ဝမ်းမည်းသောလင်းမို
Vol. 26 Ch. 516
စိတ်မချမ်းမြေ့ဖွယ်ရာ အော်သံများသည် တိမ်တိုက်များကို ထိုးဖောက် ကာ တောင်တန်းအထက်တွင် ပေါ်ထွက်လာရာ စစ်မြေပြင်မှ လူသားနှင့် မွန်မြတ်သောသားရဲတို့ကို ထိတ်လန့်သွားစေသည်။ သူတို့သည် တိုက်ခိုက်မှုကို ရပ်လိုက်ကြပြီး နှစ်တစ်ထောင်သက်တမ်းရှိ ရှေးဟောင်းသစ်ပင်ကြီးကို ကြည့် လိုက်ကြသည်။
လီရှာသည် တစ်စုံတစ်ရာ၏ တိုက်ခိုက်ခြင်းကိုခံလိုက်ရသကဲ့သို့ မြေကြီး ပေါ်သို့ လဲကျသွားသည်။ သူမ၏ မူလကလှပသောမျက်နှာသည် တကယ်တော့ ပျက်စီးနေပြီဖြစ်၏။ သူမသည် လက်နှစ်ဖက်ဖြင့် မျက်နှာကို ညင်သာစွာသုတ် လိုက်သည်။ သူမ၏လက်များသည် သွေးများဖြင့် ပေကျံသွားလေသည်။ သူမ သည် ထိတ်လန့်သွားကာ ထပ်မံအော်မိပြန်သည်။
ဤမိန်းမ၏ အသံတိုက်ခိုက်မှုသည် ဤမျှအားကောင်းမည်ဟု သိထား လျှင် သူသည် အစောက တောင်ခွဲနွားရိုင်းနှင့် သူမကို ပေးတွေ့လိုက်မည်ဟု ချောင်ချီ ရက်စက်စွာတေါးနေသည်။
ရှန်းလင်းသည် လီရှာအား ငေးငိုင်စွာကြည့်နေသည်။ ဤလူသည် အစောက တိုက်ခိုက်မှုကြောင့် ထိတ်လန့်နေသည်မှာ ရှင်းလင်းနေသည်။ အနက်ရောင်မြူခိုးလုံးသည် လူတစ်ဦး၏ဝိညာဉ်ထဲသို့ ထိုးဝင်နိုင်သည်။ ၎င်း သည် လျှပ်စီးကဲ့သို့မြန်ဆန်ပြီး ဖြတ်သွားနိုင်သည်။ တိုက်ခိုက်မှုအတွင်းတွင် သူတို့သည် ပြန်မတိုက်ခိုက်နိုင်ပေ။
ဘာတွေ အဲလောက်တောင် ကြောက်ဖို့ကောင်းနေတာလဲ။
သူတို့နှစ်ယောက်သည် စစ်မြေပြင်တွင် အီစီကလီလုပ်ရန် စွမ်းအင်ကျန် ရှိနေသေးသည်။ ပေထင်းဟွမ်သည် အဖြူရောင်မွေးပွလုံးကိုဖြတ်ပြီး သူတို့ကို မြင်သောအခါ ထိုစုံတွဲကြောင့် ထိတ်လန့်မိသည်။ လင်းမိုသည် ထိုအခွင့်အရေး တွင် တိုက်ခိုက်ခဲ့သည်။ တစ်ချက်တည်းနှင့် သူသည် မြေကြီးအဆင့်ဝိညာဉ် သခင်ကြီးကို တိုက်ခိုက်ရေးစွမ်းအား ဆုံးရှုံးအောင်လုပ်နိုင်သည်။
ထိုလူသည် မျက်နှာနှစ်ဖက်ရှိသည်ကို ပေထင်းဟွမ် ဝန်ခံရမည်။ ဟုတ်သည် သူမသည် ထိုကိုယ်ရည်ကိုယ်သွေးကို သဘောကျသည်။ အမှောင် ဒြပ်စင်မှော်သားရဲပီသပေသည်။
“ဘယ်သူလဲ”
တောင်ခွဲနွားရိုင်းကို တိုက်ခိုက်မနေတော့ဘဲ သူတို့သုံးယောက်သည် စစ် မြေပြင်မှ ခုန်ထွက်လကြသည်။ သူတို့သည် မွန်မြန်သောသားရဲကို ဖမ်းရန် ဤနေရာသို့ ရောက်လာခဲ့ခြင်းဖြစ်ပြီး သေရန်ရောက်လာခြင်းမဟုတ်ပေ။ သူတို့ သည် သူတို့ဘဝတွင် ဤကဲ့သို့ ထူးဆန်းသည့်အရာမျိုး မကြုံတွေ့ဖူးပေ။ ဤကမ္ဘာကို နားလည်ရန်မှာ သူတို့အတွက် စိန်ခေါ်မှုဖြစ်သည်။
ကမ္ဘာတစ်ခုလုံးသည် တိတ်ဆိတ်သွား၏။ ဤနေရာသည် အမြဲတစေ မှောင်မိုက်နေတတ်သော်လည်း သူတို့၏အမြင်အာရုံသည် ကြည်လင်နေတုန်း ပင်။ ထိုအချိန်တွင် အနက်ရောင်မြူခိုးသည် ရုတ်တရက် တောင်ခြေ စစ်မြေပြင် မှ ထိုးထါက်လာသည်။ လူသားနှင့်သားရြတို့၏ မြင်ကွင်းသည် ပိုပို၍ဝေဝါးလာ ကာ တောတောင်၊ မြက်ပင်နှင့် တောင်များသည် တစ်စုံတစ်ရာ၏ ဝါးမျိုခြင်းကို ခံရသကဲ့သို့ ဖြစ်နေသည်။
အားကောင်းသော တောင်ခွဲနွားရိုင်းသည် တောင်တန်းများရှိသည့်ဘက် သို့ နောက်ဆုတ်ကာ ဂူထဲသို့အချိန်မရွေးပြန်ဝင်မည့်အနေအထားဖြစ်နေသည်။
ထိုအခိုက်အတန့်တွင် ကောင်းကင်အဆင့်နှင့် မြေကြီးအဆင့်သခင်နှစ် ယောက်သည် တစ်ယောက်နှင့်တစ်ယောက်တွဲပြီး လျှောက်လာသည်။ သူတို့ သည် မြူခိုးအမည်း ဖုံးလွှမ်းပြီး ကမ္ဘာကြီးမည်းနက်နေသည်ကို သတိမထားမိ ပေ။ သူတို့၏နှလုံးများသည် စိတ်လှုပ်ရှားကာ ခုန်ထွက်တော့မည့်အတိုင်းပင်။ သူတို့နှလုံးများသည် ကြောက်လန့်သဖြင့် တင်းမာနေသည်။ တိတ်ဆတ်နေ သောတောင်ခြေတွင် သူတို့၏ လေးလံသောအသံရှူသံသည် အထူးသဖြင့် နှိုးဆွ နေသည်။
တစ္ဆေမီးတောက်နှင့်တူသည့် အနီရောင်အလင်းတန်းသုံးစင်းသည် မြူခိုး မည်းများအကြားတွင် တဖျပ်ဖျပ်ခတ်လျက်ရှိသည်။ ၎င်းတို့သည် စကြာဝဠာ အတွင်းမှ တွင်းနက်ကြီးနှင့်တူသည်။ လူသားတို့ သတိမထားမိလျှင် ဘာမှမကျန်တော့လောက်အောင် ဝါးမျိုတော့မည့်အတိုင်းပင်။
ချောင်ချီသည် ဖိအားကို တောင့်မခံနိုင်တော့ပေ။ သူ၏ခွန်အားသည် အားနည်းဆုံးဖြစ်ကာ ထွက်ပြေးရန်ပင် ခွန်အားမရှိတော့ပေ။ သူ့ခြေထောက် များ အားနည်းသွားကာ ဒေါသပြေအောင် အော်ဟစ်ပြီးနောက် ဆီးနံ့များထွက် လာ၏။ သူသည် အမှန်တကယ်ပင် ဘောင်းဘီထဲ သေးပေါက်ချလိုက်သည်။
အနီရောင်တစ္ဆေအလင်းသည် အထင်သေးသည့်အလား လင်းလက်လာ သည်။ ထိုအချိန်တွင် တောင်ခွဲနွားရိုင်းသည် ရုတ်တရက် ရူးသွပ်စွာဖြင့် နောက်ဆုတ်ကာ အဖွဲ့ထဲမှ ကောင်းကင်အဆင့်ကျွမ်းကျင်သူနှစ်ယောက်ဆီသို့ တဟုန်ထိုး ပြေးဝင်လေသည်။ သူသည် ရုတ်တရက် ချွန်ထက်သောဦးချိုဖြင့် ကျယ်ရွေ့နှင့် ချောင်ထိုင်တို့ဆီသို့ ပြေးခွေ့လေသည်။
သတိလွတ်သွားသဖြင့် သူတို့နှစ်ယောက်သည် ရှောင်ရှားချိန်မရလိုက် ပေ။ သူတို့လက်ထဲမှ အပြာနုရောင်အလင်းရစ်ပတ်ထားသောလက်နက်သည် တောင်ခွဲနွားရိုင်းကို ခုတ်ချလိုက်သည်။
ဘုန်း
ဓားရှည်နှစ်ချောင်းသည် နွားရိုင်း၏ ဦးချိုကို အညှာတာမဲ့စွာဖြင့် ခုတ်ချ လိုက်၏။ ကြီးမားသောခွန်အားသည် အဘက်ဘက်သို့ ပျံ့သွားကာ အလယ်တွင် သက်ရောက်မှုကြီးဖြစ်သွားလေသည်။ ကြီးမားသောလှိုင်းကြီးများသည် ထိုးဖောက်မြင်နိုင်သော ရေလှိုင်းများနှင့်တူလေသည်။ လှိုင်းလုံးများသည် အားကောင်းသောစွမ်းအင်ကို သယ်ဆောင်လာလေသည်။ ထိုတိုက်ခတ်မှုသည် ဘေးနားရှိ ပန်းများ၊ အပင်များ၊ ကျောက်တုံးနှင့် သစ်ပင်များကို လွင့်စင်သွားစေ သည်...