ဓားနတ်ဘုရား ၊ ဓားနတ်ဆိုး
Vol. 77 Ch. 1085
အခန်း (၁၀၈၅) ဓားနတ်ဘုရား ၊ ဓားနတ်ဆိုး
ထိုအရာက အမှန်တကယ်ပင် ဓားဝိညာဉ်တစ်ခု ဖြစ်သည်။
ပိုပြီးအာရုံစိုက်စရာကောင်းသည်မှာ ဓားဝိညာဉ်က ရင်းမြစ်တစ်ခုတည်းမှ ထွက်ပေါ်လာသည့် ဓားဝိညာဉ်တစ်ခုတည်း မဟုတ်ခဲ့ပေ။
ထိုအစား လေထုထဲတွင် ဓားသွားနှစ်ခု ရိုက်ခတ်မိသည့် သတ္တုသံများနှင့် တိုက်ပွဲတစ်ခု၏ ပေါက်ကွဲထွက်သံများ ထွက်ပေါ်နေသည်။
ဓားသွားမြည်ဟည်းသံများက ဝေးကွာသောအချိန်ကာလကို ဖြတ်ကျော်ကာ အတိတ်ကာလမှ လက်ရှိကာလသို့ ရောက်ရှိလာဟန် တူသည်။
စူးရှသည့် ဓားဝိညာဉ်အော်မြည်သံက အဝေးမှကြားရသည့်တိုင် လူတစ်ယောက်၏ ခန္ဓာကိုယ်တစ်ခုလုံးအား တောင့်တင်းသွားစေသည်။
အနားကပ်လာသော ရန်ကျောက်ကဲတို့အုပ်စုမှာလည်း ထိုဓားဝိညာဉ်ကို အာရုံခံမိသည်နှင့် စိတ်အစဉ် တုန်လှုပ်သွားသည့်ပမာ တညီတညွတ်တည်း ခံစားလိုက်ကြရ၏။
ပိုးသားဧကရာဇ်နှင့် လွှမ်းခြုံဧကရာဇ်က ရန်ကျောက်ကဲကို လှမ်းကြည့်လိုက်ကြသည်။
ရန်ကျောက်ကဲ ရေရွတ်လိုက်သည်။
“ပုံရိပ်ယောင်ကျောက်စိမ်းကောင်းကင်ဓားသိုင်း...”
ခွန်လွန်တောင်တွင်နေထိုင်ခဲ့သော နေ့ရက်များအတွင်း သူက ဝမ်ဖူ ၊ အခြားသူများနှင့်အတူ တာအိုအကြောင်းဆွေးနွေးခဲ့သည်ဖြစ်ရာ ‘ပုံရိပ်ယောင်ကျောက်စိမ်းကောင်းကင်ဓားသိုင်း’ နှင့် စိမ်းသက်ခြင်း မရှိခဲ့ပေ။
ထို့ပြင် ဝါဒတောင်ဖွင့်ပွဲအခမ်းအနားတွင် မိုးမြေတစ်ခွင်ကို ဖွင့်လှစ်နိုင်စွမ်းရှိသည့် ကျန့်ဟွမ်ဓားဧကရာဇ် ‘ယွဲ့ကျန့်ပေ’ ၏ ထိတ်လန့်ဖွယ်ရာဓားသိုင်းစွမ်းအားကိုလည်း ကိုယ်တိုင်တွေ့မြင်ခဲ့ရဖူးသည်။
သို့ဖြစ်ရာ ယခုကြုံတွေ့ရသည့် ဓားဝိညာဉ် (၂)ခုအနက် တစ်ခုမှာ သူ့အဘိုး ‘ရန်ရှင်းထန်’ တီထွင်ခဲ့သော ‘ပုံရိပ်ယောင်ကျောက်စိမ်းကောင်းကင်ဓားသိုင်း’၏ ဓားဝိညာဉ်ဖြစ်ကြောင်း အတိအကျ သိရှိလိုက်သည်။
‘ရန်ရှင်းထန်’ ထံမှ အမွေဆက်ခံခဲ့သော ယွဲ့ကျန့်ပေ၏ဓားဝိညာဉ်က သန့်စင်မြင့်မြတ်လွန်းသည်။
ပိုးသားဧကရာဇ်နှင့် လွှမ်းခြုံဧကရာဇ်တိုသည်လည်း ထိုဓားဝိညာဉ်ကို မှတ်မိသိရှိကြသည်ပင်။
“ဒါက ကျန့်ဟွမ်ဓားဧကရာဇ်ချန်ထားခဲ့တဲ့ ဓားဝိညာဉ်လား ၊ ဒါမှမဟုတ် ရွှေစင်ထက်ယံအရှင်သခင် ချန်ထားခဲ့တာလား”
“တခြားဓားဝိညာဉ်တစ်ခုကလည်း စန့်ချင်အအဆက်အနွယ် ဓားဝိညာဉ်တော့ မဟုတ်ဘူး”
ဓားသိုင်းလမ်းစဉ် ကျင့်ကြံသူနှစ်ယောက်၏ မြင့်မားသော တန်ခိုးစွမ်းအားကြောင့် ထင်ကျန်ရစ်ခဲ့သော ဓားဝိညာဉ်များမှာ ငရဲကိုးထပ်တိုက်စားခြင်းအား တားဆီးထားခဲ့သည်။
ဤနေရာကို ပကတိအတိုင်းထိန်းသိမ်းထားနိုင်ခြင်း သော့ချက်တစ်စိတ်တစ်ပိုင်းမျာ ဓားနှစ်လက်က အပြန်အလှန်ရောထွေးနေသဖြင့် အံ့သြဖွယရာ အချိန်ကာလ ဖြတ်သန်းစီးဆင်းမှု ချိန်ခွင်လျှာကို ခံနိုင်ရည် ရှိနေခြင်းပင်။
အခြားသောဓားဝိညာဉ် တစ်ခုကို ပုံရိပ်ယောင်ကျောက်စိမ်းကောင်းကင်ဓားဝိညာဉ်က ရှင်းလင်းစွာ နိုင်နင်းခဲ့သည်။
သို့သော်လည်း ကျန်ရှိသောဓားဝိညာဉ်မှာ မိုးအောက်မြေပြင်တွင် ရှားပါးသောဓားသိုင်းစွမ်းအားတစ်ခုဖြစ်ပြီး မှတ်သားဖွယ်ရာ ကောင်းလွန်းလှသည်။
ရန်ကျောက်ကဲနှင့် ဧကရာဇ် (၂)ပါးလုံးက ထိုဓားဝိညာဉ်မှာ စန့်ချင်အဆက်အနွယ် ၊ လင်ပေါင်ဓားသိုင်း (၄)မျိုးထဲမှ တစ်မျိုးမဟုတ်ကြောင်း ပြောနိုင်ကြသည်။
စန့်ချင်အဆက်အနွယ် ၊ လင်ပေါင်ဓားသိုင်း (၄)မျိုးလုံးက ဓားသိုင်းတစ်ခုစီတွင် အမြင့်ဆုံးအောင်မြင်မှုရှိသော ဓားတာအိုအယူအဆ တစ်ခုစီပါဝင်သည်။
တာအိုကျင့်ကြံသူများအမြင်တွင် ၊ အထူးသဖြင့် စန့်ချင်အဆက်အနွယ်များ၏အမြင်တွင် လင်ပေါင်ဓားသိုင်း (၄)မျိုးက ဤလောကတွင် အကြီးကျယ်ဆုံး ဓားသိုင်းဖြစ်သည်ဟု ခံယူသည်။
နှစ်များတစ်လျှောက် စန့်ချင်အဆက်အနွယ် ဓားသိုင်းပညာကိုစိန်ခေါ်ရန် အရည်အချင်းပြည့်မီသူများ ရံဖန်ရံခါ ထွက်ပေါ်လာတတ်သည်။
သို့သော် အမှန်တကယ် အရည်အချင်းရှိမှသာ ရပေလိမ့်မည်။
ဥပမာဆိုရသော် -
ယွမ်စီထျန်းကျွင်း၏တပည့်ရင်း ၊ ယွိချင်အဆက်အနွယ်များ၏ဘိုးဘေး__ တာအိုဆရာ’ယွိတင်’။
ထိုက်ချင်အဆက်အနွယ် ၊ နှောင်းပိုင်းကောင်းကင် ‘ရှန်းထျန်းဝူထိုက်’ သိုင်းပညာမှ ကိုယ်ပိုင်ဓားတာအိုကို ဖန်တီးနိုင်ခဲ့သော နှောင်းပိုင်းတာအိုဝါဒ ဧကရာဇ် (၄)ပါးတွင် တစ်ပါးအပါအဝင်ဖြစ်သည့် ကျီဝေးဧကရာဇ်။
သူတို့နှစ်ယောက်က လင်ပေါင်ထျန်းကျွင်း၏တပည့် ၊ စန့်ချင်အဆက်အနွယ်များ၏ဘိုးဘေး__ တာအိုဆရာ’သောပေါင်’ ဟုလူသိများသည့် သောပေါင်ထျန်းကျွင်းနှင့်အတူ တာအိုဝါဒ ၊ ဓားသိုင်းလမ်းစဉ်ကို အမြင့်မားဆုံး ကျင့်ကြံခဲ့ကြသူ (၃)ဦး ဖြစ်သည်။
သို့သော် သူတို့အားလုံးထဲတွင် ‘သောပေါင်ထျန်းကျွင်း’ က အတော်ဆုံးဖြစ်သဖြင့် စန့်ချင်အဆက်အနွယ် ဓားသိုင်းက ပိုမိုအားကောင်းသည်ဟုသာ အများက ယုံကြည်လက်ခံကြသည်။
တာအိုဝါဒအပြင်ဘက်တွင်လည်း လင်စန်းတောင်မှ စကြာမုနိဗုဒ္ဓ လောကကိုကျော်လွန်ပြီးနောက်ပိုင်း ဓားသမားတစ်ယောက် ထွက်ပေါ်လာခဲ့ဖူးသည်။
ထိုဓားသမားက စန့်ချင်အဆက်အနွယ် ကျင့်ကြံသူများနှင့် ဓားသိုင်းလမ်းစဉ် ယှဉ်ပြိုင်ခဲ့ပြီး သမိုင်းတွင်သည့် ဇာတ်လမ်းကောင်းတစ်ပုဒ် ဖြစ်လာခဲ့ဖူးသည်။
သို့သော် ထိုဓားသမားကွယ်လွန်သွားပြီးနောက်ပိုင်း ဗုဒ္ဓဘာသာဓားသိုင်းလမ်းစဉ်သည်လည်း တစ်ဖန်ပြန်လည် ငြိမ်သက်သွားခဲ့သည်။
မည်သို့ပင်ဖြစ်စေ ထို ဗုဒ္ဓဘာသာ ဓားသိုင်းကျင့်ကြံသူက စန့်ချင်အဆက်အနွယ်များနှင့် အံတုဖက်ပြိုင်နိုင်လောက်အောင် ထူးချွန်သည့်တိုင် အဆုံးသတ်မှာတော့ လင်ပေါင်ဓာသိုင်း (၄)မျိုးလောက် ကျော်ကြားခြင်း မရှိခဲ့ပေ။
နောက်ပိုင်းတွင် စန့်ချင်အဆက်အနွယ်များက စန့်ချင်ဓားတာအိုကို စိန်ခေါ်ပြီး ဓားသိုင်းအသစ် တီထွင်ခြင်းမရှိကြဘဲ အစဉ်အဆက်ဓားသိုင်းကိုသာကျင့်ကြံခဲ့ကြသည်။
မဟာကပ်ဘေးကြီးပြီးဆုံးသည့်နောက် စန့်ချင်အဆက်အနွယ် ဓားတာအိုကို ပထမဆုံးစိန်ခေါ်သူတစ်ယောက် ထွက်ပေါ်လာခဲ့သည်။
ထိုသူမှာ ရန်ကျောက်ကဲ၏ အဘိုး ၊ ရွှေစင်ထက်ယံအရှင်သခင် ‘ရန်ရှင်းထန်’ ဖြစ်ပြီး ‘ပုံရိပ်ယောင်ကျောက်စိမ်းကောင်းကင်ဓားသိုင်း’ ကို တီထွင်ပြီး တာအိုဆရာယွိတင်ကဲ့သို့ စန့်ချင်အဆက်အနွယ်၏ အဓိကပြိုင်ဘက် ဖြစ်လာခဲ့သည်။
ဟုတ်ပေ၏။
‘ပုံရိပ်ယောင်ကျောက်စိမ်းကောင်းကင်ဓားသိုင်း’ က လင်ပေါင်ဓားသိုင်း (၄)မျိုးနှင့်တော့ ဖက်ပြိုင်ယှဉ်တုမရနိုင်ပေ။
သို့သော် အတွေးအခေါ်ရှိသူတိုင်းက ထိုဓားသိုင်း၏ အလားအလာကို သိမြင်နိုင်ကြသည်။
‘ပုံရိပ်ယောင်ကျောက်စိမ်းကောင်းကင်ဓားသိုင်း’ ၏ အောင်မြင်မှုအား ကန့်သတ်ထားသည့်အချက်မှ ‘ရန်ရှင်းထန်’ ကိုယ်တိုင်က ထိုဓားသိုင်းကို အထွတ်ထိပ်အဆင့်ရောက်အောင် မတီထွင်ရသေးခြင်း ဖြစ်၏။
သူသာ အသက်ငယ်ငယ်ဖြင့် မဆုံးပါးခဲ့လျှင် သူ၏ ပင်ကိုယ်စွမ်းရည်နှင့် ဓားသိုင်းပညာက မရပ်မနားတိုးလက်လာမည် အမှန်ပင်။
အဆုံးသတ်တွင် လင်ပေါင်ဓားသိုင်း (၄)မျိုးနှင့် ရင်ပေါင်တန်းနိုင်သည့် အဆုံးစွန်သော ဓားသိုင်းပညာတစ်ခု ဖန်တီးနိုင်ပေလိမ့်မည်။
ယင်းမတိုင်မီက ထိုသို့လုပ်ဆောင်ရန် အကြီးမားဆုံးအခွင့်အရေးရရှိခဲ့သူမှာ ‘ကျီဝေးဧကရာဇ်’ ဖြစ်သည်။ သို့သော် သူ၏အားထုတ်မှုများသည်လည်း မဟာကပ်ဘေးကြီးကြောင့် ရပ်တန့်သွားခဲ့ရသည်။
‘ရန်ရှင်းထန်’ သည်လည်း ကျီဝေးဧကရာဇ်ကဲ့သို့ တူညီသည့်ကံကြမ္မာကျရောက်ခဲ့သဖြင့် မရေမတွက်နိုင်သော ကျင့်ကြံသူများအနေဖြင့် သက်ပြင်းချရုံသာ တတ်နိုင်ခဲ့ကြသည်။
သို့သော် ငရဲကိုးထပ်တွင် ‘ပုံရိပ်ယောင်ကျောက်စိမ်းကောင်းကင်ဓားသိုင်း’ နှင့် ယှဉ်ပြိုင်အံတုနိုင်သော ဓားသိုင်းတစ်ခု ရှိနေခဲ့သည်။
ထိုဓားသိုင်းမှာ ဗုဒ္ဓဘာသာဓားသိုင်းလမ်းစဉ်မဟုတ်သလို ဧကရာဇ်ကျီဝေး၏ ဓားသိုင်းပညာလည်း မဟုတ်ပေ။
ထိုအရာက...
“မိစ္ဆာဓားသိုင်း” တစ်ခု ဖြစ်၏။
“မဟာကပ်ဘေးကြီးမတိုင်ခင်က ဒီလိုမျိုး မိစ္ဆာဓားသိုင်းအကြောင်း မကြားဖူးပါဘူး”
ရန်ကျောက်ကဲက ပိုးသားဧကရာဇ်နှင့် လွှမ်းခြုံဧကရာဇ်ကို ကြည့်ရင်း တွေးတောလိုက်သည်။
ထိုစဉ် လွှမ်းခြုံဧကရာဇ်က...
“ကြည့်ရတာ ဒီ ‘ပုံရိပ်ယောင်ကျောက်စိမ်းကောင်းကင်ဓားဝိညာဉ်’ က ရွှေစင်ထက်ယံအရှင်သခင် ချန်ထားခဲ့တဲ့ ဓားဝိညာဉ် ဖြစ်နိုင်တယ်”
သူက ဆက်ပြောသည်။
“ငရဲကိုးထပ်မှာ ‘ပုံရိပ်ယောင်ကျောက်စိမ်းကောင်းကင်ဓားဝိညာဉ်’ ကို တွေ့မြင်ရတာက ဒဏ္ဍာရီထဲက တိုက်ပွဲတစ်ခုကို သွားပြီးသတိရစေတယ်”
ပိုးသားဧကရာဇ်က ခေါင်းညိတ်ရင်း...
“ဓားနတ်ဆိုး ယင်းရှီယန်...”
ရန်ကျောက်ကဲ မျက်ဝန်းများ တောက်ပသွားပြီး...
“ဓား... နတ်ဆိုး ... ဟုတ်လား”
ပိုးသားဧကရာဇ်က...
“လျှောက်ပြီးခန့်မှန်းနေမယ့်အစား ငါတို့တွေ အတူတူ သွားကြည့်ရအောင်”
ရန်ကျောက်ကဲ ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီ...”
ထို့နောက် သူတို့အုပ်စု အတူတူ ရှေ့ဆက်ခဲ့ကြသည်။
အနက်ရောင် မြူခိုးများက သူတို့မျက်လုံးရှေ့တွင် တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး နောက်ဆုံး ငရဲကိုးထပ်အငွေ့အသက်များ ကင်းစင်သွားသည်။
ထိုအစား နတ်ဆိုးကမ္ဘာတွင် တောက်ပသောအဖြူရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။
မိုးခြိမ်းသံများ မြည်ဟည်းနေပြီး အဖြူရောင်အလင်းတန်း မျက်နှာပြင်ထက်တွင် သတ္တုရောင်တစ်ချက်တောက်ပနေသည်။
ရန်ကျောက်ကဲတို့အုပ်စု သဘောပေါက်သွားသည်မှာ...
“ဟုတ်တယ်... ပုံရိပ်ယောင်ဗလာနယ်မိုးကြိုးရဲံနောက်ကွယ်မှာ သဲလွန်စတစ်ခု ချန်ထားခဲ့တယ် ၊ ဒါကြောင့် တိုက်ခိုက်နေတဲ့ ဓားဝိညာဉ်နှစ်ခု အချိန်အတော်ကြာအောင် ဒီအတိုင်းဆက်ရှိနေခဲ့တာပဲ”
ပုံရိပ်ယောင်ဗလာနယ်မိုးကြိုးက ပုံပျက်သွားပြီဖြစ်သော်လည်း ဓားဝိညာဉ်နှစ်ခုကတော့ ငရဲကိုးထပ်၏ထောင့်တစ်နေရာတွင် သေးငယ်လွတ်လပ်သော သီးခြားနယ်မြေတစ်ခု ဖန်တီးခဲ့သည်။
ဓားနှစ်လက်မှ စူးရှအေးစိမ့်မှုကို လူတိုင်းခံစားခဲ့ကြသော်လည်း ဤနယ်မြေအတွင်းဝင်ရောက်လာသူများကို ဓားဝိညာဉ်များက အန္တရယ်ပြုကြခြင်း မရှိပေ။
သီးခြားနယ်မြေနှင့်အတူ ရောယှက်နေသ့် ဓားဝိညာဉ်နှစ်ခုနှင့် ထိတွေ့လိုက်ရသည်နှင့် မြင်ကွင်းတစ်ခု သူတို့မျက်လုံးရှေ့တွင် ချက်ချင်းပေါ်လာသည်။
ထိတ်လန့်ဖွယ်ရာကောင်းသော ဓားဝိညာဉ် (၂)ခုမှာ အနက်ရောင်တစ်ခု အဖြူရောင်တစ်ခုဖြစ်ပြီး အဝေးကောင်းကင်မှပျံသန်းကာ ငရဲကိုးထပ်မိစ္ဆာချီများနှင့် အနက်ရောင်မြေလွှာကိုခုတ်ပိုင်းပြီး နတ်ဆိုးကမ္ဘာတွင် အက်ကွဲကြောင်းများ ထင်ကျန်စေခဲ့သည်။
ဓားအလင်းတန်းနှစ်ခု အတူတကွ ဆင်းသက်လာပြီး ပုံရိပ်ယောင်ဗလာနယ်မိုးကြိုးကို ချိုးဖျက်ကာ အသစ်သော သီးခြားနယ်မြေတစ်ခု ဖြစ်တည်လာစေသည်။
ရန်ကျောက်ကဲက ဤနေရာမည်သို့ဖြစ်တည်လာကြောင်း သိရှိသွားသည်နှင့် ဓားဝိညာဉ်ရင်းမြစ်ထွက်ပေါ်လာရာသို့ စူးစိုက်ကြည့်လိုက်၏။
ထိုနေရာတွင် ပုံရိပ်နှစ်ခုရှိနေပြီး တစ်ယောက်ကခရမ်းရောင် ၊ တစ်ယောက်က အနက်ရောင် ဖြစ်သည်။
ရုတ်တရက် အချိန်ကာလ ရပ်တန့်သွားသည့်ပမာ ခံစားရပြီး မြင်ကွင်းထဲသို့ လူနှစ်ယောက်ပုံရိပ် ထင်ရှားစွာ ဝင်ရောက်လာသည်။
အနက်ရောင်ဝတ်လူက ကောင်းကင်ထက်သို့မော့ကြည့်လျှက် ကြုံးဝါးသံပြုလိုက်ရင်း....
“အား... ငါ မင်းကို အနိုင်မယူနိုင်သေးဘူး...”
အဆုံးမရှိသော မုန်းတီးမှု၊ စွဲလမ်းမှု၊ နာကြည်းမှုနှင့် မလိုလားမှုတို့သည် သီးခြားနယ်မြေအတွင်း ပေါင်းစပ်သွားဟန်ရှိပြီး အချိန်နှင့် အာကာသ၏ နယ်နိမိတ်များကို ကျော်လွန်ကာ နေရာတစ်ခုလုံးသို့ ပြည့်နက်သွားစေသည်။
သူ၏ဘေးတစ်ဖက်တွင်တော့ ခရမ်းရောင်ဝတ်လူငယ်တစ်ယောက် ဓားရှည်တစ်လက်ကိုင်ဆာင်ကာ ထီးတည်းမတ်တတ်ရပ်လျှက် ရှိ၏။
ထိုအချိန်မှာပင် မြင်ကွင်းများက ပြီးဆုံးသွားသည်။
မြင်ကွင်းများမပျောက်ကွယ်ခင် ရန်ကျောက်ကဲက ခရမ်းရောင်ဝတ်လူငယ်၏ ရုပ်သွင်ကို တစ်ချက်ကြည့်လိုက်သည်။
ထိုသူမှာ သူ၏အဘိုး ၊ ရွှေးစင်ထက်ယံအရှင်သခင် ၊ နတ်ဓားရှင် ၊ ဓားနတ်ဘုရား ‘ရန်ရှင်းထန်’ မှလွဲပြီး အခြားသူ မဟုတ်ပေ။
အုံ့ဆိုင်းလွှမ်းခြုံဧကရာဇ်က ဖြည်းညင်းသည့်လေသံဖြင့်...
“မင်းရဲ့အဘိုး ရွှေစင်ထက်ယံအရှင်သခင်က အတိတ်တစ်ချိန်တုန်းက မရေမတွက်နိုင်တဲ့တိုက်ပွဲတွေ ဆင်နွှဲခဲ့ဖူးတယ် ၊ သူက အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကို လွှမ်းမိုးနိုင်ခဲ့သလို ဓားနတ်ဘုရားဆိုတဲ့နာမည်ကို ရရှိခဲ့ပြီး တခြားဒဏ္ဍာရီများစွာလည်း ရေးထိုးခဲ့တယ်”
သူက ဆက်ပြောသည်။
“သူ ရင်ဆိုင်ခဲ့ရတဲ့ တိုက်ပွဲတွေထဲက တစ်ခုကတော့ ဓားနတ်ဆိုး ‘ယင်းရှီယန်’ နဲ့တိုက်ပွဲပဲ”
“တိုက်ပွဲအသေးစိတ်ကို ဘယ်သူမှ မသိပေမယ့် နောက်ဆုံးရလဒ်ကတော့ သူက ဓားနတ်ဆိုးကို သုတ်သင်ပစ်ခဲ့တယ်”