မင်းတို့လား မတန်ဘူး
Vol. 26 Ch. 506
ကြီးမားသောခန္ဓာကိုယ်ကြီးကိုကြည့်ပြီး ထိုနေရာရှိလူများသည် ပင့်သက် ရှိုက်မိကြသည်။ ဝမ်သယ်ဟွေ့တွင် ကြယ် ၁ ပွင့်နတ်သားရဲတစ်ကောင်ရှိသည် ကို သူတို့ကြားဖူးသည်မှာ ကြာပြီဖြစ်သည်။ ယခု သူတို့ကိုယ်တိုင်မျက်လုံးနှင့် မြင်လိုက်ရချေပြီ။ သူ့နောက်လိုက်ကြသည့်လူများသည် စိတ်လှုပ်ရှားကြသည်။
“နတ်သားရဲ.. ခေါင်းဆောင်ရဲ့ နတ်သားရဲက မိုက်လိုက်တာ”
“ဟား ဟား ထူးခြားတဲ့ ကျင့်ကြံခြင်းအရည်အချင်းရှိတဲ့ တိုက်ကြီးရဲ့ ပြိုင်ဘက်ကင်းပါရမီရှင်ပဲ.. အသက် ၁၄ နှစ်အရွယ် ကောင်းကင်အဆင့်တဲ့လား.. ဒီနေ့ မင်းသေတာကို ငါတို့ကိုကြည့်ခွင့်ပေးလိုက်”
“ဟား ဟား ပြိုင်ဘက်ကင်းပါရမီရှင်.. ပါရမီရှင်တွေက ဘာလို့ပြိုင်ဘက် ကင်းကြလဲဆိုတာ သိရဲ့လား.. သူတို့တွေက မြန်မြန်သေကြလို့လေ”
လှောင်ပြောင်သံများသည် ဝမ်သယ်ဟွေ့၏ စိတ်လှုပ်ရှားမှုကို ဖယ်ရှား လိုက်လေ၏။ သူ၏အထင်သေးသောအကြည့်များသည် ပေထင်းဟွမ်၏ ခန္ဓာ ကိုယ်ပေါ်သို့ အပ်ချောင်းများကဲ့သို့ ကျရောက်သွားသည်။ သူ နှာမှုတ်လေသည် “ဟား ဟား ၁၄ နှစ်အရွယ်ကောင်းကင်အဆင့်တဲ့လား.. ဘယ်လိုလဲ.. မင်း ပျော်ချင်လား”
ယွမ်ဟဲ့သည် လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်ထားကာ သူ၏ ရန်မူ သည့်မျက်လုံးများဖြင့် ဝမ်သယ်ဟွေ့အား ခက်ထန်စွာကြည့်လေသည်။ ထို မျက်လုံးများသာ လူသတ်နိုင်ပါက ဝမ်သယ်ဟွေ့သည် အခါတစ်ထောင်မက သေသွားနိုင်သည်။ ထိုကောင်လေးသည် သူတို့ခေါင်းဆောင်၏ ခွန်အားကို မနာလိုနေသည်မှာရှင်းလင်းနေပြီး ဝမ်းကွဲအတွက် လက်တုံ့ပြန်ချင်သည်ဟုပင် ပြောနေသေးသည်။
သူသည် အရှက်ကင်းမဲ့ကာ အနိုင်ယူနိုင်စွမ်းမရှိပေ။
ဒါက မှော်သားရဲမရှိလို့ ခေါင်းဆောင်ကို အနိုင်ကျင့်တာမဟုတ်ဘူးလား။ ခေါင်းဆောင်က ကောင်းကင်အဆင့်လေ။ ဘာလို့ နတ်သားရဲလောက်ကို ကြောက်နေရမှာလဲ။
ထိုအချိန်တွင် မုချင်းလင်သည် လော့ပေမြို့တွင် သူမကိုယ်သူမ ဂရုမစိုက် နိုင်ဘဲ နန်ကုန်းကျိယင်နှင့် သမီးဖြစ်သူတို့၏ တိုက်ခိုက်ခြင်းကိုခံရသည့်အတွက် အလွန်နောင်တရမိသည်။ သူမသာ သွေးကြောထဲထိ အဆိပ်ခံရပြီး အကြော မပိတ်ခံရလျှင် သူမသည် ရှောင်ကျို့ပေးခဲ့သည့် သွေးမျက်လုံးနတ်မိစ္ဆာလူဝံနှင့် စာချုပ်တည်ထောင်နိုင်မည်ဖြစ်သည်။ ၎င်းသည် အဆင့် ၇ နတ်သားရဲဖြစ်ကာ ဤကြယ် ၁ ပွင့်နတ်သားရဲကို ချေမှုန်းရန်မှာ မပြောပလောက်သည့်အရာဖြစ် သည်။
မျက်လုံးများသည် ပေထင်းဟွမ်အပေါ်ကျရောက်ကာ သူမ တုံ့ပြန်မည်ကို စောင့်နေကြသည်။ သူမ၏အေးစက်သောမျက်လုံးများ လှည့်ပတ်ကြည့်ရာ သူမ၏ မျက်လုံးထဲတွင် လှောင်ပြောင်မှုများရှိနေသည်။ နတ်သားရဲ ၁ ကောင်၊ အဆင့် ၃ ကျွမ်းကျင်သူနှင့် တခြားသူများသည် အဆင့် ၂ ကျွမ်းကျင်သူများဖြစ် ကြသည်။ သူတို့သည် သူမကို ဤနေရာတွင် အမှန်တကယ် ဝိုင်းထားချင်နေကြ သည်လား။
သူမ ဒီလိုမျိုးဟာသမျိုး မကြားရတာ ဘယ်လောက်တောင်ကြာနေပြီလဲ။
“ကြယ် ၁ ပွင့်နတ်သားရဲလောက်နဲ့လား” ပေထင်းဟွမ်၏ နှုတ်ခမ်းများ သည် လှောင်ပြောင်သောအပြုံးအဖြစ် ကွေးတက်သွားကာ သူမအနားမှလူများ ကို အေးစက်သည့်မြားတစ်စင်းသဖွယ် ပစ်လွှတ်လိုက်သည် “မင်းတို့က မတန် ဘူး”
အားလုံး မှင်တက်သွားသည်။ အစုံ ၂၀ ကျော်သောမျက်လုံးများသည် ပေထင်းဟွမ်အား သတ္တဝါကြီးသဖွယ် ကြည့်ကြသည်။ သူမ ဘာပြောလိုက်တာ လဲ။ ‘ကြယ် ၁ ပွင့်နတ်သားရဲလောက်’ လို့ပြောလိုက်တာလား။ ပေထင်းမိသားစု ရဲ့ သခင်လေး ၉ ကရူးသွားတာလား။ နတ်သားရဲရဲ့ တည်ရှိမှုကို သိရောသိရဲ့ လား။ ကြယ် ၁ ပွင့်နတ်သားရဲဆိုတာ မိသားစုတစ်ခု ဒါမှမဟုတ် အဖွဲ့အစည်း တစ်ခုမှာ အားကောင်းတဲ့ကောင်းကင်အဆင့်ရှိတာနဲ့အတူတူပဲ။
နတ်သားရဲမပြောနဲ့ မွန်မြတ်တဲ့သားရဲတစ်ကောင်နဲ့တင် ဒီတိုက်ကြီးက ဝိညာဉ်သခင်တွေကို ရူးအောင်လုပ်နိုင်တယ်။
နတ်သားရဲတွေက ‘လောက်နဲ့’ ဆိုပြီးပြောရတဲ့ သတ္တဝါတွေဟုတ်ရဲ့လား။
“မင်း မင်း.. မင်းရူးနေပြီထင်တယ်”
သူ နတ်သားရဲကိုဆင့်ခေါ်လိုက်သည်နှင့် ပေထင်းဟွမ်မှာ ကြောက်သွား ပြီး ဘောင်းဘီထဲသေးပေါက်ကျသည် သို့မဟုတ် ဒူးထောက်ပြီး တောင်းပန်လိမ့် မည်ဟုထင်ထားသည်။ သို့သော် ပေထင်းဟွမ်သည် သူ၏စာချုပ်သားရဲကို မြင်ပြီးသည့်တိုင်အောင် ပိုထောင်လွှားနေရာ ဝမ်သယ်ဟွေ့သည် ဒေါသထွက် လွန်းသဖြင့် စကားပင်မပြောနိုင်တော့ပေ။
မယုံကြည်နိုင်ဖြစ်နေသော သံမဏိနက်ဝက်ဝံအညိုရောင်သည် မှင်တက် နေသည်။ ၎င်းသည် ပေထင်းဟွမ်အား စေ့စပ်စွာကြည့်နေသည် “ငတုံးလူသား ငါ့ကို အထင်သေးရဲတာလား.. မကြာခင် နတ်သားရဲတစ်ကောင်ရဲ့ ဖိအားက အကြမ်းဖက်လို့မရဘူးဆိုတာ သိအောင်လုပ်ပေးမယ်”
ပေထင်းဟွမ်သည် အသက်ပြင်းပြင်းရှူကာ မျက်လုံးများကိုမှိတ်လိုက်၏။ မည်သူမှမမြင်လိုက်ပေ။ နှမြောသည့်အရိပ်အယောင်မှာ သူမ၏မျက်နှာကို ဖြတ်သွားလေသည် “ဝမ်သယ်ဟွေ့ အပြစ်မရှိတဲ့လူတွေ အဲလောက်အများကြီး ကို ဝင်ပါခိုင်းဖို့မလိုပါဘူး.. ဒီနေ့ ငါ ခံစားချက်ကောင်းနေတယ်.. မင်းတို့ အကုန် လုံးနောက်ဆုတ်ဖို့ ရွေးချယ်ဖို့အတွက် နောက်မကျသေးဘူး.. ငါ လှုပ်ရှားတာ ကိုစောင့်နေရင် မင်းတို့ဘယ်သူမှ လွတ်နိုင်မှာမဟုတ်ဘူး”