← Chapters

ကောင်းကင်အဆင့်ကြားက ကွာခြားချက်

Vol. 26 Ch. 514

ကောင်းကင်အဆင့်ကြားက ကွာခြားချက်

Vol. 26 Ch. 514

ဂူထဲမှထွက်လာသည်မှာ သာမန်နွားပေါက်အရွယ်အစားသာရှိသည့် သားရဲဖြစ်သည်။ ၎င်း၏ မည်းနက်တောက်ပသည့် အမွေးများသည် သံအပ်လို ပင်။ ကွေးပြီးချွန်ထက်သည့် ဦးချိုနှစ်ခုသည် ခေါင်းအထက်တွင် ရောယှက်နေ သည်။ ၎င်း၏ မည်းနက်ပြီး ရဲရဲတောက်နေသောမျက်လုံးများသည် ပို၍ ကြမ်းကြုတ်ပုံပေါက်စေသည်။ ချွန်ထက်သောသွားများထွက်ပေါ်လာသည်နှင့် ၎င်း၏ တိုက်ခိုက်ရေးခွန်အားကို သံသယဝင်စရာမရှိနိုင်တော့ပေ။

၎င်းတွင် တိုင်နှင့်တူသော ခြေထောက်လေးချောင်းရှိပြီး ခြေသလုံးတွင် မြူခိုးလုံးဖြင့် ရစ်ပတ်ထားသည်။ ခြေချောင်းများတွင် ချွန်ထက်သော ခြေသည်း များရှိသည်ကိုလည်း မြင်နိုင်သည်။ ထိုခြေသည်းများဖြင့် လူတစ်ယောက်ကို ကုတ်လိုက်လျှင် မည်သည့်မြင်ကွင်းမျိုးမြင်ရမည်ကို ခန့်မှန်းရန်ခက်လှသည်။

တောင်ခွဲနွားရိုင်း ကြယ် ၇ ပွင့် မွန်မြတ်သောသားရဲသည် ၎င်း၏ ကြမ်းကြုတ်သော အင်အားနှင့် အားကောင်းသော ခုခံမှုတို့ကြောင့် နာမည်ကြီး သည်။

မိုးပေါ်တွင် ကောင်းကင်အဆင့်ကျွမ်းကျင်သူ သုံးယောက်၊ မြေပေါ်တွင် အဆင့် ၃ လူနှစ်ယောက်ကို ကြည့်ပြီး တောင်ခွဲနွားရိုင်းသည် ဒေါကန်လာ၏။ ဒေါသအိုးပေါက်ကွဲလုနီးနီးဖြစ်နေသည့် ၎င်း၏ မျက်လုံးများသည် သွေးထွက်သံ ယိုဖြစ်တော့မည့်အတိုင်းပင်။

၎င်း၏နောက်ခြေနှစ်ချောင်းသည် ရုတ်တရက် ဂူဝင်ပေါက်ကိုကန်ကာ ဦးခေါင်းမှ ချွန်ထက်သောဦးချိုသည် ဂူဝင်ပေါက်ရှေ့တွင်ရှိနေသော ဆံပင်တိုနှင့်လူဆီသို့ ဦးတည်လေသည်။

ထိုအရာကိုမြင်သောအခါ ကောင်းကင်အဆင့်ပညာရှင်အဖွဲ့သည် ထိတ်လန့်သွားကြလေသည်။ အပြာနုရောင်ဒြပ်စင်စွမ်းအင်သည် သူတို့ခန္ဓာ ကိုယ်ကို ဝန်းပတ်လိုက်ပြီး ကာကွယ်ရေးအလွှာအဖြစ် တည်ဆောက်လိုက်၏။ သူတို့လက်ထဲမှလက်နက်များကိုလည်း အပြာနုရောင်ဒြပ်စင်စွမ်းအင်ဖြင့် အုပ် ကာ တောင်ခွဲနွားရိုင်းကို အားပါပါခုတ်လေသည်။

ချွင်း

လက်နက်များ နွားရိုင်း၏ကျောပေါ်ကျသောအခါ သံအချင်းချင်းထိတွေ့ သည့် အသံထွက်ပေါ်လာသည်။ ၎င်းသည် ဆံပင်တိုနှင့်လူဆီသို့သွားနေသည့် နွားရိုင်း၏အရှိန်ကို မသက်ရောက်ပေ။

ပေထင်းဟွမ်သည် မညည်းဘဲမနေနိုင်တော့ပေ။ သူမသည် မှော်သားရဲ များစွာကိုသတ်ခဲ့သည်။ သို့သော် ကောင်းကင်ကိုအံတုနိုင်သည့် ခုခံမှုမျိုးရှိသော မွန်မြတ်သည့်သားရဲအဆင့် မှော်သားရဲကိုတော့ မတွေ့ဖူးပေ။ ချက်ချင်းဆို သလိုပင် ပေထင်းဟွမ်သည် ထိုမွန်မြန်သောသားရဲကို စိတ်ဝင်စားသွားလေ သည်။

ဆံပင်တိုနှင့်လူငယ်သည် နေရာတွင်မရပ်နိုင်တော့ဘဲ အားကောင်းသော မွန်မြတ်သောသားရဲ၏ ပင်မခန္ဓာကိုယ်နှင့် ထိပ်တိုက်ရင်ဆိုင်ရတော့သည်။ သူသည် လျင်မြန်စွာ နောက်ဆုတ်ကာ မြေပေါ်သို့ကျလေသည်။ သူ၏ အပေါင်းအဖော်နှစ်ယောက်ဖြစ်သည့် အဆင့် ၃ အဆင့်မြင့်ကြယ်ဝိညာဉ်သခင် နှစ်ယောက်သည် တိုက်ခိုက်ရန် အသင့်ပြင်လိုက်ကြသည်။

သူ့အရှိန်မှာမြန်ဆန်သည်။ သို့သော် တောင်ခွဲနွားရိုင်း၏အရှိန်မှာလည်း အားမနည်းပေ။ ၎င်း၏နောက်ခြေနှင့် ဂူကိုနင်းပြီးနောက် ပင်မခန္ဓာကိုယ်သည် ဆံပင်တိုနှင့်လူငယ်ဆီသို့ အရှိန်ပြင်းပြင်းပြေးသွားခဲ့သည်။

ဖူး

တစ်ချီပြီးနောက်တွင် ဆံပင်တိုနှင့်လူငယ်သည် သွေးအန်တော့သည်။ သူ့ခန္ဓာကိုယ်သည် ကြိုးပြတ်သွားသည့်စွန်ကဲ့သို့ မြေပေါ်ကျလေသည်။ ကောင်းကင်အဆင့် သုံးယောက်သည် စာချုပ်မှော်သားရဲမရှိလျှင် ခွန်အားသည် သာမန်မျှသာဖြစ်သည်။ သူသည် ကြယ် ၇ ပွင့်မွန်မြတ်သောသားရဲ၏ တိုက်ခိုက် မှုကိုပင် မရှောင်နိုင်ပေ။

ထို့ကြောင့် စာချုပ်မှော်သားရဲမရှိသည့် ဝိညာဉ်သခင်သည် ဝိညာဉ်သခင် မဆိုထိုက်ဟု ပြောကြခြင်းပင်။

သ့အနောက်တွင် ထိုတိုက်ပွဲကိုအဝေးမှကြည့်နေသော ယွမ်ဟဲ့သည် မျက်နှာထားပြောင်းသွားလေသည်။ သူရေရွတ်လိုက်၏ “မဖြစ်နိုင်တာ ကောင်းကင်အဆင့်ခွန်အားလေ” ကောင်းကင်အဆင့်ဟုတ်လား။ ပေထင်းဟွမ် သည် စိတ်ထဲမှာ နှာရှုတ်မိသည်။ ကောင်းကင်အဆင့်များအကြားတွင် ကွာခြား မှုရှိသေးသည်။

သူမသည် စိတ်ထဲမှ ခေါင်းသုံးလုံးငရဲခွေးကို အမိန့်ပေးလိုက်သည် “လင်းမို ထွက်လာပြီး အချိန်တစ်ခုလောက် တောင်ခွဲနွားရိုင်းကို ကူနှင်ထုတ် ပေးဦး.. တောင်ခွဲနွားရိုင်းကို အခွင့်အရေးယူပြီး တိုက်ခိုက်လိုက်.. ငါ ဒီနွားရိုင်းကို လိုချင်တယ်”

“မဟုတ်သေးဘူး သခင် ဒီလိုအမှိုက်မျိုးကို ဘာလို့လိုချင်တာလဲ.. သခင်က အခု လူမိုက်ဖြစ်သွားပြီလို့တော့ မပြောလိုက်နဲ့နော်” မိုးကြိုးသွားသည် မိုးပေါ်တွင် ကောင်းကင်အဆင့်ကျွမ်းကျင်သူနှစ်ယောက်နှင့် တိုက်ခိုက်နေသော တောင်ခွဲနွားရိုင်းကို အထင်သေးစွာဖြင့် ကြည့်လေသည် “သူ့မှာကြည့်စရာ လည်း မရှိဘူး၊ ခွန်အားလည်းမရှိ၊ နောက်ခံလည်းမရှိနဲ့ သခင်...”

“ပါးစပ်ပိတ်ထား မိုးကြိုးသွား.. မင်းတုံးလွန်းလို့ ငါတောင်ငိုချင်လာပြီ” ကျို့ယန်သည် နဖူးပေါ်မှအမွေးများကို ရှေ့လက်သည်းဖြင့် သပ်ပြီး ခေါင်းကို ခပ်မိုက်မိုက်လေး ယမ်းလိုက်သည်။ သူမသည် အထင်သေးစွာပြောလေသည် “သခင့်ဘေးက ဝန်ထုပ်ဝန်ပိုးကိုမမြင်ဘူးလား.. ဒီတောင်ခွဲနွားရိုင်းက အဲကလေးအတွက်ပဲ..”

All Chapters