← Chapters

ယန္တရားပညာရှင် ဆရာကြီးဟန်ဆိုတဲ့အတိုင်းပဲ

Vol. 21 Ch. 314

ယန္တရားပညာရှင် ဆရာကြီးဟန်ဆိုတဲ့အတိုင်းပဲ

Vol. 21 Ch. 314

ဤအချက်အလက်အသစ်သည် ကစားသမားများအတွင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားစေသည်။

"အဆင့် ၆၀ ကျော်တဲ့ အဓိက NPC တွေကို ကျွန်တော် တစ်ခါမှ မတွေ့ဖူးဘူး။"

“ဒါပေမယ့် သူ့ကို ကျွန်တော် စစ်ဆေးခဲ့တဲ့ နောက်ဆုံးအကြိမ်လိုပဲ သူက 'အလွန့်အမင်း အန္တရာယ်များတယ်' တဲ့။ ဟိုတုန်းကတည်းက သူဒီလောက် သန်မာနေပြီလား။ အဲဒီလို မခံစားရဘူး။”

“သူ့ရဲ့ဇာတ်လမ်းကို အခြေခံရရင် Black Phantom က အစောပိုင်းတုန်းက အားမကောင်းဘူး။ သူက နောက်ပိုင်းမှာ ရုတ်တရက် အားကောင်းလာပြီး နောက်ဆုံးတွင် ဂျာမီနယ်အဖွဲ့အစည်းကို ဖြုတ်ချနိုင်သူ ဖြစ်လာခဲ့တယ်။ ဒါက ဇာတ်လမ်းရဲ့ အဓိက ဇာတ်ကောင်အဖြစ် သူ့ကို ခွဲထုတ်လိုက်တာလို့ ထင်တယ်။”

“Black Phantom ရဲ့ တိုက်ခိုက်ရေးစွမ်းအားက ဘော့စ်အဆင့်မှာဆိုတာ သေချာတယ်။ ကမ္ဘာမြေကြီးတစ်ခုလုံးမှာ သူဘယ်လိုအဆင့်ရောက်နေလဲဆိုတာ ကျွန်တော်သိချင်တယ်။"

ဟန်ရှောင်းကို ကစားသမားတွေရဲ့ ပထမဆုံး အထင်အမြင်မှာ သူက အရမ်းသန်မာ၏။ သို့သော် သူ၏ ခွန်အားသည် ဒဏ္ဍာရီတစ်ခု ဖြစ်နေသေးသည်။ အများစုမှာ ဂိမ်းစကစားကတည်းက ဟန်ရှောင်း၏ တိုက်ပွဲများကို စပ်စုပြီး ကြည့်ရှုခဲ့ကြသည်။ အမြင့်ဆုံးအဆင့်သို့ အဆင့်မြှင့်တင်ပြီးသည့်တိုင် သူ၏ဇာတ်ကောင်အချက်အလက်ကို မစစ်ဆေးနိုင်သေးကြောင်းကို ယခုသူတို့သဘောပေါက်လာသဖြင့် ဟန်ရှောင်းသည် ထိုပရော်ဖက်ရှင်နယ်ကစားသမားများနှင့် ယှဉ်ပြိုင်ပြီး သူ၏အစွမ်းသတ္တိ ပြသခြင်းကို ကြည့်ရှုရန် မစောင့်နိုင်ကြတော့ပေ။

“စက္ကန့်သုံးဆယ်ဆိုတာ သိပ်ခက်တာမဟုတ်ဘူး ဟုတ်လား”

မစ်ရှင်တွင် ပါဝင်သူများအပါအဝင် ကစားသမားအများစုသည် ယင်းကို တွေးတောခဲ့ကြသည်။ သူ၏ ကိန်းဂဏာန်းများကို မစစ်ဆေးနိုင်သော်လည်း၊ သူသည် ၎င်း၏ယခင်တိုက်ပွဲမှတ်တမ်းများအပြင် ၎င်းသည် ဗားရှင်း ၁.၀ ဇာတ်ကောင်တစ်ဦးသာ ဖြစ်သည်ဟူသောအချက်ကို အခြေခံ၍ ယူဆထားကြ၏။

သူက သေချာပေါက် သန်မာပေမယ့် သူတို့ထက် ဘယ်လောက် သန်မာနိုင်မှာလဲ။ သူတို့နှင့် ဟန်ရှောင်း၏ ခြားနားချက်သည် ပွဲစကတည်းက သိသိသာသာ ကျဆင်းသွားရလိမ့်မည်။ သူတို့က ကစားသမားများပင်။ သူတို့သည် အလွန်လျင်မြန်စွာ အဆင့်တက်သွားကြသည်။

စမ်းသပ်မှုအတွက် ရွေးချယ်ခံရသော ပထမဆုံးကစားသမားမှာ ID '‘ကြွေရွက်ခြောက်’' 'ကြွေရွက်ခြောက်' ဖြစ်ပြီး လူအုပ်ထဲမှ ခြေလှမ်းကျဲကြီးဖြင့် လျှောက်လှမ်းလာသည်။

အနီးနားရှိ ကစားသမားများသည် နေရာလွတ်တစ်ခုကို ရရှိအောင် ချက်ခြင်း နောက်ဆုတ်သွားကြသည်။ Players' Main City တွင် တိုက်ခိုက်ခြင်းသည် များသောအားဖြင့် မြို့၏ NPC များနှင့် သူတို့၏ဂုဏ်သိက္ခာကို ဆိုးဝါးစေသော်လည်း ဟန်ရှောင်းသည် ထိုနေရာတွင် ရှိနေသဖြင့် အဆင်ပြေနိုင်သည်။

မရေတွက်နိုင်သော မျက်လုံးအစုံတို့သည် တစ်စုံတစ်ခုကို စောင့်မျှော်နေသကဲ့သို့ မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေကြသည်။

“စတင်ပါ။” ဟန်ရှောင်းက စကားတစ်ခွန်းသာ ပြောလိုက်၏။

‘ကြွေရွက်ခြောက်’ သည် ဝင်လာသော တိုက်ခိုက်မှုကို စောင့်ဆိုင်းရင်း ခံစစ်အနေအထားကို ချက်ချင်းပြင်ဆင်လိုက်သည်။

ဟမ်...

အသံလှိုင်းစက်လုံး လေးခုသည် လေထဲတွင် ဖြတ်ကျော်ရင်း ပျံထွက်သွားသည်။ စက်လုံးများ တွင် တွဲလျက်ပါရှိသည့် ထောက်လှမ်းရေး ကိရိယာများမှာ လက်နက်များ၏ အကွာအဝေးနှင့် တိကျမှုကို တိုးမြှင့်ပေးသည်။

စင်ပေါ်မှာ စူးရှသည့် ပေါက်ကွဲသံက ရုတ်တရက် ပွင့်သွားသည်။

‘ကြွေရွက်ခြောက်’ ၏ သွေးအမှတ်သည် ချက်ခြင်း ကျဆင်းသွားပြီး မူးဝေစေသည့် အကျိုးသက်ရောက်မှုကြောင့် သူရောက်နေသော နေရာ၌ အမြစ်တွယ်နေခဲ့သည်။

ဘုန်း ဘုန်း ဘုန်း !

ကြိုတင်စိုက်ထားသော ခံတပ်သေနတ်ခြောက်လုံးသည် မြေပြင်မှ ရုတ်တရက် ပေါ်ထွက်လာပြီး ‘ကြွေရွက်ခြောက်’ ကို တပြိုင်နက်တည်း ပစ်ခတ်လိုက်သည်။ ပူးပေါင်းပစ်ခတ်မှုနှုန်းသည် အလွန်လျင်မြန်သောကြောင့် ‘ကြွေရွက်ခြောက်’ကျသည့်နေရာ၌ အသေးစား မိုးသီးမုန်တိုင်းတစ်ခုကဲ့သို့ ဖြစ်နေသည်။ ခဏအကြာတွင် ‘ကြွေရွက်ခြောက်’ သည် ထိမှန်သွားပြီးနောက် မြေပြင်ပေါ်သို့ ပြိုကျသွားသည်။

‘ကြွေရွက်ခြောက်’ သည် ပါးလွှာသောစွမ်းအင် အလွှာတစ်ခုဖြင့် သူ့ကိုယ်သူ ဝန်းရံရန် စွမ်းအင်စွမ်းရည်များစွာကို လှုံ့ဆော်ပေးခဲ့သော်လည်း၊ ကျည်ဆန်များ မိုးရွာနေပြီး မြေပြင်ပေါ်သို့ ချည်နှောင်ခံထားရသည်။ အသံလှိုင်းစက်လုံး များသည်လည်း လူအုပ်ထိန်းချုပ်မှု အမျိုးမျိုးကို အဆက်မပြတ် အသုံးချကာ သူ့ကို မြေပြင်ပေါ်တွင် ထိန်းချုပ်ထားသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏သွေးအမှတ်သည် ဆိုးရွားစွာကျဆင်းသွား၏၊ ဟာရီကိန်းမုန်တိုင်းကဲ့သို့ တိုက်ခတ်မှု ရုတ်တရက်ရပ်တန့်သွားကာ မြေပြင်သည် ဘာမှမဖြစ်သကဲ့သို့ ကြည်လင်လာသည်။

"မင်း မအောင်ဘူး" ဟန်ရှောင်းက အသံကျယ်ကျယ်နှင့် ပြောလိုက်သည်။

‘ကြွေရွက်ခြောက်’ အံ့အားသင့်သွားသည်။ သူက ဘာဖြစ်လိုက်မှန်း မသိလိုက်သေးခင်မှာပဲ ပြီးသွား၏။

ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်ကို မယုံနိုင်သောကြောင့် အနီးနားရှိ ကစားသမားများအားလုံး ပါးစပ်အဟောင်းသား ထြစ်နေကြသည်။

အမြင့်ဆုံးအဆင့် ပရိုကစားသမားတစ်ဦးသည် သုတ်သင်ရှင်းလင်းခြင်းမခံရမီ ငါးစက္ကန့်မျှပင် မခုခံနိုင်ပေ။

ကျွမ်းကျင်မှု သို့မဟုတ် ထိန်းချုပ်မှုများအကြောင်း ပြောရန်ပင်မလိုအပ်ပေ။ ဟန်ရှောင်းသည် သူ့ကို တွဲလောင်းဆွဲပြီး သူ့နောက်ကျောကို ကြာပွတ်နှင့် ရိုက်နေသလိုပင်။

ကစားသမားမှာ လုံးလုံးလျားလျား ဖိနှိပ်ခံခဲ့ရ၏။

ကစားသမားတွေကို ပိုအံ့သြစေတာက ဟန်ရှောင်းသည် တစ်ချိန်လုံး တစ်နေရာတည်းမှာ ရှိနေခဲ့ခြင်းဖြစ်သည်။ သူ့ကိုယ်ဟန်အနေအထားတောင် အတူတူပင်!

“ယန္တရားပညာရှင်တွေက ဒီလို လွှမ်းမိုးနိုင်တာလား။ ငါတို့က အတန်းအဆင့် အတူတူတောင် ရှိရဲ့လား"

“သူတောင် မလှုပ်ဘူး။ ဒီလက်နက်တွေကို သူဘယ်လိုထိန်းချုပ်နေတာလဲ။”

"သူက ဗားရှင်း ၁.၀ အတွက် အရမ်းစွမ်းအားကြီးလွန်းနေတာ မဟုတ်ဘူးလား။ ရေပင်လယ်ဂြိုလ်က သူ့ကို မမ

ကန့်သတ်ထားနိုင်တော့တာကြောင့် အာကာသထဲကို သွားဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်နိုင်လား။”

“သူရဲ့ အတိတ်တိုက်ပွဲမှတ်တမ်းတွေကို အခြေခံကြည့်ရင် Black Phantom ရဲ့ အိတ်ထဲမှာမှာ ဝှက်ဖဲတွေအများကြီးရှိသေးတယ်။ ဆိုလိုတာက သူ အားကုန်တောင် မစိုက်ရသေးဘူး!"

"အဲဒီ DPS ‘Damage per second’ ‘ပစ်အား’ က နည်းနည်းတော့ ကြောက်စရာကောင်းတယ် မဟုတ်လား၊ ဒီလိုဘော့စ်နဲ့ တိုက်ခိုက်ရမယ်ဆိုရင် လူငါးဆယ်ကျော်အဖွဲ့နဲ့ ဝင်ရောက်စီးနင်းတာတောင် အသားပြားဖြစ်သွားလိမ့်မယ်…”

ဒီတစ်ခါတော့ သူတို့၏စိတ်ထဲတွင် အရင်နှင့် လုံးဝမတူတဲ့ စိတ်ခံစားမှုတွေ ခံစားလာရသည်၊ Black Phantom ရဲ့ အဆင့်က ဘယ်လောက်ထိမြင့်သလဲ‽

ကစားသမားများသည် open beta ကတည်းက ဟန်ရှောင်းနှင့် အဆက်အသွယ်ရှိခဲ့သည်။ အတွေ့အကြုံများစွာ ရရှိပြီးနောက် သူတို့ကြား အဆင့်အတန်းကွာဟမှုသည် နီးစပ်နေပြီဟု ထင်ခဲ့ကြ၏။ သို့သော်လည်း သူတို့ အထင်မှာ အကြီးအကျယ် မှားယွင်းနေလိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ကြပေ။… ယန္တရားပညာရှင် ဆရာကြီးဟန်ဆိုတဲ့အတိုင်းပင်။

ဟန်ရှောင်းလှည့်ကြည့်လိုက်သောအခါ ကစားသမားများ၏ မျက်နှာပေါ်က အူလည်လည်အမူအရာတွေကို မြင်လိုက်ရတဲ့အခါ သူရည်ရွယ်ထားတဲ့ သက်ရောက်မှုတွေကို သူအောင်မြင်ခဲ့ပြီဆိုတာ သိလိုက်ရ၏။ သူသည် ကစားသမားများ၏ စိတ်နှလုံးတွင် ၎င်း၏ ရပ်တည်ချက်ကို တစ်ဖန်ပြန်လည် ဆန်းသစ်စေခဲ့ပြီး ၎င်းတို့သည် သူ့ကို တစ်ဖန် ကိုးကွယ်ခဲ့ကြသည်။

ကစားသမားများသည် အမြင့်ဆုံးအဆင့်တွင်ရှိသော်လည်း အရည်အသွေး၊ ပင်ကိုယ်အရည်အချင်းများနှင့် ကျွမ်းကျင်မှုများတွင် အလွန်ချို့တဲ့နေသေးသည်။ ၎င်းတို့၏ ဇာတ်ကောင်များသည် ကစားသမားပုံစံများဖြင့် တည်ဆောက်ထားဆဲဖြစ်သည်။ ဟန်ရှောင်းသည် ယခု အဆင့် ၇၀ သို့ရောက်ရှိနေပြီဖြစ်ပြီး အတန်းအစား ပြောင်းလဲရန် လိုအပ်ချက်များကြောင့် အတန်းခွဲအသစ်ကို ရွေးချယ်နိုင်ခြင်း မရှိသေးပေ။ သို့သော် သူနဲ့ ကစားသမားတွေကြားက ကွာခြားချက်ကတော့ ဗားရှင်းတစ်ခုလုံး ကွာခြားချက်ပင်။ ထို့အပြင် ဟန်ရှောင်း၏ ဘော့စ်ပုံစံများ၊ သူ၏ မရေမတွက်နိုင်သော ပင်ကိုယ်စွမ်းရည်များ၊ စကေးများများ၊ စွမ်းအင်နှင့် လက်နက်များနှင့်အတူ၊ သူထုတ်လွှတ်နိုင်ခဲ့သည့် ထိခိုက်ပျက်စီးနိုင်စေမှုသည် ကစားသမားများအတွက် စိတ်ကူးပင် မယဉ်နိုင်ပေ။

အဆင့် ၆၀ ကစားသမားများတွင် သွေးအမှတ် ၃,၀၀၀ခန့်နှင့် အားနည်းသော ခုခံမှုအချို့သာရှိသည်။ သူတို့သည် သူ့ရှေ့တွင် အလွန်အားနည်းနေသေး၏။

ထို့အပြင်၊ သူ၏ အသံလှိုင်းစက်လုံး သည် ခရမ်းရောင်အဆင့်သို့ အဆင့်မြှင့်ထားပြီး ထိခိုက်ပျက်စီးစေမှု အလွန်မြင့်မားသည်။ အသံလှိုင်းစက်လုံး သည် ဗားရှင်း ၁.၀ တွင် အလွန်ထူးခြားသော လက်နက်အမျိုးအစားဖြစ်သည်။ ၎င်းတို့သည် လုံးဝခြားနားသော နည်းဗျူဟာများဖြင့် လုပ်ဆောင်နိုင်ပြီး အလွန်မြင့်မားသော ပျက်စီးဆုံးရှုံးမှုများဖြစ်စေကာ၊ အဆင့်မြင့်မားသော ထိန်းချုပ်နိုင်မှု လိုအပ်သည်။

ပရော်ဖက်ရှင်နယ် ကစားသမားများ၏ မျက်နှာပေါ်တွင် အမူအရာများအားလုံး အေးခဲသွားကြသည်။

လီကဲသည် အချိန်အကြာကြီး ယူရမည်ဟု စောစောက ပြောခဲ့သော်လည်း သူမည်မျှမှားသွားသည်ကို သိလိုက်ရသည်။ ပြောရလျှင် ဟန်ရှောင်းသည် ပြီးခဲ့သည့် စိန်ခေါ်သူအား တစ်ချက်တည်း ရှင်းပစ်ခဲ့ခြင်းဖြစ်သည်။

ပါဝင်သည့်ကစားသမားများ မည်သူမျှ သတိလက်လွတ်မနေဝံ့ကြဘဲ ရွေးချယ်ခံရသောအခါတွင် အားလုံး ဂရုတစိုက် နားထောင်ခဲ့ကြသည်။ လူတိုင်းသည် ဤကြီးမားလှသောရန်သူရှေ့တွင် ကြောက်ရွံ့စပြုလာ၏။

တိုက်ပွဲများ ဆက်ဖြစ်‌နေသည်။ ကျန်ရှိသည့် ကစားသမားများသည် ပို၍သတိထားလာကြပြီး ၎င်းတို့အားလုံး ဟန်ရှောင်း၏ပတ်လည်တွင် စွန်လွှတ်ခြင်းနည်းစနစ်ဖြင့် အချိန်ကြာကြာနေနိုင်‌ရန် အစွမ်းကုန်ကြိုးစားကြသည်။ ဘယ်သူမှ ထိပ်တိုက်ရင်မဆိုင်ရဲကြပေ။ ကစားသမားတစ်ဦးသည် ဟန်ရှောင်း၏ တိုက်ခိုက်မှုကို ခံရချိန်မှ ဆယ်စက္ကန့်အတွင်း ကျဆင်းသွားမည်ဖြစ်သည်။ လူတိုင်းသည် စက္ကန့်သုံးဆယ်ကြာ အသက်ရှင်ရန် တတ်နိုင်သမျှ ကြိုးစားနေကြသည်။

ပတ်ဝန်းကျင်ရှိ ပရိသတ်များ များပြားလာပြီး အချို့က ဖိုရမ်များပေါ်တွင် 'တိုက်ပွဲများ' ၏ ဗီဒီယိုများကို တင်ကြသည်။

ရုပ်သံမှတ်တမ်းကို ကြည့်ရှုသူတွေ အံ့ဩသွားကြသည်။ ဒီပရော်ဖက်ရှင်နယ် ကစားသမားများသည် ပြိုင်ပွဲတွင် သူတို့၏ စွမ်းရည်များကို ပြသခဲ့သည်မှာ ရက်ပိုင်းသာ ရှိသေး၏။ သို့သော်၊ ဤ NPC ထံတွင် ဝက်များကဲ့သို့ အသတ်ခံရခြင်းကိုကြည့်ပြီး သူတို့၏သိချင်စိတ်များ နိုးထလာသည်။

ပရော်ဖက်ရှင်နယ်ကစားသမားများ ဤကဲ့သို့ အနိုင်ကျင့်ခံရသည်ကို ကြည့်ရသည်မှာ သူတို့အတွက် နေ့စဉ်ဖြစ်ပျက်ကြုံတွေ့ရသည့်အရာ မဟုတ်ပေ။ ပရိုကစားသမားများ တစ်ယောက်ပြီး တစ်ယောက် အပိုင်းပိုင်း ပြတ်တောက်သွားသည်ကို ကြည့်ရှုရသောကြောင့် ဤပွဲကို လူများပို၍ စိတ်ဝင်စားလာကြသည်။

ဟန်ရှောင်း၏ ခွန်အားသည်လည်း ထပ်မံ အသိအမှတ်ပြုခံရသည်။ ပို့စ်များစွာသည် ဤအကြောင်းအရာကို ပြင်းပြင်းထန်ထန် ဆွေးနွေးနေကြသည်။ သေချာသည်က ပျော်စရာကောင်းသော အစုအဖွဲ့မှာ ယန္တရားပညာရှင်များပါ၀င်သည်။ ယန္တရားပညာရှင်များသည် ပျမ်းမျှအားဖြင့် ပြိုင်ပွဲများအတွင်း အဆိုးရွားဆုံးစွမ်းဆောင်ရည်ရှိခဲ့ပြီး အများစုမှာ လက်ရှိအနေအထားကို မကျေမနပ်ဖြစ်နေကြ၏။ ဟန်ရှောင်းထွက်ပေါ်လာသည်ကို ကြည့်ရသည်မှာ အသက်ရှုပေါက်ပွင့်သွားသလိုပင်။

ဒါဆို ငါတို့က သန်မာလာနိုင်တယ်။ ကျေးဇူးပြုပြီး ငါတို့ကို လမ်းပြပေးပါ။

ဟန်ရှောင်း၏ မစ်ရှင်သည် ကစားသမားအားလုံးကြားတွင် ပေါက်ကွဲသွားပြီး လူအများအပြားသည် အခြေအနေနှင့် ပတ်သက်၍ ဟာသများထုတ်ရန် ကြိုးစားခဲ့ကြသည်။ မူလက လေးနက်သောအကြောင်းအရာဖြစ်ခဲ့ရာ လျင်မြန်စွာ memes ဟာသများ အရင်းအမြစ်အဖြစ်သို့ ပြောင်းလဲသွား၏။ ဟန်ရှောင်းကဲ့သို့ နာမည်ကြီးသူသာလျှင် ဤကဲ့သို့သော ဂရုစိုက်မှုမျိုးကို ခံယူနိုင်သည်။

"Black Phantom - မင်းယောက်ျားဆိုရင် စက္ကန့်သုံးဆယ်လောက် ထိန်းထားပါ။"

“တုန်လှုပ်စရာပဲ! ပရော်ဖက်ရှင်နယ်ကစားသမားတွေက စက္ကန့်သုံးဆယ်တောင် မထိန်းထားနိုင်ဘူး။”

"ကျွမ်းကျင်သော ကစားသမားများ၏ လမ်းညွှန်ချက် - စက္ကန့်သုံးဆယ်ကြာအောင် ဘယ်လိုထိန်းရမလဲ။"

အရာရာတိုင်းကို ရယ်စရာ လုပ်နိုင်သည်က ဤကစားသမားများ အကျွမ်းကျင်ဆုံးပင်။

'စက္ကန့်သုံးဆယ်' သည် မကြာမီတွင် လူသိများသော ဝေါဟာရဖြစ်လာပြီး 'စက္ကန့်' သည် ပရော်ဖက်ရှင်နယ် ကစားသမားတစ်ဦး၏ ခွန်အားကို တွက်ချက်ရန် လူတို့အသုံးပြုသည့် အရာတစ်ခု ဖြစ်လာတော့သည်။ စက္ကန့်သုံးဆယ် စမ်းသပ်မှုအပြီးတွင် အောင်နိုင်ခဲ့သော ကစားသမားများ အားလုံးသည် ဒဏ္ဍာရီဆန်ဆန် 'Thirty Seconds Warriors' ‘စက္ကန့်သုံးဆယ် စစ်သည်များ’ ဖြစ်လာကြသည်။

…

ရွေးချယ်မှုက ညဘက်အထိ ဆက်သွား၏။ ဟန်ရှောင်းသည် အနားယူရန် သူ့အခန်းသို့ ပြန်သွားပြီးနောက် လူစုခွဲလိုက်တော့သည်။ မစ်ရှင်ကာလသည် ငါးရက်ဖြစ်ပြီး ကျန်သော ပရော်ဖက်ရှင်နယ် ကစားသမားများသည် နောက်နေ့အတွက် ဗျူဟာတစ်ခု ရရှိလာရန် စိတ်ဖိစီးနေကာ သူတို့၏ နှလုံးသားထဲတွင် လေးလံသော ခံစားချက်များဖြင့် ထွက်ခွာသွားကြသည်။

ဟန်ရှောင်းသည် သူ့အိမ်ထဲသို့ ဝင်တော့မည့်အချိန်တွင် တစ်စုံတစ်ခုကို တွေးတောနေရင်း ရုတ်တရက် ရပ်သွားသည်။ ထို့နောက် သူသည် ဓားရူးနှင့် အခြားလူများရှိရာ အခန်းဆီသို့ လျှောက်သွားသည်။

ဟန်ရှောင်းက အခန်းတံခါးကို တွန်းဖွင့်လိုက်တော့ လေးယောက်သား အခန်းထဲတွင် အနားယူနေကြသည်ကို တွေ့လိုက်ရ၏။ ဟန်ရှောင်းဝင်လာတာကို တွေ့လိုက်ရသည်နှင့် ချက်ချင်းထရပ်လိုက်ကြပြီး ဘာတွေဆက်ဖြစ်မလဲ သိချင်နေကြ၏။

Black Phantom သည် သာမန်အချိန်များတွင် သူတို့ကို ရှာမည်မဟုတ်ပေ။ မစ်ရှင်များ ဖြန့်ဝေရန် သို့မဟုတ် အကျိုးခံစားခွင့်များရှိမှသာ သူတို့ကို ရှာမည်ဖြစ်သည်။

လေးယောက်လုံး မနက်ပိုင်းက ရုန်းရင်းဆန်ခတ်အကြောင်းကို တွေးလိုက်မိသည့်အခါတွင် အနည်းငယ် မှန်းဆနိုင်သွားကြပြီး မျှော်လင့်ခြင်းတွေက မျက်နှာပေါ်မှာ ပေါ်လာပါတော့သည်။

Black Phantom ၏ နောက်လိုက်များအနေနှင့် သူတို့သည် အထူးဂရုစိုက်မှုကို အမြဲခံယူနေခဲ့သည်။ ဒါဆို ဒီတစ်ခါလည်း ဖြစ်နိုင်တယ်...

ဟန်ရှောင်းက ရယ်မောပြီး "မင်းတို့အားလုံးက ငါ့သူငယ်ချင်းတွေပဲ။ ငါ အပေါ်က အကန့်အသတ်မဲ့ကမ္ဘာအတွက် ဒီကမ္ဘာကြီးကို ထားခဲ့တော့မယ်။ မင်းတို့ ငါနဲ့လိုက်ဖို့ ဆန္ဒရှိလား"

ဒါကိုကြည့်စမ်း။

လူတိုင်းသည် စောစောက သူပေးခဲ့သော မစ်ရှင်မှတစ်ဆင့်သာ ဟန်ရှောင်း၏ အစီအမံများအကြောင်းကို သိရှိနိုင်ခဲ့ကြသည်။ သို့သော်လည်း သူက လူကိုယ်တိုင်လာရောက်၍ ဖိတ်ခေါ်နေသည်။ ၎င်းတို့သည် ရွေးချယ်မှုကိုပင် တိုက်ရိုက်ကျော်သွားနိုင်သည်။ ဘယ်လောက် ဂရုစိုက်တတ်တဲ့ သူဌေးလဲ!

"ဆန္ဒရှိပါတယ်!" ဓါးရူးသည် စိတ်လှုပ်ရှားမှုအပြည့်ဖြင့် တစ်စက္ကန့်မျှ မတုံ့ဆိုင်းဘဲ ပြန်ဖြေလိုက်သည်။

All Chapters