ဘယ်သူ့ကိုအကောင်လို့ခေါ်လိုက်တာလဲ
Vol. 26 Ch. 501
သူမ၏အေးစက်သောအကြည့်သည် ဓားသွားသဖွယ် ထိုလူဆီသို့ ပစ်လွှတ်လိုက်သည်။ သူသည် အသက် ၂၀ ဦးပိုင်းအရွယ်ရှိလူငယ်ဖြစ်ကာ အထဲမှ ငွေရောင်ချပ်ဝတ်တန်ဆာကို ရေးတေးတေးမြင်ရသော အဖြူရောင် ဝတ်ရုံကိုဝတ်ဆင်ထားသည်။ သူ့အနောက်တွင် လေးလံသောဓားကြီးကို သယ် ဆောင်ထားကာ လက်ပိုက်ပြီးရပ်ရင်း ပေထင်းဟွမ်အား လှောင်ပြောင်သော အကြည့်ဖြင့် စိုက်ကြည့်နေသည်။
“ဘယ်သူ့ကို အကောင်လို့ခေါ်လိုက်တာလဲ” ပေထင်းဟွမ်သည် ရှေ့တစ် လှမ်းတိုးလိုက်ရာ အားကောင်းသောရောင်ဝါသည် ထိုဦးတည်ဘက်သို့ တွန်းပို့ လေသည်။ သတိလက်လွတ်ဖြစ်သွားရာ လူငယ်သည် ရောင်ဝါလှိုင်းလုံးကြီး၏ တွန်းပို့ခြင်းကိုခံလိုက်ရသလိုပင်။ သူ၏အပေါင်းအဖော်များလည်း လွင့်သွား၏။
“ငလူး မင်းက ဟုတ်လှချည်လား” မြေပေါ်သို့ကျသွားသောလူငယ်သည် စိတ်ရင်းဖြင့် ချီးကျူးမိသည်။
“မင်းက ကြမ်း..”
သူ စကားမဆုံးခင်မှာပင် အားကောင်းသောဖိအားသည် အားလုံးပေါ်သို့ ကျရောက်လာသည်။ သူသည် ရင်ခုန်မြန်လာသည်။ လူငယ်လှည့်ကြည့်ရာ ကျောင်းတော်၏နည်းပြသည် လေပေါ်တွင် ပေါလောပေါ်နေသည်ကို မြင်လိုက် ရ၏။ သူသည် သူတို့ဆီသို့ အမူအယာဖြင့်ပြလိုက်သည် “တိတ်တိတ်နေ.. အခု ကျောင်းတော်ရဲ့ကိုယ်စား ငါကပဲ ဒီနှစ်ကျောင်းသားသစ်လေ့ကျင့်ရေးမှာ လိုက်နာရမှာတွေကို ကြေညာမယ်”
ပေထင်းဟွမ်နှင့် လူငယ်တို့သည် တစ်ယောက်နှင့်တစ်ယောက် အကြည့် ခွာလိုက်ကြသည်။ ပေထင်းဟွမ်သည် လက်ကိုနှိမ့်ကာ နောက်မှလိုက်လာသော မုချင်းလင်၏ လက်ကိုဆုပ်ကိုင်လိုက်သည်။ သူမသည် တိုးညင်းစွာညွှန်ကြား လေသည် “အဲလူကို သေချာဂရုစိုက်ဦဂ.. ဒီတစ်ခါ မင်းခန္ဓာကိုယ်ထဲက အဆိပ်ကို ကူပြီးအဆိပ်ဖြေပေးမယ်”
“အင်း ရှောင်ကျို့.. အဲလူက လေအသင်္ချေဂိုဏ်းက ဂိုဏ်းသခင်ရဲ့ အငယ်ဆုံးသားလို့ ပြောတယ်.. သူ့နာမည်က ဝမ်သယ်ဟွေ့တဲ့…”
“ဟား”
တိတ်ဆိတ်နေသောလူအုပ်အတွင်းတွင် ပေထင်းဟွမ်သည် ရုတ်တရက် ရယ်မောလေသည်။ သည်တစ်ခေါက် လေ့ကျင့်ရေးတွင် လိုက်နာရမည်များကို ပြောနေသည့် သူမအထက်မှ နည်းပြသည် စကားစရပ်သွားသည်။ သူသည် ပေထင်းဟွမ်အား ခပ်တည်တည်ဖြင့်ကြည့်ကာမေးလေသည် “သခင်ပေထင်းဟွမ် ဘာရယ်စရာများပါလို့လဲ”
နည်းပြသည် အသက် ၆၀ အရွယ် ဓား ၉ လက်ကြယ်ဝိညာဉ်သခင်ဖြစ် သည်။ ဤအဆင့်သို့ရောက်သည်မှာ သူသည် အလွန်အရည်အချင်းရှိသည်ဟု ဆိုရမည်။ သူ၏ ကောက်ကျစ်သောမျက်လုံးများသည် ပေထင်းဟွမ်၏ အင်္ကျီကို ကဲခတ်လိုက်ပြီးနောက် ထိတ်လန့်သွားလေ၏။ ဒါက.. ဒါက ပင့်ကူနှင်းပန်း.. ယန်းမြို့တော်၏ တိုက်ရိုက်ဆက်ခံသူများသာ ဝတ်ဆင်ခွင့်ရှိသည်။
သခင်လေး ၉ ရဲ့ သရုပ်မှန်က ဘာလို့ ဒီလောက်တောင် ရှုပ်ထွေးနေတာ လဲ။
မဟုတ်သေးဘူး.. အပျော်လွန်တာကနေ ဝမ်းနည်းစရာအဖြစ် ပြောင်းလဲ သွားရင် ဘယ်လိုဖြစ်မှာလဲ။ ပေထင်းဟွမ်သည် လူကြားထဲတွင် ထိုနည်းပြ၏ မေးခွန်းထုတ်ခြင်းခံလိုက်ရသဖြင့် ကြက်သေသေသွား၏။ သူမသည် လူသိများ သောပုံရိပ်ရှိကာ အားလုံး၏အာရုံ၏ဖမ်းစားမှုကိရရှိထားပြီး အမြဲတမ်းလိုလို ခမ်းနားသောစစ်နတ်ဘုရားကဏ္ဍကိုရရှိထားသူဖြစ်သည်။ သူမ အလွန်အရှက်ရ သွားသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။
“မဟုတ်ပါဘူး မဟုတ်ပါဘူး” ပေထင်းဟွမ်သည် သူမကို အစောက ငေါက်ငမ်းနေသာ ဝမ်သယ်ဟွေ့ကို ဘာမှမတွေးဘဲညွှန်ပြလိုက်သည် “ကျွန်တော်က ဒီလူ့ရဲ့နာမည်ကိုရယ်တာပါ.. ဟား ဟား.. သူ့အဖေက တကယ် အထင်ကြီးစရာပဲ.. သူ့နာမည်က ‘မြန်မြန်ပြီးတော့’ လို့ပြောတာလေ.. သူ့အမေ ကို ဘယ်လောက်တောင် မုန်းနေလိုက်မလဲ”
ပေထင်းဟွမ်စကားဆုံးသည်နှင့် လူအယောက် နှစ်သောင်းကျော်စုနေ သော ရင်ပြင်ထဲတွင် ရယ်မောသံများထွက်လာသည်။ ပေထင်းဟွမ်၏ နှောင့်ယှက်ခြင်းကိုခံရသဖြင့် မပျော်မရွှင်ဖြစ်နေသာ နည်းပြပင်လျှင် ပြုံးသွား လေ၏။ သူသည် ရယ်ချင်စိတ်ကိုပြန်ထိန်းကာ ရှက်ကိုးရှက်ကန်းဖြစ်သွားသည် ကို ဖုံးကွယ်ရန် ချောင်းဟန့်ဟန်ပြုလိုက်သည်။
“ပေထင်းဟွမ် သောက်ကောင် သေချင်နေပြီလား” ဝမ်သယ်ဟွေ့သည် သည်းမခံနိုင်တော့ပေ။ သူခုန်ထွက်လာကာ လက်ထဲမှ ဓားကြီးဖြင့် ပေထင်းဟွမ်အားခုတ်လေသည်။
ပေထင်းဟွမ်၏အနောက်တွင် မုချင်းလင်ရှိနေသည်။ သူမဘာသာ ရှောင်ရှားလိုက်ပြီး မုချင်းလင်ကို အန္တရာယ်ဖြစ်အောင်မုလပ်နိုင်ပေ။ သူမသည် လက်ထဲမှဓားပျော့ကို တုံ့ဆိုင်းခြင်းမရှိလွှဲယမ်းလိုက်သည်။ ဓားပျော့သည် အဖြူရောင်ကျောက်စိမ်းသဖွယ် ဓားကြီးအားရစ်ပတ်လိုက်သည်။ ချွန်ထက် သောလက်နက်နှစ်ခုသည် ပြင်းထန်စွာထိတိုက်မိရာ အားလုံးကို မျက်စိစူးသွား စေသည့် မီးပွားများထွက်လာလေသည်…