ပုံမှန်ရာသီပြိုင်ပွဲ၊ သေမင်းအုပ်စု
Vol. 21 Ch. 301
သဲကန္တာရအလယ်၊ တောက်လောင်နေသည့် နေရောင်အောက်တွင် အဖွဲ့နှစ်ဖွဲ့က သဲတောင်ကုန်းတစ်ခု ကြားခံ၍ တစ်ဖွဲ့ကိုတစ်ဖွဲ့ စိုက်ကြည့်နေကြသည်။ ကစားသမားများသည် ပူလောင်နေသောသဲပေါ်တွင် ရပ်ကာ ချွေးများစိုရွှဲနေပြီး [စွမ်းအင်ယိုစီးခြင်း] အနေအထားသို့ ဝင်ရောက်လာသည်။ ကစားသမားများသည် မလှုပ်ရှားသော်လည်း၊ ၎င်းတို့၏ စွမ်းအင်အမှတ်များသည် တည်ငြိမ်နှုန်းဖြင့် ကျဆင်းနေဆဲဖြစ်သည်။
“သဲကန္တာရထဲက နေရာက အရမ်းဟင်းလင်းပွင့်နေတယ်၊ ဒါက ငါတို့အတွက် မကောင်းဘူး။ ငါတို့ဒီမှာ ဆုံးရှုံးရတော့မယ်။” ‘အထီးကျန်ကြိုးကြာ’သည် စိတ်ဓာတ်ကျနေသည်။
ဤသည်မှာ ဓါးရူး၏ Rivervale Club ‘မြစ်ဝဲကလပ်’အဖွဲ့ဖြစ်သည်။ သူတို့သည် သန်မာတဲ့အသင်းတွေနဲ့ မတွေ့ဆုံခဲ့၍ ကံကောင်းပါသည်။ သူတို့ဟာ ပြိုင်ပွဲကို ဖြတ်ကျော်ဖို့ ရုန်းကန်ခဲ့ရပြီး အခု ခြေစစ်ပွဲရဲ့ နောက်ဆုံးအသုတ်မှာ ရှိနေ၏။ ဒီပွဲကို အနိုင်ရလျှင် နောက်တစ်ဆင့် တက်နိုင်မည်ဖြစ်၏။
{TL Note: ဓါးရူးရဲ့ ကလပ်ကို အရင်က ‘ကျန်းမြို့တော်ကလပ်’ လို့ ပြောခဲ့ရာကနေ အခုက ဘယ်လိုလုပ် 'မြစ်ဝဲကလပ်' ဖြစ်သွားလဲတော့ မသိဘူး။ ဒီအတိုင်းပဲ ဆက်ပြန်လိုက်တော့မယ်။}
ဒါပေမယ့် ‘မြစ်ဝဲကလပ်’ရဲ့ ကံကြမ္မာက ကုန်သွားသလိုပင်။ ကျပန်းရွေးချယ်လိုက်သော မြေပုံသည် ဟာလာဟင်းလင်း ကန္တာရဖြစ်ပြီး အနီးကပ်တိုက်ပွဲကို အာရုံစိုက်သည့် ဖွဲ့စည်းမှုအတွက် မကောင်းပေ။
‘အထီးကျန်ကြိုးကြာ’သည် စိတ်ညစ်နေပြီး ထို့ကြောင့်လည်း အသင်းတစ်ခုလုံး၏ စိတ်ဓာတ်မှာ ကျဆင်းသွားသည်။
အရူးဓားသည် လေထုကို ပြောင်းလဲရန် ရှေ့သို့ထွက်လာပြီး မျက်မှောင်ကြုတ်လိုက်သည်။ “စိတ်မပူပါနဲ့၊ တိုက်ပွဲက မစသေးဘူး။ ကျွန်တော်တို့ နိုင်ပွဲရဖို့ အခွင့်အရေးတွေ ရှိနေတုန်းပါပဲ။”
‘အထီးကျန်ကြိုးကြာ’က ခေါင်းယမ်းသည်။ "အခွင့်အရေးက အရမ်းနည်းလွန်းတယ်"
“မင်းက ခေါင်းဆောင်ပဲ။ မင်း အဲလိုစကားတွေ မပြောနဲ့။" ဓါးရူးသည် ‘အထီးကျန်ကြိုးကြာ’အဖွဲ့ကို ဦးဆောင်ပုံအပေါ် မကျေမနပ်ဖြစ်လာသည်။ သူ့မှာ ခေါင်းဆောင်မှုစွမ်းရည်မရှိသလို အမြင်ရှိသည့်တဲ့ အမိန့်ပေးတာမျိုးလည်း မရှိပေ။ ဒါ့အပြင် သူက အသင်းကို အဆိုးမြင်တဲ့ စွမ်းအင်တွေပဲ ယူဆောင်လာ၏။
"အိုး? ဒါဆို ငါတို့ ဘာလုပ်သင့်တယ်လို့ အကြံပြုချင်လဲ” ‘အထီးကျန်ကြိုးကြာ’သည် တစ်ချက်ကြည့်လိုက်သည်။
“ရန်သူမှာ ပြင်းထန်တဲ့ တာဝေးတိုက်ခိုက်မှု စွမ်းရည် ရှိတယ်၊ ဒါကြောင့် ကျွန်တော်တို့အတွက် တစ်ခုတည်းသော နည်းလမ်းက အကွာအဝေးကို လျှော့ချဖို့ပဲ။ သေချာတာက မဆင်မခြင် ပြေးဝင်မိရင် စွန်ပစ်ခံရမယ်၊ ဒါကြောင့် အကောင်းဆုံးနည်းလမ်းက သူတို့ကို ခြုံခိုတိုက်ခိုက်ဖို့ ဆွဲဆောင်တာပဲ။ ငါ သဲထဲမှာ ပုန်းနေနိုင်ပြီး မင်းတို့အားလုံး ငါပုန်းနေတဲ့နေရာဆီ ပြေးသွားသလိုမျိုး ဟန်ဆောင်ကြ။ ပြီးတော့ မင်းတို့အားလုံး လှည့်ပြီး တိုက်ခိုက်နေချိန်မှာ ငါက သူတို့ရဲ့ နောက်ကြောင်းကို ဖိအားပေးနိုင်တယ်။ ဒါက တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။
“ကံကောင်းတာက၊ ငါ့မှာ ကာကွယ်ဖို့ ဒိုင်းနှစ်ခု ကျန်သေးတယ်။ ဘယ်သူက ငါနဲ့အတူ ချောင်းမြောင်းတိုက်ခိုက်ချင်လဲ။” ဓားရူးသည် အောက်ဆီဂျင်ဒိုင်းနှစ်ခုကို ထုတ်ကာ ပြောလိုက်သည်။ ၎င်းသည် သူအမြဲယူဆောင်လာသော ပစ္စည်းဖြစ်ပြီး ၎င်းသည် အစီအစဉ်လုပ်ဆောင်ရန်အတွက် မရှိမဖြစ်လိုအပ်သော ကိရိယာဖြစ်သည်။
အသင်းဖော်တွေအားလုံးက တစ်ယောက်ကိုတစ်ယောက်ကြည့်ကြပြီး ဒီတစ်ကြိမ်မှာတော့ ‘အထီးကျန်ကြိုးကြာ’က ပြန်ပြောလိုက်သည်။ "ဒါက မင်းရဲ့အကြံအစည်ဆိုတော့ ငါတို့ရှုံးခဲ့ရင် မင်းတာဝန်ယူရမယ်"
‘အထီးကျန်ကြိုးကြာ’သည် အပြစ်တင်ခြင်းကို ရှောင်ရှားရန် ကြိုးစားနေသည်မှာ ထင်ရှားပြီး အကယ်၍ သူသည် ဂိမ်းရှုံးပါက အပြစ်တင်ခံရခြင်းမည် မဟုတ်ပေ။ ဓါးရူးသည် ဤအပြုအမူမျိုးကို မုန်းတီးပြီး သူ့ကို ဂရုမစိုက်တော့ပေ။ သူ့အသင်းဖော်တွေကို ကြည့်လိုက်တော့ ခြုံခိုတိုက်ခိုက်ဖို့ သူ့အဖော်ဖြစ်လာဖို့ 'တိုက်ခိုက်သူ'တစ်ယောက် ရှေ့သို့ထွက်လာသည်။
သူတို့သည် နေရာတစ်ခုကို အလျင်အမြန်ရွေးချယ်ခဲ့ကြပြီး ဓါးရူးနှင့် အသင်းဖော်တို့သည် ဒိုင်းများအောက်တွင် ပုန်းကွယ်ကာ သဲထဲသို့ နစ်မြုပ်နေကြသည်။ ‘အထီးကျန်ကြိုးကြာ’နှင့် သူ၏အဖွဲ့သည် မြေပြင်ပေါ်မှ အသွင်ပြောင်းကာ စစ်ဆင်ရေး ဆက်လက်လုပ်ဆောင်ခဲ့သည်။ သူတို့သည် တောင်ပေါ်ကို လျှောက်သွားကာ ရန်သူ၏ မြင်ကွင်းထဲ ပေါ်လာ၏။
“ဟဲဟဲ။ မစောင့်နိုင်တော့ဘူးထင်တယ်” ဆန့်ကျင်ဘက်အဖွဲ့မှ 'အိုင်းစက်'ကရယ်သည်။ လူခြောက်ယောက်ပါသော အခြားအဖွဲ့တစ်ဖွဲ့သည် ‘အထီးကျန်ကြိုးကြာ’နှင့် သူ့အဖွဲ့၏ လှုပ်ရှားမှုကို မြင်တွေ့ခဲ့ရသည်။
Isaac 'အိုင်းစက်'သည် သူ၏အသင်းတွင် ကျွမ်းကျင်သောသူတစ်ဦးနှင့်တူသော်လည်း လက်တွေ့တွင်၊ ပြိုင်ပွဲဝင်ခြောက်ဦးစလုံးသည် ရေပင်လယ်ဂြိုလ်ရှိ ယှဉ်ပြိုင်မှုလိဂ်ပြိုင်ပွဲကို စိန်ခေါ်ရန် အခြားနိုင်ငံများမှ 'သူလျှို' ကလပ်များမှဖြစ်သည်။ လိဂ်တိုင်းမှာ ဒီလိုအသင်းတွေရှိကြ၏။
“ရန်သူက ကလပ်လေး တစ်ခုပါပဲ။ အရင်က သူတို့ရဲ့ပွဲတွေကို ကျွန်တော်မြင်ဖူးတယ်၊ အနီးကပ်တိုက်ခိုက်ရာမှာ ထူးချွန်ပေမယ့် စုပေါင်းညှိနှိုင်းမှုတော့ မရှိဘူး။ ဒါ့အပြင်၊ ကျွန်တော်တို့မှာ မြေပုံအားသာချက်ရှိသည်၊ ထို့ကြောင့် ကျွန်တော်တို့ရဲ့ အကွာအဝေးကို ထိန်းထားသရွေ့ အောင်ပွဲက ကျွန်တော်တို့အတွက်ပဲ။”
သူတို့သည် ‘မြစ်ဝဲကလပ်’မြစ်ဝဲလ်ဆီသို့ ရွေ့လျားကာ ၎င်းတို့၏ အကွာအဝေးကို ထိန်းထားရင်း ၎င်းတို့၏ တိုက်ခိုက်မှုများကို စတင်လိုက်သည်။ ကစားသမားအများစုက ‘အက်စ်ပါ’များပင်။ ‘အိုင်းစက်’သည် သေးငယ်သော လေဆင်နှာမောင်းကို ဖန်တီးနိုင်ပြီး အသင်းဖော်တစ်ဦးက သူ၏လက်ချောင်းမှ လေဆာရောင်ခြည်များကို ပစ်လွှတ်နိုင်သည်။ နောက်တစ်ယောက်က လက်ပစ်ဗုံးလို ပေါက်ကွဲနိုင်သည့် အဖြူရောင်ငါးဘောလုံးလေးကိုတောင် ဖန်တီးနိုင်သေးသည်။
‘အထီးကျန်ကြိုးကြာ’နှင့် အခြားလေးယောက်တို့သည် ၎င်းတို့၏ ခြေထောက်များကြားတွင် အမြီးများကုပ်ကာ ပြေးကြသည်။ ‘အိုင်းစက်’၏ အဖွဲ့သည် သူတို့နောက်သို့ လျင်မြန်စွာ လိုက်လာခဲ့သော်လည်း မကြာမီတွင် ‘မြစ်ဝဲကလပ်’အဖွဲ့တွင် လူလေးဦးသာ ရှိသည်ကို သိလိုက်ကြသည်။
"နောက်နှစ်ယောက် ဘယ်သွားတာလဲ" 'အိုင်းစက်'သည် သံသယဝင်လာပြီး လက်ကို မြှောက်လိုက်သည်။ “ရပ်လိုက်။ သူတို့က ငါတို့ကို ထောင်ချောက်ထဲ ဆွဲသွင်းနေတယ်လို့ ငါထင်တယ်”
‘မြစ်ဝဲကလပ်’က သူတို့ကို ထောင်ချောက်ဆင်နေတယ်ဆိုရင် သူတို့ရပ်လိုက်လျှင် ‘မြစ်ဝဲကလပ်’လည်း ရပ်သွားလိမ့်မယ် ဒါမှမဟုတ် အနည်းဆုံးတော့ ‘အိုင်းစက်’က ငါးစာကို မိစေရန် သူတို့ရဲ့အရှိန်ကို လျော့ကျသွားစေလိမ့်မည်ဟု ‘အိုင်းစက်’က တွေးခဲ့သည်။ သို့သော်လည်း ‘မြစ်ဝဲကလပ်’သည် အရှိန်မလျှော့ဘဲ တတ်နိုင်သမျှ ပြေးနေ၏။
‘အထီးကျန်ကြိုးကြာ’သည် စိတ်ဓာတ်ကျဆင်းနေချိန်တွင် ရှေ့သို့ ဆက်လက် ပြေးသွားခဲ့သည်။ ဓါးရူး၏ ဗျူဟာကို သူနားမလည်နိုင်ပေ။ ထို့နောက် သူသည် ဓါးရူးကို အပြစ်အားလုံး ပုံချရန် ရုတ်တရက် အကြံတစ်ခုရလိုက်သည်။ အကယ်၍ ဓါးရူးကို မပြောဘဲ ရန်သူကို တိုက်ရိုက်တိုက်ခိုက်ပါက၊ အနည်းဆုံးတော့ ‘အထီးကျန်ကြိုးကြာ’သည် ဓါးရူးက ပုန်းအောင်းနေချိန်တွင် တိုက်ပွဲတစ်ခုလုံးကို အစွမ်းကုန်ကြိုးစားပြီး တိုက်ခိုက်နေပုံရလိမ့်မည်။ ဒါက ဓါးရူးကို အထက်အရာရှိများက စိတ်ပျက်စေမှာ သေချာသည်။
သို့သော်လည်း ကျန်အသင်းဖော်များကလည်း တည်နေရာကို သိသောကြောင့် သူသည် ဓါးရူးပုန်းအောင်းနေသည့်နေရာမှ ရည်ရွယ်ချက်ရှိရှိ ရှောင်မသွားနိုင်ပေ။ ထို့ကြောင့် ‘အထီးကျန်ကြိုးကြာ’လုပ်နိုင်သည့် တစ်ခုတည်းသော အရာမှာ ရန်သူကို ထောင်ချောက်ထဲသို့ မြှူဆွယ်နေပုံရသည်။ ထို့ကြောင့် ‘အထီးကျန်ကြိုးကြာ’သည် ရန်သူက နောက်မှ မလိုက်သည်ဖြစ်စေ မလိုက်သည်ဖြစ်စေ ပြေးနေခဲ့သည်။
‘အထီးကျန်ကြိုးကြာ’သည် ပရိုနယ်ပယ်တွင် နှစ်အတော်ကြာနေခဲ့သည်။ ဂုဏ်ကျက်သရေနှင့် အောင်မြင်မှုများစွာမရှိသော လုတစ်ယောက်အတွက်၊ သူ့ကို ယခင်ကထက် ပိုမိုမြင့်မားသောလစာဖြင့် ‘မြစ်ဝဲကလပ်’မှ ငှားရမ်းခဲ့သည်။ သို့သော် သူသည် အနိုင် အရှုံးကို ဂရုမစိုက်ခဲ့ပေ။ သူလိုချင်တာတစ်ခုတည်းက ခေါင်းဆောင်ရာထူးကို ဆက်ထိန်းထားပြီး ချမ်းသာတဲ့လစာနဲ့ ဇိမ်ခံဘဝတွေကို ခံစားဖို့ပင်။ ပရော်ဖက်ရှင်နယ်အခင်းအကျင်းတွင် လူအမျိုးမျိုးရှိကြပြီး ‘အထီးကျန်ကြိုးကြာ’အမျိုးအစားမှာလည်း သာမာန်ဖြစ်သည်။
သို့သော် ‘အိုင်းစက်’သည် ရည်ရွယ်ချက်ကို နားလည်မှုလွဲခဲ့၏။ “သူတို့ ပြေးသွားတာကို ကြည့်စမ်း၊ သူတို့က ကျွန်တော်တို့ကို မျှားခေါ်ဖို့ ကြိုးစားနေပုံမပေါ်ဘူး၊ ဒီလို ကွင်းပြင်မှာ ခြုံခိုတိုက်ခိုက်ခံရဖို့ အခွင့်အလမ်းနည်းတယ်။ သူတို့နောက်ကို လိုက်ကြရအောင်!"
ကံမကောင်းစွာပဲ၊ ‘အိုင်းစက်’မှားသွားခဲ့သည်။ ‘မြစ်ဝဲကလပ်’ကို အချိန်အတော်ကြာ လိုက်ဖမ်းပြီးနောက် ၎င်းတို့သည် ခြုံခိုနေရာသို့ ရောက်ရှိပြီး အဖွဲ့အတွင်းမှ နေရာတစ်ခု ပေါက်ကွဲကာ သဲများဖြင့် ဖုံးလွှမ်းသွားသည်။ ဓားရူးနှင့် သူ၏အသင်းဖော်တို့သည် ပြေးထွက်လာပြီး နောက်ကြောင်းကို တိုက်ခိုက်လိုက်သည်။
အရာအားလုံး ရုတ်တရတ်ဖြစ်သွားသဖြင့် ‘အိုင်းစက်’နှင့် သူ့အသင်းဖော်များ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
ဓါးရူးသည် သူ၏အင်အားအားလုံးကို အသုံးပြုပြီး ရန်သူ၏ဖွဲ့စည်းပုံကို ဆုတ်ဖြဲပစ်လိုက်သည်။ အဝေးရောက်နေသော ‘အထီးကျန်ကြိုးကြာ’သည် မျက်မှောင်ကြုတ်ကာ သူ့အဖွဲ့ကို တိုက်ပွဲထဲသို့ ပြန်ဦးဆောင်ရန်မှတပါး ရွေးချယ်စရာမရှိတော့ပေ။
မြင်ကွင်းက ရုန်းရင်းဆန်ခတ် ဖြစ်နေသည်။ ခြုံခိုတိုက်ခိုက်ခံရသော်လည်း ‘အိုင်းစက်’နှင့် သူ၏အသင်းဖော်များသည် အလွယ်တကူ နောက်ပြန်မဆုတ်နိုင်ဘဲ ‘မြစ်ဝဲကလပ်’သည် ပြင်းထန်သောတိုက်ပွဲကို ဆက်လက်တိုက်ခိုက်နေရဆဲဖြစ်သည်။ ကံကောင်းစွာဖြင့်၊ ဓါးရူးသည် ကောင်းမွန်စွာ စွမ်းဆောင်နိုင်ခဲ့ပြီး ‘အက်စ်ပါ’ကို ချေမှုန်းပစ်ကာ ၂ယောက်ကို ထိုးသတ်နိုင်ခဲ့၏။
‘အိုင်းစက်’မြေပြင်ပေါ်သို့ လဲကျပြီးနောက်၊ ပတ်ဝန်းကျင်သည် နောက်ဆုံးတွင် တိတ်ဆိတ်သွားကာ သဲသော်ပြင်မှ လေတိုက်သံကိုသာ ကြားရသည်။
‘မြစ်ဝဲကလပ်’၏ အောင်ပွဲ။
"ငါတို့နိုင်ပြီကွ!" ဓားရူးသည် သူ့လက်သီးများကို ဝှေ့ယမ်းလိုက်သည်။
“တကယ်ပဲ ငါတို့ နောက်တစ်ဆင့်ကို ရောက်ပြီ…”
‘အထီးကျန်ကြိုးကြာ’က အံ့သြလွန်း၍ ပါးစပ်ကို မပိတ်နိုင်ဖြစ်နေသည်။ ရန်သူက သူ့ရဲ့ဒီလောက်သိသာတဲ့ လုပ်ရပ်ကို မပြောနိုင်လောက်အောင် မိုက်မဲနေတာလား။
…
နောက်ဆုံးအဆင့် ပြီးဆုံးသွားချိန်မှာတော့ ခြေစစ်ပွဲ အောင်မြင်သူတွေရဲ့ အမည်တွေကို ကြေငြာခဲ့သည်။ ကစားသမားများအားလုံး စိတ်လှုပ်ရှားခဲ့ကြပြီး လူအများ၏ အာရုံစိုက်မှုကိုလည်း အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်။
ခြေစစ်ပွဲများသည် အမြည်းသဘောမျှသာဖြစ်သည်။ ပုံမှန်ရာသီက အဓိကပြိုင်ပွဲဖြစ်၏။
ယခုအချိန်မှစ၍ ပြိုင်ပွဲသည် ခြေစစ်ပွဲများနှင့်မတူဘဲ ပုံမှန်အချိန်ဇယားအတိုင်း ဖြစ်လာမည်ဖြစ်သည်။ ပွဲတိုင်းဟာ ပြင်းထန်ပြီး ရင်ခုန်စရာကောင်းပေလိမ့်မည်။
အသင်းထောင်ပေါင်းများစွာနှင့် ကစားသမားသိန်းပေါင်းများစွာတို့မှ၊ အုပ်စုပွဲစဉ်များအတွက် ၃၈သင်းနှင့် တစ်ဦးချင်းပွဲစဉ်များအတွက် ကစားသမား ၆၂ဦးသာ ရှိသည်။ ဟန်ရှောင်းသည် လူစာရင်းကို ကြည့်လိုက်ပြီး အင်အားကြီးလေးသင်းစလုံးသည် ပုံမှန်ရာသီသို့ ရောက်ရှိခဲ့ပြီး ကျန်အသင်းများအားလုံးမှာ ရူးသွပ်မှုကလပ်၊ ဂိတ်တံခါးကိုးခုအဖွဲ့နှင့် မိုးကြိုးမုန်တိုင်းအသင်း ကဲ့သို့သော နာမည်ကြီးကလပ်များဖြစ်သည်။ အခြားနိုင်ငံမှ ကလပ်အသင်းများ ရှိပြီး ပရော်ဖက်ရှင်နယ် မဟုတ်သော အသင်း သုံးခုသာ ရှိသည်။
‘မြစ်ဝဲကလပ်’သည် အရည်အချင်းပြည့်မီသော အသင်းများစာရင်းတွင် ပါဝင်ခဲ့သည်။ ဟန်ရှောင်းက သူ့ကိုယ်ပိုင်ကမ္ဘာတွင် ‘မြစ်ဝဲကလပ်’သည် ပုံမှန်ရာသီကို ဘယ်တုန်းကမှ မ၀င်ရောက်ခဲ့ဖူးဘဲ နိုင်ငံခြားကစားသမားများနဲ့ အသင်းတစ်သင်း ဝင်ရောက်ခဲ့တာကို ပြန်မှတ်မိနေ၏။
တစ်ဦးချင်းစီပြိုင်ပွဲများအတွက်၊ ကမ္ဘာနှစ်ခုလုံးရှိ ဓါးရူးသည် ပုံမှန်ရာသီအတွက် အရည်အချင်းပြည့်မီပြီး ဤကမ္ဘာပေါ်ရှိတစ်ဦးသည် အခြားကမ္ဘာနှင့်နှိုင်းယှဉ်ပါက လူအများ၏အာရုံစိုက်မှုကို ပိုမိုရရှိခဲ့သည်။ တစ်ဦးချင်းစီပြိုင်ပွဲများတွင် ယန္တရားပညာရှင် လေးဦးသာရှိပြီး တိုက်ခိုက်ရေးယန္တရားပညာရှင်ဖြစ်သော ဓါးရူးမှလွဲ၍ ကျန်အားလုံးမှာ အမြောက်မာစတာများဖြစ်သည်။ အဲ့ဒါကြောင့်လည်း ပရိသတ်တွေက သူ့ကို ပိုစိတ်ဝင်စားလာကြ၏။
ထို့အပြင်၊ ‘မြစ်ဝဲကလပ်’၏ ပွဲစဉ်များ၏ မှတ်တမ်းများကို ထုတ်လွှင့်ခဲ့ပြီး ဓါးရူးသည် သူ့အဖွဲ့ကို အောင်ပွဲခံအောင် သယ်ဆောင်သွားပုံကို လူတိုင်း မြင်တွေ့ခဲ့ရသည်။ ဆန့်ကျင်ဘက်တွင်၊ တကယ့်ခေါင်းဆောင် ‘အထီးကျန်ကြိုးကြာ’ကို မည်သူမျှ ဂရုမစိုက်ပေ။ ပရိသတ်၏အမြင်တွင် သူသည် ရည်ရွယ်ချက်မရှိသော တစ်ဖက်သတ်ဇာတ်ကောင်တစ်ဦးဖြစ်ပြီး ဓါးရူးသည် အဖွဲ့၏ အစားထိုး၍မရသော အစိတ်အပိုင်းဖြစ်သည်ဟု သူတို့ထင်မြင်ခဲ့ကြသည်။
‘အထီးကျန်ကြိုးကြာ’သည် ထင်ပေါ်ကျော်ကြားမှုကို မနာလိုသော်လည်း ဓါးရူး၏ စွမ်းဆောင်ရည်ကို လိုက်မလုပ်နိုင်ပေ။ ဓါးရူးသည် ပို၍ ပို၍ နာမည်ကြီးလာသည်ကိုသာ ကြည့်နေရသည်။
ဓါးရူးသည် အမှန်တကယ်ပင် အနီးကပ်တိုက်ခိုက်ရေးတွင် သဘာဝကျသော စွမ်းရည်တစ်ခုဖြစ်သည်။ သူ၏စွမ်းရည်များ ဆက်လက်တိုးတက်နေကာ အခြားသော ယန္တရားပညာရှင်များက နည်းစနစ်များကို လေ့လာရန် သူ၏ပွဲစဉ်များ၏ တိပ်ခွေကို ပြန်လည်ကြည့်ရှုခဲ့သည်။
အချို့ကစားသမားများသည် ပို့စ်အဟောင်းအချို့ကိုပင် ဝင်ရောက်ကြည့်ရှုခဲ့ကြပြီး ဓါးရူးသည် Black Phantom လက်အောက်ရှိ လျှို့ဝှက်ဆန်းကြယ်သောဇာတ်ကောင်များထဲမှ တစ်ဦးဖြစ်ကြောင်း တွေ့ရှိသွားသည်။ အရည်အသွေးမြင့် ပစ္စည်းများနှင့် မြှင့်တင်ခြင်းများကို Black Phantom မှ ပေးအပ်မည်ဖြစ်သည်။ ကစားသမားအားလုံးသည် ဖန်စီပစ္စည်းများဘေးတွင်သာ သွားရည်ကျရုံသာတတ်နိုင်ခဲ့ကြပြီး ဟန်ရှောင်းသည် နောက်ထပ်ကျော်ကြားမှုကို ရရှိသွားပြန်သည်။
ငါ့ကမ္ဘာဟောင်းမှာထက် သူတို့အများကြီး ပိုကောင်းအောင် လုပ်ခဲ့တယ်။ ဟန်ရှောင်းက ကျေနပ်ပြီး သူ့အလုပ်တွေ အကျိုးရှိသဖြင့် ဝမ်းသာသွားသည်။
ရက်အနည်းငယ်အကြာတွင် ဒုတိယတန်းလိဂ်သည်လည်း ၎င်းတို့၏ပွဲများပြီးဆုံးခဲ့ပြီး ထိပ်ဆုံးနှစ်သင်းသာ ပုံမှန်ရာသီသို့ရောက်ရှိခဲ့သည်။ အဆုံးတွင်၊ အုပ်စုပြိုင်ပွဲတွင်အသင်း၄၀နှင့် တစ်ဦးချင်းပြိုင်ပွဲတွင် ကစားသမား ၆၄ယောက်ရှိသည်။
တရားဝင်ဆိုက်သည် ပုံမှန်ရာသီတွင် ကျပန်းပြုထားသော အုပ်စုများ၏ ရလဒ်များကို ကြေညာသည်။ ကစားသမားများကို A, B, C, D အဖွဲ့များအဖြစ် အညီအမျှ ဖြန့်ကျက်ထားသည်။ အုပ်စုတိုင်းအတွက်၊ အုပ်စုပြိုင်ပွဲတွင် အသင်း ၁၀သင်းနှင့် တစ်ဦးချင်းပြိုင်ပွဲတွင် ကစားသမား ၁၆ယောက်ရှိနေသည်။
ပုံမှန်ရာသီတွင် အသင်းများသည် အလှည့်ကျတိုက်ခိုက်မည့် အမှတ်စနစ်ကို အသုံးပြုသည်။ အုပ်စုပြိုင်ပွဲ၌ အမှတ်အများဆုံး ၂သင်းကသာ နောက်တစ်ဆင့်တက်ဖို့ အရည်အချင်းပြည့်မီလိမ့်မည်။ တစ်ဦးချင်းပြိုင်ပွဲအတွက်၊ အုပ်စုတစ်ခုစီမှ ကစားသမား ၄ဦး ထွက်လာမည်ဖြစ်သည်။
အဖွဲ့များ၏ စာရင်းကိုမြင်သောအခါ ကစားသမားများမှာ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
‘ငါးနှင့် ခရမ်းသီးကြော်အသင်း’၊ ‘နန်းဆက်အသင်း’၊ နှင့် ‘ရှည်လျားကောင်းကင်ကလပ်’ - အင်အားကြီးသုံးသင်း၊ အားလုံးသည် အုပ်စု A တွင်ပါရှိသည်။
ထို့အပြင် ‘ကျားနဂါးကလပ်’နှင့် ‘ကောင်းကင်နန်းတော်ကလပ်’တို့သည် အခြားနိုင်ငံခြား ကလပ်အသင်းများနှင့် အုပ်စု A တွင် ရှိနေသည်။ ဤသည်မှာ သေမင်းအုပ်စု ဖြစ်သည်။
သန်မာတဲ့အသင်းများ အများကြီးရှိပြီး ဒီအုပ်စုအဆင့်ကနေ နှစ်သင်းသာ တက်နိုင်လိမ့်မည်။ ပြိုင်ဆိုင်မှုမှ အနည်းဆုံး အင်အားကြီးတစ်သင်းကို ဖယ်ထုတ်မည်ဖြစ်သည်။ ဒီသတင်းက အဲဒီအသင်းတွေရဲ့ ပရိသတ်တွေကို တုန်လှုပ်သွားစေ၏။
ပုံမှန်ရာသီမစသေးသော်လည်း လေထုဟာ တင်းမာနေပြီး တုန်လှုပ်ချောက်ချားနေလေပြီ။