Chapters

သခင်လေး ၉ က လူမိုက်မဟုတ်ဘူး

Vol. 26 Ch. 512

သခင်လေး ၉ က လူမိုက်မဟုတ်ဘူး

Vol. 26 Ch. 512

“အဂူး ဒီနားမှာ မှော်သားရဲတွေရှိမလားလို့ ငါ့ကိုကူပြီး အာရုံခံပေးပါဦး.. ငါ တစ်ကောင်လောက် ဖမ်းချင်တယ်.. မွန်မြတ်တဲ့သားရဲဆိုရပြီ” ပေထင်းဟွမ် သည် အဂူးအား အသံကူးပြောင်းနည်းဖြင့် ပြောလိုက်၏။

လက်ရှိ သူမတွင် အဖွဲ့တစ်ဖွဲ့ရှိသော်လည်း ဤ ၇ ရက်အတွင်းတွင် ယွမ်ဟဲ့အား မှော်သားရဲတစ်ကောင်ရှာမပေးလျှင် ယွမ်ဟဲ့သည် သူမကို ပြန် ပေးဆပ်မည်မဟုတ်ပေ။ ပေထင်းဟွမ်သည် သူမ၏ဦးဆောင်မှုအောက်တွင် အဖွဲ့သားများကို ထိခိုက်ခွင့်ပြုမည်မဟုတ်ပေ။

မုချင်းလင်အတွက် ပေထင်းဟွမ်သည် နေရာတစ်နေရာရှာပြီး အဆိပ်ဖြေ ပေးရန် ဆုံးဖြတ်လိုက်သည်။ နဂိုက သူမတွင် ကြယ် ၇ ပွင့်နတ်သားရဲတစ် ကောင်ရှိသည်။ သို့သော် အဆိပ်ကြောင့် သူမ၏သွေးကြောများ ပိတ်ဆို့သွားပြီး မှော်သားရဲနှင့်ပင် စာချုပ်မတည်ထောင်နိုင်တော့ပေ။ သူမသည် နန်ကုန်းကျိယင်နှင့် မုဝမ်ယဲ့တို့ကို အနှေးနှင့်အမြန် ပြန်ပေးဆပ်ခိုင်းမည်။

ဘယ်ညာဘက်ရှိ တောင်နှစ်လုံးတွင်ပေါ်နေသည့် ဦးခေါင်းများကို လျစ်လျူရှုကာ ခြေရင်းတွင် လဲနေသည့် ဝမ်သယ်ဟွေ့ကို ပေထင်းဟွမ် ကန် လိုက်၏။ သူသည် သေသည်ထက်ပင် ငြိမ်သက်နေသည်။ သူတို့သည် ဤနေရာ မှ မြန်မြန်ထွက်ခွာရမည်။ သွေးနံ့များသည် မကြာခင်တွင် အဆင့် ၁ နတ်မိစ္ဆာ လင်းတများစွာကို ဆွဲဆောင်မိလိမ့်မည်။ ထိုအကောင်ကြီးများသည် မိုးပေါ်တွင် ပျံသန်းကာ အလောင်းစားခြင်းကို နှစ်သက်ကာ အထူးသဖြင့်ရက်စက် ကြမ်းကြုတ်သည်။ သူတို့သည် အဆင့် ၁ နတ်မိစ္ဆာသားရဲမျှသာရှိသော်လည်း အဖွဲ့လိုက်ပေါ်လာတတ်ကာ အရေအတွက်လည်းများပြားသည်။

“သခင် ရှေ့ကိုသွားရအောင်.. ၁၀ မိုင်အကွာလေက်မှာ ကြယ် ၇ ပွင့် မွန်မြတ်တဲ့သားရဲရှိတယ်.. သွားပြီး အဲကလေးအတွက် ဘူပေးမလား” သူမနှင့် သွားလျှင် မုချင်းလင် ဒဏ်ရာရမည်ကို သူမ ကြောက်သည်။ ထို့ကြောင့် အဂူးကို ဖြစ်ချင်သလို လုပ်ခွင့်ပေးလိုက်သည်။

အထွတ်အမြတ်သားရဲများပေါ်လာပြီးနောက် သူတို့သည် ရှေ့ဆက်သွား ရာတွင် အကာအဆီးမရှိတော့ပေ။ သူတို့သည် ပေထင်းဟွမ်၏ခွန်အားကိုမြင် ပြီး နေရာသစ်တစ်ခုကိုရောက်လာခြင်းကြောင့်လားမသိပေ.. စိတ်ထဲတွင် အကြောက်တရားကို ခံစားကြရလေသည်။ နောက်ဆုံးရောက်လာသော ကျောင်းသားအသစ်အဖွဲ့သည် ပေထင်းဟွမ်နောက်လိုက်ကာ အဖွဲ့ဖွဲ့ချင်နေ၏။

သို့သော် ပေထင်းဟွမ်နောက်လိုက်ခြင်းသည် သူတို့အန္တရာယ်တွေ့လျှင် ပေထင်းဟွမ်မှ ကူညီမည်ဟု မဆိုလိုပေ။ ဆန့်ကျင်ဘက်အနေနှင့် ထိုကျောင်းသားသစ်အဖွဲ့ကြီးသည် ဝိညာဉ်အမှတ်လုရန် ဤနေရာသို့ရောက် လာသော ကျောင်းသားဟောင်းများအတွက် အဆင်ပြေစေသည်။ ဤကဲ့သို့ ထင်ရှားသောပစ်မှတ်သည် လုယက်ရန် လွယ်ကူလှသည်။

ပေထင်းဟွမ်အနောက်မှ နောက်ဆုံးအဖွဲ့သည် ကြားဖြတ်တိုက်ခိုက်ခံရ သည်။ ရှည်လျားသောတောင်လမ်းတွင် ပေထင်းဟွမ်နှင့် တခြားနှစ်ယောက် သာ ရှေ့သို့ ဖြည်းဖြည်းချင်းရွေ့လျားသွားသည်။ အော်သံများကို ကြားသည်နှင့် ယွမ်ဟဲ့သည် အနောက်သို့ လှည့်မကြည့်ဘဲမနေနိုင်ပေ။ သူသည် နှုတ်ခမ်းတွန့် ကာ ရှုပ်ထွေးစွာမေးလိုက်၏ “ခေါင်းဆောင် သူတို့ကို သွားမကူညီဘူးလား”

“ကူညီရမယ်ဟုတ်လား.. မင်းမှာ အရည်အချင်းရှိရင် သွားကူညီလေ” မုချင်းလင်၏ နူးညံ့သောမျက်နှာသည် အနည်းငယ်ဒေါသထွက်နေသလိုပင် “သခင်လေး ၉ က လူမိုက်မဟုတ်ဘူး”

ယွမ်ဟဲ့သည် အပြစ်မကင်းစွာဖြင့် ခေါင်းငုံ့သွားသည်။ သူသည် အရင်က ဝင်စွက်ဖက်ခဲ့ပုံပင်။

ပေထင်းဟွမ်သည် အနောက်ကို ကြည့်လိုက်သည်။ မုချင်းလင်၏ တုံ့ပြန် ချက်သည် ပေထင်းဟွမ် မျှော်လင့်ထားသလိုပင်။ မုချင်းလသည် အမြဲတစေ ဤအတိုင်းပင်။ သူမသည် ပေထင်းဟွမ်ကို မခံစားစေသလို မနစ်နာစေလိုပေ။

သို့သော် ယွမ်ဟဲ့သည် အလွန်ကြင်နာလွန်းသည်။ သူမသည် ပြုံးပြီး ပြောလိုက်၏ “ယွမ်ဟဲ့ ငါ့နောက်ကိုမလိုက်ရင် မင်းလည်း အလုခံရတဲ့ထဲက လူ တစ်ယောက်ဖြစ်နေမှာပဲ”

ပေထင်းဟွမ်သည် အနောက်ကိုညွှန်ပြလေသည်။ ထိုနေရာတွင် အကြီးတန်းများသည် ကျောင်းသားသစ်များကို လက်နက်များဖြင့် ချိန်ရွယ်နေ ကြသည် “ခွန်အားမရှိဘဲနဲ့ မင်းရဲ့ကျောက်စိမ်းဝိညာဉ်တံဆိပ်ပြားပေးပြီး အင်ပါယာကျောင်းတော်ကို ဝင်ချင်လား အိပ်မက်မက်နေလိုက်လေ”

“ဟုတ်တယ် အားနည်းတဲ့သူတွေကြောင့် ကျောင်းတော်ရဲ့ဂုဏ်သတင်း ကို အထိခိုက်မခံနဲ့”

“ဟားဟား စွမ်းအားရှိတဲ့သူနောက်လိုက်တာနဲ့ စွမ်းအားရှိတဲ့သူဖြစ်သွား ပြီလို့ ထင်နေတာလား.. မင်းသာ စွမ်းအားရှိချင်ရင် ကိုယ်ပိုင်ခွန်အားလည်းရှိ ထားရမယ်”

စကားလုံးတိုင်းသည် ယွမ်ဟဲ့၏မျက်နှာကို ဖြတ်ရိုက်လိုက်သလိုပင်.. သူသည် တစ်စုံတစ်ခုကို နားလည်နေသလိုပင်။