ဂုဏ်သိက္ခာရှိခြင်း၊ ကိုယ့်မိန်းကလေးကို စောင့်ရှောက်ခြင်း
Vol. 26 Ch. 507
“ဟားဟား”
ဟာသတစ်ခုကို ကြားလိုက်ရသကဲ့သို့ ရယ်မောသံများသည် တောင်ကြား ထဲတွင်မြည်ဟီးလာသည်။ ပေထင်းဟွမ်ဘေးမှ ကျောင်းသားများအားလုံးနီးပါး သည် ရယ်မောကြလေသည်။ သူတို့သည် ရှေ့တိုးနောက်ငင်နှင့် ပေထင်းဟွမ်ကို လက်ညှိုးထိုးကာ အသက်မရှူနိုင်တော့လောက်အောင်ပင် ရယ်မောကြလေ၏ “သခင်လေး ၉ ကတကယ်ရူးနေတာပဲ.. သူမ နိုင်ပြီလို့တောင် ထင်နေပြီ”
“ဟုတ်တယ်.. ပြီးမှ ဒူးထောက်တောင်းပန်ရတဲ့အချိန်မှ ဒီလိုမျိုးချေနိုင်ဦး မလားလို့ ကြည့်တာပေါ့”
“တောင်းပန်ရမယ်ဟုတ်လား.. ဟား ဟား မင်းတို့ သခင်လေး ၉ ရဲ့ အသွင်အပြင်ကို မြင်ဖူးရဲ့လား.. ညအရှင်ထက်တောင် ပိုပြီးလှတယ်လို့ ကြား တယ်.. ဟားဟား ညီအစ်ကိုတို့ မင်းတို့စိတ်ဝင်စားကြလား”
“မင်းကိုသတိပေးလိုက်မယ်.. အလှလေးဆိုရင်တော့..”
ထိုလူစကားမဆုံးခင်မှာပင် ကိုးရောင်အလင်းသည် ဓားပိုက်ကွန်အဖြစ် ပြောင်းသွားပြီး အားလုံး၏ခေါင်းအထက်တွင် သတိပေးခြင်းမရှိဘဲ ပေါ်လာလေ ၏။ ၎င်းသည် တစ္ဆေတစ်ကောင်ကဲ့သို့ တိတ်ဆိတ်ပြီး စူးရှသည့်ရောင်ဝါနှင့် အားနည်းသော အဆင့် ၂ ကျွမ်းကျင်သူများအဖွဲ့အပေါ်သို့ လွှမ်းခြုံလိုက်သည်။
ထွက်ပြေးရန် လမ်းမရှိပေ။
ထိုလှပသော အလင်းရောင်သည် သေမင်းလက်ထဲတွင်ရှိသော ဓားမြှောင်ကဲ့သို့ ၎င်းတို့၏အသက်ကို ကြမ်းတမ်းစွာ ရိတ်သိမ်းနေစဉ်တွင် ကြောက်လန့်နေသောမျက်လုံးများသည် ကောင်းကင်ကို စိုက်ကြည့်နေကြ၏။ မည်သို့ဖြစ်သွားသည်ကို မည်သူမှ နားမလည်ကြပေ။
“မင်းတို့ မလုပ်သင့်တဲ့အရာတွေအားလုံးထဲမှာ မလုပ်သင့်ဆုံးက ငါ့လင်အာနဲ့ပတ်သက်ပြီး ညစ်ညမ်းတဲ့အတွေးတွေတွေးတာပဲ” သူမ၏ ရက်စက်သော စကားလုံးများသည် တောင်လမ်းများတွင် လူသတ်မည့်အရိပ် အယောင်ဖြင့် မြည်ဟိန်းသွား၏။ သူမအသံဆုံးသည်နှင့် ဓားပိုက်ကွန်သည် ခေါင်းဖြတ်စက်သဖွယ် ထိုးဆင်းလာသည်။
ဖူး…
သွေးများသည် မြားများသဖွယ် အဘက်ဘက်မှပန်းထွက်လာပြီး လူ့ခန္ဓာ ကိုယ်၏ အနွေးဓာတ်ကို ယူဆောင်လေသည်။ တစ်ဒင်္ဂအတွင်းမှာပင် သွေးများ သည် တောင်လမ်းတွင် ပျံ့သွားကာ တောပန်းများနှင့် မြေပေါ်မှအစေ့များသည် ပို၍ မာန်ပါလာသည်။ တောင်လေဝေ့လာချိန်တွင် သွေးနံ့များပါလာသည်။ နဂို က အနီးအနားတွင် ပုန်းပြီးပွဲကြည့်နေသောကျောင်းသားသစ်များသည် အော်ဂလီဆန်ပြီး အန်ကြတော့သည်။
သူမသည် ရက်စက်လွန်းသည်။ ပေထင်းဟွမ်သည် ကောင်းကင်ကိုအံတု သည့် တည်ရှိမှုမျိုးပင်။
အရင်က သူတို့ သူမကိုကြောက်သည်မှာ ဖြစ်သင့်သည်။ သူမနှင့် အဖွဲ့ဖွဲ့ ချင်သူများလည်း အမှန်တကယ်ရှိသည်။ သို့သော် မနာခံသူသာ ရုတ်တရက် တိုက်ခိုက်ခံရလျှင် အသက်ရှင်နိုင်ဦးမည်လား။
မျက်လုံးအစုံများသည် ပေထင်းဟွမ်၏လက်ထဲရှိ ဓားပျော့ကို ကြည့်နေ ကြသည်။ ၎င်းသည် ကိုယ်ပွားဖြစ်ပြီး မမြင်ရပေ။ ၎င်းသည် အနည်းဆုံး အလယ် အလတ်အဆင့်ရှိသည့် ဝိညာဉ်လက်နက်ဖြစ်သည်မှာ ထင်ရှားသည်။ မိသားစု ကြီးမှ သခင်လေးပီသပေသည်။ သခင်ကြီးလန်ချန်းမို၏ ကျောင်းသားပီသ၏။ ညအရှင်အိမ်တော်နောက်ခံရှိသူ ပီသသည်။ ကောင်းကင်အဆင့် ဝိညာဉ်လက်နက်ဖြစ်၏။ သူတို့ မည်သို့အသက်ရှင်နိုင်မည်နည်း။
“မင်း..မင်း တကယ်ကြီး သူတို့အကုန်လုံးကို သတ်လိုက်တာလား” ဝမ်သယ်ဟွေ့၏မျက်နှာသည် ဖြူဖျော့လာကာ မြေပေါ်မှအလောင်းများကို တုန်ယင်သောလက်ချောင်းဖြင့် ညွှန်ပြလေသည် “မင်း မင်း.. သူတို့ဘယ်သူလဲ ဆိုတာ မင်းသိရဲ့လား”
ဒီလူ့မှာ ဝိညာဉ်လက်နက်ရှိတယ်ဆိုတာကို ဘာလို့ သူ့ကိုဘယ်သူကမှ မပြောပြတာလဲ။ ထို့အပြင် ကောင်းကင်ကိုအံတုနိုင်သည့် ဖွဲ့စည်းပုံနှင့် ဝိညာဉ် လက်နက်ဖြစ်နေသည်။ ဤလူသည် ဓားပိုက်ကွန်ကို မည်သည့်အချိန်က ဖန်တီးကာ လူအများ၏ အသက်ကိုရိတ်သိမ်းနိုင်ခဲ့သနည်း။ ဤမျှခွန်အားနှင့် ဆိုလျှင် ကောင်းကင်အဆင့်များအကြားတွင် အသန်မာဆုံးတည်ရှိမှုဖြစ်သည်။
“ဟင်း သူတို့က အသုံးမကျတဲ့လူတစ်အုပ်ပဲ.. သူတို့နာမည်ကို သိဖို့လိုလို့ လား” ပေထင်းဟွမ်သည် သူမ၏ဓားပျော့ကိုသိမ်းကာ မြင့်မြင့်မြှောက်လိုက် သည်။ ဒြပ်စင်စွမ်းအင်ပေါင်းစပ်မှုအောက်တွင် ဓားပျော့သည် ဝမ်သယ်ဟွေ့ အား တည့်တည့်ချိန်ရွယ်လေသည် “သူတို့က သေသွားရင်တောင် ထိုက်တန် တယ်.. ဘာလို့ အရှင်ထားရမှာလဲ”
ရူးနေပြီ ဒီလူရူးနေပြီ။ သူက တစ်ခါတည်း အယောက် ၂၀ ကျော်သတ် လိုက်တာကို ဘာမှအမှုမထားသလိုလုပ်နေတယ်။ သူမသည် လူသားလောက တွင် လှည့်လည်သွားလာနေသည့် နတ်မိစ္ဆာတစ်ကောင်ပင်။
အားလုံးသည် ပေထင်းဟွမ်အား ကြောက်လန့်သောမျက်လုံးများဖြင့် ကြည့်နေကြသည်။ သို့သော် ပေထင်းဟွမ်သည် အပြစ်မဲ့သူကိုသတ်သည်ဟု ဝမ်သယ်ဟွေ့မှလွဲပြီး မည်သူကမှမတွေးပေ။ ပေထင်းဟွမ်သည် စွမ်းအားရှင် ဖြစ်သည်။ သူမဘေးမှမိန်းကလေးသည် စေ့စပ်ထားသူဖြစ်သည်ဟု သူတို့ ကြားလိုက်ရသည်။ မည်သည့်စွမ်းအားရှင်ကမှ သူတို့၏မိန်းကလေးကို တခြား သူများထိခွင့်ပေးမည်မဟုတ်ပေ။
ဆန့်ကျင်ဘက်အနေနှင့် ပေထင်းဟွမ်သာ လူအများကို တုန်လှုပ်အောင် မလုပ်လျှင် နောက်စက္ကန့်ပိုင်းအတွင်းတွင် ဤတိုက်ကြီးမှလူများသည် သူမကို အထင်သေးကြလိမ့်မည်။
ကိုယ့်မိန်းကလေးကို မကာကွယ်နိုင်သည့်လူသည် သန်မာနေလျှင်လည်း မည်သို့အသုံးဝင်မည်နည်း။