← Chapters

ဘုရင်ရဲ့ရှေ့မှာ ဒီငတုံးဝက်ဝံက ထောင်လွှားရဲတာလား

Vol. 26 Ch. 509

ဘုရင်ရဲ့ရှေ့မှာ ဒီငတုံးဝက်ဝံက ထောင်လွှားရဲတာလား

Vol. 26 Ch. 509

ဝမ်သယ်ဟွေ့သည် ပေထင်းဟွမ်၏ခွန်အားကို ကြောက်လန့်၍လားမသိ ပေ စကားကိုရှင်းရှင်းလင်းလင်း မပြောနိုင်တော့ပေ။ မွန်မြတ်သော သားရဲ ရှိသည့် ကောင်းကင်အဆင့် ဓားသခင်၊ အဆင့် ၃ ခွန်အား ဝိညာဉ်သခင်သည် နတ်သားရဲတစ်ကောင်ကို မယှဉ်နိုင်ဟု သူထင်နေသည်လားမသိပေ။

သို့သော် သူစကားမဆုံးခင်တွင် သူ့ဘေးတွင် မြေကြီးအက်ကွဲသွားနိုင် သည့်အသံထွက်ပေါ်လာသည်။ သူလှည့်ကြည့်ရာ ကြက်သေသေသွား၏။

သူ၏ ဝမ်းတွင်းနတ်သားရဲဖြစ်သည့် သံမဏိကျောကုန်းအညိုရောင်ဝက်ဝံ သည် မြေပေါ်တွင် ပြိုလဲနေလိမ့်မည်ဟု ဝမ်သယ်ဟွေ့ထင်မထားပေ။ ၎င်းသည် လက်နှစ်ဖက်ဖြင့် ခေါင်းကိုအုပ်ထားပြီး ပေထင်းဟွမ်အား ဦးညွှတ်နေသည်။

ဒီမှာ ဘာတွေဖြစ်နေတာလဲ။

“သံမဏိကျောကုန်း မင်း ဘာလုပ်နေတာလဲ ထလေ” ဝမ်သယ်ဟွေ့ သည် ဤအရာထက် သေလိုက်သည်ကမှ ပိုကောင်းသည်ဟု ခံစားရသည်။ ဂုဏ်မြင့်သည့်နတ်သားရဲသည် ရှက်စရာအခြေအနေဖြစ်နေသည်။ ပေထင်းဟွမ်ရှေ့မှာ ကြောက်စရာ ဘာရှိလို့လဲ။ သူ့မှာ မွန်မြတ်တဲ့သားရဲရှိရင် တောင် ဒီလိုမျိုး အရှက်မရှိတဲ့လုပ်ရပ် လုပ်စရာမလိုဘူး ဟုတ်ပြီလား။

“ဟား”

အားကောင်းပြီး အနည်းငယ်ကွဲအက်သောအသံသည် အထင်သေးစွာ ပေါ်ထွက်လာသည်။ ပေထင်းဟွမ် လက်ကောက်ဝတ်လှည့်လိုက်သည်နှင့် လှုပ်ရှားမှုတစ်ချက်ချင်းစီသည် လူတစ်ဦး၏လည်ပင်းကို မမြင်နိုင်သည့်လက် ဖြင့် ဆွဲညှစ်ထားသလိုဖြစ်နေသည်။ မသိလိုက်ခင်မှာပင် ထိုနေရာရှိလူများ သည် သူတို့၏လည်ပင်းကို ဆုပ်ကိုင်မိကြသည်။ သေမင်းတမန်မှ ဆင့်ခေါ်သည့် ခံစားချက်သည် အလွန်ကြောက်မက်ဖွယ်ကောင်းလှသည်။

“အရူး မင်းမှာ အရည်အချင်းရှိရင် မင်းရဲ့ဝက်ဝံငတုံးကို ထခိုင်းလိုက်လေ.. ဒီဝက်ဝံငတုံးက ငါ့ရှေ့မှာ ထောင်လွှားရဲဦးမလားလို့ ကြည့်ချင်သေးတယ်”

အဂူး စကားဆုံးသည်နှင့် ရွှေ့ပြောင်းအစီအရင်တစ်ခုလုံး အနီးအနား သည် တိတ်ဆိတ်သွားလေသည်။ တောင်လေပင်လျှင် ရပ်တန့်သွားလေသည်။ မြေအောက်မှ ပိုးမွှားများပင် အသံမထွက်ရဲကြတော့ပေ။ လေမုန်တိုင်းမတိုက် ခင် တိတ်ဆိတ်နေသည်နှင့်တူသည်။

အတန်ကြာပြီးနောက် အသံတစ်သံထွက်ပေါ်လာသည်။ ၎င်းသည် ပေထင်းဟွမ်၏ အနောက်မှပေါ်ထွက်လာခြင်းဖြစ်သည်။ ယွမ်ဟဲ့သည် စိတ်လှုပ်ရှားမှုကို မထိန်းနိုင်တော့ဘဲ ပျော်ရွှင်စွာဖြင့် ထခုန်လုနီးပါးပင်။ “သူ စကားပြောနေတယ်.. သူစကားပြောနိုင်တယ် ဟားဟား ခေါင်းဆောင်မှာ နတ်သားရဲရှိနေတယ်”

နတ်သားရဲတစ်ကောင်၏ တည်ရှိမှုသည် အလွန်ကြောက်စရာကောင်းနေ ပြီဖြစ်သည်။ အဂူးသည် သူ၏လူသားအသွင်မပြောင်းခင်တွင် မည်သူကမှ သူ့ကို အထွတ်အမြတ်သားရဲအဖြစ် မဆက်ဆံကြပေ။

အထွတ်အမြတ်သားရဲသည် ဒဏ္ဍာရီအလာအဆင့်ဖြစ်သည်။ သူတို့၏ တည်ရှိမှုကို ပြောရုံနှင့်တင် လူတစ်ဦး၏ဝိညာဉ်ကို တုန်ယင်သွားစေသည်။

ယွမ်ယြ့သည် သူ့ကိုနတ်သားရဲဟု ပြောလိုက်သည်ကို ကြားပြီးနောက် အဂူးသည် ပေထင်းဟွမ်အား အထင်သေးသော မျက်လုံးဖြင့် ကြည့်လိုက်၏။ ထင်ထားသည့်အတိုင်းပင် သူသည် ချီးကောက်သမား၏ သားဖြစ်သည်။ သူသည် လုံးဝပင် မသိတတ်ပေ။ ထိုလူသည် သူ့ကို အားနည်းသော နတ်သားရဲ များနှင့် နှိုင်းယှဉ်နေသည်။ သူသည် အခွင့်အရေးရှာပြီး ဤကလေးကို ခြောက်လှန့်ရမည်။

“အဂူး မင်း ငါ့အမိန့်မရှိဘဲ လူသားအသွင်ပြောင်းခွင့်မရှိဘူး။ မင်မနိုးခင် မင်းက ငါ့ရဲ့ဝှက်ဖဲပဲ.. လင်အာကို ထိခိုက်ခွင့်မပြုတာကြောင့်သာမဟုတ်ရင် မင်းကို ငါဆင့်ခေါ်မှာမဟုတ်ဘူးဆိုတာ သိထားသင့်တယ်” ပေထင်းဟွမ်သည် အဂူးကို စိတ်ထဲမှ ပြောလိုက်သည်။

ကြယ် ၁ ပွင့်နတ်သားရဲကို ကိုင်တွယ်ရန် ပေထင်းဟွမ်တွင် နည်းလမ်း ပေါင်းများစွာရှိသည်။ သူမသည် အဆင့် ၃ ဝိညာဉ်သခင်ဖြစ်လျှင်တောင် တိုက်ပွဲကို မြန်မြန်ဆန်ဆန် အဆုံးသတ်နိုင်သည်။ သို့သော် သူမသည် မုချင်းလင်နှင့်ဆိုလျှင် မစွန့်စားနိုင်ပေ။ သူမသာ အနည်းငယ်ဒဏ်ရာရသွားလျှင် ပေထင်းဟွမ်သည် ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်နိုင်မည်မဟုတ်ပေ။

၎င်းသည် အလွန်ပင် ဝမ်းနည်းဖွယ်ကောင်းလှသည်။ ပေထင်းဟွမ်တွင် လက်ရှိ၌ မှော်သားရဲမည်မျှရှိသနည်း။

ခေါင်းဆောင်မင်အပြင် လျှပ်စီး၊ မိုးကြိုးသွား၊ ကျို့ယန်၊ လင်းမို၊ ရှောင်ကျောက်၊ အလင်းစီးကြောင်း၊ နွယ်ပင်လေးနှင့် အဂူးတို့ရှိသည်။ သို့သော် မြို့တော်တွင်ပေါ်လာသည့် အဂူးမှလွဲပြီး မည်သည့်မှော်သားရဲကိုမှ ထုတ်မပြခဲ့ ပေ။

“ငါ အခွင့်အရေးရှာပြီး ပိုအားကောင်းတဲ့ မှော်သားရဲတွေနဲ့ စာချုပ်တည်ထောင်ဦးမယ် ဒါပေမဲ့ အခုတော့ အထွတ်အမြတ်သားရဲကလွဲပြီး သာမန်မှော်သားရဲတွေက ငါ့အတွက်ဘာမှမဟုတ်ဘူး” ပေထင်းဟွမ်သည် စိတ်ထဲမှရေရွတ်လိုက်သည်။

စိတ်ထဲတွင် ထိုအတွေးတွေးလိုက်သည်နှင့် သားရဲများသည် ပိုခေါင်းငုံ့ သွားကြသည်။ ဟင်း.. အားနည်းလွန်းတာ သူတို့အမှားပါပဲ။ သူတို့က တကယ်ပဲ သူတို့သခင်ကိုတောင် မကူညီနိုင်ကြဘူး…

All Chapters