← Chapters

ပထမဘိုးဘေးကြီးနှင့် ပြန်တွေ့ခြင်း

Vol. 46 Ch. 631

ပထမဘိုးဘေးကြီးနှင့် ပြန်တွေ့ခြင်း

Vol. 46 Ch. 631

“ခိုင်ဧကရာဇ်က သူရဲ‌ကောင်းကြီး၊ ကပ်ဆိုးကြီးထဲကနေ ပြည်သူတွေကို ကယ်တင်ပေးခဲ့တဲ့လူ... သူ့ကို ယုံကြည်ပေးခဲ့တဲ့ လူတွေနဲ့အတူ သေအတူ ရှင်မကွာ လိုက်သွားမယ့်လူ... အဲဒီလိုလူမျိုးလို့ ငါ ထင်ခဲ့တယ်... ဒါပေမဲ့ သူက အဲဒီလိုလူမဟုတ်ခဲ့ဘူး”

မဟာမြို့ပျက်၏ ဒုက္ခိတဘိုးဘွားကျေးရွာတွင်

ချင်မူတစ်ယောက် မီးပုံ‌ဘေး၌ ထိုင်၍ အိုးထဲတွင် ပွက်ပွက်ဆူနေသော ရေကို ကြည့်နေသည်။ သူ၏အမူအရာသည် တည်ငြိမ်အေးဆေးလျက်သာ ရှိ၏။ “သမိုင်းအကြောင်း ပိုသိလာလေလေ၊ သူက ခိုင်ဧကရာဇ်ဖြစ်ဖို့ မထိုက်တန်ဘူးလို့ ခံစားရလေလေပဲ... သူက သူရဲကောင်းတွေရဲ့ ခေါင်းဆောင်ဖြစ်ဖို့ မထိုက်တန်ဘူး... အလကား ကြောက်နေပြီး သူ့ဘဝသူ အေးအေးချမ်းချမ်း နေသွားဖို့ပဲ တွေးနေတဲ့ အဘိုးကြီးတစ်ယောက်ပဲ ဖြစ်လောက်တယ်... သူ့မှာ အဲဒီသူရဲကောင်းတွေ မော်ကြည့်ရလောက်တဲ့ စိတ်ဓာတ်မျိုး မရှိဘူး”

“ကတော်” သူ့ဘေးရှိ ကြက်နဂါးမတစ်ကောင်က အလေးအနက် ‌ခေါင်းညိတ်ပြသည်။

“မင်းမှန်တယ်”

ချင်မူက ထင်းထပ်ထည့်လိုက်ပြီး သူ၏မျက်နှာမှာ အနည်းငယ် ဝမ်းနည်းနေသောပုံစံ ပေါက်လာသည်။ “သူ့မှာ အဲဒီလိုရည်မှန်းချက်မျိုးနဲ့ သတ္တိရှိရင် နောက်ဆုံးတိုက်ပွဲကျမှ ဘာလို့ ရုတ်တရက်ကြီး ဆုတ်ခွာသွားတာလဲ... ဘာလို့ သူ့ရဲ့‌နောင်တော်တွေနဲ့ သွေးသောက်ရဲဘော်တွေကို ပစ်ထားခဲ့တာလဲ... ပြည်သူတွေကို ကပ်ဆိုးကြီးထဲ ဘာကြောင့် ထားခဲ့တာလဲ... သူသာ ငါ ထင်ထားခဲ့သလို တကယ့် သူရဲကောင်းသာဆိုရင် ဒီနှစ်ပေါင်းနှစ်သောင်းအတွင်း ဘာတွေလုပ်ခဲ့လဲ... ဘာမှမလုပ်ခဲ့ဘူး”

ကြက်နဂါးမက ခေါင်းညိတ်၍ အလေးအနက် ပြောသည်။ “ကတော် ကတော်”

“ဟီးဟီး သူ ဘာမှကို မလုပ်ခဲ့တာ... သူ့နောက်လိုက်တွေ စိတ်ပျက်ကြတာလည်း မထူးဆန်းဘူး”

ချင်မူ တဟားဟား ထရယ်သည်။ ထို့နောက် ခေါင်းယမ်းလိုက်၏။ “ရွှင်ပျော်ပျော်ကျေးရွာဆီ ဘယ်လိုသွားရင်ကောင်းမလဲ... သက်တောင့်သက်သာနေ, နေတဲ့ သူ့ဘဝကို ပြောင်းပြန်လှန်ပစ်ချင်လိုက်တာ... ငါကိုယ်တိုင် သူ့ကို စစ်မေးရမယ်... ပရမတ္တလှေကို ပြင်ပြီး မောင်းလိုက်ရင်တော့ သူ့ကို ရှာတွေ့လောက်တယ်... ရွာလူကြီး ပရမတ္တလှေကနေ ရထားတဲ့ ကြေးမုံလည်း ငါ့မှာ ရှိသေးတယ်... ရွှင်ပျော်ပျော်ကျေးရွာကို သွားတဲ့ လမ်းကို အဲဒီထဲမှာ မှတ်ထားတယ်တဲ့.... ရွာလူကြီးပြောပုံအရတော့ ကြေးမုံပေါ်မှာ သူ စီရင်ထားတဲ့ အတားအဆီးအစီအရင်ကို ချိုးဖျက်ပြီးမှ ငါ ရွှင်ပျော်ပျော်ကျေးရွာဆီ သွားနိုင်လိမ့်မယ်....”

“ကတော်” ကြက်နဂါးမက ဇဝေဇဝါဖြင့် မေးလေသည်။

“မင်းက သိပ်သဘောကောင်းတာပဲ... ငါ လျှောက်ပြောနေတာတွေကို နားထောင်ပေးတယ်”

ချင်မူက ဓားတစ်လက်အား ဖြည်းဖြည်းချင်း ဆွဲထုတ်ရင်း သူ့ကို လှည့်ကြည့်သည်။ သူက နူးညံ့ပျော့ပျောင်းစွာ ပြောလိုက်၏။ “ဒါပေမဲ့ မင်း ငါ့လျှို့ဝှက်ချက်တွေ သိတာ များလွန်းနေပြီ... မရုန်းနဲ့... ကြက်နဂါးပြုတ်ကမှ လျှို့ဝှက်ချက်တွေ မပြောနိုင်တဲ့ ကြက်နဂါးပဲ... နောက်ဘဝကျရင် ကြက်နဂါးမဖြစ်ဖို့သာ ဆုတောင်းလိုက်တော့”

ဒုက္ခိတဘိုးဘွားကျေးရွာတစ်ရွာလုံး ဆူညံ့ပွက်လောရိုက်သွားပြီး ကြက်နဂါးများမှာ အုပ်လိုက်ကြီး ပူးကပ်လျက် ချင်မူ ကြက်နဂါးအား ပြုတ်နေသည်ကို ကြောက်လန့်တကြား ကြည့်နေကြသည်။

များစွာမကြာလိုက်ဘဲ ချင်မူ ဗိုက်ပြည့်သွားသည်။ သူက ကြက်ပြုတ်ရည် သောက်ပြီး အလွန်အရသာရှိစွာ ချက်ထားသော ကြက်သားကို စားလိုက်၏။ ‘ဘိုးဘိုးမျက်ကန်းနဲ့ ကျန်တဲ့သူတွေ ပြန်ရောက်မလာသေးဘူး... ရွာလူကြီးကို တွေ့ဖို့ ဖုန်းတုဆီ ရောက်နေကြတာပဲ ဖြစ်မယ်... ဒီနေရာက နယ်စပ်နဂါးမြို့နဲ့ သိပ်မဝေးတော့ သေခြင်းရှင်ခြင်းကြားရတနာတံတားဆီ သွားပြီး ဖုန်းတုထဲ ဝင်လို့ရမယ်... ဒါပေမဲ့ ရွာလူကြီးကို အရင်ဆုံး ဂါဝရပြုပြီး လာမယ့်အကြောင်း အသိပေးဦးမှ”

ချင်မူ ထထွက်လာခဲ့သည်။ မကြာခင်တွင် သူ မှတ်ထား‌သော တောင်ပေါ်ရွာလေးသို့ ရောက်လာ၏။ ထိုရွာထဲတွင် မိသားစုအနည်းငယ် အခြေချနေထိုင်ကြပြီး ရွာလူကြီး၏ ကျောက်ရုပ်တုအား အမှီပြုခဲ့ကြလေသည်။

ချင်မူ ရောက်သည့်အခါ မှင်သက်သွားသည်။ ရွာတွင် ကျောက်ရုပ်တုများ ရှိနေပြီး ရွာလူကြီး၏ ကျောက်ရုပ်တုကိုတော့ မတွေ့ရပေ။

“ခြေလက်မရှိတဲ့ ကျောက်ရုပ်တုကို ပြောတာလား... အရွှေ့ခံလိုက်ရပြီ”

ရွာသားများက သူ့ကို ပြောပြကြသည်။ “လူထူးဆန်းတွေ ဒီကို ရောက်လာကြတယ်... ပန်းပဲဆရာ၊ သားသတ်သမား၊ ဆေးဆရာ၊ ပန်းချီတွေရောင်းတဲ့လူ.. သူတို့တွေပဲ.... ကျောက်ရုပ်တုက သူတို့မိတ်ဆွေတဲ့လေ... ငါတို့အတွက် ဒီကျောက်ရုပ်တုတွေ ရွှေ့လာပေးပြီးတော့ အဲဒီကျောက်ရုပ်တုကို သယ်သွားတာကြပဲ”

“ဒါပေမဲ့ အဲဒီခြေပြတ်လက်ပြတ် ကျောက်ရုပ်တုကမှ အကောင်းဆုံး... သူ့ကို ပူဇော်ပသပေးရင် မကြာခဏ ကိုယ်ထင်ပြတတ်တယ်.. ဒီကျောက်ရုပ်တုတွေကတော့ အဲဒီလိုမလုပ်နိုင်ဘူး”

“အမှန်ပဲ အဲဒီလူတွေကြားမှ သူခိုးတစ်ယောက်လည်း ပါတယ်.... သူက ငါ့အိမ်ရှေ့မှ ချိတ်ထားတဲ့ ဝက်ပေါင်ခြောက်ကို ခိုးသွားသေးတယ်”

ချင်မူ အံ့အားသင့်သွားသည်။ ‘ဘိုးဘိုးရွှေအနဲ့ ကျန်တဲ့သူတွေလည်း ဒီကို ရောက်လာတယ်ပေါ့... ဘာလို့ ရွာလူကြီးရဲ့ ကျောက်ရုပ်တုကို ရွှေ့သွားကြတာလဲ’

သူ့မျက်လုံးများ လင်းလက်တောက်ပလာ၏။ ‘ဟုတ်သား.. ဘိုးဘိုးဆေးဆရာက ရွာလူကြီးရဲ့ ဝိညာဉ်ကို ပြန်ခေါ်ဖို့ ကြိုးစားနေတာပဲ ဖြစ်မယ်... ရွာလူကြီးကို အသက်ပြန်သွင်းဖို့ ပြင်နေကြတာနေမှာ’

သူ စိတ်လှုပ်ရှားလာပြီး နယ်စပ်နဂါးမြို့သို့ အလျင်အမြန် ထွက်လာခဲ့သည်။

...

နယ်စပ်နဂါးမြို့

ဤမြို့သည် စီးပွားရေးလုပ်ငန်းများအတွက် အချက်အချာကျသော အထွတ်အမြတ်မြေတစ်မြေ ဖြစ်လာခဲ့၏။ နှစ်အနည်းငယ်အတွင်း တိုးတက်နှုန်းက ချင်မူ ထင်ထားသည်ထက် ကျော်လွန်သွားခဲ့ချေပြီ။

နိုင်ငံအသီးသီးမှ ကုန်စည်မျိုးစုံ ဤနေရာတွင် စုဝေးနေကြ၍ လေသင်္ဘောများ ထွက်ချည်၊ ဝင်ချည် ပျံသန်းနေကြလေသည်။ လေသင်္ဘောအရေအတွက်ကား ပြွတ်သပ်ကြပ်နေပြီး ကုန်စည်များ တင် ၊ချနေသော သင်္ဘောများကိုလည်း တွေ့မြင်ရ၏။

အရှေ့ကမ္ဘာမြေနှင့် အလယ်ကမ္ဘာမြေ၏ ကုန်သည်အားလုံး ဤမြို့တွင် ကုန်စည်ကူးသန်းကြသည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာနှင့် အနောက်ကမ္ဘာမြေအထိ ဒုက္ခခံ၍ သွားစရာ မလို‌တော့သောကြောင့် သူတို့အတွက် အလွန်အဆင်ပြေသည်။ နယ်စပ်နဂါးမြို့အပြင် မဟာမြို့ပျက်ရှိ မြို့များလည်း တိုးတက်စည်ပင်လာကြ၏။

စီးပွားရေးတိုးတက်လာသည်နှင့်အမျှ အခြေခံကျောင်းများ၊ တက္ကသိုလ်များလည်း ပေါ်ထွက်လာကြသည်။ ထို့ကြောင့် မဟာမြို့ပျက်၏ မြို့တိုင်းနယ်တိုင်းတွင် ကျောင်းများစွာ ထူထောင်ထားကြ၏။ မဟာမြို့ပျက်သားတို့လည်း ကျောင်းသားများ ဖြစ်လာကြပြီး ကောင်းကင်နတ်သိုင်းတို့အား သင်ယူလာနိုင်ကြသည်။ ဆန်းကြယ်သားရဲကြီးများပင် လူအသွင်ပြောင်း၍ ပညာသင်ယူရန် ကျောင်းတက်ကြလေသည်။

ချင်မူ သေခြင်းရှင်ခြင်းကြားတံတားဆီသို့ ရောက်သည့်အချိန်တွင် အလွန်စည်ကားနေကြောင်း မြင်ရသည်။ ကျောင်းသားများသည် ဖုန်းတုသို့ ဝင်နိုင်ရန် ငွေကြေးများ သုံးစွဲနေကြ၏။

သေခြင်းရှင်ခြင်းကြားတံတားကို စောင့်ကြပ်နေသူမှာ ကောင်းကင်တန်ခိုးရှင်ဂိုဏ်း၏ စံအိမ်သခင်တစ်ဦးဖြစ်သည့်အတွက် ချင်မူ ဝင်ကြေးပေးရန် မလိုပေ။ သူက လှေစီး၍ ဖုန်းတုထဲ ရွက်လွင့်လာသည်။ တံတားအဆုံးသို့ ရောက်သည့်အခါ ချင်မူ လေပေါ်မှ ဆင်းကာ ဖုန်းတုထဲ ဝင်လိုက်သည်။ သူ့ကိုယ်သူ ငုံ့ကြည့်လိုက်ရာတွင် အရိုးစုတစ်စု ဖြစ်နေကြောင်း တွေ့လိုက်ရ၏။

“လူသားဧကရာဇ်ချင်”

ချင်မူ အသံလာရာဆီသို့ ကြည့်လိုက်၏။ အရပ်ငါးပေသာ ရှိသော လူသားဧကရာဇ်ရီရှန်းက သရဲတစ္ဆေများကို တိုးဝှေ့ရင်း လာနေသည်ကို မြင်လိုက်ရ၍ ချင်မူ လှမ်းပြုံးပြလိုက်သည်။ “မင်းဟုတ်နေတာပဲ.. မင့်အရိုးစုကို မြင်လိုက်ကတည်းက မင်းမှန်း တန်းသိလိုက်တာကွ”

ချင်မူ အလျင်အမြန် နှုတ်ဆက်လိုက်သည်။ “ဆရာ့ရဲ့ ဆရာကြီး”

လူသားဧကရာဇ်ရီရှန်းက သတိအနေအထားဖြင့် မေးလေသည်။ “ဘာလို့ ဖုန်းတုလာတာလဲ... မင်းရဲ့ဘိုးဘေးတွေကို ထပ်ရိုက်ဖို့ တွေးနေတာလား... စုကလေးဘက်က ရပ်တည်ပေးမလို့လား”

ချင်မူက ‌ခေါင်းယမ်းကာ ပြောလိုက်၏။ “ကျွန်တော် ရွာလူကြီးကို တွေ့ဖို့ လာတာပါ...”

လူသားဧကရာဇ်ရီရှန်းမှာ သက်ပြင်းချလိုက်သည်။ သူက ခေါင်းလှည့်ပြီး လမ်းထောင့်မှ ခေါင်းပြူထွက်ကာ ချောင်းကြည့်နေကြသူများဆီသို့ လက်ဝှေ့ယမ်းပြလိုက်၏။ “ငါ့ကို ရိုက်ဖို့ လာတာမဟုတ်ဘူးတဲ့ ထွက်လာခဲ့ကြ”

လူသားဧကရာဇ်ချီကန်း၊ လူသားဧကရာဇ်လန်ပိုနှင့် ကျန်ရှိသူများအားလုံး လမ်းထောင့်မှ ထွက်လာကြသည်။ လူသားဧကရာဇ်ချီကန်းက အသံအကျယ်ကြီးဖြင့် မေးလေသည်။ “လူသားဧကရာဇ်ချင်၊ ဟိုခွေးကောင်လေးစုမူကျဲ မင်းဆီ လာတိုင်သေးလား”

ချင်မူ ဇဝေဇဝါဖြင့် မေးလိုက်မိသည်။ “ရွာလူကြီးက ကျွန်တော့်ကို ဘာလို့လာတိုင်ရမှာလဲ”

အားလုံး တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ထူးဆန်းစွာ ပြုံးလိုက်ကြသည်။ ထို့နောက် မျှောချပြီး ထပ်မပြောတော့ပေ။

ချင်မူ မယုံသင်္ကာ မေးလိုက်မိသည်။ “ဘာဖြစ်ခဲ့လို့လဲဗျ... ဘာကြောင့် ရွာလူကြီးက အရိုက်ခံရတာလဲ... ဆရာကြီးတို့ကို ရန်စမိလို့လား”

ပဉ္စမဘိုးဘေးကြီးက တဟဲဟဲရယ်လိုက်သည်။ “စုမူကျဲ အဲဒီခွေးကောင်လေး ဖုန်းတုမှာမရှိဘူး... သူ့ကို ကြေးမျက်နှာဖုံးနဲ့လူက အသက်သွင်းပေးလိုက်တော့ မြောက်ကြွမြောက်ကြွနဲ့ မင်းကို ရှာဖို့ဆိုပြီး ထိုက်ဧကရာဇ်ကောင်းကင်ဘုံကို ထွက်သွားတယ်... အရင်လတွေက လူထူးဆန်းတွေ သူ့ကို လာရှာပြီး စကားများလိုက်ကြတာဆိုတာ နားမခံနိုင်ဘူး... လူထူးဆန်းတစ်ယောက်က ကြေးမျက်နှာဖုံးနဲ့ကွ... သူက ခွေးကောင်လေးကို ကယ်လို့ရသေးတယ်တဲ့.. ငှက်နတ်ဘုရားချိရှို့ကလည်း ပြောတယ် ... ခွေးကောင်လေးက လူသေတစ်ပိုင်း၊ လူရှင်တစ်ပိုင်းမလို့ လူနံ့နံတယ်လေ... ဒါကြောင့် ကြေးမျက်နှာဖုံးနဲ့လူက ခွေးကောင်လေးစုကို အသက်ပြန်သွင်းပေးလိုက်တာပဲ”

ချင်မူ မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်ပြီး အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ “အဲဒီလိုလား ... ကြေးမျက်နှာဖုံးနဲ့လူက ကျွန်တော်တို့ရွာက ဘိုးဘိုးဆေးဆရာပါ.. သူက ဆေးပညာမှာ နံပါတ်တစ်လေ.. သူ့ဆေးပညာက ကျွန်တော့်ထက်တောင် မြင့်သေးတယ်.. သူကိုယ်တိုင် ကုပေးတာဆို ရွာလူကြီး သေချာပေါက် အကောင်းတိုင်း ပြန်ဖြစ်သွားလိမ့်မယ်.. ဒါနဲ့ ဘိုးဘိုးတို့က ရွာလူကြီးကို ဘာကြောင့် ရိုက်ချင်ကြတာလဲ”

လူသားဧကရာဇ်ချီကန်းက အလျင်အမြန် ဖြေလိုက်သည်။ “ခွေးကောင်လေးက ငါတို့ကို လိမ်လို့ ရိုက်ခဲ့ကြတာပါ... သူ ပြန်ရောက်လာတော့ ‌လောကသခင်ခန္ဓာမှတ်တမ်း ရှာတွေ့ခဲ့တဲ့အကြောင်း ပြောတယ်လေ... ငါတို့မှ သူ့ကို မရိုက်ရင် ဘယ်သူ ရိုက်မတုံး... ငါ့တပည့်က ငါ့ကိုတောင် လိမ်ရတယ်လို့ ကြားတောင်မကောင်းဘူး... သူ့ကို တစ်ကြိမ်ရိုက်တာ နည်းလို့ ငါတို့အားလုံး နေ့တိုင်း ရိုက်ခဲ့ကြတာ”

“နေ့တိုင်းဟုတ်လား”

ချင်မူ့မျက်နှာ မည်းမှောင်သွားပြီး နူးညံ့ပျော့ပျောင်းစွာ ပြောလိုက်သည်။ “ဘိုးဘိုးတို့၊ တပည့်လေး အပြင်ကနေ စွမ်းရည်တွေ သင်ယူခဲ့ရပါတယ်... ဘိုးဘိုးတို့ ကျွန်တော့်ကို ထောက်ပြပေးစေချင်ပါတယ်”

လူသားဧကရာဇ်အားလုံး အမူအရာပြောင်းလဲသွားကြပြီး စကားလမ်းကြောင်း လွှဲကြတော့သည်။

“လွန်ခဲ့တဲ့ ရက်ပိုင်းက လူတစ်ယောက် ငါ့အတွက် အဝတ်တစ်စုံ မီးရှို့ လှူဒါန်းခဲ့တယ်... လက်ရာက သိပ်မဆိုးဘူးကွ... ငါ ဒီနေ့ ထုတ်ဝတ်ဖို့ ကြွားဖို့ မေ့နေတာ”

“ငါက လူသားဧကရာဇ်ဆိုတာ ကြားလို့ ပူဇော်လှူဒါန်းကြတဲ့ လူတွေလည်း ရှိတယ်”

“ဟုတ်သား ငါ့အတွက်လည်း စက္ကူအစေခံတွေ လှူသေးတယ်... တစ်ယောက်ယောက်က သက်ရှိကမ္ဘာမှာ ငါတို့ကို အမှတ်ရနေတာဖြစ်မယ်”

“အဘိုးကြီးလင်း၊ ဧကရာဇ်ယန်ဖုန်းက ဘိုးဘေးတွေကို ပူဇော်ဖို့ ကောင်းကင်ကျောင်းဆောင် တည်ဆောက်ခဲ့တယ် ကြားတယ်... သူက အိမ်ထောင်စုစာရင်း ပြန်ကြည့်ပြီး သူက မင်းရဲ့ မျိုးဆက်လို့ ပြောနေတယ်... အဲဒီအစေခံတွေကြည့်ရတာ ဧကရာဇ် မင်းအတွက် ပူဇော်လှူဒါန်းပေးခဲ့တာတွေ ဖြစ်မယ်”

....

ချင်မူလည်း သူတို့ကို အမှန်တကယ် ရိုက်ရန် စိတ်ကူးမရှိပေ။ သူက အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ “ဘိုးဘိုးတို့၊ ကျွန်တော် ဒီတစ်‌ခေါက် ဒီကို လာခဲ့တာ ရွာလူကြီးကို ရှာဖို့ပါ... ရွာလူကြီး မရှိမှတော့....”

သူ စကားပင် ပြော၍မပြီးသေးခင် လမ်းအဆုံးထံ ကြည့်ပြီး သူ့အရှိန်အဝါမှာ ပြင်းပြင်းထန်ထန် တုန်ခါသွားသည်။

လူသားဧကရာဇ်များလည်း သူ့အရှိန်အဝါ ပြောင်းလဲသွားသည်ကို သတိထားမိသဖြင့် လမ်းအဆုံးသို့ လှမ်းကြည့်ကြသည်။ ခပ်ငယ်ငယ် လူသားဧကရာဇ်တစ်ယောက် ရပ်၍ ချင်မူ့အား တိတ်ဆိတ်စွာ ကြည့်နေသည်ကိုသာ သူတို့ မြင်လိုက်ရ၏။

ဒုတိယဘိုးဘေးကြီးမှာ ရင်ထဲတွင် တင်းကြပ်သွားပြီး ကပျာကယာ ဝင်ပြောလိုက်သည်။ “လူသားဧကရာဇ်ချင် ပထမဘိုးဘေးကြီးနဲ့ မတွေ့ဖူးသေးဘူးမလား... ငါ မင်းနဲ့ မိတ်ဆက်ပေးမယ်...  ပထမဘိုးဘေးကြီး၊ ဒါ လူသားဧကရာဇ်ချင်တဲ့၊ လက်ရှိလူသားဧကရာဇ်လေးပါ့... သူက ကျွန်တော်တို့ကို တွေ့ဖို့ ဒီလာတာပါ... ခင်ဗျားရဲ့ သေခြင်းရှင်ခြင်းကြားရတနာကိုလည်း သူပဲ အသုံးပြုပြီး သေဆုံးသူတို့ရဲ့ကမ္ဘာနဲ့ သက်ရှိကမ္ဘာကြား ဆက်သွယ်ပေးခဲ့တာ... သူက သိပ်ဉာဏ်ကောင်းတယ်မထင်ဘူးလား... လူသားဧကရာဇ်ချင်၊ ပထမဘိုးဘေးကြီးကို မြန်မြန် ဂါဝရပြုလိုက်”

“မလိုဘူး”

ချင်မူက လက်ကာပြကာ မှင်သေသေ ပြောလိုက်၏။ “ဒုတိယဘိုးဘိုးရဲ့ အရိုးစုကို သူ ဖျက်စီးခဲ့တယ်... ဘိုးဘိုးမသိဘဲ မနေပါဘူး... သူ ဘာလုပ်ခဲ့မှန်း ဘိုးဘိုးက ကျွန်တော့်ထက် ပိုသိပါတယ်”

ဒုတိယဘိုးဘေးကြီးမှာ အတန်ငယ် အံ့အားသင့်သွားပြီး ပါးစပ်ဟလိုက်သော်လည်း ပြောစရာစကား ရှာမတွေ့ပေ။

ပထမဘိုးဘေးကြီး လူသားဧကရာဇ်က လျှောက်လာပြီး အနိမ့်အမြင့်မရှိ‌သော လေသံဖြင့် ပြောသည်။ “မင်း ဒီကို ရောက်လာမှတော့...”

“ဟုတ်တယ် ခင်ဗျားလည်း ဒီရောက်နေမှတော့”

ချင်မူက လက်မြှောက်၍ နဖူးပေါ်ရှိ ရွှေရောင်မိုးမခသစ်ရွက်အား ခွာလိုက်သည်။ သူသည် အစတုန်းက ဖုန်းတုထဲတွင် အရိုးစုသဖွယ် ဖြစ်နေခဲ့သော်လည်း ယခုတွင် အသွေးအသားများ ပြန်လည်ထွက်ပေါ်လာ၏။

ချင်မူ ခြေလက်များအား လှုပ်ခါကာ ဆက်ပြောလိုက်သည်။ “ကျုပ် မပြန်ခင် ခင်ဗျားကို သေအောင် ရိုက်သတ်ပစ်မယ်”

လူသားဧကရာဇ်အားလုံး မှင်သက်သွားသည်။ ချင်မူသည် သေခြင်းနှင့်ရှင်ခြင်းကြား၌ မရှိတော့ဘဲ ရုပ်ခန္ဓာ ပြန်ရရှိသွား၏။ ဤသည်မှာ မဖြစ်နိုင်သော အရာပင်။

သူတို့မသိသည်မှာ ချင်မူက ယိုတုတွင် မွေးဖွားလာသူဖြစ်ပြီး ဖုန်းတုက ယိုတု၏ တစ်စိတ်တစ်ပိုင်း ဖြစ်၏။ ယခင်တုန်းက ဖုန်းတု၏ စည်းကမ်းချက်များကြောင့် ဖုန်းတုသို့ သူ ဝင်လာတိုင်း အရိုးစုတစ်စုအဖြစ် ပြောင်းလဲသွားခဲ့သည်။

ယခုတွင် တတိယမျက်လုံး ဖွင့်လိုက်သည့်အခါ ယိုတုသား‌တော်တစ်ဝက် နိုးထလာခဲ့ချေပြီ။ သို့ဖြစ်၍ တတိယမျက်လုံးဖွင့်လျှင် သူ့ခန္ဓာကိုယ်တွင် အသွေးအသားများ ပြန်ထွက်လာလိမ့်မည်။

ချင်မူ့အကြည့်က လမ်းလျှောက်လာနေသော ပထမဘိုးဘေးကြီးဆီမှ မခွာပေ။ သူ့နှလုံးသားထဲ၌ ဧရာမလှိုင်းလုံးကြီးများ တဝုန်းဝုန်း ရိုက်ခတ်နေ၏။ လူသားဧကရာဇ်ခန်းမအပြင်တွင် ပထမလူသားဧကရာဇ်က သူ့အား အနိုင်ယူခဲ့သည်။ ထိုလူ လူသားဧကရာဇ်ဟောင်းတို့၏ သွေးချွေးများအား ဖျက်စီးခဲ့သည်ကို သူ ကြည့်ခဲ့ရသည်။ ဒုတိယဘိုးဘေးကြီး၏ အရိုးစုနှင့် ကမ္ဗည်းကျောက်စာတိုင်အား ခြေမွခဲ့သည်ကိုလည်း ကြည့်ခဲ့ရသည်။

ပထမလူသားဧကရာဇ်ကြောင့် ချင်မူ့ဘဝတွင် မရှုမလှ ရှုံးနိမ့်ခဲ့ရသည်။ ထိုရှုံးနိမ့်မှုက အကြီးမားဆုံးလည်း ဖြစ်သည်။ သူ့ကို လပေါင်းများစွာ စိတ်ဓာတ်ကျစေခဲ့၏။ ထို့ကြောင့် သူ့အသက်ကိုပင် လောင်းကြေးထပ်ကာ ထိုက်ဧကရာဇ်ကောင်းကင်ဘုံသို့ ဝင်ခဲ့ပြီး ပထမလူသားဧကရာဇ်အား အနိုင်ယူနိုင်မည့် ကျင့်စဉ်သိုင်းကွက်များအား သင်ယူလေ့လာခဲ့ရ၏။

လမ်းစဉ်အဆင့်သို့ တက်လှမ်းစေခဲ့သော ကျင့်စဉ်၊ သူ၏ကပ်ဘေးဓား... တိုးတက်မှုအားလုံး ဤလူ၏ဖိအားကြောင့် ဖြစ်ခဲ့သည်။

သူ့ရင်ထဲရှိ အကြီးမားဆုံးရန်သူသည် ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ ကောင်းကင်နတ်ဆိုးမျိုးနွယ်လည်း မဟုတ်၊ အထက်ကောင်းကင်ရှိ ကောင်းကင်နတ်ဘုံလည်း မဟုတ်။ သူ့အရှေ့ရှိ လူ၊ လူသားဧကရာဇ်ခန်းမ၏ တည်ဆောင်သူ .... သူ လေးစားခဲ့မိသောလူ၊ သူ့အိပ်မက်များကို ဖျက်စီးခဲ့သူပင် ဖြစ်သည်။

ပထမလူသားဧကရာဇ်၏အမူအရာက တည်ငြိမ်နေသည်။ “ဒီမှာလား.. ဒီနေရာက အဆင်မပြေဘူး... ဖုန်းတုပျက်စီးသွားရင် ယမမင်းနဲ့ စကား‌ပြောနေရလိမ့်မယ်... လူသားဧကရာဇ်ခန်းမကို သွားလိုက်.. ငါ မင်းကို အနိုင်ယူပြီးရင် နောက်လူသားဧကရာဇ်တစ်ယောက်ရဲ့ အရိုးစု ဖျက်စီးရမယ်”

ချင်မူက မည်းမှောင်နေသောမျက်နှာဖြင့် ချာခနဲ လှည့်၍ ဖုန်းတုအပြင် ထွက်သွားသည်။ “လူသားဧကရာဇ်ခန်းမမှာ စောင့်နေ”

၎

င

၎

၎

All Chapters