အဂူးထွက်လာခဲ့
Vol. 26 Ch. 508
“အာ.. ငါမင်းကို သေတဲ့အထိတိုက်ခိုက်မယ်”
ဝမ်သယ်ဟွေ့သည် ထိန်းမနိုင်သိမ်းမရဖြစ်သည့် အခြေအနေသို့ ရောက် သွားသည့်အလား မျက်လုံးများသည် နီရဲလာသည်။ သူ၏ဦးဆောင်မှုအောက် တွင် ပေထင်းဟွမ်အား ဝိုင်းသည့် လူအယောက် ၂၀ ကျော်သည် သေဆုံးသွား လေပြီ။ ပေထင်းဟွမ်သည် ထိုလူများကို သတ်သဖြင့် အရှင်ထားရန် မဖြစ်နိုင် ပေ။
သူ့တွင် နတ်သားရဲတစ်ကောင်ရှိရာ အနိုင်ရနိုင်ခြေရှိသည်။
“အဂူး ထွက်လာခဲ့”
ကြည်လင်သောအသံတစ်သံသည် တောင်လမ်းတွင် ထွက်ပေါ်လာ၏။ သွေးနီရောင်အလင်းသည် ရုတ်တရက် သူမခါးပေါ်တွင် ထိုးထွက်လာသည်။ အဖြစ်အပျက်မှာ မြန်ဆန်လွင်းရာ မည်သို့ဖြစ်သွားသည်ကို မည်သူကမှ ရှင်းရှင်းလင်းလင်းမမြင်ရပေ။ အားကောင်းသောဖိအားသည် ချက်ချင်းပင် အားလုံး၏ နှလုံးကို ဆွဲညှစ်လိုက်သည်။ ကမ္ဘာကြီးတွင် ထိုဖိအားဖြင့် ပြည့်နှက် သွားလေသည်။ နေရာတစ်ခုလုံးသည် အေးခဲသွားသလိုပင်။ လေသည် မလည်ပတ်တော့ပေ။ လူများသည် အဆုတ်များ စို့တက်လာသည်။ မွန်းကြပ် သည့်ခံစားချက်ရောက်လာသည်။ သေဆုံးတရားသည် နီးကပ်လာသည်။
အဲဒါဘာလဲ။ နတ်လက်နက်လား။ နက်လက်နက်ဆိုရင်တောင် တိုက်ခိုက်တဲ့အချိန်ဆို ဒီလောက်အားမကောင်းနိုင်ဘူး။
ဗက်…
အားလုံး၏ သံသယများ အဖြေမရခင်တွင် ဝမ်သယ်ဟွေ့ခန္ဓာကိုယ်ပေါ်မှ အသွင်ပြောင်းထားသော ချပ်ဝတ်တန်ဆာသည် ရွံ့ကဲ့သို့ မြေပေါ်သို့ ကွာကျ လေ၏။ ၎င်းသည် ခေါင်းကိုလက်ဖြင့်ကာထားကာ လေးဘက်ကုန်းတွားသွားပြီး ပေထင်းဟွမ်ကို အညံ့ခံလေသည်။
၎င်းသည် အဆင့် ၅ ဝိညာဉ်သားရဲ မီးခိုရောင်ဝံပုလွေဖြစ်သည်။ သာမန် ဝိညာဉ်သခင်တွင် ဤကဲ့သို့ ဝိညာဉ်သားရဲပိုင်ဆိုင်ခြင်းသည် ကောင်းကင်၏ ကောင်းချီးပေးခံရခြင်းဖြစ်သည်။ ဤအခိုက်အတန့်တွင် ၎င်းသည် မတိုက်ခိုက် ဘဲအရှုံးပေးနေသည်။
ဝမ်သယ်ဟွေ့၏ ဝိညာဉ်သားရဲတင်သာမကဘဲ တောင်လမ်းပတ်လည် တွင်ရှိသည့် ရွှေပွဲလာပရိသတ်ဖြစ်သော ကျောင်းသားသစ်များ၏ ဝိညာဉ်သားရဲ များသည်လည်း ပြားပြားဝပ်နေကြသည်ကို တွေ့လိုက်ရသည်။ ဝမ်သယ်ဟွေ့ ၏ မှော်သားရဲကဲ့သို့ပင် သူတို့အားလုံးသည် ပေထင်းဟွမ်အား အညံ့ခံနေကြ သည်။ ထိုမြင်ကွင်းသည် အားလုံးကို မှင်တက်သွားစေသည်။
၎င်းသည် မှော်သားရဲများ၏ ဖိအားဖြစ်သည်။ အဆင့်မြင့်မှော်သားရဲသာ ထိုကဲ့သို့ဖိအားမျိုး ပိုင်ဆိုင်နိုင်သည်။
ပေထင်းဟွမ်သည် ထိုမှော်သားရဲကို ဆင့်ခေါ်ခဲ့သည်မှာ သံသယဝင်ဖွယ် ရာမရှိပေ။ ထိုသွေးနီရောင်လက်ပတ်သည် သူမ၏မှော်သားရဲဖြစ်သည်။ မည်သည့်မှော်သားရဲသည် ထိုမျှသေးငယ်ပြီး ဤမျှကြီးမားသော ဖိအားရှိနိုင် မည်နည်း။ ဆိုလိုသည်မှာ ထိုမှော်သားရဲသည် ပုံစံငယ်သာဖြစ်သည်။
ပုံစံငယ်ပြောင်းထားသည့် မှော်သားရဲသည် မျှော်သားရဲများစွာကို အညံ့ခံ လာအောင်လုပ်နိုင်သည့် ဤမျှအားကောင်းသော စွမ်းအားကိုထုတ်လွှတ်နိုင် သည်။ ထိုအဓိပ္ပာယ်သည် ဤမျှော်သားရြသည် အနည်းဆုံး မွန်မြတ်သော သားရဲအဆင့်ရှိလိမ့်မည်။
မျက်လုံးများသည် ချက်ချင်းပင် လင်းလက်လာသည်။ မွန်မြတ်သော သားရဲ။ အဆင့်မြင့်ကြယ်ဓားသခင်နှင့် မွန်မြတ်သောသားရဲ.. ၎င်းသည် အင်ပါယာကျောင်းတော်တစ်ခုလုံးတွင် မယုံကြည်နိုင်လောက်သည့်တည်ရှိမှု ဖြစ်သည်။
မဟုတ်သေးဘူး.. ဓားသခင်က ဘာလို့မှော်သားရဲလိုတာလဲ။
သူတို့သည် ပေထင်းဟွမ်ကဲ့သို့ အားကောင်းသော သတ္တဝါ၏ ရိုက်ခတ် ခြင်းကိုခံလိုက်ရခြင်းဖြစ်မည်။ မှော်သားရဲနှင့် စာချုပ်တည်ထောင်နိုင်သည့်လူ သည် ဓားသခင်မဟုတ်နိုင်ပေ။ ဆိုလိုသည်မှာ ပေထင်းဟွမ်သည် ဝိညာဉ်သခင် ဖြစ်သည်။ ဤကမ္ဘာတွင် သခင်၏အမိန့်ကို နားထောင်ရန် စာချုပ်မလိုသည့် အိမ်မွေးသားရဲမရှိခြင်းမဟုတ်ပေ။ သို့သော် အသန်မာဆုံးမှော်သားရဲသည် ဝိညာဉ်သားရဲအဆင့်သာဖြစ်လိမ့်မည်။ သူတို့သည် မွန်မြတ်သောသားရဲအဆင့် ရှိသည့် မှော်အိမ်မွေးသားရဲရှိသည်ဟု တစ်ခါမှမကြားဖူးပေ။
ဝိညာဉ်သခင်လား.. ပေထင်းဟွမ်က ဝိညာဉ်သခင်လား..
အားလုံးသည် မိုးပေါ်မှ နီရဲသောမိုးများကျလာသည်ကိုသာ ခံစားရ၏။ အားကောင်းသောမှော်သာရဲရှိသည့် ဝိညာဉ်သခင်သည် အဆင့်မြင့်ဓားသခင် ဖြစ်နေသည်။ ဒါ.. ဒါ.. ဒါ.. သူတို့ဘယ်လို အသက်ရှင်ရတော့မှာလဲ။
မျက်လုံးများသည် ပေထင်းဟွမ်အပေါ် ကျရောက်လာသည်။ ဒီလူက ဘာလို့ ဒီလောက်ကံကောင်းနေတာလဲ။
ဆရာနန်လင်းသည် ဝိညာဉ်သခင်တစ်ဦးဖြစ်သည်ကို သူတို့ သိထားသင့် သည်။ အကယ်၍ ပေထင်းဟွမ်သာ ဝိညာဉ်သခင်မဟုတ်လျှင် သူ၏တပည့် အဖြစ် အဘယ့်ကြောင့် လက်ခံမည်နည်း။
သို့သော် ပေထင်းဟွမ်သည် ဝိညာဉ်သခင် မည်သည့်အဆင့်တွင်ရှိနေ သနည်း။ အဆင့် ၃ လား.. သူတို့ကို ထိုအတိုင်းတော့ မခြောက်လှန့်သင့်ပေ။ သူတို့ ဝယ်မည်မဟုတ်။
“ဟင်း မင်းက ဝိညာဉ်သခင်ကြီးဖြစ်နေတော့လည်း ဘာလုပ်ရမှာလဲ.. မွန်မြတ်တဲ့သားရဲလောက်နဲ့…” ဝမ်သယ်ဟွေ့သည် ထစ်ထစ်ငေါ့ငေါ့နှင့် ခက်ခက်ခဲခဲ တံတွေးမျိုချလေသည်…