← Chapters

ရွေးချယ်ပွဲ

Vol. 21 Ch. 313

ရွေးချယ်ပွဲ

Vol. 21 Ch. 313

ဟန်ရှောင်းက မျက်ခုံးပင့်ကာ မေးလိုက်သည်။ "ဒါက သက်သေပြပြီးပြီလား"

"အင်း၊ မပြရသေးဘူး" သူ၏ ကျစ်ဆံမြီးနှင့် ကစားရင်း ကားလော့ဒ်က “သာလွန်ကြီးမြတ်တဲ့ သတ္တဝါတစ်ခုအပေါ် ဒီလိုယုံကြည်ချက်မျိုးနဲ့ စကြာဝဠာရဲ့ မူလအစနောက်ကွယ်ရှိ ဖန်ဆင်းခြင်းဒဏ္ဍာရီကို အာကာသထဲက civilizations လူမှုအဖွဲ့အစည်းကြီး သုံးခုထဲက တစ်ခုဖြစ်တဲ့ အာကိန်းဘုရားကျောင်းက အလေးပေးထားတယ်။ ဝိညာဉ်ရေးရာနှင့် သဘာဝလွန်အရာတွေအပေါ် သူတို့ရဲ့ ယုံကြည်ချက်တွေက သူတို့ရဲ့ စွမ်းအားရင်းမြစ်တွေပဲ…”

"ရပ်တော့၊ အာကိန်းဘုရားကျောင်းဆိုတာ ဘာလဲဆိုတာ ငါသိတယ်။” ဟန်ရှောင်းက သူ့ကို ပြောနေတုန်း ရပ်တန့်လိုက်သည်။

“ဟုတ်တယ်။ ဟုတ်တယ်၊ ငါတို့ ဘယ်ရောက်သွားပြီလဲ။ အိုး.. စကြဝဠာရဲ့ လျှို့ဝှက်ဆန်းကြယ်မှုများရဲ့ ဒီသီအိုရီတွေနဲ့ ယုံကြည်ချက်တွေ ကွဲပြားပေမယ့် အဲဒါတွေကတဆင့် မတူညီတဲ့ civilizations လူမှုအဖွဲ့အစည်းတွေက မရေမတွက်နိုင်တဲ့ နည်းပညာဆိုင်ရာ တီထွင်ဆန်းသစ်မှုတွေနဲ့ အသုံးချမှုတွေ ပေါ်ထွက်လာနိုင်ခဲ့တယ်။ ဒါကြောင့် အခြားရှုထောင့်ကကြည့်လျှင် ဒီသီအိုရီတွေက စကြာဝဠာကို နားလည်ဖို့ အသုံးပြုရမယ့် ကိရိယာတစ်ခုမျှသာဖြစ်တယ်။ ကိရိယာတွေလိုပဲ၊ ၎င်းတို့အားလုံးမှာ အားသာချက်တွေနဲ့ အားနည်းချက်တွေရှိတယ်။ ကိရိယာတစ်ခုစီက တိကျသောအလုပ်တစ်ခုအတွက် တာဝန်ရှိပြီး ဒီသီအိုရီတွေမှာ၊ အားလုံးကို အလုံးစုံအဆုံးသတ်လို့ မယူဆနိုင်ပါဘူး။"

“ကျွန်တော်တို့ ဂိုဒိုရာသားတွေရဲ့ အမှုန်အမွှားသီအိုရီအရ ကမ္ဘာပေါ်ရှိ အမှုန်အမွှားတွေအားလုံး မှော်ပညာများသယ်ဆောင်လာသောကြောင့် ကျွန်တော်တို့ရဲ့ civilizations လူမှုအဖွဲ့အစည်းက မှော်ပညာကိုအသုံးပြုခြင်းဖြင့် ကြီးစိုးလာတော့တယ်။ နောက်ပိုင်းမှာ နည်းပညာရဲ့ အသုံးဝင်မှုကို ရှာဖွေတွေ့ရှိလာတာနဲ့အမျှ နည်းပညာဖွံ့ဖြိုးတိုးတက်မှုကို လွယ်ကူချောမွေ့စေရန် သုတေသနများလည်း စတင်လုပ်ဆောင်ခဲ့ကြတယ်။ ဤအရာနှစ်ခုလုံးက ကမ္ဘာကြီးကိုနားလည်ဖို့ ကျွန်တော်တို့အသုံးပြုတဲ့ ကိရိယာတွေပဲ။”

ဟန်ရှောင်း မျက်မှောင်ကြုတ်လိုက်သည်။ "မင်း တော်တော်သိတာပဲ"

"ဟားဟား။ ကျွန်တော်က လေ့ကျင့်ထားတဲ့ စုံစမ်းစစ်ဆေးသူပါ။ စကြာဝဠာတစ်ခွင်ကို လည်ပတ်ခဲ့ဖူးတဲ့ မတူညီတဲ့ အာကာသစခန်းတွေမှာ လည်ပတ်နေချိန်အတွင်း အမျိုးမျိုးသော အကြောင်းအရာတွေကို ငါကြားခဲ့ရတယ်။” ကားလော့ဒ်ပြုံးလိုက်သည်။ “အခြေခံအားဖြင့်၊ အာကာသအတွင်းရှိ မဖြေရှင်းနိုင်သော လျှို့ဝှက်ဆန်းကြယ်မှုများအားလုံးကို အာကာသအံ့ဖွယ်များလို့ အများအားဖြင့် ရည်ညွှန်းကြတယ်။ ဂြိုလ်သားတွေဟာ စကြဝဠာကြီးတစ်ခုလုံးရဲ့ လျှို့ဝှက်ဆန်းကြယ်မှုတစ်ခု ဖြစ်လာဖို့ မဖြစ်နိုင်ပါဘူး။”

အာကာသ အံ့ဖွယ်များ၊ ဟမ်… ဟန်ရှောင်းက ဒါကို သေချာမှတ်သားထားလိုက်သည်။

ရုတ်တရက် စကားစမြည်ပြောနေကြသည့် သူတို့ နှစ်ယောက်ကို အော်ဟစ်အားပေးသံများက ဆူနာမီလို ဖုံးလွှမ်းသွားသည်။

လက်ရှိပြိုင်ပွဲကို တိုက်ရိုက်ထုတ်လွှင့်နေသောကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်မှုကို စစ်ဆေးရန် ဟန်ရှောင်းသည် ဖိုရမ်များသို့ သွားလိုက်သည်။ တိုက်ပွဲအားလုံး ပြီးဆုံးသွားခဲ့ပြီး ချန်ပီယံတစ်ဦး မွေးဖွားလာ၏။

အသင်းလိုက်ပွဲများအတွက်၊ ‘နန်းဆက်အသင်း’သည် ‘ရှည်လျားကောင်းကင်ကလပ်’နှင့် အပြင်းအထန်တိုက်ပွဲဝင်ပြီးနောက် ထိပ်ဆုံးနေရာကို သိမ်းပိုက်နိုင်ခဲ့ပြီး ‘နတ်ဘုရားကျောင်းဆောင်’သည် တတိယအသင်းအဖြစ် နောက်သို့ အနီးကပ်လိုက်နေသည်။ အသင်းကြီး သုံးခုသည် ၎င်းတို့၏ နာမည်နှင့် လိုက်လျောညီထွေ နေထိုင်ပြီး ထိပ်တန်းနေရာ သုံးခုစလုံးကို ရယူထားသော်လည်း ထိပ်ဆုံး ရှစ်သင်းသို့ တက်လှမ်းနိုင်ခဲ့သည့် အခြားအသင်းများသည် ရင်သပ်ရှုမောဖွယ် စွမ်းဆောင်ရည်များကို ပြသခဲ့ကြသည်။ တစ်ဦးချင်းပွဲစဉ်များအတွက် ‘ရေတပ်ဗိုလ်ချုပ်ကြီး’သည် ဖိုင်နယ်တွင် အောင်ပွဲခံခဲ့ပြီး ‘နန်းဆက်အသင်း’ကို ချန်ပီယံဆို နှစ်ကြိမ် ဆွတ်ခူးစေနိုင်ခဲ့ပြီး ၎င်းတို့၏ကျော်ကြားမှုမှာ အရှိန်အဟုန် မြင့်တက်သွား၏။

ဓါးရူးက သူ၏ပြိုင်ဘက်ကို အနိုင်ယူပြီး တစ်ဦးချင်းအဆင့်တွင် တတိယနေရာရရှိခဲ့သည်။ သူ၏ ဂိမ်းကစားခြင်း အသက်မွေးဝမ်းကြောင်းအသစ်ကြောင့် ပြိုင်ပွဲ၏ မြင်းနက်ဟု အမည်တွင်ခဲ့သည်။

ရေပင်လယ်ဂြိုလ်တွင် တစ်ဦးချင်းပွဲစဉ်များမှ ထိပ်ဆုံးသုံးသင်းအပြင် ကစားသမားသုံးဦးစလုံးသည် နိုင်ငံတကာပြိုင်ပွဲများအတွက် အရည်အချင်းပြည့်မီခဲ့သည်။ အသင်းသုံးသင်းစလုံးသည် တရုတ်အသင်းမှဖြစ်ပြီး မရေမတွက်နိုင်သောကစားသမားများသည် ၎င်းတို့အား ကမ္ဘာ့စင်မြင့်ပေါ်တွင် ယှဉ်ပြိုင်တိုက်ခိုက်ကြသည်ကို ကြည့်ရှုရန် မျှော်လင့်နေကြသည်။ ဖိုရမ်များတွင် နိုင်ငံတော် အခမ်းအနား ကျင်းပနေသကဲ့သို့ ဆွေးနွေးမှုများဖြင့် စည်ကားနေပြီး ‘နန်းဆက်အသင်း’သည် သဘာဝအတိုင်း ဆွေးနွေးမှုများ၏ ဗဟိုဖြစ်သည်။

ဌာနခွဲပြိုင်ပွဲများ ပြီးဆုံးပြီးနောက်၊ နိုင်ငံတကာပွဲများ မစတင်မီ ဂိမ်းအတွင်း အချိန်တစ်နှစ်သာ ကျန်ရှိတော့ပြီး ပွဲစဉ်များ ပြီးဆုံးသွားပြီဖြစ်ကြောင်း ယူဆနိုင်သည်။ သို့သော်လည်း ကစားသမားများ၏ စိတ်လှုပ်ရှားမှုသည် အချိန်တိုအတွင်း အရှိန်သေသွားမည့်ပုံမပေါ်ပေ။

မရေမတွက်နိုင်သော ပို့စ်များသည် ဒေသတစ်ခုစီမှ အနိုင်ရသူများကို ခွဲခြမ်းစိတ်ဖြာပြီး အချို့သောအသင်းများသည် အနာဂတ်ပြိုင်ပွဲများအတွက် ကြိုတင်ပြင်ဆင်ရန် အစီအစဉ်များ စတင်ပြုလုပ်ကြသည်။ အဖွဲ့လိုက် ကောင်းစွာ စွမ်းဆောင်နိုင်သော အသင်းအဖွဲ့များသည် ၎င်းတို့၏ ကျော်ကြားမှုကို မြှင့်တင်ရန် ပွဲများစွာကို ကျင်းပခဲ့ကြသည်။

နောက်ဆုံးတော့ သူတို့ ပွဲတွေပြီးသွားပြီ။ အဆိုပါ ပရော်ဖက်ရှင်နယ် ကစားသမားများ နောက်ဆုံးတော့ အားလပ်သွားကြပြီ ဖြစ်သည်။ ဟန်ရှောင်း၏ မျက်လုံးများက သူနောက်တစ်ဆင့်လုပ်ဆောင်ရန် ပြင်ဆင်နေစဉ်တွင် ထူးဆန်းသော အရိပ်အယောင်များ ထွက်ပေါ်လာသည်။

…

ခိုလှုံရေးစခန်း၏ ရင်ပြင်တွင်၊ ပြိုင်ပွဲကြောင့် စိတ်လှုပ်ရှားနေကြသော ကစားသမားများဖြင့် လမ်းများပေါ်တွင် စည်ကားနေပါသည်။ သူတို့တစ်ဦးစီသည် ၎င်းတို့၏ စိတ်ကြိုက်အဖြစ်ဆုံးများကို ဆွေးနွေးကြပြီး ပရော်ဖက်ရှင်နယ် ကစားသမားများကလည်း ရံဖန်ရံခါ ပေါ်လာကြရာ လူအုပ်ကြီးမှာ ပို၍ပင် စိတ်လှုပ်ရှားနေသည်။

ဟုတ်ပါသည်၊ ဟန်ရှောင်းရဲ့ ထုံးစံအတိုင်း ရောင်းချမည့် လုယက်သေတ္တာများ နောက်တစ်သုတ်အတွက် ဈေးဆိုင်မှာ နေ့စဥ်စောင့်ရင်း သူတို့ရဲ့ကံကို ယုံကြည်တဲ့ ညီအကိုအုပ်စုလည်း ရှိသည်။

"သူလာပြီ။" စောင့်ဆိုင်းနေကြသည့် လူတစ်စုက လည်ပင်းကို ဆန့်တန်းလိုက်ကြသည်။

ထရပ်ကားသည် ဖြည်းညှင်းစွာ မောင်းနှင်လာပြီး ရပ်တန့်သွားသည်။ ဟန်ရှောင်းသည် ထရပ်ကားပေါ်မှ ဆင်းသွားသော်လည်း သူသည် ထုံးစံအတိုင်း လုယက်သေတ္တာများကို ရောင်းချနေပုံမပေါ်ပေ။ ယင်းအစား၊ သူသည် ပတ်ပတ်လည်ကို လှည့်ပတ်ကြည့်ရှုပြီး ကျယ်လောင်သော အသံဖြင့် “ငါ့မှာ အန္တရာယ်ရှိတဲ့ မစ်ရှင်တစ်ခုရှိနေပြီ၊ ပြီးတော့ အကူအညီတွေ လိုအပ်နေတယ်။ ငါ့အသင်းမှာ ပါဝင်ဖို့ အရည်အချင်း ပြည့်မီသူများကို ရွေးချယ်မယ်။ ငါ့စစ်ဆေးမှုကို အောင်ဖို့ မင်းယုံရင် လာခဲ့"

ပြီးပြီးချင်းမှာပဲ ဟန်ရှောင်းက သူကြိုတင်ရေးထားသည့် မစ်ရှင်ကို ထုတ်လွှတ်လိုက်သည်။

_____________________

အသင်းသားရွေးချယ်မှု

မစ်ရှင်နိဒါန်း - ဟန်ရှောင်းသည် စွန့်စားမှုအသစ်တစ်ခုစတင်ရန် ရေပင်လယ်ဂြိုလ်မှ မကြာမီ လျှို့ဝှက်ထွက်ခွါတော့မည်။ သူသည် သူနှင့်အတူ တိုက်ပွဲဝင်ရန် အင်အားကြီးသူများကို ရှာဖွေနေ၏။ သူ့စမ်းသပ်မှုကို အောင်မြင်သည့်သူတွေက သူနဲ့အတူ ကြယ်များကြားထဲကို စွန့်စားနိုင်ပါသည်။

မစ်ရှင်လိုအပ်ချက် - အဆင့် ၆၀

မစ်ရှင်ကာလ - ၅ ရက်

ပြီးမြောက်ရန် လိုအပ်ချက် - ဟန်ရှောင်း၏ တိုက်ခိုက်ရေး စမ်းသပ်မှုကို ကျော်ဖြတ်ပါ။

ဆုလာဘ် - အတွေ့အကြုံအမှတ် ၁မှတ်နှင့် ဟန်ရှောင်းနှင့် သူ၏ခရီးတွင် သွားရမည့် အရည်အချင်းပြည့်မီမှု။

_____________________

၎င်းသည် ကစားသမားများကြားတွင် လှိုင်းလုံးကြီးများကို ချက်ချင်းဖြစ်ပေါ်စေခဲ့သည်။

မစ်ရှင်အချက်အလက်ကိုဖတ်ရင်း လူတိုင်း မျက်လုံးများ ပြူးကျယ်လာကြသည်။

“ဒါက ရုတ်တရက်ကြီးလား။ အခု ငါတို့ စတင်ခဲ့တဲ့ ဂြိုဟ်ကနေ ထွက်သွားနိုင်ပြီလား"

"ငါတို့ စာမေးပွဲမဖြေခင်မှာ အမြင့်ဆုံးအဆင့်ရှိဖို့ လိုတယ်ဆိုတာ မယုံနိုင်ဘူး။ ဒါက အရမ်းစိတ်ပျက်စရာပဲ!”

ယခုအချိန်အထိ ကစားသမားများအားလုံးသည် သူတို့၏ သက်ဆိုင်ရာ အစပျိုးဂြိုလ်များပေါ်တွင်သာ ကန့်သတ်ခံထားရပြီး မည်သူမျှ အာကာသထဲသို့ သွားလာနိုင်ခြင်းမရှိသေးပေ။ ဟန်ရှောင်း၏ မစ်ရှင်သတင်းသည် လက်ရှိကစားသမားများကြားတွင် ပေါက်ကွဲသွားပြီး သူတို့သည် ထိုအချက်အလက်များကို ဖိုရမ်များပေါ်သို့ အလျင်အမြန်ထုတ်ပြခဲ့သည်။ ရေပင်လယ်ဂြိုလ်တစ်ခုလုံး တုန်လှုပ်သွားပြီး အခြားဂြိုလ်များမှ ကစားသမားများပင် ဤအကြောင်းကို ပြောနေကြသည်။

ဖိုရမ်များကို နောက်တစ်ကြိမ် ပရမ်းပတာဖြစ်စေခဲ့သည်။

ကစားသမားတစ်ဦးစီ၏ အာရုံစူးစိုက်မှုသည် ယခင်ပြိုင်ပွဲများမှ ဟန်ရှောင်း၏ အံ့အားသင့်ဖွယ် မစ်ရှင်အသစ်ဆီသို့ အတင်းဆွဲခေါ်ခံလိုက်ရသည်။

ဒါက အခွင့်အရေးတစ်ခုပဲ။

သူတို့ ဟန်ရှောင်းနောက်ကို လိုက်နိုင်လျှင် သူတို့ ရွယ်တူတွေထက် အများကြီးစောပြီး အာကာသထဲကို သွားနိုင်မှာ ဖြစ်လို့ တခြားသူတွေထက် ကြီးမားတဲ့ အားသာချက်တွေ ပေးစွမ်းနိုင်သည်။

ဟန်ရှောင်းသည် ဗုံးကွဲသွားသလိုမျိုး ကြီးမားသော အကျိုးသက်ရောက်မှုများရှိသည့် မစ်ရှင်ကို အမှုမဲ့အမှတ်မဲ့ ပစ်ချခဲ့သည်။ ဟန်ရှောင်းသည် အာကာသသို့သွားရန် မပြောခဲ့ကြောင်း ကစားသမားများက သဘောပေါက်ခဲ့ကြသည်။ ထိုအစား၊ ဤအချက်အလက်များကို မစ်ရှင်သတိပေးချက်မှ ထုတ်ဖော်ခဲ့သည်။ ကစားသမားများသည် ကံစမ်းမဲ ပေါက်သွားသည်ဟုထင်ကာ ဟန်ရှောင်း၏ စစ်မှန်သော ရည်ရွယ်ချက်များကို လှမ်းကြည့်နိုင်သဖြင့် တိတ်တဆိတ် ပျော်ရွှင်နေကြသည်။

ထုံးစံအတိုင်း၊ ဟန်ရှောင်းသည် ကစားသမားများ မည်သို့တုံ့ပြန်မည်ကို သိရှိထားသောကြောင့် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ကစားသမားတွေဟာ ဒါကိုမြင်တဲ့အခါ အောင်မြင်မှုခံစားရမယ်ဆိုတာ သူသိနေ၏။ ထိုနေရာမှာရပ်ပြီး ဖိုရမ်တွေပေါ်မှာ ဖြစ်ပျက်နေတဲ့အရာအားလုံးကို ကြည့်ရင်း ပြုံးနေလိုက်တော့သည်။

သူက ပရော်ဖက်ရှင်နယ်ကစားသမားတွေကို ခေါ်ယူဖို့သာ စီစဉ်နေသောကြောင့် ခိုင်လုံတဲ့အကြောင်းပြချက်တစ်ခု လိုအပ်နေပြီး အဲဒါနဲ့ပတ်သက်ပြီး သိပ်မသိသာတာမျိုးလည်း ဖြစ်ရပေမည်။ အမြင့်ဆုံးအဆင့် လိုအပ်ချက်သည် ပေါ့ပေါ့ပါးပါး ကစားသမားအများစုကို စစ်ထုတ်နိုင်မည်ဖြစ်ပြီး တိုက်ခိုက်ရေးစမ်းသပ်မှုကိုမူ သူကလွယ်ကူစွာ ခြယ်လှယ်နိုင်၏။ သူနှင့်တိုက်ပွဲတွင် စက္ကန့်သုံးဆယ်ကြာအောင် ယှဉ်ပြိုင်နိုင်သရွေ့ သူတို့သည် စမ်းသပ်မှုကို ကျော်ဖြတ်နိုင်မည်ဖြစ်သည်။

ဤသို့ဖြင့် သူသည် ပရော်ဖက်ရှင်နယ် အရည်အချင်းရှိသူအားလုံးကို ရရှိနိုင်လိမ့်မည်။

ထိုသတင်းသည် ပရိုများ၏ အာရုံကို လျင်မြန်စွာ ဖမ်းစားနိုင်ခဲ့သည်။ ဒီကစားသမားတွေဟာ သူတို့၏ပြိုင်ပွဲများ ပြီးဆံုးသွားပြီးနောက် ဘာမှလုပ်စရာမရှိပေ။ ကမ္ဘာလုံးဆိုင်ရာ စင်မြင့်တွင် တိုက်ပွဲဝင်ရန်မှာ နောက်ထပ်တစ်နှစ် လိုသေး၏။ သို့သော်၊ သူတို့အားလုံးသည် အဆင့်များကို အမြင့်ဆုံးအထိ မြှင့်တင်ထားပြီးဖြစ်သောကြောင့်၊ ကိုယ်ပိုင်လေ့ကျင့်မှုနှင့် ကျွမ်းကျင်မှုအသစ်အချို့ကို သင်ယူရန်ကြိုးစားခြင်းမှလွဲ၍ လုပ်ဆောင်စရာ များများစားစားမရှိပေ။ နောက်တစ်ဆင့်တက်ဖို့ အရည်အချင်းပြည့်မီသည့် အနိုင်ရအသင်းအများစုသည်လည်း တူညီသော အနေအထားမှာ ရှိနေကြ၏။ ယခုမူ ဟန်ရှောင်းသည် ၎င်းတို့အား အသစ်စက်စက် မြေပုံတစ်ခုတွင် စွန့်စားရန် အခွင့်အရေးပေးထားသည်။

မြေပုံအသစ်များသည် မရေမတွက်နိုင်သော ဖြစ်နိုင်ခြေအသစ်များကို ဆိုလို၏။

ဒီပရော်ဖက်ရှင်နယ် ကစားသမားတွေက ဒီထက်ပိုပြီး မပျော်ရွှင်နိုင်တော့ပေ။ သူတို့၏အမြင်တွင်၊ ဤအရာသည် ဘုရားသခင်ထံမှ ကောင်းကြီးမင်္ဂလာနှင့် အတူတူပင်ဖြစ်ပြီး ဤအခွင့်အရေးကို လက်လွတ်မခံပေ။

..

ဒုတိယနေ့တွင်၊ မရေမတွက်နိုင်သော ပရိုကစားသမားများသည် ဘေးမဲ့တော၏ရင်ပြင်တွင် စုရုံးကြသည်။ ဒါဟာ နာမည်ကြီး ကော်ဇောနီ ပွဲလိုပင်။ ဒီကြယ်ပွင့်ကစားသမားတွေဟာ လမ်းပေါ်လျှောက်လာရင်း လူတွေကို အံ့သြသွားစေ၏။

“အိုး၊ ဟုတ်တယ်။ အရင်တုန်းက Black Phantom အဆင့်မြင့် အသိပညာတွေကို စတင်ရောင်းချတဲ့ အချိန်တုန်းကလည်း ဒီလို မြင်ကွင်းမျိုး မရှိခဲ့ဘူးလား။

“အဲဒီအချိန်က မှတ်တမ်းတွေရှိနေတုန်းပဲ၊ ဒါပေမယ့် အခုအချိန်မှာတော့ အတိုင်းအတာတစ်ခုထိတော့ ပိုကြီးသွားတာပေါ့။ ပြေရရင်၊ ရေပင်လယ်ဂြိုလ်မှာရှိတဲ့ ပရော်ဖက်ရှင်နယ် ကစားသမားများအားလုံး ဒီနေ့ ဒီနေရာသို့ ရောက်လာကြတယ်။”

“ဖြစ်ရပ်နှစ်ခုလုံးက Black Phantom နဲ့ သက်ဆိုင်တယ်…”

ပွဲစဉ်များသည် ပြီးဆုံးရန် နီးကပ်လာပြီး ကစားသမားအများစုသည် ခိုလှုံရေးစခန်းတွင် ရှိနေဆဲဖြစ်သည်။ ဤသည်မှာ မစ်ရှင်ကိုကြေငြာရန် ဟန်ရှောင်းရွေးချယ်ခဲ့သော အကြောင်းရင်းတစ်ခုဖြစ်သည်။

များမကြာမီတွင် လူအများအပြားသည် မစ်ရှင်ကို လက်ခံခဲ့ကြသည်။ ဟန်ရှောင်းသည် နေရာလွတ်တစ်ခုပြုလုပ်ရန် အနည်းငယ် နောက်ပြန်လှည့်ကာ သူမသိသော ပရော်ဖက်ရှင်နယ် ကစားသမားကို ကျပန်းရွေးချယ်ကာ ပြောလိုက်သည်။ "စက္ကန့်သုံးဆယ်လောက် ထိန်းထားပါ၊ ဒါဆို မင်းအောင်ပြီ။"

လူတစ်ထောင်ခန့်သည် မစ်ရှင်ကိုလက်ခံခဲ့ပြီး ၎င်းတို့အားလုံးသည် ကြည့်ရှုရင်း အချင်းချင်း ဆွေးနွေးနေကြသည်။

ဒုတိယမင်းသားက “စက္ကန့်သုံးဆယ်လောက်က ခက်ခဲတာတော့ မဟုတ်ဘူး မဟုတ်လား၊ ကျွန်တော်က တောရိုင်းထဲက အဆင့်ခြောက်ဆယ် Boss နဲ့ တစ်ယောက်ကို တစ်ယောက် ယှဉ်ပြိုင်ခဲ့ရင်တောင် အနည်းဆုံး မိနစ်အနည်းငယ်လောက် အသက်ရှင်နေနိုင်မှာပဲ"

လီကဲသည် ထိုအချိန်ကို ကြည့်ပြီး ခေါင်းယမ်းလိုက်သည်။ "လူတိုင်းအတွက် စက္ကန့်သုံးဆယ်က တော်တော်ရှည်တယ်။"

ကစားသမားများက စကားစမြည်ပြောဆိုရင်း ကစားသမားများနှင့် ကျွမ်းကျင်သူများသည် အခြေခံအချက်အလက်အချို့ရရှိရန် ဟန်ရှောင်းအပေါ် [Detect] [ထောက်လှမ်းခြင်း] ကို အသုံးပြုလိုက်ကြသည်။

_____________________

ဟန်ရှောင်း (?)

အဆင့် - ?

အမျိုးအစား - ?

အန္တရာယ်အဆင့် - အလွန်အမင်း အန္တရာယ်ရှိသည်။

_____________________

“အားလုံးက မေးခွန်းအမှတ်အသားတွေချည်းပဲ” လူတိုင်း၏ မျက်နှာသည် ရုတ်တရက် ပြောင်းလဲသွားသည်။

၎င်းတို့အားလုံးသည် ဗားရှင်း ၁.၀ ၏ level cap အဆင့်အထိန်းသို့ ရောက်ရှိနေပြီး၊ အခြား ဘော့စ်အဆင့် NPC များတွင် တူညီသောစွမ်းရည်ကို အသုံးပြုသောအခါ၊ ၎င်းတို့သည် ပစ်မှတ်၏ ဇာတ်ကောင်အဆင့်နှင့် ဇာတ်ကောင်အမျိုးအစားကဲ့သို့သော ပစ်မှတ်၏ အခြေခံအချက်အလက်အချို့ကို မြင်တွေ့နိုင်သည်။ သို့သော် ဟန်ရှောင်းတွင် ၎င်းကို အသုံးပြုသောအခါတွင် သူတို့သည် မည်သည့်အရာကိုမျှ မမြင်နိုင်ပေ။ သူ့အခြေခံအထောက်အထားနှင့် ပတ်သက်၍တောင် မေးခွန်းအမှတ်အသား ရှိနေ၏။ သူက သူတို့ထက် အနည်းဆုံး အဆင့်၅ဆင့် မြင့်နေတာ မဟုတ်လား။

သူတို့ရဲ့ အဆင့်တွေကို အမြင့်ဆုံး မြှင့်တင်ပြီးကတည်းက ဒီလိုမျိုး တစ်ခါမှ မကြုံဖူးပေ။

Black Phantom ရဲ့ အဆင့်က ဘယ်လောက်တောင် မြင့်နေတာလဲ ‽

All Chapters