နေရာတိုင်းမှာသာလွန်တယ်
Vol. 77 Ch. 1078
အခန်း (၁၀၇၈) နေရာတိုင်းမှာသာလွန်တယ်
ရန်ကျောက်ကဲက စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်ကို ထပ်မံထုတ်ဖော်လိုက်ပြီး ချန်ချန်းဟွာအား အောက်ဘက်မှ ချောက်နက်ကြီးဆီသို့ တဟုန်ထိုး ရိုက်နှက်ချလိုက်သည်။
သူ၏လက်ဝါးရိုက်ချက်ကြောင့် ချန်ချန်းဟွာ၏လက်များမှာ နောက်တစ်ကြိမ် ထပ်မံကျိုးပဲ့ပြီး ပုံပျက်ကာ အက်ကွဲသွားပြန်သည်။
ချန်ချန်းဟွာမှာ ရန်ကျောက်ကဲ၏ လက်ဝါးရိုက်ချက်ကို ခုခံနိုင်ခြင်းမရှိဘဲ ရိုက်ချက်က ဦးခေါင်းတည့်တည့်သို့ အရှိန်ပြင်းစွာ ထိမှန်သွားသည်။ သိုင်းပညာ အခြေခံအုတ်မြစ်ကောင်းလွန်းသဖြင့် ချန်ချန်းဟွာမှာ လက်ဝါးရိုက်ချက် တစ်ချက်တည်းဖြင့် အသက်ပျောက်မည့်ကိန်းမှ လွတ်မြောက်သွားသော်လည်း သူ၏ဦးခေါင်းအက်ကွဲကာ သွေးများကျဆင်းလာသည်။
တစ်ဖက်တွင် ထိုက်စွေ့အလံရှည်မှာလည်း ထူးကဲယန်စည်းတံဆိပ်၏ ဖိနှိပ်ခြင်းကို ခံထားရသည်။
အလံရှည်က လေထဲတွင်လွင့်ပျံနေပြီး အစိမ်းရောင်တစ်ချက်လင်းလက်သွားကာ အတားအဆီးအားလုံး ဖြတ်ကျော်ပြီး နေအလင်းရောင်တွေ့မြင်ရန် မြေဆီလွှာကြားမှ အပင်ပေါက်လေးတစ်ပင် ထိုးခွင်းထွက်ပေါ်လာသည်။
ထိုအပင်ပေါက်လေးက ပရမ်းပတာအခြေအနေကို ထိုးခွင်းလာပြီး အသက်သောမိုးမြေနှင့်အတူ ကြီးထွားမှုအား ရှာဖွေနေဟန် ရှိသည်။
အသစ်သောမိုးမြေတစ်ခွင်က ကျယ်ပြန့်သောပင်လယ်ပြင်နှင့် လွင်ပြင်များအဖြစ် ပြောင်းလဲသွားပြီး အပင်ပေါက်လေးသည်လည်း နတ်သစ်ပင်ကြီတစ်ပင်ပမာ ကြီးထားလာလျှက် နေမင်းကြီးပမာ ထွန်းလင်းတောက်ပနေသော ထူးကဲယန်စည်းတံဆိပ်အား တားဆီးထားလိုက်၏။
ထိုက်စွေ့အလံရှည်မှာ သူ့အပေါ်ဖိနှိပ်ထားသော ထူးကဲယန်စည်းတံဆိပ်အား ဖယ်ရှားရန် အံ့သြဖွယ်ရာ သွင်ပြင်လက္ခဏာများကို ထုတ်ဖော်ပြသခဲ့သည်။
သို့သော် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက အစိမ်းရင့်ရောင်ဝါးကိုင်းကိုဝှေ့ယမ်းကာ နောက်တစ်ကြိမ် ရိုက်နှက်ပစ်လိုက်ပြီး ထူးကဲယန်စည်းတံဆိပ်က ထပ်မံဖိနှိပ်ထားလိုက်ရာ ထိုက်စွေ့အလံရှည်မှာ အစိမ်းရောင်အလင်းတန်းများ တောက်ပသွားတော့၏။
ထိုအချိန်...
မြေကမ္ဘာနယ်မြေ လေထုထဲတွင် စတုတ္ထုမြောက် ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။
အသစ်ရောက်ရှိလာသူ၏မျက်ဝန်းများက တောက်ပနေပြီး ထိုမျက်ဝန်းများထဲတွင် နက်နဲသည့်အင်းသင်္ကေတများ လှည့်ပတ်နေသည်။
ထိုသူမှာ ချန်ချန်းဟွာ သန့်စင်ထားသော ကိုယ်ပွားတစ်ခု ဖြစ်၏။
ချန်ချန်းဟွာ၏ကိုယ်ပွားက တခြားအရာများကို အရေးမစိုက်ဘဲ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားလက်ထဲမှ အစိမ်းရင့်ရောင်ဝါးကိုင်းကိုသာ ကြည့်ရှုနေသည်။
“ရတနာဒင်္ဂါး... အံ့ဖွယ်ရတနာခုနစ်ပါးသစ်ပင်... နတ်ရိုက်ကြာပွတ်...”
ချန်ချန်းဟွာ၏ကိုယ်ပွား မျက်ဝန်းများ အနည်းငယ်တောက်ပသွားပြီး...
“အဲဒါတွေ တစ်ခုမှမဟုတ်သလိုပဲ ၊ ဒါပေမဲ့ အဲဒါတွေအားလုံး ပေါင်းစပ်ထားတယ်လို့ ထင်ရတယ် ၊ ဒီ လျှို့ဝှက်ချက်တွေကို မင်းဘယ်ကရခဲ့သလဲ ငါ တကယ် အံ့သြမိတယ်”
“နေဦး... မဟာကပ်ဘေးကြီးမတိုင်ခင်က အဲဒါမျိုးလုပ်နိုင်တဲ့ နေရာတစ်ခုရှိတယ် ၊ ဒါပေမဲ့ အဲဒီနေရာလည်း ဖျက်ဆီးခံလိုက်ရပြီ မဟုတ်လား”
ထိုကိုယ်ခွဲက ခေါင်းခါယမ်းလိုက်ပြီး သူ့မျက်နှာထွက်တွင် ရွှင်မြူးသော အမူအရာ ထွက်ပေါ်လာကာ...
“ကောလဟလတွေကြားတုန်းက ငါ အဲဒီနေရာကို အရေးမစိုက်ခဲ့ဘူး ၊ ဒါပေမဲ့ ထိုက်စွေ့အလံရှည်တောင် ခံနိုင်ရည်မရှိဘူးဆိုတော့ တခြား အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းတွေဆိုရင် ပိုဆိုးမှာပဲ”
ထို့နောက် ချန်ချန်းဟွာ၏ကိုယ်ပွားက လက်တစ်ဖက်ဝှေ့ယမ်းလိုက်ရာ အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။
ထိုအရာက ကြေးနီဒင်္ဂါးပြားတစ်ခုဖြစ်ပြီး စက်ဝိုင်းသဏ္ဌန်အတောင်ပံတစ်စုံ တဖျတ်ဖျတ်ခတ်နေသည်။
ထိုဒင်္ဂါး၏ အသွင်အပြင်ကိုမြင်သည်နှင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏မျက်ဝန်းများ ကျဉ်းမြောင်းသွားပြီး...
“ရတနာဒင်္ဂါးလား...”
သေသေချာချာ အနီးကပ်ကြည့်လိုက်တော့ ထိုအရာက ‘ရတနာဒင်္ဂါး’ အစစ်မဟုတ်ကြောင်း သဘောပေါက်သွားသည်။
ထိုအချိန် ဒင်္ဂါးပြားထက်တွင်ရေးသားထားသည့်စာလုံးများက အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲသွားပြီး လက်ခနဲ တောက်ပသွားသည်။ ၎င်း၏ ထိရောက်မှုက ‘ရတနာဒင်္ဂါး’ အစစ်နှင့် နှိုင်းယှဉ်မရသလို တစ်ကြိမ်သာလျှင် အသုံးပြုနိုင်သည်။
သို့ပေသိ ထိုပစ္စည်းက ဒဏ္ဍာရီလာ ‘ရတနာဒင်္ဂါး’ နှင့် ဆင်တူပြီး ရတနာပစ္စည်းများအား ပိုင်ရှင်၏လက်ထဲမှ ဖယ်ရှားပစ်နိုင်သည့် စွမ်းပကား ရှိသည်။
အစိမ်းရင့်ရောင်ဝါးကိုင်းကို ဆုပ်ကိုင်ထားသော မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏လက်များမှာ ထိုဒင်္ဂါးပြားမှ ထွက်ပေါ်လာသည့်အလင်းတန်းများနှင့် ထိတွေ့မိပြီး ဝါးကိုင်း လွတ်ကျလုမတတ် ဖြစ်သွားသည်။
ချန်ချန်းဟွာက ပြုံးလိုက်ရင်း...
“အမှန်ပဲ... ဒီဝါးကိုင်းက လက်နက်တစ်ခုဆိုတာထက် ထူးခြားတဲ့ ရတနာပစ္စည်းတစ်ခုပဲ ၊ ဒါပေမဲ့ ကောင်းကင်အောက်က ရတတနာပစ္စည်းတိုင်းကို တန်ပြန်တဲ့ ဒီဒင်္ဂါးက သဘာဝအတိုင်း တန်ပြန်လိမ့်မယ်”
ချန်ချန်းဟွာ၏ကိုယ်ပွားက အရှေ့သို့လျှင်မြန်စွာတိုးသွားပြီး လက်အုပ်ချီလိုက်ရာ ရွှေရောင်အလင်းတန်းများထွက်ပေါ်လာပြီး ဗုဒ္ဓဘာသာသိုင်းစွမ်းကို ထုတ်ဖော်လိုက်သည်။
ရန်ကျောက်ကဲ ပထမဆုံး တွေးမိသည်မှာ ချန်ချန်းဟွာက ဘုရားလောင်းစံပျော်ရာ သုခဘုံနှင့် ပတ်သက်နေသည်ဟူ၍ ဖြစ်သည်။
သို့သော် သေချာလေ့လာကြည့်တော့ ထိုကိုယ်ပွားတွင် ဗုဒ္ဓဘာသာ၏ ယုံကြည်ခြင်းအလင်းတန်း ထွက်ပေါ်နေခြင်းမရှိဘဲ ကိုယ်ပိုင်ကျင့်ကြံခြင်းဖြင့် သိုင်းသူတော်စင်အဆင့် တက်လှမ်းထားသူဖြစ်ကြောင်း သဘောပေါက်လိုက်သည်။
မဟာကပ်ဘေးကြီးမတိုင်ခင်က ဗုဒ္ဓဘာသာဝင်များမှာ ဘုရားလောင်းကို ယုံကြည်ကိုးကွယ်ပြီး နံ့သာပေါင်း ၊ အမွှေးတိုင် ၊ လှူဖွယ်ဝတ္ထုများကပ်လှူပူဇော်ရုံဖြင့် ယုံကြည်ခြင်းအလင်းတန်းရရှိကာ တန်ခိုးစွမ်းအားများ ထွက်ပေါ်လာကြသည်။
ထို့ကြောင့် ဗုဒ္ဓဘာသာ၏လွှမ်းမိုးနိုင်စွမ်း မြင့်မားလာခြင်း ဖြစ်၏။
ကမ္ဘတစ်ခုလုံးလေးစားရသည့် လင်စန်းတောင်မှ စကြာမုနိဗုဒ္ဓ ရှိခဲ့စဉ်က ကျင့်ကြံမှုလမ်းစဉ်ကို ပြုလုပ်သူ အနည်းငယ်သာလျှင် ကျန်ရှိတော့သည်။
မဟာကပ်ဘေးကြီးမတိုင်ခင်က ကောင်းကင်ဘုံနန်းတော်စာကြည့်တိုက်မှာပင် စကြာမုနိဗုဒ္ဓချမှန်ခဲ့သည့် ကျင့်စဉ်များ အနည်းကျဉ်းရှိနေသေးသည်။
ချန်ချန်းဟွာ၏ ဗုဒ္ဓဘာသာကျင့်ကြံသူ ကိုယ်ပွားကတော့ စိတ်၏သန့်စင်ခြင်းလမ်းကြောင်းအတိုင်း ကျင့်ကြံထားပြီး ကိုယ်ပိုင်ဝိညာဉ်စွမ်းအား ကြည်လင်သန့်စင်ခြင်းလမ်းစဉ်ကို လျှောက်လှမ်းခဲ့သည်။
သူ ထိုးနှက်တိုက်ခိုက်လိုက်သည်နှင့် နှိုင်းယှဉ်မရအောင် ကြီးကျယ်ခမ်းနားသည့် တန်ခိုးစွမ်းအားထွက်ပေါ်လာကာ မကောင်းမှုမိစ္ဆာများအားလုံး လွင့်စင်သွားသည်။
ရန်ကျောက်ကဲ၏ မြောက်ပိုင်းသမုဒ္ဓရာကိုယ်ပွားက ချန်ချန်းဟွာ၏ ဗုဒ္ဓဘာသာကျင့်ကြံသူကိုယ်ပွား၏ ထိုးနှက်ချက်ကို မရှောင်တိမ်းဘဲ ပင်လယ်ပြင်ကိုထိုးခွင်းသည့်ပမာ ကြီးမားသောလက်သီးချက်ဖြင့် ထိပ်တိုက်ရင်ဆိုင်လိုက်သည်။
လက်သီးချက်နှစ်ချက် ရိုက်ခတ်မိသည်နှင့် ပတ်ဝန်းကျင်မှ မိစ္ဆာချီများ လုံးဝသန့်စင်သွားပြီး ဗလာနယ်ထဲတွင် ပြင်းထန်သော မိုးခြိမ်းသံများ ပေါက်ကွဲထွက်သွားသည်။
ချန်ချန်းဟွာ၏ ဗုဒ္ဓဘာသာကျင့်ကြံသူကိုယ်ပွားက နောက်သို့ ခြေလှမ်းနှစ်လှမ်းပြန်ဆုတ်သွားချိန် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ခန္ဓာကိုယ်က အနည်းငယ် တုန်ခါသွားသည်။
သို့သော် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ လက်သီးတွင် သွေးခြေဥသည့်ပမာ အနီစက်များ ထင်ကျန်ရစ်ခဲ့သည်။
တန်ခိုးစွမ်းအားအရ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက သာလွန်ပြီး ရုပ်ခန္ဓာစွမ်းအားအရ ချန်ချန်းဟွာ၏ ဗုဒ္ဓဘာသာကျင့်ကြံသူကိုယ်ပွားက အနည်းငယ် သာလွန်သည်။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကဲ့သို့ပင် ချန်ချန်းဟွာ၏ကိုယ်ပွားသည်လည်း ကျင့်ကြံခြင်းအဆင့် တူညီသူများအလယ်တွင် ပိုမိုသာလွန်သူဖြစ်ပြီး နာမည်ကြီးရလောက်အောင် အစွမ်းထက်လွန်းသည် အမှန်ပင်။
“အဟက်...”
ရန်ကျောက်ကဲ၏ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက အေးစက်စွာရယ်မောလိုက်ပြီး အစစ်အမှန်သိုင်းဝိညာဉ်ကိုထုတ်လွှတ်လိုက်ရာ သူ၏ဦးခေါင်းထက်တွင် များပြားလှစွာသော ပုံရိပ်များ ထင်ရှားထွက်ပေါ်လာသည်။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ မူလဇာစ်မြစ်ဖြစ်သော ခွန်ဖိန်သတ္တဝါနှင့် အစစ်အမှန်နဂါးအသွင် ထွက်ပေါ်လာသည်။
သို့သော် ဤသည်က အစမျှသာ ရှိသေးသည်။
ခွန်ဖိန်သတ္တဝါနှင့် အစစ်အမှန်နဂါးနောက်တွင် ပိဖန်းငှက် ၊ ရွှေကျီးကန်း ၊ မုန်တိုင်းမွှေလိပ် ၊ မိစ္ဆာတောင်းတျဲတို့ ရှိနေကြသည်။
နက်နဲလေးလံသောပုံရိပ်များ အတူတကွထွက်ပေါ်လာပြီးနောက် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ခန္ဓာကိုယ်ထက်မှ သွေးကြောဆုံချက်များ ခုန်လှုပ်သွားကာ တန်ခိုးစွမ်းအား ပိုမိုမြင့်မားခမ်းနားလာ၏။
သူ ရှေ့သို့တိုးလိုက်သည်နှင့် မိုးမြေတစ်ခွင် မရေမတွက်နိုင်သော မိစ္ဆာသားရဲများ သောင်းကျန်းထကြွလာပြီး သမိုင်းမတည်ရှိမီ တောကန္တာကမ္ဘာသို့ ပြန်လည်ရောက်သွားအလား ထင်မှတ်ရသည်။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက နဂါးနှင့်ကျားများကဲ့သို့စွမ်းပကားဖြင့် ချန်ချန်းဟွာ၏ ဗုဒ္ဓဘာသာကျင့်ကြံသူကိုယ်ပွားကို ထိုးနှက်လိုက်ရာ ချန်ချန်းဟွာ၏ကိုယ်ပွားမှာ နောက်သို့ဆက်တိုက်ဆုတ်ခွာသွားရသည်။
ကိုယ်ပွားချင်းယှဉ်ပြိုင်ရာတွင်လည်း ရန်ကျောက်ကဲကပင် အသာစီးရခဲ့သည်။
ချန်ချန်းဟွာ၏ကိုယ်ပွားကို တွန်းလှန်ပြီးနောက် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ကောင်းကင်ထက်တွင်ပျံသန်းနေသော ကြေးနီဒင်္ဂါးကို လက်ဖြင့်တောက်ကာ အဝေးသို့ လွင့်စင်စေလိုက်သည်။
ဒင်္ဂါးပြားလွင့်ထွက်သွားသည်နှင့် အစိမ်းရင့်ရောင်ဝါးကိုင်းသည်လည်း ထိုပစ္စည်း၏ထိန်းချုပ်မှုမှ လွတ်မြောက်သွားပြီး ခရမ်းရောင်အလင်းတန်းများ ထွက်ပေါ်လာကာ ထိုက်စွေ့အလံရှည်ကို ထပ်မံရိုက်ချလိုက်သည်။
ထိုက်စွေ့အလံရှည်တုန်ခါလှုပ်ခတ်သွားစဉ် ထူးကဲယန်စည်းတံဆိပ်က အလံရှည်ကိုဖိနှိပ်ထားရင်း အောက်ဘက်သို့ ဆက်လက်ဆင်းသက်ကာ ငရဲကိုးထပ် မိစ္ဆာစွမ်းအားများကို ဖိနှိပ်ထားလိုက်သည်။
ထိုအချိန်...
ချောက်နက်ကြီးအတွင်းမှ လူတစ်ယောက်၏စိတ်နှလုံးကို တုန်လှုပ်သွားစေလောက်သည့် စူးရှသောအော်ဟစ်သံတစ်သံ ထွက်ပေါ်လာသည်။
အက်ကွဲကြောင်းတံခါးကို ဆွဲဖြဲပြီး ငရဲကိုးထပ်မှ အစစ်အမှန်နတ်ဆိုးတစ်ကောင်ထွက်ပေါ်လာကာ လေထဲသို့ ပျံသန်းလာခြင်းဖြစ်ပြီး မြင်ကွင်းက တုန်လှုပ်စရာကောင်းလှသည်။
သို့သော် သူ့အရှေ့မှ ကမ္ဘာလောကြီးအား ရှင်းရှင်းလင်းလင်း မမြင်ရသေးခင်မှာပင် အပေါ်ဘက်မှ ပြုတ်ကျလာသော ပုံရိပ်တစ်ခုနှင့် ရိုက်ခတ်မိသွားသည်။
ထိုပုံရိပ်မှာ ရန်ကျောက်ကဲ၏လက်ဝါးရိုက်ချက်ကြောင့် အောက်သို့လွင့်စင်လာသည့် ချန်ချန်းဟွာပင် ဖြစ်သည်။
နတ်ဆိုးမှာ ဘာမှမတုံ့ပြန်နိုင်ခင် သူ့မျက်လုံးရှေ့မှ ကမ္ဘာကြီးတစ်ခုလုံး မှေးမှိန်သွားပြီး ခေါင်းများ မူးဝေသွားရသည်။
ချန်ချန်းဟွာနောက်သို့လိုက်လာသော ရန်ကျောက်ကဲက ထိုနတ်ဆိုးကို တွေ့မြင်သည်နှင့် စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်ဖြင့် ရိုက်နှက်ပစ်လိုက်သည်။
မိုးမြေ မှောက်လှန်စေသော သူ၏လက်ဝါးရိုက်ချက်က လမ်းကြောင်းပေါ်တွင်ရှိနေသော ရန်သူမှန်သမျှအား ကြမ်းတမ်းစွာ ဖြတ်ကျော်သွားသည်။
တစ်ချိန်က အစွန်းရောက်ရှစ်ပါးကမ္ဘာအတွက် ကြောက်မက်ဖွယ်ရာအကောင်းဆုံးဖြစ်သော ငရဲကိုးထပ်မှ အစစ်အမှန်နတ်ဆိုးမှာ ရန်ကျောက်ကဲ၏ ရိုက်ချက်ကြောင့် လွင့်ထွက်သွားတော့သည်။
“တကယ့်ကို အစွမ်းထက်လွန်းတာပဲ”
ချန်ချန်းဟွာမှာ ဒဏ်ရာအပြင်းအထန်ရထားသဖြင့် အလွန်တရာ အားနည်းနေသည့်တိုင် သူ့မျက်နှာအမူအရာက ယခင်ကထက် စိတ်လှုပ်ရှားနေဟန် ရှိသည်။
ခေါင်းငုံ့ကြည့်လိုက်တော့ သူ၏ခန္ဓာကိုယ်တစ်ဝက်မှာ ငရဲကိုးထပ် အက်ကွဲကြောင်းတံခါးအတွင်း တစ်ဝက်တိတိ နစ်ဝင်နေပြီး အတွင်းမှ ကြီးမားသည့်စုပ်ယူစွမ်းအားက သူ့ကို ဆက်လက်စုပ်ယူနေသည်။
“စိတ်မကောင်းစရာပဲ... တကယ့်ကို စိတ်မကောင်းစရာပဲ”
ချန်ချန်းဟွာက ခေါင်းအထပ်ထပ်ခါယမ်းရင်း ဆိုသည်။
ရန်ကျောက်ကဲက တည်ငြိမ်စွာဖြင့်...
“အင်း.... မင်းက ကမ္ဘာဖြတ်လမ်းကြောင်းနယ်နိမိတ်တွေကို အချိန်မရွေးချိုးဖျက်ပြီး ငရဲကိုးထပ်ကနေ အထက်ဘုံကမ္ဘာကို အချိန်မရွေးပြန်သွားလို့ရနိုင်တာပဲ...”
ချန်ချန်းဟွာက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး...
“ဘယ်နေရာကပိုပြီး ပျော်စရာကောင်းမှာတဲ့လဲ”
ထို့နောက် ချန်ချန်းဟွာ ငရဲကိုးထပ်အက်ကွဲအကြောင်းအတွင်းသို့ အလိုအလျောက် နစ်မြုပ်သွားသည်။
“မင်းဟာမင်းပဲ ဆက်ပျော်လိုက်ပါ ၊ ငါကတော့ မင်းနဲ့အတူ ငရဲကိုးထပ်ကိုလိုက်ဖို့ ရည်ရွယ်ချက် မရှိဘူး ၊ ဒီ ‘ရန်’ က အရည်အချင်းမရှိပေမယ့် မင်းရူးတိုင်းတော့ လိုက်မရူးနိုင်ဘူး”
ထို့နောက် ရန်ကျောက်ကဲက ကျယ်လောင်သည့်အသံဖြင့်...
“ဒါပေမဲ့ မင်း ငရဲကိုးထပ်က လွတ်အောင်ပြေးမယ်ဆိုရင် နည်းနည်းပိုပြီးစိတ်ဝင်စားစရာကောင်းအောင် လုပ်ပေးလို့ရတယ် ၊ မင်း ငါ့ဆီက ဒီလိုနှုတ်ဆက်လက်ဆောင်ရရှိတာ အရမ်းပျော်မယ်လို့ ယုံကြည်တယ်”
ပြောပြီးသည်နှင့် ရန်ကျောက်ကဲလက်ထဲတွင် များပြားလှစွာသော အင်းသင်္ကေတစည်းတံဆိပ်များထွက်ပေါ်လာပြီး ထိုအရာများပေါင်းစပ်သွားကာ အနက်ရောင်အလင်းလုံးတစ်ခု ဖြစ်တည်လာသည်။
သူက ထိုအနက်ရောင်အလင်းလုံးကို ငရဲကိုးထပ်တံခါးအတွင်းသို့ ပစ်လွှတ်လိုက်၏။
အနက်ရောင်အလင်းလုံးက ချန်ချန်းဟွာ၏ ခန္ဓာကိုယ်ထက်သို့ ကျရောက်သွားပြီး ချက်ချင်းပင် သဏ္ဌန်မဲ့အနာရွတ်တစ်ခု ဖြစ်တည်လာကာ ထိုအနာရွတ်မှ အနက်ရောင်အလင်းစီးကြောင်းများ ထွက်ပေါ်လာသည်။
ထိုသဏ္ဌန်မဲ့မှော်ဝင်အနာရွတ်ကြောင့် ငရဲကိုးထပ်တစ်ခုလုံး လှုပ်လှုပ်ရှားရှားဖြစ်သွားပြီး ပင်လယ်ထဲကျရောက်သွားသည့်သွေးညှီနံ့အား ငါးမန်းများအနံ့ခံစုရုံးလာသည့်ပမာ မရေမတွက်နိုင်သောနတ်ဆိုးများ ချန်ချန်းဟွာထံသို့ စုရုံးရောက်ရှိလာကြလေတော့၏။