တောင်းပန်ခြင်း
Vol. 26 Ch. 510
“ဟူး ငါဘယ်တော့မှ အထွတ်အမြတ်သားရဲဖြစ် တိုးတက်မှာလဲ” ကျို့ယန်သည် သူမ၏ခေါင်းကိုခါယမ်းလေသည်။ သူမ၏ အမွေးထူသည့် မီးနှင့် တူသောအမြီးသည် အနောက်တွင် နူးညံ့စွာဝေ့ယမ်းနေကာ သူမကို ကူကယ်ရာ မဲ့သည့်ပုံပေါက်စေသည်။
ကျို့ယန် ထိုသို့ပြောည်နှင့် ပေထင်းဟွမ်၏ မွန်မြတ်သောသားရဲများသည် ငိုလုနီးပါးပင်ဖြစ်သွားကြ၏။ နွယ်ပင်လေးသည် ခံစားရသက်သာသည်။ သူမသည် အပင်မှော်သားရဲဖြစ်ကာ တိုက်ပွဲတွင် ဝင်တိုက်ခိုက်ရလေ့ရှိသည်။ အားအနည်းဆုံး ကြယ် ၇ ပွင့်မွန်မြတ်သောသားရဲ ရှောင်ကျောက်သည် မျက်ရည်များကို သုတ်ပြီး လျှပ်စီး၏အမြီးပေါ်ထိုင်လိုက်သည် “ငါက ကြယ် ၇ ပွင့်မွန်မြတ်တဲ့သားရဲပဲရှိသေးတယ် ဟီး ဟီး မင်းတို့အားလုံး ငါ့ကိုအနိုင်ကျင့်ကြ တာ”
“သေလေ” လျှပ်စီး အော်မြည်လေသည်။ သူ့အမြီးသည် သူမကြောင့် ကျိုးလုမတတ်ပင်။ သို့သော် သူ၏ ရှောင်ကျောက်၏ ချစ်စရာကောင်းသော မျက်လုံးများထဲမှ မျက်ရည်ကျလာသည်ကို မြင်သောအခါ လျှပ်စီးသည် ကျိန်ဆဲ မည့်စကားလုံးများကို မျိုသိပ်လိုက်သည်။ အမျိုးသားတစ်ယောက်အနေနှင့် သူ သဘောကျသည့် မိန်းကလေးကို သည်းခံရမည်မဟုတ်ပါလား။
“ဟူး ကျင့်ကြံဖို့ကိုပဲ အာရုံစိုက်ကြတာပေါ့.. ငါတို့မှာ အားသာချက်တွေရှိ ပါသေးတယ်.. ပင်မတိုက်ကြီးမှာက အချိန် ၁၀ ရက်ကွခြားချက်ရှိတယ်.. ပင်မ တိုက်ကြီးမှာမရှိတဲ့ နတ်မိစ္ဆာစွမ်းအင်လည်းရှိတယ်.. ငါတို့သာ ပျင်းမနေရင် သခင့်ကိုမကြာခင် ကူညီပေးနိုင်မှာပါ” လင်းမိုသည် ခေါင်းအလယ်ရှိ အနီရောင် နတ်မိစ္ဆာမျက်လုံးများကို ဖွင့်လိုက်၏။ သူတို့၏သခင်သည် အပြင်တွင် တိုက်ခိုက်နေသော်လည်း သူတို့သည် ဤနေရာတွင် ပျင်းရိပြီး သဘောထားကွဲ လွဲနေကြသည်။
ထင်ထားသည့်အတိုင်းပင် လင်းမို၏စကားလုံးများသည် အသံများကို တိတ်သွားစေသည်။
လေ့ကျင့်ရေးကွင်းတွင် တောင်လမ်းပေါ်တွင်ရှိနေသည့် ပေထင်းဟွမ် သည် နောက်ဆုံးတွင် ငြိမ်ကျသွားသည်။ သူမသည် သူ့ကို မချီးကျူးဘဲမနေနိုင် ပေ။ လင်းမိုသည် အမြင်ရှိသည်။
သားရဲများအားလုံးသည် အထူးသဖြင့် လင်းမို၏ နှုတ်ခမ်းပြုံးသွားသည်ကို မြင်လိုက်ရချိန်တွင် ချက်ချင်းပင် နှုတ်ဆိတ်သွားကြ၏။ အားလုံးသည် သူ့ကို အထင်သေးသည့် အကြည့်ဖြင့် ကြည့်လိုက်ကြ၏။ ကောင်စုတ် မင်းက သခင့်ကို ပျော်အောင် လုပ်မယ့်နည်းလမ်းကို အချိန်မရွေးစဉ်းစားနိုင်တယ်။ ဟင်း အစ်ကို ကြီးမင်နိုးလာရင် သူ့ကိုသတ်နိုင်မလားဆိုတာကို ကြည့်ကြတာပေါ့။
လင်းမိုသည် မျက်ခွံပင် ပင့်မလာပေ။ အစ်ကိုကြီးမင်က ဘယ်လိုလုပ် ဒီအရူးတွေကို ကိုင်တွယ်မှာလဲ။ အစ်ကိုကြီးမင်သာ သူတို့နဲ့ရှင်းရမယ်ဆိုရင် ညအရှင်နဲ့လည်း ကိစ္စရှင်းရမှာပဲ။ သူက ဘယ်သူမို့လို့လဲ။
ထိုသားရဲများအကြားတွင် အသည်းအမဲဆုံးဖြစ်သည်။ အမှောင်ဒြပ်စင် မှော်သားရဲပီသသည်။
အဂူး၏ဖိနှိပ်မှုနှင့် အထွတ်အမြတ်သားရဲများသည် ၎င်းတို့၏ နယ်ပယ်ကို ထုတ်လွှတ်ကာ သံကျောကုန်းအညိုရောင်ဝက်ဝံကို အသက်မရှူနိုင်လောက် အောင်ပင် ဖိနှိပ်ကြလေသည်။ ပွဲမစခင်တွင် သံကျောကုန်းအညိုရောင်ဝက်ဝံ၏ ဝိညာဉ်သည် စတင်အားနည်းလာသည်။ ၎င်း၏ခင်တစ်ယောက်အနေနှင့် ဝမ်သယ်ဟွေ့သည် သံကျောကုန်းအညိုရောင်ဝက်ဝံ၏ ဝိညာဉ်ထဲမှ တုန်ယင်မှု ကို ခံစားမိမိသည်။ သူသည် ခုခံရန် ခွန်အားမရှိတော့ပေ။
ပေထင်းဟွမ်သည် ဓားပျော့ ၉ ချောင်းထုတ်ပြီး မုချင်းလင်နှင့် ယွမ်ဟဲ့တို့ အား မမြင်အောင်ကာလိုက်သည်။ သူမသည် လက်ထဲတွင် ဓားပျော့ကိုင်ကာ ဝမ်သယ်ဟွေ့ဆီသို့ လျှောက်သွားလိုက်သည်။ ညလေတိုက်ခတ်လာရာ ပေထင်းဟွမ်၏ ခရမ်းရောင်ဖဲပြားနှင့်ရောနေသည့် ဆံပင်ရှည်သည် လေထဲတွင် အရိုင်းဆန်စွာဖြင့် ကခုန်နေသည်။ သူမခန္ဓာကိုယ်ပေါ်မှ ပြောင်မြောက်သည့် အနက်ရေင်ဝတ်ရုံသည် လေထဲတွင် လှုပ်ခါနေသည်။ ထိုအခိုက်အတန့်တွင် ဝမ်သယ်ဟွေ့သည် အလွန်နောင်တရမိသည်။ ပေထင်းဟွမ်သည် အလွန်ဂုဏ် သိက္ခာရှိပြီး မထိနိုင်သည့်လူဖြစ်သည်ကို အရင်ကဘာကြောင့် မသိခဲ့ရသနည်း။
ခွန်အားရှိခြင်းကသာလျှင် လူများကို အားကောင်းအောင်လုပ်နိုင်သည်။ ခွန်အားရှိခြင်းကသာ ဤကဲ့သို့တားမရသည့် ရောင်ဝါကိုထုတ်လွှတ်နိုင်သည်။
ပေထင်းဟွမ်၏ မျက်လုံးထဲကို တည့်တည့်မကြည့်ရဲသလို ဝမ်သယ်ဟွေ့ ၏ ဝိညာဉ်စွမ်းအားသည် ခြေရင်းတွင်လဲလျောင်းနေသည့် သံကျောကုန်း အညို ရောင်ဝက်ဝံဆီသို့ စီးဝင်သွားလေသည်။ သူသည် စိတ်ထဲမှ ဆက်တိုက် အမိန့် ပေးနေသည “ထတော့ ဟေ့ကောင် ထတော့”
“သခင် တောင်းပန်လိုက်ပါ.. ဒီမြွေက အရမ်းကြောက်ဖို့ကောင်းတယ် ငါ မခံနိုင်တော့ဘူး”
ဝမ်သယ်ဟွေ့၏ အသိစိတ်ပင်လယ်ထဲတွင် သံကျောကုန်းအညိုရောင် ဝက်ဝံ၏ တုန်ယင်နေသောအသံသည် သူ့ခြေထောက်များကို အားပျော့သွားစေ ကာ ခန္ဓာကိုယ်သည် မြေပေါ်သို့ အလိုလိုလဲကျသွားလေသည်။ သူ့ပါးစပ်မှ ထွက်လာသည့်အသံဖြစ်လိမ့်မည်ဟု မယုံနိုင်ပေ “သခင်ကြီးပေထင်းဟွမ် မင်းကို ငါ မပြစ်မှားရဲပါဘူး.. ကျေးဇူးပြုပြီး အသက်ချမ်းသာပေးပါ”