ကောင်စုတ် စောင့်ကြည့်နေလိုက်
Vol. 26 Ch. 504
သူသည် ချီးကောက်သူဖြစ်ရသည်ကို ဘာမှမဟုတ်သလိုပြောနေ သော်ငြား စိတ်ထဲတွင်တော့ ဖခင်ဖြစ်သူ၏ အသက်မွေးဝမ်းကျောင်းအလုပ်ကို အလွန်စက်ဆုပ်သည်။ သူသည် ချီးကောက်သူ၏ သားဖြစ်ရသည်ကို ရှက်၏။ သူသည် သူ၏ကံကြမ္မာကို ပြောင်းလဲရန်စိတ်အားထက်သန်နေကာ ဤတိုက် ကြီးတွင် အလေးစားခံရဆုံးဖြစ်သည့် လူငယ် ပေထင်းဟွမ်သည် အဆင့်အတန်း အနိမ့်အမြင့်ကို ခွဲခြားလိုခြင်းမရှိဟု သူ့ကိုပြောခဲ့သည်။
ဤလူငယ်သည် ထိုစကားများပြောနေချိန်တွင် လုံးဝဟန်ဆောင်မှုမရှိ ပေ။ သူ၏အလွန်တည်ငြိမ်သောအသံအနေအသံထားသည် စိတ်ရင်းကို ခံစားမိ စေသည်။
“ဟူး” ပေထင်းဟွမ် ကွင်းထဲမှ ကျောင်းသားသစ်များအားလုံးကို တစ်ကွက်တည်းနှင့် အောင်မြင်သည်ကိုကြည့်ပြီး အားလုံးသည် သူမအား ကြောက်လန့်မှု လေးစားမှုတို့နှင့်ကြည့်ကြလေသည်။
သူတို့သည် ခံပြင်းဒေါသထွက်ရုံမှအပမရှိတော့ပေ “မင်းက ဓားသခင်ပဲ ဟာကို.. ဒီလိုမပြောခင် အဆင့်မြင့်ဝိညာဉ်သခင်ဖြစ်ဖို့ အရည်အချင်းရှိအောင် လုပ်လိုက်”
ဤပင်မတိုက်ကြီးတွင် ဂုဏ်သရေအရှိဆုံးသည် ဝိညာဉ်သခင်ပင်ဖြစ်၏။ အဆင့်တူသည့် ဓားသခင်များသည် တိုက်ပွဲခွန်အားတွင် ဝိညာဉ်သခင်ထက် နိမ့်ကျကာ ခွန်အားသည် ဒဏ္ဍာရီဝင်အဆင့်ကိုမရောက်နိုင်ပေ။
အဆင့်မြင့်သားရဲထိန်း၊ အဂ္ဂိရတ်ပညာရှင်နှင့် လက်နက်သန့်စင်သူများက တစ်မျိုးတစ်မည်ကွဲသည်။
ဝမ်သယ်ဟွေ့သည် ပေထင်းဟွမ်၏ ကျွမ်းကျင်မှုကို အထင်သေးလိုက် သည်လား။
“အင်း.. မင်းက ကောင်းကင်အဆင့်ဓားသခင်ဖြစ်လည်းဘာလုပ်ရမှာလဲ.. ငါတို့နှစ်ယောက်လုံးကို သခင်ကြီးလို့ခေါ်ကြတယ်ဆိုပေမဲ့ မတူနိုင်ဘူး ကောင်စုတ် စောင့်ကြည့်နေလိုက်” သူကဲ့သို့သော ကြယ် ၁ ပွင့်နတ်သားရဲရှိ သည့် အဆင့်မြင့်ဝိညာဉ်သခင်ကြီးသည် ပေထင်းဟွမ်ကဲ့သို့ ကောင်းကင်အဆင့် ဓားသခင်ကို အနိုင်မယူနိုင်ဟု မယုံပေ။
သည်တစ်ကြိမ်တွင် သူသည် ပေထင်းဟွမ်ကို သူ့လက်နှင့်သတ်ပြီး ဝမ်းကွဲ အတွက် လက်စားချေချင်သည်။
“ခေါင်းဆောင် ဒီလူက လေအသင်္ချေဂိုဏ်းက ဂိုဏ်းသခင်ရဲ့ အချစ်ဆုံး သားပဲ.. သူ့မှာ ကြယ် ၁ ပွင့်နတ်သားရဲရှိတယ်.. သူ့အဒေါ်က အရှေ့မြို့တံခါး ကြီးကြပ်သူကာမယ်ရွန်နဲ့ လက်ထပ်ထားတာ.. သူနဲ့ ကာဂါတို့က ဝမ်းကွဲတော် ပြီးတော့ ငယ်ငယ်ကတည်းက ဆက်ဆံရေးကောင်းကြတယ်.. သူ့ကို ကြယ် ၁ ပွင့် နတ်သားရဲပေးဖို့ ကာမယ်ရွန်က ဧကရာဇ်ဆီကို တောင်းဆိုထားတာပဲ”
ပေထင်းဟွမ်၏ စိတ်ထားကောင်းမှုကြောင့်လားမသိပေ။ ယွမ်ဟဲ့သည် သူ၏ကြောက်ရွံ့သောအပြုအမူကို ခါထုတ်ကာ ပြိုင်ဘက်အား ပေထင်းဟွမ်ကို မိတ်ဆက်ပေးလေသည်။
“ကောင်းတယ် ငါတို့အလှည့်ပဲ.. သွားကြတာပေါ့” အဖွဲ့ထဲတွင် နှစ်ယောက်သာရှိသော်လည်း ပေထင်းဟွမ်သည် ပြဇာတ်ဆန်သည့်အရာမျိုးကို နှစ်သက်လှသူမဟုတ်ပေ။ ကျောင်းသားသစ်တချို့သည် သူမအား တယူသန် သည့်အကြည့်များဖြင့်ကြည့်ကြသော်လည်း သူမသည် လျစ်လျူရှုထား၏။
သူမသည် ကြွယ်ဝမှုနှင့် အားကောင်းမှုတို့ကို နှစ်သက်သောလူများကို ဘယ်သောအခါမှ မနှစ်သက်ခဲ့ပေ။ သူငယ်ချင်းရှားပါးသည်ထက် မရှိသည်က ပိုကောင်းသည်။
နတ်ဆိုးနတ်ဘုရားခေတ်မှ ချန်ထားခဲ့သည့် ရွှေ့ပြောင်းအစီအရင်သည် ကျောင်းသားသစ်များကို အင်ပါယာကျောင်းတော်ရင်ပြင်မှ အန္တရာယ်ဇုန်ဆီသို့ လေ့ကျင့်ရန်ပို့ပေးသည်။ ၎င်းသည် ကျောင်းကိုတရားဝင် ဝင်ခွင့်မရသေးသည့် ကျောင်းသားသစ်များကို ကျောင်းတော်တစ်ခုလုံးရှိ သာမန်ဘဝကို မထိခိုက် စေရန် တားဆီးထားသည်။ အလွန်ပင် အထင်ကြီးလောက်ကစရာ ပစ္စည်းဖြစ် သည်။
ပေထင်းဟွမ်သည် မုချင်းလင်၏လက်အား ဘယ်လက်၊ ယွမ်ဟဲ့အား ညာလက်ဖြင့် ဆုပ်ကိုင်လိုက်သည်။ သူတို့သုံးယောက်နှင့် ကျောင်းသားသစ် ထောင်ချီတို့သည် တိုက်ခိုက်မှုရင်ပြင်ပေါ်တွင် ရပ်နေကြသည်။
သူတို့သည် ရွှေ့ပြောင်းလာသည့် နောက်ဆုံးအသုတ်ပစ်သည်။ ကျောင်း၏ နည်းပြများကိုယ်စား ကျန်းယန်သည် သူတို့ကို “ကံကောင်းပါစေ” ဟု ပြောပြီးနောက် အစီအရင်ကို ထပ်မံအသက်သွင်းပြန်သည်။
သူမ၏အမြင်အာရုံများ မှောင်မိုက်သွားပြီး အချိန်နှင့်နေရာဝဲဂယက်ထဲ ရောက်သွားသလိုခံစားလိုက်ရသည်။ သူမဘေးတွင် ကမ္ဘာကြီးလည်နေ၏။ ပေထင်းဟွမ်သည် လျင်မြန်စွာ သူမကိုယ်သူမ ပေါင်းစပ်လိုက်ပြီး ကာကွယ်ရန်အတွက် စိတ်ခွန်အားကို ရွေ့လျားလိုက်သည်။ အချိန်မည်မျှကြာ သွားသည်မသိပေ အားလုံးသည် ရပ်တန့်သွားသလိုပင်။ သူမ၏မျက်လုံးရှေ့ တွင် အလင်းရောင်ခပ်ဖျော့ဖျော့ပေါ်လာကာ မီးခိုးရောင်ကမ္ဘာပေါ်လာသည်။
“ဟူး” သူမသည် ဘေးတွင်လဲနေသော မုချင်းလင်ကို ဆွဲထူလိုက်သည်။ ပြီးနောက် ရှေးခေတ်မှ ရောက်လာသည့် အသံတစ်သံကို သူမစိတ်ထဲတွင် ကြားလိုက်ရသလိုပင်…