သူမနဲ့ ဘယ်သူမှ တစ်ဖွဲ့တည်းမနေကြဘူးလား
Vol. 26 Ch. 502
သည်တစ်ခေါက်တွင် ကျန်းယန်သည်လည်း လေ့ကျင့်ရေးကို တာဝန်ယူရ သည့် နည်းပြဖြစ်သည်။ သူ ပေထင်းဟွမ်ကိုမြင်သောအခါ ခေါင်းကိုက်လာ သလို ခံစားရ၏။ အင်ပါယာကျောင်းတော်၏ နှစ်ပေါင်းများစွာ အေးချမ်းလာ သောဘဝသည် ပေထင်းဟွမ်ရောက်လာအပြီးတွင် အဆုံးသတ်ပြီဟု သူ ခံစား နေရသည်။
ဤကောင်လေးသည် လွန်ခဲ့သည့်သုံးရက် စာရင်းသွင်းသည့်အချိန် ကတည်းကပင် ရုန်းရင်းဆန်ခတ်ဖြစ်စေခဲ့သည်။ သို့သော် သူရောက်လာသည် နှင့် ချက်ချင်းပင် တခြားသူနှင့် ပဋိပက္ခဖြစ်ခဲ့သည်။
သူခေါင်းများကိုက်လာသည်။
“တိတ်တိတ်နေ” သူသည် စိတ်မရှည်စွာဖြင့် အော်လိုက်သည်။ သူသည် ရှေ့တိုးကာ ပေထင်းဟွမ်နှင့် ဝမ်သယ်ဟွေ့တို့ကို စိုက်ကြည့်လိုက်သည် “ကျောင်းသားသစ်လေ့ကျင့်ရေးကို တောင်အနောက်ဘက်မှာ စီစဉ်ထားတယ်.. တောက ရိုးရိုးတောလို့မထင်လိုက်နဲ့.. အဲဒီမှာ နတ်မိစ္ဆာနတ်ဘုရားခေတ်တုန်း က နယ်ရှင်လက်နက်တစ်ခုရှိတယ်.. ဘာအတားအဆီးမှလုပ်မထားဘူး.. ဘယ်လူဖြစ်ဖြစ် ဘယ်မှော်သားရဲဖြစ်ဖြစ် ဝင်လို့မရဘူး.. အထဲမှာတိုက်ခိုက်ဖို့ ခွင့်ပြုထားတယ်.. မင်းတို့တိုက်ခိုက်ချင်ရင် အထဲသွားကြ.. အဲအချိန်ကျ မင်းတို့ က အင်ပါယာကျောင်းတော်ရဲ့ ကျောင်းသားမဟုတ်ဘူး.. ကျောင်းတော်က မင်းတို့ အသက်ကို တာဝန်မယူဘူး”
တစ်နည်းပြောရလျှင် သူတို့အရိုက်ခံပြီးသေလျှင်တောင် မည်သူကမှ ဂရုစိုက်မည်မဟုတ်ပေ။
ထိုစကားကြားပြီးနောက် ရှိနေသော ကျောင်းသား အယောက် နှစ်သောင်း၏ မျက်နှာထားသည် ပြောင်းလဲသွားလေသည်။ သူတို့အားလုံး သည် ဘေးမှလူများကို ဝေ့ဝဲကြည့်လိုက်သည်။ သူတို့သည် အင်ပါယာကျောင်း တော်သို့ဝင်စဉ်က ပြစ်မှားမိသည့်ကျောင်းသားသစ်၊ သို့မဟုတ် အကြီးတန်းများ နှင့် ရန်သူလုပ်မိသလားဟု သိချင်နေကြသည်။ မဟုတ်လျှင် သူတို့ဝင်သွားသည် နှင့် အသက်ရှင်လျက်ထွက်လာနိုင်ခြေမရှိတော့ပေ။
ထိုအကြောင်းအားတွေးပြီးနောက် လူအတော်အများသည် အမူအရာများ ညှိုးငယ်သွားလေသည်။ သန်မာသည့်လမ်းစဉ်နောက်သို့ လိုက်သည်မှာ မမှား ပေ။ သို့သော် လူတစ်ဦး၏ဆန္ဒအရ စမ်းသပ်မှုတွင် သူတို့အသက်တန်ဖိုးပေး ရသည်မှာ မဟုတ်သေးပေ။
ပေထင်းဟွမ်သည် ဓားပျော့ကိုသိမ်းကာ ဝမ်သယ်ဟွေ့သည် သူ၏ လေးလံသောဓားကို ရုတ်တရက် ပြန်ရုတ်လိုက်သည်။ သူသည် ပေထင်းဟွမ် အား မာန်ပါပါကြည့်၏။ သူ့မျက်လုံးထဲမှ အဓိပ္ပာယ်သည် ရှင်းလင်းနေသည်။ သူသည် ပေထင်းဟွမ်အား စစ်ကြေညာနေခြင်းပင် “လေ့ကျင့်ရေးကွင်းကို ဝင်ရင် ကြည့်ကြတာပေါ့”
ပေထင်းဟွမ်သည် သူ့ကို အဘယ်သို့ကြောက်နေမည်နည်း။ သူမသည် နှာမှုတ်ကာ စစ်ခင်းရန် သဘောတူလိုက်သည်။ သူသည် သူမကို အကောင်ဟု ခေါ်ရဲကာ တွေ့သည့်အခိုက်အတန့်၌ပင် ရန်စရဲသည်။ ဤလူသည် သူမနှင့် တစ်နည်းနည်း ဆက်စပ်မှုမရှိနိုင်သည့်အဖြစ်ကို မယုံပေ။
သူတို့သည် ရန်သူဖြစ်သွားသဖြင့် အသေအကြေတိုက်ပွဲဝင်ရတော့မည်။ သူမသည် ထိုအဘိုးကြီးကျန်းယန်အား အမြဲတစေသဘောမကျခဲ့ပေ။ ယခု သူသည် သူမအား အရေးကြီးသောသတင်းပြောပြရာ ဂန္ဓမာပန်းကဲ့သို့ အိုမင်း နေသော သူ့မျက်နှာသည် အနည်းငယ် ‘လှပ’ လာသည်ဟု ရုတ်တရက် ခံစား လိုက်ရသည်။
ရင်ပြင်ထဲမှ အယောက် နှစ်သောင်းသောလူများ၏ မျက်နှာအမူအရာမှာ မည်သို့ဖြစ်နေသည်ကို လှည့်ကြည့်စရာမလိုပေ။ သူသည် လည်ချောင်းရှင်းကာ ပေထင်းဟါမ်၏ လက်ရှိစိတ်အခြေအနေကို အလွန်ကျေနပ်လျက်ရှိသည်။ သူ ဆက်ပြောလေ၏ “အခုချိန် ထွက်သွားချင်တဲ့သူတွေက ချက်ချင်းကျောင်းက ထွက်သွားကြပါ.. ခွန်အားနောက်ဆက်လိုက်ချင်တဲ့သူတွေက ဒီတစ်ချီမှာ ရပ်တည်ရမယ်.. လေ့ကျင့်ဖို့အတွက် ရွှေ့ပြောင်းအစီအရင်က မင်းတို့ကို အန္တရာယ်နေရာကို တိုက်ရိုက်ပို့ပေးလိမ့်မယ်”
ထိုအစီအရင်သည် လူပေါင်းတစ်ထောင်ကျော်ကို တစ်ခါတည်း ပို့ဆောင် ပေးနိုင်သည့် ရွှေ့ပြောင်းအစီအရင်ဖြစ်သည်။
အယောက် နှစ်သောင်းကျော်ရှိသောအဖွဲ့သည် ကျန်းယန်ကြောင့် ကြောက်လန့်သွားရာ လူတချို့သည် ထွက်သွားကြလေသည်။ ကျန်ရှိသောလူ မှာ အယောက် တစ်သောင်းပင်မပြည့်တော့ပေ။ တချို့လူများသည် ထွက်သွား ချင်သော်လည်း ထွက်မသွားနိုင်သဖြင့် ဝေခွဲမရဖြစ်နေသည်။ သူတို့သည် လိုက်လျောညီထွေဖြင့် ခွန်အားတူညီသည့်လူများကိုရှာကာ စတင် အဖွဲ့ဖွဲ့တော့ သည်။ ပြောရလျှင် အဖွဲ့လိုက်သည် တစ်ဦးချင်းစီထက် ပို၍ဘေးကင်းသည်။
ပေထင်းဟွမ်၏ရောင်ဝါသည် အလွန်ပင်လန့်စရာကောင်းနေခြင်းကြောင့် မသိပေ.. မုချင်းလင်မှလွဲပြီး သူမအနားကို မကပ်ကြပေ။ သူတို့နှစ်ယောက် သည် အဖွဲ့အစွန်တွင်ရပ်ပြီး နေရာကိုကြည့်နေကြသည်။
အားလုံးသည် သူမကို မြွေတစ်ကောင်အလား ရှောင်သွားကြသည်ကို မြင် သောအခါ ပေထင်းဟွမ်သည် နှာခေါင်းကိုပွတ်မိသည်။ သူမက အဲလောက် တောင် ကြောက်ဖို့ကောင်းနေတာလား။ သူမက အမြဲတမ်းအကျိုးအကြောင်း သင့်ပါတယ်နော် ဟုတ်ပြီလား။ သူများက သူမကိုရန်လာမစရင် သူမလည်း ဖော်ရွေပါတယ်။
ရိုက်ချက်မှာကြီးမားသည်။
တခြားသူများကို တိုက်ခိုက်လေ့ရှိသောပေထင်းဟွမ်သည် ပထမဆုံး အကြိမ် တိုက်ခိုက်ခံရသည့် ခံစားချက်မျိုးရခြင်းဖြစ်သည်။ မုချင်းလင်မှလွဲပြီး မည်သူကမှ သူမနှင့် အဖွဲ့မဖွဲ့ချင်ပေ။ သူမသည် အလွန်အားနည်းနေသည် လား။ သူမကိုယ်သူမလည်း ပြန်သုံးသပ်ရုံအပြင်မရှိပေ.. သူမသည် ရှုံးနိမ့်နေပြီ လား…