လူသားဧကရာဇ်ခန်းမမှ ဖောက်ထွက်သွားခြင်း
Vol. 47 Ch. 632
ဒုတိယဘိုးဘေးကြီးက ချင်မူ့ကို လိုက်ပို့သည်။ သူ လှည့်လိုက်သည့်အခါ ပထမဘိုးဘေးကြီးလည်း ပျောက်ကွယ်သွားခဲ့ကြောင်း သတိထားမိလိုက်၏။
ပထမဘိုးဘေးကြီးသည် မသေသေးသူ ဖြစ်၍ ရုပ်ခန္ဓာကို ကျောက်ရုပ်ဖြစ်စေလိုက်ရုံဖြင့် ဖုန်းတုသို့ ဝင်လာနိုင်သည်။ သူ၏မူလဝိညာဉ်တွင်လည်း အံ့အားသင့်ဖွယ် အစွမ်းအစများ ရှိသည်။ သူ့အလျင်က အလွန်မြန်လှသည့်အတွက် ရုပ်ခန္ဓာအတွင်းသို့ ပြန်ဝင်သွားလောက်ချေပြီ။
“အခု ဘာလုပ်ကြမလဲ”
လူသားဧကရာဇ်များက ဒုတိယဘိုးဘေးကြီးဆီသို့ ကြည့်ကာ ပြောသည်။ “ရောက်တာနဲ့ သူတို့ သေချာပေါက် တိုက်ခိုက်ကြလိမ့်မယ်... ခံရမယ့်သူတွေကတော့ ငါတို့ပဲ”
တတိယဘိုးဘေးကြီးက ရှုံ့မဲ့နေသောအမူအရာဖြင့် ပြောလေသည်။ “လူသားဧကရာဇ်ချင် ဒီတစ်ခေါက် မနိုင်ရင် ငါ့အရိုးစုတော့ ခြေမွခံရတော့မယ်”
ကျန်လူသားဧကရာဇ်များလည်း မျက်မှောင်ကြုတ်နေကြ၏။ အဆင့်တူတွင် ပထမလူသားဧကရာဇ်ကို အနိုင်ယူရန်မှာ အလွန်ခက်လွန်းသည်။ သူတို့အားလုံးသည် မျိုးဆက်အသီးသီးတွင် ထူးချွန်ထက်မြက်ကြသူများ ဖြစ်ကြ၏။ ထိပ်ဆုံးအထိ ရောက်အောင် မကျင့်ကြံနိုင်ခဲ့သော်လည်း အားလုံးတွင် နတ်ဘုရားအဆင့် ရောက်ရှိထားသော နယ်ပယ်များ ရှိထားကြသည်။
သို့သော် ပထမဆုံးလူသားဧကရာဇ်က နယ်ပယ်အားလုံး၌ နတ်ဘုရားအဆင့်သို့ ရောက်ထားသည့်အပြင် ထို့ထက်ပင် မြင့်လောက်၏။
ချင်မူ ပထမလူသားဧကရာဇ်အား ရှုံးနိမ့်ခဲ့ရသည်မှာ တစ်နှစ်ပင် မရှိသေးပေ။ သူ၏အစွမ်းအစများ မည်မျှပင် တိုးတက်လာခဲ့စေကာမူ အလွန်ဆုံး ကျင့်စဉ်စွမ်းအင်တိုးတက်မှုသာ ဖြစ်လိမ့်မည်။ ထိုမျှနှင့် ပထမဘိုးဘေးကြီးအား အနိုင်မယူနိုင်ပေ။
ကောင်းကင်နတ်သိုင်းပညာရှင်များအတွက် ကျင့်စဉ်စွမ်းအင် မြှင့်တင်ရန် မခက်သော်လည်း အခြေခံကို မြှင့်တင်ရန်ကား ခက်ခဲလွန်းသည်။
ကျင့်စဉ်စွမ်းအင်မြင့်တက်မှုက အဆောက်အအုံတစ်ခုတွင် အထပ်များ ထပ်ဆောက်လိုက်ခြင်းသာ ဖြစ်ပြီး အခြေခံမြင့်တက်မှုကတော့ အပေါ်၌ ထပ်ဆောက်ထားသော အခန်းအဖွဲ့များကို မထိခိုက်စေဘဲ အဆောက်အအုံတစ်ခုလုံး၏ အခြေအုတ်ရိုးတစ်ခုလုံးကို ခိုင်မာစေလိုက်ခြင်း ဖြစ်သည်။ ခက်ခဲမှုအား ကောင်းကောင်း ခန့်မှန်းကြည့်နိုင်သည်။
အခြေခံမြင့်တက်လာမှသာ ချင်မူအနေဖြင့် ပထမဘိုးဘေးကြီးအား အဆင့်တူတွင် အနိုင်ယူနိုင်လိမ့်မည်။ သူ့အနေဖြင့် အသိပညာဗဟုသုတနှင့် အခြေခံနှစ်မျိုးလုံး၌ ပထမဘိုးဘေးကြီး၏အဆင့် ရောက်ရန် လိုအပ်သည်။
“လူသားဧကရာဇ်ချင် အသက်ဘယ်လောက် ရှိပြီလဲ” ဒုတိယဘိုးဘေးကြီးက ရုတ်တရက် မေးလိုက်သည်။
လူသားဧကရာဇ်ချီကန်းက အတန်ကြာ တွေး၍ ပြောလိုက်၏။ “ခွေးကောင်လေးစု ပြောပုံအရဆို ဆယ့်ကိုးနှစ်လောက် ရှိမယ်”
ဒုတိယဘိုးဘေးကြီး ပြောလိုက်သည်။ “ဆယ့်ကိုးနှစ်... ပျိုမျစ်အားကောင်းတဲ့ အင်အားတွေနဲ့ အရွယ်.. လူတစ်ယောက်ရဲ့ အောင်မြင်မှုက အဲဒီအရွယ်လောက်ကနေ စတယ်... မင်းတို့ကျင့်စဉ်တွေ၊ ကောင်းကင်နတ်သိုင်းတွေ ရှာတွေ့ခဲ့တဲ့ အချိန်က ဘယ်အရွယ်လောက်လဲ”
တတိယဘိုးဘေးကြီးက စဉ်းစားပြီးနောက် ပြောလေသည်။ “အဘိုးကြီး၊ ခင်ဗျား ကျွန်တော့်ကို တပည့်အဖြစ် ခေါ်ခဲ့တုန်းက ကျွန်တော့်အသက် ဆယ့်နှစ်နှစ်ပဲ... အသက်နှစ်ဆယ်မှာတော့ ‘ကောင်းကင်ဘုံကို မှောက်ခုံလှန်မည့် ယင်ယန်လက်များ’ကို အကြမ်းဖျင်း ဖန်တီးနိုင်ခဲ့တယ်... ‘ယင်ယန်အယူဝါဒကိုးသွယ် လျှို့ဝှက်ချက်ကျင့်စဉ်’အတွက်လည်း စိတ်ကူးတွေ ရခဲ့တယ်.... အဲဒီနောက်ပိုင်း အဲဒီနှစ်ခုကို မွမ်းမံဖို့ နှစ်တစ်ရာကျော် အချိန်ပေးခဲ့တယ်”
စတုတ္ထဘိုးဘေးကြီးက ပြော၏။ “ကျွန်တော်က ဆရာ့ရဲ့ကျင့်စဉ်နဲ့ မုဒြာလက်သိုင်းတွေကို မကျင့်ခဲ့ဘူး.. သူက အရှုံးသမားဆိုတော့ သူ့ဆီက သင်ယူရင် ကျွန်တော်လည်း ရှုံးရလိမ့်မယ်... ဒါကြောင့် ကိုယ်ပိုင်ကျင့်စဉ်နဲ့ ကောင်းကင်နတ်သိုင်းတွေကို တီထွင်ခဲ့တယ်... ကျွန်တော်က ဒီအဘိုးကြီးထက် ပိုတော်တယ်... အသက်ဆယ့်ခုနစ်နှစ်မှာ ကျင့်စဉ်အတွက် စိတ်ကူးစိတ်သန်းတွေ ရခဲ့ပြီး သက်လတ်ပိုင်းအရွယ်မှာ ဒီအဘိုးကြီးကို ရိုက်နှက်နိုင်ခဲ့တယ်”
တတိယဘိုးဘေးကြီးက သူ့မုတ်ဆိတ်မွှေးကို ဆောင့်ဆွဲ၍ စိုက်ကြည့်သည်။ “ငါ့ကို အနိုင်ယူနိုင်တာနဲ့တင် တော်လှပြီထင်နေလား”
စတုတ္ထဘိုးဘေးကြီးက အပြုံးပန်းများ ဝေဆာနေသည်။ “ဟုတ်တယ် ကျွန်တော်က သိပ်တော်တာလေ”
ကျန်လူသားဧကရာဇ်များလည်း သူတို့၏ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများအား ရှာတွေ့ခဲ့သော အသက်အရွယ်များအကြောင်း ပြောပြကြသည်။ အများစုက အသက်ဆယ်နှစ်နှင့် သုံးဆယ့်ငါးနှစ်အကြား ဖြစ်၏။ လူသားဧကရာဇ်ထို့ယွီနှင့် ဆဋ္ဌမဘိုးဘေးကြီးသာ အသက်ကြီးမှ ‘ကျည်ပွေ့ အတက်ပေါက်ကြသူ’များ ဖြစ်သည်။
“လူသားဧကရာဇ်ချင်က အသက် ၁၉ နှစ်ပဲ ရှိသေးတယ်... သူ့တီထွင်ဖန်တီးနိုင်စွမ်းက ထိပ်ဆုံး ရောက်နေလောက်ပြီ”
ဒုတိယဘိုးဘေးကြီးက စဉ်းစားပြီး ပြောလိုက်သည်။ “သူ့ကျင့်စဉ်ကလည်း သူ့လမ်းစဉ်နဲ့သူ ဖြစ်နေလောက်ပြီ... သူ့ ကောင်းကင်နတ်သိုင်းကလည်း အစပျိုးအဆင့် ရောက်နေလောက်တယ်.... ဒီတစ်ခေါက်တော့ ပထမဘိုးဘေးကြီးကို သူ မရှုံးလောက်တော့ဘူး ထင်တာပဲ... ရှုံးသွားရင်တော့ အဲဒီရိုက်ချက်က သူ့အတွက် တော်တော်ပြင်းလိမ့်မယ်...”
လူသားဧကရာဇ်လန်ပိုက ဝင်ပြောသည်။ “ကျင့်စဉ်နဲ့ ကောင်းကင်နတ်သိုင်း အစပျိုးအဆင့်နဲ့တင် ပထမဘိုးဘေးကြီးကို အနိုင်ယူနိုင်မှာလား... ပထမဘိုးဘေးကြီးရဲ့ ကျင့်စဉ်နဲ့ ကောင်းကင်နတ်သိုင်းတွေက အစပျိုးဆင့်မှာမှ မဟုတ်တာ... ပြည့်စုံလွန်းလို့ တစ်ဖက်ကမ်းတောင် လွန်နေပြီလေ”
လူသားဧကရာဇ်အားလုံး တိတ်ဆိတ်သွားကြ၏။
“ဒါပေမဲ့ သူက လောကသခင်ခန္ဓာ မဟုတ်လား...”
လူသားဧကရာဇ်ချီကန်း အနည်းငယ် ကြောက်လာသည်။ “လောကသခင်ခန္ဓာက သိပ်အင်အားကြီးပါတယ် ဟုတ်တယ်မလား... ကျွန်တော့်တပည့် စုမူကျဲက သူ့တပည့်က လောကသခင်ခန္ဓာဖြစ်တဲ့အကြောင်း အမြဲကြွားနေတာ...”
အားလုံး ခေါင်းညိတ်လိုက်ကြသည်။ “လောကသခင်ခန္ဓာလည်း တိုးတက်လာဖို့ လိုတယ်... အသက်လေး ၁၉ နှစ်နဲ့ သူ ဘယ်လောက် တိုးတက်နိုင်မှာမလို့လဲ”
တခဏကြာသော် ဒုတိယဘိုးဘေးကြီးက အခိုင်အမာ ပြောလိုက်၏။ “လူသားဧကရာဇ်ခန်းမကို သွားကြစို့... လူသားဧကရာဇ်ချင်က သက်ရှိကမ္ဘာကနေ သွားရမှာဆိုတော့ တစ်ရက်၊ နှစ်ရက်လောက် နေမှ ရောက်လိမ့်မယ်... ငါတို့အားလုံး ကြိုသွားပြီး ပထမဘိုးဘေးကြီးကို အတူ ရိုက်ကြတာပေါ့”
“ကောင်းတယ်.... ပထမဘိုးဘေးကြီးကို အတူရိုက်ကြစို့... သူ အရှုံးပေးပြီး လူသားဧကရာဇ်ချင်ကို မတိုက်ခိုက်ရဲတော့တဲ့အထိ ရိုက်ရမယ်”
လူသားဧကရာဇ်အားလုံး စိတ်လှုပ်တရှား ခေါင်းညိတ်လိုက်ကြသည်။ သူတို့အားလုံး ဖုန်းတုထဲမှ ပျောက်ကွယ်သွားကြ၏။
ငှက်နတ်ဘုရားချိရှို့မှာ လူသားဧကရာဇ်များ ပျောက်ကွယ်သွားသည်ကို ကြည့်ပြီး သူ့ဘေးရှိ ယမမင်းဆီသို့ လှည့်ကြည့်လိုက်သည်။ “ယမမင်း သူတို့ကို မတားတော့ဘူးလား... အားလုံးက လူသေတွေနော်.. အခုလို သက်ရှိကမ္ဘာကို သူတို့ သွားလိုက်ရင် ဖုန်းတုရဲ့ စည်းမျဉ်းတွေကို ချိုးဖျက်ရာ မရောက်ဘူးလား”
“မလိုဘူး”
ယမမင်းက ခေါင်းယမ်းလိုက်သည်။ “လူသားဧကရာဇ်ခန်းမက သက်ရှိကမ္ဘာနဲ့ မသက်ဆိုင်သလို၊ သေဆုံးသူတို့ရဲ့ ကမ္ဘာနဲ့လည်း မသက်ဆိုင်ဘူး... အဲဒီနေရာက ငါတို့ရဲ့ အာဏာစက်အောက်မှ မရှိဘူးလေ... လူသားဧကရာဇ်ဟောင်းတွေကလည်း ကောင်းကင်ဘုံကိုလည်း မကြောက်၊ ငရဲကိုလည်း မကြောက်တဲ့ လူတွေ... သူတို့ရဲ့ ဆုံးဖြတ်ချက်ကို ငါ့ဖုန်းတုအနေနဲ့ ဝင်စွက်ဖက်လို့မရဘူး”
ချိရှို့ အံ့အားသင့်သွားသည်။ “လူသားဧကရာဇ်ခန်းမက သက်ရှိကမ္ဘာနဲ့ရော သေဆုံးသူတို့ရဲ့ ကမ္ဘာနဲ့ပါ မသက်ဆိုင်ဘူးလား”
“လူသားဧကရာဇ်ခန်းမက ခိုင်ဧကရာဇ်ကောင်းကင်နတ်ဘုံရဲ့ အစိတ်အပိုင်းတစ်ခုပဲ... ဖုန်းတု သွားထိလို့မရဘူး”
ယမမင်းက အကြည့်လွှဲ၍ ပြန်ရန် လှည့်လိုက်သည်။ “ခိုင်ဧကရာဇ်ကောင်းကင်နတ်ဘုံရဲ့ အကြီးဆုံးအစိတ်အပိုင်းက အောက်ပြုတ်ကျလာပြီးနောက်ပိုင်း မဟာမြို့ပျက် ဖြစ်သွားတယ်... အရေးပါတဲ့ တခြားအစိတ်အပိုင်းတွေလည်း ရှိသေးတယ်... ဥပမာ ကောင်းကင်နန်းဆောင် ၃၂ ခုနဲ့ ပလ္လင်ခန်းမ ၇၂ ခုပေါ့.... ငါတို့ဖုန်းတုအနေနဲ့ အဲဒီနေရာတွေကို မထိနိုင်ဘူး... လူသားဧကရာဇ်ခန်းမက ကျောက်စိမ်းလင်းရောင်နန်းဆောင်လို့ ခေါ်တဲ့ ကောင်းကင်နန်းဆောင်တစ်ခုထဲမှာ ရှိတာ... ဖုန်းတု ယိုတုရဲ့ ဒီအစိတ်အပိုင်းကို သိမ်းပိုက်ထားတဲ့ အကြောင်းရင်းကလည်း ဖုန်းတုမှာ ကောင်းကင်နန်းဆောင်တစ်ခု ပုန်းကွယ်နေလို့ပဲ... အဲဒီနန်းဆောင်ကို သဲနယ်စပ်နန်းဆောင်လို့ ခေါ်တယ်... အဲဒီနန်းဆောင်ကြောင့်သာ သရဲတစ္ဆေတွေကို ထိန်းထားနိုင်တာ”
...
နယ်စပ်နဂါးမြို့၏အပြင်တွင် ချင်မူသည် တိမ်တိုက်များကို စီးနင်း၍ လူသားဧကရာဇ်တံဆိပ်တော်အား ထုတ်ထားသည်။ တံဆိပ်တော်မှ အမှတ်အသားများအတိုင်း လူသားဧကရာဇ်ခန်းမဆီ သွားနေ၏။
သူ ထွက်သွားသည့်အချိန်မှာပဲ ခေါင်းသုံးလုံး၊ လက်ခြောက်ဖက် နတ်ဘုရားတစ်ပါးနှင့် လူငယ်တစ်ယောက် နယ်စပ်နဂါးမြို့ထဲတွင် ပေါ်လာသည်။ သူတို့ကား နတ်ဘုရားချိရှီနှင့် ပန်ကုန်းစုန်အပြင် တခြားမဟုတ်ပေ။
“ဆရာကြီးက ဘာလို့ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ အနေအထားကို ကြည့်ချင်တာပါလဲ”
ပန်ကုန်းစုန် ဇဝေဇဝါ ဖြစ်နေသည်။ “ကျွန်တော်တို့ ကြိုးကြိုးစားစား အားထုတ်ပြီး ထိုက်ဧကရာဇ်ကောင်းကင်ဘုံကနေ ပြန်လာနိုင်ပြီ... ဘာကြောင့် တောင်ကမ္ဘာမြေဆီ တိုက်ရိုက်မသွားနိုင်တာလဲ”
“တောင်ကမ္ဘာမြေက မြေကြီးအောက် မြုပ်သွားပြီး တောင်ပင်လယ် ဖြစ်နေခဲ့ပြီ... အခု ရေအောက် မိုင်သုံးသောင်းမှာ ရှိနေတယ်.... ငါ အခု သွားသွား၊ နောက်မှ သွားသွား အဲဒီမှာပဲ ရှိနေလိမ့်မယ်... အခု အမိမြေကို ပြန်ရောက်နေမှတော့ အလျင်လိုစရာမလိုဘူး”
ချိရှီ၏ ခေါင်းသုံးလုံးက ပတ်ဝန်းကျင်ကို ကြည့်ကာ တည်ငြိမ်အေးဆေးစွာ ပြောလိုက်သည်။ “ငါ ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ အနေအထားကို ကြည့်ချင်တဲ့ အကြောင်းရင်းက ဒီခေတ်ရဲ့ အလားအလာကို မြင်ချင်လို့ပဲ... ကောင်းကင်နတ်ဘုံနဲ့ တိုက်ခိုက်နိုင်တဲ့ အစွမ်းအစ သူတို့မှာ ရှိလား ကြည့်ချင်တယ်”
“ဆရာ ဘာမြင်လိုက်လဲ” ပန်ကုန်းစုန်က မေးလိုက်သည်။
“အလားအလာ အများကြီးရှိတယ်... ဒါပေမဲ့ မလုံလောက်သေးဘူး”
ချိရှီက ဆက်ပြောသည်။ “လက်ရှိ ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ထွက်သက်ဝင်သက်တစ်ချက်တည်းနဲ့ ရှင်းပစ်လိုက်လို့ ရတယ်... လက်သီးချက်လေးတစ်ချက်ကိုတောင် တောင့်ခံနိုင်မှာမဟုတ်ဘူး... မကြာခင် ကပ်ဘေးတွေ ရောက်လာလိမ့်မယ်... ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ လမ်းစဉ်တွေ၊ ကျင့်စဉ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေက နတ်ဘုရားလိုအမြန်နှုန်းနဲ့ တိုးတက်နေတာ မှန်ပေမယ့်... အချိန်မရတော့ဘူး... အဆင့်မြင့်သိုင်းပညာရှင် အရေအတွက်လည်း နည်းလွန်းတယ်... သူတို့က ခိုင်ဧကရာဇ်ခေတ်ကနေ အသက်ရှင်ကျန်ခဲ့တဲ့လူတွေကိုပဲ အားကိုးနေတာ.... ခိုင်ဧကရာဇ်ခေတ်က မပျောက်ကွယ်သေးပေမယ့် သေနေပြီပဲမဟုတ်လား... အဲဒီလူတွေအနေနဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ရေရှည်မကာကွယ်ပေးနိုင်ဘူး... ဒါကြောင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာ သေချာပေါက် သုတ်သင်ခံရလိမ့်မယ်... ဆက်ကြည့်စရာမလိုတော့ဘူး... သွားစို့”
ပန်ကုန်းစုန် စိတ်ရှုပ်ထွေးနေသည်။ ချိရှီ မည်ကဲ့သို့ မြင်ခဲ့မှန်း သူ မသိပေ။ ချိရှီက အဝေးရောက်သွားပြီ ဖြစ်၍ သူ့ကို လိုက်မှီအောင် အလျင်အမြန် ပြေးလိုက်သွားရတော့သည်။
.....
ချင်မူမှာ လူသားဧကရာဇ်ခန်းမသို့ အမြန်သွားနေသောကြောင့် ချိရှီနှင့် ပန်ကုန်းစုန်အား ကပ်သီကာ လွဲသွား၏။
သူ လမ်းလျှောက်နေစဉ် လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်သည် လည်ပတ်နေပြီး သူ့ကိုယ်ထဲရှိ နတ်ဘုရားလမ်းစဉ်နှင့် မိစ္ဆာလမ်းစဉ်ကောင်းကင်ရတနာနှစ်စုံလုံး အလုပ်လုပ်နေကြသည်။ သူ၏ချီစွမ်းအင်သည်လည်း အားကောင်းသထက် အားကောင်းလာနေ၏။ ထိုက်မင်ကောင်းကင်ဘုံသို့ ရောက်နေခဲ့တုန်းက သူ၏ မိစ္ဆာလမ်းစဉ် အရပ်ခြောက်မျက်နှာကောင်းကင်ရတနာနှင့် ခုနစ်စဉ်ကြယ်ကောင်းကင်ရတနာကို တစ်ခုတည်း ပေါင်းစည်းထားခဲ့သည်။ ဤအချိန်တွင် အရေးကြီးသောအခိုက်အတန့်သို့ ရောက်နေပြီဖြစ်၏။
သူ၏ချီစွမ်းအင်က ပို၍ပင် သိပ်သည်းလာသည်။ ကောင်းကင်ရတနာနှစ်ခုအကြားရှိ အတားအဆီးနံရံမှာလည်း တစတစ ဝေဝါးလာသည်။ သို့သော် မိစ္ဆာလမ်းစဉ်တွင် များစွာအားမထည့်ထားသဖြင့် အတွေ့အကြုံနည်းနေသေးလေသည်။
နှစ်ရက်ကြာသည့်အခါ ချင်မူ လူသားဧကရာဇ်ခန်းမသို့ ရောက်လာသည်။ လူသားဧကရာဇ်တံဆိပ်တော်က တံခါးအပေါ်သို့ အလင်းရောင်ဖြန့်ကျက်လိုက်၍ တခဏကြာသော် တံခါးပွင့်သွားသည်။
ချင်မူ တံခါးထဲ ဝင်လိုက်၏။ သူ၏မျက်စိရှေ့တွင် မြူခိုးများ လွင့်မျောနေပြီး ကမ္ဗည်းကျောက်စာတိုင်များအား မြင်ရသည်။ မြေပြင်မှာ အဆုံးမရှိသယောင် ထင်ရပြီး နေရာတိုင်းလိုလိုတွင် အုတ်ဂူများ ပြည့်နှက်နေ၏။
ချင်မူက လူသားဧကရာဇ်ခန်းမဆီသို့ လျှောက်သွားသည်။
သူ့အရှေ့တွင် တိုက်ပွဲဖြစ်ပွားခဲ့သော အရိပ်အယောင်များ ရှိနေသည်။
လူသားဧကရာဇ်ချီကန်း၏ မူလဝိညာဉ်သည် ကျင်းကြီးတစ်ကျင်းထဲ၌ ရုန်းနေ၏။ သူ့မှာ အပြင်မှ မြေကြီးထဲ စိုက်ခံထားရသည့် မုန်လာဥတစ်ဥသဖွယ် သူ့ခေါင်းကိုသာ မြင်ရလေသည်။
“လူသားဧကရာဇ်ချင်၊ ရှေ့ဆက်မသွားတော့နဲ့”
လူသားဧကရာဇ်ချီကန်း၏ မူလဝိညာဉ်မှာ လှုပ်မရ၍ လှမ်းအော်နေသည်။ “ငါ သူ့ကို အနိုင်မယူနိုင်ခဲ့တဲ့အပြင် အတီးခံခဲ့ရတယ်... ကျန်တဲ့လူသားဧကရာဇ်တွေလည်း အတီးခံခဲ့ရတယ်”
ချင်မူက သူ့ကို အဖက်မလုပ်ဘဲ ရှေ့ဆက်လျှောက်သွားသည်။
လူသားဧကရာဇ်ချီကန်းကို ကျော်သည့်အခါ လူသားဧကရာဇ်ရီရှန်း၏ မူလဝိညာဉ် လဲနေသည်။ သူက ငေးငေးငိုင်ငိုင် မျက်လုံးများဖြင့် မြေကြီးပေါ်၌ လဲနေပြီး တစ်ချက်တစ်ချက် အကြောဆွဲသွားတတ်၏။
လူသားဧကရာဇ်ရီရှန်းက ဖူးယောင်နေသော ခေါင်းကို ခဲရာခဲဆစ် လှည့်လာသည်။ သူ့လည်ပင်းမှာလည်း ခေါင်းထက်ပင် ကြီးနေပြီး သူ့မှာ ဟစိဟစိ အသက်ရှူနေရသည်။ “ဆက်မသွားနဲ့ သူက ကြမ်းလွန်းတယ်...”
ချင်မူ ရှေ့ဆက်သွားသည်။ သိပ်သည်းလှသော နတ်ဘုရား၊ မိစ္ဆာအရှိန်အဝါက သူ့အား ရစ်သိုင်းနေ၏။ သူက ခါးမှ ထောင်ကျယ်အိတ်နှစ်အိတ်အား ဖြုတ်ကာ မြေကြီးပေါ် ပစ်ချလိုက်သည်။ ခပ်လှမ်းလှမ်းတွင် လူသားဧကရာဇ်လန်ပို၏ မူလဝိညာဉ်မှာ ကမ္ဗည်းကျောက်စာတိုင်တစ်တိုင်၌ ချိတ်နေ၏။ သူမက ခက်ခက်ခဲခဲ ခေါင်းမော့လာသည်။ “နင် သူ့ကို မနိုင်ဘူး... သူ့အစွမ်းအစတွေက ကြောက်စရာကောင်းလွန်းအားကြီးတယ်...”
ချင်မူက ဓားစက်လုံးကို ထုတ်၍ ပစ်ချလိုက်သည်။
လူသားဧကရာဇ်ထို့ယွီက သူ့ခြေထောက်ကို လှမ်းဆွဲပြီး ခေါင်းမော့သည်။ “မသွားနဲ့ ... ငါတို့လူသားဧကရာဇ်အားလုံး သူ့ကို ပြိုင်တူ တိုက်ခိုက်ခဲ့ပေမယ့် အနိုင်မယူနိုင်ခဲ့ဘူး... သူက ကောင်းကင်တံတားအဆင့်နဲ့ပဲ ငါတို့ကို တိုက်ခိုက်ခဲ့တာ... ဒါပေမဲ့ သူ့မူလဝိညာဉ်က ငါတို့အားလုံးကို ရိုက်နှက်နိုင်ခဲ့တယ်.....”
ချင်မူက လူသားဧကရာဇ်ထို့ယွီ၏ မူလဝိညာဉ်ကို တရွတ်တိုက်ဆွဲလျက် ရှေ့ဆက်လျှောက်သွား၏။ လူသားဧကရာဇ်ထို့ယွီမှာ သူ့အား လွှတ်ပေးလိုက်ရလေသည်။
အရှေ့လမ်းတွင် လူသားဧကရာဇ်များ၏ မူလဝိညာဉ်များ တုံးလုံးပက်လက် လဲနေကြသည်။ သူတို့မှာ မည်မျှကြိုးစားပါစေ မထနိုင်ကြပေ။
ချင်မူ့မျက်နှာက အေးစက်မှင်သေနေသည်။ သူက လူသားဧကရာဇ်ဟောင်းတို့၏ တဲထဲဝင်ပြီး ကြည့်လိုက်သည့်အခါ ခန်းမအရှေ့၌ အေးအေးဆေးဆေး ရပ်၍ သူ့အား စောင့်နေသော ပထမဘိုးဘေးကြီးအား မြင်လိုက်ရသည်။
ချင်မူ ချီစွမ်းအင်ကို တမုဟုတ်ချင်း လှုံ့ဆော်လိုက်၍ တဘုန်းဘုန်း ပေါက်ကွဲသံများ မြည်ဟည်းလာသည်။ ပေါက်ကွဲသံများကြား၌ မိစ္ဆာလမ်းစဉ် အရပ်ခြောက်မျက်နှာကောင်းကင်ရတနာနှင့် ခုနစ်စဉ်ကြယ်ကောင်းကင်ရတနာသည် တစ်ခုတည်း ပေါင်းစည်းသွား၏။
ပထမဘိုးဘေးကြီး လူသားဧကရာဇ်က အေးတိအေးစက် ပြောသည်။ “မင်းက တစ်နှစ်ကြာမှ ငါ့ကို လာတွေ့တော့ ငါ တော်တော် စိတ်ပျက်မိတယ်... ပြစမ်း၊ တစ်နှစ်အတွင်း မင်း ဘယ်လောက်တိုးတက်လာသလဲ ငါ မြင်ချင်တယ်... မင်းရောက်မလာသေးလို့ သူတို့အရိုးစုတွေကို ငါ မဖျက်စီးရသေးဘူး... မင်းကို အနိုင်ယူပြီးမှ ဒီဆန်ကုန်မြေလေးတွေကို ဖျက်စီး...”
ဘုန်း
ချင်မူ၏မူလဝိညာဉ်က ရုတ်တရက် တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းလောက်အောင် ပြင်းထန်ကြမ်းတမ်းလာသည်။ သူက ခြေထောက်နှစ်ဖက်လုံး၌ အားထည့်ပြီး ဖျတ်ခနဲ ပျောက်ကွယ်သွား၏။ မျက်စိတစ်မှိတ်အတွင်း ပထမဘိုးဘေးကြီး၏ အရှေ့၌ ပြန်ပေါ်လာသည်။
ပထမဘိုးဘေးကြီးမှာ စကားကို ဆုံးအောင်ပင် မပြောရသေးသည့်အပြင် အံ့ပင် မအံ့ဩနိုင်ခင် ချင်မူ့လက်သီးသည် သူ့မျက်နှာကို ရက်ရက်စက်စက် ထိုးချလိုက်ပြီဖြစ်၏။
ချင်မူ့အနောက်၌ မီးတောင်တစ်လုံး ပေါက်ကွဲသွား၍ မီးတောက်မီးလျှံများ ကောင်းကင်ယံသို့ ထိုးတက်သွားသည်။ သူ သုံးလိုက်သည့် ကောင်းကင်နတ်သိုင်းမှာ လူသားဧကရာဇ်ချီကန်း၏ ကောင်းကင်နတ်သိုင်း ဖြစ်လေသည်။
သူ၏မှော်စွမ်းအင်က တမုဟုတ်ချင်း ဘန်းခနဲ ပေါက်ကွဲထွက်ပေါ်လာသည်။ ပထမဘိုးဘေးကြီးမှာ လွင့်ထွက်သွားပြီး လူသားဧကရာဇ်ခန်းမ၏ နံရံအား ကျယ်လောင်စွာ ဝင်တိုက်သွား၏။ ချင်မူက တရှိန်ထိုး ပြေးချလာကာ လက်ဝါးနှစ်ခုအား ထပ်လျက် ‘ကောင်းကင်ဘုံကို မှောက်ခုံလှန်မည့် ယင်ယန်လက်’များအား အသုံးပြုလိုက်သည်။
တစ်ချိန်တည်းမှာပင် သူ့လက်ဝါးများက ကောင်းကင်တစ်ခွင် ပြည့်နှက်သွားပြီး သူ့ရုပ်သွင်မှာ လက်တစ်ထောင်ဗုဒ္ဓနှင့် တူလာ၏။ အဘိုးကြီးမာ၏ မိုးကြိုးရှစ်ချက် လက်သီးသိုင်း။
မုဒြာလက်သိုင်းနှစ်ခုမှာ တစ်ပြိုင်တည်း ထုတ်လွှတ်ခံလိုက်ရပြီး ယင်ယန်လက်များက ပြိုင်တူ ရိုက်ထည့်လိုက်ကြသည်။ လူသားဧကရာဇ်ခန်းမတစ်ခုလုံး ပြင်းပြင်းထန်ထန် တုန်ခါသွားပြီး နံရံတစ်ခုလုံး ပြိုကျသွားသည်။ ပထမဘိုးဘေးကြီးမှာ နံရံကို ဖောက်လျက် လွင့်ထွက်သွား၏။
ချင်မူက ခေါင်းငုံ့၍ မုန်တိုင်းပမာ ပြေးထွက်သွားသည်။ ပြင်းထန်အားကောင်းလှသော ချီစွမ်းအင်သည် နဂါးငွေ့တန်းအသွင် ဖွဲ့တည်၍ ပထမလူသားဧကရာဇ်အပေါ် ရိုက်ချလိုက်၏။ ပထမလူသားဧကရာဇ်မှာ လိမ့်ထွက်သွားလေသည်။
“ဘယ်လောက် တိုးတက်လာသလဲ ဟုတ်လား... ခင်ဗျားကိုယ်တိုင် ကြည့်လိုက်လေ”
မဟာကြယ်ခြုံလွှမ်းလက်ဝါးသိုင်း၏ ကြယ်တာရာများ သူ့အနောက်၌ ဖွဲ့တည်လာပြီး အားစက်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။ သူက မုဒြာလက်ဟန်တစ်ချက်ဖြင့် ရိုက်ထုတ်လိုက်၏။ ကြယ်တာရာများမှာ တမုဟုတ်ချင်း မီးဟုန်းဟုန်းတောက်သွားပြီး ကြယ်ရောင်များက တစ်ရောင်နှင့်တစ်ရောင် ချိတ်ဆက်သွားကာ အလွန်ကြီးမားအားကောင်းသည့် လက်ဝါးကြီးတစ်ခုအား ဖော်ဆောင်လိုက်ကြသည်။ လက်ဝါးကြီးက လေကို ဖိနှိပ်ပြီး ပထမလူသားဧကရာဇ်အား ရိုက်ထုတ်လိုက်၏။
“ကျုပ် သူတို့သိုင်းကွက်တွေ သုံးပြီး ခင်ဗျားကို သေအောင် ဘယ်လိုရိုက်သတ်မလဲ ကြည့်လိုက်”
၎
င
၎
၎
၎
င
၎
၎