ဇိမ်ယူနေခြင်း
Vol. 26 Ch. 515
အရာအားလုံးကို ဝါးမျိုနိုင်သည့် သန့်စင်သော အနက်ရောင်အလင်းသည် ပေထင်းဟွမ်၏ လက်ကောက်နေရာမှ ထွက်လာ၏။ မည်သူမှမမြင်လိုက်ကြ ပေ။ ပေထင်းဟွမ်နောက်မှလိုက်လာသော ယွမ်ဟဲ့နှင့် မုချင်းလင်ပင် မမြင် လိုက်ကြပေ။ ထိုအခိုက်အတန့်တါင် အနက်ရောင်အရိပ်သည် စစ်မြေပြင်သို့ တိတ်တဆိတ် ချည်းကပ်လေသည်။
ပေထင်းဟွမ်သည် တောင်ပေါ်ရှိ ကျောက်တုံးကြီးနောက်တွင် ဝင်ပုန်း လိုက်သည်။ သူမသည် သူမ၏နေရာထဲမှ ဆေးတစ်လုံးထုတ်ကာ မုချင်းလင် အားပေးလိုက်သည်။ သူမသည် နူးညံ့စွာပြောလေသည် “လင်အာ ဒါက အဆင့် ၆ အဆိပ်ဖြေဆေးပဲ.. ဒါအရင်စားထား.. အဆိပ်ပြေသွားရင် နေရာထဲမှာ မှော်သားရဲနဲ့ စာချုပ်တည်ထောင်လိုက်”
သူမသည် ပေထင်းဟွမ်၏ ဝန်ထုပ်ဝန်ပိုးဖြစ်လာသည်ကို သိသဖြင့် မုချင်းလင်သည် သူမကိုယ်သူမ အပြစ်တင်လေသည်။ တတ်နိုင်သလောက် မြန်မြန် အဆိပ်ကို မဖြေချင်သည့်အချိန်ဟူ၍မရှိပေ။ ထိုမှသာ သူမ၏ စွမ်းရည် များကို မြှင့်တင်နိုင်မည်ဖြစ်သည်။ ထိုအချိန် သူမထိုစကားကို ကြားလိုက်ရ သောအခါ ရင်ထဲထိသည့်ခံစားချက်အပြင် တခြားဘာမှပြောမထွက်ပေ။
ရှောင်ကျို့သည် သူမကို တစ်လျှောက်လုံး စောင့်ရှောက်လာသည့်ပုံပင်။
လက်များတုန်ယင်စွာဖြင့် မုချင်းလင်သည် ပေထင်းဟွမ်၏လက်ထဲမှ အဆိပ်ဖြေဆေးကိုယူကာ ပါးစပ်ထဲထည့်လိုက်သည်။ ကြီးမားသော စွမ်းအင် လှိုင်းသည် သူမ၏ကိုယ်တွင်းအင်္ဂါနှင့် သွေးကြောများဆီသို့ အင်နှင့်အားနှင့် တိုးဝင်လေသည်။ မုချင်းလင်သည် ဘေးရှိ ကျောက်တုံးကြီးကို မှီထားကာ ခန္ဓာကိုယ်ထဲမှ နာကျင်မှုကို တွန်းလှန်ရုန်းကန်နေသည်။
မုချင်းလင်၏ ခန္ဓာကိုယ်ကို အဆိပ်မှ ပိတ်ပင်ထားကြောင်းကို ပေထင်းဟွမ် သိသည်မှာကြာပြီဖြစ်သည်။ သို့သော် ဤမျှပြင်းထန်လိမ့်မည်ဟု ထင်မထားပေ။ သူမကို နှစ်သိမ့်ပေးခြင်းအပြင် တခြားဘာမှမလုပ်နိုင်ပေ။ သူမသည် လက်တစ်ဖက်ဖြင့် လက်ကိုတင်းတင်းဆုပ်ထားပေးကာ စစ်မြေပြင် ကို အာရုံတစ်ဝက်ပို့ထားသည်။
တောင်ခွဲနွားရိုင်းကြောင့် ထိုလူငယ် လဲကျသွားသည်နှင့် မြေပြင်ပေါ်ရှိ ဝိညာဉ်သခင်နှစ်ယောက်သည် ပြေးသွားကြလေသည်။ သူတို့သည် သူတို့ ခေါင်းဆောင်ကို မြေပေါ်မှဆွဲထူလိုက်ကြ၏။ သူတို့ထဲမှတစ်ယောက်သည် အဖွဲ့ ထဲတွင် တစ်ဦးတည်းသောမိန်းကလေးဖြစ်သည်။ သူမသည် အင်္ကျီတိုနှင့်လူကို စိတ်ဝင်စားနေပုံပေါက်သည်။ ထိုအချိန်တွင် သူမသည် အသည်းကွဲသွားပုံ ပေါက်ကာ မျက်ရည်များကျလာသည်။
ထိုမိန်းကလေးသည် ကြည့်ကောင်းသည်။ သူမသည် အသက် ၂၀ ဦးပိုင်း အရွယ်ရှိကာ အရွယ်ကောင်းဖြစ်သည်။ သူမ၏ရှည်လျားသော ဆံပင်ကို ရောင်စုံဖဲပြားများဖြင့် ချည်ပြီးကျောပြင်တွင် ချထားသည်။ သူမသည် သားရေ အပေါ်ဝတ်ခပ်ကြပ်ကြပ်ကို ဝတ်ဆင်ထားသည်။ သူမ၏စကတ်တိုတိုသည် တင်ပါးကိုရစ်ပတ်ထားကာ ရှည်လျားသောခြေထောက်များကို လစ်ဟာပြသ ထားသည်။ သူမကိုမြင်ပြီးသည်နှင့် မည်သည့်ယောက်ျားမဆို ဆွဲဆောင်ခြင်းကို ခံရလိမ့်မည်။
“ခေါင်းဆောင် အဆင်ပြေရဲ့လား”
“လီရှာနဲ့ ချောင်ချီ.. ကျယ်ရွေ့နဲ့ ချောင်ထိုင်တို့ကို သွားကူညီလိုက်” ဆံပင်တိုနှင့်လူ၏နာမည်သည် ရှန်းလင်းဖြစ်သည်။ သူသည် တောင်ခွဲနွားရိုင်း ကြောင့် ဒဏ်ရာအပြင်းအထန်ရထားသည်။ သူ၏ ဓား ၃ လက် ကောင်းကင် အဆင့်ခွန်အားသည် တောင်ခွဲနွားရိုင်းကြောင့် ဒဏ်ရာရသွားလိမ့်မည်ဟု ထင် မထားပေ။ သူသည် ပါးစပ်အပြည့်သွေးအန်ကာ မြေကြီးအဆင့် ကျွမ်းကျင်သူ နှစ်ယောက်ကို လက်ယမ်းပြလေသည်။ သူသည် အဆင့် ၃ ဝိညာဉ်သခင်နှစ်ဦး ကို ကူညီရန် တောင်ခွဲနွားရိုင်းကို အပြင်သို့ အောင်မြင်စွာ ဆွဲခေါ်နိုင်ပြီးဖြစ်၏။
“လာလေ လီရှာ သွားရအောင်” ချောင်ချီသည် လီရှာအား စိတ်မရှည်စွာ ဖြင့်ကြည့်လေသည်။ မိန်းမပျက်.. အဖွဲ့အတွက် အရင်းအမြစ်ကောင်းကောင်း ခွဲပေးဖို့ အဖွဲ့ခေါင်းဆောင်နဲ့ အကြိမ်ကြိမ်အိပ်ဖူးတာကို သူမသိဘူးလို့ မထင် လိုက်နဲ့။
သူသည် တခြားသူနှင့် တွေ့ကရာအိပ်တတ်သည့် မိန်းကလေးမျိုးကို အထင်သေးသည်။
“အင်း ချောင်ချီ မင်းအရင်သွားနှင့် ငါ ခေါင်းဆောင်ကို စောင့်ပေးလိုက်ဦး မယ်၊ သူအဆင်ပြေရင် ငါလည်းလာခဲ့မယ်”
ရှန်းလင်းသည် လီရှာ၏လက် သူ့ပခုံးပေါ်လာထိချိန်တွင် ငြင်းဆန်မည်ပြု သည်။ ထုံကျင်နေသော ခံစားချက်သည် သူ၏အတွင်းအင်္ဂါများနာကျင်မှုကို သက်သာရာရစေပုံပေါက်သည်။
ရှန်းလင်းသည် ပြောမည့်စကားများကို မျိုသိပ်လိုက်သည်။
“တုံးလိုက်တဲ့ မိန်းမ” ခေါင်းသုံးလုံးငရဲခွေးသည် တိတ်တိတ်လေး ချည်းကပ်လာပြီး နှာမှုတ်လေသည်။ သူသည် ဇိမ်ဘူနေတာက အချိန်မရွေး ပြဿနာဖြစ်နိုင်တယ်ဆိုတာ သူတောင်သိတယ်။ ဒီတုံးတဲ့မိန်းမက အရင်က မကြားဖူးဘူးလား။
“ခေါင်းဆောင် အရမ်းနာနေလား”
သူမ၏ နူးညံ့ပြီး မြွေနှင့်တူသောလက်သည် ရှန်းလင်း၏ ပခုံးပေါ်တွင် ပြေးလွှားနေသည်။ ရှန်းလင်းသည် သူမကို နှင်ထုတ်ပြီး တောင်ခွဲနွားရိုင်းကို ဘာမှမလုပ်ခင်အထိ လီရှာသည် ဘာမှမခံစားရပေ။ သို့သော် နောက်ကျောမှ တုန်လှုပ်ချောက်ချားသော ခံစားချက်တစ်ခု တိုးဝင်လာခဲ့သည်။
လီရှာမတုံ့ပြန်ခင်မှာပင် အရာအားလုံးကို ဝါးမျိုနိုင်သည့် အနက်ရောင် တိမ်တိုက်တစ်ခုသည် သူမ၏ မျက်နှာပေါ်သို့ မိုးကြိုးသဖွယ် ခုန်အုပ်လေသည်။