်သွားပါက မုချ‌သေရလိမ့်မည်။

“ဗုဒ္ဓ ထိုက်ဧကရာဇ်ကောင်းကင်ဘုံရဲ့ လမ်းကနေ ချော်ထွက်သွားပြီ” ချင်မူက တွက်ချက်ကြည့်ပြီး မျက်မှောင်ကြုတ်သွား၏။

“အသက်က ပိုအရေးကြီးတယ်” သိကြားဗုဒ္ဓက အော်လေသည်။

ချင်မူမှာ မည်သို့မျှ ထပ်မပြောတော့ဘဲ သိကြားဗုဒ္ဓ သယ်ဆောင်ရာနောက်သို့ လိုက်သွားရသည်။ သူ့ရင်ထဲတွင်တော့ စိတ်ပူနေမိ၏။ ‘ဗုဒ္ဓက လမ်းကနေ ချော်ထွက်သွားနေပြီ... ဒီအတိုင်း ဆက်ပြေးနေရင် ထိုက်ဧကရာဇ်ကောင်းကင်ဘုံနဲ့ ဝေးသထက် ဝေးသွားလိမ့်မယ်... ထိုက်ဧကရာဇ်ကောင်းကင်ဘုံနဲ့ မဟာမြို့ပျက်ကို ပြန်နိုင်ပါ့ဦးမလား’

ဗျပ်စောင်းသံက ပြတ်သားသထက် ပြတ်သားလာသည်။ ချီရှားယွီ၏ ကောင်းကင်နတ်သိုင်းတွင် သတ်ဖြတ်လိုစိတ် မပါဝင်သည့်တိုင် သူတို့အနား ချဉ်းကပ်လာနေပြီဖြစ်၏။

ရုတ်တရက် သိကြားဗုဒ္ဓ၏ ပြေးနေသော ပုံရိပ်က ရှည်ထွက်လာသဖြင့် ချင်မူ အလန့်တကြား ထခုန်မိလိုက်သည်။

“သတိထား”

သိကြားဗုဒ္ဓက ကျယ်လောင်စွာ ဟိန်းဟောက်ပြီး နောက်ပြန်လှည့်ပြေးသည်။ သူ၏ဗုဒ္ဓရောင်ခြည်တန်းများက လင်းလက်တောက်ပလာကာ ဗျပ်စောင်းသံစဉ်များအား ကောင်းကင်နတ်သိုင်းများဖြင့် တိုက်ခိုက်လိုက်၏။

ဝုန်း

ချင်မူ မျက်လုံးပိတ်လိုက်သည်။ ဤအခိုက်အတန့်တွင် စူးရှသော အလင်းတန်းများ ဖြာထွက်လာ၍ သူ့မျက်လုံးများမှ မျက်ရည်များ အတားအဆီးမရှိ စီးကျလာသည်။

“ဒီမိန်းမက သိပ်သန်မာတာပဲ”

သိကြားဗုဒ္ဓ၏အသံက သူ့နားဘေး၌ ထွက်လာပြီး ချင်မူ လည်ချောင်းထဲမှ သွေးများဆို့တက်လာသည်ကို ခံစားလိုက်ရသည်။ သူ ထိတ်လန့်သွားမိ၏။

သိကြားဗုဒ္ဓသည် အယုတ္တအနတ္တများ ဆဲဆိုနေ၏။ ဣန္ဒြေသိက္ခာအပြည့်ရှိသော ဗုဒ္ဓတစ်ပါးက အယုတ္တအနတ္တများ ဆဲဆိုနေသည်ကို ကြည့်ခြင်းအားဖြင့် သူ၏ဒဏ်ရာများမှာ ပေါ့ပေါ့သေးသေး မဟုတ်လောက်ပေ။

ထို့နောက် တဝုန်းဝုန်း ထိတိုက်သံများ ထပ်ဆင့်ကဲ ထွက်ပေါ်လာသည်။ ချင်မူ မျက်လုံးဖွင့်လိုက်သော်လည်း မည်သည့်အရာကိုမှ မမြင်ရသေးပေ။ သိကြားဗုဒ္ဓက သူ့ကို သယ်ဆောင်ထားပြီး သူတို့နှစ်ယောက် လိမ့်နေသည်ကိုသာ ခံစားရသည်။ တခဏကြာသော် တစ်စုံတစ်ခုနှင့် တိုက်မိသွားပြီးနောက်မှ ရပ်လိုက်နိုင်လေသည်။

ချင်မူ ရွှေရောင်မိုးမခသစ်ရွက်ကို ခိုးကြောင်ခိုးဝှက် လှန်ကာ ကြည့်လိုက်သည်။ သူ အတန်ငယ် မှင်သက်သွား၏။ “ဒီနေရာက...”

သူ့အနောက်တွင် သူ့ကို ကာကွယ်ပေးထားခဲ့သော သိကြားဗုဒ္ဓမှာ ပက်လက်လန်နေ၏။ သူ့အသက်ရှူသံမှာ ခပ်မျှင်းမျှင်း ဖြစ်နေပြီး အက်ကွဲနေသည့်အသံဖြင့် ပြောလေသည်။ “ခိုင်ဧကရာဇ်ကောင်းကင်နတ်ဘုံရဲ့ ဒုတိယကောင်းကင်ဘုံပဲ... ဒီချီးထုပ်က ငါ ထင်ထားတာထက် နံနေတာပဲကွ”

“ဝေါ့”

သူ သွေးတစ်ပွက် အန်လိုက်ရသည်။

၎

င

၎

၎

All Chapters