ပဋိပက္ခခေတ်၏ ကြိုတင်နိမိတ်
Vol. 21 Ch. 315
ဓါးရူးနှင့် ဟောက်ထျန်းနှစ်ဦးစလုံးသည် ရွေးချယ်ရေးမစ်ရှင်ကို လက်ခံခဲ့ကြသော်လည်း အောင်မြင်မည်ဟု ယုံကြည်မှုမရှိခဲ့ကြပေ။ ယခုဆိုလျှင် ဟန်ရှောင်း၏ တိုက်ရိုက်ကမ်းလှမ်းချက်ကြောင့် သူတို့နှစ်ဦးသည် နောက်ဆုံးတွင် အသက်ပြင်းပြင်း ရှူနိုင်သွားတော့သည် ။
ဒါက ရွှေအခွင့်အရေးတစ်ခုဖြစ်ပြီး သေချာသည်က ဒါကို ဘယ်သူကမှ ငြင်းပယ်ချင်မှာ မဟုတ်ပေ။ အထူးသဖြင့် Bun-hit-dog က အလွန်ပျော်ရွှင်နေသည်။ အာကာသသို့ခရီးထွက်မည့် ပထမဆုံး ကစားသမားအနည်းငယ်ထဲမှ တစ်ဦးဖြစ်ခြင်းကြောင့် သူ၏ဗီဒီယိုများတွင် အကျိုးသက်ရောက်မှုရှိနိုင်သည်ကို သူနားလည်ထားသည်။ ထို့အပြင် ဟန်ရှောင်းနောက်သို့ လိုက်လာမည့်သူ အများစုသည် ထူးခြားသော ပရော်ဖက်ရှင်နယ် ကစားသမားများဖြစ်သောကြောင့် သူ့ရှိုး၏ နာမည်ကျော်ကြားမှုကို မြှင့်တင်လိုသည့်အချိန်တိုင်းတွင် သူတို့အား အင်တာဗျူးခွင့်ရစေလိမ့်မည်။
ပထမတွင်တော့၊ ဟန်ရှောင်းရဲ့ခရီးတွင် ပါဝင်ဖို့အတွက် လိုအပ်ချက်များကို တွေ့လိုက်ရသောအခါ သူအသည်းကွဲသွား၏။ သူက အထူးကျွမ်းကျင်သည့် ကစားသမားမဟုတ်သလို ဟန်ရှောင်းနောက်ကို လိုက်ဖို့ အခွင့်အရေး မရှိဘူးလို့ သူထင်ခဲ့သည်။
ဤအခိုက်အတန့်တွင်၊ Bun-hit-dog သည် မျက်နှာကျက်မှ ခုန်ထွက်သွားမည့်အထိ စိတ်လှုပ်ရှားနေသော်လည်း သူလုပ်လျှင် ပေးဆောင်ရမည့် ဒဏ်ကြေးများအကြောင်း တွေးပြီးနောက် သူ့ကိုယ်သူ ရပ်တန့်လိုက်သည်။
ဟန်ရှောင်းအတွက် Bun-hit-dog သည် ပြီးပြည့်စုံသော သတင်းထောက်ဖြစ်သည်။ Bun-hit-dog သည် အမြောက်စာဖြစ်ရန်ပင် လုံလောက်သည်ဟုပင် မထင်ထားသော်လည်း အဖွဲ့တွင် သူ၏အခန်းကဏ္ဍမှာ အစားထိုး၍ မရနိုင်သေးပေ။
Bun-hit-dog ၏ ရှိုးများသည် ဟန်ရှောင်းနှင့် ကစားသမားများကြားတွင် ပေါင်းကူးအဖြစ် ဆောင်ရွက်ခဲ့ပြီး ၎င်းသည် သူ၏ကျော်ကြားမှုကို မြှင့်တင်ရန် ကူညီပေးခဲ့သည်။ အာကာသထဲတွင် စွန့်စားနိုင်သည့် ကစားသမား တစ်ဖွဲ့တည်းကို ဦးဆောင်နေသည့် ဟန်ရှောင်းသည် အာရုံစိုက်ခံမှု အမြောက်အများရရှိမှာ သေချာ၏။ ထို့ကြောင့်၊ သူသည် ရေပင်လယ်ဂြိုလ်မှ ထွက်ခွာသွားသော်လည်း ကစားသမားများအပေါ်တွင် လေးလေးနက်နက် အထင်ကြီးမှုကို ဆက်လက်ထားရှိနိုင်မည်ဖြစ်သည်။
Galaxy ရှိ အာကာသအတွက် ကစားသမား၏ စူးစမ်းလိုစိတ်အပြင်၊ ပရော်ဖက်ရှင်နယ် ကစားသမားများအပေါ် ရူးသွပ်ကြသည့် ဝါသနာရှင်များက Bun-hit-dog ၏ 'Exploration Diary' အတွက် ကြည့်ရှုမှုများကို သေချာစေမည်ဖြစ်သည်။
နောက်ဆုံးတွင်၊ ဤကဲ့သို့သောအရာများသည် ကစားသမားများအတွက် အလွန်ပျော်စရာကောင်းပြီး ဝယ်လိုအားများလာမည်ဖြစ်သည်။
"မင်းတကယ် အာကာသထဲ သွားတော့မှာလား။" Maple Moon က စူးစူးစမ်းစမ်း မေးသည်။ သူမသည် ဇာတ်ကွက်နှင့် ဒဏ္ဍာရီနှင့်ပတ်သက်သည့် မည်သည့်အရာကိုမဆို ဝါသနာပါသူဖြစ်သည်။
ဟန်ရှောင်း၏ မျက်လုံးများ တောက်ပလာသည်။ သူသည် Bun-hit-dog အား တစ်ချက်ကြည့်လိုက်ပြီး လျှို့ဝှက်သောလေသံဖြင့် “ဒီကမ္ဘာဂြိုဟ်မှာ မကြုံစဖူးသော ဘေးအန္တရာယ်ဆိုးကြီးတစ်ခုကို တွေ့ကြုံရတော့မယ်။ နဂါးငွေ့တန်း ကျော်လွန်ပြီး အဆုံးမရှိတဲ့ နေရာမှာသာ ကမ္ဘာဂြိုဟ်ကို ကယ်တင်နိုင်တဲ့သော့ ရှိနေတယ်။”
“ဘေးအန္တရာယ်” လေးယောက်လုံး တုန်လှုပ်သွားကြသည်။
Maple Moon က ထိုမေးခွန်းကို မေးသည့်အခိုက်တွင် Bun-hit-dog သည် သူတို့၏ စကားဝိုင်းကို စတင်ရိုက်ကူးလိုက်သည်။ ဟန်ရှောင်းပြောသည့် စကားအတိုင်းဆိုလျှင် သိပ်မကြာခင်မှာ ကြီးကျယ်သော အရာတစ်ခု ဖြစ်လာနိုင်သည့် ခံစားချက်ကို သူခံစားလိုက်ရ၏။
ရက်အနည်းငယ်ကြာပြီးနောက်…
ဘုန်း!
ပေါက်ကွဲသံများကြားမှ ဒုတိယမင်းသားလေးသည် သူ့တန်ဖိုးရှိသမျှကို တွယ်ကပ်နေဆဲဖြစ်သည်။
“ဆယ့်လေး၊ ဆယ့်သုံး…”
အနီးနားရှိ လူအုပ်ကြီးက စိတ်လှုပ်ရှားစွာ ရေတွက်နေကြသည်။
"လုပ်စမ်းပါ၊ မင်းလုပ်နိုင်ပါတယ်ကွ! မင်း စက္ကန့်သုံးဆယ်ကလပ်ထဲ ဝင်ရတော့မယ်။"
နေမင်းခရမ်းသီးသည် ဘေးမှ မီးရှို့နေ၏။ သူသည် စာမေးပွဲအားလုံး အောင်မြင်ပြီးသော လူတစ်စုနှင့် အတူ ရပ်နေသည်။ ဟန်ရှောင်းသည် အချို့သော ကစားသမားများအတွက် သူ၏ တိုက်ခိုက်မှုကို လျှို့ဝှက်စွာ အားနည်းစေခဲ့ပြီး၊ ထိုလူများသည် သူ၏အသင်းတွင် သူအလိုရှိသောသူဖြစ်သည်။ အများစုမှာ ပရိုအခင်းအကျင်းတွင် နာမည်ကြီးသူများနှင့် ပြိုင်ပွဲတွင် ကောင်းမွန်စွာ စွမ်းဆောင်နိုင်သူများ ဖြစ်ကြသည်။
ကြည့်ရှုနေသည့် ကစားသမားများသည် ယင်းကို မနာလိုရုံသာ တတ်နိုင်ကြပြီး အောင်မြင်သွားသူများအားလုံးမှာ နတ်ဘုရားအဆင့် ပရို ကစားသမားများဖြစ်ကြောင်း သူတို့ကိုယ်သူတို့ ပြောနေခြင်းဖြင့်သာ ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်နေကြသည်။ အောင်မြင်သွားသော လူအုပ်စုကို 'စက္ကန့်သုံးဆယ်ကလပ်' ဟု ခေါ်သည်။
"သေစမ်းကွာ၊ မင်း နောက်ထပ် တစ်စက္ကန့်ပဲ လိုတော့တယ်"
"ဘာလို့ ငါ အစောကြီး သေသေသွားနေတာလဲ"
ရွေးချယ်တဲ့ကာလအတွင်း ဟန်ရှောင်းသည် သူ့ရဲ့ တိုက်ခိုက်ရေးပုံစံကို ဘယ်တော့မှ မပြောင်းလဲခဲ့ပေ။ သူသည် ငြိမ်သက်စွာ ရပ်နေပြီး စိန်ခေါ်သူကို နှိမ်နှင်းရန် အသံလှိုင်းစက်လုံး နှင့် ခံတပ်များကို ထိန်းချုပ်ထားသည်။ ဒါက dungeon ကို ရှင်းလင်းနေရသလိုပဲလို့ သူတို့ကို ယုံကြည်စေသည့်အတွက် ကစားသမားများကို မျှော်လင့်ချက်ပေးနေ၏။ သူတို့သည် အခြားသူများ၏ ကြိုးစားမှုနှင့် ၎င်းတို့၏ ကျရှုံးမှုများမှ ဟန်ရှောင်း၏ လှုပ်ရှားမှုများကို အမြဲလေ့လာ ခွဲခြမ်းစိတ်ဖြာနိုင်ပြီး နောက်ပိုင်းတွင် သူတို့အတွက် အကျိုးကျေးဇူးများ ရရှိစေသည်။
သို့သော်၊ ကစားသမားများက မည်မျှပင် တိုက်ပွဲအကြောင်း သင်ယူပြီး အစွမ်းကုန် ကြိုးစားကြပါစေ၊ အများစုမှာ ဟန်ရှောင်း၏ လုံးလုံးလျားလျား ဖိနှိပ်မှုကို ခံခဲ့ရပြီး ဆယ်စက္ကန့်ပင် မထိန်းထားနိုင်ကြပေ။
ဒုတိယမင်းသား၊ အင်း... သူက မဆိုးဘူး၊ ဟန်ရှောင်းက တွေးလိုက်ပြီး သူ့တိုက်ခိုက်မှုများကို ဖြေးဖြေးချင်း လျှော့ပေးလိုက်သည်။
ဟာကွက်တစ်ခု။ ဒုတိယမင်းသား၏ မျက်လုံးများ လက်သွားပြီး မြေပြင်ပေါ်သို့ လှဲချကာ တိုက်ခိုက်မှုများ၏ အကွာအဝေးမှ လှိမ့်ထွက်သွားသည်။ ကျည်ဆန်မိုးများက သူ့ဆီသို့ တဖြည်းဖြည်း ထိုးကျလာပြီး မတ်တပ်ပြန်ရပ်ရန် အချိန်ပင် မရှိတော့ဘဲ မြေပြင်ပေါ်တွင် အသည်းအသန် လူးလှိမ့်ကာ အသက်ရှင်နေရန် ကြိုးစားတော့သည်။
"... နှစ်၊ တစ်ခု၊ သုည!"
"သူလုပ်နိုင်သွားပြီ!"
"သူရဲ့ ဝှက်ဖဲ - Repeated Barrel Rolls ‘စည်ပိုင်းလိုလူးလှိမ့်ခြင်း’ ကို သုံးခဲ့တာ ငါမယုံနိုင်ဘူး!"
လူအုပ်ကြီးက ပရော်ဖက်ရှင်နယ် ကစားသမား၏ ဆိုးဝါးလှသော အခြေအနေကို ရယ်မောနေကြသည်။
ဒုတိယမင်းသားသည် မီးခိုးငွေ့များနှင့် ဖုန်မှုန့်များ ဖုံးလွှမ်းနေသော မျက်နှာဖြင့် ပြန်ထလာပြီး၊ ဘေးတွင်ရပ်နေသော နေမင်းခရမ်းသီးသည် လက်မထောင်ပြပြီး ရယ်မောလိုက်သည်။ "ဒီနေ့ မင်းက ငါ့မျက်လုံးတွေကို တကယ်ပွင့်စေတာပဲ။ မင်းက မင်းရဲ့ကိုယ်ပိုင် တိုက်ခိုက်ရေးပုံစံကိုတောင် ဖော်ဆောင်နိုင်ခဲ့ပြီး ‘လူးလှိမ့်ခြင်း’ရဲ့ ဆရာကြီး ဖြစ်လာတယ်။ တကယ့်လူပဲ။”
ရေတပ်ဗိုလ်ချုပ်ကြီးသည် တစ်စုံတစ်ခုကို နားလည်ဟန်ဆောင်နေလေသည်။ “ဒါက တော်တော်အသုံးဝင်မယ်လို့ ထင်တယ်။လီကဲ၊ မင်းရော ဒါကိုလေ့လာမယ်ဆို ဘယ်လိုလဲ"
လီကဲက အမူအရာမပြောင်းသွားဘဲ "ရှက်ဖို့ကောင်းလိုက်တာ။"
“လစ်လိုက်တော့!” ဒုတိယမင်းသားလေး ဒေါသတကြီး ထွက်သွားတယ်။
ဤကြယ်ပွင့်ကစားသမားများသည် ပြိုင်ပွဲများတွင် ပြိုင်ဘက်များဖြစ်ကြသော်လည်း ၎င်းတို့သည် မိတ်ဟောင်းဆွေဟောင်းများဖြစ်ကြပြီး အပြင်မှာ တွေ့သည့်အချိန်တိုင်း အချင်းချင်း ရန်ဖြစ်လေ့ရှိကြသည်။
ဟန်ရှောင်းသည် အခြေခံအားဖြင့် သူလိုအပ်သော အဖွဲ့ဝင်အားလုံးကို ရရှိခဲ့သည်။ သူသည် အသင်းကြီးလေးခုနှင့် ထိပ်သီးရှစ်သင်းမှ ပရော်ဖက်ရှင်နယ်ကစားသမားများကို ခေါ်ယူထား၏။ တစ်ဦးချင်းပွဲများရှိ ထိပ်ဆုံးရှစ်ယောက်မှ အများစုသည်လည်း သူ့အသင်းနှင့် ချိတ်ဆက်ခဲ့ကြသည်။ လူတိုင်းကို ရေတွက်ပြီးနောက်တွင် လူငါးဆယ်ကျော်ခန့်ရှိသော်လည်း သူက လက်မှတ်အသစ်များကို ရိုးရိုးရှင်းရှင်း ဝယ်ယူနိုင်သောကြောင့် ၎င်းသည် ကြီးကြီးမားမားကိစ္စ မဟုတ်ပေ။
တရားဝင်ပြိုင်ပွဲကြောင့် ဟန်ရှောင်းသည် အရည်အချင်းရှိသူများကို ရှာဖွေရာတွင် လွယ်ကူခဲ့သည်။ သူသည် ရေပင်လယ်ဂြိုလ်တွင် ထိပ်တန်းအဆင့်ရှိသူ အများစုကို သူ၏အဖွဲ့ထဲသို့ တစ်ကြိမ်တည်းဖြင့် စုစည်းထားသည်။
သူ့အတွက်၊ ကစားသမားများသည် အကောင်းဆုံး အမြောက်များ ဖြစ်ရုံသာမက၊ ၎င်းတို့သည် ၎င်း၏ အဓိက သတင်းအချက်အလက် ချန်နယ်လည်း ဖြစ်သည်။ Galaxy သည် မရေမတွက်နိုင်သော ဇာတ်ကြောင်းများကို ပေးကမ်းထားပြီး၊ ဟန်ရှောင်းသည် ကမ္ဘာပေါ်တွင် သူလုပ်ခဲ့သည့်အတိုင်း ဤမစ်ရှင်အားလုံးကို ကစားသမားများအား ပေးအပ်မည့် ကြားခံလူ ဖြစ်လာနိုင်သည်။ ထိုနည်းအားဖြင့် ပရော်ဖက်ရှင်နယ် ကစားသမားများ၏ ဝင်ငွေအားလုံး၏ တစ်စိတ်တစ်ပိုင်းသည် သူ၏အိတ်ကပ်ထဲသို့ တိုက်ရိုက်ရောက်သွားမည်ဖြစ်သည်။ သူသည် အခြေခံအားဖြင့် သူ့အတွက် မမောမပန်း အလုပ်လုပ်မည့် ချိုမြိန်သော ပျားလေးများအုပ်စုကို ရယူခဲ့ပြီး သူ့အစား အခြား NPC များဆီသို့ သွားမည့် အရင်းအမြစ်များကို ရယူခဲ့သည်။
ဒါက ကစားသမားများ၏ အားသာချက်တွေကို အသုံးချဖို့ မှန်ကန်သည့် နည်းလမ်းပင်။
နောက်ဆုံးတွင်၊ Galaxy သည် အာရုံထွေပြားမှုများ ပြည့်နှက်နေသော ပန်းခြံတစ်ခုလိုပင်။ ဒီကစားသမားတွေ သူ့အနားမှာ ရှိနေကြောင်း သေချာစေချင်လျှင် သူသည် နည်းလမ်းအချို့ကို အသုံးပြုရမည် ဖြစ်၏။ ယခုအခါတွင်၊ 'သူတို့ထဲမှတစ်ဦး' အဖြစ် ကစားသမားများအကြားတွင် သူ၏နေရာကို တည်ထောင်ထားပြီး အဖွဲ့တစ်ခုတည်းအဖြစ် အတူတူ လှုပ်ရှား၍ အကျိုးကျေးဇူးများ ရယူကြမည်ဖြစ်ရာ ကာလတိုအတွင်း မည်သည့်ပြဿနာမျှ မဖြစ်နိုင်တော့ပေ။ ဟန်ရှောင်းသည် အာကာသအတွင်း ပရော်ဖက်ရှင်နယ် ကစားသမားများအား အခြားအရာတစ်ခုခုကြောင့် သွေးဆောင်ခံရမည်ကို စိုးရိမ်စရာမလိုတော့ပေ။
မည်သို့ပင်ဆိုစေကာမူ ဟန်ရှောင်းသည် မည်သည့်အရာအတွက်မဆို ပြင်ဆင်နေလေ့ရှိသည်မှာ အကျင့်ပါနေပြီဖြစ်သည်။ သူသည် ပြဿနာကို ကိုင်တွယ်ဖြေရှင်းရန် ပိုမိုတိကျသော အစီအမံတစ်ခုကို ချမှတ်ထားပြီးဖြစ်သည်။ သို့သော်လည်း သူ့အစီအစဉ်ကို အကောင်အထည်မဖော်မီ အာကာသထဲသို့ သူတို့ အမှန်တကယ် ဝင်ရောက်လာသည်အထိ စောင့်ရပေမည်။ ဤသည်မှာ ရုတ်တရတ် အလင်းပွင့်သွားပြီး ပေါ်ပေါက်လာသော အကြံအစည်မျိုး မဟုတ်ဘဲ၊ ကိစ္စကြီးတစ်ခုလုံးကို ခြုံငုံစဉ်းစားပြီးနောက် သူစဉ်းစားခဲ့သော အစီအစဥ်တစ်ခုဖြစ်သည်၊ ၎င်းသည် သူ၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးသော ခြေလှမ်းတစ်လှမ်းဖြစ်၏။
“သူတို့အားလုံးက ကြယ်ပွင့်ကစားသမားတွေပဲ။ ဒါက လူစာရင်းတစ်ခုအတွက် အရမ်းကြီးကျယ်တာမဟုတ်ဘူးလား။”
"ငါတို့ လူတစ်ချို့ လိုနေသလို မခံစားရဘူးလား?"
ဟောက်ထျန်းနှင့် ဓါးရူးသည် မစ်ရှင်အတွက် မရောက်သေးသည်ကို စေ့စပ်သော ပရိသတ်များက သတိပြုမိကြ၏။
“တခြား ပရော်ဖက်ရှင်နယ် ကစားသမားတွေ အားလုံး ရောက်လာတယ်။ သူတို့က ဒီလိုအခွင့်အရေးမျိုးကို ဘယ်လို စွန့်လွှတ်နိုင်မှာလဲ။ တခြား ‘ရှည်လျားကောင်းကင်ကလပ်’အဖွဲ့ဝင်တွေတောင် ရွေးချယ်မှုမှာ ပါဝင်ခဲ့သေးတယ်။”
ကြယ်ပွင့်ကစားသမားတွေကလည်း ဒါကို သတိပြုမိပြီးလီကဲက မျက်မှောင်ကြုတ်လိုက်တယ်။ "အဲ့နှစ်ယောက်က ဘယ်မှာလဲ၊ ဟောက်ထျန်းဘယ်မှာလဲ"
Sleepy Winter သည် အားကိုးရာမဲ့သလို ခံစားခဲ့ရသည်။ “ကျွန်တော် မေးပြီးပြီ။ ဟောက်ထျန်းနဲ့ ဓါးရူးတို့က အစောကတည်းက အရည်အချင်းပြည့်မီပြီးနေပြီ။”
လူအုပ်ကြီးက Sleepy Winter ပြောလိုက်သည့်စကားကို နားလည်ရန် တစ်စက္ကန့်မျှ အချိန်ယူလိုက်ရသည်။
ဟောက်ထျန်းနှင့် ဓါးရူးတို့က Black Phantom ရဲ့ လျှို့ဝှက်ဇာတ်ကြောင်းကို အစပျိုးခဲ့တယ်။ အဲ့ဒါကြောင့်မို့လို့ ဒီလို အထူးဂရုစိုက်မှုကို ရခဲ့တာလား။
ပရော်ဖက်ရှင်နယ် ကစားသမားများသည် သူတို့၏ နှလုံးသားထဲတွင် မမျှတသော ခံစားချက်ကို ရုတ်တရက် ခံစားလိုက်ရသည်။ အထပ်ထပ် နှိပ်စက်ခံရဖို့ ဒီကိုလာရတယ်ဆိုတာ မယုံနိုင်စရာဘဲ။ အဲ့နှစ်ကောင်က အနောက်တံခါးက ဝင်ခွင့်ရသွားတယ်။
တရားမျှတမှုက ဘယ်မှာလဲ။
ပရော်ဖက်ရှင်နယ်ကစားသမားများသည် အဆုံးမရှိ မနာလိုဖြစ်ခဲ့ကြသည်။ သူတို့သည်လည်း ထိုကဲ့သို့သော အကျိုးကျေးဇူးများကို ရရှိလိုကြသည်။
စမ်းသပ်မှုပြီးသွားသည်နှင့် တပြိုင်နက် လူအုပ်ကြီးသည် မကျေမနပ်ဖြစ်နေသော်လည်း စတင်၍ ထွက်ခွါသွားကြသည်။ သို့သော်လည်း ထိုအချိန်တွင်၊ ဟန်ရှောင်းသည် အနီးနားရှိ ကစားသမားများထံသို့ နောက်ထပ် ကြိုတင်ရေးသားထားသော မစ်ရှင်တစ်ခုကို တိတ်တဆိတ် ပေးပို့လိုက်သည်။
_________________________________
နောက်ဆုံးခံတပ်
မစ်ရှင်အမျိုးအစား - ဆုပေးပွဲမစ်ရှင်
_________________________________
ကစားသမားများသည် သူတို့၏ ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး အချက်အလက်အသစ်များကို အာရုံစိုက်လိုက်ကြသည်။
“ရုတ်တရက် ပေါ်လာတဲ့ မစ်ရှင်တစ်ခုပဲ။ ဘယ်ကလာတာလဲ"
"Black Phantom က ဘာမှ မပြောဘူး ဟုတ်တယ်မလား? သူပဲ ပို့တဲ့သူဖြစ်နိုင်မလား"
“ဆုပေးပွဲမစ်ရှင်… ဒါက ဘာလဲ”
“ဒီမစ်ရှင်ကို လက်ခံဖို့ အတွေ့အကြုံအမှတ် ၁,၀၀၀ လိုအပ်တယ်။ စမ်းကြည့်ရအောင်။"
အတော်များများက သူတို့ရဲ့ စူးစမ်းချင်စိတ်ကို ထိန်းမထားနိုင်ဘဲ မစ်ရှင်ကို ချက်ချင်း လက်ခံလိုက်ကြတယ်။ သို့သော် ဤမစ်ရှင်သည် မီးခိုးရောင်ဖြစ်နေကြောင်း အားလုံးသိလိုက်သောအခါ သူတို့အားလုံး အံ့သြသွားကြသည်။
_________________________________
မစ်ရှင်နိဒါန်း - နောင်တစ်ချိန်တွင် ဘေးဆိုးကြီးတစ်ခုက ဤကမ္ဘာကို ရိုက်ခတ်လာမည်ဖြစ်ပြီး ခိုလှုံရေးစခန်း ၃သည် လူသားမျိုးနွယ်အတွက် နောက်ဆုံးကျန်ရှိသော ခံတပ်ဖြစ်လာမည်ဖြစ်သည်။ လျော့ပါးဆုတ်ယုတ်နေသော ဤမီးလျှံကို အမှောင်ထုရဲ့ ကျူးကျော်ခြင်းမှ ကာကွယ်ပါ။ သို့မှသာ ဤဘေးဆိုးကြီးကို ကျော်လွှားနိုင်ဖို့ မျှော်လင့်ချက်ရှိလိမ့်မည်။
လိုအပ်ချက် - ခိုလှုံရေးစခန်း ၃ကို ကာကွယ်ပါ။ ပျက်စီးနှုန်း ၅၀% ထက်မပိုစေရ။
မစ်ရှင်အခြေအနေ - မစတင်သေး။
စတင်ရက်စွဲ - မသိ။
_________________________________
‘မီးခိုးရောင်’ ဆိုသည်မှာ ဤမစ်ရှင် မစတင်သေးကြောင်း အဓိပ္ပာယ်သက်ရောက်သည်။ ဤသည်မှာ 'မစတင်သေး' အနေအထားဖြင့် မစ်ရှင်တစ်ခုကို ကစားသမားများ ပထမဆုံးအကြိမ် မြင်တွေ့ခဲ့ရပြီး လူများစွာမှာ ပဟေဠိဖြစ်နေကြသည်။ မကြာခင်မှာပဲ စကားများက ပြန်နှံ့လာပြီး ဤသတင်းကို လူတွေ ပိုပိုပြီး သိလာကြတော့သည်။