မင်း သွားသေလိုက်တော့
Vol. 26 Ch. 505
အသံတစ်သံသည် ခေါင်းလောင်းကြီးကဲ့သို့ မြည်ဟီးလာပြီး သူ၏စိတ်ထဲ တွင် ပဲ့တင်သံထွက်လာ၏။ “အင်ပါယာကျောင်းတော် လေ့ကျင့်ရေးရဲ့ အန္တရာယ်နေရာကို ရောက်လာတဲ့အတွက် ကျေးဇူးတင်ပါတယ်.. အခုကစပြီး မင်းတို့ခါးမှာရှိတဲ့ ကျောက်စိမ်းဝိညာဉ်တံဆိပ်ပြားကို ကာကွယ်ရမယ်.. မင်းတို့ အတွက် အချိန် ၇ ရက်ရမယ်.. ၇ ရက်အတွင်းမှာ ဒီအန္တရာယ်နေရာကနေ ထွက်ပြီး မင်းတို့ရဲ့ဝိညာဉ်အမှတ်ကို ကာကွယ်နိုင်သရွေ့ အင်ပါယာ ကျောင်းတော်ရဲ့ ကျောင်းသားအသစ်ဖြစ်ဖို့ အရည်အချင်းပြည့်မှီမယ်.. ကျောင်းသားအသစ်တွေရဲ့အဆင့်ကို ဝိညာဉ်အမှတ်တွေနဲ့အလိုက် စီမယ်.. ထိပ်ဆုံး သုံးဖွဲ့က အင်ပါယာကျောင်းတော်ရဲ့ ကိုယ်စားပြုအဖြစ်နဲ့ အမှတ် ၁ သိန်း၊ ၈ သောင်းနဲ့ ၅ သောင်းဆိုပြီး အသီးသီးရမယ်.. နောက်ဆုံးအနေနဲ့ မင်းတို့ ကံကောင်းဖို့ မျှော်လင့်ပါတယ်”
၎င်းသည် အသင့်တော်ဆုံးလူများအတွက် ရှင်သန်ရေးဖြစ်သည်။ အလွန် ရက်စက်လှသည်။
ဝိညာဉ်အမှတ်နှင့်ဆိုလျှင် အင်ပါယာကျောင်းတော်မှ လိုချင်သည့်အရာ များကို ဝယ်ယူနိုင်သည်။ ထိန်းကျောင်းပြီးသား အထွတ်အမြတ်သားရဲများကို ပင် ဝယ်ယူနိုင်သည်ဟု ဆိုကြသည်။ တချို့သောရတနာများသည် ဤတိုက်ကြီး တွင် သွေးချောင်းစီးအောင် ပြုလုပ်နိုင်ကြသည်။
တိုက်ကြီးမှလူများသည် အင်ပါယာကျောင်းတော် မည်မျှအခြေခိုင် ကြောင်းကို သိကြသည်။
“ထိပ်ဆုံး ၃ နေရာ” ပေထင်းဟွမ်သည် ယန်ဟဲ့ပြောခဲ့ဖူးသည့်အရာကို မတွေးဘဲမနေနိုင်တော့ပေ။ သူမသာ တိုက်ကြီး၏ကျောင်းတော်ပြိုင်ပွဲတွင် ပထမရလျှင် နတ်လက်နက်ကိုဆုအဖြစ်ရမည့်အပြင် နတ်ဆိုးဝိညာဉ်သင်္ချိုင်းကို ဝင်ရောက်နိုင်သည့် အခွင့်အရေးရမည်။
“နတ်ဆိုးဝိညာဉ်သင်္ချိုင်းမှာ ရှေးခေတ်တုန်းက စစ်ပွဲတွေအကြောင်းကို အကုန်မှတ်တမ်းတင်ထားတယ်.. တိုက်ပွဲရည်ရွယ်ချက်ကို နားလည်ပြီး စွမ်းအားကြီးတဲ့သူတွေရဲ့ ခွန်အားကို သိထားတာက မင်းရဲ့ အနာဂတ် အဆင့် တက်ဖို့အတွက် မမျှော်လင့်ထားတဲ့ အကျိုးအမြတ်တွေရလာနိုင်တယ်”
ယန်ဟဲ့၏ စကားများသည် သူမစိတ်ထဲတွင် ပဲ့တင်ထပ်လာပြီး ထိုရှေးကျ သောအသံနှင့် ထပ်သွားကာ ပေထင်းဟွမ်၏ခန္ဓာကိုယ်ရှိ သွေးကြောတိုင်းတွင် စီးဆင်းသွားပြီး ခန္ဓာကိုယ်ထဲမှ သွေးများကို ဆူပွက်စေသည်။ သန်မာသော တိုက်ပွဲရည်ရွယ်ချက်သည် သူမအား စွမ်းအင်ဒိုင်းကာကဲ့သို့ ရစ်ပတ်လိုက်၏ “ယွမ်ဟဲ့နဲ့ လန်အာ ငါတို့ပန်းတိုင်က ပထမရဖို့ပဲ.. ယုံကြည်ချက်ရှိကြလား”
အဝေးရှိမီးခိုးရောင်ကောင်းကင်ကိုကြည့်ပြီး ပေထင်းဟွမ်၏ စိတ်ပိုင်းဖြတ်ထားသော အကြည့်များသည် ညတွင်ကောင်းကင်ကို ဖြတ်သွား သည့် ဥက္ကာခဲကဲ့သို့ ကောင်းကင်ကိုထွန်းလင်းသွားစေသည်။ သူမ၏ကြည်လင် သောအသံသည် နေရာတိုင်းတွင် အန္တရာယ်များ ကိန်းအောင်းနေသည့် အန္တရာယ်နေရာတွင် ပျံ့နှံ့သွား၏။ ချက်ချင်းဆိုသလိုပင် လူအများ၏စိတ်ထဲ တွင် ကြောက်လန့်ခြင်းများဖြစ်ပေါ်လာကာ တိုက်ခိုက်ရေးစိတ်ဓာတ်များ မြင့်တက်လာခဲ့သည်။
“ရှိတယ်” ယွမ်ဟဲ့သည် လက်သီးဆုပ်ကိုမြှောက်လေသည်။ သူ့ဘဝ၏ ပထမဆုံးအနေနှင့် ခေါင်းကိုမြင့်မြင့်မော့ကာ မည်းနက်သောမျက်လုံးများသည် တောက်ပလာခဲ့သည်။
“ရှောင်ကျို့ ငါတို့နင့်စကားကို နားထောင်မယ်” မုချင်းလင်သည် မျက်နှာ ပေါ်မှ အပြုံးကိုဖုံးဖိမရပေ။ သူသည် ကြောက်ရွံ့ခဲ့ကာ သနားစရာကောင်းခဲ့၏။ ယခု ရှောင်ကျို့သည် လူများမှ သူမကိုမထိန်းချုပ်စေဘဲ ကျန်သည့်ဘဝတွင် ကာကွယ်ပေးချင်သည်။
“ဟုတ်ပြီ သွားကြမယ်” ပေထင်းဟွမ်သည် ရှေ့မှပထမဆုံးလျှောက်သွား သူဖြစ်သည်။ သူမသည် ခြေတစ်လှမ်းလှမ်းပြီးနောက် ရုတ်တရက်ရပ်လိုက်၏။ သူမသည် ရုတ်တရက် လက်ထဲမှဓားပျော့ကိုမြှောက်ပြီး အနောက်မှ မုချင်းလင် နှင့် ယွမ်ဟဲ့ကို ကာကွယ်ပြီးတားထားလိုက်သည်။
“ဟား ဟား ပေထင်းဟွမ် ငါတို့ထပ်တွေ့ပြန်ပြီ ငရဲသွားလိုက်တော့”
ဘေးနှစ်ဖက်လုံးတွင် မြင့်မားသောတောင်များနှင့် ထူထဲသောတောများ ဝန်းရံနေကာ ရှေ့သို့သွားသည့် လမ်းတစ်လမ်းသာရှီသည်။ ဤနေရာသည် ချောင်းမြောင်းတိုက်ခိုက်ရန် ကောင်းသောနေရာဖြစ်သည်။ ထူထဲသော တော ထဲမှ ဒါဇင်မျှရှိသော ပုံရိပ်များ ထွက်လာပြီး ပေထင်းဟွမ်နှင့် တခြားနှစ်ယောက် ကို ဝိုင်းလိုက်ကြသည်။ ကြေးရောင် ချပ်ဝတ်တန်ဆာဝတ်ဆင်ထားသော ဝမ်သယ်ဟွေ့သည် လက်ထဲတွင် လေးလံသောဓားကြီးကို ကိုင်ထားကာ ပေထင်းဟွမ်တို့ရှေ့တွင် တခမ်းတနားရပ်နေလေသည်။
ဖိအားသည် တဖြည်းဖြည်းရောက်လာသည်။ မုချင်းလင်နှင့် ယွမ်ဟဲ့တို့ သည် ဖိအားကို မခံနိုင်ကြပေ။ ပေထင်းဟွမ်သည် သူတို့ကို အနောက်သို့ ဆွဲပို့ လိုက်သည်။ ဝမ်သယ်ဟွေ့သည် သူတို့သုံးယောက်ကို အန္တရာယ်ပြုမည့် အပြုံး ဖြင့်ကြည့်လေသည်။ ပေထင်းဟွမ်၏မျက်လုံးထဲမှ အေးစက်မှုကို ကြည့်ပြီး အထူးတလည်ပျော်နေမိသည်။ သူသည် ဘေးနားမှ ခွေးပေါက်နှင့်တူသည့် မှော်သားရဲဆီသို့ အဖြူရောင်ဝိညာဉ်စွမ်းအင်ထည့်လိုက်သည်။ အားလုံး၏ အကြည့်အောက်တွင် မှော်သားရဲသည် တဖြည်းဖြည်းကြီးလာပြီး ၎င်း၏ ကြီးမားသော ခန္ဓာကိုယ်ကို ထုတ်ဖော်ပြသလေသည်။
၎င်းတွင် သံအပ်နှင့်တူသော အညိုရောင်ဆံပင်ရှိကာ ဘေးနားရှိ မြင့်မား သောတောင်များထက်ပင် ပိုမြင့်လေသည်။ ၎င်း၏ခြေလက်များသည် မပြေပြစ် ကာ အားကောင်းသောခွန်အားဖြင့် ပြည့်နေသည်။ ၎င်း၏အညိုရောင်မျက်လုံး များသည် ပေထင်းဟွမ်အား တိုက်ခိုက်ရေးစိတ်ဓာတ်အပြည့်ဖြင့် ကြည့်လေ၏။
၎င်းသည် တိုက်ခိုက်ရေးရာနှင့် သံမဏိကာကွယ်ရေးတွင် နာမည်ကျော် လှသည့် ကြယ် ၁ ပွင့်နတ်သားရဲဖြစ်သည်…
အညိုရောင်ဝက်ဝံ…