အညှာတာမဲ့ခြင်း
Vol. 26 Ch. 511
သူ့ကို သက်ညှာပေးရမယ်ဟုတ်လား။ ဒါမှမဟုတ် အသက်ချမ်းသာပေးရ မှာလား။ ပေထင်းဟွမ်သည် နှာမှုတ်လိုက်သည်။ သူမသည် ထိုအရာမျိုးကို အရင်ကမလုပ်ဖူးပေ။ သူမ၏အရင်ဘဝနှင့် ယခုဘဝတွင် ခွင့်မလွှတ်သင့်သည့် လူမျိုးကို ခွင့်မလွှတ်ခဲ့သည့်အတွက် ကောင်းကောင်းနေနေရခြင်းပင်။
နတ်သားရဲတစ်ကောင်ရှိပြီး လူအယောက် ၂၀ ကျော်ကို ဦးဆောင်ကာ သူမကို ဝိုင်းသည့်လူကို ခွင့်လွှတ်လိုက်လျှင် သူမသည် ပေထင်းဟွမ် ပီသဦးမည် လား။ သူမ၏ အရင်ဘဝတွင် ဇာမဏီဖြစ်ဦးမည်လား။
သင်္ချိုင်းပေါ်မှ မြက်သည် လူတစ်ရပ်စာအရွယ် မြင့်သည်မဟုတ်ပါလား။
“မြန်မြန်ပြီးတော့” ပေထင်းဟွမ်၏ နတ်ဆိုးနှင့်တူသောအပြုံးသည် တောင်လမ်းကို ဖြတ်တိုက်သွားသည့် မုန်တိုင်းကဲ့သို့ ထွက်ပေါ်လာသည်။ “မင်း အဖေ မင်းကိုပေးတဲ့ဒီနာမည်က မကောင်းပါဘူးလို့ ငါပြောားပဲ.. ဘယ်သူ့ကို အပြစ်တင်ဦးမှာလဲ.. ဝမ်သယ်ဟွေ့ မင်းကို သက်ညှာပေးရမှာလား.. ဒီနေ့ ရှုံးတဲ့ သူက ငါဖြစ်ရင် ဘယ်လိုလုပ်မှာလဲ.. မင်း ဘာလုပ်မှာလဲ”
ဝမ်သယ်ဟွေ့၏ ပခုံးကိုတက်နင်းပြီး ပေထင်းဟွမ်၏ ထင်ရှားလှသော မေးစေ့သည် အမှောင်ထဲတွင် ကျောက်စိမ်းကဲ့သို့ တောက်ပနေသည်။ သူမ၏ အနီရောင်နှုတ်ခမ်းများသည် လှပသောလခြမ်းကဲ့သို့ တဖြည်းဖြည်းကွေးတက် သွားပြီး ကြည့်ရသည်မှာ ကြောက်မက်ဖွယ်ကောင်းလေသည်။
ပေထင်းဟွမ်၏ ဆွဲဆောင်မှုသည် သူမ၏ အသံအေးစက်သည့်တိုင် အောင် လူအများကို သက်ရောက်မှုရှိသည်ဟု ပြော၍ရသည်။ သူမ၏အသံကို ကြားလိုက်ရသည့် တောင်လမ်းပတ်ပတ်လည်ရှိလူများသည် တွေးကြတော့ သည်။ ဟုတ်တယ်.. ဒီနေ့ ဒီမှာရှုံးတဲ့သူသာ ပေထင်းဟွမ်ဆိုရင် ဘယ်လိုဖြစ်မှာ လဲ။
ပြောစရာမလိုအောင်ပင် ပေထင်းဟွမ်နှင့် ဇနီးလောင်းကို သတ်ပစ်လို သော ဆန္ဒသည် ယခုသေဆုံးသွားသော အယောက် ၂၀ ၏ မျက်လုံးများနှင့်ပင် ပြဿနာကိုဖြေရှင်းပြီးဖြစ်လေသည်။
သူ သူမကိုသတ်မှာပဲမဟုတ်လား။
ဤတိုက်ကြီးတွင် သန်မာသူသည် လေးစားခံရပြီး ခွန်အားသည် စကား ပြောသည်။
ထို့အပြင် ဝမ်သယ်ဟွေ့သည် အလွန်ထောင်လွှားကာ လူအများကို အနိုင် ကျင့်ခဲ့သည်။ ပေထင်းဟွမ်၏ စကားနှင့်အတူ သူမလက်ထဲမှ ဓားပျော့သည် တဖြည်းဖြည်း ဝမ်သယ်ဟွေ့၏လည်ပင်းပေါ်ကျရောက်ကာ အားလုံး စိတ်အေး သွားကြလေသည်။
တိုက်ပွဲသည် နောက်ဆုံးတွင် ပြီးဆုံးတော့မည်။ သူတို့သည် ယခုနေရာ နှင့် ဤအန္တရာယ်ဇုန်မှ ထွက်ခွာရန် အချိန် ၇ ရက်ရသည်။ သူတို့တွင် လုံလောက်သည့် အချိန်မရှိပေ။ သို့သော် ဝင်လာသည်နှင့် ကြီးမားသော တိုက်ပွဲ ကြောင့် နှောင့်နှေးသွားကြလိမ့်မည်ဟု ထင်မထားကြပေ။
အန္တရာယ်ဇုန်ရှိ တခြားနေရာမှ ပြေးလာသည့် တချို့သောအကြီးတန်း အဖွဲ့များကလည်း တိုက်ပွဲကို အဝေးမှကြည့်နေခဲ့ကြသည်။ သူတို့သည် ပေထင်းဟွမ်နှင့် မရင်းနှီးကြပေ။ ကျောင်းသားသစ် နာမည်စာရင်းသွင်းသည့် နေ့တွင် သူတို့သည် ပေထင်းဟွမ်နှင့် ကာမယ်ရွန်တို့၏ တိုက်ပွဲကို တွေ့ခဲ့ကြ သည်။
ပြီးခဲ့သည့် သုံးရက်အတွင်းတွင် ကျောင်းတော်ရှိ အကြီးတန်းကျောင်းသား များသည် ပေထင်းဟွမ်အကြောင်း စုံစမ်းခြင်းနှင့် အချိန်ကုန်ခဲ့ကြသည်။ သူမ သည် ပေထင်းမိသားစုမှ အသုံးမကျသည့် သခင်လေး ၉ ဖြစ်သည်ကို သိရှိပြီး နောက် အင်ပါယာကျောင်းတော်မှလူများသည် မှင်တက်ခဲ့ရသည်။ အမှိုက် ဟုတ်လား။ ဒီလိုပြိုင်ဘက်ကင်းပါရမီရှင်က တကယ်ကို အမှိုက်လို ဆက်ဆံခံ နေရတယ်။
“ဝိညာဉ်သခင်မိသားစုမှာ ဓားသခင်တွေက အမှိုက်လို ဆက်ဆံခံရတာ လား”
အားလုံး ထိုသို့တွေးနေချိန်တွင် ပေထင်းဟွမ်သည် အဆင့်မြင့်မှော်သားရဲ ၏ ခွန်အားကို ထုတ်ပြလေသည်။ ချက်ချင်းဆိုသလိုပင် အားလုံး၏ ခေါင်းကို မိုးကြိုးပစ်လိုက်သလိုပင်။ အားလုံးသည် စိတ်ထဲမှ အော်မိကြသည်။ ဘာတွေ ဖြစ်နေတာလဲ။ ဘာတွေဖြစ်နေလဲဆိုတာ ဘယ်သူပြောနိုင်မလဲ။
ဒုန်း
ခေါင်းတစ်လုံးသည် ပေထင်းဟွမ်၏ခြေရင်းမှ တောင်လမ်းအတိုင်း လှိမ့်ကျလာကာ ဝမ်သယ်ဟွေ့၏အသက်ပျောက်သွားလေသည်။ ထိုမြင်ကွင်း သည် သူမနောက်ကိုလိုက်သည့် မုချင်းလင်နှင့် ယွမ်ဟဲ့အပါအဝင် အားလုံးကို တုန်လှုပ်စေသည်။ ထိုလူငယ်သည် ဤမျှရက်စက်လိမ့်မည်ဟု မည်သူမှ ထင် မထားကြပေ။
အထူးသဖြင့် ထိုအရာများအားလုံးကို လုပ်ပြီးသည့်တိုင်အောင် သူမသည် မျက်တောင်တစ်ချက်မခတ်ပေ။ သူမအတွက် မထူးခြားသော်လည်း အားလုံး သည် မယုံနိုင်ဖြစ်နေကြသည်။
၁၄ နှစ်အရွယ် စွမ်းအားရှင်နှင့်ပတ်သက်ပြီး သဘာဝကျသောအရာ တစ်ခု မှမရှိပေ။ သူမ၏ခွန်အားသည် သေခြင်းရှင်ခြင်းကို မရေမတွက်နိုင်အောင် ကြုံပြီးမှရလာသည့်အရာဖြစ်နိုင်သည်။
တဒင်္ဂအတွင်းတွင် ထိုလူငယ်အားကြည့်သည့် အားလုံး၏အကြည့်သည် နက်ရှိုင်းလာသည်.. သူမ၏ ပုံရိပ်သည် အားလုံး၏ဝိညာဉ်ထဲထိရောက်ကာ အတွေးများကို နက်ရှိုင်းစေသည်...