ဆန်ကာတင်စာရင်း၊ ကြိုတင်ပြင်ဆင်မှုများ
Vol. 21 Ch. 303
အုပ်စုအဆင့်တွင်၊ ‘ရှည်လျားကောင်းကင်ကလပ်’၏အရှိန်အဟုန်ကို ‘နန်းဆက်အသင်း’နှင့် ‘ငါးနှင့် ခရမ်းသီးကြော်အသင်း’တို့က အကြိမ်ကြိမ်ရပ်တန့်ခဲ့သည်။ အသင်းအပေါ် မျှော်လင့်ချက်ထားရှိခြင်းသည် အသွားနှစ်ထပ်ဓားဖြစ်သည်။ ‘ရှည်လျားကောင်းကင်ကလပ်’စွမ်းဆောင်မှု ညံ့ဖျင်းသောအခါတွင် မီဒီယာများ၏ အာရုံစိုက်မှုက ဆိုးကျိုးများ ဖြစ်စေကာ ‘ရှည်လျားကောင်းကင်ကလပ်’သည် အုပ်စုအဆင့်တွင် အောင်မြင်နိုင်ခြေအတွက် အဆိုးမြင်စွာ ပြောဆိုခြင်းကို ခံရမည်ဖြစ်သည်။
အတွေ့အကြုံရင့် အသင်းတစ်သင်းအနေဖြင့် ‘ရှည်လျားကောင်းကင်ကလပ်’သည် ဖိအားများကို ခံနိုင်ရည်အားကောင်းသည်။ အုပ်စု A ၏ နောက်ဆုံးပွဲအနည်းငယ်တွင် ကြည့်ရှုသူအရေအတွက် ထပ်မံစံချိန်ချိုးခဲ့ပြီး ‘ရှည်လျားကောင်းကင်ကလပ်’နှင့် ‘နန်းဆက်အသင်း’ပွဲစဉ်တွင် ‘ရေတပ်ဗိုလ်ချုပ်ကြီး’သည် အုပ်စုတွင်းပြိုင်ဘက် လေးဦးကို တစ်ယောက်တည်း ပြတ်ပြတ်သားသား အနိုင်ယူပြီး အုပ်စုပထမနေရာကို ရယူခဲ့သည်။ ထို့ကြောင့် ‘ရှည်လျားကောင်းကင်ကလပ်’သည် စတုတ္ထနေရာသို့ ကျဆင်းသွား၏။
အဆိုးမြင်မှုနှင့် သံသယများအောက်တွင် နောက်ဆုံးအချီစတင်ခဲ့ပြီး ‘ရှည်လျားကောင်းကင်ကလပ်’၏ ပြိုင်ဘက်မှာ အုပ်စု၏ ဒုတိယနေရာတွင်ရှိသော ‘ငါးနှင့် ခရမ်းသီးကြော်အသင်း’ဖြစ်သည်။ ရမှတ်များတွင် ကြီးမားသောကွာခြားချက်တစ်ခုရှိခဲ့ပြီး ‘ရှည်လျားကောင်းကင်ကလပ်’အရည်အချင်းပြည့်မီရန်အတွက် ၎င်းတို့သည် ပွဲကို လုံးဝလွှမ်းမိုးထားကာ အမှတ်များနိုင်သမျှ ယူရမည်ဖြစ်သည်။ သို့သော်၊ ငါးနှင့်ခရမ်းသီးကြော်သည် စွမ်းအားကြီးအသင်းတစ်ခုဖြစ်ပြီး ‘ရှည်လျားကောင်းကင်ကလပ်’သည် အုပ်စုအဆင့်မှ ရုန်းထွက်နိုင်မည်ဟု မျှော်လင့်ချက်မရှိပေ။
ဒါပေမယ့် ‘ရှည်လျားကောင်းကင်ကလပ်’က ဖယ်ထုတ်ခံရတော့မည်ဟု ပရိသတ်က ထင်နေချိန်မှာပဲ ဟောက်ထျန်းနှင့် သူ့အဖွဲ့သည် ရန်သူအဖွဲ့တစ်ခုလုံးကို အံ့အားသင့်စေမည့် အံ့ဖွယ်အဖွဲ့တိုက်ပွဲကို ခင်းကျင်းလိုက်၏။ တစ်ယောက်ချင်းတိုက်ပွဲများတွင် အမှားအယွင်းတွေ မတွေ့နိုင်ဘဲ ရန်သူကို ဖြတ်ကျော်သွားကြသည်။ ‘စစ်ရထားသုံးစင်း’၊ Dancing Fish Dragon ကခုန်နေသော ငါးနဂါး၊ Perfume Bear ရေမွှေးဝက်ဝံနှင့် ‘နေမင်းခရမ်းသီး’တို့သည် ဘာဖြစ်သွားသည် မသိလိုက်ဘဲ ‘ရှည်လျားကောင်းကင်ကလပ်’၏ လွှမ်းမိုးခြင်း ခံလိုက်ရ၏။
တိုက်ရိုက်ထုတ်လွှင့်မှုတွင်၊ ဘောင်တိုင်းတွင် မှတ်ချက်များသည် ပြင်းထန်စွာပေါက်ကွဲနေ၏။ နှစ်သင်းလုံးမှ ပရိသတ်များသည် နှလုံးသားများ ပေါက်ကွဲသွားသလိုမျိုး ထိုင်ခုံအစွန်းတွင် ရှိနေကြသည်။ ပွဲအလှည့်အပြောင်းတွေဖြစ်တိုင်း ပရိသတ်တွေက ရင်ခုန်စိတ်လှုပ်ရှားပြီး အော်ဟစ်နေကြ၏။
‘ရှည်လျားကောင်းကင်ကလပ်’၏ အမှတ်များသည် တဟုန်ထိုးတက်လာပြီး တခဏချင်းတွင် ‘ငါးနှင့် ခရမ်းသီးကြော်အသင်း’ နှင့် တူညီသောအချက်များ ရရှိသွားသည်။ နောက်ဆုံးရလဒ်ကို အသင်းလိုက်တိုက်ပွဲတွင် ဆုံးဖြတ်ခဲ့ပြီး ‘ရှည်လျားကောင်းကင်ကလပ်’သည် သူတို့၏ပြိုင်ဘက်ကို ကျော်ဖြတ်ကာ အုပ်စုဒုတိယနေရာအဖြစ် နောက်တစ်ဆင့်တက်ရန် အရည်အချင်းပြည့်မီသွားသည်။
"‘ရှည်လျားကောင်းကင်ကလပ်’က နောက်ပြန်လှည့်ပြီး ပွဲသိမ်းလိုက်တာ!"
"စွမ်းအားကြီးတွေရဲ့ တိုက်ပွဲမှာ ‘ငါးနဲ့ ခရမ်းသီးကြော်အသင်း’ ဖျက်ဆီးခံခဲ့ရတယ်!"
" ‘ရှည်လျားကောင်းကင်ကလပ်’က ဆံချည်တစ်မျှင်လေး အသာနဲ့ နောက်တစ်ဆင့် တက်သွားပြီ"
“’ငါးနဲ့ ခရမ်းသီးကြော်အသင်း’က အရှက်တကွဲ ရှုံးနိမ့်ခဲ့ပါတယ်။ ဒါ စွမ်းအားကြီးအသင်းရဲ့ အဆုံးသတ်ပဲလား"
“အုပ်စု A အတွက် ပြိုင်ပွဲတွေ ပြီးသွားပါပြီ။ ‘နန်းဆက်အသင်း’နှင့် ‘ရှည်လျားကောင်းကင်ကလပ်’တို့သည် ကွာတားဖိုင်နယ်သို့ တက်ရောက်သွားသည်!”
‘ရှည်လျားကောင်းကင်ကလပ်’၏ မယုံနိုင်စရာ ပြန်လည်ရောက်ရှိလာမှုသည် ဖိုရမ်များတွင် ပေါက်ကွဲသွားသည်။ ‘ရှည်လျားကောင်းကင်ကလပ်’ ပရိသတ်များသည် နှစ်သစ်ကူးသကဲ့သို့ မျက်ရည်ကျကာ ကြေကွဲဖွယ်ကောင်းသော အငွေ့အသက်များနှင့် မီဒီယာများ၏ လေသံသည် လျှင်မြန်စွာ ပြောင်းလဲသွားခဲ့သည်။ အရင်က ဘယ်လောက်ပဲ ဆိုးဆိုးရွားရွား လုပ်ခဲ့ပါစေ သတင်းတွေပေါ်မှာ ချီးကျူးစကားတွေသာ တွေ့နေရ၏။
‘နန်းဆက်အသင်း’၊ ‘ရှည်လျားကောင်းကင်ကလပ်’နှင့် ‘ငါးနှင့် ခရမ်းသီးကြော်အသင်း’အားလုံးက ပွဲအပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကြသည်။ သတင်းထောက်များက ပထမဆုရရှိကြသည့် အသင်းများအား ဂုဏ်ပြုကြိုဆိုကြပြီး နှစ်သင်းကိုယ်စားလှယ်များက ချီးကျူးဂုဏ်ပြုကြသည်။ နှစ်သင်းစလုံးက မေးခွန်းတွေကို ထုံးတမ်းစဉ်လာတွေနဲ့ ဖြေကြားခဲ့ကြပြီး ပြိုင်ပွဲတစ်လျှောက် အားပေးခဲ့ကြသည့် ပရိသတ်တွေနဲ့ အားပေးသူတွေကို ကျေးဇူးတင်ကြသည်။
သတင်းစာရှင်းလင်းပွဲ၏ နောက်ဆုံးအပိုင်းတွင် သတင်းထောက်က ‘ငါးနှင့် ခရမ်းသီးကြော်အသင်း’အား မိုက်ခရိုဖုန်းကို ပေးပြီး "ရှုံးနိမ့်ပြီးနောက် တစ်စုံတစ်ရာ မျှဝေလိုပါသလား"
‘ငါးနှင့် ခရမ်းသီးကြော်အသင်း’၏ ကိုယ်စားလှယ်က အေးစက်နေပြီး “ပြီးခဲ့တဲ့ပွဲမှာ ကျွန်တော်တို့ ညံ့ဖျင်းစွာ စွမ်းဆောင်နိုင်ခဲ့ပြီး မျှော်မှန်းချက်တွေကို မပြည့်မီခဲ့ပါဘူး။ ပွဲစဉ်အတွင်းမှာ ကျွန်တော်တို့ အမှားတွေ အများကြီး လုပ်ခဲ့ပြီး၊ ပိုကောင်းအောင် လုပ်ဆောင်နိုင်သင့်ပါတယ်။ ‘ရှည်လျားကောင်းကင်ကလပ်’က အားကောင်းတဲ့ ပြိုင်ဘက်ဖြစ်ပြီး လူတိုင်းက သူတို့ဘယ်လိုဆိုတာ မြင်တွေ့…”
သတင်းစာရှင်းလင်းပွဲ မဖြေခင်မှာ ဒီအဖြေကို ပြင်ဆင်ထားပြီးဖြစ်သည်။ သူတို့ရဲ့ အမှားတွေကို ဝန်ခံပြီး သင်ခန်းစာယူဖို့ ကြိုးစားခဲ့ပြီးနောက် ပရိသတ်တွေကို တောင်းပန်ခဲ့၏။ ဤတုံ့ပြန်မှုသည် ဂိမ်းတစ်ခုရှုံးပါက စံလုပ်ထုံးလုပ်နည်းတစ်ခုဖြစ်သောကြောင့် သတင်းထောက်သည် တိတ်တဆိတ်တ်သာနေပြီး မှတ်စုများရေးရန်ပင် စိတ်မဝင်စားပေ။
ရုတ်တရက်ပဲ အဖွဲ့ခေါင်းဆောင် ‘နေမင်းခရမ်းသီး’က မတ်တပ်ရပ်လိုက်သည်။ ရထားသုံးစီးတွင် နောက်ဆုံးလူဟု သိကြသော်လည်း လူသုံးယောက်၏ ခေါင်းဆောင်ဖြစ်သည်။
နေမင်းခရမ်းသီးသည် ဖြေကြားနေမှုကို ရပ်တန့်လိုက်ပြီး ကိုယ်စားလှယ်ထံမှ မိုက်ခရိုဖုန်းကို လှမ်းယူလိုက်သည်။ သူသည် စိတ်ရှုပ်ထွေးနေသော သတင်းထောက်များနှင့် မျက်နှာချင်းဆိုင်ပြီး ‘ရှည်လျားကောင်းကင်ကလပ်’ကို စိုက်ကြည့်နေ၏။ “ငါတို့ အစွမ်းကုန်ကြိုးစားခဲ့ကြတယ်” လိုမျိုး ပေါ့ပေါ့ပါးပါး စကားလုံးတွေ မပြောချင်ဘူး။ ငါတို့ရှုံးတယ်၊ အဲဒါက ငြင်းလို့မရတဲ့အချက်ပဲ၊ ဒါပေမယ့် ငါလက်မလွှတ်နိုင်ဘူး။ နောက်တစ်ကြိမ်မှာ ချန်ပီယံဆုကို ဆွတ်ခူးနိုင်မှာပါ။ ဟောက်ထျန်း၊ ငါတို့နှစ်ယောက်လုံး တစ်ဦးချင်းကွင်းမှာ ကွာတားဖိုင်နယ်ကို ဝင်ခဲ့ကြတာမို့ မင်းငါ့ကိုတွေ့ရင် သေဖို့ပြင်ထား။"
ဟောက်ထျန်းက နောက်ပြန်မဆုတ်ပေ။ "မင်းငါ့ကို ဘယ်နှစ်ကြိမ်စိန်ခေါ်နေပါစေ ရလဒ်က ပြောင်းလဲမှာ မဟုတ်ဘူး။"
နှစ်ယောက်စလုံးက တစ်ယောက်နဲ့တစ်ယောက် စိုက်ကြည့်နေပြီး နောက်မဆုတ်ကြပေ။
ထိုသို့သော ဖလှယ်မှုများသည် သတင်းရေးရန် စိတ်လှုပ်ရှားစရာကောင်းသော အရာများဖြစ်သည်။ သတင်းထောက်တွေက ပြုံးပြီး အမြန်မှတ်တမ်းတင်ကြ၏။
နံဘေးတွင်ရှိသော ‘နန်းဆက်အသင်း’သည် နှစ်ဖက်လုံးကို တစ်ချက်ကြည့်လိုက်သည်။ ပထမအဖွဲ့သည် ဘေးထွက်ဇာတ်ကောင်တစ်ခုမျှသာ ဖြစ်သည့်အတွက် ကမောက်ကမလို ဖြစ်နေ၏။
ဒုတိယမင်းသားက လက်သီးတွေကို တင်းတင်းဆုပ်ပြီး “သတင်းထောက်တွေက အခု ငါတို့ကို လျစ်လျူရှုနေကြတယ်။ ငါလည်း စိန်ခေါ်ရမယ်…”
‘ရေတပ်ဗိုလ်ချုပ်ကြီး’သည် အိပ်ပျော်နေသကဲ့သို့ မျက်လုံးဖွင့်ရန် ရုန်းကန်နေသည်။ သူက ဒုတိယမင်းသား ခေါင်းနောက်ကို ရိုက်လိုက်ပြီး ပြောလိုက်သည်။ “ပြဿနာမရှာနဲ့”
ဒုတိယမင်းသားက သူ့လက်ကို တွန်းဖယ်လိုက်ပြီး “ငါ့ကို မရိုက်နဲ့တော့ ငကြောင်ရဲ့။ ငါက ဝင်ပြီးစိန်ခေါ်မှာကို မင်းဘာလို့စိတ်ညစ်နေတာလဲ"
"သောက်ရူး၊ မင်း ဆီမီးဖိုင်နယ်တောင် မဝင်ဘူး၊ ဘာကိုဝင်ပြီး စိန်ခေါ်မှာလဲ!" ရေတပ်ဗိုလ်ချုပ်ကြီးသည် ဒုတိယမင်းသား၏ ချက်ကောင်းကို တည့်တည့်ကြီး ပြောပစ်လိုက်သည်။
ဒုတိယမင်းသား၏ မျက်နှာသည် နီရဲလာပြီး ရေတပ်ဗိုလ်ချုပ်ကြီး၏ ပေါင်ကြားကို ပြေးကန်တော့မည်ကဲ့သို့ ဒေါသနှင့် စိုက်ကြည့်နေသည်။
ဒုတိယမင်းသားက သူ့ကို လှောင်ပြောင်နေတယ်လို့ ခံစားရသည်။ ‘ရေတပ်ဗိုလ်ချုပ်ကြီး’သည် တစ်ဦးချင်း ပြိုင်ပွဲတွင် နောက်တစ်ဆင့်သို့ တက်လှမ်းရုံသာမကဘဲ ပထမအဖြစ်လည်း အမှတ်အများဆုံးရခဲ့သည်။ သူသည် All Stars သို့ ဖိတ်ကြားခံရပြီး ဒုတိယမင်းသားမှာ ဖယ်ရှားခံခဲ့ရသည်။ အဲဒါကြောင့် ဒုတိယမင်းသားလေး စိတ်တိုနေ၏။
တစ်ချိန်တည်းမှာပင်၊ ‘နတ်ဘုရားကျောင်းဆောင်’ကလည်း ၎င်းတို့၏ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေသည်။ ပြိုင်ဆိုင်မှု များများစားစားမရှိသော အုပ်စုတစ်ခုသို့ ခွဲဝေချထားခြင်းကြောင့် ကံကောင်းခဲ့ကြသည်။ ၎င်းတို့ကို All Stars ဂိမ်းများသို့လည်း ဖိတ်ကြားထားသည်။
လီကဲက နိုင်ငံတကာပြိုင်ပွဲကို ဦးတည်ပြီး နိုင်ငံအတွက် ဆုဖလားနဲ့ ဂုဏ်ယူမှုတွေ ယူဆောင်လာမယ်လို့ ပြောကြားခဲ့သည်။
‘နတ်ဘုရားကျောင်းဆောင်’က ၎င်းတို့သည် အင်အားအကြီးဆုံးဖြစ်ပြီး ၎င်းတို့သည် အင်အားကြီးအသင်းများ၏ နဂါး၏ဦးခေါင်းဖြစ်ကြောင်း အခိုင်အမာပြောဆိုလိုက်သည်။ လီကဲသည် တရုတ်နိုင်ငံ၏ ကိုယ်စားလှယ်အဖွဲ့၏ လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေ၏။ သူသည် တရုတ်နိုင်ငံ၏ ကစားသမားများအနက် ဒုတိယအဆင့်တွင် ရှိနေသော်လည်း ‘ရေတပ်ဗိုလ်ချုပ်ကြီး’သည် ပေါ့ပေါ့ပါးပါး အသွင်အပြင်ဖြင့် အမြဲတမ်း ရှက်ရွံ့ပြီး နှိမ့်နှိမ့်ချချ နေတတ်၏။ တစ်ဖက်မှာတော့ လီကဲဟာ ချောမော သန်မာပြီး ပရိသတ်များ၏ လူသိများကျော်ကြားမှုကိုလည်း ရရှိထားသူပင်။
လီကဲ၏ ပရိတ်သတ်များ အတွင်းတွင် အမျိုးသမီး အရေအတွက်မှာ သိသိသာသာပင် အများအပြား ရှိနေပြီး ‘ရေတပ်ဗိုလ်ချုပ်ကြီး’အတွက် ပရိသတ် အများစုမှာ အရွယ်ရောက်ပြီးသော အမျိုးသားများ ဖြစ်သည်။ ထိုနေရာတွင် ပရိသတ်များကြား ရန်ပွဲသည် စိတ်ဝင်စားစရာကောင်းပြီး ၎င်းသည် များသောအားဖြင့် အခင်းအကျင်းတွင် အကြီးဆုံးရှိုးများထဲမှ တစ်ခုဖြစ်သည်။ လီကဲနှင့် ‘ရေတပ်ဗိုလ်ချုပ်ကြီး’တို့သည် အချင်းချင်း တိုက်ခိုက်နေသရွေ့၊ ဤပွဲသည် သေချာပေါက် ပေါ်လာမည့် အပိုရှိုးဖြစ်သည်။
ပလေးအော့ဖ်ပြိုင်ပွဲအတွက် အရည်အချင်းပြည့်မီသော အသင်းများအားလုံးသည် ၎င်းတို့၏ သတင်းစာ ရှင်းလင်းပွဲများ ပြုလုပ်ခဲ့ကြပြီး အသင်းများမှ ထုတ်ပြန်ချက် အမျိုးမျိုးကို ပြုလုပ်ခဲ့ကြသည်။ တစ်ချို့က ဖိုင်နယ်ကို အနိုင်ရမယ်လို့ အလွန်ယုံကြည်ကြပြီး အချို့ကတော့ နှိမ့်ချပြီး သီးသန့်နေကြသည်။ ဤပြကွက်များသည် ပရော်ဖက်ရှင်နယ် အခင်းအကျင်းတွင် မြင်တွေ့နိုင်သည့် ဇာတ်လမ်းမျိုးစုံကို ပြသနေသည်မှာ သေချာ၏။
ယခုလည်း ဖိုင်နယ်ပွဲအတွက် အချိန်ဇယားကို ထုတ်ပြန်ကြေညာလိုက်သည်။
“အုပ်စုပြိုင်ပွဲရဲ့ ထိပ်တန်းအသင်း ၈သင်း - တရုတ်အသင်း ၅သင်း - ‘နန်းဆက်အသင်း’၊ ‘ရှည်လျားကောင်းကင်ကလပ်’၊ ‘နတ်ဘုရားကျောင်းဆောင်’၊ Thunder Storm မိုးကြိုးမုန်တိုင်း၊ ဂိတ်တံခါးကိုးခုအဖွဲ့၊ နက်နဲကိုး။ နိုင်ငံခြားအသင်း ၃သင်း - Son of Wind လေ၏သားတော်၊ Beast သားရဲ၊ Golden Orange ရွှေလိမ္မော်။
"တစ်ဉီးချင်းစီရဲ့ ထိပ်တန်း ၁၆ ယောက် - ရေတပ်ဗိုလ်ချုပ်ကြီး၊ နေမင်းခရမ်းသီး၊ ဟောက်ထျန်း၊ လီကဲ၊ ဓါးရူး၊ Rainy Kim..."
စာရင်းကိုကြည့်လိုက်ပြီး ဟန်ရှောင်းက စပါးရိတ်သိမ်းရာသီဖြစ်နေသလို ရယ်မောလိုက်သည်။
ဟီးဟီး၊ သူတို့တော်တော်များများက ငါ့ရဲ့အရင်ကမ္ဘာက နာမည်ကြီးတဲ့ ကစားသမားတွေပဲ။ ဟန်ရှောင်းက ပြုံးလိုက်သည်။ သူ ပရော်ဖက်ရှင်နယ် အခင်းအကျင်းကို လိုက်ခဲ့ရသည့် အခြားအကြောင်းအရင်းမှာ ကျွမ်းကျင်သည့် ကစားသမားတွေကို ရွေးထုတ်ဖို့ နေရာတစ်ခု ဖြစ်နေလို့ပင်။
ရေပင်လယ်ဂြိုလ်၏ ပြိုင်ပွဲအခင်းအကျင်းသို့ ရောက်ရှိလာသူတိုင်းသည် အရည်အချင်းရှိသူဖြစ်သည်။ ပိုကောင်းတဲ့စကားတချို့မှာ ဟန်ရှောင်းဟာ နဂါးငွေ့တန်းကိုစူးစမ်းလေ့လာရန် သဘာဝစွမ်းရည် ရှိသူတွေကို ခေါ်ဆောင်သွားဖို့ ပြင်ဆင်နေသည်။ ပြီးတော့ ဒီတစ်ကြိမ်တွင် သူက လူအနည်းငယ်ကို ခေါ်လာရုံသာမကဘဲ၊ သူက ကစားသမားအားလုံးကို သူ့ရဲ့လက်ထောက်တွေအဖြစ် ခေါ်လာလိမ့်မည်။
သူတို့သည် သေပြီးနောက် အမြဲတမ်း ပြန်လည်ရှင်သန်လာသောကြောင့်၊ ကစားသမားများသည် အလွန်အသုံးဝင်သော ကိရိယာများဖြစ်သည်။ ၎င်းတို့သည် အနည်းငယ် အားနည်းသော်လည်း ဗားရှင်းအသစ်တွင် တိုးတက်လာဦးမည်ဖြစ်သည်။ စက်ရုပ်များကို ယမ်းမှုန့်အဖြစ် အသုံးပြုနိုင်သော်လည်း ၎င်းတို့ကို ပြုလုပ်ရန် ငွေကြေးလိုနေသေးသည်။
ကစားသမားများမှာ အခမဲ့ဖြစ်သည်။
ဟန်ရှောင်းသည် ငယ်ရွယ်သော အရည်အချင်းရှိသူများကို ရယူခြင်းဖြင့် မိသားစုတစ်ခုကို စတင်ရန် စီစဉ်နေသည်။ သူ့မှာ အစီအစဉ်ရှိပြီးသားဖြစ်သည်။
သူ့ကိုယ်ပိုင် အခြေစိုက်စခန်းကိုဖန်တီးရန်။
ဗားရှင်း ၁.၀ တွင် ကစားသမားများသည် နဂါးငွေ့တန်းထဲသို့ ဝင်ရောက်ရန် နည်းလမ်းမရှိသော်လည်း ဟန်ရှောင်းသည် သယ်ယူပို့ဆောင်ရေးကို ပံ့ပိုးပေးနိုင်ပါက ပရော်ဖက်ရှင်နယ်ကစားသမားများပင် တုန်လှုပ်သွားမည်ဖြစ်သည်။ ဟန်ရှောင်းက ပြီးအောင်လုပ်ဖို့ မစ်ရှင်တွေ အများကြီးရှိသော်လည်း အလုပ်တာဝန်ကို ဖြန့်ဝေပေးလိုက်လျှင် အများကြီးဖြစ်တော့မှာ မဟုတ်ပေ။ ၎င်းသည် သူပြုစုပျိုးထောင်နိုင်သည့် ကစားသမားအရေအတွက်ကို ကန့်သတ်မည်ဖြစ်သည်။ သို့သော်လည်း ကစားသမားများသည် နဂါးငွေ့တန်းထဲသို့ သွားလာနိုင်ပြီး စကြာဝဠာတစ်ဝိုက်ရှိ အခွင့်အလမ်းများကို ထိတွေ့နိုင်လျှင် အဆုံးမဲ့မစ်ရှင်များရှိလာမည်ဖြစ်ပြီး၊ ၎င်းသည် ကစားသမားများအတွက် သေချာပေါက် ဆွဲဆောင်မှုဖြစ်စေမည်ဖြစ်သည်။ ဤနည်းဖြင့် ဟန်ရှောင်းသည် ဟန်ရှောင်းလုပ်ဆောင်နိုင်သော မစ်ရှင်များ၏ အတိုင်းအတာကန့်သတ်ချက်ကို ကျော်ဖြတ်နိုင်သည်။
အကယ်၍ ကစားသမားများသည် ဂလက်ဆီတွင် စွန့်စားခန်းကို ပထမဆုံးစတင်ခဲ့လျှင် ကစားသမားများသည် အကျိုးကျေးဇူးရှိမည်ဖြစ်သည်။ အခွင့်အရေးကို မနာလိုမဖြစ်တဲ့သူ မရှိမှာမဟုတ်ဘူး။ တစ်ချိန်တည်းမှာပင်၊ ဟန်ရှောင်းသည် ၎င်း၏ တည်ရှိမှုကို ပြန်လည်ဖော်ပြပြီး ခေါင်းကြီးပိုင်းများကို ထပ်မံဖော်ပြခံရနိုင်သည်။
ရွေးချယ်ခံထားရသော ကစားသမားများသည် ဟန်ရှောင်းနှင့် စိတ်လိုလက်ရ ရင်းနှီးလာပြီး အသိအမှတ်ပြုမှုသော ခံစားချက်များ ဖြစ်ပေါ်လာကြလိမ့်မည်။ ဟန်ရှောင်းသည် သူ့အစီအစဉ်အတွက် အသေးစိတ် အစီအစဉ်တစ်ခု ရှိနေပြီးဖြစ်သည်။
ခေါ်ယူနိုင်သည့် ကစားသမားအရေအတွက်မှာ အခြေအနေပေါ် မူတည်နေသေး၏။
သူ့လျှို့ဝှက်စခန်းအတွင်းတွင် ဟန်ရှောင်းသည် ဆိုဖာပေါ်မှထကာ လက်နက်တိုက်သို့ရောက်ရှိပြီး စကားဝှက်ကို ရိုက်ထည့်လိုက်သည်။
ရွှေရောင်နံရံကြီး ခေါက်ပြီး ပွင့်သွားသည်။ အခန်းထဲတွင် ဖောက်ထွင်းမြင်ရသော တိုင်တစ်ခု ရှိနေပြီး ဂျယ်နှင့် အရည်များဖြင့် ပြည့်နေသည်။ တိုင်အတွင်းတွင် အသစ်စက်စက် Amphiptere ဝတ်စုံတစ်ခုရှိ၏။
"သွားဖို့အချိန်တန်ပြီ။"
ဟန်ရှောင်းက ခလုတ်ကို နှိပ်လိုက်ပြီး တိုင်ထဲက ဂျယ်ကို ဆေးကြောပစ်လိုက်သည်။ Amhiptere စက်ပိုင်းဆိုင်ရာဝတ်စုံ၏ မျက်နှာပြင်သည် အလင်းရောင်အောက်တွင် အေးစက်သော တောက်ပမှုကို ပေးစွမ်းနေသည်။