← Chapters

အပေါ်မှလာသော ဧည့်သည်

Vol. 21 Ch. 304

အပေါ်မှလာသော ဧည့်သည်

Vol. 21 Ch. 304

ရေပင်လယ်ဂြိုလ်နှင့် ဝေးကွာသော ညကောင်းကင်တွင် သက်တံရောင်ခြည်များ ပေါက်ကြားကာ မှောင်မည်းနေသော စကြာဝဠာကို ရောင်စုံကစားကွင်းအဖြစ်သို့ အလင်းရောင်ပေးနေစဉ် wormholes အာကာသတံခါးပေါက် အချို့ အဖွင့်အပိတ်လုပ်နေကြသည်။ ဤအလင်းရောင်များသည် အာကာသထဲသို့ လွင့်မျောနေသော ပိုးလွှာအလွှာတစ်ခုကဲ့သို့ အတူတကွ စုစည်းလိုက် ပျံ့လွင့်လိုက်ဖြစ်နေရာ ထိုမြင်ကွင်းက မြင်သူတိုင်းကို စွဲဆောင်သွားစေသည်။

ကွဲအက်နေသော wormhole အာကာသတံခါးပေါက်၏ အလယ်ဗဟို အနီးတစ်ဝိုက်တွင် အာကာသထဲတွင် လွင့်မျောနေသော အာကာသစခန်းကြီး တစ်ခုဖြစ်ပြီး ပုံသဏ္ဍာန်မှာ တစ်ခုနှင့်တစ်ခု အလျားလိုက် စီထားသော အဆောက်အအုံသုံးလုံးနှင့်တူသည်။ ဘေးဘက်နှင့် အာကာသစခန်းများ၏ထိပ်တွင် မတူညီသောမျှော်စင်များရှိပြီး အချို့မှာ အချက်ပြမျှော်စင်၊ အချို့မှာ အာကာသတည်ငြိမ်ရေးစနစ်ဖြစ်ပြီး အချို့မှာ ယာဉ်တန်းများအတွက် လက်နက်နှင့် ကားဂိုဒေါင်များဖြစ်သည်။

အာကာသစခန်း၏ အောက်ခြေသည် ကြီးမားသောသတ္တုစက်လုံးဖြစ်ပြီး၊ နက်ပြာရောင်အလင်းတန်းသည် ပတ်လမ်းကဲ့သို့ စက်ဝိုင်းကိုဝန်းရံထားသည်။ ၎င်းမှာ အာကာသစခန်း၏ ဓာတ်ပေါင်းဖို၊ အင်ဂျင်နှင့် ဆွဲငင်အား တည်ငြိမ်ရေးကိရိယာ ဖြစ်သည်။

အာကာသစခန်းသည် အလွန်ရှုပ်ထွေးပြီး အသေးစိတ်ကျသောဖွဲ့စည်းပုံပါရှိပြီး ၎င်းသည် အဆင့်မြင့်၍ ခေတ်ရှေ့ပြေးလှ၏။ အဆောက်အဦများ၏ 'ပြတင်းပေါက်' များသည် အာကာသယာဉ်များ ဆိုက်ကပ်ရန်အတွက် အာကာသကုန်းပတ်များဖြစ်သည်။ မြေပုံကိုမကြည့်ဘဲ အာကာသစခန်းကို သေချာမသိနိုင်ပေ။။ ကုန်းပတ်တစ်ခုစီတွင် မီတာရာဂဏန်းရှည်သော အာကာသယာဉ်ကို ထားရှိနိုင်သည်။ အာကာသစခန်းတွင် ထောင်သောင်းနှင့်ချီသော ကုန်းပတ်များပါရှိပြီး တောင်တန်းအတုတစ်ခုလို ဖြစ်နေသည်။

ဤသည်မှာ ဂါတွန်နဂါးငွေ့တန်း၏ transit station အကူးအပြောင်းဘူတာ၊ Zuric Hub ဇူးရစ် အာကာသစခန်း ဖြစ်သည်။

ဘူတာရုံတစ်ဝိုက်တွင် လွင့်မျောနေသော wormholes များသည် Kerbal Stellar ကာဘယ် ကြယ်စင်စုရှိ မတူညီသော civilization လူမှုအဖွဲ့အစည်းများဆီသို့ မတူညီသောလမ်းကြောင်းများဖြစ်သည်။ ခေတ်မီ civilizations လူမှုအဖွဲ့အစည်းမှ အကူအညီအတွက် အရင်းအမြစ်များစွာကို အသုံးပြု၍ တည်ငြိမ်သောကြယ်တံခါးကို တည်ဆောက်ခဲ့ပြီး၊ လူများကို နေရာအမျိုးမျိုးနှင့် solar systems နေအဖွဲ့အစည်းများကို ဖြတ်ကျော်ကာ Kerbal Stellar ကာဘယ် ကြယ်စင်စုအတွင်း လျင်မြန်ထိရောက်စွာ သွားလာနိုင်စေသည်။

အာကာသစခန်းသည် ပျားအုံကဲ့သို့ စက္ကန့်တိုင်းတွင် ထောင်နှင့်ချီသော အာကာသယာဉ်များကို လက်ခံပေးနေသည်။ အဝါရောင်နှင့် အဖြူရောင်ဖြင့် ဖုံးအုပ်ထားသော အာကာသယာဉ်ငယ်သည် အာကာသကုန်းပတ်တစ်ခုသို့ ပျံသန်းသွားသည်။ အာကာသယာဉ်သည် gravitational area ဒြပ်ဆွဲအား ဧရိယာသို့ ဝင်ရောက်လာစဉ် တုန်ခါသွားပြီး မိနစ်အနည်းငယ်အကြာတွင် ဂိုဒေါင်သို့ ဦးတည်သွားသည်။

ဂိုဒေါင်တွင် အဖြူရောင်၊ အပြာရောင်များ အပြည့်ရှိသည်။ ဂိုဒေါင်ကို တည်ဆောက်ထားသည့် မူလပစ္စည်းများမှာ အထူးသတ္တုနှောင်ကြိုးများနှင့် macromolecule မက်ခရိုမော်လီကျူးပစ္စည်းများ ပေါင်းစပ်ထားခြင်းဖြစ်သည်။ စက္ကန့်အနည်းငယ်ကြာပြီးနောက် ဂိုဒေါင်သည် အမျိုးသမီး၏ ဒစ်ဂျစ်တယ်အသံဖြင့် အသံထွက်လာသည်။

“အထောက်အထား ခွင့်ပြုချက် ရရှိထားတယ်။ ဆိုက်ကပ်ခွင့်ပြုသည်။ ‘ဂိုဒိုရာ’၏ အာကာသ စုံစမ်းစစ်ဆေးရေးမှူး 741၊ ကပ္ပတိန် ကားလော့ဒ်ကို ကြိုဆိုပါတယ်။

ဝှစ်ရှ်။

လေယာဉ်တံခါး ပွင့်လာပြီး မြေပြင်ပေါ်ကို ဖြန့်ထားတဲ့ ပလက်ဖောင်းတစ်ခုမှ လူတစ်ယောက် ဆင်းလာသည်။

သူသည် ရွှေနုရောင် အသားအရည်ရှိသော ဂိုဒိုရာအမျိုးသား ဖြစ်သည်။ သူ့ဆံပင်က အဖြူရောင်ဖြစ်ပြီး ခေါင်းနောက်ဘက်တွင် ကျစ်ဆံမြီး ခုနစ်ခုပါ၏။ ကျစ်ဆံမြီး၏အဆုံးတွင် ချည်နှောင်ထားသော ရွှေရောင် စက်လုံးများရှိသည်။ သူ့တွင် လူနှင့်တူသော မျက်နှာအသွင်အပြင်ရှိသော်လည်း မျက်နှာ၏ အစိတ်အပိုင်းများကြားတွင် နေရာပိုရှိသည်။ ခန္ဓာကိုယ်ဖွဲ့စည်းပုံသည် လူကဲ့သို့ ဦးနှောက်တစ်ခု၊ လက်နှစ်ဘက်၊ ခြေနှစ်ချောင်းနှင့် လိင်အင်္ဂါတို့လည်း တူညီစွာ ပါရှိသည်။ အမြီး သို့မဟုတ် အပိုခြေလက်များကဲ့သို့ အပိုဘာမှမရှိပေ။ သူ့အရပ် ဂိုဒိုရာ၏ ပျမ်းမျှအမြင့်ဖြစ်သည့် နှစ်မီတာခန့် မြင့်သည်။

ဂိုဒိုရာအာကာသ စုံစမ်းစစ်ဆေးရေးဌာနမှာ အလုပ်လုပ်သည့် ကားလော့ဒ်သည် စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ ကပ္ပတိန်ဖြစ်သည်။ သူ့ရာထူးက ကပ္ပတိန်ဖြစ်သော်လည်း သူ့လက်အောက်ခံလူ မရှိပေ။ သူ့တွင် ‘ဂိုဒိုရာ’စံသတ်မှတ်ထားသော ခရီးဆောင်အိတ်၊ ပစ္စည်းကိရိယာများနှင့် ‘လေ့လာသူ’ - သေးငယ်သော အာကာသယာဉ် တို့သာရှိသည်။ အာကာသယာဉ်သည် မီတာသုံးဆယ်ရှည်လျားပြီး ခရီးသည်တစ်ဦးသာ လိုက်ပါနိုင်ခဲ့သည်။

ကားလော့ဒ်သည် ရေပင်လယ်ဂြိုလ်ရှိ 'ဂြိုလ်သားများ' ကို စုံစမ်းစစ်ဆေးရန် စေလွှတ်ခံခဲ့ရသူဖြစ်သည်။

“အိုးးး၊ ဂိုဒိုရာသွေးသန့် မျိုးရိုးစစ်စစ်။ ဒီလိုမျိုး ထိပ်တန်းမျိုးစိတ်တွေကို တွေ့ရခဲတယ်။”

ဂိုဒေါင်တံခါးပွင့်လာသည်နှင့်အမျှ အာကာသစခန်းအတွက် အလုပ်ဝတ်စုံဝတ်ထားသည့် အမျိုးသားတစ်ဦး ရယ်မောလိုက်သည်။ သူသည် ကားလော့ဒ်နှင့် တူညီသောအသွင်အပြင်ရှိသော်လည်း၊ သူသည်အလွန်ပုပြီး သူ၏အသားအရေသည် ရွှေကဲ့သို့မဟုတ်ပေ။ ၎င်းသည် မျိုးကွဲ ဂိုဒိုရာဖြစ်ပြီး ၎င်း၏မိဘများထဲမှ တစ်မျိုးမှာ အခြားမျိုးစိတ်ဖြစ်သည်။

“ဟမ်၊ အဆင့်နိမ့် မျိုးရိုး” ကားလော့ဒ်သည် အလုပ်သမားကို အထင်သေးသလို ကြည့်လိုက်သည်။ ဂိုဒိုရာများသည် ကျန်ရှိသော သွေးသန့်များ အတွက် အလွန်မာနကြီးပြီး ရောနှောထားသော မျိုးရိုးများကို ရှုံ့ချသည်။ သွေးဖြူစင်သော ဂိုဒိုရာမဟုတ်သူများကို ခွဲခြားဆက်ဆံသင့်သည့် ၎င်းတို့၏ယဉ်ကျေးမှု၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ထို့ကြောင့် သူသည် အလုပ်သမားကို 'အဆင့်နိမ့်မျိုးရိုး' ဟုခေါ်သည်။

ထိုလူက စိတ်အနှောက်အယှက်မဖြစ်ဘဲ “စာရင်းသွင်းလိုက်ရုံပါပဲ။ မင်းဒီမှာ ဘယ်လောက်ကြာကြာရပ်မှာလဲ၊ ဘယ်ကိုသွားမှာလဲ"

"ဆီဖြည့်ဖို့ နှစ်ရက်လောက် ရပ်ပြီး မဖွံ့ဖြိုးသေးတဲ့ civilization လူမှုအဖွဲ့အစည်းတစ်ခုရဲ့ ပုံမှန်မဟုတ်တဲ့ ဖြစ်စဉ်ကို စုံစမ်းဖို့ ကြယ်စင်ဇုန် ၉ကို သွားမှာ" ကားလော့ဒ်က ဖြေကြားသည်။

“ကြယ်စင်ဇုန် ၉? ဒါ သိပ်အန္တရာယ်များတဲ့နေရာ မဟုတ်ဘူးလား? မင်းရဲ့သူဌေးဆီကနေ ခက်ခဲတဲ့အလုပ်တွေ ရခဲ့ပုံရတယ်။"

“ဒါပေမယ့် အဲဒါက မတိုးတက်သေးတဲ့ နေရာတစ်ခုမို့လို့ ရှင်းပြလို့မရတဲ့ ဖြစ်စဉ်တစ်ခုလို့ သူတို့ထင်ရတဲ့ အကြောင်းရင်းက နည်းပညာမရှိလို့ပဲ။ တစ်ချက်လောက်ကြည့်ပြီး ပြန်လာရုံပဲ။" ကားလော့ဒ်သည် ခေါင်းကိုမော့ကာ ဂိုဒေါင်မှ ထွက်သွားပြီး အာကာသစခန်း၏ အလယ်ရှိ အနားယူစခန်းသို့ ဦးတည်သွားသည်။

သူတို့နှစ်ယောက် ထွက်သွားပြီးနောက် ကားဂိတ်တံခါးကို ပိတ်လိုက်သည်။

အချိန်အတော်ကြာပြီးနောက်၊ ကော်ကဲ့သို့စေးကပ်သည့် အနက်ရောင်အရာဝတ္ထုတစ်ခုသည် အာကာသကုန်းပတ်၏ ပလက်ဖောင်းမှ ပေါ်ထွက်လာသည်။ ၎င်းသည် သက်ရှိပုံစံတစ်မျိုးဖြစ်ပြီး ဤအမည်မသိအရာဝတ္ထုသည် တစ်စတုရန်းမီတာ အကျယ်သာရှိသည်။

ကော်ကဲ့သို့စေးကပ်သည့် အရည်များသည် '‘လေ့လာသူ’' ဆီသို့ ဖြည်းညှင်းစွာ တွားသွားကာ အာကာသယာဉ်၏ အက်ကြောင်းများထဲသို့ ဝင်ရောက်ပျောက်ကွယ်သွား၏။

…

ရေပင်လယ်ဂြိုလ် မြောက်ပိုင်းတိုက်ကြီး၏ ရေခဲနေသောတောင်တန်းများတွင် Dark Net တံဆိပ်ပါသော အနက်ရောင် ရဟတ်ယာဉ်သည် တောင်တစ်ခုပေါ်တွင် ရပ်တန့်ထားသည်။

ဟန်ရှောင်းသည် လက်ပိုက်ကာ တောင်တန်းများပေါ်တွင် လွင့်မျောနေသော တိမ်များကို ကြည့်နေသည်။ အေးစက်သောလေသည် သူ့အင်္ကျီလက်ထဲသို့ စိမ့်ဝင်သွားသော်လည်း ဟန်ရှောင်းသည် အနည်းငယ်အေးသွားသည်ဟုပက် မခံစားရပေ။

အခြားတစ်ဖက်တွင်မူ အ၀တ်အလွှာသုံးလွှာ ဝတ်ဆင်ထားသည့် လေယာဉ်မှူးသည် အေးလွန်း‌၍ သေတော့မလို ဖြစ်နေ၏။ “အဟမ်း… လူကြီးမင်း၊ ကျွန်တော်တို့ ဒီမှာ ဘာလုပ်နေတာလဲ” သူက တုန်ခါနေသော အသံဖြင့် မေးလိုက်သည်။

ဟန်ရှောင်းက သူ့ကို အံ့သြစွာ ကြည့်လိုက်၏။ "မင်းက လူသစ်လား? မေးခွန်းတွေကို ဘယ်တော့မှ မမေးရဘူးဆိုတဲ့ နိယာမကို သင်မလေ့လာဖူးဘူးလား။

“ဟုတ် ဟုတ်ကဲ့… သင်ခဲ့ဖူးပါတယ်…” လေယာဉ်မှူးက တဂတ်ဂတ်ရိုက်ခတ်နေသော သွားများဖြင့် ပြောလိုက်သည်။ “ဒါပေမယ့် ကျွန်တော်တို့ စောင့်နေတာ လေးရက်ရှိပြီ။ မမေးတာထက်၊ ကိုယ်အပူချိန်နိမ့်ကျလို့ သေဖို့ ပြင်ဆင်ရမလား သေချာအောင်ပါ။”

ဟန်ရှောင်းရယ်မောလိုက်သည်။ "မင်းနာမည်ဘယ်လိုခေါ်လဲ?"

"ဟွမ်ကျင်း၊ ပြီးခဲ့တဲ့လက လေယာဉ်မောင်းသင်တန်းပြီးခဲ့ပါတယ်။"

ဟန်ရှောင်းအံ့သြသွားသည်။ “ဟွမ်ကျင်း၊ ဇာတ်ကောင်နှစ်ယောက်စလုံးက ကျောချမ်းစရာပဲ။ သူ့ရှေ့မှာ တောက်ပတဲ့ အနာဂတ်ရှိရမယ်။”

သူဌေးက နောက်ပြောင်နေရာ ဟွမ်ကျင်း ဘာလုပ်နိုင်မလဲ။ မကြားသလိုလို ပြုမူကာ “လူကြီးမင်း၊ ဘယ်လောက်ကြာအောင် စောင့်ရမှာလဲ”

"အနည်းဆုံး တစ်ရက်၊ ဒါပေမယ့် တစ်လခွဲလောက် ကြာနိုင်တယ်။"

ဟွမ်ကျင်း၏ မျက်နှာသည် မှင်သက်သွား၏။ ကွာခြားချက်က အရမ်းများလွန်းသည်။

အတန်ကြာစဉ်းစားပြီးနောက်၊ ဟွမ်ကျင်း သည် သတ္တိမွေးပြီး စည်းကမ်းကို ချိုးဖောက်သော နောက်ထပ်မေးခွန်းတစ်ခုကို မေးလိုက်သည်။ "လူကြီးမင်း ဘာစောင့်နေတာလဲ?"

ဟန်ရှောင်းက သူ့ကိုကြည့်ကာ ပြန်ဖြေသည် "ရောက်တာနဲ့ မင်းသိမှာပါ" ။

ရဟတ်ယာဉ်ပေါ်တွင် လူနှစ်ယောက်သာ ရှိ၏။ ပျင်းရိမှုမှုကို ပြေပျောက်စေရန် စကားစမြည်ပြောဆိုကြသည်။ သို့သော်၊ အချိန်အများစုတွင်၊ ဟန်ရှောင်းသည် ဖိုရမ်တွင် ပွဲများကို ကြည့်နေ၏။ နိုင်ငံတကာ all stars စတင်ကျင်းပနေပြီဖြစ်သည်။ ဒေသတစ်ခုစီမှ ထိပ်တန်းအသင်းများအားလုံး အပြင်းအထန် ယှဉ်ပြိုင်ခဲ့ကြပြီး ကစားသမားများသည် စင်မြင့်ပေါ်သို့ အဆုံးမဲ့ ဖျော်ဖြေမှုများကို ယူဆောင်လာခဲ့ကြသည်။ ဟန်ရှောင်းသည် ရဟတ်ယာဉ်ပေါ်တွင် စောင့်ဆိုင်းနေစဉ် ကြည့်ရှုရင်း အချိန်ကို ကုန်လွန်စေ၏။

all stars တွင် အခြားဒေသများမှ ကစားသမားများပါရှိပြီး ၎င်းတို့အားလုံးသည် အမေရိကန်မှ Magic Field မှော်နယ်မြေ၊ United Kingdom မှ Rose Knights နှင်းဆီစစ်သည်တော်၊ Korea မှ Kimchi ကင်မ်ချီနှင့် ပြင်သစ်မှ Tulip ကျူးလစ်ပ်တို့ကဲ့သို့ သက်ဆိုင်ရာနိုင်ငံမှ အားကောင်းသောအသင်းများ ဖြစ်သည်။ ၎င်းတို့အားလုံးသည် တရုတ်နိုင်ငံရှိ ‘နတ်ဘုရားကျောင်းဆောင်’ကဲ့သို့ ၎င်းတို့၏ နိုင်ငံများတွင် တူညီသောအနေအထား၌ ရှိနေကြသည်။

အရင်ကမ္ဘာက ရင်းနှီးတဲ့အသင်းတွေကို မြင်တော့ ဟန်ရှောင်းက ပထမဦးဆုံး နိုင်ငံတကာပြိုင်ပွဲ၏ ချန်ပီယံမှာ ပြင်သစ်က Tulip ကျူးလစ်ပ်ဆိုတာကို သတိရလိုက်မိတယ်။

All Stars သည် ပထမဆုံးသော နိုင်ငံတကာပြိုင်ပွဲဖြစ်ပြီး ဒေသအသီးသီးမှ ကစားသမားများအားလုံးသည် ဤပွဲကို အလေးအနက်ထားကြသည်။ လူကြိုက်များမှုသည် ဒေသတွင်းရှိ ပြိုင်ပွဲများထက် အနည်းဆုံးဆယ်ဆ ပိုများ၏။ နိုင်ငံအသီးသီးမှ အောင်နိုင်သူအားလုံးသည် ၎င်းတို့၏ စွမ်းအားနှင့် ခွန်အားကို ပြသကြမည်ဖြစ်သည်။ ပြိုင်ပွဲမစခင်နဲ့ ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွေမှာလည်း ချီးကျူးမှုများ၊ စိတ်အားထက်သန်မှုများနှင့် ပြည့်နှက်နေသည်။ ဤပွဲတော်သည် ထိပ်တန်းအသင်းများ သူတို့ကိုယ်သူတို့ ကြော်ငြာဖို့ အခွင့်အရေးဖြစ်ပြီး နောင်လာမည့် နိုင်ငံတကာစင်မြင့်ကို တက်လှမ်းနိုင်ဖို့လည်း ဖြစ်၏။

ရေပင်လယ်ဂြိုလ်မှ ‘နတ်ဘုရားကျောင်းဆောင်’သည် ပြိုင်ပွဲများတွင် ကောင်းမွန်စွာ စွမ်းဆောင်နိုင်သောကြောင့် အခြားနိုင်ငံမှ ပရိသတ်အချို့ကိုလည်း ဖမ်းစားနိုင်ခဲ့သည်။ လီကဲက ရလဒ်အတွက် ပျော်ရွှင်နေ၏။

All Stars ပြီးဆုံးပြီး သုံးရက်အကြာတွင် ဒေသတိုင်းသည် ၎င်းတို့၏ ကွာတားဖိုင်နယ်ကို စတင်ကြသည်။ ပြိုင်ပွဲပုံစံမှာ best of five (၅ပွဲကစား ၃ပွဲနိုင်လျှင် အနိုင်) ပုံစံဖြစ်သည်။ ‘ရှည်လျားကောင်းကင်ကလပ်’သည် နိုင်ငံရပ်ခြားမှ အားနည်းသော အသင်းတစ်သင်းနှင့် တွေ့ဆုံရခြင်းမှာ ကံကောင်းခဲ့ပြီး အင်အားကြီးများ အချင်းချင်း မတွေ့ဆုံကြပေ။

တစ်ဦးချင်းကွင်းအတွက်၊ ဟောက်ထျန်းမှာ သိပ်ကံမကောင်းခဲ့ပေ။ ပထမအချီတွင် သူသည် လီကဲကို တိုက်ခိုက်ရမည်ဖြစ်သည်။

ပွဲမစခင်မှာ လီကဲသည် ပုံမှန်နှင့် မတူဘဲ ပြင်းထန်သည့် ကြေငြာချက်တစ်ခု ထုတ်ပြန်လိုက်သည်။

“ကျွန်တော် ပထမဆုံးရင်ဆိုင်ရမယ့် ပြိုင်ဘက်က ဟောက်ထျန်းဖြစ်ပြီး ဒါဟာ သတင်းကောင်းလို့ ကျွန်တော်ထင်ပါတယ်။ သူ့ကို အနိုင်ယူမယ် ဆိုတာကိုတော့ သေချာ မပြောနိုင်ဘူး။ ကျွန်တော် နှိမ့်နှိမ့်ချချ ပြောရရင် သူ့ကို အနိုင်ယူဖို့ ၉၀ရာခိုင်နှုန်းလောက် ရှိတယ်လို့ ထင်ပါတယ်။”

All Chapters