← Chapters

အောင်မြင်မှုလမ်းကြောင်း အခုစပြီ

Vol. 26 Ch. 513

အောင်မြင်မှုလမ်းကြောင်း အခုစပြီ

Vol. 26 Ch. 513

၁၀ မိုင်ခန့်လမ်းလျှောက်ပြီးနောက် တောင်များသည် ပိုပိုပြီးမြင့်မားလာ သည်။ ကောင်းကင်သည် နည်းနည်းမှ ပြောင်းလဲပုံမပေါ်ပေ။ မှောင်မည်းလျက် ရှိတုန်းပင်။ အဂူးသည် သူမအား အသိစိတ်ပင်လယ်မှ သတိပေးသည် “သခင် မွန်မြတ်တဲ့သားရဲရှိတဲ့ဂူက ရှေ့နားတင်ပဲ.. ဒါပေမဲ့ သခင် တစ်ယောက်ယောက် လာနေတယ်.. လူ ၅ ယောက်အဖွဲ့ပဲ.. သူတို့တွေက အားမနည်းဘူးနော်.. ကောင်းကင်အဆင့် ၃ ယောက်နဲ့ အဆင့်မြင့်ကြယ်ဝိညာဉ်သခင်ကြီး ၂ ယောက်”

အန္တရာယ်ဇုန်သည် မှော်သားရဲနှင့် သဘာဝရတနာများ မချို့တဲ့ပေ။

နှစ်စဉ်နှစ်တိုင်း ကျောင်းသားသစ်များ လေ့ကျင့်သည့်အချိန်တွင်သာ ဖွင့် သည်။ ထိုအကြီးတန်းများသည် ဤအခွင့်အရေးကိုစောင့်ပြီး နှစ်တိုင်း ကြွယ်ဝ မှုကို အရယူသည်။ သူတို့သည် အတန်ကြာအောင် ငတ်မွတ်နေသည့် လူတစ်စု သာဖြစ်သည်။ သူတို့ရှေ့တွင် ကိုယ်လုံးတီးမိန်းကလေးရှိသည်ကို မည်သည့် ယောက်ျားက ခုန်မအုပ်ဘဲနေမည်နည်း။

ပေထင်းဟွမ်သည် မျက်နှာမှ မျက်နှာဖုံးချွတ်ကာ နွယ်ပင်လေးနှင့် အစား ထိုးလိုက်သည်။ မျက်နှာဖုံးသည် ငွေရောင်ဖြစ်သော်လည်း သူမ၏မျက်နှာကို တောက်ပသောပုံစံဖြင့် ဖုံးအုပ်ထားသည်။ အဖြူရောင်အမွေးလုံး ၃၆ လုံးပေါ် လာချိန်တွင် ပေထင်းဟွမ်သည် စိတ်ထဲမျ အားကောင်းသောအဖွဲ့ကို လျင်မြန် စွာမြင်လိုက်ရလေသည်။

အရှေ့တွင် ကိုယ်လုံးကိုယ်ထည်တောင့်သောလူသည် လှံကိုင်လာသည်။ သူသည် အညိုရောင်အင်္ကျီဝတ်ဆင်ထားကာ ရင်ဘတ်ရှိ အမွေးအမျှင်များကို လှစ်ဟထားသည်။ သူသည် အသက် ၃၀ အရွယ်ခန့်ရှိသည်။ သူ့အနောက်တွင် ယောက်ျား ၃ ယောက်နှင့် မိန်းကလေး ၁ ယောက်ပါလာသည်။ သူတို့အားလုံး သည် ကြည့်ကောင်းကာ ငယ်ရွယ်ကြသည်။ သူတို့သည် ပြုံးပြီးလျှောက်လာ ကာ အနည်းငယ် ထောင်လွှားလျက်ရှိသည်။

“ခေါင်းဆောင် အဲဒီမွန်မြတ်တဲ့သားရဲက ကြယ် ၇ ပွင့် မွန်မြတ်တဲ့သားရဲပဲ အဲဒါကိုသာရလိုက်ရင် ဒီတစ်ခေါက်ကျောင်းတော် ပြိုင်ပွဲမှာ ကျိန်းသေပေါက် အဆင့်ရမှာပဲ”

“ဟုတ်တယ်.. ပြိုင်ပွဲမှာ ငါတို့အဖွဲ့ကို ကိုယ်စားပြုခွင့်ရလို့ ခေါင်းဆောင် အတွက်ဂုဏ်ယူပါတယ်”

“ပေထင်းဟွမ်လို့ခေါ်တဲ့ အံ့ဩစရာကောင်းတဲ့လူလည်း ဒီတစ်ခေါက် ကျောင်းသားသစ်အဖွဲ့မှာ ပါလာတဘ်ပြောတယ်.. သူက ကျောင်းအုပ်နန်လင်း ရဲ့တပည့်တဲ့.. သူက နောက်ဆုံးအဆင့်ကိုလုမှာတော့မဟုတ်ဘူးမလား”

“ဒီတစ်ခေါက် အန္တရာယ်ဇုန်ကိုဝင်လာတဲ့ အဖွဲ့တွေက ငါတို့ခွန်အားကို ယှဉ်နိုင်မယ်လို့ထင်နေလား.. လူတိုင်းက ကျောင်းသားအသစ်လက်ခံမှာတဲ့လား အဲလူက ကျောင်းအုပ်နန်လင်းရဲ့တပည့်ဖြစ်လည်း ဘာလုပ်ရမှာလဲ”

ပေထင်းဟွမ်သည် သူတို့ငါးယောက်ပြောသည့်စကားများကို ရှင်းရှင်းလင်းလင်းကြားရကာ မအံ့ဩဘဲမနေနိုင်ပေ။ အင်ပါယာကျောင်းတော် သည် အလွန်ရှုပ်ထွေးပုံပေါ်လေသည်။ ထိုအဖွဲ့ငယ်သည် လင်ရှောင်းလို့ခေါ် သည့်အဖွဲ့ဖြစ်သည်။ ဆံပင်တိုနှင့်လူသည် သူတို့၏ခေါင်းဆောင်ဖြစ်သည်။ သူတို့စကားများအရ မြေကြီးနှင့်ကောင်းကင်အဖွဲ့အစည်းအပြင် ကောင်းကင် အဖွဲ့အစည်းတွင် သိုင်းခန်းမဟုခေါ်သောအဖွဲ့အစည်းလည်းရှိကြောင်း ပေထင်းဟွမ် သိလိုက်ရသည်။ ဤအရာသည် ကျောင်းတော်၏ ကျွမ်းကျင်သူ များထုတ်ပေးရာ အဖွဲ့အစည်းဖြစ်သည်။

သူက သူမကိုအနိုင်ကျင့်ချင်နေတာလား။ ပေထင်းဟွမ်သည် ဘာမှမရှိ သည့် မေးစေ့ကို ပွတ်နေသည်။ ၎င်းသည် သူမ မလုပ်ချင်သည့်အရာကို လုပ်ခိုင်း သည့်အချိန်မျိုးတွင် ပြုလုပ်လေ့ရှိသည့်ဝါသနာတစ်ခုဖြစ်သည်။

သူမသည် ကျောင်းတော်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရုံသာမကဘဲ ထိုပြိုင်ပွဲများတွင် ပထမအဆင့်ရရမည်။

ထိုသို့ဆိုလျှင် တိုက်ပွဲသည် ယခုအခါစတင်ရမည်ဖြစ်သည်။

သူတို့သည် လူငါးယောက်ရှိကာ မွန်မြတ်သောသားရဲသည် တစ်ကောင် သာရှိသည်။ ဆိုလိုသည်မှာ ပေထင်းဟွမ်သာ ထိုမွန်မြတ်သောသားရဲကို လုယူ ချင်လျှင် ထိုငါးယောက်အဖွဲ့နှင့် တိုက်ခိုက်ရုံသာ ရွေးချယ်ရတော့မည်ဟုဆိုလို သည်။ သို့သော် သူမသည် ထိုမျှတုံးအသောလူမဟုတ်ပေ။

သူမသည် မွန်မြတ်သောသားရဲလိုချင်သည်။ ငါးယောက်အဖွဲ့သာ သူမကို ပေးချင်လျှင် ညှိနှိုင်းမည်ဖြစ်သည်။ သို့မဟုတ်လျှင် ကျောင်းသားအသစ်ဖြစ်သူ မှ မလေးမစားလုပ်သည်ဟု သူမကို အပြစ်မတင်သင့်ပေ။

ပေထင်းဟွမ်သည် သိုလှောင်လက်စွပ်ထဲတွင် ထိန်းကျောင်းပြီးသား သားရဲမရှိခြင်းကြောင့်မဟုတ်ပေ။ သို့သော် သူမ၏လူမဟုတ်သည့် ယွမ်ဟဲ့အား ဝိညာဉ်ခွဲချောက်နက်ထဲမှရလာသည့် အဆင့်မြင့်မှော်သားရဲများကို ထုတ်မပေး ချင်ပေ။ ပေးလျှင်တောင် သူမနောက်သို့ ပထမဆုံးလိုက်ခဲ့သည့်သူသည် အထောက်အပံ့ပေးနိုင်မည်မဟုတ်ပေ။ သူမသည် သူ့ကို နတ်သားရဲမပေးသည် မှာ ယွမ်ဟဲ့အတွက် အရာရာကလွယ်ကူနေမည်စိုးသောကြောင့်ပင်။

တစ်စုံတစ်ခုကို လွယ်လွယ်နှင့်ရလိုက်လျှင် တန်ဖိုးမထားတတ်တော့ပေ။

ငါးယောက်အဖွဲ့၏ ပစ်မှတ်သည် မွန်မြတ်သောသားရဲဖြစ်သည်။ ဂူဝင်ပေါက်ဆီသို့သွားသော လမ်းတစ်ဝက်မှစပြီး ကောင်းကင်အဆင့်ကျွမ်းကျင် သူသုံးယောက်သည် လေထဲတွင်ပျံလာသည်။

အနည်းငယ်တိုက်ခိုက်ပြီးနောက် သူတို့သည် မွန်မြတ်သောသားရဲကို ဂူထဲမှ မျှားခေါ်လာနိုင်ခဲ့သည်။

All Chapters