ပျက်ကျခြင်း
Vol. 21 Ch. 305
လီကဲသည် ကစားသမားများကြားတွင် ရုတ်တရက် ရေပန်းစားသော ခေါင်းစဉ်ဖြစ်လာသည့်အတွက် အလွန်ပျော်ရွှင်နေသည်။ အချို့က သူနှင့် ဟောက်ထျန်း၏ ပွဲကိုပင် စတင်လောင်းကြေးထပ်ကြသည်။
လီကဲသည် ထိပ်တန်း ၁၆ယောက်သို့ ရောက်သွားသော်လည်း ၎င်း၏ အဓိကဗျူဟာသည် ပြိုင်ဘက်များကို ၎င်း၏ ‘အက်စ်ပါ’အစွမ်းဖြင့် သေသည်အထိ ဖြည်းညှင်းစွာ ဖိကြိတ်ချေမှုန်းကာ ဖျော်ဖြေမှု သိပ်မဆန်ပေ။ အလောင်းအစားအများစုမှာ လီကဲနှင့် ဆန့်ကျင်ဘက်ကို ပြုလုပ်နေကြသည်။
ဓါးရူးသည် Thunder Storm မိုးကြိုးမုန်တိုင်းအသင်း ၏ Rainy Kim နှင့် ယှဉ်ပြိင်ရသည်။ Rainy Kim သည် လှောင်ပြောင်ရမည့် ပြိုင်ဘက်မဟုတ်ပေ။ သူမသည် မိုးကြိုးမုန်တိုင်းအသင်း တိုက်ပွဲအဖွဲ့၏ မဏ္ဍိုင်ဖြစ်ရုံသာမက အတော်လေး ချောမောလှပသူ တစ်ဦးလည်းဖြစ်သည်။
အထူးသဖြင့် အမျိုးသားကစားသမားများ လွှမ်းမိုးထားသည့် esports အခင်းအကျင်းများတွင် ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီးကစားသမားတွေကို သဘောကျကြသည်မှာ အဆန်းမဟုတ်ပေ။ Rainy Kim ၏ ရေပန်းစားမှုသည် ထိုးတက်လာပြီး သူမ၏ ရူးသွပ်သော ပရိသတ် အများအပြားသည် ‘မြစ်ဝဲကလပ်’ကလပ်၏ တရားဝင် စာမျက်နှာကိုပင် သွားရောက်၍ ဓါးရူးကို သူသာ အနိုင်ရခဲ့ပါက သူ့ကို ဘယ်တော့မှ ခွင့်မလွှတ်နိုင်ဟု ကြိမ်းမောင်းကာ ခြိမ်းခြောက်ကြသည်။
ဟန်ရှောင်းသည် တောင်ထိပ်တွင် ခုနစ်ရက်မှ ရှစ်ရက်ကြာ စောင့်ဆိုင်းခဲ့ပြီး ပရိုများသည် ၎င်းတို့၏ ပထမအကျော့ပွဲစဉ်များကို ပြီးဆုံးသွား၏။ ဟောက်ထျန်းက ပထမအကြိမ်အနိုင်ရပြီးနောက် လီကဲသည် အံ့အားသင့်ဖွယ် သုံးကြိမ်ဆက်တိုက်အနိုင်ယူပြီး၊ အနိုင်ရရှိခဲ့သည်။
ပွဲစဉ်မှတ်တမ်းများတွင် ဟောက်ထျန်းသည် ဆယ်မိနစ်ကြာ စွန်ပစ်ပြီးနောက် လီကဲကို အပြီးသတ်နိုင်ခဲ့သည်။ တကယ်တမ်းမှာ လီကဲသည် ဟောက်ထျန်း၏ တိုက်ခိုက်ရေးပုံစံကို ခွဲခြမ်းစိတ်ဖြာရန် ပထမဂိမ်းကို အသုံးပြုခဲ့ပြီး ဒုတိယဂိမ်းမှ စတင်ကာ လီကဲသည် ဟောက်ထျန်း၏ လှုပ်ရှားမှုအားလုံးကို မြင်တွေ့ခဲ့ရသကဲ့သို့ ပိုမိုတက်ကြွစွာ ကစားခဲ့သည်။ သူ၏ ‘အက်စ်ပါ’စွမ်းရည်များသည် ဤတိုက်ပွဲမျိုးအတွက် ပြီးပြည့်စုံပြီး ဟောက်ထျန်းသည် ပင့်ကူအိမ်တွင်ဖမ်းမိသော သားကောင်ကဲ့သို့ သုံးကြိမ်ဆက်တိုက် ရှုံးနိမ့်သွားသည်။
လီကဲသည် တကယ်ကို အရည်အချင်းရှိတဲ့ ကစားသမားပင်။ ပရော်ဖက်ရှင်နယ် ဂိမ်းကစားသူတစ်ယောက်အနေနဲ့ သူ့ရဲ့အသက်မွေးဝမ်းကြောင်းက သိပ်မကြာသေးပေ၊ သို့သော်လည်း ချီးကျူးမှုတွေ အများကြီးရရှိခဲ့၏။ ဟန်ရှောင်းက သူ့အပိုလူစာရင်းထဲကို ထည့်ဖို့တောင် စဉ်းစားခဲ့ဖူးသည်။
မီဒီယာများသည် ယခု ဟောက်ထျန်း၏ ယခင်ကျော်ကြားမှုအားလုံးကို လုယူသွားခဲ့သော လီကဲကို ချက်ချင်းအာရုံစိုက်လာသည်။ ယခု သူသည် ထိပ်ဆုံး (၈)ယောက်သို့ တက်လှမ်းလာခဲ့ပြီး ၎င်း၏နောက်ပြိုင်ဘက်မှာ Rainy Kim ကို အနိုင်ယူခဲ့သူဖြစ်သည့် ဓါးရူးဖြစ်သည်။
ဓါးရူးသည် သူ၏တိုက်ပွဲတွင် အနိုင်ရရုံမျှသာဖြစ်ပြီး ထိပ်ဆုံးရှစ်နေရာကို တက်လှမ်းနိုင်ခဲ့သည်။ ဒါဟာ ပျော်ရွှင်စရာလို့ ယူဆရသော်လည်း Rainy Kim ရဲ့ ပရိသတ်တွေက သူ့ကို ဖိုရမ်တွေမှာ မဆုတ်မနစ် ဆဲဆိုနေကြပါတယ်။ ဓါးရူးကို ထောက်ခံသူများ၏ အသံများသည် အမုန်းပွားနေသော မှတ်ချက်များထဲတွင် နစ်မြုပ်သွား၏။ Rainy Kim ကိုယ်တိုင် ထွက်လာပြီး သူမကို အားပေးနေသည့် ပရိသတ်များကို ရပ်တန့်ဖို့ တောင်းဆိုမှသာ ပြီးဆုံးသွား၏။
ဓါးရူးသည် မျှမျှတတ ပြိုင်ပွဲကို အနိုင်ရခဲ့သော်လည်း Rainy Kim ၏ အရူးပရိတ်သတ်များရှေ့တွင် အဓိပ္ပါယ်မရှိပေ။ သူမသည် သူမ၏ပရိသတ်များကို ပွင့်ပွင့်လင်းလင်း ရှုတ်ချနိုင်ပုံမျိုးမဟုတ်သဖြင့် ဓါးရူးကိုလည်း လျှို့ဝှက်၍သာ တောင်းပန်နိုင်ခဲ့သည်။ ၎င်းတို့နှစ်ဦးသည် ဂိမ်း၏ beta စမ်းသပ်စဉ်အတွင်း တစ်ဦးနှင့်တစ်ဦး အနည်းနှင့်အများ ရင်းနှီးခဲ့ကြသည်။
ဓားရူးသည် အားကိုးရာမဲ့သလို ခံစားလိုက်ရသည်။ သူ့ကိုယ်ပိုင်အရည်အချင်းနဲ့ အနိုင်ရခဲ့ပေမယ့် အခုချိန်မှာတော့ မုန်းတီးသူအမြောက်အမြား ရရှိလာ၏။
ဒါပေမယ့် နောက်ဆုံးမှာတော့ ဒီပြိုင်ပွဲတွေမှာ ရလဒ်တွေက အရေးကြီးဆုံးပင်။ ပရိသတ်အများစုသည် အဆိုပါပွဲကို ကြည့်ရှုခဲ့ကြပြီး ဓါးရူးသည် နိုင်ပွဲနှင့်ထိုက်တန်သည်ဟု ယုံကြည်ခဲ့ကြသည်။ ဓါးရူးကို အလွန်အမင်းမုန်းတီးမှုသည် ကြားနေကစားသမားများကိုပင် အစပျိုးခဲ့ပြီး အများအပြားသည် ဓါးရူး၏ ထောက်ခံသူများ ဖြစ်လာကြကာ ဓါးရူးသည် ထိုကိစ္စများကြားမှပင် လူကြိုက်များမှု ပိုများလာ၏။
ကျော်ကြားမှုသည် မကြာခဏဆိုသလို ပြဿနာနှင့် ကြုံရပြီး ထိုအရာများထဲမှ မည်သူက အများဆုံး အကျိုးရှိမည်ကို ပြောရခက်၏။ ဟန်ရှောင်း၏ အမြင်တွင် ပရိသတ်အများစုက ငြင်းခုံရန်အတွက် တစ်ယောက်ယောက်ကို မီးမွှေးရန် ရှာဖွေနေခြင်းဖြစ်သည်။
ဓါးရူးက ဘယ်သူနှင့် ရင်ဆိုင်ရမည်ကို ထိုဆန့်ကျင်သူများ သိသွားသည့်အခါ သူ့နောက်ကွယ်မှ ရယ်မောနေကြသည်။
"မင်းဒါနဲ့ ထိုက်တန်တယ်!"
"ဟားဟား၊ ဒါကြောင့် ဒီအရူးက ဒီအထိပဲ သွားနိုင်လိမ့်မယ်။"
"သူဌေး လီကဲက သေချာပေါက် သူ့ကို နင်းချေလိမ့်မယ်။
ဓါးရူးသည် ဟောက်ထျန်းနှင့် လေ့ကျင့်မှု၏ ငါးဆယ်ရာခိုင်နှုန်းခန့်ကို အနိုင်ရခဲ့သည်။ ဟန်ရှောင်းသည် ဟောက်ထျန်းကို သုံးချီဆက်တိုက်အနိုင်ရခဲ့သော လီကဲနှင့် ရင်ဆိုင်ရသည်မှာ အဆင်မပြေဟု ဟန်ရှောင်းတွေးမိနေသည်။ သူပြုစုပျိုးထောင်ခဲ့တဲ့ ကစားသမားနှစ်ယောက်စလုံးက ဒီလီကဲကို အနိုင်ယူဖို့ နည်းလမ်းမရှိဘူးလား။
…
“ဆရာ၊ လေထုထဲ အလျင်အမြန် ချဉ်းကပ်လာနေတဲ့ အမည်မသိ အရာဝတ္ထုတစ်ခုကို ဂြိုဟ်တုတွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။”
မြောက်ပိုင်းတိုက်ကြီးရှိ ရိုင်းလင်း၏ စူးစမ်းလေ့လာရေးစခန်းတွင် ရုတ်တရက် သတိပေးချက် ထွက်ပေါ်လာသည်။
ဂြိုလ်တုသည် အာကာသမှနေ၍ ရေပင်လယ်ဂြိုလ်အနီးသို့ ချဉ်းကပ်နေသည့် အလင်းအစက်တစ်ခုကို ပြသနေသည်။
"ဒါက ဥက္ကာပျံလား"
“လွန်ခဲ့တဲ့ ၃ မိနစ်က ကျွန်တော်တို့ရဲ့ စကင်နာတွေမှာ ပစ်မှတ်ပေါ်လာတယ်။ တကယ်လို့ အဲဒါက ဥက္ကာပျံဆိုရင် ကျွန်တော်တို့ရဲ့ စကင်နာတွေက အစောကြီး သတိပြုမိသင့်တယ်။ ဒါ့အပြင်၊ ကျွန်တော်တို့ဂြိုဟ်ရဲ့ ဆွဲငင်အားကြောင့် ဥက္ကာပျံတွေအပေါ် ပိုမိုအကျိုးသက်ရောက်သင့်သည်။”
"အဲဒါက ဂြိုလ်သား အာကာသယာဉ်လို့ မပြောနဲ့နော်။"
“ပစ်မှတ်က အရှိန်မြင့်လာတယ်။ ခန့်မှန်းခြေ ရှစ်မိနစ်အတွင်း မြေပြင်ပေါ် ကျရောက်မယ်!”
"ကိုဩဒိနိတ်တွေကရော? လူနေမထူထပ်တဲ့ နေရာလား”
“ပစ်မှတ်က မြောက်ပိုင်းတိုက်ကြီးရဲ့ မြုံနေတဲ့ တောင်တန်းတစ်ခုမှာ ဆင်းသက်မယ်လို့ ခန့်မှန်းရတယ်။ တိကျတဲ့တည်နေရာက ကျွန်တော်တို့နိုင်ငံရဲ့ နယ်နိမိတ်နားမှာ!”
နက္ခတ်တာရာဌာနတာဝန်ခံ ပါမောက္ခက ချက်ချင်း အမိန့်ပေးလိုက်သည်။ “အခု အထက်လူကြီးတွေကို သတင်းပို့ပါ။ တပ်တွေ ဆင်းသက်မယ့်နေရာကို သွားဖို့ တောင်းဆို!”
…
ဟွမ်ကျင်းသည် စိတ်ထဲတွင် ငြီးငွေ့လာသည်။ သူသည် ဟန်ရှောင်းနှင့်အတူ ဆယ်ရက်ကြာအောင် ဤညစ်ပတ်သော တောရိုင်းတောထဲတွင် စောင့်နေခဲ့ပြီး မည်သည့်အရာကို စောင့်မျှော်နေသည်ကို ဘုရားသခင်သာ သိနိုင်မည်။ ဒါပေမယ့် သူ့သူဌေးက ဘယ်လောက်တောင် ဒဏ္ဍာရီဆန်နေလဲဆိုသည့်အချက်ကြောင့် ဟန်ရှောင်းဟာ ရည်ရွယ်ချက်တစ်ခုအတွက် သေချာပေါက်ရှိနေတယ်လို့ ခံစားလိုက်ရပြီး ဘာဖြစ်နိုင်မလဲဆိုတာကို သိချင်လာ၏။
ဟန်ရှောင်းသည် နှင်းထဲတွင် ရပ်နေရင်း ကောင်းကင်ကို ရုတ်တရက် မော့ကြည့်လိုက်သည်။ ထို့နောက် ချက်ချင်းလှည့်၍ ရဟတ်ယာဉ်ဆီသို့ ဦးတည်ကာ သူ့ပစ္စည်းများကို ထုတ်ယူလိုက်သည်။
နောက်ဆုံးတော့ တစ်ခုခုဖြစ်နေပြီ! ဟွမ်ကျင်းက ဝမ်းသာသွားပြီး "လူကြီးမင်း၊ ဘာလုပ်နေတာလဲ"
"ဒီမှာရောက်နေပြီ" ဟန်ရှောင်းက လှည့်မကြည့်ဘဲ သူ့ဂီယာကို အမြန်ဝတ်ပြီး ပြန်ဖြေလိုက်သည်။
"ဒီမှာ ဘာရောက်နေတာလဲ?" ဟွမ်ကျင်း နားမလည်ပေ။
သူမေးခွန်းမေးပြီးသည်နှင့် ကောင်းကင်မှ စူးရှသောအသံတစ်ခု ထွက်ပေါ်လာပြီး ဟွမ်ကျင်း က မော့ကြည့်လိုက်သည်။ မီးလုံးတစ်ခုသည် ကောင်းကင်မှ ပျံဆင်းလာပြီး မီးတောက်များကြားတွင် လေယာဉ်ပုံသဏ္ဍာန်ကို အနည်းနှင့်အများ တွေ့မြင်နိုင်သည်။
ဘုန်း!
လေယာဉ်သည် အနီးနားရှိ တောင်ထိပ်သို့ ပျက်ကျခဲ့ပြီး အနက်ရောင် ကျောက်တုံးများနှင့် နှင်းများ နေရာအနှံ့သို့ပေါက်ကွဲကုန်သည်။ ထို့နောက် ဆက်လက်ပြုတ်ကျသွားကာ နှင်းများထူထပ်သော ချိုင့်ဝှမ်းတစ်လျှောက် ဖြတ်သန်းသွားစဉ်တွင် ပတ်ဝန်းကျင်ရှိသစ်ပင်များအားလုံးကို လောင်ကျွမ်းစေကာ လမ်းကြောင်းတစ်ခု ပေါ်လာပြီး အသေးစားငလျင်တစ်ခု ဖြစ်ပေါ်စေသည်။
မြင့်မားသော တောင်ထိပ် ပြိုကျပြီး နှင်းတောင်ပြိုကျမှု အသေးလေးတစ်ခု ဖြစ်သွားသည်။
ဟွမ်ကျင်း ပါးစပ်သည် ကျယ်လောင်စွာ ပွင့်နေပြီး သူ့မျက်နှာမှာ ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။
"အာကာသ... အာကာသ... အာကာသယာဉ်!"
ဟွမ်ကျင်း သည် သူမြင်နေသည့်အရာကို မယုံနိုင်ဖြစ်ပြီး ဟန်ရှောင်းဆီသို့ လှမ်းကြည့်လိုက်သည်။ ဟန်ရှောင်းအကြောင်း အမျိုးမျိုးကို သူကြားသိခဲ့ရပေမယ့် ဒီလူဟာ ကောလဟာလတွေထက် ပိုလို့တောင် လျှို့ဝှက်ဆန်းကြယ်နေတယ်ဆိုတာ သိလာရ၏။ သူက အာကာသယာဉ်တစ်စင်း ဘယ်အချိန် ဆင်းသက်တော့မယ်ဆိုတာတောင် သိနိုင်သည်။
ဟန်ရှောင်းသည် Amphiptere ကို လျင်မြန်စွာ ၀တ်ဆင်ကာ အဆစ်များကို ဆန့်ထုတ်ကာ လေယာဉ်ပျံသန်းမှု ကိရိယာ 'လင်းနို့တောင်ပံs' ကို ထုတ်ယူပြီး သူ၏ နောက်ကျောဘက်ရှိ လွတ်နေသော အပေါက်တွင် ချိတ်ဆက်လိုက်သည်။
သူ၏ ခေါင်းဆောင်းမှ မျက်နှာပြင်သည် ပျံသန်းမှုစနစ် ပုံမှန်အတိုင်း လုပ်ဆောင်နေကြောင်း ပြသနေသည်။
'ပျံသန်း' ဟန်ရှောင်သည် ချောက်ကမ်းပါးစွန်းသို့ ပြေးသွားရင်း သူ့စိတ်ထဲတွင် အမိန့်ပေးကာ အတောင်များသည် ဆူညံသံများ ထွက်ပေါ်လာသည်။ တာဘိုင်များသည် အမြင့်ဆုံးစွမ်းရည်ဖြင့် လည်ပတ်နေပြီး အမြီးစွန်းသည် အပြာရောင်မီးတောက်များ ထွက်လာသည်။
ဟူး!
ဟန်ရှောင်းက သူ့ခန္ဓာကိုယ်ကို မြေပြင်ပေါ်ကနေ တွန်းထုတ်လိုက်သလို ခံစားလိုက်ရ၏။
ပျံသန်းမှုစနစ်သည် ဟန်ရှောင်း၏ အာရုံကြောများနှင့် ချိတ်ဆက်ထားပြီး ၎င်းအား ထိန်းချုပ်ကာ လေယာဉ်ပျက်ကျသည့်နေရာသို့ ပျံသန်းသွားသည်။
…
‘လေ့လာသူ’ သင်္ဘောသည် သူ့အလိုလို ပိတ်မိသွားကာ ၎င်း၏ကိုယ်ထည်တစ်ဝက်သည် မြေအောက်ထဲတွင် ရှိနေသည်။ ပတ်ဝန်းကျင်ရှိသစ်ပင်များနှင့် မြက်ပင်များ မီးလောင်နေသေးသော်လည်း သင်္ဘောသည် ပြီးပြည့်စုံသော အခြေအနေတွင် ရှိနေဆဲဖြစ်သည်။ ၎င်း၏ စွမ်းအင်ဒိုင်းသည် သင်္ဘောပျက်ကျချိန်တွင် ကွဲထွက်ခြင်းမှ ကာကွယ်ပေးခဲ့သည်။ သို့သော်လည်း ကြီးမားသောသက်ရောက်မှုသည် ဂျင်နရေတာအား ထိခိုက်စေခဲ့ပြီး ယခုအခါ အင်ဂျင်များ ပျက်စီးသွားချိန်တွင် ဒိုင်းမှာ အလွန်အားနည်းသွား၏။
ဒုန်း!
တစ်ဝက်ခန့်ကွေးနေသော အခန်းတံခါးကို ကန်ဖွင့်လိုက်ပြီး ကားလော့ဒ်သည် နာကျင်နေသော သူ၏ခေါင်းကို ဆုပ်ကိုင်ထားကာ ကြုံရာကျပန်း ကျိန်စာများကို ရေရွတ်ရင်း ထွက်လာသည်။
ကားလော့ဒ်သည် သူ၏ ညာလက်မောင်းရှိ ရွှေရောင်လက်ကောက်ကို အကြိမ်အနည်းငယ် ဖိလိုက်ပြီး ရှေးချပ်ဝတ်တန်ဆာနှင့်တူသော ဝတ်စုံသည် သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ်သွားသည်။ တစ်ဝက်တစ်ပျက် ထွင်းဖောက်မြင်ရသော စွမ်းအင်အလွှာတစ်ခုက သူ့ဦးခေါင်းကို ခမောက်တစ်လုံး၏ နေရာမှ ဝိုင်းရံထားသည်။
၎င်းသည် ဂိုဒိုရာစောင့်ကြည့်လေ့လာသူ တိုက်ခိုက်ရေးဝတ်စုံဖြစ်သည်။ လေ့လာသူများ သွားရောက်လည်ပတ်သည့် ဂြိုဟ်အမျိုးမျိုးရှိ မတူညီသော နေထိုင်မှုအခြေအနေများနှင့် ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်အောင် တိုက်ခိုက်ရေးဝတ်စုံကို ဖန်တီးထားသည်။ ဝတ်စုံအတွင်းမှ စက်ပိုင်းဆိုင်ရာ အသံတစ်ခု ထွက်ပေါ်လာသည်။
“ကိုဩဒိနိတ်များကို မှတ်သားထားသည်။ တည်နေရာ - ရေပင်လယ်ဂြိုလ်၊ ကြယ်စင်ဇုန် ၉။
“ဆွဲငင်အားအဆင့် - နိမ့်သည်။
“လက်ရှိအပူချိန် - 3°C
“ရာသီဥတု အမျိုးအစား…
“လေအစိုဓာတ်…
"Civilization လူမှုအဖွဲ့အစည်းအဆင့် - ဂြိုဟ်
"အန္တရာယ်အဆင့် - နိမ့်
"အကျဉ်းချုပ် - ရှင်သန်နိုင်သည်"
ကားလော့ဒ်သည် အနည်းငယ် တုန်လှုပ်နေဆဲဖြစ်ပြီး “ခန္ဓာကိုယ် အခြေအနေကို စစ်ဆေးပါ”
“ခွဲခြမ်းစိတ်ဖြာခြင်း… ခွဲခြမ်းစိတ်ဖြာမှု ပြီးပါပြီ။ အရိုးကျိုးခြင်း သုံးခု၊ အလယ်အလတ် အာရုံကြောများ ပျက်စီးခြင်းနှင့် ဦးနှောက်ကို အသေးစား ထိခိုက်မှု။ နာနို-အနာကျက်ဆေးကို ထိုးလိုပါသလား။
“ထိုးပါ။”
ထို့နောက်တွင် ကားလော့ဒ်သည် အေးမြမှုလှိုင်းတစ်ခု သူ့ကိုယ်ထဲ ဖြတ်သန်းသွားသည်ကို ခံစားခဲ့ရပြီး ပိုကောင်းလာသည်။ သူက ချက်ချင်း လေယာဉ်ခန်းထဲသို့ ပြန်တက်သွားသည်။ မိန်းဖရိမ်သည် ကောင်းမွန်စွာလည်ပတ်မှု ရပ်တန့်သွားရသည့်အကြောင်းအရင်းကို စစ်ဆေးလိုနေ၏။ သို့သော် သတိပေးချက်က စနစ်အားလုံး ပျက်စီးသွားကြောင်း ဖော်ပြထားသည်။
ကားလော့ဒ်သည် ဤကိစ္စအတွက် အတော်လေး အားကိုးရာမဲ့ ခံစားနေရသည်။ ထို့နောက် အတွင်းပိုင်းဖွဲ့စည်းပုံကို ဖော်ထုတ်ရန် သင်္ဘော၏ အပြင်ပိုင်းကို ခွဲထုတ်လိုက်သည်။ ဝိုင်ယာကြိုးများကို ဖောက်ထုတ်ပြီးနောက် နောက်ဆုံးတွင် သူသည် လက်ဖဝါးအရွယ် သတ္တုသေတ္တာတစ်ခုပေါ် ရောက်သွားသည်။ သေတ္တာထဲမှ အပြာရောင်အလင်းတန်းက ၎င်းသည် အလုပ်လုပ်ဆဲဖြစ်ကြောင်း ညွှန်ပြနေသည်။ ဤသည်မှာ intergalactic communicator စကြဝဠာတွင်း ဆက်သွယ်ရေးစက်ဖြစ်သည်။
သဘာဝကျကျပင်၊ ကားလော့ဒ်၏ ဆက်သွယ်ရေးစက်သည် နိုင်ငံ၆နိုင်ငံမှ ထုတ်လုပ်သည့် ဈေးပေါသော ပစ္စည်းများနှင့် မတူပေ။ လေ့လာသူ လမ်းညွှန်ချက်များအရ၊ သူသည် ယခုအချိန်တွင် အရာနှစ်ခုကို လုပ်ဆောင်ရန် လိုအပ်သည်။ ပထမ၊ သူသည် သူ၏ဌာနချုပ်နှင့် ဆက်သွယ်ရန် ဆက်သွယ်ရေးစက်ကို အသုံးပြုရမည်ဖြစ်ပြီး၊ ဒုတိယ၊ ဒေသဆိုင်ရာ civilization လူမှုအဖွဲ့အစည်း- နိုင်ငံ၆နိုင်ငံထံမှ အကူအညီတောင်းခံရန် လိုအပ်သည်။
ထိုအချိန်တွင် ကောင်းကင်မှ ကျယ်လောင်သော အသံများ ထွက်ပေါ်လာပြီး နောက်ကျောတွင် ကြီးမားသော တောင်ပံနှစ်ချောင်းပါသော အနက်ရောင် ယန္တရားဝတ်စုံ ၀တ်ဆင်ထားသည့် ပုံရိပ်တစ်ခု သင်္ဘောဘေးသို့ ဆင်းသက်လာသည်။
“ဒါဆို အဲဒါက ငါထင်ထားတာနဲ့တူတယ်။ အိုး၊ အသက်ရှင်ကျန်ရစ်သူ ရှိနေတယ်။”
ဟန်ရှောင်းသည် ဂိုဒိုရာကို သတိပြုမိသည်။ သူသည် အလွန် ဗဟုသုတများပြီး ဤအရာသည် လေ့လာသူဝတ်စုံဖြစ်ကြောင်း ပြောနိုင်ခဲ့သည်။ ဟန်ရှောင်းသည် မျက်ခုံးပင့်လိုက်ပြီး ဂိုဒိုရာ၏ လက်ထဲရှိ intergalactic communicator စကြဝဠာတွင်း ဆက်သွယ်ရေးစက်ကို စူးစိုက်ကြည့်လိုက်သည်။
သူရှာနေတာဒါပဲ။
"ရေပင်လယ်ဂြိုလ်ရဲ့ ဒေသခံလား?" ကားလော့ဒ်သည် သူ့ကို တစ်ချက်အကဲခတ်လိုက်ပြီး ဘာသာပြန်မုဒ်ကို ဖွင့်လိုက်ပြီး သူ့ကိုယ်ပိုင်ဘာသာစကားကို ဟန်ရှောင်းနားလည်နိုင်ရန် ဘာသာပြန်ခွင့်ပြုလိုက်သည်။ သူက ဟန်ရှောင်းကို လက်ညိုးထိုးပြီး "မင်း၊ ပြောစမ်း၊ ဒါဘယ်နေရာလဲ"